ထောင်ချောက်
Vol. 83 Ch. 1160
သတိကြီးသောလူတစ်ယောက်ဆိုလျှင် တစ်ခုခုမှားနေသည်ကို သတိပြုမိနိုင်သည်။ သို့သော် ထန်ရှု၏ယုံကြည်ရလောက်သောသရုပ်ဆောင်ချက်များက ဒါရီခူရာဆာခူရာဂီအား အပြည့်အဝဖြားယောင်းခဲ့ပြီး သူ့အား ထောင်ချောက်တစ်ခုထဲသို့ တဖြည်းဖြည်းကျဆင်းလာစေကာ ဒေါ်လာသန်း၂၀၀အား အလဟဿဆုံးရှုံးသွားစေသည်။
ယခုကဲ့သို့ ဆုံးရှုံးမှုတစ်ခုက ထိုလူအတွက် သေချာပေါက် တုန်လှုပ်ဖွယ်ရာကောင်းသောထိုးနှက်ချက်တစ်ခုပင်။ သို့သော် လူထောင်ချီက ကြည့်ရှုနေသဖြင့် သူက သူ့ကတိအား တည်ရပေမည်၊ သို့မဟုတ်လျှင် သူ၏ဂုဏ်သတင်းက ကျဆင်းသွားပြီး လူအများ၏မျက်လုံးထဲ၌ အရှက်မရှိသောလူတစ်ယောက်ဖြစ်လာပေလိမ့်မည်။
သို့သော် ဤအချိန်တွင် ဘဝင်ခိုက်လျက် ဂုဏ်ယူဝင့်ကြွားနေသော နီရှီမာဆာယိုရှီကို မြင်ပြီး ဒင်းအား သတ်ဖြတ်လိုစိတ်က သူ့စိတ်ထဲ၌ ပေါက်ကွဲထွက်လာသည်။ သူကိုယ်တိုင် ဆောင်ရွက်ကာ ဤအကောင်၏ခေါင်းအား ခန္ဓာကိုယ်မှ ဖြတ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချထားသည်။ ယနေ့ ဆုံးရှုံးသမျှအား ပြန်ယူပြီး ဒင်းထံမှ အကုန်လုံးလုယက်ရမည်။
“ငါလုပ်စရာတွေရှိသေးလို့၊ မစ္စတာထန်။ နှုတ်ဆက်ပါတယ်”
ဖြူဖတ်ဖြူရော်နှင့် အေးစက်စွာ ဆိုပြီးနောက် ဒါရီခူရာက ပြန်လှည့်ကာ ထွက်ခွာသွားသည်။
ထန်ရှုက သူ့အား ဂရုမစိုက်ဘဲ နီရှာမာရှာယိုရှီ၏အကောင့်ထဲသို့ ပိုက်ဆံလွှဲပြောင်းပေးပြီးနောက် စိတ်မကောင်းဖြစ်သောမျက်နှာနှင့် ပြောလိုက်သည် “ဒီသခင်လေးက အမျိုးသမီးတွေနဲ့ ကစားဖို့ စိတ်မပါတော့ဘူး။ အနှောင့်အယှက်မပေးနဲ့တော့။ ငါ့ဟာငါ အနားယူဖို့ နေရာတစ်ခုရှာလိုက်မယ်၊ အနားယူပြီးရင် မင်းနဲ့ ပြန်ကစားမယ်”
“ဒါတော့ မစိုးရိမ်ပါနဲ့၊ ငါ့ကောင်”နီရှီက ကမန်းကတန်း ပြန်ပြော၏ “မင်းက ထပ်မကစားချင်တော့ဘူးဆိုရင်လဲ အတူထွက်သွားကြတာပေါ့။ ပြီးတော့ ဂျပန်မှာ နေဖို့ နေရာကောင်းတစ်ခု မင်း ရှာမတွေ့သေးဘူးမလား။ ဟိုတယ်ကို မသွားနဲ့၊ ကျိုတိုက ငါ့စံအိမ်မှာ မင်း နေလို့ရတယ်။ ဒါမှမဟုတ် မင်းအတွက် အလှလေးတစ်အုပ်ကို ရှာပေးစေချင်လား”
“ဘာ၊ ဘယ်လိုတောင် ကြွားဝါးနေတာလဲ”ထန်ရှုက သူ့အား မာဆတ်ဆတ်စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “လိပ်စာနဲ့သော့ကိုပဲ ပေးပါ။ မင်း ကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒါပေမယ့် ဒီနေ့တော့ ငါ့ကို မနှောင့်ယှက်နဲ့။ ငါ့ကို မြာကလေးတွေ ပြချင်တယ်ဆိုရင် မနက်ဖြန်ထိ စောင့်”
