သာမန်လူသားဟန်မူယဲ့
Vol. 21 Ch. 284
သူက ကျိုးယွင်လုံ၏နောက်ခံကို သိထားသည်။
ကျိုးယွင်လုံက ဟန်မူယဲ့ကို ကူညီနိုင်လိမ့်မည်ဟု သူမျှော်လင့်သည်။
ကျိုးယွင်လုံက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ငါမကူညီနိုင်ဘူး”
“တာအိုဆရာအစ်ကိုကြီးက ဝင်ပါနေပြီ။ ငါသွားလိုက်ရင် ပြဿနာပဲဖြစ်လာလိမ့်မယ်”
“ပြီးတော့ ကောင်းကင်မိစ္ဆာက ငါ့ကို ဖိနှိပ်ထားတယ်။ ငါမလှုပ်နိုင်ဘူး”
ထိုသို့ပြောလိုက်ပြီး သူ့မျက်လုံးများက တောက်ပလာသည်။
“ဒါပေမဲ့ သခင်က ရှေ့တက်သွားရဲတဲ့အတွက် မိစ္ဆာကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်”
‘မိစ္ဆာကို တစ်ချက်တည်းနဲ့သတ်မှာလား’
ထန်ယွမ်ဟောင်က ခေါင်းငုံ့လိုက်ပြီး ပေတစ်သိန်းမြင့်သောအရိုးစုကို ကြည့်သည်။
သူ မတွေးရဲပေ။
“သူ ....”
မူမိသားစုခေါင်းဆောင်က ကောင်းကင်တွင် ပြည့်နေသော ဓားအလင်းများကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“သူ့က မိစ္ဆာကိုသတ်ဖို့အတွက် ဆုံးဖြတ်ထားတာလား”
ဟန်မူယဲ့ထုတ်ပြလိုက်သော ဓားတာအိုစွမ်းအားသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အသန်မာဆုံးဓားကျင့်ကြံသူများကို ယှဉ်နိုင်သည်။
ယခုအချိန်တွင် သူလှည့်ထွက်သွားလျှင် နှစ်တစ်ရာအတွင်း၌ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အသန်မာဆုံးဓားကျင့်ကြံသူက သူဖြစ်လာလိမ့်မည်။
ယနေ့တွင် သူထွက်မသွားလျှင် မိစ္ဆာကို သတ်ဖြတ်လိမ့်မည်။
သိပ်မဝေးသောနေရာတွင် ဓားရှည်တစ်လက်လွယ်ထားသော အနက်ရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်က အံတင်းတင်းကြိတ်လျက် အော်ဟစ်သည်။ “မိစ္ဆာမီးတောက်တွေက မကောင်းဆိုးဝါးဆန်နေရင်တောင် ငါမကြောက်ဘူး။ ငါ နားလည်သွားပြီ”
သူသည် ကြောက်ရွံ့မှုကင်းမဲ့နေသည်။
ဟန်မူယဲ့က သူ့ဆီသို့ပြေးဝင်လာသော မရေမတွက်နိုင်လောက်သည့် မိစ္ဆာပုံရိပ်များကိုကြည့်လိုက်ပြီး မည်သည့်အရာကိုမှ မခံစားရပေ။
သူ့အမြင်တွင် မိစ္ဆာများမရှိပေ။
သူတို့က နှစ်ပေါင်းများစွာကြာအောင် ကျွန်ပြုခံလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ်မေ့လျော့သွားသော သနားစရာကောင်းသည့် ဝိညာဉ်များဖြစ်သည်။
ထိုဝိညာဉ်များနှင့်ရင်ဆိုင်ရန် မခက်ခဲပါ။
သူ့စိတ်နယ်ပယ်ထဲတွင် လူသားလောကမန္တန်က တုန်ခါလာပြီး အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ပျောက်ကွယ်သွားသည်။
ထို့နောက် သူ့ရှေ့တွင် ပြန်ပေါ်လာပြီး ရွှေအလင်းအတားအဆီးတစ်ခု ဖြစ်သွားသည်။
ဝုန်း...
