ဓားဆန္ဒများဖြင့် ရူးသွပ်ခြင်း
Vol. 21 Ch. 283
“မဟုတ်ဘူး။ အဲဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အပြင်ဘက်က မိစ္ဆာပဲ။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကပ်ဘေးကြီးတစ်ခုဖြစ်လာပြီး ပျောက်ကွယ်သွားခဲ့တယ်။ သူက ဒီနေရာကို ရောက်နေတာပဲ”
မရေမတွက်နိုင်သော ကြောက်လန့်နေသည့်အသံများ ပေါ်ထွက်လာသည်။
ကောင်းကင်ထက်တွင်ရှိသောကျင့်ကြံသူများမှာ တောင့်တင်းနေပြီး ထွက်ပြေးမရတော့ပါ။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေး၏ စွမ်းရည်များက အလွန်ကြောက်စရာကောင်းသည်ဟု ဒဏ္ဍာရီများရှိခဲ့သည်။
သူတို့သည် ဝိညာဉ်ကိုဝါးမျိုပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်၍ ဆက်လက်အသက်ရှင်အောင် လုပ်ထားနိုင်သည်။
တခြားလူများက ဝိညာဉ်ဝါးမျိုခံလိုက်ရသောကိစ္စကို မသိနိုင်ပေ။
“ဒါက ကောင်းကင်မိစ္ဆာပဲ”
မူမိသားစုခေါင်းဆောင်က မျက်လုံးများတောက်ပလာပြီး တီးတိုးပြောသည်။
“ဟုန်ဖူ၊ မင်းမလွတ်မြောက်နိုင်ဘူးဆိုရင် ငါ့ဝိညာဉ်ကိုဖောက်ခွဲပြီး အဝေးရောက်အောင် ပို့ပေးမယ်”
နတ်မိမယ်ပီအိုနေး၏မျက်နှာအမူအရာက ရှုပ်ထွေးသွားသည်။ သူမက ခေါင်းမခါသလို ခေါင်းလည်းမညိတ်ပေ။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေး၏ မိစ္ဆာဝိညာဉ်များက ဖြည်းဖြည်းချင်း နီးကပ်လာသည်။
“အမှန်အတိုင်းပြောရရင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မင်းရဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ်မဟုတ်လား”
ဟန်မူယဲ့က ရေရွတ်သည်။
သူက နားမလည်နိုင်ခဲ့သော ထူးဆန်းသည့်ဖြစ်ရပ်များကို ပြန်တွေးမိသည်။
ဓားစံအိမ်မှာ ပိုင်ရှင်များ ထူးဆန်းစွာသေသွားသော ဓားတချို့ရှိသည်။
ဓားစံအိမ်တင်မကဘဲ တခြားဂိုဏ်းများတွင်လည်း ထူးဆန်းစွာသေသွားသောလူများ ရှိနေကြသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဆံပင်ကြားတွင် ရှိနေသော အနက်ရောင်ဓားငယ်ကို ထုတ်ယူသည်။
သူက ဧရာမအရိုးစုကြီးကို ကြည့်လိုက်သည်။
“ဟန်မူယဲ့၊ သေချာစဉ်းစားဦး။ ဒါက နှစ်ပေါင်းတစ်သောင်းကြာအောင် လွှမ်းမိုးလာခဲ့တဲ့ ကောင်းကင်မိစ္ဆာပဲ”
တာအိုဆရာတယန်၏အသံ ပေါ်ထွက်လာသည်။
“ဒီမိစ္ဆာဟာ သူ့ဓားချက်ကြောင့်သေမသွားဘဲ အနာဂတ်မှာ ပြဿနာဖြစ်လာတယ်”
ထိုကောင်းကင်မိစ္ဆာသည် ဓားဘုရင်ယွမ်ထျန်းသတ်ဖြတ်ခဲ့သော ပြင်ပဘုံကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်ဖြစ်သည်။
သို့သော်လည်း ထိုကောင်းကင်မိစ္ဆာသည် ဆန်းကြယ်နည်းစနစ်တစ်မျိုးဖြင့် လျှို့ဝှက်စွာအသက်ရှင်ခဲ့ပြီး တခြားမိစ္ဆာကြီး၏အရိုးစုကို အပိုင်စီးထားလိုက်သည်။
“မင်းထွက်သွားချင်ရင် နောက်မကျသေးဘူး”
တာအိုဆရာတယန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။