နီရှီက စိတ်မဆိုးပေ။ သူက တံခါးကတ်တစ်ခု ယူထုတ်ကာ ထန်ရှုအား ပေးလိုက်သည် “လိပ်စာက ကတ်ပေါ်မှာ ရှိတယ်၊ မင်း အဲနေရာကို တန်းသွားလို့ရတယ်။ ဟုတ်တယ်၊ တက္ကစီခဒေါ်လတစ်ရာလောက် ငါ မင်းကို ပေးလိုက်ရမလား”
“ဒီလိုရူးတူးတူးပေါတောတောတွေ ထပ်ပြောရင် ငါ မင်း နှာခေါင်းကို ဖြတ်ပစ်မယ်”ထန်ရှုက ဒေါသတကြီး ပြန်ပြောသည်။
ထိုသို့ ပြောပြီးနောက် သူက ကူဝါကိုနှင့်ကျန်လူများနှင့်အတူ လွင့်မျောနှင်းရဲတိုက်မှ လျင်မြန်စွာ ထွက်လာသည်။ ကားထဲတွင် ထိုင်ပြီးနောက် သူ့ဖုန်းက မြည်လာပြီး သူက လျင်မြန်စွာ မေးလိုက်၏ “သူ ပြန်ရောက်သွားပြီလား”
“ဟုတ်ပါတယ်”
“သူ့ကို ဆက်စောင့်ကြည့်ထား”
“နားလည်ပါပြီ”
သူက ဖုန်းချလိုက်သည်၊ သူ့အသွင်အပြင်အား ပြောင်းလိုက်ပြီးနောက် အပြုံးတစ်ခုက ထွက်ပေါ်လာသည်။ သူက ဒေါ်လာသန်းသုံးရာအလွယ်တကူ ရရှိခဲ့ပြီး ဒါရီခူရာဆာခူရာဂီအတွက် တွင်းတစ်ခု တူးခဲ့သည်။ စစ်ဆင်ရေးက ချောမွေ့လွန်းသဖြင့် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်၏။
“ပိုက်ဆံကို ဆွစ်ဘဏ်ရဲ့သာမန်အကောင့်ထဲကို လွှဲပြောင်းထားပြီးပြီ။ ဒါ့အပြင် နီရှီအတွက် လွတ်မြောက်လမ်းကြောင်းကိုလဲ စီစဉ်ထားပြီးပြီ။ ဒီည သူ ဂျပန်ကနေ ထွက်သွားတာကို တစ်ယောက်မှ သတိပြုမိလိမ့်မှာမဟုတ်ဘူး၊ သူ့ရဲ့စွမ်းရည်အရ ဒါရီခူရာဆာခူရာဂီအနေနဲ့ နီရှီရဲ့ခြေရာလက်ရာကို တွေ့ဖို့ မဖြစ်နိုင်ဘူး”ဖုန်းဖြေပြီးနောက် ကူဝါကိုက ထန်ရှုအား တင်ပြလိုက်သည်။
“ငါ သိပြီ”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ခေါင်းညိတ်လျက် မေးလိုက်သည် “နောက်ထပ်စစ်ဆင်ရေးက ဘာလဲ။ မင်း အဲဒါကို ပြင်ဆင်ထားပြီးပြီလား”
‘အားလုံးပြင်ဆင်ထားပြီးပြီ”ကူဝါကိုက ခေါင်းညိတ်လိုက်သည် “ပြီးတော့ အိုဇာဝါမန်ဇိုကလဲ ပျော်ရွှင်ခြင်းနန်းတော်ကဖြစ်မယ်လို့ ယုဂျီက ခန့်မှန်းထားတယ်။ နောက်ထပ်အစီအစဉ်ကို ငါတို့က ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်မယ်လို့ ငါ ထင်တယ်”
****
ဒုံဂျီမန်၊ ရှင်ဂျူကူ။
ကျိုတိုရှိ အလွန်ကျော်ကြားသောစတိုးဆိုင်တစ်ခုက ဤနေရာတွင် တည်ရှိသည်။ အဆောက်အဉီးတစ်ခုလုံးက တန်ဖိုးကြီးကုန်ပစ္စည်းများနှင့် ပြည့်နေသည်။ ဤအချိန်တွင် ကျိုတိုရှိနာမည်ကြီးစီးပွားရေးသမားတစ်ယောက်ဖြစ်သောအိုဇာဝါမန်ဇိုက အမျိုးသမီးတစ်ယောက်၏ခါးကို ဖက်လျက် လျှောက်လာနေသည်။ ယခု သူတို့က ရွေငွေရတနာများရောင်းချသည့်ဆယ့်ခြောက်ထပ်တွင် ရှိနေကြ၏။
