← Chapters

ရှန်ကလန်

Vol. 13 Ch. 176

ရှန်ကလန်

Vol. 13 Ch. 176

ကောင်းကလန် ၊ ယန်ကလန်နဲ့ ရှန်းတုကလန်သားတွေက စိတ်ဓာတ် အကြီးအကျယ် ကျနေတဲ့ အချိန်မှာတော့ လီကလန်သားတွေက မော်တပြုံးပြုံးနဲ့ ယုံဝူမြို့ထဲမှာ လမ်းသလား နေကျပါတယ်။

အခုလက်ရှိ အချိန်မှာတော့ သူတို့ရဲ့ ခေါင်းဆောင် သခင်လေးက မိုးပြာရောင် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်လေ။ ဘယ်သူက လီကလန်ကို မလေးမစား လုပ်ရဲမည်နည်း။ ဘယ်သူက သူတို့နဲ့ ထိပ်တိုက် တွေ့ရဲမည်နည်း။

လီကလန်သားတွေက ယုံဝူးမြို့ အနှံ့ကို လျှောက်သွားပြီး ကလန်သုံးခုက လူတွေကိုများ တွေ့လိုတွေ့ငြား ဆိုပြီး ပတ်ရှာ နေကြပါတယ်။ လီကလန်သားတွေက နှစ်ပေါင်းများစွာ ပေအဖြစ်နဲ့ ငြိမ်ခံနေခဲ့ပြီးပါပြီ။

အခုကတော့ တူဖြစ်တဲ့ အလှည့်ပါပဲ။ လီကလန်သား တချို့ဆိုရင် ကောင်းကလန်ရဲ့ အရှေ့ကို သွားပြီး စိန်ခေါ်နေသည့် အထိပါပဲ။ မအေ၊နှမ ကိုင်တုတ်ပြီး ဆဲသော်လည်း ကောင်းကလန် ကတော့ တုတ်တုတ်မျှကို မလှုပ်ပါဘူး။

****

အရင် အချိန်တွေတုန်း ကတော့ လီကလန်ဟာ ယုံဝူးမြို့ရဲ့ ကလန်ကြီး လေးခုထဲက တစ်ခု အပါအဝင် ဆိုတဲ့ နာမည်သာ ရှိခဲ့ပြီး ရပိုင်ခွင့်က မယ်မယ်ရရကို မရှိခဲ့ပါဘူးလေ။

ယုံဝူးမြို့က မြို့ငယ်လေး တစ်ခု ဖြစ်သည့် အတွက် လူဦးရေ ၂သိန်းလောက်ပဲ ရှိတာပါ။ မြို့ပတ်ပတ်လည် ဒေသတစ်လုံး ပေါင်းရင်တောင်မှ လူဦးရေ ၁သန်းထက် ပိုစရာ မရှိပါဘူး။

နှစ်စဉ်နှစ်တိုင်းမှာ ကလန်၃ခုက ရွှေပြား တစ်သန်းကျော်လာက်ကို ဝေပုံကျ ရပါတယ်။ ယန်ကလန်က ရလာသမျှ ရွှေပြားတွေထဲက ၅သိန်း လောက်ကို ခွဲယူပါတယ်။ ကောင်းကလန်က ရွှေပြား ၄သိန်းလောက်ကို ယူပါတယ်။

လီကလန်ကတော့ အားအနည်းဆုံး ဖြစ်သည့် အတွက် ရွှေပြား ၂သိန်းအောက် လောက်သာ ဝေစုရတယ်လေ။ အခုလို ခြားနားရတဲ့ အကြောင်းက ယန်ကလန်နဲ့ ကောင်းကလန်ရဲ့ စီပွားရေး ပူးပေါင်းမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ ရှန်းတုကလန်ကလည်း သူတို့ ကလန်၂ခုရဲ့ အနောက်ကနေ ကျောထောက် နောက်ခံ ပြုထားသေးတယ်လေ။

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ဆိုရင် လီကလန်က ယုံဝူးမြို့ တစ်ခုလုံးမှာ ဈေးဆိုင်းပေါင်း ၈၀မျှ ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ဈေးဆိုင်ပေါင်း ၃၀မျှသာ ကျန်ပါတော့တယ်။