“အရင်တုန်းက သူလည်း အားကောင်းတဲ့ရန်သူနဲ့ရင်ဆိုင်ရတဲ့အတွက် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ခဲ့တယ်”
ဓားကျင့်ကြံသူများက အလွန်တင်းမာနေလျှင် လွယ်ကူစွာကျိုးပဲ့သွားပေမည်။
ယခုအချိန်တွင် ထွက်သွားလျှင်လည်း ရှက်စရာမရှိပေ။
ရှေးခေတ်၏ ကောင်းကင်မိစ္ဆာကို မယှဉ်နိုင်ခြင်းက ပုံမှန်ပင်ဖြစ်သည်။
ဤနေရာတွင် ရှိနေသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများက သူနှင့် မသက်ဆိုင်ပေ။ မူမိသားစုခေါင်းဆောင်သည်ပင် သူနှင့် ရင်းနှီးရုံမျှသာဖြစ်ပြီး နီးကပ်သည်ဟု မဆိုနိုင်ပေ။
သူထွက်သွားလျှင် တာအိုနှလုံးသားက အပြင်းအထန်ပျက်စီးသွားမည် မဟုတ်ပေ။
တာအိုဆရာတယန်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်သည်။
‘ထွက်သွားရမှာလား’
သူ့ဓားကို ဆွဲမထုတ်ရသေးဘဲ ထွက်မသွားနိုင်ပေ။
သူ့လက်ဝါးထဲက အနက်ရောင်ဓားငယ်သည် တုန်ခါလာ၏။
“တာအိုဆရာတယန်၊ ကျွန်တော့်ကို ထပ်ပြီး ကူညီပေးနိုင်မလား”
‘ထပ်ပြီး ကူညီပေးရမှာလား’
တာအိုဆရာတယန်က ဟန်မူယဲ့ကိုကြည့်ပြီး အံတင်းတင်းကြိတ်သည်။
“ငါ့ကံကြမ္မာကို လက်ခံလိုက်မယ်။ ဒီနေ့မှာ ငါမသေခဲ့ရင် အနာဂတ်မှာ မင်းကို သခင်အဖြစ် အသိအမှတ်ပြုမယ်”
ထို့နောက် သူက လေပြေလေညင်းတစ်ခုအသွင်ပြောင်းပြီး အနက်ရောင်ဓားငယ်ထဲသို့ တိုးဝင်သွားသည်။
ဟန်မူယဲ့က ရယ်မောလိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။
“ဒါက မင်းလိုချင်နေတဲ့ဓားမဟုတ်လား”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။ အနက်ရောင်ဓားငယ်ပေါ်တွင် လေဟာနယ်စွမ်းအားများ လှည့်ပတ်လာသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် အောက်တွင် ရှိနေသော ဧရာမအရိုးစုကြီး၏မျက်လုံးထဲမှာ မီးတောက်များဖြင့် သိပ်သည်းလာသည်။ အရပ်မျက်နှာမျိုးစုံသို့ ပြေးထွက်သွားခဲ့သော မိစ္ဆာဝိညာဉ်များအားလုံးသည် ဟန်မူယဲ့ကို ဝိုင်းရံလိုက်ကြ၏။
“ငါ့ကိုပေး”
“ဒီကမ္ဘာကနေ ထွက်သွားချင်တယ်”
ဿားရဲကြီးက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။
“မင်းက ဒီဓားကို လိုချင်တာလား”
ဟန်မူယဲ့က မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်။
“ဒါက ငါ့ဓားချက်ကို မင်းတားဆီးထားနိုင်တဲ့အပေါ်မှာ မူတည်တယ်”
သူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်ဖြင့် ရှေ့သို့ ညင်သာစွာချိန်ရွယ်လိုက်သည်။
ထိုအချိန်၌ မော့ယွမ်နှင့် ဓားဘုရင်ယွမ်ထျန်းတို့ တိုက်ခိုက်နေသောပုံရိပ်သည် သူ့စိတ်ထဲတွင် ထပ်တူကျသွားသည်။
ဓားတာအို၊ ဓားလမ်းစဉ်တွင် တူညီသောပန်းတိုင်တစ်ခု ရှိသည်။
သူသည် နှလုံးသားထဲတွင်ရှိသောဓားနှင့်အတူ ရှေ့သို့ ထိုးနှက်လိုက်၏။
‘ငါ့လက်ထဲမှာ ဓားတစ်လက်ရှိတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ’
ဝုန်း...
