← Chapters

မိစ္ဆာသတ်ပွဲ

Vol. 14 Ch. 184

မိစ္ဆာသတ်ပွဲ

Vol. 14 Ch. 184

“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။ မနာချင်ရင်တော့ အေးအေးဆေးဆေး နေလိုက်စမ်းပါကွာ”

ကျန်းနူဟိုင်က မြေကမ္ဘာ နယ်ပယ် အဆင့်၃သာ ရှိသေးသည့် အတွက် လီဖူချန်းက သူ့ကို ကောင်းကောင်းကြီး အနိုင်ယူနိုင်မယ် ဆိုတာ လုံးဝ ယုံမှားစရာ မရှိပါဘူး။

“မင်းက လေကြီးလေကျယ် ပြောနေတာပဲ”

ကျန်းနူဟိုင်က စတင် လှုပ်ရှား လိုက်ပါတယ်။

လေပြေတစ်ချက် အဝှေ့နဲ အတူ  ကျန်းနူဟိုင်က လီဖူချန်း ဆီကို  ခုန်ဝင် လာခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကလည်း တိမ်တောင်တိမ်ရိပ် လက်ဝါးသိုင်းကွက် အတိုင်း လှုပ်ရှားရင်း နဲ့ပေါ့လေ။

အကွက်စိပ်နေတဲ့ လက်ဝါး ရိုက်ချက်တွေက လီဖူချန်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။ ကြည့်ရတာတော့ လီဖူချန်း အတွက် ဒီလက်ဝါး ရိုက်ချက် အတွင်းကနေ  ရှောင်ထွက် သွားဖို့ဆိုတာ  လုံးဝ မဖြစ်နိုင် တော့သလိုပါပဲ။

“ငါပြောခဲ့ပြီ မလား ... မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ... လို့”

လီဖူချန်းရဲ့ ပုံရိပ်က ဖျက်ခနဲ ပျောက်သွား ခဲ့ပါတယ်။

ကျန်းနူဟိုင် ကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ လက်ဝါး ရိုက်ချက်က လီဖူချန်းကို ပိုက်ကွန် တစ်ခုလို  လွှမ်းခြုံ ထားခဲ့တာလေ။ သည်ကောင်က  ဘယ်လိုလုပ်ပြီး ထွက်သွားတာလိမ့်…။

သူက ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုလိုက်တဲ့ အခါမှာတော့ လီဖူချန်းက လက်နှစ်ဖက်ကို အနောက်ပစ်ပြီး ပြုံးကြည့် နေတာကို တွေ့လိုက်ရပါတယ်။

လီဖူချန်းရဲ့ မျက်နှာပေးက …

“ကဲ ... ငါမပြောခဲ့ဘူးလား…”

ဆိုသည့် ပုံစံနဲ့ ရှိနေသည်လေ။ ကျန်းနူဟိုင်က ကိုယ်ဖော့ပညာကို ထုတ်သုံး လိုက်ပြီး လီဖူချန်းဆီကို တိုးဝင် သွားပါတယ်။ သူက လက်ဝါးရိုက်ချက် နှစ်ချက်ကိုလည်း အလျင်အမြန် ထုတ်လိုက် ပါသေးတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ရိုက်ချက်က အလဟသ ဖြစ်ခဲ့ရပါပြီ။

လီဖူချန်းက ရုတ်တရက် ဆိုသလို ၃ယောက် ဖြစ်သွားတယ်လေ။ ဘယ်တစ်ယောက်က အစစ်ဆိုတာကို သူ မခန့်မှန်း နိုင်တော့ပါဘူး။

“မင်းက ကိုယ်ဖော့ပညာကို အဆုံးစွန်အထိ နားလည် ထားတာလား ...”

