← Chapters

မြို့စားကိုဖယ်ရှား

Vol. 13 Ch. 175

မြို့စားကိုဖယ်ရှား

Vol. 13 Ch. 175

ရှန်းတုကျန်းဟီရဲ့ ခန္ဓာကိုယ်က ဒေါသ ထွက်လွန်းလို့ တဆတ်ဆတ် တုန်ခါနေပါတယ်။

လုံးဝကို သည်းမခံနိုင်တော့ပါဘူး။ လီဖူချန်းရဲ့ လုပ်ရပ်က သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန် သွားခဲ့ပါပြီ။

သူက လီဖူချန်းကို သည်လောက်အထိ အောက်ကျို့ခံပြီး တောင်းပန် ခဲ့တာတောင်မှ ဒီကောင်က ရှန်းတုန်လျှန်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။

သူက တိုက်ရိုက်တပည့် ဖြစ်တော့လည်း ဘာဖြစ်လဲ။ တိုက်ရိုက်တပည့်ဆိုပြီး အိမ်တိုင်ယာရောက် လာစော်ကား နေတာကို ငြိမ်ခံ နေရတော့မှာလား။ သူ့မှာလည်း ဂုဏ်သိက္ခာနဲ့ မာနတရား ရှိပါသေးတယ်။ ဒီခွေးမသားလေးကို သတ်ပစ်ပြီး မိုးပြာရောင် ဂိုဏ်းက ပေးတဲ့ အပြစ်တွေကို ခံယူလိုက်တာကမှ ပိုကောင်းသေးသည် မဟုတ်ပါလား။

“မင်းက ငါ့ကလန်သား တစ်ယောက်ကိုတောင် သတ်ရဲတယ်လား”

ရှန်းတုကျန်းဟီက သူ့ရဲ့ဓားကိုတော့ ဆွဲထုတ်လိုက်ပါတယ်။

“သတ်ရဲလို့ သတ်လိုက်တာ မမြင်ဘူးလား…။ ဒီလို ခွေးမျိုးကိုတေ့ာ အခါ၁၀၀လောက်ကို သတ်ပစ် သင့်တာ။ ဆန်ကုန် မြေလေး ဆိုတာ ဒီလိုကောင်မှ အစစ်ပဲ။ ခင်ဗျားလည်း သတ္တိရှိရင် စမ်းကြည့်လို့ ရတယ်နော်”

လီဖူချန်းက တစ်စက်ကလေးမျှ ကြောက်ရွံ့ဟန် မပြပဲ ရှန်းတုကျန်းဟီကိုတောင် ပြန်ပြီး စိန်ခေါ် လိုက်ပါသေးသည်။

“ခွေးမသား”

ကြက်သွေးရောင် လျှို့၀ှက်မီးတောက် အဆင့်၁၄ အတွင်းအားတွေကို ထုတ်ဖောက် လိုက်တဲ့ အခါမှာတော့ ကြက်သွေးရောင် မီးတောက်ချီ တစ်ခုက ရှန်းတုကျန်းဟီရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ် လာခဲ့ပါပြီ။

ရှန်းတုကျန်းဟီရဲ့ ဓားတစ်ချက် လှုပ်လိုက်တာနဲ့ ဓားအရိပ် အထပ်ထပ်က ထွက်ပေါ်လာပြီး လီဖူချန်းဆီကို တိုးဝင်သွားကြ ပါတော့တယ်။

သူသုံးလိုက်တဲ့ ဓားသိုင်းကတော့ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်း ဖြစ်တဲ့ “တောင်စွယ်အထပ်ထပ်” ဓားသိုင်းပါပဲ။

ရှန်းတုကျန်းဟီက သည်ဓားသိုင်းကို နှစ်ပေါင်း ၃၀လောက် လေ့ကျင့်လာတာ ဖြစ်သည့် အတွက် အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကိုတောင် ရောက်နေခဲ့ ပါပြီလေ။

သူ့ရဲ့ ဓားကွက်ကို ထုတ်လိုက်ရင် သာမန် မြေကမ္ဘာ နယ်ပယ် အဆင့်မြင့်တန်းက ပညာရှင်တောင်မှ မခုခံနိုင်ပဲ သေဆုံး သွားနိုင်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ဓားကွက်က လီဖူချန်ူနဲ့ အတွေ့မှာတော့ အလဟဿ ဖြစ်သွားခဲ့ ရပါပြီ။

