← Chapters

မြွေမြွေချင်း ခြေမြင်

Vol. 13 Ch. 177

မြွေမြွေချင်း ခြေမြင်

Vol. 13 Ch. 177

“ကျွန်တော်ကတော့ အသက်ကြီးလာလို့ ထင်တယ်ဗျာ။ ကလန်သားတွေကို ကောင်းကောင်း မဆုံးမ နိုင်တော့ဘူး။ ကျွန်တော့်ရဲ့ သူမက လီကလန်ကို စော်ကားခဲ့တယ် ဆိုတဲ့ အကြောင်းကို ကြားတာနဲ့ အမြန်ပဲ တောင်းပန်ဖို့ လာခဲ့တာပါ။ ကျားယု … ဒီကိုလာပြီး ဦးလေး တိုင်ရှန်ဆီက ခွင့်လွှတ်မှုကို တောင်းလိုက် "

ရှန်တိုင်းချောင်က ရှန်ကျားယု ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ပါတယ်။ ရှန်ကျားယုက တုန်တုန်ယင်ယင်နဲ့ ထွက်လာပြီး အရိုအသေ ပေးလိုက်ပါတယ်။

“ခေါင်းဆောင်လီ … ကျားယုက အခြေအနေကို နားမလည်ပဲ လီကလန်ကို စော်ကားမိခဲ့ပါတယ်။ ခေါင်းဆောင်လီက ဒီအမိုက်အမဲမကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ”

လီရှန်းဟန်က ရှန်ကျားယုရဲ့ တောင်းပန်စကားကို နားထောင်ပြီးတာနဲ့ ချက်ချင်း အဖြေ မပေးသေးပဲ ရှန်တိုင်းချောင်ကို ကြည့်လိုက်ပါတယ်။ သူတို့က ခေါင်းဆောင်တွေ ဖြစ်သည့် အလျောက် တောင်းပန်မှုကို ခွင့်လွှတ်ဖို့ ဆိုတာ လွယ်လွယ်နဲ့ တောင်းဆိုလို့ မရမှန်းကို နားလည်ထားတယ်လေ။

ဒီလို ကိစ္စမျိုးဆိုတာ လွယ်လွယ်နှင့် ပြီးသွားသည့် အရာမျိုး မဟုတ်ပါဘူး။ ရှန်တိုင်းချောင်က တောင်းပန်ဖို့ အတွက် တစ်ခုခုတော့ ပြင်ဆင်လာခဲ့ မှာပါပဲ။ ရှန်တိုင်းချောင်ကလည်း လီရှန်းဟန်ရဲ့ အကြည့်ကို သဘော ပေါက်ပါတယ်”

“ခေါင်းဆောင်လီ … ဒီအဘိုးကြီးကလေ အသက်ကြီးလာလို့ပဲ နေမှာပါ။ ပြောဖို့ မေ့နေတာလေး တစ်ခု ကျန်နေပါသေးတယ်။ အခုတစ်လောမှာ ကျုပ်တို့ ချွမ်စင်းမြို့က အခြေအနေ သိပ်မကောင်းဘူးဗျာ။ ခေါင်းဆောင်လီတို့ ကလန်က ဈေးဆိုင်လေးတွေ ဘာလေးတွေ ဖွင့်ပြီး ရင်းနှီး လာမြုပ်နှံရင် သိပ်ကောင်းမှာပဲ ။ ခေါင်းဆောင်လီတို့လည်း အဆင်ပြေ  ချွမ်စင်းမြို့ကြီးလည်း စည်ကား လာတာပေါ့။ ခေါင်းဆောင်လီက ကျွန်တော်တို့ ချွမ်စင်းမြို့ကြီး အတွက် အကူအညီ ပေးချင်စိတ် ရှိလားတော့ မသိပါဘူး ။ ဒါပေမဲ့ ခေါင်းဆောင်လီတို့က လာရင်းနှီး မြုပ်နှံမယ် ဆိုရင်တော့ ကျွန်တော့် ဘက်ကလည်း အလိုက်သိတဲ့ အနေနဲ့ ငါးနှစ်တိတိ အခွန် ကင်းလွတ်ခွင့် ပြန်ပေးမယ်ဗျာ”