ကျန်းနူဟိုင်က မယုံကြည်စွာဖြင့် မေးလိုက်ပါတယ်။

မိုးပြာရောင်ဂိုဏ်း ဆိုတာက  ဓားလမ်းစဉ်ကို လျှောက်လမ်းတဲ့ ဂိုဏ်းတစ်ခုပါ။ ဒီဂိုဏ်းရဲ့ တပည့် အများစုကလည်း ဓားပညာကိုဘဲ အလေးပေးပြီး လေ့ကျင့် ကြတာလေ။ အခြားသော ပညာရပ် တွေကိုတော့ အဖြစ်သဘော မျှသာ လေ့ကျင့်ကြတာပါ။

ဓားသိုင်းတွေကို တစ်ဖက် ကမ်းခတ်သည့် အဆင့် ရောက်အောင် လေ့ကျင့်နေရတဲ့ အတွက် အခြားသော ပညာရပ်တွေကို သိပ်ပြီး အာရုံ မစိုက်နိုင်တာကတော့ ထုံးစံပါဘဲ။

ကျန်းနူဟိုင် သိရသလောက် ဆိုရင် ကောင်းကင်အဆင့် နယ်ပယ်က ပညာရှင်တွေ မှသာ အခြားသော ပညာရပ် ဆန္ဒတွေကို နားလည် သဘောပေါက် နိုင်စွမ်းရှိတာပါ။

လီဖူချန်း ကတော့ ကျန်းနူဟိုင်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ခြံဝင်းထဲက သစ်ပင်ကြီး တစ်ပင်ပေါ်မှ ရပ်ကြည့် နေပါတယ်။

“မင်းက ကိုယ်ဖော့ပညာ ဆန္ဒကို နားလည်ထားတယ် ဆိုပြီး မာန်တက် နေတာလား ... ။ မင်းရဲ့ ကိုယ်ဖော့ပညာက ငါ့ဓားထက် မြန်ဆိုတာကို ငါ မယုံဘူးကွ။”

ကျန်းနူဟိုင်က သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး ဓားချက်၃ချက် ခုတ်ပိုင်း လိုက်ပါတယ်။  သူ့ရဲ့ ဓားဆန္ဒ ကတော့ လှိုင်းလုံးကြီး သဖွယ် မာန်အပြည့်ဖြင့် လီဖူချန်း ဆီကို တိုးဝင်သွားခဲ့ပါပြီ။

ထပ် ... ထပ် ... ထပ် ...

သစ်ပင်ကြီးဟာ သုံးပိုင်း ပြတ်ထွက် သွားပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ အရိပ်ကိုမျှ ထိခိုက်အောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။

“ငါမင်းကို မြင်နေရတယ်ကွ ... ။ မင်းက ငါ့ဓားကွက်အောက်က လွတ်မယ် ထင်နေတာလား ...”

ပတ်ဝန်းကျင် တစ်ခုလုံးကို ဓားဆန္ဒနဲ့ ထိန်းချုပ်ထားတဲ့ ကျန်းနူဟိုင်က လေထဲကို ခုန်တက်သွားတဲ့ လူရိပ် တစ်ရိပ်ကို မြင်လိုက် ရတယ်လေ။

သူက အေးစက်စက် တစ်ချက် ပြုံးလိုက်ပါတယ်။ လေထဲမှာ ရောက်နေတဲ့ လူဆိုတာက ဘာအမှီအတွယ်မှ ရှိတာ မဟုတ်ဘူးလေ။ အချိန်တန်ရင်တော့ မြေပေါ်ကို ပြန်ကျ လာမှပါဘဲ။ ကျန်းနူဟိုင်က ရက်စက်တဲ့ ဓားကွက် တစ်ကွက်ကို ထုတ်လိုက်ပါတယ်။

လီဖူချန်းက ဒီဓားကွက် ကိုကော ရှောင်နိုင်ဦးမည် လေလား ... ။

“ကျောက်စိမ်း ရေကန် လှောင်ပိတ်ခြင်း”

အစိမ်းရောင် ဓားဆန္ဒ တစ်ခုက ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့ပါပြီ။ ဓားရိပ် ဓားယောင် တွေက လီဖူချန်းရဲ့ သေကွင်း သေကွက်တွေကို ဦးတည် နေခဲ့တယ်လေ။ လေထဲမှာ ရောက်နေတဲ့ လီဖူချန်း ကတော့ လုံးဝကို ရှောင်နိုင်ဖို့ လမ်း မမြင်တော့ပါဘူး။ နတ်ဘုရားတွေ ဆင်းပြီး လာကယ်မှဘဲ ဒီဓားကွက်ထဲက လွတ်နိုင်ခြေ ရှိပါတော့မယ်။

“မင်းက ငါ့ကို မြင်ရတာ သေချာပြီလား ...”

ဖုန်း ...

