← Chapters

အစစ်အမှန်ဒြပ်စင် သလင်းကျောက်

Vol. 46 Ch. 633

အစစ်အမှန်ဒြပ်စင် သလင်းကျောက်

Vol. 46 Ch. 633

သောင်း‌သောင်းဖျဖျ လာရောက် အားပေးသည့် ပရိသတ်များ မရှိသည့်တိုင် ရှေးဟောင်း ရွေးချယ်ခံမှာ ရွေးချယ်ခံ စမ်းသပ်မှု သုံးခုလုံးကို အောင်မြင်ကာ တရားဝင် ရွေးချယ်ခံ အဆင့်အတန်းကို သက်သေပြခဲ့ပြီ ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း မည်ကဲ့သို့သော ပြိုကွဲမှုများ၊ ရှုပ်ထွေးမှုများ ရှိစေကာမူ သူတို့က သူ၏ ကျင့်ကြံခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုကို အတိုင်းအတာ တစ်ခု အထိ ပံ့ပိုး ပေးကြလိမ့်မည် ဖစ်သည်။

သို့သော်လည်း... လင်းမင် အတွက် အရေးအကြီးဆုံးက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ပံ့ပိုးမှု မဟုတ်ပဲ လင်းရှန်းရှဲ့၏ ကတိပင် ဖြစ်သည်။

ယခု၌ သူက တရားဝင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်လေရာ မကြာခင်မှာပင် ဒြပ်စင်ကိုးပါး ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အသိအမှတ်ပြုမှုနှင့် အတူ တရားဝင် တပည့် ဖြစ်လာလိမ့်မည် ဖြစ်သည်။ စီနီယာ အမလင်းမှာလည်း သူ၏ တရားဝင် ဆရာတူ အမ ဖြစ်လာလိမ့်မည် ဖြစ်သည်။

အချိန်သခင်တုဟန်၏ အဖြူရောင် ချပ်ဝတ်က ပြန်လည် ပျောက်ကွယ်သွားကာ ထိုနေရာတွင် မူလ ဝတ်စုံ ပြန်လည် ပေါ်လာခဲ့၏။ သူ၏ အော်ရာကလည်း ကြောက်မက်ဖွယ် စစ်နတ်ဘုရား တစ်ပါးမှ နေ၍ သာမန် အသက်လတ် အကြီးအကဲ တစ်ဦး အဖြစ် ပြန်လည် လျော့ကျသွားသည်။

ဝမ်... ဝမ်...

တိုက်ပွဲကွင်းပြင်ကြီး၌ ဝင်္ကပါ လည်ပတ်သံများနှင့် အတူ ဒြပ်စင်မြူနှင်းများ ထွက်ပေါ်လာကာ အက်ကွဲကြောင်းများကို ဖုံးလွှမ်းသွား၏။ တိုက်ပွဲ ပြီးဆုံး၍ စက္ကန့်ပိုင်း အတွင်းမှာပင် အလိုအလျောက် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစဥ်မှာ စတင် နေခဲ့ပြီ ဖြစ်သည်။

လင်းမင်တို့ သုံးယောက်မှာ စင်မြင့်၏ အလယ်၌ပင် ရှိနေကြ၏။ တုဟန်က ငြိမ်သက်စွာ ရပ်နေခဲ့စဥ်တွင် လင်းရှန်းရှဲ့ကတော့ လင်းမင်ကို ကြယ်တာရာ အင်အားဖြင့် ပြန်လည် ကုသပေးနေခဲ့သည်။ သို့သော်လည်း... လင်းမင် ရရှိထားသည့် ဒဏ်ရာ အားလုံးက အပေါ်ယံ လောက်သာ ဖြစ်ပေသည်။

