ရတနာဂူ
Vol. 27 Ch. 368
ကျူကုန်းကုန်းက နန်ရှင်းတစ်ကို ကိုက်နေစဥ် ယဲ့ချန်က ကျောက်တုံးအခန်းတစ်ခုသို့ ဝင်ရောက်သွားပြီဖြစ်သည်။ သူ၏ရှေ့ရှိကြမ်းပြင်ကို တလက်လက်တောက်ပနေသော ရတနာကော်ဇောကြီးတစ်ချပ် ခင်းကျင်းထားသည်။
"များလိုက်တဲ့ရတနာတွေ။ ဝိညာဥ်ကျောက်တွေ မနည်းပါလား"
ယဲ့ချန်က ခဏတာမျှ အသက်ရှူရပ်သွားခဲ့သည်။ အခန်းတွင်း၌ ဝိညာဥ်ကျောက်များက တောင်တစ်လုံးကဲ့သို့ ပုံလျက်သားရှိနေသည်။ ၎င်းထို့အထဲတွင် လည်ဆွဲများနှင်လက်ပတ်များကဲ့သို့ သန့်စင်ပြီးရတနာများလည်း ရှိနေသည်။ သူက အလွန်အမင်းအံ့သြနေပြီး ဝိညာဥ်ကျောက်များအပြင် မည်သည့်ကုန်ကြမ်းများနှင့် ပြုလုပ်ထားကြောင်း မသိရသော ရတနာပေါင်းစုံကိုလည်း တွေ့ခဲ့ရသည်။ ရတနာပုံကြီးက အခန်းတွင်း၌ပြည့်ကျပ်နေပြီး အချင်းမီတာအနည်းငယ်ပင် ရှိသည်။
ဤနေရာရှိ ဝိညာဥ်ကျောက်စိမ်းတစ်ခုချင်းစီက အပြင်ကမ္ဘာတွင် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကာ အရေအတွက် ထောင်နှင့်ချီပေသည်။ ၎င်းတို့အားလုံးကို လေလံတင်ရောင်းချလိုက်လျှင် ရရှိလာမည့်ငွေကြေးက အလယ်အင်ပါယာတစ်ခုလုံးကို ဝယ်ယူနိုင်လောက်သော ပမာဏပင်ဖြစ်သည်။
"မိုက်တယ်ဟေ့။ ဒီဝိညာဥ်ကျောက်စိမ်းတွေကို ရောင်းလိုက်ရင် ထောင်ချီဓားအစီအရင်တွေ ထပ်ဝယ်လို့ရပြီ"
ယဲ့ချန်က ကောင်းကင်ချီကိုအသက်သွင်း၍ ဝိညာဥ်ကျောက်စိမ်းအားလုံးကို သိမ်းဆည်းလိုက်သည်။ ၎င်းတို့က လက်မောင်းကာအတွင်းရှိနယ်မြေ၌ တောင်တစ်လုံးပမာ စုပုံရောက်ရှိသွားခဲ့သည်။ ကျောက်တုံးခန်းအတွင်းရှိ ရတနာအားလုံးက ယဲ့ချန်လက်ချက်နှင့် အပ်တိုတစ်ချောင်းပင်မကျန်အောင် ပြောင်သလင်းခါသွားခဲ့သည်။
"နောက်တစ်ခန်း"
ယဲ့ချန်က ကျောက်တုံးခန်းအတွင်းမှ ဒရောသောပါးပြေးထွက်လာပြီး ဒုတိယအခန်းထံ ဦးတည်လိုက်သည်။
ထိုအချိန်တွင် ကျူကုန်းကုန်းနှင့်နန်ရှင်းတစ်ကြားရှိ တိုက်ပွဲက အလွန်ပြင်းထန်နေခဲ့သည်။ ကျူကုန်းကုန်းက တစ်ဖက်လူကို ခေါင်းမာစွာ ကိုက်ထားသည်။ နန်ရှင်းတစ်က သူ့ကိုခါချရန် ကြိုးစားနေရင်း နာကျင်လွန်းသဖြင့် အော်ဟစ်နေရသည်။ သူ၏အရေပြားက ထူထပ်မာကျောသော်လည်း ကျူကုန်းကုန်း၏သွားများက အစွမ်းထက်လွန်းလှသည်။ နန်ရှင်းတစ်မှာ နာကျင်လွန်းသဖြင့် မျက်ရည်များ စီးကျလာသည်။ တစ်ကြိမ်တွင် သူ၏လက်က ကျူကုန်းကုန်း၏အမြီးကို ရုတ်တရက်ဖမ်းဆုပ်မိလိုက်သည်။
"ငါ့ကို လွှတ်ပေးစမ်း"