ဝိညာဉ်စားမိစ္ဆာတစ်ကောင်သည် အလင်းလွှာကို ဝင်တိုက်မိသည်။
မီးခိုးရောင်သန်းနေသောမိစ္ဆာမှာ အလင်းလွှာကို ဖြတ်သန်းလာခဲ့သည်။ မိစ္ဆာ၏ကိုယ်ပေါ်တွင်ရှိသော အနက်ရောင်အလင်းများ ပျောက်ကွယ်သွားပြီး မှိန်ဖျော့နေသော ပုံရိပ်တစ်ခုကိုသာ ချန်ထားရစ်၏။
သူသည် ဓားတစ်လက်လွယ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် ငယ်ရွယ်ပုံပေါ်သည်။
“ငါ့ဝိညာဉ်ကို ပြန်နိုးပေးတဲ့အတွက် ဟယ်မူဂိုဏ်းရဲ့ရှောက်သဲချွမ်က တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”
လူငယ်က ဟန်မူယဲ့ကိုဦးညွှတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ဒုတိယမြောက်မိစ္ဆာက အလင်းလွှာကို ဖြတ်သန်းလာပြီး အဖြူရောင်ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားသည်။
ဝံပုလွေက ဟန်မူယဲ့ကို အသံပေးလိုက်ပြီး ပျောက်ကွယ်သွားသည်။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများက အလင်းလွှာကိုဖြတ်သန်း၍ ဟန်မူယဲ့ရှေ့သို့ ရောက်လာပြီး သန့်စင်သောဝိညာဉ်များအဖြစ် ပြောင်းသွားသည်။
သမာဓိစွမ်းအားက မကောင်းဆိုးဝါးနှင့်မိစ္ဆာများကို ဖိနှိပ်သောနေရာတွင် အကောင်းဆုံးဖြစ်သည်။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများကို သမာဓိစွမ်းအားက သန့်စင်ပေးလိုက်သောကြောင့် ချက်ချင်းကြည်လင်ပြီး သန့်ရှင်းသွားသည်။
“ဆရာဦးလေး”
အောက်တွင် လူတစ်ယောက်က အော်ခေါ်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် အနက်ရောင်မုတ်ဆိတ်မွေးများရှိသော တာအိုတန်ခိုးရှင်က ဟန်မူယဲ့၏ရှေ့မှာ ဦးညွှတ်နေသောအဘိုးကြီးကိုကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
လူအိုကြီးက ပျောက်ကွယ်မသွားခင် နောက်လှည့်ပြီး တာအိုတန်ခိုးရှင်ကို ပြုံးပြသွားသည်။
“ဆရာဦးလေးက ကောင်းကင်မိစ္ဆာရဲ့ထိန်းချုပ်မှုကို ခံရပြီး ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာအဖြစ် ပြောင်းသွားတာပဲ”
တာအိုတန်ခိုးရှင်က လက်သီးဆုပ်ထားပြီး စိတ်သက်သာရာရသွားသည်။
“ဆရာ၊ ဆရာဦးလေးဘယ်ရောက်သွားလဲ သိရပြီ”
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများ၏ အငြိုးအတေးကို ဟန်မူယဲ့က ဖြေဖျောက်ပေးခဲ့သည်။ အောက်တွင်ရှိသော ပေတစ်သိန်းမြင့်သည့်အရိုးစုက ဟိန်းဟောက်လိုက်ပြီး ပြင်းထန်လှသောမိစ္ဆာအငွေ့အသက်များနှင့် ဟန်မူယဲ့ကို ဝင်တိုက်သည်။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများက သူထိန်းချုပ်ထားသော ပစ္စည်းများသာဖြစ်သည်။
ဝိညာဉ်နက်တောင်ကြားနှင့် ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများကို ကောင်းကင်မိစ္ဆာက စတေးနိုင်သည်။
သူလိုချင်သောအရာက ဟန်မူယဲ့၏ဓားဖြစ်သည်။
ထိုဓားတွင် အာကာသစွမ်းအားများရှိနေပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ချိပ်ပိတ်ထားသော အာကာသလမ်းကြောင်းကိုဖွင့်ရန်သော့ ဖြစ်သည်။
ယနေ့တွင် သူက ထိုဓားကို အရယူမည်။
ဓားကိုရသွားပြီး အာကာသလမ်းကြောင်းကိုဖွင့်နိုင်လျှင် မျိုးနွယ်တူ ကောင်းကင်မိစ္ဆာများကို အဆုံးမရှိ ဆင့်ခေါ်ရမည်။ ဤကမ္ဘာကို သူထိန်းချုပ်နိုင်ပေလိမ့်မည်။
