အပိုင်း၁၈၀
Vol. 13 Ch. 180
“ဒီအပြာနုရောင် စိတ်ဝိညာဉ်ရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းက အစိမ်းရောင် စိတ်ဝိညာဉ်ထက်ကို အဆပေါင်းများစွာ သာနေပါလား … ။ ဒီစိတ်ဝိညာဉ်က လေအရိပ် ခြေလှမ်း ဆန္ဒ၊ အရည်ပျော် လက်ဝါး ဆန္ဒနဲ့ အရိပ်မဲ့ ခြေထောက် ဆန္ဒ္ဒတွေ ကိုကော နားလည် သဘောပေါက် နိုင်မလား မသိဘူး"
ထိုးထွင်း သိမြင်နိုင်မှုက အဆင့်တစ်ခု အထိ ရောက်သွားရင် သိုင်းပညာရပ် အားလုံးပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လေ။
ပထမဆုံး လေအရိပ်ခြေလှမ်း ဆန္ဒ … … ထို့နောက်မှာတော့ အရိပ်မဲ့ ခြေထောက် ဆန္ဒ …
ဒီဆန္ဒ နှစ်ခုစလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ အဘယ်ကြောင့် ဆိုသော် နှစ်ခုစလုံးက လေဓာတ်နှင့် ပတ်သက် နေသည် မဟုတ်ပါလား။
တောင်ခါးပန်း တစ်လျှောက်မှာတော့ အရိပ် တစ်ရိပ်က ဗလာနယ်ထဲကနေ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ခုန်ပေါက် သွားလာနေပါတယ်။ ဒီအရိပ်ရဲ့ လှုပ်ရှားသွားလာမှုနှုန်းက ဘယ်လောက်ထိ မြန်လဲဆိုတော့ ရှင်းပြလို့ မရတော့တဲ့ အထိကို ဖြစ်နေပါပြီ။
သူ့ကို ကြည့်ရတာ လေထက်ကို မြန်ပြီး ငှက်တစ်ကောင် အလား တကယ်ကွ ဖျတ်လတ် နေပါတယ်။ သူ့ရဲ့ တစ်နေရာကနေ တစ်နေရာကို ရွေ့လျား နေတာက အသံတစ်စက်မှ မထွက်သည့် အပြင် သူ့ရဲ့ တည်ရှိမှုကိုပါ ဖျောက်ထားနိုင်တဲ့ အထိပါဘဲ။
“လေအရိပ်ခြေလှမ်း ဆန္ဒနဲ့ အရိပ်မဲ့ ခြေထောက် ဆန္ဒကို ပေါင်းစပ်လိုက်တဲ့ အမြန်နှုန်းက နတ်ဘုရား ခြေလှမ်းထက် ပိုမြန်ပြီး ပိုထိန်းချုပ်လို့ အဆင် ပြေနေတာပါလား"
နတ်ဘုရား ခြေလှမ်းက ဒီအတိုင်း မြေပြန့်တွေမှာ သုံးရင်တော့ အလွန်တရာမှဘဲ မြန်ဆန်ပြီး အသုံးဝင်လှပါတယ်။ ဒါပေမဲ့ ဒီခြေလှမ်းက မျဉ်းဖြောင့်အတိုင်း တစ်ဖြောင့်တည်းဘဲ သွားနိုင်ပါတယ်။
လေအရိပ်ခြေလှမ်း ဆန္ဒနဲ့ အရိပ်မဲ့ခြေထောက် ဆန္ဒတို့ကို ပေါင်းစပ်လိုက်တာက မြေပြန့်ဘဲ ဖြစ်ဖြစ် တောင်ပေါ် လမ်းတွေမှာဘဲ ဖြစ်ဖြစ် အသုံး ဝင်ပါတယ်။ ဒီပေါင်းစပ်မှုက အချိုးအကွေ့တွေ ခန္ဓာကိုယ် အလှည့်အပြောင်းတွေ မှာလည်း စိတ်တိုင်းကျကို လုပ်ဆောင်နိုင်တယ်လေ။