တစ်ဖက်လူကို တောင်းပန်တယ် ဆိုတာကလည်း သူ့ပညာနဲ့သူ ရှိပါတယ်လေ။ ရှန်တိုင်းချောင်က တောင်းပန်တဲ့ အနေနဲ့ လီကလန်ကို စချွမ်းစင်းမြို့မှာ စီးပွားရေး ချဲ့ထွင်ခွင့် ပေးမယ်လို့ ကမ်းလှမ်းလိုက်မယ် ဆိုရင် အရမ်းကို ရိုင်းရာ ကျသွားပါလိမ့်မယ်။ လီကလန်ကလည်း လက်ခံမှာ မဟုတ်ပါဘူး။ အခုတော့ သူက စကားလုံး လှလှလေး သုံးပြီး လီရှန်းဟန်ကို အကူအညီ တောင်းလိုက်တာလေ။

တကယ်လည်း ချွမ်စင်းမြို့ရဲ့ အခြေအနေက အကောင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါက ပြင်ပ အဖွဲ့အစည်းတွေရဲ့ အကူအညီကို လိုအပ်တယ်လို့ မဆိုလိုပါဘူးလေ။ ရှန်တိုင်းချောင်က လီကလန်နဲ့လည်း ရေရှည် ဆက်ဆံချင်တဲ့ အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြံလိုက်တာပါ။ လီကလန်ကို ချွမ်စင်းမြို့ထဲကို စီးပွားရေး ချဲ့ထွင်ခွင့် ပေးလိုက်တာက လုံးဝကို အမျှော်အမြင်ရှိတဲ့ လုပ်ရပ် တစ်ခုပါပဲ။

လီရှန်းဟိုင်က ရှန်တိုင်းချောင်ရဲ့ ကမ်းလှမ်းမှုကို ကြားလိုက်ရတဲ့ အခါမှာ လုံးဝကို ပျော်သွားပါတယ်။ ဒါပေမဲ့ သူကလည်း မြေခွေးအိုကြီး တစ်ကောင် ဖြစ်တဲ့အတွက် သူ့ရဲ့ ခံစားချက်တွေကို မျက်နှာပေါ်မှာ လုံးဝ မပေါ်စေပါဘူး။ သူက မတတ်နိုင်သည့်ပုံဖြင့်

“မဖြစ်ပါဘူးဗျာ … ချွမ်စင်းမြို့က အရမ်း ဝေးတယ်ဗျ။ အဲဒီလောက် ဝေးတဲ့ နေရာမှာ ဆိုင်လေး တစ်ဆိုင်၊ နှစ်ဆိုင်လောက် ဖွင့်ဖို့ကို မစွန့်စား ချင်တော့ပါဘူးဗျာ”

လီရှန်းဟန်ရဲ့ ပါးစပ်က လေသံကို ကြားလိုက်တာနဲ့ ရှန်ထန်ကျင်းကလည်း လုံးဝကို သဘောပေါက်ပါတယ်။ လီရှန်းဟန်က စကားခေါ်နေသည် မဟုတ်ပါလား။ ဒီလောက်လေးမှ မနပ်ရင်တော့ ရှန်ထန်ကျင်းကလည်း မြို့စားမင်း လုပ်မနေတော့ပါဘူးလေ။ သူက လက်ကာ ပြလိုက်ပြီး

“ခေါင်းဆောင်လီကတော့ နောက်နေပြန်ပြီဗျာ။ ဆိုင်လေး တစ်ဆိုင် နှစ်ဆိုင်လောက် ဖွင့်တာနဲ့ ဘယ်လိုလုပ်ပြီး ချွမ်စင်းမြို့ကို ကူညီနိုင်မှာတုန်းဗျ။ ဆိုင်၅၀ ... ဆိုင်ပေါင်း ၅၀ လောက်မှ အဆင် ပြေမှာပေါ့။ ပြီးတော့ လီကလန်မှာ ဆိုင်ဆောက်ဖို့ ရန်ပုံငွေ မလုံလောက်ဘူး ဆိုရင်လည်း ကျွန်တော်တို့ ရှန်ကလန်က အတိုးမဲ့ ချေးပေးဦးမယ်ဗျာ”

ရှန်တိုင်းချောင်ရဲ့ ကမ်းလှမ်းမှုကို ကြားအပြီးမှာတော့ လီရှန်းယန်က ချက်ချင်းပဲ ရှန်ကျားယု ဘက်ကို လှည့်လိုက်ပြီး