နန်ရှင်းတစ်က ကျူကုန်းကုန်း၏အမြီးကို အပြင်းအထန် ဆောင့်ဆွဲလိုက်သည်။
"ငါ့အမြီးကို လွှတ်စမ်း"
ကျူကုန်းကုန်းမှာ နာကျင်နေသော်လည်း ပါးစပ်ကိုမဟရဲသောကြောင့် လည်ချောင်းမှထွက်ပေါ်လာသော ဝမ်းခေါင်းသံကြီးနှင့် ပြောလိုက်သည်။
"မင်း အရင်ဆုံးလွှတ်"
"မင်း အရင်လွှတ်။ မင်းလွှတ်ရင် ငါ လွှတ်ပေးမယ်"
"ငါ မင်းရဲ့လှည့်ကွက်တွေကို မယုံဘူး"
နန်ရှင်းတစ်က ကျူကုန်းကုန်း၏အမြီးကို အငြိုးနှင့်ဆောင့်ဆွဲနေသည်။ ကျူကုန်းကုန်းကလည်း နာကျင်လွန်းသဖြင့် လက်စားချေရန် နန်ရှင်းတစ်ကို အားရပါးရကိုက်ချလိုက်သည်။
"အား ..."
အသည်းခိုက်လောက်သော နာကျင်မှုက နန်ရှင်းတစ်၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"မင်းပါးစပ်ကို လွှတ်စမ်း။ ငါ့အသားတွေ ပြတ်ထွက်တော့မယ်"
"ငါ့အမြီးကို အရင်လွှတ်ပေးရင် မင်းကို မကိုက်တော့ဘူး"
"မင်းစကားကိုယုံရအောင် ငါ့ကို ဝက်ထင်နေတာလား"
နန်ရှင်းတစ်က ဒေါသူပုန်ထနေသည်။
"မင်းက ဝက်တွေကို စော်ကားနေတာလား"
ကျူကုန်းကုန်းက အားပိုထည့်ကာ ကိုက်လိုက်သဖြင့် နန်ရှင်းတစ်၏အော်သံက ပို၍ ကျယ်လောင်လာခဲ့သည်။
"အတူတူလွှတ်မယ်"
"သဘောတူတယ်"
နောက်ဆုံးတွင် ကျူကုန်းကုန်းနှင့်နန်ရှင်းတစ်က လူချင်းကွဲသွားခဲ့သည်။ နန်ရှင်းတစ်က သူ၏ခန္ဓာကိုယ်ကို မျက်ရည်များနှင့်ပွတ်သပ်နေစဥ် ကျူကုန်းကုန်းက မြေပြင်တွင် လူးလှိမ့်နေသည်။ သူ၏အမြီးက ပြတ်ထွက်လုနီးပါးနာကျင်မှုကို ခံစားနေရသည်။
ထို့နောက် သူက ကျောက်တုံးအခန်းများထံ ထွက်ပြေးသွားခဲ့ပြီး တစ်ခန်းက ဗလာဖြစ်သွားကြောင်း သိလိုက်ရသည်။ ကျူကုန်းကုန်းက အသတ်ခံရသည်ထက်ပင် ပို၍ ရင်နာသွားကာ အားကုန်အော်ဟစ်လိုက်သည်။
"ငါ့ရတနာလေးတွေ"
"သောက်ဝက် ဘယ်ပြေးမလို့လဲ"
ထိုအချိန်တွင် နန်ရှင်းတစ်က သူ၏ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့်ကာထားရင်း ကျူကုန်းကုန်းကို အနောက်မှခုန်အုပ်လိုက်သည်။ ထို့နောက် သူက ကျူကုန်းကုန်းလွတ်ထွက်မသွားစေရန် အားကုန်ဖက်ထားလိုက်သည်။
ယဲ့ချန်သည် ဒုတိယကျောက်တုံးခန်းအတွင်း ရောက်သောအခါ ဝိညာဥ်လက်နက်များ လေထဲတွင် မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အထဲတွင် ဓားများ၊ လှံများ၊ ဆူးချွန်များနှင့် ကာကွယ်ရေးရတနာများပါဝင်ပြီး တစ်ချင်းစီက တောက်ပလင်းလက်နေသည်။ ၎င်းတို့က သာမန်မဟုတ်ကြောင်းကို သာမန်လူတစ်ယောက်ပင် ကြည့်ရုံနှင့်ပြောနိုင်သည်။ အားလုံးက အနည်းဆုံးအဆင့်ခုနစ်ဖြစ်နိုင်ပြီး အချို့က အဆင့်ကိုးပင်ဖြစ်နေနိုင်သည်။ အဆင့်ခုနစ်လက်နက်များကပင် အဖိုးတန်နေပြီဖြစ်သောကြောင့် ယဲ့ချန်က လက်နှေးမနေဘဲ ချက်ချင်းသိမ်းယူလိုက်သည်။ ဝိညာဥ်လက်နက်ဆယ်ခုကျော်က ယဲ့ချန်၏လက်မောင်းကာအတွင်း ရောက်ရှိသွားကြသည်။