လီဖူချန်းက ကျန်းနူဟိုင်ရဲ့ အနောက်ကနေ ရုတ်တရက် ပေါ်လာပြီး ကန်ထည့် လိုက်ပါတယ်။

ကျန်းနူဟိုင်က လေထဲကို မြှောက်တက် သွားပြီး မြေပေါ်ကို ခွေးကျဝက်ကျ ပြန်ပြုတ်ကျ လာခဲ့ပါတယ်လေ။ လီဖူချန်းက ဆက်မတိုက် တော့လို့သာ  သက်သာရာ ရခဲ့တာပါ။ မဟုတ်လို့ ကတော့ အသက်တောင် ဘယ်ကနေ ထွက်သွားမှန်း သိလိုက်ရမှာ မဟုတ်ပါဘူး။

ကျန်းနူဟိုင် ကတော့ လီဖူချန်းကို တစ္ဆေ တစ်ကောင်လို ကြည့်နေခဲ့ပါပြီ။

လီဖူချန်းရဲ့ ကိုယ်ဖော့ပညာက သူ ထင်ထားတာ ထက်တောင် အစွမ်းထက် နေသေးသည်လေ။ အစကနေ အဆုံးအထိ လီဖူချန်းရဲ့ အဝတ်စလေး ကိုတောင် ထိအောင် မတိုက်လိုက်ရပါဘူး။

ကျန်းနူဟိုင်က ဆက်ပြီးတော့ တိုက်ခိုက်ဖို့ကို  ဒွိဟ ဖြစ်နေပါတယ်။ သူ့ဆီမှာ ဝှက်ဖဲတွေ ရှိနေသေး ပေမဲ့လည်း  လီဖူချန်း ဆီမှာလည်း ရှိနေဦးမှာပါပဲ။

“အရေးကြီးတယ်ဟေ့… အားလုံးဘဲ … အမြန် လာစုကြစမ်း”

ကျန်းနူဟိုင်က ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ  စုကျင်းဟိုင်ရဲ့ အသံက ခြံဝနင်း တစ်ခုလုံးကို ပဲ့တင်သံထွက်ပြီး ပျံ့နှံ့ လာခဲ့ပါတယ်။

“ဟမ့်”

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး နောက်မှာတော့ ကျန်းနူဟိုင်က လီဖူချန်းရဲ့ ခြံငယ်လေး ထဲကနေ လှည့်ထွက် သွားခဲ့ပါပြီ။

“အခုချက်ခြင်း စုဝေးရမှာလား ... ကြည့်ရတာတော့ ပြဿနာ တစ်ခုခု ဖြစ်နေပြီနဲ့ တူတယ်”

လီဖူချန်းက တွေးမိလိုက်ပါတယ်။ ကျန်းနူဟိုင်ကိုတော့ သူက မျက်လုံး ထဲမှာကို မရှိပါဘူးလေ။ သူသာ အနိုင်လိုချင်ရင် အစောကြီး ကတည်းက ယူလိုက်လို့ ရသည်ပဲ ။

ညီလာခံ ခန်းမထဲမှာတော့ ...

အုပ်စု၁၀ရဲ့  အဖွဲ့ငယ်လေး ၅ခုစလုံးဟာ ရောက်နှင့်နေ ကြပါပြီလေ။ အဖွဲ့ဝင် ၂၅ယောက်စလုံးဟာ တိတ်ဆိတ်စွာနဲ့ ခန်းမထဲမှာ ရှိနေပါတယ်။ ချန်တရှုံ ပါ အပါအဝင် ဆိုရင်တော့ ၂၆ယောက်ပေါ့လေ။

ဟိုဟိုသည်သည် လျှောက်ကြည့် လိုက်တဲ့အခါမှာတော့ ခန်းမဆောင်ထဲမှာ သူအပါအဝင် တိုက်ရိုက်တပည့် ၇ယောက် ရှိတာကို လီဖူချန်းက သိလိုက်ရပါတယ်။

ဘာဖြစ်လို့ အခုလို တိတိကျကျ ခန့်မှန်းနိုင်ရသလဲ ဆိုတော့ အသက် ကွာဟချက်ကြောင့်ပါဘဲ။  အခြားသော လူတွေက အသက်လေးဆယ် ဒါမှမဟုတ် ငါးဆယ်နီးပါးကို ရောက်နေခဲ့ပြီလေ။