“ဦးလေးလီက သမီးကို ခွင့်လွှတ်ပါတယ်ကွယ်။ ဦးလေးလီလို ကလန်ခေါင်းဆောင် တစ်ယောက်က မျိုးဆက်သစ်လေး တစ်ယောက် တောင်းပန်နေတာကို ခွင့်မလွှတ်ပဲ ဘယ်နေနိုင်မှာလဲ” ဟု ပြုံးပြုံးကြီး ပြောလိုက်တော့သည်လေ။

ဆိုင်ပေါင်း၅၀။ ဆိုင်ပေါင်း ၅၀ဆိုတာ နည်းသည့် အရေအတွက်မှ မဟုတ်တာလေ။ ယေဘုယျအားဖြင့် ဆိုရင် သာမန် ဆိုင်တစ်ဆိုင်က တစ်နှစ်ကို အမြတ်ကြီးပဲ ရွှေပြား ၅ထောင်လောက် ရှာပေးနိုင်ပါတယ်။ ဆိုင်ပေါင်း၅၀ ဆိုရင်တော့ တစ်နှစ်ကို ၂သန်းခွဲလောက်ကို မြတ်မှာပါ။

ပြီးတော့ အခွန်က ကင်းလွတ်ခွင့် ရဦးမယ်။ ဟူး … ရွှေတွေကို အိတ်ထဲထည့်ပြီး ယူရုံပါပဲ။

“ဟေ့ … ဘာလုပ်နေတာလဲ … တစ်ယောက်ယောက် လာခဲ့စမ်း။ ဒီမှာ ချွမ်စင်း မြို့စားမင်း ရောက်နေတာကို မမြင်ဘူးလား ။ ကလန်ရဲ့ အကောင်းဆုံး လက်ဖက်ခြောက် ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းတွေပါ ယူလာ”

“မြို့စားမင်းရှန် ... နားနားနေနေ ထိုင်ပါဦးဗျာ ။ ခရီးဝေးက လာရတာ ဆိုတော့ အတော်လေး ပင်ပန်း နေမှာပဲ "

လီရှန်းဟန်က ရှန်တိုင်းချောင်ကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံနေပါတော့တယ်။ သူ့ရဲ့ မျက်လုံး ထဲမှာတော့ ရှန်တိုင်းချောင်က ငွေထုပ်ကြီး ဖြစ်နေပြီ မဟုတ်ပါလား။ ပြီးတော့ တစ်ဖက်သားရဲ့ အလိုက်တသိ တောင်းပန်မှုမျိုး ဆိုတာ ငြင်းဆန်လို့ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူးလေ။

ရှေးလူကြီးတွေ ပြောနေကျ စကားလေး တစ်ခွန်းတောင် ရှိပါသေးတယ်။ ဘာတဲ့ … …

“မလျော့မတင်း စောင်းကြိုးညှင်းတဲ့"

ပျော့လွန်းရင်လည်း တစ်ပါးသူ၏ အစော်ကားကို ခံရတတ်တယ်။ တင်းလွန်းရင်လည်း ရန်များ တတ်တယ်။ ဒါကြောင့် စောင်းကြိုးလိုပဲ မလျော့ မတင်းလေး နေပါလို့ ရှေးလူကြီးတွေက ဆုံးမထားတာပါ။

“ဟား…ဟား … ခေါင်းဆောင်လီကတော့ အရမ်းကို ဖော်ရွေလွန်းနေပါပြီဗျာ "

ရှန်တိုင်းချောင်က အခုမှ သက်ပြင်းရဲရဲ ချနိုင်ပါတော့တယ်။ လီတိုင်းရှန်က ကျားယုကို ခွင့်လွှတ် ပေးလိုက်သည့် အပြင် ရှန်ကလန်နဲ့လည်း ရင်းနှီးမှု တည်ဆောက် သွားခဲ့တယ်လေ။

လီကလန်နဲ့ ရင်းနှီးတာကို အကြောင်းပြပြီး အကျိုးအမြတ် အများကြီး ရှာဖို့ကိုတောင် သူက စပြီး စဉ်းစားနေပါပြီ။