ရှန်းတုကလန်ကတော့ မြို့စားမင်းရဲ့ ကလန် ဖြစ်တဲ့ အတွက် ဂိုဏ်းစည်းကမ်း အရ မြို့ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ပါခွင့် မရှိပါဘူး။ ဒါပေမဲ့ သူတို့က လီကလန်ကို ကွက်ပြီး အခွန်အတုပ်တွေ တိုးကောက်ကာ ပညာပြပါတယ်။

အခုတော့ လီကလန်မှာ လီဖူချန်း ရှိလာပါပြီ။ လီကလန်က မကြာခင်မှာပဲ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ပြန်ယူပါတော့မယ်။

***

ချွမ်စင်းမြို့ရဲ့ မြို့စားဂေဟာထဲမှာတော့ ... …

"ဦးလေး ... အဲသည် လီဖူချန်းဆိုတဲ့ ကောင်က အရမ်းကို မောက်မာတာပဲ။ သမီးအတွက် လက်တုံ့ ပြန်ပေးပါနော်”

ရှန်ကျားဟူက မျက်ရည်လေး စမ်းတမ်း စမ်းတမ်းဖြင့် သူမရဲ့ ဦးလေး ဖြစ်သူ ချွမ်စင်းမြို့စား ရှန်တိုင်းချောင်ကို အသနား ခံနေပါတယ်။

ရှန်တိုင်းချောင်က အတန်ကြာ စဉ်းစားပြီး နောက်မှာတော့ ဖြည်းညင်းစွာဖြင့်

“မနက်ဖြန်ကျရင် လီဖူချန်းကို တောင်းပန်ဖို့ ယုံဝူးမြို့ကို သွားကျတာပေါ့”

“ဟေး … ဒါမှ တို့ဦးလေးကွ”

ရှန်ကျားယုက ဝမ်းသာအားရ ခုန်ပေါက်နေပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမက တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရတယ်လေ။ ဟင် ... နေပါဦး။ ဦးလေးက သွားဆုံးမကြမယ်လို့ မပြောပဲ သွားတောင်းပန် ကျမယ်လို့ ပြောလိုက်တာလား။

ရှန်ကျားယုက သူမကိုယ်သူမ နားကြား မှားနေတာလား လို့တောင် ထင်မှတ်သွားမိပါတယ်။ ဒါပေမဲ့ လီယွန်ဟီကတော့ သေသေချာချာကြီးကို ကြားလိုက် ရတယ်လေ။ လီယွန်ဟီက ရှန်ကျားယုရဲ့ အပြန်လမ်းမှာ ပြဿနာ တစ်စုံတစ်ခု တက်မှာ စိုးတဲ့ အတွက် အစောင့် နှစ်ယောက်ကို ခေါ်ယူပြီး လိုက်လာခဲ့တာပါ။

“ဦးလေး … သွားတောင်းပန်မယ်လို့ ပြောလိုက်တာလား။ သမီးများ နားကြား မှားသွားတာလား "

ရှန်ကျားယုက မယုံနိုင်သည့် ပုံဖြင့် သူမရဲ့ ဦးလေးဖြစ်သူ ရှန်တိုင်းချောင်ကို ပြန်မေးလိုက်ပါတယ်။ ရှန်တိုင်းချောင်က လေသံ ခပ်အေးအေးဖြင့်

“နားကြား မမှားဘူး သမီး”

ရှန်ကျားယုက လုံးဝကို ဒီဆုံးဖြတ်ချက်ကို လက်မခံ နိုင်ပါဘူး။

“ဘာဖြစ်လို့လဲ … ဦးလေး…။ ဘယ်တုန်းက သမီးတို့ ရှန်ကလန်က တိုက်ရိုက်တပည့် တစ်ယောက်ကို ကြောက်သွားခဲ့တာလဲ။ ဝမ်းကွဲ အစ်ကိုကလည်း တိုက်ရိုက်တပည့် တစ်ယောက်ပဲလေ။ ပြီးတော့ သူက တိုက်ရိုက်တပည့် ဖြစ်နေတာ နှစ်အနည်းငယ်လောက် ရှိနေပြီပဲ”

"ကျားယု … မင်းသိထားတာတွေက အရမ်း နည်းနေသေးတယ်"

စကားသံနဲ့အတူ လူငယ် တစ်ယောက်က ခန်းမဆောင်ရဲ့ အပြင်ဘက်ကနေ လှမ်းဝင် လာခဲ့ပါတယ်။ ရှန်ကျားယုနဲ့ လီယွန်ဟီက လှည့်ပြီး ကြည့်လိုက် မိတဲ့ အခါမှာတော့ အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ကို မြင်လိုက် ရပါတယ်။