“ဟန်နီ၊ ဒီသုံးကာရက်ရွှေက တကယ်လှတာပဲ။ ၎င်းရဲ့ထွင်းထုထားတဲ့စတိုင်ကို တစ်ချက်ကြည့်လိုက်ပါအုံး။ ငါ ဒါကို အရမ်းသဘောကျတယ်။ သူမက ဒါရိုက်တာခါဝါဒါနဲ့ လက်ထပ်တုန်းက ဆယ်လီယိုကိုခီတာဂါဝါက ဒီလိုစိန်လက်စွပ်အမျိုးအစားကို ဝတ်ဆင်ခဲ့တယ်လို့ ငါ ကြားတယ်”တင့်တယ်လှပသောအမျိုးသမီး၏မျက်လုံးများက လင်းလက်သွားပြီး သူမက လက်ထဲရှိ စိန်လက်စွပ်အား ပွတ်သပ်လိုက်သည်။ သူမ၏ချိုသာသောအသံက လူသေတစ်ယောက်ကိုပင် နိုးထလာစေနိုင်၏။
အိုဇာဝါမန်ဇိုက မေးငေါ့လျက် ပြောလိုက်သည် “မင်း ကြိုက်ရင် ဝယ်ပါ။ ယိုကိုခီတာဂါဝါရဲ့လူက ဝယ်ပေးနိုင်ရင် ငါက ဘာလို့ မဝယ်ပေးနိုင်ရမှာလဲ။ နောက်ဗီရိုထဲက ပလက်တီနမ်လည်ဆွဲကလဲ အရမ်းလှတယ်လို့ ငါ ထင်တယ်။ ငါ အဲဒါကိုလဲ မင်းအတွက် ဝယ်ပေးမယ်”
“ကျေးဇူးတင်ပါတယ်၊ ဟန်နီ”အမျိုးသမီးက သူ့အား နမ်းလိုက်သည်။
“နေပါအုံး”
ရုပ်ဖျက်ထားသောကူဝါကိုက ဒေါက်ဖိနပ်မြင့်မြင့်နှင့်အနီရောင်ဂါဝန်ကို ဝတ်လျက် လျှောက်လာသည်။ သူမက သူမ၏နဖူးပေါ်ရှိ ဆံပင်အား ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည် “ငါလဲ ဒီစိန်လက်စွပ်ကို သဘောကျတယ်။ ဘာလို့ မင်း ငါ့ကို မပေးတာလဲ”
အမျိုးသမီး၏အမူအရာက ပြောင်းလဲသွားပြီး သူက ဒေါသတကြီး မေးလိုက်၏ “ရှင်က ဘယ်သူလဲ။ ‘အရင်တွေ့တဲ့သူကို ဉီးစားပေးရမယ်’ဆိုတာ ရှင် မသိဘူးလား”
ကူးဝါကိုက မျက်လုံးလိမ့်လျက် စတိုးထဲသို့ ဝင်လာသည့် သူမအနောက်မှ ထန်ရှုအား အော်ပြောလိုက်၏ “အချစ်၊ ရှင် ဒီစိန်လက်စွပ်ကို တွေ့တယ်မလား။ အဲဒါက အရမ်းလှတယ်။ မြင်မြင်ချင်း ကျွန်မ သဘောကျသွားပြီ။ ရှင် အဲဒါကို ကျွန်မအတွက် ဝယ်ပေးနိုင်မလား”
ထန်ရှု၏မျက်နှာက မည်းမှောင်သွားပြီး သူက ဒေါသတကြီး ပြောလိုက်၏ “ဝယ်၊ ဝယ်၊ ဝယ်။ မင်းက ဝယ်ဖို့ပဲ သိတယ်။ ငါ အခုပဲ ပိုက်ဆံအမြောက်အများဆုံးရှုံးလာတာကို မင်း သိတာပဲမလား”
သူမအား အပြစ်တင်ပြီးနောက် သူက အိုဇာဝါမန်ဇိုနှင့်လှပသောအမျိုးသမီးတို့အား တစ်ချက်ကြည့်ကာ ခြိမ်းခြောက်လျက် ပြောလိုက်၏ “ငါ့အမျိုးသမီးက ဒီလက်စွပ်ကို လိုချင်တယ်။ တစ်ယောက်မှ သူ့ဆီကနေ ယူလို့မရဘူး၊ မဟုတ်ရင် အဲဒီလူကို ငါ သတ်ပစ်မယ်”
