← Chapters

နတ်ဘုရားလေ ဂိုဏ်းခွဲ

Vol. 13 Ch. 182

နတ်ဘုရားလေ ဂိုဏ်းခွဲ

Vol. 13 Ch. 182

ပန်းဥယျာဉ်တစ်ခုရဲ့ အလယ်မှာရှိတဲ့ အပန်းဖြေဆောင်လေး တစ်ခုမှာတော့ လီဖူချန်းတစ်ယောက် ဇိမ်ကျကျ အနားယူနေ ပါတယ်။

ကျောက်စားပွဲပေါ်မှာ တင်ထားတဲ့ လက်ဖက်ရည်ကြမ်း အိုးထဲက လက်ဖက်ရည်တွေကို ကျောက်စိမ်းခွက် တစ်ခုထဲသို့ စိမ်ပြေနပြေ ငှဲ့ပြီး သောက်နေတဲ့ လီဖူချန်းကို တွေ့လိုက်ရင် လူတိုင်းက နားအုံ ၊နားရင်းတွေ ပစ်ကျင်းချင်စိတ် ပေါက်လာမှာ အမှန်ပါဘဲ။

ဘာဖြစ်လို့လဲဆိုတော့ သူခတ်ထားတဲ့ လက်ဖက်ခြောက်က တစ်ကီလိုဂရမ်ကို ထောက်ပံ့ရေး ရမှတ် တစ်သောင်း ပေးရတဲ့ စိတ်နှလုံးချမ်းသာ လက်ဖက်ခြောက် ဖြစ်နေလို့ပါဘဲ။ လီဖူချန်းက ဒီလက်ဖက်ခြောက် တွေကို တော်တော်များများ ဝယ်ထားပြီး တစ်နေ့ တစ်အိုး သောက်နေတာပါ။

တပည့်တွေ တော်တော်များများက ထောက်ပံ့ရေး ရမှတ်တွေကို ခြစ်ချုတ်ပြီး စုနေရတဲ့ အချိန်မှာတော့ ဒီသကောင့်သားက လက်ဖက်ရည်ကြမ်း သောက်ဖို့အတွက် လုံးပန်းနေပါတယ်။

လီဖူချန်းက လက်ဖက်ရည်ကြမ်း တစ်ခွက်ကို အရသာခံ သောက်လိုက်ပြီး နောက်မှာတော့ ကျေနပ်သွားဟန်ဖြင့်

“အား …  ခေါင်းတစ်ခုလုံးကို ကြည်ရှင်း သွားတာဘဲဟေ့” ဟုတောင် ဟစ်ကြွေး လိုက်ပါ သေးသည်။

“အင်း …  အခုဆိုရင် …  ငါ့ဆီမှာ ထောက်ပံ့ရေး ရမှတ်က ၉သန်းဘဲ ကျန်တော့တာဘဲ။ ငါ ဒီအမှတ်တွေကို ချွေချွေတာတာနဲ့ အကျိုးရှိရှိ သုံးမှ ဖြစ်မယ်"

သူ့ဆီမှာ ထောက်ပံ့ရေး ရမှတ်တွေ မနည်းမနော ကျန်နေ သေးပေမဲ့လည်း သုံးမကုန် ဖြုန်းမကုန်တဲ့ အမှတ် မဟုတ်ဘူး ဆိုတာကို လီဖူချန်းက ကောင်းကောင်းကြီး သိပါတယ်။

ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေလိုမျိုး အခွင့်အရေးက တစ်သက်မှာ တစ်ခါလောက်သာ ရရှိနိုင်တဲ့ အခွင့်အရေး ပါဘဲ။ ဒီလို အခွင့်အရေးက နောက်ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူးလေ။

သူ့ရဲ့ စွမ်းရည်တွေ လုံလုံလောက်လောက် ရှိပြီလို့ ထင်ရတဲ့ အချိန် ကျရင်တော့ လီဖူချန်းက တိုက်ရိုက်အမွေခံ မျှော်စင်ကို သွားပါဦးမယ်။ ဒုတိယ အဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ နောက်ထပ် ပညာရပ်တွေ ယူခွင့် ရဦးမှာလေ။