“ပျက်စမ်း "

လီဖူချန်းက သူ့ရဲ့ ဓားကို ထုတ်ပြီး ရှန်းတုန်ကျန်းဟီရဲ့ ဟာကွက် တည့်တည့်ကို တိုက်ခိုက် လိုက်ပါတယ်။

ဘုန်း … …

သူတို့ နှစ်ယောက်ရဲ့ ဓားချီတွေက ထိပ်တိုက် ရင်ဆိုင် မိလိုက်တာနဲ့ မုန်တိုင်း တစ်စင်းလို ဖြစ်သွားပြီး မြို့စားဂေဟာ တစ်ခုလုံးကို ရှုပ်ပွသွားစေခဲ့တယ်လေ။ မြေပြင်ပေါ်မှာလည်း ထောင်နဲ့ချီတဲ့ ဓားချက်တွေက ဖြစ်ပေါ် လာပါသေးတယ်။

မကြာမီမှာပဲ မုန်တိုင်းထဲကနေ လူရိပ် တစ်ရိပ် လွှင့်စင်လာပြီး သစ်ပင်ကြီး တစ်ပင်ကို ဝင်ဆောင့် လိုက်ပါတယ်။ သနားစရာ သစ်ပင်ကြီးကတော့ နှစ်ပိုင်းကို ပြတ်ထွက် သွားခဲ့ပါပြီ။

“ဒီလူကြီးက ကြက်သွေးရောင် လျှို့၀ှက်မီးတောက် အတွင်းအားကိုတောင် လေ့ကျင့် ထားတာပဲ”

လီဖူချန်းက မအံ့သြတော့ပါဘူး။ ရှန်းတုကျန်းဟီနဲ့ သူက အဆင့်၄ဆင့်တောင် ကွာဟ နေတာပဲလေ။ သူက အစစ်အမှန် ငရဲမီးတောက် ပညာရပ်ရယ် ၊ကြက်သွေးရောင် မီးတောက်ဆန္ဒရယ်၊ ကြယ်ပျံဓား ဆန္ဒကို စုပေါင်းပြီး တိုက်ခိုက် တာတောင်မှ မယှဉ်နိုင်တာကလည်း ဘာမှ ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။

“သူက မြို့စားမင်းကို မယှဉ်နိုင်ပါဘူးကွာ "

ရှန်းတုကလန်က လူတွေကတော့ ဝမ်းသာကြည်နူး နေတဲ့ အချိန်မှာတော့ လီရှောင်ထန်က ရင်တမမနဲ့ ဖြစ်နေပါပြီ။

“လီဖူချန်း … ဒီနေ့မင်းကို မြေကမ္ဘာနယ်ပယ် အဆင့်၅ဆိုတာ ဘာလဲဆိုတာ ကောင်းကောင်းကြီး ပြပေး  ရတာပေါ့”

ရှန်းတုကျန်းဟီက မြေပြင်ကို ဖနောင့်တစ်ချက် ဆောင့်လိုက်ပြီး မြှားတစ်စင်းလို အရှိန်နဲ့ လီဖူချန်းဆီကို တိုးဝင် လာခဲ့ပါတယ်။

“ရှန်းတုကျန်းဟီ … အရမ်းလည်း ပျော်မနေနဲ့ဦး…။ ကျုပ်ကလည်း အစွမ်းကုန် မတိုက်ရသေးပါဘူး”

“မီးနဂါးချီ … ထွက်လာခဲ့စမ်း"

လီချန်းက သူ့ရဲ့ မီးနဂါး လျှို့၀ှက်နည်းစနစ်ကို စတင် အသုံးပြုလိုက်ပါပြီ။ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် ချီတွေက မီးနဂါး ချီတွေအဖြစ် ပြောင်းလဲ သွားခဲ့တယ်လေ။

မီးနဂါးချီတွေက အလွန်ပဲ သိပ်သည်း လှပါတယ်။ ကျောက်ရည်ပူတွေလို ပွက်ပွက် ဆူနေတဲ့ အတွင်းအား စီးကြောင်း တစ်ခုကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ် စီးဆင်း နေခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ အစစ်အမှန် ဆန်သည့် ချီအရှိန်အဝါ တစ်ခုက ပေါက်ကွဲ ထွက်လာပြီး ရှန်းတုကျန်းဟီရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို လိုက်ကာစ တစ်ခုလုံး လွှမ်းခြုံသွားခဲ့ပါတယ်။