ချန်တရှုံက တည်ကြည် လေးနက်စွာဖြင့်…

“မင်းတို့အားလုံး ဒီထဲမှာ နေနေရတဲ့ အတွက် ပျင်းနေကြပြီ မလား ...။ အခုချိန်မှာတော့ မင်းတို့အတွက် အခွင့်အရေးက ရောက်လာခဲ့ပြီ။ ငါတို့ရဲ့ ကင်းထောက်တွေရဲ့ အစီရင် ခံချက်တွေ အရဆိုရင် မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခြေရာ၊လက်ရာတွေကို တွေ့ခဲ့တယ်တဲ့။  အုပ်စု၁၊၂နဲ့ ၃တို့ဟာ  အခြား တာဝန်တွေကို ထမ်းဆောင် နေရတယ်။ အဲဒီအတွက် ကျန်တဲ့ အုပ်စု၇ခုက  အတူ လက်တွဲပြီး မိစ္ဆာကောင်တွေကို ရှင်းလင်း ကြရလိမ့်မယ်။ ကဲ…ဘယ်လိုလဲ... စိတ်ဝင်စား ရဲ့လား ...”

“ကောင်းလိုက်တာဗျာ ... ကျွန်တော် ဒီကို ရောက်နေတာ နှစ်လတောင် ရှိနေပြီ။ ဘာမှကို ထွေထွေထူးထူး မလုပ်ရသေးဘူး။ ပြီးတော့ မိစ္ဆာလမ်းစဉ်ကို လျှောက်လမ်းတဲ့ သူ တစ်ယောက် ကိုတောင်မှ မမြင်ရသေးဘူး ဗျာ ...”

တိုက်ရိုက်တပည့် တစ်ယောက် ကတော့ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်ပါတယ်။

ချန်တရှုံက ထိုတိုက်ရိုက် တပည့်ကို ကြည့်လိုက်ပြီး…

“သည်မိစ္ဆာလက်ဝါး အစည်းအရုံးက မိုးပြာရောင်ဂိုဏ်း နယ်နိမိတ် ထဲမှာ ရှိနေတဲ့ ကြောက်စရာ အကောင်းဆုံး မိစ္ဆာဂိုဏ်း ၁၀ခုထဲက တစ်ခုပဲ။ အခုသွား သုတ်သင်မှာက အဖွဲ့ခွဲလေး တစ်ခုဆိုပေမဲ့ သတိ လက်လွတ်တော့ မဖြစ်ကြစေနဲ့ ။ နည်းနည်းလေး သတိမမူ လိုက်တာနဲ့ မင်းတို့ရဲ့ အသက်ကို ပေးလိုက်ရလိမ့်မယ်”

ဒီ မျက်ကန်း တစ္ဆေ မကြောက်ထက် ဆိုးတဲ့ တိုက်ရိုက် တပည့်တွေကိုတော့ ချန်တရှုံက တော်တော်လေး အလေးထားနေ ရပါတယ်။ မတော်တစ်ဆ တိုက်ရိုက်တပည့် တစ်ယောက်ယောက်သာ သေသွားမည် ဆိုပါက သူ့အပြစ်သာ  ဖြစ်မည်လေ။ အပြစ် အားလုံးက သူ့ခေါင်းပေါ် ကျလာမှာပါ။

တိုက်ရိုက် တပည့်တွေက စစ်သွေးကြွပြီး အရှေ့ဆုံး ကနေ ရန်သူ နယ်ပယ်ထဲကို ဝင်သွားမည်ကို ချန်တရှုံက အကြောက်ဆုံးပါပဲ။

“ဟုတ်ပြီ ... အားလုံး ပြင်ဆင် ထားကြတော့  ... ။ အခြားအုပ်စု၆စုနဲ့ ပူးပေါင်း ရတော့မယ်”

ချန်တရှုံက သူ့ရဲ့ လက်ကို ဝှေ့ယမ်းပြီး အားလုံးကို အသင့်ပြင် ထားခိုင်း လိုက်ပါတယ်။

***

သတ်မှတ်ထားတဲ့ မြေကွက်လပ် မှာတော့ အခြားအုပ်စု ၆စုက ရောက်နှင့် နေခဲ့ပါပြီ။

“ညီလေး ဖူချန်း ... ဟိုဘက်မှာ ကြည့်လိုက်…။ အဲဒါက အစ်ကိုတော် ခံစားချက်မဲ့ ဓားသမားလေ”

ရှန်ထန်ကျင်းက လီဖူချန်းရဲ့ ဘေးနားမှာ ရပ်နေပြီး တစ်နေရာကို လက်ညှိုး ထိုးပြ လိုက်ပါတယ်။

“ခံစားချက်မဲ့ ဓားလား ...”