လီရှန်းဟန်ကလည်း ပြုံးရွှင်နေပြီး

“မဟုတ်တာဗျာ… ။ ချွမ်စင်း မြို့စားမင်းက လီကလန်ကို လာလည်တယ် ဆိုတာ နည်းတဲ့ မျက်နှာသာ ပေးမှုမျိုးမှ မဟုတ်တာ။ ကျွန်တော်တို့ လီကလန်ကတောင် ဂုဏ်ယူရဦးမှာပါ။ ဒါနဲ့ ဟိုဆိုင်၅၀ ဖွင့်ဖို့ ရန်ပုံငွေကတော့ ကျွန်တော်တို့ လီကလန်မှာ အလုံအလောက် ရှိပါသေးတယ်။ ဒီအသေးအဖွဲ ကိစ္စလောက်နဲ့တော့ ရှန်ကလန်ကို အပူမကပ်တော့ပါဘူးဗျာ။ ကျွန်တော်တို့ လီကလန် ကိုလည်း မြို့စားမင်းကပဲ စောင်မကြည့်ရှု ပေးပါဦးလို့ အနူးအညွတ် တောင်းဆိုပါရစေ”

“ဒါပေါ့ဗျာ … အချင်းချင်းတွေပဲကို ။ ဒီလောက်လေးကိုတော့ ခေါင်းဆောင်လီ တောင်းဆိုစရာကို မလိုပါဘူး “

ရှန်တိုင်းချောင်ကလည်း ခေါင်းတစ်ညိတ်ညိတ်ဖြင့် အာမခံ နေပါတယ်။

အဲသည်အချိန်မှာပဲ အမျိုးသမီး အစေခံတွေက လက်ဖက်ရည်ကြမ်းတွေနဲ့ လာရောက် ဧည့်ခံသဖြင့် စကားစ ပြတ်သွားခဲ့ပါတယ်။

ခန်းမတွင်းက လူတွေကလည်း လက်ဖက်ရည်ကြမ်းကို အရသာခံပြီး သောက်နေကျပါပြီ။ ထို့နောက်မှာတော့ ရှန်ထန်ကျင်းက မတ်တတ် ထလိုက်ပြီး လီရှန်းဟန်ကို အရိုအသေ ပေးလိုက်ကာ

“ခေါင်းဆောင်လီ ခင်ဗျား … ကျွန်တော် ရှန်ထန်ကျင်းကလည်း မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပါပဲ။ ကျွန်တော်က ညီလေးလီရဲ့ အကြောင်းကို ကြားဖူးပေမဲ့ တစ်ခါမှတော့ လူချင်း မတွေ့ခဲ့ ဖူးပါဘူး။ ခေါင်းဆောင်လီက ကျွန်တော့်ကို ညီလေးလီနဲ့ တွေ့ခွင့် ရအောင် စီစဉ် ပေးနိုင်ပါ့မလားဗျာ “ဟု အကူအညီ တောင်းလိုက်ပါတယ်။

လီရှန်းဟန်က အစောကြီးကနေ ရှန်ထန်ကျင်းကို သတိထားမိ နေတာပါ။ ရှန်ထန်ကျင်းကလည်း တိုက်ရိုက်တပည့် တစ်ယောက် ဆိုတာကို သိလိုက်ရတဲ့ နောက်မှာတော့ အရမ်းကို အံ့အားသင့်မိ သွားပါတယ်။

“ကြည့်ရတာ ဒီလူငယ်က ရှန်ကလန်ရဲ့ အထက်ဆုံး ဓားတစ်လက် နေမှာပဲ”

ဒါပေမဲ့လည်း လီဖူချန်းက တံခါးပိတ် လေ့ကျင့်နေတဲ့ အတွက် ဘယ်သူ့ကိုမှ တွေ့ဆုံမှာ မဟုတ်ဘူး ဆိုတာကို လီရှန်းဟန်က သိနေခဲ့ပါတယ်။ သူက အားနာစွာဖြင့်

“စိတ်မကောင်း လိုက်တာ မောင်ရင်ရယ်။ ဖူချန်းက ဓားသိုင်း လေ့ကျင့်မယ် ဆိုပြီး ထွက်သွား လိုက်တာ အခုထက်ထိကို ပြန်မလာ သေးဘူးလေ "

ရှန်ထန်ကျင်းကလည်း ခေသည့်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။

သူက သိပ်အရေးမကြီးဟန်ဖြင့် ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး

“ညီလေးလီက ဓားသိုင်း လေ့ကျင့်နေတယ် ဆိုတော့လည်း ကျွန်တော်က မနှောင့်ယှက်တော့ ပါဘူးဗျာ။ ကျွန်တော်က ညီလေးလီနဲ့ ဂိုဏ်းတော်မှာ ပြန်ဆုံ နိုင်ပါသေးတယ်”