ရှန်းတုကျန်းဟီရဲ့ မျက်နှာ အမူအရာ ကတော့ လေးနက် တည်ကြည် သွားခဲ့ပါပြီ။

သူ့ရဲ့ အာရုံခံစားမှုတွေ အရ လီဖူချန်းဆီကနေ ကြောက်စရာ ကောင်းလှတဲ့ အပူလှိုင်းလုံး ကြီးတွေ တစ်လုံးပြီး တစ်လုံး ထွက်လာတာကို သိလိုက်ရတယ်လေ။

အဲသည် လှိုင်းလုံးကြီးတွေက သူ့ရဲ့ ချီအရှိန်အဝါတွေကို ထိပ်တိုက် တွေ့ဆုံ လာခဲ့ပြီး ပြန်ခုခံ လာခဲ့ပါပြီ။ ရှန်းတုကျန်းဟီက ပြင်းထန်လှတဲ့ အပူချိန်တွေရဲ့ အောက်မှာတော့ နေရထိုင်ရတာတောင် အနည်းငယ် မသက်မသာ ဖြစ်လာသလိုပါပဲ။

သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ပိုမို လေးလံလာပြီး အရင်ကလို မသွက်လက် တော့ဘူးလို့ ခံစားနေရ လာပါပြီ။

"ဒီကောင်လေးရဲ့ ချီအရှိန်အဝါတွေက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြင်းထန် လာရတာလဲ "

ရှန်းတုကျန်းဟီက အကြောင်းအရင်းကို စဉ်းစားလို့ မရပဲ ဖြစ်နေပါတယ်။

ချီအရှိန်အဝါတွေကို ယေဘူယျအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ မူလချီ အရှိန်အဝါနဲ့ စိတ်ဝိညာဉ်စွမ်းအား အရှိန်အဝါ ဆိုပြီးတော့ပေါ့။

မူလချီအရှိန်အဝါ ကတော့ လူတစ်ယောက်မှာ ပိုင်ဆိုင်ထားတဲ့ ချီအရှိန်အဝါနဲ့ပဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ကျင့်ကြံခြင်း နယ်ပယ် အဆင့်မြင့်လာမယ်။ အတွင်းအား ကျင့်စဉ် ပိုကောင်းတာတွေ လေ့ကျင့်ထားမယ်။ အဲဒီလို ဆိုရင်တော့ သူ့ရဲ့ မူလချီ အရှိန်အဝါတွေက ပိုပြီး အားကောင်း လာပါလိမ့်မယ်။

စိတ်ဝိညာဉ် စွမ်းအားကတော့ ကျင့်ကြံခြင်း နယ်ပယ် နဲ့ပဲ ဆက်နွယ် နေတတ်ပါတယ်။ ကျင့်ကြံခြင်း နယ်ပယ် အဆင့်မြင့် လာလေလေ စိတ်ဝိညာဉ် စွမ်းအား ပိုအားကောင်း လာလေလေပါပဲ။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိပါတယ်။ တချို့လူတွေက မွေးရာပါ စိတ်ဝိညာဉ် အားကောင်းမှုတွေကို ပိုင်ဆိုင်ထားတတ် ကျတယ်လေ။ လီဖူချန်းကိုလည်း ခြွင်းချက်လို့ သတ်မှတ်ရမှာပါပဲ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရင်တုန်းကတော့ သာမန်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ပါရမီတွေ ဆုံးရှုံးသွားခဲ့တုန်းက သူ့လေ့ကျင့်လိုက်တိုင်းမှာ သူ့ရဲ့ စိတ်ဝိညာဉ်က ပေါက်ကွဲထွက်သွားတော့ မလိုကို ဖြစ်နေခဲ့တာလေ။ အဲသည်တုန်းက သူ့ရဲ့ မလျော့သော ဇွဲနဲ့ လေ့ကျင့်မှုတွေက စိတ်ဝိညာဉ်ကို အရောင်တင်ပေးသလိုကို ဖြစ်လာခဲ့တာပါ။ လူတစ်ကာရဲ့ လှောင်ပြောင်မှုတွေ၊ အနိုင်ကျင့်မှုတွေက သူ့ရဲ့ စိတ်ဝိညာဉ်ကို သံမဏိ တစ်စလို မာကျော စေခဲ့ပါတယ်။ ထို့နောက်မှာတော့ သိတဲ့ အတိုင်းပဲ ရွှေရောင် လက်ဖွဲ့ အဆောင်က သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ စိတ်ဝိညာဉ်ကို ဆင့်ကဲ ပြောင်းလဲစေပါတယ်။