သူက ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်ကိုပင် ဝါးမျိုနိုင်ပေလိမ့်မည်။
သူသည် ကောင်းကင်မိစ္ဆာဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ တာအိုအဆီအနှစ်ကိုဝါးမျိုနိုင်သော မိစ္ဆာကြီးဖြစ်သည်။
ပေတစ်သိန်းမြင့်သော ကောင်းကင်မိစ္ဆာက ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသောအခါတွင် ကျင့်ကြံသူများအားလုံးက လက်သီးဆုပ်ထားမိသည်။
ကောင်းကင်မိစ္ဆာက အလွန်သန်မာသည်။ သန်မာလွန်းသောကြောင့် မူမိသားစုခေါင်းဆောင်နှင့် တာအိုလက်တွဲဖော် နတ်မိမယ်ပီအိုနေးတို့သည်ပင် အကူအညီမဲ့စွာဖြင့် မလှုပ်ရှားနိုင်ပေ။
ထိုမကောင်းဆိုးဝါးမိစ္ဆာကြီးကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။
အင်မော်တယ်ဟန်က ရင်ဆိုင်နိုင်မည်လား။
“ဟန်လေး၊ အနာဂတ်မှာ ယုနျန်းကိုတွေ့ရင် တယန်က သူမစိတ်ပျက်မယ့်အရာတွေ မလုပ်ခဲ့ပါဘူးလို့ ပြောပေးပါ”
တာအိုဆရာတယန်၏အသံက ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဓားနက်လေးထဲမှ ထွက်ပေါ်လာသည်။
ထို့နောက် ဓားက တုန်ခါသွားသည်။ ပြန့်ကျဲနေသောဓားဆန္ဒနှင့် ဓားမာန်ဟုန်များက ဝဲကတော့တစ်ခုအဖြစ်ပြောင်းပြီး ဓားထဲသို့စိမ့်ဝင်သွားသည်။
ဓားက ရုတ်တရက် ပေတစ်သိန်းခန့် ရှည်လာသည်။ ဓားသွားသည် အေးစက်စွာတောက်ပနေသည်။
“ကောင်လေးဟန်၊ ဒီဓားချက်ပြီးရင် ထွက်သွားတော့”
”ကောင်းကင်မိစ္ဆာရဲ့ စွမ်အားအများစုက ဝိညာဉ်မှာရှိတယ်။ ငါက ဒီဓားချက်နဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ပေမဲ့ ဝိညာဉ်ကို ဒဏ်ရာရသွားအောင်မလုပ်နိုင်ဘူး”
တယန်က အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဓားထိပ်ဖျားကို ညွှန်ပြသည်။ ဓားက တုန်ခါလာပြီး ရှေ့သို့ ထိုးစိုက်သွားတော့မည့်ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းခါသည်။
သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်သည်။
“ဟမ် ....”
ဓားရှည်က တုန်ခါသွားသည်။
“ကောင်လေး၊ မင်းဘာလုပ်နေတာလဲ”
“ဒီဓားဆန္ဒကို ခင်ဗျားမထိန်းချုပ်နိုင်ဘူးဆိုရင် ကျွန်တော်လုပ်မယ်”
ဓားထဲတွင် တာအိုဆရာတယန်က ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
ဓားက ဒါဇင်နှင့်ချီသောဓားဆန္ဒများနှင့် ဓားမာန်ဟုန်နှစ်ခုကို စုပ်ယူထားသည်။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည်ပင် ဤဓားကို မထိန်းချုပ်နိုင်ပေ။ ဟန်မူယဲ့၏ ကျင့်ကြံဆင့်က အလွန်နိမ့်နေသေးသည်။
အကယ်၍ ဟန်မူယဲ့က ဝိညာဉ်နှင့် ဝိညာဉ်လိပ်ပြာစွမ်းအားကိုအသုံးပြု၍ ဓားကို အသက်သွင်းလိုက်လျှင် အသက်ရှူကြိမ်တစ်ထောင်အတွင်း သူ့ဝိညာဉ်က ပျက်စီးသွားပြီး ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပေမည်။
ဟန်မူယဲ့က တာအိုဆရာတယန်ကို လျစ်လျူရှုထားပြီး မျက်လုံးများကျဉ်းမြောင်းလိုက်သည်။
သူ့ခေါင်းပေါ်တွင် အစိမ်းရောင်ဓားအလင်းတစ်ခု ပေါ်လာသည်။
ဝိညာဉ်လိပ်ပြာဓား…
ဟန်မူယဲ့တွင် ဝိညာဉ်ပြာဓားရှိသည်။
အောက်တွင်ရှိနေသောကျင့်ကြံသူများက မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့တွင် များပြားလှသောဝှက်ဖဲများ ရှိနေလိမ့်မည်ဟု သူတို့ထင်မထားပေ။