အေးစက်စက်အလင်းတစ်ခုက အိုဇာဝါ၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူက ထန်ရှုဆီ ရှေ့တစ်လှမ်းတိုးကာ နှာခေါင်းရှုံ့လိုက်သည် “မင်းက ဘယ်သူလဲ၊ မစ္စတာ။ မင်းက အိုဇာဝါမန်ဇိုဆီကနေ တကယ်ပဲ လုယူရဲတာလား။ မင်းက အသက်ရှင်ရတာ မောပန်းနေတာလား”
ထန်ရှုက သူ့အား မိုက်ကြည့်ကြည့်လျက် ခြိမ်းခြောက်လိုက်သည် “အိုဇာဝါမန်ဇိုက ဘာကောင်လဲ။ ငါက လုတော့ရော ဘာဖြစ်လဲ။ မင်းက ငါ့ကို ရိုက်နှက်ချင်တာလား”
အိုဇာဝါက ဒေါသထွက်သွားသည်။ သူကသာ အခြားသူများအား အမြဲတမ်းအနိုင်ကျင့်ခဲ့သည်သာ။ သူက အမျိုးသမီးအား ဘေးသို့ တွန်းကာ ထန်ရှုအား သင်ခန်းစာတစ်ခုပေးရန် လှုပ်ရှားလိုက်သည်။ သို့သော် သူက ရှေ့နှစ်လှမ်းတိုးလာစဉ် တောင့်တင်းသန်မာသောလူဆယ်ယောက်က စတိုးဆိုင်ဝင်ပေါက်ကို ဖြတ်ကာ ပြေးဝင်လာနေသည်ကို မြင်ပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။
ဒီအကောင်က သမန်လူမဟုတ်ဘူးပဲ။
သတိကြီးသောလူတစ်ယောက်အနေနှင့် အိုဇာဝါက သူ့အကြည့်အား ပြန်ရုတ်သိမ်းကာ အေးစက်စွာ မေးလိုက်သည် “မင်းက ဘယ်သူလဲ။ ဒီလောက်များတဲ့လူတွေနဲ့ ဒီနေရာကို လာတာ။ မင်းက ငါ့ကို သင်ခန်းစာပေးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာလား”
ထန်ရှုအား သူ့အား မျက်လုံးလိမ့်လျက် လှောင်ပြောင်လိုက်သည် “မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါက ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာရှာတယ်ပေါ့။ မင်းကို လစ်လိုက်လို့ ငါ ပြောခဲ့ပြီးသား၊ မဟုတ်ရင် မင်းအမေတောင် မင်းကို မမှတ်မိနိုင်လောက်တဲ့အထိ ငါ မင်းကို ရိုက်နှက်ပြမယ်”
“ခွေးကောင်…”
အိုဇာဝါက ထန်ရှုဆီ ပြေးလာပြီး မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့၌ ထွက်ပေါ်လာသည်။ သူ့လက်သီးက အလွန်လျင်မြန်စွာ ရွေ့လျားသွားပြီး ထန်ရှု၏ရင်ဘက်အား တန်းရိုက်လိုက်၏။ သူက သာမန်လူတစ်ယောက်ဆိုလျှင် လက်သီးက ထန်ရှုအား ဒဏ်ရာပြင်းပြင်းထန်ထန်ရစေနိုင်သည်။ ကံမကောင်းစွာနှင့် ထန်ရှုက သာမန်လူတစ်ယောက်မဟုတ်ပေ၊ သူက နာကျင်မှုနည်းနည်းကလေးပင် မခံစားရပေ။
သို့သော် ထန်ရှုက သူ့ဇာတ်ကောင်အတိုင်း လိုက်လျောညီထွေစွာ ဆောင်ရွက်ခဲ့သည်။ သူက နောက်လေးလှမ်း ယိမ်းထိုးကာ သွေးအန်လိုက်သည်။