ထပ်ပေါင်းပြီး ပြောရမယ် ဆိုရင်တော့ မီးနဂါးက လျှို့၀ှက် နည်းစနစ်ကလည်း နဂါးတွေရဲ့ အရှိန်အဝါတွေ အနည်းငယ် ပါဝင်နေတဲ့ လျှို့၀ှက် နည်းစနစ် တစ်ခုပဲလေ။ ဒီအားသာချက်တွေ အားလုံးကို ပေါင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါက ရှန်းတုကျန်းဟီရဲ့ ချီအရှိန်အဝါကို ထိပ်တိုက် ရင်ဆိုင် လာနိုင်တဲ့ အထိ အစွမ်းထက်လာတော့ တာပါပဲ။

“အရှုံးပေးစမ်း"

မျက်စိတွေ ကျိန်းစပ် သွားလောက်အောင် တောက်ပလွန်းတဲ့ ဓားအလင်းတန်း တစ်ခုက ရှန်းတုကျန်းဟီရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်းပြီး ခန္ဓာကိုယ်ပေါ်မှာ စိုက်ဝင် သွားခဲ့ပါပြီ။

“ဝေါ့"

ရှန်းတုကျန်းဟီက သွေးစိမ်းရှင်ရှင် တစ်လုတ်မျှ အန်ထုတ် လိုက်ရပြီး အနောက်ကို လွင့်ထွက် သွားခဲ့ပါတယ်။ နောက်ဆုံး မြို့စားဂေဟာရဲ့ နံရံတွေနဲ့ တိုက်မိမှပဲ အရှိန်ကို ထိန်းလိုက်နိုင်ပါတယ်။

ဖြစ်ပျက်သွားတဲ့ အခြေအနေတွေက မြန်ဆန်လွန်းလှတဲ့ အတွက် ကြည့်နေတဲ့ သူတွေတောင်မှ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိလိုက်ပါဘူး။

သူတို့အားလုံး သတိပြုမိလိုက်တဲ့ အခါမှာတော့ ရှန်းတုကျန်းဟီက ဒဏ်ရာ အကြီးကျယ်ရပြီး အုတ်ပုံတွေ ကြားထဲမှာ လဲကျနေခဲ့ပါပြီ။

မြို့စား ဂေဟာရဲ့ ဘက်တော်သားတွေ ကတော့ အခြေအနေကို သဘော ပေါက်သွားခဲ့ပါတယ်။ အဲဒါကတော့ အခုအချိန်က စပြီး ယုံဝူးမြို့ရဲ့ အရှင်သခင်က ရှန်းတုကျန်းဟီ မဟုတ်တော့ဘူး ဆိုတာပါပဲ။ ရှန်းတုကလန် တစ်ခုလုံးက ဆက်ပြီး တည်ရှိနိုင်ဦးမလား ဆိုတာကိုတောင် သံသယ ဝင်စရာ ဖြစ်လာခဲ့ပါပြီ။ ယုံဝူးမြို့ရဲ့ အရှင်သခင်ကတော့ ဒီလူငယ်လေးပဲ ဆိုတာကို လူတိုင်းက နားလည်လိုက် ကျတယ်လေ။

ဘယ်သူကမှ အသံ မထွက်ရဲတော့သလို … ဘယ်သူမှလည်း လီဖူချန်းကို ရန်သူ တစ်ယောက်လို မကြည့်ရဲတော့ပါဘူး။ တိုက်ရိုက်တပည့် ဆိုတာ အလကား မဟုတ်ဘူးလေ။ မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်ကို မလေးမစား လုပ်ရဲတဲ့ သတ္တိ သူတို့မှာ မရှိပါဘူး။