လီဖူချန်း ကလည်း ရှန်ထန်ကျင်း ညွှန်ပြရာကို လှည့်ကြည့် လိုက်ပါတယ်။

ဓားအရူး သူတော်ရဲ့ မျိုးဆက် ထဲမှာတော့ လက်ရည်တူ ပြိုင်ဘက်ဆိုလို့ ကျားဓားရှင်နဲ့ ခံစားချက်မဲ့ဓား တို့ပဲ ရှိတာပါ။

သူတို့ သုံးယောက်စလုံး ကတော့ လီဖူချန်းထက် အသက်အရွယ် ကြီးကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းရည် တွေကလည်း လီဖူချန်းထက် သာနေမှာပါ။

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ လက်ရှိ သူ့ရဲ့ အစွမ်းအစက ခံစားချက်မဲ့ ဓားကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး ဆိုတာကို တန်းသိ လိုက်ပါတယ်။ ခံစားချက်မဲ့ ဓားက မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့ကို အနိုင်ယူသွား နိုင်ပါတယ်။

လီဖူချန်းရဲ့ အကြည့်ကို ခံစားချက်မဲ့ ဓားကလည်း ခံစား သိရှိသွားသည့် ပုံပါပဲ။  သူကလည်း လီဖူချန်းကို ပြန်ကြည့် လာခဲ့တယ်လေ။

သူတို့ နှစ်ယောက်ရဲ့ အကြည့်တွေက ဆုံသွားကြပြီး  အကြည့်တိုက်ပွဲ ငယ်လေး တစ်ခုတောင် ဖြစ်သွား ပါသေးတယ်။  လီဖူချန်းက ခံစားချက်မဲ့ရဲ့ အကြည့်ကြောင့် မျက်လုံး အနည်းငယ်တောင် နာသွားခဲ့ပါတယ်။

ခံစားချက်မဲ့ရဲ့ အေးစက်စက် အကြည့်က အရမ်းကို စူးရှ လွန်းပါတယ်။  ချန်တရှုံရဲ့ မျက်လုံးတောင်မှ အခုလောက်အထိ စူးရှမှာ မဟုတ်ပါဘူး။ လီဖူချန်းက ခံစားချက်မဲ့ရဲ့ မျက်လုံးကနေ သန်မာလှတဲ့ စိတ်ဝိညာဉ် ခွန်အားကို ခံစားလိုက် ရပါတယ်။ သူတွေ့ဖူးသမျှ ဂိုဏ်းတော်က တပည့်တွေ ထဲမှာတော့ ခံစားချက် မဲ့ရဲ့ စိတ်ဝိညာဉ် ခွန်အားက အသန်မာဆုံးပါဘဲ။ ကောင်းကင် နယ်ပယ်က ပညာရှင် တွေနဲ့တောင် ယှဉ်လို့ ရလောက်ပါတယ်။

“ခံစားချက်မဲ့ဓား ဆိုတဲ့ ဘွဲ့နာမည်နဲ့ ထိုက်တန်တယ်”

လီဖူချန်းက စိတ်ထဲကနေ အသိအမှတ် ပြုလိုက် မိတယ်လေ။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ မျက်လုံးပါလား  ...”

ရှန်ထန်ကျင်းရဲ့  ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ်ကို တုန်ယင် နေခဲ့ပါပြီ။ သူရဲ့ သာမန် စိတ်ဝိညာဉ် ခွန်အားက ဘယ်လိုလုပ်ပြီး ခံစားချက်မဲ့ ဓားရဲ့ အကြည့်ကို တောင့်ခံ နိုင်မှာလဲလေ။ ဒါတောင် ခံစားချက်မဲ့ ဓားက သူ့ကို တိုက်ရိုက် ကြည့်နေတာ မဟုတ်ပါဘူး။ သူ့ဘေးက လီဖူချန်းကို ကြည့်ရင်းနဲ့ ရှန်ထန်ကျင်းက အဆစ်ပါသွား ခဲ့တာပါ။

