ဂိုဏ်းအကြီးအကဲ ကန်
Vol. 13 Ch. 178
နှစ်ပတ်မျှ အကြာမှာတော့ ဂိုဏ်းတော်က အခြေအနေတွေကို စုံစမ်း စစ်ဆေးဖို့ အတွက် အကြီးအကဲ တစ်ယောက်ကို လွှတ်လိုက်ပါတယ်။
စေလွှတ်လိုက်တဲ့ သူကတော့ အတွင်းစည်း အကြီးအကဲကန် ပါပဲ။
အကြီးအကဲကန်က အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ရဲ့ အမိန့်အရ ယုံဝူးမြို့ကို ရောက်လာ ခဲ့တာပါ။
သူက ဒီယုံဝူးမြို့ကို မလာခင်မှာပဲ ယုံဝူးမြို့ရဲ့ မြို့စားကလန် ရှန်းတုကလန် အကြောင်းကို စုံစမ်း လာခဲ့ပါသေးတယ်။ ရှန်းတုကလန်က ဒီဘက် နှစ်တွေမှာ ယုံဝူး မြို့သူမြို့သားတွေကို မတရား လုပ်တာတွေ ၊ ကလန်ငယ်လေးတွေကို အနိုင်ကျင့်တာ တွေကိုလည်း သိခဲ့ရတယ်လေ။
သာမန် အခြေအနေတွေ မျိုးမှာ ဆိုရင်တော့ မိုးပြာရောင် ဂိုဏ်းက ဒီကိစ္စမျိုးတွေမှာ ဝင်ပါလေ့ မရှိပါဘူး။ မြို့စားကလန် ဖြစ်လာခဲ့ ပြီးရင်တော့ ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ကလန်ပဲ ဖြစ်ဖြစ် အနည်းနဲ့ အများတော့ ပြောင်းလဲ သွားကျ မှာပဲလေ။ တော်ရုံတန်ရုံ အမှုမျိုးတွေကိုတော့ မိုးပြာရောင် ဂိုဏ်းက မသိသလို နေပေးလိုက်တာပါပဲ။
ဒါပေမဲ့ အခု တစ်ခါကတော့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်က မြို့စား တစ်ယောက်ကို ရာထူးကနေ ဖယ်ရှားလိုက်တာပါ။
ဒါကြောင့် မိုးပြာရောင်ဂိုဏ်းက ဒီကိစ္စမှာတော့ လေးလေးနက်နက်ထားပြီး ဆောင်ရွက်ပါတယ်။ နောက်ဆုံးမှာတော့ ရှန်းတုကလန်ရဲ့ အမှား ဆိုတာကို မိုးပြာရောင်ဂိုဏ်းက လက်ခံသွားခဲ့ပါပြီ။ ယုံဝူးမြို့ရဲ့ ကောင်းကင်ထက်မှာတော့ အကြီးအကဲကန်ရဲ့ အသံက ဖုံးလွှမ်းနေပါတယ်။
“ရှန်းတုကျန်းဟီက မြို့စား တစ်ယောက် ဖြစ်ပေမဲ့ မြို့သူမြို့သားတွေကို ကောင်းကောင်း မအုပ်ချုပ် နိုင်ခဲ့ဘူး။ ရှန်းတုကလန်သားတွေဟာ လူသတ်တယ်၊ ဓားပြတိုက်တယ် ၊ မိန်းကလေးတွေကို အတင်းအဓမ္မ ကျင့်တယ်။ ဒါတွေကို ရှန်းတုကျန်းဟီက သိနေပေမဲ့ မသိချင်ယောင် ဆောင်နေခဲ့တယ်။သူ့ရဲ့ ပြစ်မှုတွေ ထင်ရှားတဲ့ အတွက် အခုချိန်စပြီး ရှန်းတုကျန်းဟီကို မြို့စားရာထူးကနေ ဖယ်ရှားလိုက်ပြီ။ လစ်လပ်နေတဲ့ မြို့စားရာထူး ကိုတော့ လီကလန် ခေါင်းဆောင် လီရှန်းဟန်က ယာယီ ရယူထားလိမ့်မယ် ။ မြို့စားအသစ် တစ်ယောက်ကိုတော့ သင့်တော်တာနဲ့ လွှတ်လိုက်လိမ့်မယ်”