ဓားဆန္ဒသုံးခုပေါ်ထွက်လာသည်။
ဟန်မူယဲ့၏ ဒန်ထျန်ထဲမှာစုစည်းနေသော ဓားဆန္ဒသုံးခုဖြစ်သည်။
ယခင်ကြိုးစားအားထုတ်မှုများအားလုံးက ဤနေရာ၌ ရှိနေသည်။
“ဓားဆန္ဒသုံးခု”
“အင်မော်တယ်ဟန်က ဓားဆန္ဒသုံးခုကို စုစည်းထားနိုင်တယ်။ မျိုးဆက်သစ်ထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ မရှိဘူး”
ခမ်းနားလှသော ဟန်မူယဲ့၏ဓားအလင်းသုံးခုကိုကြည့်လိုက်ပြီး လူတိုင်း၏မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် လေးစားမှုများ ဖြစ်ပေါ်လာသည်။
“အင်မော်တယ်ဟန် ထွက်သွားသင့်တယ် ....”
တစ်ယောက်ယောက်က တီးတိုးပြောသည်။
ဟန်မူယဲ့တွင် ဓားဆန္ဒသုံးခု ရှိနေပြီး လူငယ်မျိုးဆက်၏ နံပတ်တစ်ကျွမ်းကျင်သူဖြစ်သည်။
သူ ဤနေရာတွင် ဆက်ရှိနေလျှင် သေသွားနိုင်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်က အင်မော်တယ်ဟန်၊ ငါ မိုစန်းယွဲ့က ဒီနေ့မှာ ရှင်သန်နိုင်ခဲ့ရင် အသက်စွန့်ပြီး မင်းကိုပေးဆပ်မယ်”
လူတစ်ယောက်က ရှေ့တက်သွားသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တင်းကျပ်စွာ လက်သီးဆုပ်ထားသည်။
သေဆုံးခြင်းကို ဆန့်ကျင်ပြီး ရင်ဆိုင်နိုင်သောလူ အများအပြားမရှိပေ။
“အရင်တုန်းက တိမ်မြုံကမ်းပါးတိုက်ပွဲမှာ အင်မော်တယ်ဟန်က တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဆန့်ကျင်နိုင်ခဲ့တယ်”
“ဒီနေ့မှာ အင်မော်တယ်ဟန်က ကောင်းကင်မိစ္ဆာကို ကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်နေတယ်”
“အင်မော်တယ်ဟန်က အစစ်အမှန် ဓားကျင့်ကြံသူပဲ”
လူတစ်ယောက်က လေးနက်စွာပြောသည်။
သူက ရှေ့တက်သွားသောဟန်မူယဲ့ကိုကြည့်ပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။
“တာအိုရောင်းရင်းတို့ ဒီနေ့မှာ အင်မော်တယ်ဟန်က မိစ္ဆာကို ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ သူတိုက်ခိုက်ပြီးသွားရင်တော့ ဒီနေရာကနေ သူထွက်သွားနိုင်အောင် ငါတို့ကူညီရမယ်။ ဘယ်လိုလဲ”
“ငါတို့ကျင့်ကြံသူတွေ လိုချင်တာက လွတ်လပ်ခြင်းပဲမဟုတ်လား”
“ငါ လျှိုရှန့်ယုက ဝိညာဉ်နိုးထခြင်းကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး အင်မော်တယ်ဟန်ထွက်သွားနိုင်အောင် ကူညီမယ်။ ငါနဲ့အတူ ပူးပေါင်းချင်တဲ့လူတွေ ရှိလား”
‘သူက အင်မော်တယ်ဟန်ထွက်သွားနိုင်အောင် ဝိညာဉ်နိုးထခြင်းကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မှာတဲ့လား’
“ကောင်းပြီ”
သိပ်မဝေးသောနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် ဝမ်ယွဲ့က သူမ၏မျက်လုံးများကို တည်ငြိမ်စွာဖွင့်လိုက်သည်။
“ဟားဟား… ငါကြိုးစားကြည့်လို့ရပါတယ်”
ရွှေအမြုတေပဥ္စမအဆင့် လူအိုကြီးတစ်ယောက်က ရယ်လိုက်သည်။
“ယောင်္ကျား၊ ကျွန်မ ရှင်နဲ့ပဲနေမယ်”