“အစ်ကိုဖူချန်း … ကျေးဇူးပါပဲနော်”

လီရှောင်ထန်က အသံ တိုးတိုးလေးနဲ့ ရေရွတ် လိုက်ပါတယ်။

တခြားလူတွေရဲ့ မျက်လုံးတွေ ထဲမှာတော့ လီဖူချန်းက ဘယ်သူမှ မဖြိုဖျက်နိုင်တဲ့ နံရံကြီးတစ်ခု ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက ဆောင်းတွင်း မနက်ခင်းတစ်ခုမှာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပူနွေးသွားအောင် ပေးစွမ်းနိုင်တဲ့ နေမင်းကြီး တစ်စင်းပါပဲလေ။

လီဖူချန်းက သူ့ရဲ့ အိတ်ထဲက ရွှေရောင် တံဆိပ်တော် တစ်ခုကို ထုတ်လိုက်ပြီး ကြော်ငြာချက် တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

“မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်တဲ့ ငါက အခုချိန်ကစပြီး ရှန်းတုကျန်းဟီကို ယုံဝူးမြို့ရဲ့ မြို့စားမင်း ရာထူးကနေ ဖယ်ရှားလိုက်ပြီ။ သုံးရက် အတွင်းမှာပဲ ရှန်းတုကလန်ဟာ မြို့စားမင်း ဂေဟာကနေ ထွက်သွားရမယ်။ ငါ့အမိန့်ကို မနာခံတဲ့ လူမှန်သမျှကို အစစ်အဆေး မရှိ သတ်ပစ်မယ်"

တိုက်ရိုက်တပည့် ဆိုရင်တောင်မှ လူတွေက ကြောက်လန့်နေကျပါပြီ ဆိုနေမှ လီဖူချန်းက ရွှေတံဆိပ်တော်ကို ထုတ်ပြပြီး ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်ကြောင်း ထုတ်ပြလိုက်ပါသေးတယ်။

ထောင်သောင်းချီတဲ့ မိုးပြာရောင် ဂိုဏ်းဝင်တွေထဲမှာမှ ရွှေအဆင့် တိုက်ရိုက် တပည့် အရေအတွက်က အယောက်၃၀ပဲ ရှိတာလေ။ အခုလီဖူချန်းနဲ့ ဆိုရင်တော့ ၃၁ယောက်ပေါ့။

ရွှေအဆင့်တပည့် တစ်ယောက်အနေနဲ့ လီဖူချန်းက ရှန်းတုကျန်းဟီကို မြို့စားရာထူးကနေ ဖယ်ရှားနိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်လေ။ ဒါက ဂိုဏ်းတော်က ရွှေအဆင့် တိုက်ရိုက်တပည့် တွေကို ပေးထားတဲ့ အထူး အခွင့်အရေး ပါပဲ။

ဒါပေမဲ့ ဂိုဏ်းတော်ရဲ့ အကြီးအကဲတွေက လီဖူချန်း တစ်ယောက် တမင်သက်သက် အကြောင်းမရှိပဲ ရှန်းတုကျန်းဟီကို ရာထးူကနေ ဖယ်ရှားလိုကိတာလား ဆိုတာကိုတော့ ပြန်စုံစမ်းဦးမှာပါ။ လီဖူချန်းကသာ အကြောင်းအရင်း မယ်မယ်ရရ မရှိပဲ လုပ်လိုက်တယ် ဆိုရင်တော့ အပြစ်တောင် ပေးခံရနိုင်တယ်လေ။ ဒါပေမဲ့ အဲသည် အချက်ကိုတော့ လီဖူချန်းက စိုးရိမ်စရာ မရှိပါဘူး။ ရှန်းတုကလန်ရဲ့ မတရား ဗိုလ်ကျမှုတွေကို ယုံဝူးမြို့သူ မြို့သားတွေက သက်သေပြုပေး နိုင်သည်လေ။

“ရွှေအဆင့် တိုက်ရိုက် တပည့်လား"