အကြီးအကဲကန်ရဲ့ အမိန့်သံ ဆုံးသွားတာနဲ့ ယုံဝူး မြို့သူမြို့သားတွေ ကတော့ အမျိုးမျိုး မှတ်ချက် ပေးကြပါတယ်။
“နောက်ဆုံးမှာတော့ ယုံဝူးမြို့ကို ကြီးစိုးခဲ့တဲ့ ရှန်းတုကလန်ရဲ့ အချိန်တွေက ပြီးဆုံးခဲ့ပြီပဲ"
“ငါမှတ်မိတာ မမှားဘူး ဆိုရင် ရှန်းတုကျန်းဟီက မြို့စားဖြစ်ခဲ့တာ ၁၈နှစ်လောက် ရှိနေပြီပဲ”
“ဟုတ်တယ်။ ရှန်းတုကျန်းဟီ မြို့စားမင်း ဖြစ်ကတည်းက ရှန်းတုကလန်က ကြီးထွား လာလိုက်တာ ယုံဝူးမြို့ရဲ့ အဓိက ကလန်ကြီး လေးခုထဲမှာတောင် ဦးစီး ဦးဆောင် ဖြစ်လာတဲ့ အထိပဲ။ အခု၁၈နှစ် အကြာမှာတော့ ရှန်းတုကဘန်က မြေလှန်ခံလိုက် ရပြီပဲ။ သူမြို့စားမင်း ဖြစ်ခဲ့လို့ ရှန်းတုကလန်က အောင်မြင်ခဲ့တယ်။ သူမြို့စားမင်းဖြစ်လို့ပဲ ရှန်းတုကလန်က ပျက်စီး ခဲ့ရတာပဲ”
***
လီကလန် …
အကြီးအကဲကန်က လီဖူချန်းဆီကို သေသေချာချာကို လာလည်ခဲ့ပါတယ်။
လီဖူချန်းနဲ့ အကြီးအကဲကန် တို့ကတော့ လီဂေဟာထဲက ပန်းခြံလေး တစ်ခုထဲမှာ စကားစမြည် ပြောဆို နေကျတယ်လေ။ အကြီးအကဲကန်က လီဖူချန်းရဲ့ စိတ်ကို စမ်းချင်နေသည့် ပုံပါပဲ။
“ဂုဏ်ယူပါတယ် …လီဖူချန်း။ မင်းရဲ့ လီကလန်က အခုဆိုရင် ယုံဝူးမြို့ရဲ့ နံပါတ်တစ် ကလန် ဖြစ်သွားခဲ့ပြီပဲ”
လီဖူချန်းက လက်ကာ ပြလိုက်ပြီး
“အကြီးအကဲကန် ကတော့ ရယ်စရာတွေ ပြောနေပြန်ပါပြီဗျာ။ ဒီမှာ အခြေအနေတွေ အားလုံး တည်ငြိမ်သွားပြီ ဆိုတာနဲ့ ကျွန်တော်က ဂိုဏ်းတော်ကို ပြန်တော့မှာဗျ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က သိုင်းတာအို လမ်းစဉ်ကို အဆုံးအထိ လျှောက်လမ်း နိုင်ဖို့ပါပဲ”
အကြီးအကဲကန်က လီဖူချန်းရဲ့ အဖြေကို သဘောကျသည့် ပုံဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး
“မင်းက အရွယ် ငယ်ငယ်လေးနဲ့ အခုလို ရည်မှန်းချက် ကြီးကြီး ထားနိုင်တယ် ဆိုတာ ကောင်းတဲ့ အရာတစ်ခု ပဲကွ။ ပါရမီရှင် တော်တော်များများဟာ အဆင့်တစ်ခုအထိ ရောက်ပြီးသွားတဲ့ အခါမှာ လိုအင်ဆန္ဒတွေ များလာပြီး တာအိုလမ်းစဉ်ကနေ သွေဖယ် သွားတတ်ကျတယ်။ တကယ့် စိတ်ဓာတ် ခိုင်မာပြီး ဇွဲလုံ့လနဲ့ ပြည့်စုံသူတွေကသာ သိုင်းတာအို လမ်းစဉ်ကို အဆုံးအထိ လျှောက်လှမ်း နိုင်ကျတယ်”