ရှန်ကျားယုက “အစ်ကို ထန်ကျင်း … ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ "

ထိုလူငယ်ကတော့ ရှန်ကလန်ရဲ့ ပါရမီရှင် ဖြစ်တဲ့အပြင် တစ်ဦးတည်းသော တိုက်ရိုက် တပည့်လည်း ဖြစ်တဲ့ ရှန်ထန်ကျင်း ပါပဲ။

“ငါပြန်ရောက်လာလို့ တော်သေးတာပေါ့။ မင်းက ရှန်ကလန် တစ်ခုလုံးကို မြောင်းထဲ ဆွဲချမလို့ လုပ်နေတာပဲ။ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေကို ၂မျိုး ၂စား ခွဲထားတယ် ဆိုတာကို နင်လည်း သိတာပဲ မယုတ်လား။ ငါက ငွေအဆင့် တိုက်ရိုက် တပည့်ပဲ ရှိသေးတယ်ဟ။ အေး နင်ပြဿနာ ရှာခဲ့တဲ့ လီဖူချန်းက ရွှေအဆင့် တပည့်ဖြစ်နေပြီ။ မိုးပြာရောင် ဂိုဏ်းတစ်ခုလုံးမှာတောင် ရွှေအဆင့် တိုက်ရိုက် တပည့်တွေက ၃၁ယောက်ပဲ ရှိတာ ။ နင်ရှာခဲ့တဲ့ ပြဿနာက ဘယ်လောက်ကြီး သလဲဆိုတာ နားလည်ပြီလား…"

ရှန်ထန်ကျင်းက ရှန်ကျားယုကို ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်ပါတယ်။

“ရွှေအဆင့် တိုက်ရိုက်တပည့်လား”

ရှန်ကျားယုက မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ပါပြီ။

“ရွှေအဆင့် တိုက်ရိုက် တပည့်တွေက သာမန်မြို့စား တစ်ယောက်ကိုတောင် ရာထူးကနေ ဖြုတ်ချနိုင်တဲ့ အခွင့်အာဏာ ရှိတယ်။ ဒါပေမဲ့ ငွေအဆင့် တိုက်ရိုက် တပည့်တွေက အဲဒီလို အာဏာမျိုး မရှိဘူး။ ငါတို့ ရှန်ကလန် မပြောနဲ့ အဓိက မြို့ကြီးတွေရဲ့ မြို့စားမင်းတွေတောင်မှ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကို ရန်မစရဲဘူး။ နင်ကတော့ အတော်လေးကို သတ္တိရှိရှိနဲ့ ရွှေအဆင့် တပည့် တစ်ယောက်ကို ရန်ရှာခဲ့တာပဲ"

“မြို့စား တစ်ယောက်ကိုတောင် ဖြုတ်ချနိုင်တယ်”

ရှန်ကျားယုနဲ့ လီယွန်ဟီတို့က အသက်ကို ဘယ်နားကနေ ရှူရမလဲ ဆိုတာကိုတောင် မေ့သွားတဲ့ အထိပါပဲ။

ရွှေအဆင့် တိုက်ရိုက် တပည့်တွေက သည်လောက်ကြီး အထိ တန်ခိုး ထွားတာလား။ သူတို့က မြို့စားတွေကိုတောင် ရာထူးကနေ ဖြုတ်ချနိုင်တယ်။ ရှန်ထန်ကျင်းက သူ့ရဲ့ စကားကို ဆက်ပါတယ်။

“လီဖူချန်းက ရွှေအဆင့် တိုက်ရိုက် တပည့် မဟုတ်ပဲ ငွေအဆင့် တိုက်ရိုက် တပည့် ဆိုရင်တောင် ငါတို့က သူနဲ့ ပြဿနာ တက်လို့ မဖြစ်သေးဘူး။ အသက်၁၉နှစ်နဲ့ အတွင်းစည်း တပည့် ဖြစ်တဲ့ တိုက်ရိုက် တပည့်ဆိုတာ ငါ့ထက် အဆင့်အတန်း မြင့်တယ်။ နင်က ငါတို့ ရှန်ကလန်ကို ဘာထင်နေတာလဲ။ နင်လုပ်တဲ့ အမှား တစ်ခုကြောင့် ငါတို့ တစ်ကလန်လုံး ကပ်ဆိုက် သွားနိုင်တယ်နော်”