အဲသည် အတွက်လည်း ထောက်ပံ့ရေး ရမှတ်တွေ ချန်ထားရဦးပါမယ်။ အစစ်အမှန် ပညာရပ်တွေက တစ်ခုကို ထောက်ပံ့ရေး ရမှတ် သိန်းကြီးပိုင်း ရှိသည် မဟုတ်ပါလား။ အထူးသဖြင့် လျှို့၀ှက်နည်းစနစ်တွေပေါ့။

ကြယ်၃ပွင့် လျှို့၀ှက် နည်းစနစ်တစ်ခုက ထောက်ပံ့ရေး ရမှတ် ၅သိန်းလောက်သာ ရှိပေမဲ့ ကြယ်၄ပွင့် လျှို့၀ှက် နည်းစနစ်ဆိုရင် ထောက်ပံ့ရေး ရမှတ် ၅သန်းလောက် ရှိသွားပါပြီ။

ကြယ်၅ပွင့် လျှို့၀ှက် နည်းစနစ်ဆိုရင် ထောက်ပံ့ရေး ရမှတ် သန်း၅၀ ရှိပါတယ်။

အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းတောင်မှ မူလဘူတဓား လျှို့၀ှက် နည်းစနစ်အတွက် နှစ်ပေါင်း ၂၀လောက် စုခဲ့ရတယ် လို့တောင် ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။

ဒေါက် …  ဒေါက် … ဒေါက် …

အပြင်ဘက်ကနေ တံခါးခေါက်သံ တချို့ ထွက်ပေါ်လာတာကြောင့် လီဖူချန်း တစ်ယောက် အတွေး ရေယာဉ်ထဲကနေ ရုန်းထွက် လာခဲ့ပါတယ်။

“ဝင်ခဲ့ပါ "

အနည်းငယ်တော့ ထူးဆန်း နေသလို ပါဘဲ။ သူ့ဆီကို လာလည်စရာ ဧည့်သည်မှ မရှိတာလေ။ တံခါးကို တွန်းဖွင့်ပြီး လူရွယ် တစ်ယောက်က အထဲကို ဝင်လာခဲ့ပါတယ်။

“ညီလေး လီဖူချန်း …  အစ်ကိုက ရှန်ထန်ကျင်းပါ။ ချွမ်စင်းမြို့က ရှန်ကလန် အဖွဲ့ဝင် ဆိုပါတော့"

ထိုလူရွယ်က ပြုံးပြီး လီဖူချန်းကို မိတ်ဆက်တယ်လေ။

“ထိုင်ပါဦး အစ်ကို”

လီဖူချန်းက ရှန်ထန်ကျင်းကို ဖိတ်ခေါ်လိုက်ပါတယ်။

“ကျေးဇူးပါဘဲ ညီလေး”

ရှန်ထန်ကျင်းက လီဖူချန်းနဲ့ မျက်နှာချင်းဆိုင်က ခုံပေါ်မှာ ထိုင်လိုက်ပါတယ်။

လီဖူချန်း အတွက်ကတော့ သူ့ရဲ့ လက်ဖက်ခြောက်ကို ထုတ်ကြွားဖို့ အချိန်ကောင်းပါဘဲ။ သူက တည်ငြိမ်စွာနဲ့ ရှန်ထန်ကျင်း အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်ပါတယ်။ လက်ဖက်ရည်က မြစိမ်းရောင် တောက်နေပြီး ကြည်လင် ရှင်းသန့်လို့ နေပါတယ်။ တစ်ချက် ကြည့်လိုက်တာနဲ့ အကောင်းစား လက်ဖက်ခြောက် ခတ်ထားတယ် ဆိုတာကို သိနိုင်ပါတယ်လေ။

ရှန်ထန်ကျင်းက လက်ဖက်ရည်ကြမ်း ခွက်ကို မလိုက်ပြီး အရသာ ခံလိုက်ပါတယ်။

“ကောင်းလိုက်တဲ့ လက်ဖက်ခြောက် ပါလား …  ညီလေးရာ … ။ ဒါကြောင့်လည်း စိတ်နှလုံး ချမ်းသာ လက်ဖက်ခြောက်လို့ ခေါ်ကျတာကိုး …။ တစ်ငုံလောက် သောက်လိုက်တာနဲ့ ရင်ထဲမှာ တင်းကျပ် နေတာတွေ အကုန်လုံး ယူပစ်သလို ပျောက်သွားတော့ပါဘဲ"