ခံစားချက်မဲ့ ဓားရဲ့ အသက်မပါတဲ့ အေးစက်စက် အကြည့်က ရှန်ထန်ကျင်းရဲ့ ရင်ထဲကို နက်ရှိုင်းစွာ စူးနစ် ဝင်ရောက် သွားခဲ့တယ်လေ။ အဲဒါက လုံးဝကို နေရထိုင်ရတာ အဆင်မပြေ စေပါဘူး။

သိပ်မကြာခင်မှာဘဲ  ဝမ်ဂန်းက ခန်းမထဲက ထွက်လာ ခဲ့ပါတယ်။

“ဒီစစ်ဆင်ရေးကို အုပ်စု၄ရဲ့ ခေါင်းဆောင် လျိုဟိုင်က တာဝန် ယူလိမ့်မယ်။ အားလုံးက  သူ့ရဲ့ အမိန့်ကို နာခံပြီး ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် လုပ်”

“ဟုတ်”

အားလုံးက သံပြိုင် အော်လိုက်ကြပါတယ်။

အဖွဲ့ဝင် စုစုပေါင်း ၁၈၂ယောက်ဟာ မားရှန်မြင်း ကိုယ်စီဖြင့် အဖွဲ့ခွဲ ၇ကနေ  ထွက်သွားကြပါပြီ။

တစ်ချိန်တည်းမှာဘဲ ထောင်ပေါင်း များစွာသော ဂိုဏ်းခွဲက ဂိုဏ်းသား တွေကလည်း  သူတို့ရဲ့ နောက်ကို မားရှန်မြင်း ကိုယ်စီစီးကာ ထပ်ကြပ်မခွာ လိုက်သွား ကြပါတယ်။

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲကို ရှင်းလင်းတယ် ဆိုတာက ထိပ်သီး အချင်းချင်း တိုက်ခိုက်ရတဲ့ ပွဲမျိုး မဟုတ်ပါဘူး။ အဆင့်နိမ့် ဂိုဏ်းသား အချင်းချင်းပါ တိုက်ခိုက် ရဦးမှာပါ။ ဒါမှလည်း အမြစ်ပြတ် သုတ်သင်ရှင်းလင်း နိုင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ခွဲက ဂိုဏ်းသားတွေက မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင်တွေကို တာဝန်ယူ ရမှာပါ။

***

အနက်ရောင် တောင်တန်းမြို့ရဲ့  အရှေ့ဘက် ဧရိယာက အဖွဲ့ခွဲ၇နဲ့ သိပ်ပြီး မဝေးလှပါဘူး။ သုံးရက် အကြာမှာဘဲ သူတို့ဟာ မိစ္ဆာလက်ဝါး အစည်းရဲ့ ခြေရာ လက်ရာတွေ ကို ခြေရာခံမိတဲ့ နေရာကို ရောက်လာခဲ့ပါတယ်။

ဟိုးအဝေးကြီး မှာတော့  ခြံဝင်းကျယ်ကြီး တစ်ခုနဲ့ စံအိမ်ကြီး တစ်ခု ရှိနေပါတယ်။

လျိုဟိုင်က အချက်ပြလိုက်ပြီး အသံဝါကြီးဖြင့်  အမိန့်ပေး လိုက်ပါပြီ။

“အကုန်လုံးကို သုတ်သင်ပစ်”

သူတို့ ရထားတဲ့ သတင်း အရဆိုရင် ဒီစံအိမ်က သာမန် ကလန်လေး တစ်ခု ပိုင်ဆိုင်တာပါ။ ဒါပေမဲ့ အခုတော့ မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ စခန်းတစ်ခု ဖြစ်နေခဲ့ပါပြီ။

“သတ်”

ထောင်ပေါင်း များစွာသော လူတွေက သံပြိုင် ဟစ်ကြွေးလိုက်ပြီး ထိုစံအိမ်ဆီကို မြင်းတွေဖြင့် ဒုန်းစိုင်း သွားကြပါတယ်။ အချို့ကတော့ စံအိမ်ရဲ့ ပတ်ပတ်လည်ကို ဝိုင်းထား လိုက်တယ်လေ။

စံအိမ် အတွင်းထဲမှာတော့ ...