"ဒါဆို ညီမတို့ ဘာလုပ်ကျမလဲ “ရှန်ကျားယုက မျက်နှာငယ်လေးဖြင့် ဖြစ်နေပါပြီ။

သူမက မာနကြီးပြီး မောက်မာတဲ့သူ ဖြစ်ပေမဲ့ အခြေအနေကို နားမလည်တတ်တဲ့ နလဗိန်းတုံး မဟုတ်ပါဘူး။ ရှန်ကလန်သာ ဒုက္ခရောက်သွားမယ် ဆိုရင် သူမ အခုလို မော်ကြွား နေနိုင်မှာ မဟုတ်တော့ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။

“သွားတောင်းပန်ရမယ် … ငါတို့ သေသေချာချာလေးကို သွားတောင်းပန်မှ ဖြစ်မယ်။ ပြီးတော့ ချွမ်စင်းမြို့ထဲမှာ လီကလန်ရဲ့ ဆိုင်တွေကိုပါ ဖွင့်ခွင့် ပေးလိုက်မှ ဖြစ်မယ်”

ရှန်ထန်ကျင်းက လီဖူချန်းနဲ့ လုံးဝကို ပြဿနာ မဖြစ်ချင်ပါဘူး။ သူက မကြာခင် ရက်ပိုင်းကမှ မိုးပြာရောင် ဂိုဏ်းကနေ ပြန်လာခဲ့သူ ဖြစ်တဲ့ အတွက် လီဖူချန်း တစ်ယောက် ဘယ်လောက် လက်သံပြောင်ပြီး အစွမ်းထက်သလဲ ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ်။

လီဖူချန်းက သာမန် အရိုး တည်ဆောက်ပုံနဲ့ လူဆိုတာကို သိပေမဲ့လည်း သူ့ရဲ့ လက်ရှိ စွမ်းဆောင် ပြထားတဲ့ အရည်အချင်းတွေ အရ ဆိုရင်တော့ လုံးဝကို ရန်စလို့ မဖြစ်တဲ့ သူပါပဲ။

ရှန်ထန်ကျင်းက ကျားအသည်း စားထားရင်တောင် မလုပ်ရဲပါဘူး။ ရှန်တိုင်ချောင်းကလည်း ခေါင်းညိတ်လိုက်ပြီး

“ထန်ကျင်းပြောတာ မှန်တယ်။ ငါတို့က လီဖူချန်းကို တောင်းပန်ရုံနဲ့ မလုံလောက်သေးဘူး။ ငါတို့က သူတို့ရဲ့ စီးပွားရေး ကိစ္စတွေကိုပါ ကူညီပေးရမယ်”

“ဦးလေး … ဝမ်းကွဲ အစ်ကို ... သမီး မှားသွားပါတယ်”

ရှန်ကျန်းယုက အတော်လေးကို ကြောက်ရွံ့နေပါပြီ။ သူမ ကြောက်တာကတော့ လီဖူချန်း တစ်ယောက် သူမနဲ့ ရှန်ကလန်ကို အငြိုးထားနေ မှာကိုပါပဲ။

ရှန်ထန်ကျင်း ရယ်မောလိုက်ပြီး

“ကျားယု … အဲသည်လောက်ကြီးလည်း စိုးရိမ် မနေပါနဲ့။ ဒါက ငါတို့ ရှန်ကလန် အတွက် ပြဿနာကြီး တစ်ရပ် ဖြစ်ပေမဲ့ အခွင့်အလမ်းကောင်း တစ်ခုလည်း ဖြစ်လာနိုင်တာပါပဲ။ တကယ်လို့သာ လီဖူချန်းက အငြိုး မထားတတ်တဲ့ လူတစ်ယောက် ဆိုရင် ဒီအဖြစ်အပျက်ကနေ လီကလန်နဲ့ ရင်းနှီးမှု တည်ဆောက်လို့ ရတယ်လေ။ အဲဒါဆိုရင် ငါတို့ ရှန်ကလန်က ပိုပြီးတော့တောင် တန်ခိုး ထွားလာဦးမှာပဲ။ ငါတို့က ဒီအခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချရမယ်”

ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက်နဲ့ ရင်းနှီးနေတယ် ဆိုတဲ့ အချက်ကြီးက အနာဂတ်မှာ ကောင်းကောင်းကြီး အသုံးဝင်မဲ့ အရာတစ်ခုပင် မဟုတ်ပါလား။