ဓားဆန္ဒ…
ဓားမာန်ဟုန်…
ဝိညာဉ်လိပ်ပြာဓား…
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများကို တားဆီးခဲ့သော အလင်းလွှာလည်းရှိသေးသည်။
ထိုနည်းလမ်းတစ်ခုချင်းစီတိုင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးနိုင်သည်။
ယနေ့တွင် ကောင်းကင်မိစ္ဆာကိုတိုက်ခိုက်ရန်အတွက် ဟန်မူယဲ့က အားလုံးထုတ်သုံးခဲ့သည်။
“ဒါက တန်ရဲ့လား”
လူတစ်ယောက်က တီးတိုးပြောသည်။
ဟန်မူယဲ့၏ခေါင်းပေါ်တွင်ရှိနေသော ဝိညာဉ်လိပ်ပြားဓားက ရှေ့တွင်ရှိနေသော ဓားနှင့် ပေါင်းစပ်သွားသောမြင်ကွင်းကို မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်နေသည်။
ဝိညာဉ်လိပ်ပြာဓားကို နှစ်ပေါင်းခြောက်ဆယ် စုစည်းရသည်။
ဓားတာအိုတွင် အလွန်ပါရမီရှိပြီး နှစ်ပေါင်းခြောက်ဆယ်မလိုအပ်လျှင်ပင် ဝိညာဉ်လိပ်ပြာဓားကို အသုံးပြုလိုက်သောကြောင့် ကုန်ဆုံးသွားလျှင် နောက်တစ်ကြိမ်စုစည်းရန် အလွန်ခက်ခဲပေလိမ့်မည်။
ထိုဓားက အသက်ရှူကြိမ်တစ်ရာအတွင်း၌ ကောင်းကင်မိစ္ဆာကို ခုခံနိုင်လိမ့်မည်။
“အင်မော်တယ်ဟန်လိုချင်တာကို ငါတို့လိုသာမန်လူတွေက နားမလည်နိုင်ပါဘူး”
ဓားရှည်တစ်လက်ကိုလွယ်ထားသော လူအိုကြီးက ခါးသီးစွာပြုံးလျက် ခေါင်းငုံ့ထားသည်။
သူ့ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့်သို့ ရောက်နေပြီဖြစ်သည်။ စွန့်ပစ်မြေတိုက်ပွဲမတိုင်ခင်၌ ဟန်မူယဲ့က ကျိုးပဲ့လွယ်သည်ဟု သူပြောခဲ့သည်။
“ဒါက နှလုံးသားထဲမှာ တာအိုရှိပြီး အကြိမ်တစ်ရာရှုံးနိမ့်ရင်တောင် နောက်ဆုတ်မသွားမယ့် အစစ်အမှန်ဓားကျင့်ကြံသူမျိုးလား”
လူတစ်ယောက်က ဓားကိုဆုပ်ကိုင်ထားပြီး လေးနက်စွာပြောသည်။
သူတို့မသိပေ။
သူတို့ နားမလည်ပေ။
ယခုအချိန်တွင် သူတို့ နားလည်သွားခဲ့သည်။ ထိုအရာက ကျင့်ကြံသူကြီးတစ်ယောက်ဟု အဓိပ္ပာယ်ရသည်။
အားလုံးက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ကောင်းကင်မိစ္ဆာနှင့် ဝင်တိုက်သွားသော ဟန်မူယဲ့၏ဓားကို မြင်ခဲ့ရသည်။
“ဓားတစ်သောင်းတို့အိမ်အပြန်လို့ခေါ်တဲ့ ဓားနည်းစနစ်တစ်ခု ရှိတယ်”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ သူ့အသံကို တာအိုဆရာတယန်တင်မကဘဲ ပတ်ဝန်းကျင်တွင် ရှိနေသော လူအားလုံးကလည်း ကြားလိုက်ရသည်။
“ဒီဓားနည်းနစ်ကို ဓားဘုရင်ယွမ်ထျန်းလိုမျိုး ပြိုင်ဘက်ကင်းကျွမ်းကျင်သူက တီထွင်ခဲ့တာမဟုတ်ဘူး”
“လောကမှာ ပါရမီအနည်းငယ်ပဲရှိတဲ့ ဓားကျင့်ကြံသူတွေအားလုံး စုပေါင်းပြီး တီထွင်ထားတယ်”
“ဒီဓားချက်က ကျင့်ကြံခြင်းနဲ့ ဘာမှမဆိုင်ဘူး”
ဟန်မူယဲ့က ဓားဖြင့်ထိုးချလိုက်သကဲ့သို့ လက်ညှိုးညွှန်သည်။
ထိုအချိန်တွင် ဓားအလင်းက အလွန်တောက်ပလာသောကြောင့် လူတိုင်းက မျက်လုံးမှိတ်လိုက်ရသည်။
ဓားအလင်း၏နောက်ကွယ်တွင် ဖျတ်ခနဲလက်သွားသော ဓားအလင်းလေးခုကို မည်သူမှမမြင်လိုက်ပေ။
အနက်ရောင်ဓားက မိစ္ဆာအရိုးစု၏နဖူးကို စိုက်ချလိုက်သည်။
ဓားသွားက ယခင်ဒဏ်ရာဟောင်းကို ထိုးဖောက်၍ နဖူးထဲသို့ တိုးဝင်သွားသည်။ ထို့ကြောင့် သားရဲသည် ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ဝုန်း...