အကြီးအကဲကန်က လီဖူချန်းကို အတော်လေး သဘော ခွေ့နေပါတယ်။ ဒီလူငယ်လေးက သူထင်ထားတာ ထက်တောင် တည်ငြိမ်ပြီး ရည်မှန်း ကြီးနေသေးတယ်လေ။ လီဖူချန်းကို ကြည့်ရတာ အသက် ၁၉နှစ်အရွယ် လူငယ်လေး တစ်ယောက်နဲ့တောင် မတူတဲ့အထိ ရင့်ကျက် တည်ငြိမ်နေတာပါ။
အကြီးအကဲကန်က လက်ဖက်ရည်ကြမ်း တစ်ကျိုက်ကို မှုတ်သောက်လိုက်ပြီး
“ဆက်ပြီး ကြိုးစားထား လူငယ်လေး … မင်းက ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်လာတယ် ဆိုကတည်းက မင်းဆီမှာ အလားအလာ ကောင်းတွေ အများကြီး ရှိနေတယ် ဆိုတာကို သက်သေ ပြနေတာပဲ။ ဒါပေမဲ့ အရမ်းကြီး ဘဝင်မြင့်ပြီး ဘဝကို မမေ့သွားစေနဲ့။ အရှေ့ယူနီကွန်း တိုက်ကြီး ဆိုတာက လုံးဝကို ကျယ်ပြောတဲ့ တိုက်ကြီး တစ်ခုပဲ။ ငါတို့ ဂိုဏ်းကြီး ၄ဂိုဏ်းဆိုတာ ပင်လယ်ကြီး ထဲက ရေတစ်စက်လောက် သာသာပဲ ရှိတာ။ တခြား ဂိုဏ်းတွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အများကြီး ရှိနေသေးတယ်။ အရမ်းကို ပရမ်းပတာ ဖြစ်နေတဲ့ တိုက်ပွဲတစ်ရာ နယ်မြေတို့၊ မိစ္ဆာတွေ ကြီးစိုးတဲ့ နယ်မြေတွေ ကိုလည်း မင်းရောက်ဖူး ရမယ်”
“သာမန် ပညာရှင်တွေကတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ ၇၀ရာခိုင်နှုန်း လောက်ပဲကို ဖြတ်သန်းသွားလာ နိုင်ခဲ့တယ်။ ပညာရှင်တွေ မရောက်ဖူးသေးတဲ့ ဒေသတွေလည်း အများကြီး ရှိနေသေးတယ်။အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးနဲ့ ယှဉ်ရင်တော့ ငါတို့ မိုးပြာရောင် ဂိုဏ်းဆိုတာ သာမန်ဂိုဏ်းလေး တစ်ခုပဲ။မင်း တိုက်ကြီးတစ်ခုလုံး အနှံ့ကို လျှောက်သွားချင်တယ် ဆိုရင်တော့ ဒီထက်ကို ပိုတိုးတက်လာမှပဲ ရလိမ့်မယ်”
“အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ သမိုင်းမှာတော့ ဂိုဏ်းစစ်ပွဲကြီး ၃ခါတိတိ ဖြစ်ခဲ့ပြီးပြီ။
ဂိုဏ်းစစ်ပွဲကြီးတွေတိုင်း မှာတော့ ဂိုဏ်းတော်တော် များများဟာ စစ်ဘေးဒဏ်ကို ခံရတာပဲ။ တချို့ဆိုရင် တစ်ဂိုဏ်းလုံးကို မျိုးဆက် ပြတ်သွားကုန်တယ်။ ငါတို့ မိုးပြာရောင် ဂိုဏ်းကတော့ ဂိုဏ်းစစ်ပွဲတွေ ထဲမှာ တစ်ခါမှ မပါဖူးသေးဘူး။ ဒါပေမဲ့ ငါတို့က လေးကြိမ်မြောက် ဂိုဏ်းစစ်ပွဲကြီး စရင်တော့ ဝင်ပါလိမ့်မယ်”