ရှန်းတုကျန်းဟီကတော့ မူးမေ့လဲချင် သလိုလိုတောင် ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းက ငွေအဆင့် တိုက်ရိုက်တပည့်တောင် မဟုတ်ပဲ ရွှေအဆင့် တိုက်ရိုက် တပည့်တဲ့လား။ ဒီမအေဘေးလေးက ဘာဖြစ်လို့ အစောကြီး ကတည်းက ရွှေတံဆိပ်တော်ကို မပြခဲ့ရတာလဲ။

လီဖူချန်းသာ ရွှေအဆင့်တပည့် ဆိုတာ သိခဲ့ရင်တော့ ရှန်းတုကျန်းဟီက ဒီပြဿနာထဲကို ဝင်ပါမိမှာ မဟုတ်ပါဘူး။ ရှန်းတုလျှန်လို ခွေးသူတောင်းစား အယောက်၁၀၀ကို သတ်ပစ်ရင်တောင် သူက ပြုံးပြီး ကြည့်နေလိုက်မှာပါ။

အခုအချိန်မှာတော့ အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီလေ။ ရှန်းတုကလန်ရဲ့ ကျဆုံးချိန် တန်ခဲ့ပါပြီ။ လီဖူချန်းက ရှန်းတုလျှန်ရဲ့ ခေါင်းကို ဖြတ်လိုက်ပြီး လီရှောင်ထန်ကို နှစ်သိမ့်လိုက်ပါတယ်။

“အစ်ကိုက ဦးလေးအတွက် လျော်ကြေး ယူပေးလိုက်ပြီ။ ဦးလေးက တမလွန်ကနေ ကြည့်ပြီး ကောင်းကောင်း ကျေနပ်နေမှာပါ ရှောင်ထန်"

“ဟုတ်ကဲ့ အစ်ကိုဖူချန်း"

လီရှောင်ထန်လေးက ခေါင်းညိတ် လိုက်ပါတယ်။

***

တစ်ရက် အတွင်းမှာပဲ လီဖူချန်းက ရှန်းတုကျန်းဟီကို အနိုင်ယူပြီး မြို့စားရာထူးကနေ ဖယ်ရှားလိုက်တယ် ဆိုတဲ့ သတင်းက မုန်တိုင်း တစ်ခုလို ယုံဝူးမြို့ကို ရိုက်ခတ်သွားပါတယ်။ လီဖူချန်းရဲ့ အဆင့်အတန်း ကိုလည်း အားလုံးက သိသွားကျပါပြီ။

တိုက်ရိုက်တပည့် …

ရွှေအဆင့် တိုက်ရိုက်တပည့် … …

ပထမဦးဆုံး လီကလန်ကို ပြန်လာပြီး သူ့အဖေ လီရှန်းယန်ရဲ့ ခေါင်းဆောင် ရာထူးကို ပြန်ယူပေးတယ်။ အဲသည် နောက်မှာတော့ မြို့စားဂေဟာထဲကို ဝင်ပြီး ရှန်းတုကလန်ရဲ့ ဧည့်သည် အကြီးအကဲ တစ်ယောက်နဲ့ ရှန်းတုလျှန်ကို သတ်ပစ်လိုက်တယ်။ ရှန်းတုကျန်းဟီကိုတော့ မသတ်ပဲ ဒဏ်ရာ အကြီးအကျယ် ရရုံပဲ တိုက်ခိုက်ခဲ့တဲ့ လူငယ် သူရဲကောင်းလေး။

မြို့စားမင်း ရာထူးကို ဖယ်ရှားလိုက်တဲ့ ရွှေအဆင့် တိုက်ရိုက်တပည့်။

ဘယ်အကြောင်းအရာပဲ ဖြစ်နေပါစေလေ … လီဖူချန်းရဲ့ အကြောင်းတွေ ကတော့ မြို့တစ်ခုလုံးကို တုန်လှုပ် သွားစေသည်ပဲ။

ကောင်းကင်ဘုံကိုးဆင့်က ပစ်ချလိုက်သည့် နတ်မိုးကြိုး တစ်စင်း ယုံဝူးမြို့ကို ရောက်လာသည့် အတိုင်းပါပဲ။ ရှန်းတုကလန်ရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ယုံဝူးမြို့သူ မြို့သားတွေကတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး လီဖူချန်း တစ်ယောက် သက်တော်ရာကျော် ရှည်ပါစေဟုတောင် ဆုတောင်း ပေးနေကျသည်လေ။