ဖနောင့်တစ်ချက် အဆောင့်မှာဘဲ သစ်ရွက်လေး တစ်ရွက်က လွင့်ပျံ တက်လာခဲ့ပါပြီ။ လီဖူချန်းကတော့ အဲသည် သစ်ရွက်လေးကို နင်းပြီး ခြေကုပ်ယူကာ လေထဲမှာ သိုင်းကကြိုးကဝေ တစ်ပါး ကဲ့သို့ မျောလွင့် နေတယ်လေ။
“ငါ့ရဲ့ အရိုးတည်ဆောက်ပုံ အဆင့် တက်လာတာက ဘာမှလည်း မထူးပါဘူးကွာ။ ဒီ ထိုးထွင်း သိမြင်မှုကိုဘဲ အားကိုးရနေတုန်းပါဘဲ။"
လူတစ်ယောက်ရဲ့ ထိုးထွင်း သိမြင်မှုက ကောင်းနေတယ် ဆိုရင် ဘာမှ ကြောက်စရာ မလိုပါဘူး။ အေး … ဒါပေမဲ့ … လူတစ်ယောက်ရဲ့ ထိုးထွင်း သိမြင်မှုက ကန့်သတ်ချက်တွေကို ကျော်သွားပြီ ဆိုရင်တော့ အဲသည် လူကို လူတိုင်းက ကြောက်ရမှာပါဘဲလေ။
ဘယ်ပညာရပ်ကို မဆို အလွယ်တကူ နားလည် တတ်ကျွမ်း နိုင်တဲ့လူကို မကြောက်ဘူး ဆိုရင်တော့ မင်းက ရူးနေလို့ပါဘဲ။ ထို့နောက်မှာတော့ လီဖူချန်းက အရည်ပျော် လက်ဝါး ဆန္ဒကို နားလည် သဘောပေါက်ဖို့ အာရုံစိုက် လေ့ကျင့် လိုက်ပါတယ်။
ဒီပညာရပ်ကတော့ မီးဓာတ်နဲ့ ပက်သက်တဲ့ ပညာရပ်ပါဘဲ။ အရည်ပျော် လက်ဝါးကို ပြီးပြည့်စုံခြင်း အဆင့် အထိဘဲ လေ့ကျင့် နိုင်တုန်းကတောင် သတ္တုတွေကို အရည် ပျော်စေနိုင်ပြီး သတ္တုရိုင်းတွေကို သန့်စင် နိုင်ခဲ့ပါတယ်။
အရည်ပျော် လက်ဝါး ဆန္ဒကို ရခဲ့ရင်တော့ ဘယ်လောက်အထိကို အစွမ်းထက်သွားမလည်း ဆိုတာကို လီဖူချန်း ကိုယ်တိုင်လည်း မသိတော့ပါဘူး။ အရည်ပျော် လက်ဝါး ဆန္ဒကို နားလည် အသုံးပြု နိုင်ဖို့အတွက် လီဖူချန်းက မီးပြင်းဖိုကြီး တစ်ခုကို ပြင်ဆင် ခဲ့ရပါတယ်။
ထို့နောက်မှာတော့ မီးသွေးတွေ ထင်းတွေ ပစ်ထည့်ပြီး မီးမွှေးလိုက်ပါပြီ။
ဝုန်း … …
မီးတောက်ကြီးတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာပါတယ် ။
“မီး … … မီးဆိုတာက လောင်ကျွမ်းဖို့ အတွက် လောင်စာ လိုအပ်တယ်။ တကယ်လို့ လောင်ကျွမ်း စရာသာ အလုံအလောက် ရှိမယ်ဆိုရင် မီးကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး"
လီဖူချန်းက သူ့ရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေကို လက်ဖဝါးဆီသို့ ပို့ဆောင်လိုက်ပါတယ်။ လီဖူချန်းရဲ့ လက်ဖဝါး အပေါ်မှာ ရှိနေတဲ့ လေဟာနယ်ကတော့ တဖြည်းဖြည်း အက်ကွဲပြီး တွန့်လိမ် လာခဲ့ပါပြီ။
ထို့နောက်မှာတော့ အစိမ်းရောင် မီးတောက် တစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ လက်ဖဝါး တစ်ခုလုံးကို ဖုံးအုပ် သွားခဲ့ပါတယ်။ လီဖူချန်းက ထင်းတစ်ချောင်းကို ညာဘက်လက်နဲ့ ဆုပ်ကိုင် ကြည့်လိုက်တဲ့ အခါမှာတော့ … …