ရွှေအဆင့် တိုက်ရိုက် တပည့်တွေက တစ်ယောက် တစ်မျိုး ထူးခြားတဲ့ သူတွေ ဆိုတာကို ရှန်ထန်ကျင်းက ကောင်းကောင်းကြီး သိထားပါတယ်။ ကြည့်ရတာ ဒီလီဖူချန်းကတော့ ဓားရူးပဲ နေမှာပါ။

***

အဲသည် အချိန်မှာတော့ ကောင်းကလန်က ကမ္ဘာပျက်သည့် အလား ဖြစ်နေပါပြီ။

“ခေါင်းဆောင် … ချွမ်စင်း မြို့စားမင်းက လူကိုယ်တိုင် သွားရောက်ပြီး လီကလန်ကို တောင်းပန်ခဲ့တယ် ဆိုတဲ့ သတင်းက အမှန်ပါပဲ”

ကောင်းကလန်ရဲ့ ဆက်သား တစ်ယောက်က ဒူးထောက်ပြီး အစီရင် ခံနေပါတယ်။

ကောင်းယုရဲ့ မျက်နှာကတော့ ရှုံ့မဲ့လို့ နေခဲ့ပါပြီ။ လီဖူချန်း တစ်ယောက် မိုးပြာရောင် ဂိုဏ်းမှာ အစွမ်းပြနေပြီလို့ ကြားကတည်းက ကောင်းယုရဲ့ ရင်ထဲမှာ နောင်တတွေကို ထွေးပိုက်ကာ ရင်တထိတ်ထိတ်နဲ့ နေနေရတာပါ။

ကောင်းကလန်က စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည့် အပြင် အခြားသော ဆိုးရွားသည့် အရာတွေ ကိုလည်း လီကလန် အပေါ်မှာ လုပ်ခဲ့ပါသေးတယ်။ ပြီးပါပြီ…ဇာတ်လမ်းက ဆုံးသွားပါပြီ။

ကောင်းကလန်က နောက်ဆုတ်စရာ လမ်းကြောင်း မရှိတော့ပါဘူး။ ကောင်းရှုလည်း မကယ်နိုင်တော့ပါဘူး။ လီဖူချန်းက ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်နေတဲ့ အချိန်မှာ ကောင်းရှုက အတွင်းစည်း တပည့်ပဲ ဖြစ်နေပါသေးတယ်။ သူမကလည်း ဘယ်လိုမှ လီဖူချန်းကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတစ်ခွန်းကတင် ကောင်းကလန် တစ်ခုလုံးကို ပျက်သုဉ်းသွားစေ နိုင်ပါတယ်လေ။

“သွားလို့ရပြီ”

ကောင်းယုရဲ့ အမိန့်သံကို ကြားအပြီး မှာတော့ သတင်းလာပို့တဲ့ ဆက်သားကလည်း ပြန်ထွက် သွားပါတော့တယ်။

ကောင်းယုက အခုတစ်လောမှာတင် အရင်ကထက် ပိုပြီး အိုစာ လာသလိုပါပဲ။

“လီဖူချန်း … မင်းကတော့ ငါတို့ ကောင်းကလန် အတွက် တကယ့် အဆိပ်အတောက် ပါလားကွာ"

ကောင်းယုက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ ပါရမီရှင် ပြိုင်ပွဲတုန်းကလည်း လီဖူချန်းကြောင့် ကောင်းကလန်က နေရာ တစ်နေရာမှ မရခဲ့ပါဘူး။ ကောင်းရှု ရှိနေလို့သာ သက်သာရာ ရခဲ့တာပါ။

ငယ်ကတည်းက ကောင်းကလန်ကို ဒုက္ခပေးနေတဲ့ လီဖူချန်း … …။ အခုလည်း ၄နှစ်အကြာမှာ ထပ်ပြီး ဒုက္ခ ပေးလာပြန်ပါပြီ။

“ကောင်းယု ... လီကလန်ကို သွားပြီး ကောင်းကောင်းမွန်မွန် သွားတောင်းပန်လိုက်။ ပြီးတာနဲ့ ငါတို့ ကောင်းကလန်က ယုံဝူးမြို့ကနေ ထွက်သွားကျမယ်”

အကြီးအကဲ တစ်ယောက်က ရောက်လာခဲ့ပါတယ်။ သူကတော့ ကောင်းကလန်ရဲ့ ဘိုးဘေးကြီး ကောင်းတုံ ပါပဲ။