နတ်မိမယ်ပီအိုနေးက ခေါင်းဆောင်မူ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
“သူထွက်သွားနိုင်အောင် ကူညီပေးမယ်”
ခေါင်းဆောင်တောက်ရင်က မရေမတွက်နိုင်လောက်သော မိစ္ဆာဝိညာဉ်များကို လှည့်ကြည့်သည်။
ဟန်မူယဲ့က လက်နောက်ပစ်ထားပြီး အင်မော်တယ်တစ်ဦးသဖွယ် ရှေ့ဆက်လျှောက်နေသည်။
“ကောင်းပြီ”
သူက တီးတိုးပြောသည်။
နွေဦးလရောင်အောက်မှာ ပန်းများပွင့်လာသကဲ့သို့ နတ်မိမယ်ပီအိုနေးက တခစ်ခစ်ရယ်သည်။
ဟန်မူယဲ့က ရှေ့ဆက်သွားနေသည်။ သူ့ရှေ့မှာ အနက်ရောင်ဓားပုံရိပ်တစ်ခုသည် ဖျတ်ခနဲလှုပ်ရှားသွား၏။
ဓားဆန္ဒသုံးခုသည် အနက်ရောင်ဓားထဲသို့ တိုးဝင်သွားပြီး အေးစက်သောအရှိန်အဝါကို ဖြစ်ပေါ်စေ၏။
“ဒါက မလုံလောက်သေးဘူး ကောင်လေး။ ဓားဆန္ဒသုံးခုက ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာကို မတားနိုင်ဘူး”
“ငါ့ဝိညာဉ်ကို ဖောက်ခွဲလိုက်ရင်တောင် တားနိုင်မှာမဟုတ်ဘူး”
ဓားထဲမှ တာအိုဆရာတယန်၏ စိုးရိမ်နေသောအသံ ထွက်လာသည်။
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာကို ကြည့်သည်။ သူ့အကြည့်က ပုံရိပ်ယောင်ဆန်သော မိစ္ဆာဝိညာဉ်များကို ဖြတ်သန်းသွားပြီး အရိုးစုဆီသို့ ရောက်သွားသည်။
‘ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေးနဲ့ မိစ္ဆာဝိညာဉ်တွေကို မတားဆီးနိုင်ဘူးလား’ သူတွေးသည်။
ယနေ့တွင် သူက ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာကို တားဆီးရန်အတွက်တစ်ခုတည်းဖြင့် ရှေ့တက်လာခြင်း မဟုတ်ပေ။
သူက ဓားကို နောင်တမရှိဘဲ ဆွဲထုတ်လိုသည်။
“ဓားဆန္ဒမလုံလောက်ဘူးလား”
“ကျုပ်မှာ ရှိသေးတယ်”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ချီပင်လယ်ထဲတွင် ဓားဆန္ဒများ လှုပ်ရှားလာသည်။
ဓားအလင်းတစ်ခု ပေါ်လာသည်။
နောက်ထပ်ဓားဆန္ဒတစ်ခုသည် လေထုထဲမှာ တောက်ပနေ၏။
ထို့နောက် နောက်တစ်ခု…
နောက်တစ်ခု…
နောက်တစ်ခု…
ထိုအချိန်တွင် တစ်လောကလုံး၌ ဓားအလင်းများသာ ရှိနေသည်။
ဓားအလင်းများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဓားဆန္ဒ၂၃ခုကို အရောင်ခုနစ်မျိုးအဖြစ် ပိုင်းခြားထားသည်။ မရေမတွက်နိုင်အောင် များပြားသောဓားချီများသည် မိုးနှင့်လေသဖွယ် ပြန့်ကျဲနေကြသည်။
အလင်းတိုင်နှင့်တူသော အနီရောင်၊ အပြာရောင် ဓားအလင်းနှစ်ခုက လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။
“ရူးနေတာပဲ ....”
တာအိုဆရာတယန်၏အသံထဲတွင် ကြောက်ရွံ့မှုတချို့ပါနေသည်။
“မင်းက ဓားဆန္ဒဘယ်နှခုကို သန့်စင်ခဲ့တာလဲ”
“မဟုတ်ဘူး။ ဓားမာန်ဟုန်နှစ်ခု ထပ်ရှိသေးတယ်။ အားလုံးပေါင်း ဓားမာန်ဟုန်သုံးခု၊ မင်းရဲ့သက်တမ်းနဲ့ ခန္ဓာကိုယ်က သူတို့ကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်တာလဲ ....”