ကူဝါကိုက ရည်ရွယ်ချက်ရှိရှိနှင့် အလန့်တကြား အော်လိုက်သည် “အချစ်၊ ရှင်…အဆင်ပြေရဲ့လား။ နင်တို့က ဘာစိုက်ကြည့်နေတာလဲ။ အဲဒီအကောင်က နင်တို့ကာကွယ်ရမယ့်လူကို ရိုက်နှက်ခဲ့တယ်။ နင်တို့က ဘော်ဒီဂတ်တွေရော ဟုတ်သေးလား။ သူ့ကို ဆုံးမကြစမ်း”
ဘော်ဒီဂတ်ဆယ်ယောက်က အိုဇာဝါမန်ဇိုထံ ချက်ချင်း ပြေးသွား၏။ သူတို့အားလုံးက သိုင်းပညာရှင်များဖြစ်ကြပြီး အလွန်မသန်မာသော်လည်း သူတို့တစ်ယောက်ချင်းစီက သာမန်လူဆယ်ယောက်ကျော်အား ရင်ဆိုင်ရန် လုံလောက်သည်။
ဘန်း…ဘန်း…ဘန်း…
ခန္ဓာကိုယ်အား လက်သီးထိသံများကို ကြားလိုက်ရ၏။ သို့သော် သူတို့က အိုဇာဝါအား အနိုင်ယူမည့်အစား သူတို့ကသာ နောက်သို့ လွင့်ထွက်သွား၏။
ကူဝါကို၏အကူအညီနှင့် မတ်တပ်ရပ်ကာ ထန်ရှုက အိုဇာဝါ၏တိုက်ခိုက်ရေးနည်းလမ်းအား လေ့လာလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူက အသိအမှတ်ပြုလောက်စရာခွန်အားရှိသည့်ကျင့်ကြံသူတစ်ယောက်ဟု ပြောနိုင်သည်။ အစောင့်များအား ထိုးနှက်ချိန်၌ ထိုလူက သူ့ခွန်အားအကုန်လုံးကို အသုံးမပြုခဲ့ပေ။
“ဟေး၊ အပြင်က ကောင်တွေ။ မင်းတို့ကောင်တွေ သေနေကြတာလား။ မင်းတို့ရဲ့ဖင်ကို ဒီနေရာကို ကြွလာပြီး ဒီအကောင်ကို လာသတ်ကြစမ်း”ထန်ရှုက လက်မြှောက်လျက် အော်လိုက်သည်။
ချက်ချင်းလျှင်ပင် ဘော်ဒီဂတ်တစ်အုပ်က အပြင်မှ ပြေးဝင်လာ၏၊ စတိုးဆိုင်တစ်ဝက်နီးပါးက လူရှစ်ဆယ်ကျော်နှင့် ပြည့်ကျပ်သွား၏။ ထန်ရှု၏အသွင်အပြင်နှင့်သူတို့အဖော်များ၏သနားစရာကောင်းသောအခြေအနေကို မြင်ပြီး သူတို့အများစုက လက်နက်များ ဆွဲထုတ်လိုက်ကြသည်။
“တောက်၊ ဒါ ထောင်ချောက်တစ်ခုပဲ”
သူ့အရှေ့ရှိ မြင်ကွင်းကို မြင်ပြီး ဒါက ရိုးရှင်းသောရန်ပွဲတစ်ခုမဟုတ်ဘဲ သူ့အတွက် ထောင်ချောက်တစ်ခုဖြစ်သည်ကို အိုဇာဝါက ချက်ချင်း သဘောပေါက်သွား၏။ ရည်ရွယ်ချက်က သူ့အား သင်ကြားပေးရန်မဟုတ်၊ သူ့အား သတ်ရန်သာ။
ဒီလိုဆိုမှတော့…ကျန်တဲ့လူတွေကို သတိပေးတဲ့အနေနဲ့ သူတို့ထဲကအချို့ကို ငါ သတ်ရမယ်…
အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ ပြည့်သွားသည်၊ သူက သူ့လက်ကောက်ဝတ်မှ ဓားမြှောင်တစ်လက် ယူထုတ်၏။ ဓားမြှောင်က အပေါ်အောက်ရွေ့လျားသွားပြီး အရှေ့ဆုံးရှိ ဘော်ဒီဂတ်နှစ်ယောက်၏လည်ချောင်းများအား ထိုးဖောက်သွားခဲ့သည်။
“လူသတ်သမား…သူက လူတွေကို သတ်နေတာပဲ…”