မျက်စိ တစ်မှိတ် အတွင်းမှာဘဲ ထိုထင်းချောင်းက လောင်ကျွမ်း သွားပြီး ပြာအဖြစ်ကို ပြောင်းလဲ သွားတယ်လေ။
ထိုမျှလောက်နဲ့တော့ လီဖူချန်းက မကျေနပ် နိုင်သေးဘဲ သူရဲ့ သိုလှောင်အိတ်ထဲကနေ အဝါရောင် အထွတ်အထိပ် သတ္တုတစ်ခုကို ထုတ်ယူလိုက်ပြီး စမ်းကြည့်လိုက်ပါ သေးတယ်။
အချိန် တစ်ခဏလေး အတွင်းမှာဘဲ ထိုသတ္တုက အရည်ပျော်သွားပြီး အရည်ကျိူလိုက် သကဲ့သို့ ဖြစ်သွား ပြန်ပါတယ်။
“ကောင်းလိုက်တဲ့ ဖျက်ဆီးနိုင်စွမ်း ပါလားဟ"
လီဖူချန်းက အရည်ပျော်လက်ဝါးရဲ့ ဖျက်ဆီးနိုင်စွမ်းကို လုံးဝ သဘောကျ သွားခဲ့ပါပြီ။
ဒီအရည်ပျော်လက်ဝါးဆန္ဒကတော့ တစ်ကယ်ကို အားရစရာ ပါဘဲလေ။ အရည်ပျော် လက်ဝါး ဆန္ဒက ဘာဖြစ်လို့ ဒီလောက်အထိ အစွမ်း ထက်နေရသလဲ ဆိုတော့ လီဖူချန်း အသုံးပြုထားတဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေ ကြောင့်ပါဘဲ။
ဒီပညာရပ် နှစ်ခုစလုံးက မီးဓာတ်ကို အခြေပြုတဲ့ အတွက် လုံးဝကို သဟဇာတ ဖြစ်သွားပြီး ကြောက်စရာ ကောင်းလှတဲ့ အထိ ဖျက်ဆီးနိုင်စွမ်း ရှိလာတာပါ။
လီဖူချန်းရဲ့ မျက်လုံးတွေထဲမှာ မီးတောက်ပုံ သဏ္ဌာန် ပေါ်လာပြီး မီးဆန္ဒတစ်ခုက ဦးခေါင်း ထက်မှာ သရဖူသဖွယ် နေရာယူလာ ခဲ့ပြန်ပါပြီ။ လီဖူချန်းကတော့ ကြက်သွေးရောင် မီးဆန္ဒနဲ့ အရည်ပျော် လက်ဝါးကို တွဲသုံး ကြည့်ဦးမည့် ပုံပါဘဲ။
“မီးတောက်စမ်း"
အစိမ်းရောင် မီးတောက်ကနေ ကြက်သွေးရောင် မီးတောက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ထိုမီးတောက်နဲ့ ထိမိတဲ့ ထင်းချောင်းကတော့ တစ်မုဟုတ်ချင်းကို ပြာဖြစ်သွားခဲ့တယ်လေ။
လီဖူချန်းက သတ္တုရိုင်းတုံး တစ်ခုကို ကိုင်ကြည့်လိုက်တဲ့ အခါမှာတော့ အဲဒီအရာ လျင်မြန်စွာ အရည် ပျော်ဆင်းသွားခဲ့ပါတယ်။ သာမန်လူသား တစ်ယောက်ရဲ့ မျက်လုံးကတောင် ချော်ခဲကြီး တစ်တုံးလို အရည်ပျော်ကျ နေတာကို တွေ့မြင်နေနိုင်တယ်လေ။
“ငါ့ရဲ့ လက်နှစ်ဖက်နဲ့တောင် သတ္တုတွေကို အရည်ကျိူ နေနိုင်ပြီဘဲ။ ဒါကြောင့်မို့လို့လည်း ပန်းပဲဌာန အကြီးအကဲတွေက ဒီအရည်ပျော် လက်ဝါးကို လေ့ကျင့်ကြတာကိုး”