“မင်းရဲ့ ဝမ်းကွဲအစ်ကို ပြောတာ မှန်တယ်။ ငါတို့က ဒီအဖြစ်အပျက်ကနေ ကောင်းကောင်းကြီး အခွင့်အရေး ယူလို့ ရတယ်”

ရှန်တိုင်းချောင်က အတွေ့အကြုံ ရင့်ကျက်နေတဲ့ လူကြီး တစ်ယောက် ဖြစ်တဲ့ အတွက် အခွင့်အရေးတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာ ကောင်းကောင်းကြီး သိထားတယ်လေ။

ဒါကြာင့်လည်း သူက ရှန်ကျားယုကို အပြစ် ကြီးကြီးမားမား မပေးခဲ့တာပါ။

ရှန်ကျားယုကတော့ အမြင်တွေ ကျယ်သွားခဲ့ပါပြီ။ လောကကြီးက ဘယ်လောက်အထိ ကျယ်ပြန့်သလဲ ဆိုတာကိုလည်း နားလည်သွားခဲ့ သလိုပါပဲ။ သူမက ရှန်ကလန်ရဲ့ အရိပ်အောက်မှာ နေပြီး လောကကြီးကို ဘောင်ခတ် ကြည့်နေတဲ့ ကောင်မလေး တစ်ယောက် သာသာပဲ ရှိပါသေးတယ်လေ။

****

လီကလန်

အခု နောက်ပိုင်း မှာတော့ လီဂေဟာ တစ်ခုလုံးက လာရောက် လည်ပတ်တဲ့ လူတွေနဲ့ စည်ကားလို့ နေပါတယ်။ ယုံဝူးမြို့ရဲ့ ရေပေါ်ဆီ အသိုင်းအဝိုင်းက လူတွေကလည်း လီကလန်ကို အကြောင်း အမျိုးမျိုး ပြပြီး နေ့စဉ် လာရောက် ဂုဏ်ပြု နေကျတယ်လေ။

အနီးအနား ဒေသက လူတွေကလည်း လက်ဆောင်ပဏ္ဍာတွေ ယူလာပြီး လီကလန်ကို လာရောက် နေကျပါတယ်။ သူတို့ကို လီကလန်က မှတ်မိမှာ မဟုတ်ဘူး ဆိုတာကို သိပေမဲ့လည်း သူတို့က လီကလန်ကို လာရောက် ဂုဏ်ပြုနေကျ တုန်းပါပဲ။

“ရှန်းဟန် … ဒီရက်တွေမှာ လာလည်တဲ့ ဧည့်သည်တွေကလည်း အရမ်းကို များလိုက်တာနော်”

ရှန်းယုရန်က ပင်ပန်းသည့် ဟန်ဖြင့် သူ၏ ခင်ပွန်း ဖြစ်သူကို ပြောလိုက်ပါတယ်။ သူမရဲ့ မျက်လုံးထဲမှာတော့ ဂုဏ်ယူနေသည့် အရိပ်အယောင်တွေက အထင်းသား ဖြစ်နေတယ်လေ။

သူမရဲ့ သားက သူမကို ဂုဏ်ယူစေခဲ့ပါပြီ။ အခုလို အရှိန်အဝါ ကြီးမား လာတာကို မပျော်ဘူး ဆိုလို့ကတော့ ဒါက လိမ်နေတာပါပဲ။

လီရှန်းဟန်က “ဒါက လောကကြီးမှာ ဖြစ်နေကျ သဘောတရား တွေပါပဲ ရှင်မ ရာ။ မင်းမှာသာ လုံလောက်တဲ့ အစွမ်းတွေ ရှိလာမယ် ဆိုရင် လူတွေက ဝိုင်းပြီး မြှောက်ပင့် ကျမှာပဲလေ။ ဒါကို ဘယ်သူမှ ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့ လုပ်နိုင်တာ ကတော့ သူတို့ ပေးတဲ့ လက်ဆောင်တွေကို လက်ခံ ထားရုံပဲ ရှိတယ်။ သူတို့ပေးတဲ့ လင်ဆောင်တွေကို လက်ခံတာက ဘာမှ အကျိုးယုတ်စရာ မရှိပါဘူးလေ”