"ယဲ့ချန် ရတနာတစ်ခု ကျန်သေးတယ်"
အခန်းအတွင်းရှိ လက်နက်အားလုံးကို သိမ်းယူပြီးနောက် ယဲ့ချန်က အခန်းအတွင်းမှထွက်ခွာရန် ပြင်လိုက်စဥ် ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာသည်။
"ဘာရတနာလဲ"
ယဲ့ချန်က အခန်းလွတ်ကြီးကိုသာ မြင်နေရသောကြောင့် ဇဝေဇဝါဖြစ်သွားခဲ့သည်။
"မင်းရဲ့ဝိညာဥ်အသိစိတ်နဲ့ သေချာအာရုံစိုက်ပြီး ရှာကြည့်လိုက်"
ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ ပုန်းကွယ်နေသော အဖိုးတန်ရတနာတစ်ခု ဒုတိယကျောက်တုံးအခန်းအတွင်း ရှိနေခဲ့သည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောအခါ မျက်လုံးများတွင် ခရမ်းရောင်မီးများ တောက်လောင်လာသည်။ သူက ဂရုတစိုက်စစ်ဆေးဘလိုက်သောအခါ လေထဲတွင် ရတနာတစ်ခု ဖြည်းညင်းစွာရုပ်လုံးပေါ်လာသည်။ ၎င်းက လေးငါးမီတာရှည်ပြီး အဆက်များနှင့်ဖန်တီးထားသော ငွေဖြူရောင်သံကြိုးတစ်ချောင်းဖြစ်ပြီး အစွန်းတစ်ဖက်စီတွင် ထက်ရှသော လှံသွားများ တပ်ဆင်ထားသည်။
"ဒါက ဘာကြီးလဲ"
ယဲ့ချန်က တအံ့တသြမေးလိုက်သည်။ သူက သာမန်မျက်လုံးဖြင့်မမြင်နိုင်သော ရတနာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဝိညာဥ်အသိစိတ်ဖြင့်သာ မြင်နိုင်သောကြောင့် ၎င်းက အလွန်ဆန်းကျယ်နေသည်။
"ယဲ့ချန် မင်းက တကယ့်ကိုဗဟုသုတနည်းတာပဲ။ ဒါက မနော(မနော=စိတ်) လက်နက်တစ်ခုကွ"
ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။
"မနောလက်နက် ဟုတ်လား"
ယဲ့ချန်က ရေရွတ်လိုက်သည်။
"ဒီမနောလက်နက်က အဆင့်ကိုးဖြစ်နိုင်တယ်။ ဒီကောင်ရဲ့တန်ဖိုးက မင်းမှာရှိသမျှ ဝိညာဥ်လက်နက်စုစုပေါင်းရဲ့တန်ဖိုးနဲ့ ညီတယ်"
"ဒီလောက်တောင် အဖိုးတန်တာလား"
ယဲ့ချန်ထံတွင် အဆင့်ငါးဝိညာဥ်လက်နက် ငါးသောင်းနှင့် များစွာသော အဆင့်ခုနစ်၊ရှစ်၊ကိုးဝိညာဥ်လက်နက်များ ရှိသည်။ ဤမျှများသော ရတနာများ၏တန်ဖိုးက မနောလက်နက်တစ်ခုနှင့် တူညီနေသည်။