တုဟန် ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ လင်းမင်၏ ဒြပ်စင် အကွာအကွယ်က သာမန် ကြယ်တာရာ အထွတ်အထိပ် အဆင့် ရတနာ တစ်ခု မဟုတ်ချေ။ အကယ်၍ ၎င်းကို အဆင့်တူ ကျင့်ကြံသူ တစ်ယောက်သာ ထိန်းချုပ်ထားပါက ခွန်အား အပြည့်ဖြင့် တိုက်ခိုက်လျှင်ပင် ဘာအန္တရာယ်မှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းက သူ့ခွန်အား၏ လေးပုံ သုံးပုံခန့်ကို အကြမ်းဖျဥ်းအားဖြင့် လျှော့ချနိုင်စွမ်း ရှိပေသည်။

လင်းမင်က နောက်ခံ အဆင့်အတန်းကို သုံးကာ ရွေးချယ်ခံ အဆင့်အတန်းကို သိမ်းပိုက် သွားသလို တုဟန် တွေးလိုက်မိ၏။ ‌ရွေးချယ်ခံ စမ်းသပ်ပွဲတွင် ဘယ်တုန်းက ထိုကဲ့သို့ ရတနာမျိုးကို သုံးခွင့် ရှိသွားသနည်း။ ထိုကဲ့သို့ စည်းမျဥ်းမျိုး ရှိသည်ဟု သူ တစ်ခါမှ မကြားဖူး‌ချေ။

“ဘာပဲဖြစ်ဖြစ်လေ... သူက ကျင့်ကြံခြင်းရဲ့ စံချိန်စံနှုန်းတွေကို ချိုးဖျက်ပြီး နယ်မြေ မျိုးစေ့ တစ်ခုကိုတောင် ဖန်တီးထားနိုင်တာ... နောက်ပြီး အသက် သုံးဆယ်ကျော်ပဲ ရှိသေးတာ ဆိုတော့ သူ့ရဲ့ ရွေးချယ်ခံ အဆင့်အတန်းက တရားမျှတပါတယ်”

ထိုကဲ့သို့ ဖြေတွေးလိုက်ရသည့်တိုင် တုဟန်မှာ စိတ်ထဲတွင်တော့ မတင်မကျ ဖြစ်နေ‌သေးဆဲ ဖြစ်သည်။ စံနှုန်းများ အရ ပြောရလျှင်... လင်းမင်၏ လက်ရှိ ခွန်အားမှာ အခြား ရွေးချယ်ခံများကို ယှဥ်နိုင်ရန် လိုအပ်နေသေးဆဲ ဖြစ်သည်။ အထူးသဖြင့် သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံက အတော်လေး နည်းပါးလှကာ ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေပေသေးသည်။ သူ့အနေဖြင့် တိုးတက်လိုပါက အစစ်အမှန် ကျွမ်းကျင်သူများနှင့် တိုက်ပွဲများစွာ တိုက်ခိုက်ပေးဖို့ လိုအပ်ပေလိမ့်မည်။

တုဟန် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိ၏။

“ရွေးချယ်ခံ လင်းမင်... မင်းက အခု ရွေးချယ်ခံ စမ်းသပ်ပွဲကို အောင်မြင်သွားပြီ... ဂုဏ်ယူပါတယ်... အခု မင်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တရားဝင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာပြီ... ဒြပ်စင်တွေ အတွက် အဆုံးမဲ့ ဂုဏ်သရေကို ယူဆောင်ပေးနိုင်ပါစေ”

တုဟန်က အနားကိုးခု ပါရှိသည့် ရောင်စုံ သလင်းပျောက် အပိုင်းအစကို တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်း၏ မျက်နှာပြင် တစ်ခုချင်းစီတွင် ဒြပ်စင်ကိုးခုကို ကိုယ်စားပြုသည့် သင်္ကေတများကို ရေးထိုးထားသည်။ ထိုသင်္ကေတ အားလုံးက အဖြူရောင် ဖြစ်ကာ အကယ်၍ အနီးကပ်ကြည့်မည် ဆိုပါက ၎င်းတို့မှာ ဖြည်းညင်းစွာ ရွေ့လျားနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

သလင်းကျောက်က မရိုးရှင်းကြောင်း သဘောပေါက်လိုက်ရာ လင်းမင်မှာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက် သွား၏။ သူ လက်ကို ဆန့်ထုတ်ရင်း ၎င်းကို လက်ခံလိုက်သည်။