လီကလန်ရဲ့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်လာတဲ့ လီရှန်းဟန်က ဒီလို အဖြစ်မျိုး ကိုတေ့ာ ကောင်းကောင်းကြီး နားလည်ထားပါတယ်။ ဒါက လောကရဲ့ နိယာမ တရား တစ်ခုပင် မဟုတ်ပါလော။

“ကျွန်မ နားလည်ပါတယ် ယောကျာ်းရယ် "

ရှန်းယုရန်ကလည်း ခေါင်းညိတ် လိုက်ပါတယ်။ သူမကလည်း ဒီနိယာမ တရားကို မသိပဲ ဘယ်နေပါ့ မလဲလေ။

“ခေါင်းဆောင်ကြီး ခင်ဗျား … … ချွမ်စင်းမြို့ရဲ့ မြို့စားမင်း ရှန်တိုင်းချောင်က တွေ့ခွင့်ရဖို့ အတွက် ခွင့်တောင်း နေပါတယ်”

လီကလန်ရဲ့ အစောင့်တစ်ယောက်က ပင်မခန်းဆောင်ထဲကို ဝင်လာပြီး အစီရင် ခံလိုက်ပါတယ်။

“ရှန်တိုင်းချောင်”

လီရှန်းဟန်နဲ့ ရှန်းယုရန်တို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ ပါပြီ။

ရှန်တိုင်းချောင် ဆိုတာက သူတို့ထက် အများကြီး အဆင့်မြင့်တဲ့ သူတစ်ယောက်ပင် မဟုတ်ပါလား။ ရှန်းတုကလန်က ရှန်းတုကျန်းဟီ ကိုတောင် ရှန်တိုင်းချောင်က မျက်လုံးထဲ ထည့်တာ မဟုတ်ဘူးလေ။

အဲဒီလို ကြီးမြတ်တဲ့ လူတစ်ယောက်က လီကလန်ကို လာပြီး တွေ့ခွင့် တောင်းမယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးပါဘူး။

“သူ့ကို သွားပြီး ကြိုကျရအောင်” ရှန်းယုရန်က လီရှန်းဟန်ကို တိုင်ပင်လိုက်ပါတယ်။

“သွားကျတာပေါ့ “လီရှန်းဟန်ကလည်း တစ်ဖက်လူရဲ့ အဆင့်အတန်းကို ကောင်းကောင်းကြီး သိထားတဲ့ အတွက် သဘောတူလိုက်ပါတယ်။

သူတို့က ဘဝတွေ မြင့်ပြီး ဘဝကို မေ့တတ်တဲ့ သူတွေထဲမှာ မပါပါဘူးလေ။ သူတို့ရဲ့ အခုလက်ရှိ အခြေအနေတွေက သူတို့ရဲ့ ဦးနှောက်တွေကိုတော့ အမိုက်မှောင် ဖုံးမသွားစေပါဘူး။ ခန်းမဆောင်ရဲ့ အပြင်ဘက်မှာတော့ ရှန်တိုင်းချောင် ၊ရှန်ထန်ကျင်းနဲ့ ရှန်ကျားယုတို့ အကုန်လုံးက စုံစုံညီညီ ရောက်ရှိလို့ နေပါတယ်။

လီရှန်းဟန် ကိုယ်တိုင်က လာရောက် ကြိုဆိုတာကို တွေ့လိုက်ရတဲ့ ရှန်တိုင်းချောင်က အလွန်အမင်း အားနာသည့် လေသံဖြင့်

“အား … ခေါင်းဆောင်လီ ကိုယ်တိုင် လာရောက် ကြိုဆိုနေတာပါလား။ အားနာစရာကြီးဗျာ။ ကျွန်တော်က ဒီ မသိတတ်တဲ့ တူမလေး အစား တောင်းပန်ဖို့ လာခဲ့တာပါ”

လီရှန်းဟန်က လက်ကာပြလိုက်ပြီး “မြို့စားမင်းကလည်း အားနာစရာ မလိုပါဘူးဗျာ … လာပါ … အထဲမှာ အေးအေးဆေးဆေး ပြောကျတာပေါ့”

ဘယ်လို ကိစ္စတွေပဲ ဖြစ်ဖြစ် လူကြီး လူကောင်းတွေ ဆိုတာ အထဲမှာ အေးအေးဆေးဆေး ညှိနှိုင်းလို့ ရသည် မဟုတ်ပါလား။

***

All Chapters