"မနောလက်နက်တွေကို ကောင်းကင်သားရဲနတ်ဘုရင်တွေသာ မြင်နိုင်တယ်။ ဒီလက်နက်က ရုပ်ခန္ဓာကို မထိခိုက်နိုင်ပေမယ့် ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်နိုင််တယ်။ နတ်ဘုရင်တစ်ယောက်ရဲ့ဝိညာဥ်တောင် မနောလက်နက်နဲ့တိုက်ခိုက်ခံလိုက်ရရင် မချိမဆန့်ခံစားသွားရလိမ့်မယ်။ ကုန်ကြမ်းတွေကအရမ်းရှားပါးလို့ မနောလက်နက်တစ်ခု သွန်းလုပ်ဖို့ဆိုတာ အလွန်ခက်ခဲတယ်။ ဒါကိုပြုလုပ်ဖို့ မရေမတွက်နိုင်တဲ့ ဝိညာဥ်ကျောက်သိမ်းတွေနဲ့ သန့်စင်ပေးဖို့လည်းလိုအပ်တယ်"
ခြင်္သေ့ကြီးက မနောလက်နက်၏အသုံးဝင်ပုံကို ရှင်းပြလိုက်သည်။
"ဒါဆိုရင် မနောလက်နက်က ကောင်းကင်သားရဲနတ်ဘုရင်တွေကိုဆန့်ကျင်ဖို့ ပြုလုပ်ထားတာလား"
ယဲ့ချန်က စပ်စုလိုက်သည်။
"မှန်တယ်။ မနောလက်နက်တစ်ခုပြုလုပ်ဖို့ အရမ်းကြာတယ်။ အဆင့်တစ် မနောလက်နက်တစ်ခုကိုတောင် ရှာတွေ့ဖို့ အရမ်းရှားပါးလို့ အဆင့်ကိုးဆိုရင် ပြောမနေနဲ့တော့"
ခြင်္သေ့ကြီး၏ သတိပေးမှုကြောင့်သာမဟုတ်လျှင် ယဲ့ချန်က မနောလက်နက်ကို ရှာတွေ့မည်မဟုတ်ပေ။ သူက ဝိညာဥ်အသိစိတ်ဖြင့်စစ်ဆေးလျှင်ပင် သေချာအာရုံစိုက်ထားခြင်းမရှိပါက ၎င်းကို ရှာတွေ့နိုင်ခြင်းမရှိပေ။
"ဒီရတနာကအလွန်ရှားပါးပြီး ကောင်းကင်သားရဲတွေရဲ့ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်။ ကောင်းကင်သားရဲနတ်ဘုရင်တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ဒါက သေစေနိုင်တဲ့ ဝှက်ဖဲတစ်ခု ဖြစ်လာလိမ့်မယ်"
ယဲ့ချန်က ပျော်ရွှင်စွာဖြင့် မနောလက်နက်ကို ဝိညာဥ်အသိစိတ်နှင့် လွှမ်းခြုံလိုက်သည်။ ထို့နောက် ငွေရောင်သံကြိုးက သူ့ထံ ပျံသန်းလာခဲ့သည်။ သူက လေထဲသို့ဖမ်းယူလိုက်သော်လည်း ၎င်း၏တည်ရှိမှုကို ခံစားနေရသည်။ ၎င်းကမမြင်ရသော်လည်း ထွက်ပေါ်လာသော အေးစက်စက်စွမ်းအင်ကို ကိုင်ဆောင်ထားသူက သိနိုင်သည်။ ထို့အပြင် သာမန်လက်နက်များကို ကိုင်ဆောင်ထားရသည်နှင့် မခြားပေ။
ယဲ့ချန်က လက်ထဲသို့ မျက်စိနှင့်ငုံ့ကြည့်လိုက်သောအခါ ငွေရောင်သံကြိုးကို မမြင်ရပေ။
"မနောလက်နက်က တကယ့်ကိုအစွမ်းထက်တယ်"
ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်တစ်စနှင့် လက်နက်ကို ဆက်သွယ်လိုက်သည်။ ၎င်းတို့က ဆက်နွယ်သွားသည်နှင့်တပြိုင်နက် ယဲ့ချန်နှင့်ငွေသံကြိုးကြားတွင် ဖျော့တော့သော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ချန်၏အတွေးတစ်ချက်တွင် ငွေသံကြိုးက အသက်ဝင်လာသော မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ မနောလက်နက်တစ်ခုကို ဝိညာဥ်အသိစိတ်နှင့် ထိန်းချုပ်တိုက်ခိုက်နိုင်ပေသည်။