“အဲဒါက အမတေ သန့်စင် သလင်းကျောက် တစ်မျိုးပဲ... အစစ်အမှန် ဒြပ်စင် သလင်းကျောက်လို့ ခေါ်တယ်... ကြယ်တာရာ အဆင့် ဒြပ်စင် ကျောက်တုံးတွေကို ဖန်တီးဖို့ အတွက် စွမ်းအင်တွေကို စုစည်းပေးနိုင်တယ်... အထူးသဖြင့် ဒြပ်စင် ဝိညာဥ် ကျင့်ကြံသူတွေ အတွက် အရမ်း သင့်တော်တယ်... နင့်ရဲ့ ရည်ရွယ်ချက်ကို အဲဒီ အထဲ လွှတ်လိုက်ရင် သက်ဆိုင်တဲ့ အမတေ အမျိုးအစားကို ထုတ်ပေးလိမ့်မယ်”

လင်းရှန်းရှဲ့၏ ရှင်းပြမှုကို နားထောင်ရင်း လင်းမင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွား၏။ အကယ်၍ သူက အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက် တစ်ခုနှင့် ဆက်သွယ်လျှင် သလင်းကျောက်မှာ ထိုရည်ရွယ်ချက်နှင့် သက်ဆိုင်သည့် အမတေ အမျိုးအစားကို ပြန်လည် ထုတ်ပေးမည်လော။

လင်းမင်က မတုန့်မဆိုင်းပင် မဟာလေပြင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ သလင်းကျောက် အတွင်းသို့ ထည့်သွင်း လိုက်၏။ ချက်ချင်းပင် လေပြင်းမုန်တိုင်းများက ပေါက်ကွဲ ထွက်ပေါ်လာကာ လင်းရှန်းရှဲ့နှင့် အချိန်သခင် တုဟန်တို့၏ ဝတ်စုံများမှာ လွင့်ပျံ သွားကြသည်။

“မဟာလေပြင်း ရည်ရွယ်ချက်... အထွတ်အထိပ် အဆင့်...”

အချိန်သခင် တုဟန်မှာ အံ့အားသင့် သွားခဲ့၏။ မူလဒြပ်စင် ရည်ရွယ်ချက်မှာ အထင်ကြီးစရာ ကောင်းသည့်တိုင် ထိုထက် ပိုမို၍ အရေးကြီးသည့် အရာက ၎င်းကို ပေါင်းစပ်ထားသည့် ကိုယ်ပိုင် ရည်ရွယ်ချက်များ ဖြစ်သည်။ လင်းမင်မှာ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုကို ပိုင်ဆိုင်ထားရာ ထိုအရာက သူ့တွင် အထင်ကြီးစရာ အရည်အချင်း တစ်ချို့ ရှိသည်ဟု ဆိုလိုပေသည်။

လင်းမင်မှာ အစစ်အမှန် ဒြပ်စင် သလင်းကျောက်ထဲရှိ အပြောင်းအလဲများကို စောင့်ကြည့် နေခဲ့၏။ စက္ကန့်ပိုင်း အတွင်းမှာပင် သလင်းကျောက်ထက်ရှိ သင်္ကေတ ရှစ်ခုမှာ တုန်ရီလာကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက်... ၎င်းတို့၏ နေရာတွင် “လေ” ဆိုသော သင်္ကေတက အစားထိုး နေရာယူ လာသည်။

မိနစ် အနည်းငယ် အတွင်းမှာပင်... သလင်းကျောက် တစ်ခုလုံးမှာ မဟာလေပြင်း အမတေ သလင်းကျောက် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။ လင်းမင်၏ နှလုံးသား တစ်ခုလုံးမှာ တုန်လှုပ်မှု၊ အံ့အားသင့်မှုများနှင့် ပြည့်နှက် နေ၏။ မည်မျှ ဆန်းကြယ်လိုက်သနည်း။