"ငါက မင်းကို ဖိအား ပေးချင်လို့ ပြောနေတာ မဟုတ်ဘူးနော်။ မင်းက အခုမှ မြေကမ္ဘာ အဆင့်ပဲ ရှိသေးတယ်ဆိုတော့ တိုက်ကြီး တစ်ခုလုံးမှာ ဖြစ်နေတာတွေကို သိစေချင်လို့ ပြောပြနေတာ။
နောက်လာမယ့် လေးကြိမ်မြောက် ဂိုဏ်းစစ်ပွဲမှာ ပါချင်ရင်တော့ မင်းဒီထက် ပိုကြိုးစားမှ ဖြစ်မယ် ဆိုတာကို သိစေချင်တာ။ သာမန် မြေကမ္ဘာအဆင့် ပညာရှင်တွေကတော့ စစ်ပွဲထဲမှာ မြေစာပင် ဖြစ်သွားမှာပဲ”
အကြီးအကဲကန်က ဇောင်ဝူကျင်း စေလွှတ်လိုက်တဲ့ လူယုံတော်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် သူက လီဖူချန်းကို ကြိုးစားချင်စိတ်တွေ ထက်သန်လာအောင် ရှင်းပြနေတာပါ။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
“စိတ်မပူပါနဲ့ အကြီးအကဲကန် … ကျွန်တော်က အကြီးအကဲ ပြောတာတွေ အကုန်လုံးကို နားလည် သဘော ပေါက်ပါတယ်။ ကျွန်တော်က အောက်ခြေ လွတ်ပြီး ဘဝင် မြင့်နေတဲ့လူ မဖြစ်စေရပါဘူး”
လီဖူချန်းက ရဲရဲကြီးကို အာမခံလိုက်ပါတယ်။
ရွှေရောင် လက်ဖွဲ့ အဆောင်ကို ပိုင်ဆိုင်ထားတဲ့အတွက် လီဖူချန်းရဲ့ ဆင်ခြင် သုံးသပ်နိုင်မှုတွေက အခြားလူတွေထက်ကို ပိုကောင်းပါတယ်။ သူ့ရဲ့ စိတ်ကူးထဲမှာ ဘာပြီးရင် ဘာဆက်လုပ်ရမလဲ ဆိုတာကို အမြဲ ကြံစည် နေတာပါ။ ပြီးတော့ ဒီရွှေရောင် လက်ဖွဲ့အဆောင်က ဒီကမ္ဘာက မဟုတ်ပဲ အခြားကမ္ဘာ တစ်ခုက ရောက်လာတာ များလား ဆိုပြီးတောင် သူက သံသယ ဝင်နေတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဒီရွှေရောင် လက်ဖွဲ့အဆောင်ကိုတော့ စိတ်ပျက်သွားအောင် သူမလုပ်ချင်ပါဘူး။ လီဖူချန်းက သူ့ရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်ပြီး ရှေ့ဆက်သွားဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်။ တစ်နေ့မှာတော့ သူက ရွှေရောင်လက်ဖွဲ့ အဆောင်ရဲ့ လျှို့၀ှက်ဆန်းကြယ်မှုတွေကို နားလည်လာနိုင်မှာပါ။
နှစ်နာရီလောက် စကား ပြောအပြီးမှာတော့ အကြီးအကဲကန်က ရှန်းတုကျန်းဟီကို ခေါ်ပြီး ယုံဝူးမြို့ကနေ ထွက်ခွာသွားခဲ့ပါပြီ။