တာအိုဆရာတယန်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ဓားအလင်းများကိုကြည့်သည်။
ဓားအလင်းတချို့သည် သူ့ချီပင်လယ်ထဲမှာ လပေါင်းများစွာကြာအောင် ရှိနေသည်။
တချို့ဓားအလင်းများကို သူစတင်ကျင့်ကြံခဲ့သောအချိန်တွင် စုပ်ယူထားခြင်း ဖြစ်သည်။
ထိုဓားဆန္ဒများသည် ဓားစံအိမ်ဒုတိယထပ်ရှိ အကြီးအကဲများ၏ဓားဆီမှ ရောက်လာခြင်းဖြစ်သည်။
ချီပင်လယ်ထဲတွင် ရှိနေသော ထိုဓားဆန္ဒများကြောင့် ဟန်မူယဲ့က စိတ်သက်သာရာရသည်။
သူက သက်တမ်းအဆုံးသို့ရောက်နေလျှင်ပင် ဓားဆန္ဒများကို ပျောက်ကွယ်သွားစေမည် မဟုတ်ပေ။
သူက မီးကဲ့သို့နီရဲနေသော ဓားမာန်ဟုန်ကိုကြည့်သည်။
ထိုအရာက ခေါင်းဆောင်တောက်ရင်စုစည်းထားသော ဓားဆန္ဒဖြစ်သည်။ ထို့နောက် သူက ဆက်တိုက်ပျိုးထောင်ပြီး ဓားမာန်ဟုန်အဖြစ် ပြောင်းလဲစေခဲ့သည်။
သူက ဖြည်းဖြည်းချင်းပျိုးထောင်ပေးလျှင် ထိုဓားမာန်ဟုန်သည် နှစ်တစ်ရာအတွင်း၌ သူ့အပိုင်ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင်တော့ သူ့ချီပင်လယ်က ဟာလာဟင်းလင်းဖြစ်သွားလေပြီ။
“အင်မော်တယ်ဟန်”
ကောင်းကင်ထက်မှာပြည့်နေသော ဓားအလင်းများကိုကြည့်လိုက်ပြီး လူတစ်ယောက်က ကြောင်အစွာ ရေရွတ်လိုက်သည်။
‘ဓားတာအို၊ ဓားလမ်းစဉ်ရဲ့ ဓားအင်မော်တယ်က ဘာလဲ’
ထိုနာမည်နှင့်ပတ်သတ်ပြီး မှားယွင်းနေသောအရာ မရှိပေ။
သူသည် ဓားဆန္ဒနှစ်ဆယ်ကျော်နှင့် ဓားမာန်ဟုန် နှစ်ခုကို ပျိုးထောင်ခဲ့သည်။
ထိုသို့သော ဓားကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည်ပင် အကူအညီမဲ့သွားပေလိမ့်မည်။
“သူက အရမ်းသန်မာတာပဲ”
ဟန်မူယဲ့ကို စိန်ခေါ်ခဲ့ကြသော ဓားတာအို၏လက်ရွေးစင်လူငယ်များက ရင်တုန်သွားကြသည်။
“အဲဒီတော့ မင်းက ဒီအဆင့်အထိ သန်မာနေပြီပေါ့”
အနက်ရောင်ဝတ်စုံနဲ့လူငယ်တစ်ယောက်က တီးတိုးပြောလိုက်ပြီး ခေါင်းငုံ့ထားသည်။
များပြားလှသော ဓားဆန္ဒများနှင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူအား ယှဉ်ပြိုင်နိုင်သော ဓားမာန်ဟုန်နှစ်ခုကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့ကို အနိုင်ယူနိုင်သောလူ သိပ်မရှိတော့ပါ။
သူသည် တိမ်မြုံကမ်းပါးတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူအား တိုက်ခိုက်ရဲသည့်အတွက် အံ့အားသင့်နေစရာမလိုတော့ပေ။
“အကြီးအကဲကျိုး၊ အင်မော်တယ်ဟန်ကို ကူညီနိုင်မလား”
ထန်ယွမ်ဟောင်က တီးတိုးပြောသည်။