ရှန်ထန်ကျင်းက ဆေးပင် ၁၀၀ လျှို့၀ှက်နယ်မြေကို ဝင်ခွင့် မကြုံခဲ့တဲ့ အတွက် လီဖူချန်းကို ထောက်ပံ့ရေး ရမှတ်တွေ မပေါလှပါဘူး။ သူက အခွင့်အရေး ကြုံနေပြီ ဖြစ်တဲ့အတွက် ကျန်နေတဲ့ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်ပါတယ်။ လီဖူချန်းက နောက်ထပ်တစ်ခွက် ငှဲ့ပေးလိုက်ပြီး

“အစ်ကိုရှန်က ဘယ်လို အကြောင်းနဲ့များ ကျွန်တော့်ဆီကို လာလည်ရတာလဲ "

လီဖူချန်းက လက်ရှိ ရှန်ကလန်နဲ့ လီကလန်ရဲ့ ရင်းနှီးမှုတွေကို သိထားပါတယ်လေ။

ရှန်ထန်ကျင်းက သူလာရခြင်းရဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။

“အတွင်းစည်း တပည့်တွေကတော့ တစ်နှစ်ကို တစ်ကြိမ် ဂိုဏ်းတော်ရဲ့ တာဝန်တွေကို ထမ်းဆောင် ရတယ်လေ။ တိုက်ရိုက် တပည့်တွေ ကတော့ ဂိုဏ်းတာဝန်တွေ ထမ်းဆောင်စရာ မလိုဘဲ ဂိုဏ်းတော်မှာ စိတ်ကြိုက်နေလို့ ရတယ်။ အစ်ကိုက အခု လူတော်တော်များများ မလုပ်ရဲတဲ့ တာဝန်တစ်ခုကို တွေ့ထားတယ်။ သွားဖို့ကလည်း အဖော်မရှိတော့ ညီလေးများ စိတ်ဝင်စားလားလို့ လာမေးတာပါ။ တာဝန်ကတော့ နတ်ဘုရားလေ ဂိုဏ်းခွဲ ဒါမှမဟုတ် သွေးကွန်ချာ ဂိုဏ်းခွဲနဲ့ ပူးပေါင်းပြီး မိစ္ဆာတာအို လမ်းစဉ်ကို လေ့ကျင့်တဲ့ မကောင်းဆိုးဝါး ဂိုဏ်းတစ်ခုကို ရှင်းလင်းရမှာလေ။ မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ အကြွင်းအကျန် မျိုးဆက်လေးတွေ ပါဘဲ"

“မကောင်းဆိုးဝါး လက်သီး ဂိုဏ်းက မိစ္ဆာလမ်းစဉ်ကို လေ့ကျင့်တဲ့ သူတွေလား "

လီဖူချန်းက ဦးနှောက်ကို နည်းနည်း အလုပ်ပေးလိုက်ပါတယ်။ မိစ္ဆာလမ်းစဉ်ကို လိုက်စားတဲ့ လူတွေက အမြဲတမ်း လူ့လောကကြီးကို ဖျက်ဆီးဖို့ စဉ်းစားနေတဲ့ လူတွေပါဘဲ။

ကောင်းကင် နတ်ဆိုးဂိုဏ်းက လူတွေက စိတ်ထင်ရာ လုပ်နေပေမဲ့လည်း သူတို့ကို မိစ္ဆာလမ်းစဉ်ကို လိုက်စားတဲ့ လူတွေလို့ သတ်မှတ်လို့ မရသေးပါဘူး။ သူတို့ သူတို့ မနှစ်သက်တဲ့ လူတွေကို သတ်ပစ်တာ လောက်ဘဲ လုပ်တာပါ။

ဒီမကောင်းဆိုးဝါး ဂိုဏ်းသားတွေရဲ့ လေ့ကျင့်နည်းတွေကတော့ လုံးဝကို လူမဆန်ဘဲ အောက်တန်းကျ ရက်စက်ယုတ်မာပါတယ်။ ဥပမာ သွေးစုပ်တဲ့ ကျင့်စဉ်ပေါ့။ လူတွေဆီက သွေးတွေကို ပိုများများ စုပ်ယူနိုင်လေလေ သူတို့ရဲ့ ကျင့်ကြံမှုက ပိုမြန်လာလေလေ ပါဘဲ။ ထိပ်သီး သိုင်းပညာရှင် တစ်ယောက်ဆီက သွေးတွေကို စုပ်ယူနိုင်မယ် ဆိုရင် ပိုပြီးတော့ကို မြန်လာဦးမှာပါ။ ဒါက တကယ့် ဖြတ်လမ်း ကျင့်စဉ်တစ်ခုပါဘဲ။