မိုးပြာရောင်ဂိုဏ်းဟာ ဓားတာအို လမ်းစဉ်ကို လျှောက်လမ်းတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပါတယ်။ ဂိုဏ်းတော် အတွက် လိုအပ်တဲ့ ဓားတွေကိုတော့ ပန်းကဲဌာနကဘဲ သွန်းလုပ်ပေးတာပါ။ ဂိုဏ်းသားတွေ ကိုင်တဲ့ ဓားဘဲဖြစ်ဖြစ် အကြီးအကဲတွေ ကိုင်တဲ့ဓားဘဲ ဖြစ်ဖြစ် အားလုံးက ဒီပန်းပဲဌာနကဘဲ ထွက်တာ ဖြစ်ပါတယ်။
ပန်းပဲပညာရှင် အကြီးအကဲတွေ ရှိတဲ့အတွက် ပန်းပဲပညာသင် တပည့်တွေလည်း ရှိပါသေးတယ်။ ပန်းပဲဌာနက တပည့်တွေကိုတော့ သူတို့တွေ သွန်းလုပ်လိုက်တဲ့ ဓားရဲ့ အရည်အသွေးအပေါ် မူတည်ပြီး ထောက်ပံ့ရေး ရမှတ်တွေ ထုတ်ပေးတာပါ။
***
တစ်လလောက် ကြာအပြီးမှာတော့ … …
လီဖူချန်း တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့တဲ့ ဓားသိုင်း အရေအတွက်ကလည်း ၃၅၀လောက်ကို ရှိလာခဲ့ပါပြီ။ အဲဒါတွေကတော့ အဝါရောင် အဆင့်နိမ့် ဓားသိုင်း ၁၀၀ ၊အဝါရောင် အလယ်အလတ် ဓားသိုင်း၁၀၀၊ အဝါရောင် အဆင့်မြင့် ဓားသိုင်း၁၀၀နဲ့ အဝါရောင် အထွတ်အထိပ် အဆင့် ဓားသိုင်း ၅၀ ပါဘဲ။
သူ့ရဲ့ ဓားအခြေခံက ပိုပြီး အခြေခိုင် လာတာနဲ့အမျှ သူ့ရဲ့ ဓားတာအိုအပေါ် နားလည်မှုကလည်း ပိုပြီး နက်ရှိုင်း လာခဲ့တယ်လေ။
နောက်ထပ်တစ်ပတ် အတွင်းမှာဘဲ လီဖူချန်းက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ကောင်းကင်ပြို ဓားသိုင်းကို တစ်ဖက်ကမ်းခတ်တဲ့ အဆင့်အထိ တတ်ကျွမ်း လာခဲ့ပြီး ကောင်းကင်ပြို ဓားဆန္ဒကိုလည်း နားလည် သဘောပေါက်ခဲ့ ပြန်ပါတယ်။
နောက်ထပ်၅ရက် အကြာမှာတော့ လီဖူချန်းက ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ တိမ်ပံျ ဓားသိုင်းလည်း တစ်ဖက်ကမ်း တတ်မြောက်သွားပြီး တိမ်ပျံ ဓားဆန္ဒကို နားလည်ခဲ့ ပြန်ပါတယ်။
ထို့နောက်မှာတော့ ဆည်းဆာဓားသိုင်း၊ တေဇောဓားသိုင်းနဲ့ မြေသိမ့်တုန် ဓားသိုင်းတို့ရဲ့ ဓားဆန္ဒတွေကို ပိုင်ဆိုင်ခဲ့ ပါတယ်။ လီဖူချန်းက အခုဆိုရင် ဓားဆန္ဒ၇မျိုးကို ထုတ်ဖောက် အသုံးပြု နေနိုငင်ပါပြီ။
တစ်ချိန်တည်းမှာဘဲ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့်၁၃ကနေ အဆင့်၁၄ကို ရောက်သွားပြီး အဆင့်၁၅ဆီသို့ ဖြည်းဖြည်းနှင့် မှန်မှန် ချီတက်နေပါတယ်။
“အင်း … ဆန်းကြယ် အလယ်အလတ် ဓားသိုင်း တစ်ခုလောက်တော့ လေ့ကျင့်ဖို့ အချိန်တန်ပြီဘဲ"
ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းတွေဟာ မြေကမ္ဘာ နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေ အတွက်တောင် လေ့ကျင့်ရတာ ခက်ခဲတဲ့ ဓားသိုင်း ဖြစ်ပါတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တွေ ထဲမှာတောင်မှ ဆန်းကြယ်အလယ်အလတ်အဆင့် ဓားဆန္ဒကို နားလည်သဘောပေါက် နိုင်တဲ့သူတွေက ၁၀ယောက်ထက် မပိုပါဘူး။ သူတို့တွေကတော့ ဓားအရူးသူတော်၊ ကျားဓားရှင်၊ သံယောဇဉ်မဲ့ ဓားသမားနဲ့ အခြားသူတွေပါဘဲ။
***
သိုင်းကျမ်းဆောင်ထဲကို ရောက်တာနဲ့ လီဖူချန်းက ဆန်းကြယ် အလယ်အလတ် ဓားသိုင်းတွေကို တစ်ခုပြီး တစ်ခု ကောက်ယူ ကြည့်လိုက်ပါတယ်။
“တောင်တန်းနဲ့မြစ်ပြင် ဓားသိုင်း ဓားအရှိန်အဝါကို အရှိန်အဟုန် ပြင်းပြင်းနဲ့ အသုံးပြုနိုင်တယ် တဲ့လား"
“တိမ်ဖြူဓားသိုင်း တည်ငြိမ်ပြီး ခံစားချက်ကင်းတဲ့ လူတွေနဲ့ဘဲ သင့်တော်တယ်"
“ပြောင်းလဲခြင်းကိုးကွက် ဓားသိုင်း ဓားကွက်တစ်ကွက်မှာ ကွက်ပြောင်း၉ကွက် ပါတယ်"
“မျောလွင့်ဓားသိုင်း ရက်စက်တဲ့ ဓားအရှိန်အဝါကို ပိုင်ဆိုင်နိုင်လိမ့်မယ်"
“မီးတောက်ကြယ် ဓားသိုင်း ဓားချက်တစ်ချက် ထွက်တိုင်းမှာ မီးဟုန်းဟုန်း တောက်တယ်"
ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းတွေက တစ်မျိုးကို အနည်းဆုံး ထောက်ပံ့ရေး ရမှတ် ၃သိန်းလောက် ပေးရပါတယ်။ လီဖူချန်းကတော့ တစ်ဝက်ဘဲ ပေးရမှာ ဖြစ်တဲ့ အတွက် ထောက်ပံရေး ရမှတ် တစ်သိန်းခွဲ နှစ်သိန်းလောက်ဘဲ ပေးရမှာပါလေ။
ဒီပမာဏလောက်ကိုတော့ လီဖူချန်းက မှုစရာကို မလိုပါဘူး။ သူက ထောက်ပံ့ရေး ရမှတ် ၁၀သန်း နီးပါးတောင် ကျန်နေပါသေးတယ်လေ။
လီဖူချန်း သူနဲ့သင့်တော်မယ့် ဓားသိုင်းတွေကို သေသေချာချာ စဉ်းစားနေပါတယ်။ အချိန် အတော်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ပြောင်းလဲခြင်း ကိုးကွက်ဓားသိုင်း၊ မျောလွင့် ဓားသိုင်းနဲ့ မီးတောက် ကြယ်ဓားသိုင်းတို့ကို ရွေးချယ်လိုက်ပါတော့တယ်။
သိုင်းကျမ်းဆောင် အကြီးအကဲက လီဖူချန်းတစ်ယောက် ဆန်းကြယ်အဆင့် ဓားသိုင်း၃ခုကို ရွေးလိုကိတာကို သတိပြုမိလိုက်ပါတယ်။
သူက တစ်ခဏမျှ ကြောင်သွားပြီး 'ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းတာလား ဒါမှမဟုတ် လောဘ ကြီးတာလား'ဟု တွေးမိလိုက်ပါသေးတယ်။