ဘယ်လိုပဲ ဖြစ်ဖြစ် ရှန်းတုကျန်းဟီက မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲ တစ်ယောက် ဖြစ်နေ သေးသည်လေ။ မြို့စားမင်းရာထူးက ဖယ်ရှား ခံလိုက်ရပေမဲ့ အခြားနေရာတွေ မှာတော့ တာဝန် ထမ်းဆောင်ခွင့် ရှိပါသေးတယ်။
“အဖေ … အမေ … ကလန် ကိစ္စတွေကို တခြားသူတွေနဲ့ ခဏလောက် လွှဲထားလိုက်ပါဦး။ အဖေတို့မှာ အရေးတကြီး လုပ်ရမယ့် အရာတွေ ရှိနေသေးတယ်”
ယနေ့မှာတော့ လီဖူချန်းက သူ့မိဘတွေကို လာတွေ့ခဲ့ပါတယ်။ လီရှန်းဟန်က
“ဘာတွေ အရေး ကြီးနေတာတုန်း ဖူချန်းရဲ့”
လီဖူချန်းက သိုလှောင်အိတ် ၃ခုကို ဆွဲထုတ်လိုက်ပြီး ရှင်းပြလိုက်ပါတယ်။
“ဒီအိတ် ၃အိတ်ထဲမှာ ဆေးပင်ဆေးမြစ် အချို့နဲ့ ဆေးလုံးအချို့ ရှိတယ်"
“သိုလှောင်အိတ်လား”
လီရှန်းဟန်နဲ့ ရှန်းယုရန်ကတော့ မျက်လုံး အပြူးသား ဖြစ်သွားခဲ့ပါပြီ။
သိုလှောင်အိတ် ဆိုတာကို သူတို့က ကြားပဲ ကြားဖူးခဲ့တာလေ။ သူတို့ဘဝ တစ်လျှောက်လုံးမှာ တစ်ခါမှကို မမြင်ခဲ့ ဖူးပါဘူး။ သူများတွေ ပြောတာကတော့ သိုလှောင်အိတ် တစ်လုံးက ရွှေပြားသိန်းနဲ့ ချီပြီး ပေးရတယ် ဆိုပါပဲ။
မင်းရဲ့ အဆင့်အတန်းက နိမ့်နေတယ် ဆိုရင်တော့ ရွှေပြားတွေ အလုံအလောက် ရှိနေရင်တောင် သိုလှောင်အိတ်တွေကို ဝယ်လို့ မရပါဘူး။
အခုတော့ လီဖူချန်းက သိုလှောင်အိတ် ၃အိတ်ကို တစ်ခါတည်းနဲ့ ထုတ်ယူလာခဲ့ပါပြီ။ ဒါကိုမှ မျက်လုံးမပြူးရင် ပြူးစရာကို မရှိတော့ပါဘူး။
သိုလှောင်အိတ်တွေကို ဖွင့်လိုက်တဲ့ အခါမှာတော့ လီရှန်းဟန်နဲ့ ရှန်းယုရန်တို့က နောက်ထပ်တစ်ခါ မျက်လုံးပြူးရ ပြန်ပါပြီ။ သိုလှောင်အိတ်ထဲမှာတော့ အဝါရောင် အဆင့်မြင့် ဆေးပင်တွေ၊ အဝါရောင် အထွတ်အထိပ် ဆေးပင်တွေသာမက ဆန်းကြယ်အဆင့် ဆေးပင်တွေတောင် ရှိနေ လိုက်ပါသေးတယ်။
အဲသည်ထက် ပိုဆိုးတာက အဝါရောင် အထွတ်အထိပ် ဆေးပုလင်းတွေ၊ အဝါရောင် အဆင့်မြင့် ဆေးပုလင်းတွေ ကလည်း ပုံနေတာပါပဲ။
ဒီဆေးလုံးတွေကိုသာ ထုတ်ရောင်းလိုက်မယ် ဆိုရင် ရွှေပြား ၂သန်းလောက်ကို ရနိုင်ပါတယ်။ ဒီပမာဏက လီကလန်ရဲ့ ၁၀နှစ်စာ ရှာဖွေထားတာနဲ့တောင် ညီမျှနေပါပြီ။
“ဖူချန်း … ဒါတွေကို မင်းက ငါ့တို့ထက်တောင် လိုအပ်နေသေးတယ်။ အဖေတို့က ဒါတွေကို လက်မခံနိုင်ဘူးနော်”