"တော်တော်ကောင်းတဲ့ လက်နက်ပါလား"
ယဲ့ချန်က ငွေသံကြိုးကိုလည်း လက်မောင်းကာအတွင်း ထည့်သွင်းလိုက်သည်။ နောက်ဆုံးကျောက်တုံးအခန်းအတွင်း၌ မည်သည့်ရတနာများရှိနေမည်ကို သူက အလွန်သိချင်လာသည်။ နောက်ဆုံးအခန်းက ကျန်အခန်းများအောက်သေးငယ်ပြီး ကနုတ်ပန်းထွင်းသေတ္တာများတင်ထားသော စားပွဲပုလေးများကိုသာ သပ်သပ်ရပ်ရပ် စီတန်းထားသည်။ သေတ္တာအရေအတွက်က တစ်ရာကျော်ပြီး မျက်နှာပြင်တွင် ဖုန်များ ထူထပ်စွာရှိနေသည်။
"သေတ္တာထဲမှာ ဘာတွေရှိနေမလဲ"
ယဲ့ချန်က သေတ္တာတစ်ခုကို ကျပန်းရွေးချယ်၍ ဖွင့်လိုက်သောအခါ ရွှီးခနဲမြည်သံတစ်ခုနှင့်အတူ အနီရောင်အငွေ့များ ပန်းထွက်လာသည်။ ၎င်းက အဆိပ်များဖြစ်နိုင်သောကြောင့် သူက အသက်အောင့်ပစ်လိုက်သည်။
"ယဲ့ချန် စိတ်မပူနဲ့။ ဒါက အဆိပ်ငွေ့မဟုတ်ဘူး။ ဆေးအငွေ့တွေ။ ရှူမိလည်း ဘာမှမဖြစ်ဘူး"
ခြင်္သေ့ကြီးက ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က အသက်အောင့်ခြင်းကိုရပ်တန့်၍ သေတ္တာအတွင်း စစ်ဆေးလိုက်သောအခါ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ဆရာ ဒါက ဘာလို့ဗလာဖြစ်နေရတာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒီသေတ္တာတွေထဲမှာ ဆေးလုံးတွေသိမ်းဆည်းထားတာ ဖြစ်ရမယ်။ အချိန်ကြာလာတော့ ဆေးလုံးတွေက အငွေ့ပျံသွားလောက်ပြီ"
"ဒါဆိုရင် ဒီသေတ္တာတွေရဲ့သက်တမ်းက ဘယ်လောက်တောင်ရှိနေမလဲ"
ဆေးလုံးများ အငွေ့ပျံသွားရန်အတွက် အလွန့်အလွန်ရှည်ကြာသော အချိန်ကာလတစ်ခု လိုအပ်သည်။
"ငါ့အထင် နှစ်တစ်သောင်းကျော်လောက်တယ်"
ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန် မျက်ခုံးပင့်လိုက်မိသည်။ ၎င်းတို့က သက်တမ်းနှစ်သောင်းချီနေပြီဖြစ်သောကြောင့် အငွေ့ပျံသွားခြင်းက အဆန်းမဟုတ်တော့ပေ။ သို့သော် သေတ္တာများက အလွန်မာကျောပုံပေါ်ပြီး နှစ်သောင်းချီကြာသည့်တိုင်အောင် ပျက်စီးမသွားခဲ့ပေ။ ထို့ကြောင့် သူက ဤသေတ္တာများကိုလည်း အလွတ်မပေးဘဲ ယူဆောင်လိုက်သည်။ ထို့နောက် သူက သေတ္တာများကို တစ်ခုပြီးတစ်ခုဖွင့်လိုက်သောအခါ တရွှီးရွှီးမြည်သံများနှင့်အတူ ဆေးငွေ့များစွာ ထွက်ပေါ်လာသည်။ အငွေ့များက ဆေးလုံးများမှ ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ရှည်ကြာလွန်းသော သက်တမ်းကြောင့် အာနိသင် များစွာမရှိတော့ပေ။