သူက လီဖူချန်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့လည်း သူ့အမြင်မှာတော့ မြေကမ္ဘာအဆင့်က ပညာရှင်တွေက ဆန်းကြယ် အလယ်အလတ် ဓားသိုင်းတစ်ခုကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်း နိုင်ရင်တောင် အတော်ကြီး လွန်လှပါပြီ။ ဓားသိုင်း၃ခုစလုံးကို တစ်ပြိုင်နက်တည်း လေ့ကျင့်နိုင်ဖို့ ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့ အရာပါဘဲလေ။
သိုင်းကျမ်းဆောင် အကြီးအကဲက ခေါင်းကို ခါနေရုံဘဲ တတ်နိုင်ပါတယ်။ ရွှေအဆင့် တိုက်ရိုက် တပည့်တွေ အားလုံးက ခေါင်းမာတဲ့ သူတွေချည်းပါဘဲ။ သူတို့က ဆုံးဖြတ် ပြီးသွားပြီ ဆိုရင် မိုးနတ်မင်းကြီး ဆင်းတားရင်တောင် မဖြစ်နိုင်တော့ပါဘူးလေ။
လီဖူချန်းကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သိုင်းကျမ်း၃အုပ်ကို ယူပြီး ပြန်ထွက်သွားပါပြီလေ။ သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းထဲကို အရောက်မှာတော့ … … လီဖူချန်း တစ်ယောက် ဘယ်ဓားသိုင်းကို အရင် စကျင့်ရမလဲ ဆိုတာကို အကြီးအကျယ် စဉ်းစားခန်း ဝင်နေပါပြီ။
မိနစ်၃၀လောက် စဉ်းစား အပြီးမှာတော့ သူက မီးတောက်ကြယ် ဓားသိုင်းကို အရင်စကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဓားသိုင်းက မီးဓာတ်ကို အထူးပြုတဲ့အတွက် သူ့အတွက် လေ့ကျင့်ရတာ ပိုလွယ်ကူ နိုင်ပါတယ်လေ။
အတော်လေး လေ့ကျင့် ပြီးသွားတဲ့ အခါမှာတော့ ဓားသိုင်း ဆိုတာက အတွင်းအား ကျင့်စဉ်နဲ့ တခြားစီဘဲ ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။
ဓားသိုင်းဆိုတာက လူသတ်ဖို့ အတွက် သီးသန့် တီထွင်ထားတာပင် မဟုတ်ပါလား။
သူက ကြက်သွေးရောင် မီးဆန္ဒကို နားလည် တတ်ကျွမ်း ထားတာတောင်မှ ဒီဓားသိုင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာကို သိလိုက်ပါတယ်။
ဒီမီးတောက်ကြယ် ဓားသိုင်းက ကြယ်ပျံ ဓားသိုင်းလို တိုက်ခိုက်မှု အပိုင်းကိုဘဲ အားပေးတဲ့ ဓားသိုင်းပါ။ ကြယ်ပျံ ဓားသိုင်းထက်ကို ပိုပြီး အစွန်း ရောက်ပါသေးတယ်။
ဒီဓားသိုင်းမှာ လိုအပ်ချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ မီးဓာတ်ကို အထူးပြုတဲ့ အတွင်းအားကို လေ့ကျင့်ထားတဲ့ သူတွေကသာ ဒီဓားသိုင်းနဲ့ သင့်တော်တယ် ဆိုတာပါဘဲ။
***