လီရှန်းဟိုင်က ငြင်းလိုက်ပါတယ်။ လီဖူချန်းက ခေါင်းခါလိုက်ပြီး
“ကျွန်တော်က ဆေးပင်၁၀၀ လျှို့၀ှက်နယ်မြေမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် ထောက်ပံ့ရေး ရမှတ် ၁၀သန်းတောင် ရထားတာ အဖေရ။ ဒီလောက်လေး ကတော့ ဘယ်လောက်မှတောင် မကုန်ပါဘူးဗျာ။ အဖေတို့ ကျွန်တော့်အတွက် စိုးရိမ်စရာ မလိုပါဘူး”
သူ့ရဲ့ စကား ဆုံးတာနဲ့ လီဖူချန်းက နောက်ထပ် အိတ်တစ်ခုကို ထုတ်လိုက်ပြန်ပါပြီ ။ ဒါပေမဲ့ ဒီအိတ်ကိုတော့ သူကိုယ်တိုင်ပဲ ဖွင့်ပြလိုက်ပါတယ်။ သူက စိတ်ဝိညာဉ်ပင်နဲ့ မြေကွဲသစ်သီးတွေကို ထည့်ထားတဲ့ ကျောက်စိမ်း သေတ္တာလေးတွေကို ထုတ်ယူလိုက်ပါတယ်။
“အဖေ…အမေ … ဒါက စိတ်ဝိညာဉ်ပင်ပဲ။ ဒီဆေးပင်က အဖေတို့ကို အဆင့်တစ်ဆင့် တက်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိဘူး”
“အဖေက အခု စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ဆိုတော့ နှစ်ပင် စားလိုက်တာနဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်သွားလိမ့်မယ်”
“အမေကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၂ပဲ ရှိသေးတယ် ဆိုတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ဖို့တော့ လွယ်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ ရောက်သွားနိုင်မှာပါ”
စိတ်ဝိညာဉ်ပင်တွေက ဘေးထွက် ဆိုးကျိုးတော့ မရှိပေမဲ့ ကန့်သတ်ချက်တော့ ရှိပါတယ်လေ။ လီဖူချန်းက မြေကွဲ သစ်သီးတွေကို သိမ်းထားတဲ့ ကျောက်စိမ်း သေတ္တာကိုပါ ထပ်ဖွင့်လိုက်ပါတယ်။
“အဖေ … ဒါက မြေကွဲ သစ်သီးပဲ။ အဖေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီ ဆိုရင် ဒီသစ်သီးကို စားလိုက်ရုံပဲ။ ဒီသစ်သီးက အဖေ့ကို မြေကမ္ဘာ နယ်ပယ်ကို ရောက်သွား စေလိမ့်မယ်”
လီဖူချန်းရဲ့ တစ်ခုပြီးတစ်ခု ရှင်းပြမှုတွေက လီရှန်းဟန်နဲ့ ရှန်းယုရန်ကို မူးဝေ သွားစေပါတယ်။ ဒါပေမဲ့ မေ့လဲသွားစေမယ့် သတင်းကတော့ အခုမှ လာမှာပါ။ နောက်ဆုံးမှာတော့ လီဖူချန်းက ခုနစ်ရောင်ခြယ် စပျစ်သီးနဲ့ အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် တစ်ခုကို ဆွဲထုတ်လိုက်တဲ့ အခါမှာပေါ့။
***