မိန်းမပျိုလေးတွေဆီက ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်နဲ့ ပြန်သန့်စင်တဲ့ မိစ္ဆာ ကျင့်စဉ်တွေလည်း ရှိပါသေးတယ်။ မရေမတွက် နိုင်တဲ့ မိန်းမပျိုလေးတွေဟာ ဒီမိစ္ဆာကောင်တွေရဲ့ သားကောင် ဖြစ်ပြီး ကြွေလွင့် ခဲ့ရပါတယ်။

မကောင်းဆိုးဝါး လက်သီး ဂိုဏ်းကတော့ တကယ်ကို ကြောက်စရာ ကောင်းတဲ့ ဂိုဏ်း ဖြစ်ပါတယ်။

အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဖြစ်ခဲ့တဲ့ တတိယ ဂိုဏ်းပေါင်းစုံ စစ်ပွဲတုန်းကတောင် မကောင်းဆိုးဝါး လက်သီးဂိုဏ်းက ပါခဲ့ပါသေးတယ်။

စစ်ပွဲအပြီးမှာတော့ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ထိပ်သီး တော်တော်များများက သေဆုံး သွားခဲ့တာကြောင့် ပြိုကွဲလုနီးပါး ဖြစ်ပြီး ဇာတ်မြှုပ် သွားကျတယ်လေ။ အဖွဲ့သားတွေ ကတော့ ဒေသ အသီသီးကို ပျံ့သွားကြပြီး အရိပ်တွေသဖွယ် ပုန်းခိုနေကျတယ်လေ။

လူတွေကတော့ တကယ်လို့သာ စတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ စစ်ပွဲ ဖြစ်လာမယ် ဆိုရင် တရားခံက မကောင်းဆိုးဝါး လက်သီးဂိုဏ်းကြောင့်ဘဲ ဖြစ်ရမယ်လို့ ခန့်မှန်းထားပါတယ်။

“ဟုတ်ပြီလေ …  ကျွန်တော်တို့ နတ်ဘုရားလေ ဂိုဏ်းခွဲကို သွားကျတာပေါ့"

မိုးပြာရောင် ဂိုဏ်းမှာက ဂိုဏ်းခွဲတွေ အများကြီး ရှိပါတယ်။ နတ်ဘုရား လေအဖွဲ့ကလည်း အဲသည် ဂိုဏ်းခွဲတွေထဲက တစ်ခု အပါအဝင် ပါဘဲ။သူတို့က မိုးပြာရောင် ဂိုဏ်းရဲ့ လုံခြုံရေးပိုင်းကို တာဝန် ယူရတာပါ။ သူတို့က ရန်သူတွေကို စုံစမ်း ထောက်လှမ်းတဲ့ အပိုင်းနဲ့ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေကို ဖြိုဖျက် ရတယ်လေ။

ရှန်ထန်ကျင်းကတော့ ပြုံးပြီး နောက်ထပ် လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့နေပါတယ်။

နတ်ဘုရားလေ ဂိုဏ်းခွဲရဲ့ ဌာနချုပ်ကလည်း မိုးပြာရောင် ဂိုဏ်းထဲမှာ ရှိနေတာပါဘဲ။ သူတို့က ဌာနချုပ်ကို အရင်ဆုံး သွားပြီး ခွင့်ပြုမိန့် တောင်းရသေးတယ်လေ။

တိုက်ရိုက် တပည့်တွေရဲ့ အဆင့်အတန်းကို လေးစားတဲ့ အတွက် ဌာနချုပ်က သူတို့ကို ခွင့်ပြုလိုက်ပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ အဖွဲ့ခွဲ၇မှာပါ။

သည်လိုနဲ့ နောက်တစ်နေ့ မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ မားရှန်မြင်း ကိုယ်စီနဲ့ နတ်ဘုရားလေ ဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ၇ကို ဦးတည်သွားခဲ့ ကျပါပြီ။