အိမ်ထောင်သည်တွေ ကတော့ သူတို့ရဲ့ သားတွေကို ဖူချန်းဟု နာမည် ပြောင်းပေးဖို့တောင် လုပ်နေ ကျပါပြီ။ လူငယ် ယောကျာ်းလေးတွေ ကတော့ လီဖူချန်း ဝတ်ဆင်လေ့ရှိတဲ့ ဝတ်ရုံ အဖြူတွေကို ဈေးဆိုင်တွေမှာ မှာယူနေကျပြီး မိန်းမပျိုလေးတွေ ကတော့ လီဖူချန်းရဲ့ အိပ်ခန်းထဲကို ခိုးဝင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြံစည် နေကျပါတယ်။

လီဖူချန်းနဲ့ တစ်ညတာ ဖြတ်သန်း လိုက်ရရင်ကို သေပျော်ပါပြီဟု ကြွေးကြော် နေသည့် မိန်းမပျိုလေးတွေ ကလည်း ရှိနေပါသေးတယ်။

လီဖူချန်းလို မြို့စားမင်း တစ်ယောက်ကိုတောင် ဖယ်ရှားနိုင်သည့် ယောကျာ်း တစ်ယောက်ကို သူမတို့ရဲ့ အပျိုစင်ဘဝ ပေးဆပ်ရမည့် အဖြစ်က လုံးဝကို ဂုဏ်ယူစရာ တစ်ခုပင် မဟုတ်ပါလား။

တစ်ဖက်မှာတော့ လီကလန်နှင့် ရန်ငြိုးရန်စ ရှိခဲ့သည့် ကလန်တွေက ကြောက်ဒူး တုန်နေကျပါပြီ။ အထူးသဖြင့် ယန်ကလန်နဲ့ ကောင်းကလန်ပေါ့လေ။ သူတို့ကလန် နှစ်ခုစလုံးက လီကလန်ကို ပေါင်းပြီး အနိုင်ကျင့်ခဲ့သည့် အရေအတွက်က နည်းတာမှ မဟုတ်ခဲ့တာ။

ယန်ကလန် တစ်ခုလုံးက လုံးဝ သုသာန်တစ်စပြင် တစ်ခုလို တိတ်ဆိတ်နေပါတယ်။ ကောင်းကလန် ကတော့ ပိုလို့တောင် တိတ်ဆိတ် နေပါသေးတယ်။ ကောင်းကလန် တစ်ခုလုံးမှာ ခွေးတစ်ကောင် ကြောင်တစ်မြီး တောင်မှ လှုပ်ရှားမှု မရှိပါဘူး။

သူတို့က လီဖူချန်းကို ကောင်းရှုနဲ့ မတန်ဘူး ဆိုပြီး စေ့စပ်တာကို ဖျက်သိမ်းခဲ့သည့် အပြင် ကောလဟာလတွေတောင် လွှင့်ခဲ့သေးသည် မဟူတ်ပါလား။ ကောင်းကလန်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ကောင်းယုကတော့ ကောင်းရှုရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ အကြံပေးခဲ့တဲ့ တရားခံက ဘယ်သူလဲ ဆိုတာကို သဲကြီးမဲကြီး ရှာနေပါပြီ။

ကောင်းရှုရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူခဲ့တဲ့ သူ့ကိုယ်သူကိုလည်း လုံးဝ ခွင့်မလွှတ်နိုင် ဖြစ်နေပါတယ်။ ကောင်းကလန်ရဲ့ ဘိုးဘေးကြီး ဖြစ်တဲ့ ကောင်းတုံကလည်း ရူးချင်သဘိုလိုတောင် ဖြစ်နေပါပြီ။ ပါရမီရှင် ပြိုင်ပွဲတုန်းက လီဖူချန်းကို ရှုံးသွားအောင် လျှို့၀ှက် အသံလှိုင်းနဲ့ အနှောင့်အယှက် ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည် မဟုတ်ပါလား။

ကောင်းတုံက သူ့အသက်အရွယ် ကိုတောင် မထောက်တော့ပဲ အခုချက်ချင်း လီကလန်ကို ပြေးပြီး လီဖူချန်းကို တောင်းပန်ဖို့တောင် စဉ်းစားနေပါပြီ။

***

All Chapters