နောက်ဆုံးတွင် ယဲ့ချန်က သေတ္တာတစ်ခုအတွင်း၌ ဆေးလုံးတစ်လုံးရှိနေသည်ကို မြင်လိုက်ရသောကြောင့် မျက်လုံးများ တောက်ပသွားခဲ့သည်။ အနက်ရောင်ဆေးလုံးမှ ထွက်ပေါ်လာသော ဆေးနံပြင်းပြင်းက ယဲ့ချန်၏နှာခေါင်းဝသို့ ရောက်လာသောကြောင့် ယစ်မူးသွားသယောင် ခံစားလိုက်ရသည်။
"ဆရာ ဒါက ဘာဆေးလဲ"
"ဒါ.. ဒါက ချီအသွင်ပြောင်းဆေးလုံးပါလား။ ယဲ့ချန် မင်း တော်တော်ကံကောင်းတယ်။ ဒီဆေးလုံးကိုစားလိုက်ရင် မင်းရဲ့ကျင့်ကြံဆင့်က ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့် မဟုတ်သေးဘူး ထိပ်ဆုံးအဆင့်ကိုတောင် ရောက်သွားနိုင်ချေရှိတယ်။ ဆိုးတာတစ်ခုက ဒီဆေးမှာ ဝိညာဥ်အပေါ် အာနိသင်မရှိဘူး"
ခြင်္သေ့ကြီးက တစ်လုံးချင်းဖြေလိုက်သည်။
ယဲ့ချန်က ဆေးလုံး၏အဆင့်ကို သိလိုစိတ်ဖြစ်သွားခဲ့သည်။ ၎င်းက ဝိညာဥ်စစ်သည်တော်၏ကျင့်ကြံဆင့်ကို မမြှင့်ပေးနိုင်သော်လည်း အလွန်အဖိုးတန်သော ဆေးအမျိုးအစားတစ်ခုဖြစ်သည်။ ဆန်းကျယ်ဝိဇ္ဇာများက အဆင့်ငယ်တစ်ဆင့် တက်ရောက်နိုင်ရန် နှစ်ပေါင်းဆယ်ချီ ကျင့်ကြံရသည်။ ထို့ကြောင့် ချီအသွင်ပြောင်းဆေးက ယဲ့ချန်ကို နတ်ဝိဇ္ဇာအဆင့်သို့ရောက်ရန် လိုအပ်သော အချိန်ပမာဏကို များစွာလျှော့ချပေးနိုင်လေသည်။
ယဲ့ချန်က ချီအသွင်ပြောင်းဆေးကို လုံခြုံစွာသိမ်းဆည်းပြီးနောက် ကျန်သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်လိုက်သည်။ သေတ္တာတစ်ရာကျော်တွင် ယဲ့ချန်က နောက်ထပ်ဆေးလေးလုံးရရှိခဲ့သည်။
"ဒီအညိုရောင်ဆေးနှစ်လုံးက မှော်သားရဲတွေကို နတ်ဘုရင်အဆင့်တက်ဖို့ ကူညီပေးနိုင်တဲ့ ချီဝိညာဥ်ဆေးလုံးတွေဖြစ်တယ်"
"ဒီခရမ်းရောင်ကလည်း မှော်သားရဲတွေရဲ့ကျင့်ကြံဆင့်မြင့်တက်ဖို့ ကူညီပေးနိုင်တဲ့ သန်မာရေးဆေးဖြစ်တယ်"
"ဒီတစ်ခုက ရှေးဦးချီအဆီအနှစ်ဆေးလုံးဖြစ်ပြီး ကောင်းကင်သားရဲတွေရဲ့ ဝိညာဥ်အဆင့်ကို တိုးမြှင့်ပေးနိုင်တယ်"
ဤဆေးငါးလုံးက ယဲ့ချန်အတွက် ကြွယ်ဝသော ရိတ်သိမ်းမှုတစ်ခုဖြစ်သည်။ သူက အခန်းအတွင်း စစ်ဆေးလိုက်သောအခါ အခန်းထောင့်တွင် ပွင့်နေသောသေတ္တာများကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ကျူကုန်းကုန်း ဖွင့်လှစ်ထားခြင်းဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့်ရတနာကိုမှ ချန်မထားရစ်လိုသော ယဲ့ချန်က ဤသေတ္တာများကိုလည်း လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်လေသည်။
***