အဖွဲ့ခွဲ၇ကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။

“အား … ယား …  သည်ကောင်တွေက တော်တော်လေးကို လူမဆန်တာဘဲ။ တစ်ရွာလုံးကိုတောင် တစ်ယောက် မကျန် သတ်သွားသေးတယ်"

မြောက်ဘက်ပိုင်းနဲ့ နီးလာလေလေ အခြေအနေတွေက ပိုပြီး ပရမ်းပတာ ဖြစ်လေလေပါဘဲ။ တောင်ဘက်ပိုင်းနဲ့ ယှဉ်လိုက်ရင်တော့ နတ်ပြည်နဲ့ ငရဲပြည် ကွာခြားသလိုကို ကွာခြားပါတယ်။

“ဘယ်လိုလုပ် သည်နေရာက ပရမ်းပတာ ဖြစ်ချင်တိုင်း ဖြစ်နေရတာလဲ"

လီဖူချန်းက လုံးဝ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ ရှန်ထန်ကျင်းက အတွေ့အကြုံ ရင့်ကျက်တဲ့သူ ဖြစ်တဲ့ အတွက် ကောင်းကောင်းကြီး ရှင်းပြ နိုင်ပါတယ်။

"မိုးပြာရောင်ဂိုဏ်းရဲ့ အနောက် မြောက်ဘက်မှာက ကောင်းကင် နတ်ဆိုးဂိုဏ်း ၊ အရှေ့ မြောက်ဘက်မှာက ဝိညာဉ်ကဝေဂိုဏ်း ရှိတယ်လေ။ ဒီဘက်ပိုင်းတွေက မိစ္ဆာတာအို လမ်းစဉ် ပညာရှင်တွေ အတွက်တော့ တကယ့် စားကျက်ဘဲ။ မိုးပြာရောင်ဂိုဏ်းက စစ်တပ်တွေ ရောက်လာပြီ ဆိုတာနဲ့ သူတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းပိုင်နက် ဒါမှမဟုတ် ဝိညာဉ်ကဝေဂိုဏ်း ပိုင်နက်ထဲကို ပြေးသွားလိုက်ရုံဘဲလေ။မိုးပြာရောင်ဂိုဏ်းကလည်း သူများ ပိုင်နက်ထဲကို ဝင်ဖမ်းခွင့် မရှိဘူး ညီလေး“

လီဖူချန်းက နားလည်သဘောပေါက်တဲ့ အတွက် ခေါင်းညိတ် ပြလိုက်ပါတယ်။ ဒီစောက်ရူးတွေက အပြစ်မရှိတဲ့ အားနည်းတဲ့ လူတွေ အပေါ်မှာသာ အနိုင်ကျင့် သတ်ဖြတ် ရဲသည့် ပုံပါဘဲ။

“ဒီမိစ္ဆာကောင် အယုတ်တမာတွေ။ သည်လို  ကောင်မျိုးတွေကို မရရအောင် ရှာပြီး သတ်ပစ်မယ်"

လီဖူချန်းက မရည်ရွယ်ဘဲ သူ့ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လွှတ် လိုက်မိပါတယ်။ ရှန်ထန်ကျင်းက လီဖူချန်းကို ကြည့်ပြီး သုံးသပ် လိုက်ပါတယ်။

'ညီလေး ဖူချန်းက တကယ်ကို ပြင်းထန်တဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပိုင်ဆိုင် ထားတာဘဲ။ ဒါပေမဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေနဲ့ တွေ့ရင် အရမ်းလောလို့ မကောင်းဘူး။ မင်းတစ်ချက် သတိ လစ်လိုက်တာနဲ့ သေသွားနိုင်တယ်'

***

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ သူတို့ဟာ နတ်ဘုရား လေဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ၇ကို ရောက်လာခဲ့ပါပြီ။ အဖွဲ့ခွဲ၇က စကျင်ကျောက်တုံး အကြီးကြီးတွေနဲ့ တည်ဆောက် ထားတဲ့ စံအိမ်ကြီး တစ်ခုပါဘဲ။ စံအိမ်ကြီးရဲ့ အပြင်ဘက်မှာတော့ ဂိုဏ်းသား အဖွဲ့ငယ်လေးတွေက ကင်းလှည့် နေပါတယ်လေ။