ဘော်ဒီဂတ်နှစ်ယောက်အသတ်ခံရသည်ကို မြင်သောအခါ အားနည်းသောအမျိုးသမီးတစ်ယောက်ပမာ ဟန်ဆောင်လျက် ကူဝါကိုက ချက်ချင်း အလန့်တကြား အော်လိုက်သည်။ သို့သော် သူမအသံက ပျောက်ကွယ်သွားပြီးနောက် နောက်တစ်ယောက် နောက်သို့ လွင့်ထွက်သွား၏၊ ရတနာဆိုင်ထဲရှိဝန်ထမ်းများက ထိတ်လန့်တကြား ပြေးလွှားနေကြပြီး သူတို့ထဲမှတစ်ယောက်က အချက်ပေးခလုတ်ကို နှိပ်ကာ ရဲများအား ဆက်သွယ်လိုက်သည်။
အင်နာဒါသိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းမှ လေ့ကျင့်ပေးထားသော သိုင်းပညာရှင်များက ရက်စက်ကြမ်းကြုတ်သောလူတစ်အုပ်ပင်။ လက်ရှိအချိန်တွင် သူတို့က ကိုယ်ရံတော်များ ဖြစ်နိုင်သော်လည်း သတ်ဖြတ်ခြင်းက သူတို့အတွက် သာမန်ပင်။ ယခု သူတို့အဖော်များက အသတ်ခံလိုက်ရသဖြင့် သူတို့၏ရက်စက်ကြမ်းကြုတ်မှုအား နိုးထလာစေကာ အများစုက သူတို့၏ပစ္စတိုများအား ထုတ်ကာ အိုဇာဝါမန်ဇိုထံ ချိန်လိုက်ကြ၏။
ဝှစ်…ဝှစ်…ဝှစ်…
ထိုကိုယ်ရံတော်များအလယ်တွင် ပုံရိပ်တစ်ခုက လျင်မြန်စွာ ရွေ့လျားသွားသည်။ ပစ္စတိုဆွဲထုတ်ထားသည့်သူများက သူတို့၏လက်ကောက်ဝတ်က ခုတ်ပိုင်းခံလိုက်ရ၏။ သို့သော် ဤအချိန်တွင် အိုဇာဝါက သတ်ဖြတ်လိုစိတ်တော့ မထားဘဲ သူတို့အား ပြင်းပြင်းထန်ထန်သာ ဒဏ်ရာရစေခဲ့သည်။ သုံးဆယ်စက္ကန့်အတွင်း ဘော်ဒီဂတ်ငါးဆယ်နီးပါးက လွင့်ထွက်သွားခဲ့၏။
ကူဝါကိုမှ တွဲထူလျက် ထန်ရှုက ကြမ်းပြင်မှ ထလာ၏။ အိုဇာဝါ၏စွမ်းအားထုတ်ပြမှုကို မြင်ပြီး သူက ကြောက်ရွံ့သွားသည့်ဟန် ပြလိုက်သည်။ သူက ကျယ်လောင်စွာ အော်လိုက်သည် “တောက်၊ ဂျပန်နဲ့ အဲဒီခွေးကောင်ဒါရီခူရာဆူခူရာဂီ။ သူ့ရဲ့အင်နာဒါသိုင်းသင်တန်းကျောင်းရဲ့ကိုယ်ရံတော်တွေက ကျွမ်းကျင်သူတစ်အုပ်လို့ သူ ပြောခဲ့တယ်မလား။ ဒါပေမယ့် အခု သူတို့က အမှိုက်တွေပဲ။ တစ်ယောက်ယောက် ကူညီပါအုံး၊ လူသတ်သမားက…”
ဘော်ဒီဂတ်များအား တိုက်ခိုက်ရင်း အေးစက်စက်အလင်းတစ်ခုက အိုဇာဝါ၏မျက်လုံးများထဲ၌ ပြည့်လျှံသွား၏။ ထန်ရှု၏အံ့အားတကြီးပြောသံ၊ အင်နာဒါသိုင်းသင်တန်းကျောင်းနှင့်ဒါရီခူရာဆာခူရာဂီတို့၏နာမည်များအား သူက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“မင်းတို့က ဒီနေရာကနေ ထွက်ပြေးချင်ကြတယ်ပေါ့လေ”
ထန်ရှုနှင့်ကူဝါကိုတို့က စတိုးဆိုင်မှ ပြေးထွက်သွားသည်ကို သူက သတိပြုမိလိုက်သည်။ သူက ဘော်ဒီဂတ်အချို့အား ချက်ချင်းကန်ကာ သူတို့နောက်သို့ လျင်မြန်စွာ လိုက်သွား၏။