“ငါ့လခွီးဘဲဟေ့ ... ဒါက ငါတို့ တည်နေရာကို သိသွားတဲ့ အဖွဲ့ခွဲ တစ်ခုပဲ ဖြစ်ရမယ်။ အားလုံး အမြန်ထွက်ပြီး ခုခံကြ ...”

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင် ကလည်း မြေကမ္ဘာ အထွပ်အထိပ် အဆင့်က ပညာရှင် တစ်ယောက်ပါပဲ။ သူ့ရဲ့ ဘေးမှာလည်း အခြားသော မြေကမ္ဘာ နယ်ပယ် အထွတ်အထိပ် ပညာရှင် ၆ယောက် ရှိနေပါသေးတယ်။

“ကျူးကျော်သူတွေကို သတ် ...”

မိစ္ဆာလက်ဝါး အဖွဲ့ခွဲက အဖွဲ့ဝင် တွေကလည်း လှိုင်းလုံးကြီးတွေလို ပြေးထွက်လာပြီး အဖွဲ့ခွဲ၇ကို ခုခံပါတယ်။

ခန့်မှန်းခြေ အားဖြင့်  စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင် အယောက်၂၀၀၀ လေညက်နဲ့ မြေကမ္ဘာ အဆင့်ပညာရှင် ၁၀၀ယောက်လောက် ရှိမည့်ပုံပါပဲ။ သူတို့ဆီကနေ  မိစ္ဆာဓာတ်တွေက ပြင်းထန်စွာ လွင့်ပျံ နေပါတယ်။

“များလိုက်တဲ့ မြေကမ္ဘာ ပညာရှင်တွေပါလား. …”

လီဖူချန်းရဲ့ ဘဝမှာ ပထမဆုံး အနေနဲ့ သည်လောက်များတဲ့ မြေကမ္ဘာအဆင့် ပညာရှင်တွေကို တွေ့ဖူးတာပါပဲ။

ဒီတိုက်ပွဲ ခေါ်သံက လီဖူချန်းကို စစ်သွေးကြွလာ စေပါတယ်။ သူ့ရဲ့ သွေးတွေကလည်း ဆူပွက်လာပြီး ပေါက်ကွဲ တော့မလို့ကို ဖြစ်လာပါပြီ။

ဘုန်း ... ဘုန်း ... ဘုန်း ...

ပထမဆုံး ထိပ်တိုက် တွေ့တာကတော့ ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ မြေကမ္ဘာအဆင့် ပညာရှင် တွေပါပဲ။

မြေကမ္ဆာအဆင့် ပညာရှင်တိုင်းက ချီအတွင်းအားတွေကို ထုတ်လွှတ်ပြီး တိုက်ခိုက် နိုင်ကြတယ်လေ။ နှစ်ဖက်စလုံးက ပညာရှင်တွေက အနီးကပ် ထိပ်တိုက် မတိုက်ခင် ကတည်းကကို ချီအတွင်းအားတွေကို ထုတ်ပြီး အဝေးကနေ ပစ်လွှတ် တိုက်ခိုက် နေကျပါပြီ။

ကျောက်ခဲတွေ ၊ ဖုန်တွေကလည်း တစ်ထောင်ထောင်း ထနေပြီး ဘယ်သူ့ ဘယ်သူကိုမှ သေသေချာချာ သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။ ဒါပေမဲ့ သွေးစိမ်းနံ့ တွေကတော့ တစ်ထောင်းထောင်းကို ထနေတော့ တာပါပဲ။

“သေစမ်းကွာ”

လီဖူချန်းက  မိစ္ဆာလက်ဝါး အဖွဲ့ခွဲရဲ့  မြေကမ္ဘာ ပညာရှင် အုပ်ထဲကို ကြယ်ပျံ ဓားသိုင်းရဲ့ ဓားချီတွေကို ပစ်လွှတ် လိုက်ပါပြီ။

သူ့ရဲ့ ကြယ်ပျံ ဓားဆန္ဒက  ရန်သူ မြေကမ္ဘာ ပညာရှင် တစ်ယောက်ရဲ့ လည်ပင်းကို ထုတ်ချင်းဖောက် ပေါက်သွား စေပါတယ်။ ကျန်တဲ့သူတွေ ကတော့ သူ့ရဲ့ ဓားချီတွေကို ခုခံလိုက် နိုင်တယ်လေ။

***

All Chapters