“ဘိုးဘေးကြီး ... မဟုတ်သေးဘူးနော်…။ ယုံဝူးမြို့ကနေ ထွက်သွားပြီး ကောင်းကလန်က ဘယ်မှာ သွားနေကျမှာတုန်း"

မြို့တိုင်း မြို့တိုင်းမှာက သက်ဆိုင်ရာ ကလန်တွေ ရှိပါတယ်။ မြို့တစ်ခုမှာ ကလန်အသစ်တစ်ခု တိုးလာတာက ကလန်တွေရဲ့ မျှခြေကို ပျက်သွားနိုင်တယ်လေ။

ကောင်းတုံက အသံမာမာဖြင့် "အခုထက်ထိ မင်းနားမလည် သေးဘူးလား … ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ငါတို့ ကောင်းကလန်က အဖတ်ကို ပြန်ဆည်လို့ ရတော့မှာ မဟုတ်ဘူးကွ။ ဒီယုံဝူးမြို့ထဲကနေ ထွက်သွားမှသာ ပြန်လည် တည်ဆောက်လို့ ရမှာ။ ငါမင်းကို သွားတောင်းပန် ခိုင်းတယ် ဆိုတာ ငါတို့ကို မြို့ထဲက အေးအေးလူလူ ထွက်ခွာခွင့်ပေးဖို့ တောင်းပန် ခိုင်းတာဟ”

***

ယန်ကလန်ကလည်း အခြေအနေ မကောင်းလှပါဘူး။

ယန်ကလန်ရဲ့ ဘိုးဘေးတွေနဲ့ အကြီးအကဲတွေက ခေါင်းချင်းတိုက်ပြီး အကြီးအကျယ် ဆွေးနွေး နေကျပါတယ်။ နောက်ဆုံးမှာတော့ လီကလန်ကို တောင်းပန်ပြီး ယုံဝူးမြို့ထဲက ထွက်သွားသည့် နည်းကသာ အကောင်းဆုံး ဆိုတာကို လက်ခံ လိုက်ကျပါပြီ။

ဒါပေမဲ့လည်း လီကလန်က သူတို့ကို ထွက်သွားခွင့် ပြုမပြုက ရှိပါသေးတယ်။

***

ယနေ့မှာတော့ ကောင်းကလန်နဲ့ ယန်ကလန်က အကြီးအကဲတွေ အကုန်လုံး နီးပါး လီကလန်ကို ရောက်လာကျပြီး ခွင့်လွှတ်မှုကို တောင်းခံကျပါတယ်။ နေ့တစ်ဝက်လောက် အကြာမှာတော့ ကောင်းကလန်နဲ့ ယန်ကလန်က လူတွေဟာ ယုံဝူးမြို့ကနေ ပြောင်းရွှေ့ သွားကျပါတော့တယ်။

ယုံဝူး မြို့သူမြို့သားတွေကတော့ အလွန်အမင်းကို အံ့သြ နေကျတယ်လေ။ တချို့တွေကတော့ ပျော်ရွှင်နေပြီး တချို့တွေကတော့ ဝမ်းနည်း နေကျပါတယ်။

ကောင်းကလန်လည်း ရွှေ့ပြောင်းသွားပြီ။ ယန်ကလန်လည်း ရွှေ့ပြောင်းသွားခဲ့ပြီ။ ယုံဝူးမြို့မှာ ကျန်နေခဲ့တာ ဆိုလို့ လီကလန်နဲ့ ရှန်းတုကလန်ပဲ ရှိပါတော့တယ်။

သည်ပုံစံ အတိုင်းပဲ ဆိုရင်တော့ ရှန်းတုကလန်ကလည်း မကြာခင်မှာ ရွှေ့ပြောင်းသွားတော့မည့် ပုံပါပဲ။ ဒါဆိုရင်တော့ လီကလန်က ယုံဝူးမြို့ရဲ့ တစ်ခုတည်းသော အကြီးကျယ်ဆုံး ကလန် ဖြစ်သွားတော့ မှာပါ။

အဓိက ကလန်ကြီးတွေ ရွှေ့ပြောင်းသွားတဲ့ အဖြစ်မှာ အပျော်ဆုံး လူတွေကို ပြပါဆိုရင်တော့ ယူံဝူးမြို့ထဲက ကလန်ငယ်လေးတွေကို ပြရမှာပါပဲ။ သူတို့က အခုဆိုရင် အတော်လေးကို အနေအစား ချောင်သွားခဲ့ပြီ မဟုတ်ပါလား။

***

All Chapters