ဒီဂိုဏ်းသားတွေ အကုန်လုံးကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေပါပြီ။ သူတို့ထဲက တစ်ယောက်မှ လူသားနယ်ပယ်မှာ ရှိမနေပါဘူး။ ဒါပေမဲ့ သူတို့ အားလုံးက အသက် ကြီးနေကျပါပြီ။

မိုးပြာရောင် ဂိုဏ်းမှာက မရေမတွက်နိုင်တဲ့ အတွင်းစည်း ပညာသင် တပည့်တွေ ရှိနေတယ်လေ။ သူတို့က ဘယ်တော့မှ တရားဝင် တပည့်တွေ ဖြစ်လာတော့မှာ မဟုတ်ဘူး ဆိုတာကို သိသွားတဲ့ နောက်မှာတော့ သူတို့က မိုးပြာရောင် ဂိုဏ်းရဲ့ စစ်တပ်ထဲကို ဝင်ပြီး ဂိုဏ်းခွဲ တပည့်တွေ အဖြစ် တာဝန် ထမ်းဆောင် ကျပါတယ်။

“ဘယ်သူတွေလဲဟေ့ …  ဒါက နတ်ဘုရား လေဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ၇ကွ"

အဖွဲ့ခွဲက တပည့်တစ်စုက လီဖူချန်းတို့ကို တားလိုက်ပါတယ်။ ရှန်ထန်ကျင်းက သူ့ရဲ့ ကိုယ်ပိုင် တိုက်ရိုက် တံဆိပ်တော်နဲ့ အဖွဲ့ခွဲ၇မှာ တာဝန်ကျတဲ့ အမိန့်တော် စာချွန်လွှာကို ထုတ်ပြလိုက်ပြီး …

“ငါတို့က မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေဘဲ။ အဖွဲ့ခွဲ၇မှာ တာဝန်ကျလို့ လာခဲ့တာ"

“အိုး …  တိုက်ရိုက် တပည့် အစ်ကိုတော်တွေ ပါလား”

တားလိုက်တဲ့ လူစုက လန့်ဖြန့်သွားပါတယ်။ တိုက်ရိုက်တပည့် ဆိုတာက ထူးကဲတဲ့ အဆင့်အတန်း ရှိပြီး ဂိုဏ်းခွဲက တပ်မှုးတွေကိုတောင် ဂရုစိုက်စရာ မလိုတဲ့ သူတွေပါ။ ဒါပေမဲ့ သူတို့က အဖွဲ့ခွဲ၇ကို တာဝန် ကျလာပြီ ဆိုတော့ အဖွဲ့ခွဲ၇မှာ ရှိနေသေးသမျှ အဖွဲ့ခွဲ၇ရဲ့ တပ်မှုးတွေရဲ့ အမိန့်ကို နာခံ ရပါလိမ့်မယ်။

ထို့နောက်မှာတော့ လီဖူချန်းတို့ဟာ မည်သည့် အတားအဆီးမျိုးကိုမှ မခံရတော့ဘဲ အဖွဲ့ခွဲ၇ရဲ့ အထွေထွေ ခန်းမထဲကို ရောက်ရှိ လာပါတော့တာတယ်။

အထွေထွေ ခန်းမရဲ့ ရှေ့မှာတော့ ကျောက်နံရံကြီး တစ်ခုရှိနေပြီး ထိုအပေါ်မှာတော့ နာမည်တွေနဲ့ ဂဏန်းတွေ ရှိနေတယ်လေ။

“ဒါက မုဆိုး စာရင်းဘဲ ညီလေးဖူချန်း …  တိုက်ရိုက် တပည့်တွေဘဲ ဒီစာရင်းထဲမှာ ပါဝင်ခွင့်ရှိတာ။ ဒီစာရင်းရဲ့ ထိပ်ဆုံးက လူတွေကတေ့ာ ရွှေအဆင့် တိုက်ရိုက် တပည့်တွေဘဲ "

ရှန်ထန်ကျင်းက လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။

လီဖူချန်းက ရှန်ထန်ကျင်းရဲ့ ရှင်းပြမှုကြောင့် သဘော ပေါက်သွား ခဲ့ပါပြီ။

***

All Chapters