ကြယ်အမှတ်ဓားနည်းစနစ်ထက် အဆပေါင်းရာချီကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ပေါ်တွင် ရပ်တန့်ခြင်းခံထားရသောလူအားလုံးက သွေးအန်လိုက်ပြီး လွင့်စင်သွားခဲ့သည်။
တည်နေရာတစ်ခုလုံးက ချက်ချင်းပေါက်ကွဲသွားသည်။
အဆုံးမရှိသောကြယ်လေပြင်းများက စွန့်ပစ်မြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှိခဲ့သော တိတ်ဆိတ်မှုများကို သယ်ဆောင်သွားသည်။
ကမ္ဘာကြီးက ရုတ်တရက်နိုးထလာပုံပေါ်သည်။
ဝုန်း...
ပေတစ်သိန်းမြင့်သောအရိုးစုက ပြိုကွဲသွားပြီး ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေသော ကျောက်စိမ်းအရိုးဖြစ်သွားသည်။
ထိုကျောက်စိမ်းအရိုးကို ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည်ပင် ဖြည်းဖြည်းချင်း သန့်စင်ရပေမည်။
မိစ္ဆာအရိုး…
မိစ္ဆာအရိုးများ ပြန့်ကျဲသွားသောအခါတွင် စွန့်ပစ်မြေ၌ ချက်ချင်းမိုးရွာလာသည်။
အသက်စွမ်းအားက လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည်။
လေထုထဲမှာရပ်နေသော ဟန်မူယဲ့က ပြုံးလိုက်သည်။ သူက မိုးစက်များကို ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းခွင့်ပြုလိုက်ပြီး ဖြည်းဖြည်းချင်း အောက်ဆင်းလာသည်။
လွတ်လပ်ခြင်း…
ယနေ့ဓားချက်က လွတ်လပ်ခြင်း၏အဓိပ္ပာယ်ကို သယ်ဆောင်ထားသည်။
သူ၏ ဓားချီ၊ ဓားန္ဒ၊ ဓားမာန်ဟုန်နှင့် ဝိညာဉ်လိပ်ပြာဓားများမှာ ကုန်ဆုံးသွားပြီး ဖြစ်သည်။
ယနေ့တွင် ကောင်းကင်မိစ္ဆာမသေလျှင် ဟန်မူယဲ့က သေချာပေါက် သေသွားပေမည်။
ကံကောင်းစွာဖြင့် ကောင်းကင်မိစ္ဆာက သေသွားပြီ ဖြစ်သည်။
ဟန်မူယဲ့က မြေပြင်ပေါ်သို့ ခြေချလိုက်သောအခါတွင် ခါးကုန်းလိုက်ပြီး ငါးပေရှည်သော ကျောက်စိမ်းအရိုးကို ကောက်ယူသည်။ ထိုအရိုးကို လမ်းလျှောက်တုတ်အနေဖြင့်အသုံးပြုပြီး သူက ဖြည်းဖြည်းချင်းလမ်းလျှောက်နေသည်။
သူ့စွမ်းအားများအားလုံး ကုန်ဆုံးသွားခဲ့သည်။ ယခုအချိန်တွင် သူက လူသားတစ်ယောက်ပင်ဖြစ်သည်။
လမ်းလျှောက်နိုင်ရုံသာ တတ်နိုင်တော့သော လူသားတစ်ယောက်…
မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက သူ့ဘေးသို့ရောက်လာပြီး လမ်းလျှောက်နေသောသူ့ကို ကြည့်နေကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။
“မြေပြင်မှာပြန့်ကျဲနေတဲ့ မိစ္ဆာအရိုးတွေအားလုံးက အခွင့်အရေးတစ်ခုပဲ။ သူတို့ကို ဖြုန်းတီးမပစ်နဲ့”