သူ လျှင်မြန်စွာပင် ကျင့်ကြံခြင်း နည်းလမ်းကို လှည့်ပတ်ရင်း မျက်လုံးကို မှိတ်ကာ သလင်းကျောက် ‌ကျောက်တုံး အတွင်း ပါဝင်နေသည့် အမတေများကို စုပ်ယူလိုက်၏။ နောက်ထပ် မိနစ် အနည်းငယ် ကြာပြီးနောက် သူ၏ မျက်လုံးများက ပြန်လည် ပွင့်လာခဲ့ကာ ကြယ်တာရာ အမြုတေ အရွယ်အစားမှာလည်း မဆိုသလောက် ကြီးလာကြောင်း ခံစားလိုက်ရသည်။ မိနစ် အနည်းငယ်ဖြင့်ပင်... သူ၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်မှာ ယခင်ကထက် များစွာ ပိုမို ခိုင်မာလာခဲ့ပြီ ဖြစ်သည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

အချိန်သခင် တုဟန်မှာ အလွန် မြင့်မားလှသည့် လင်းမင်၏ မဟာလေပြင်း ရည်ရွယ်ချက်ကို ကြည့်ကာ အံ့သြမှင်သက် နေခဲ့၏။ လင်းရှန်းရှဲ့ကတော့ တောက်ပစွာ ပြုံးလိုက်လေသည်။ သူမ လင်းမင်ကို ရွေးချယ်ခဲ့ခြင်းမှာ ထိုလူငယ်လေး၏ ရည်ရွယ်ချက် အပေါ် နားလည်နိုင်စွမ်းနှင့် အလွန် ထူးချွန်သော ပါရမီကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ အတည်မပြုနိုင်သည့် ယုံကြည်ချက် တစ်ခု ရှိ၏။ ထိုယုံကြည်ချက် အရဆိုလျှင် သိုင်းတာအိုတွင် ဥပဒေ သုံးထောင်ရှိကာ ထိုဥပဒေ သုံးထောင်က ရည်ရွယ်ချက် သုံးထောင်ကို မွေးဖွားပေးသည်ဟု ဆိုသည်။ ထိုကဲ့သို့ မွေးဖွားလာသည့် ရည်ည်ရွယ်ချက် သုံးထောင်ထဲတွင် အထွတ်အထိပ် ရည်ရွယ်ချက်က တစ်ခုသာ ရှိ၏။ ၎င်းက ရည်ရွယ်ချက် အားလုံး၏ ဘုရင်ပင်။

ကျင့်ကြံခြင်း လောက၌ အထွတ်အထိပ် ရည်ရွယ်ချက် တစ်ခုမှာ ဥပဒေသနှင့် အနီးစပ်ဆုံး ဖြစ်သည်။ ၎င်းက အလွန် အစွမ်းထက်သည့် ဆန္ဒ တစ်ခုပင် ဖြစ်ကာ သေမျိုး အဆင့် ကျော်လွန်စေနိုင်စွမ်း ရှိသည်။ ‌ကောလဟလများ အရ ဆိုလျှင် အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုကို နားလည်ထားပါက လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာရန် အခွင့်အရေး ပိုမို မြင့်မားသည်ဟု ဆိုသည်။

ထိုကြောင့်ပင်... အချိန်သခင် တုဟန်မှာ ယင်းရှာဖွေ တွေ့ရှိမှု အပေါ် အလွန် အံ့အားသင့် သွားခဲ့ခြင်း ဖြစ်သည်။ မူလဒြပ်စင် ရည်ရွယ်ချက်မှာ အထင်ကြီးစရာ ကောင်းသည့်တိုင် ၎င်းကို အဆင့်နိမ့် ဒြပ်စင် ရည်ရွယ်ချက် ကိုးခုနှင့်လည်း ဖန်တီးနိုင်ပေသည်။ ၎င်းက အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုနှင့် နီးပင် မနီးစပ်ပါချေ။ ပထမဆုံး အကြိမ် အဖြစ်... လင်းမင် အပေါ် သူ၏ အမြင်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌ လင်းမင်မှာ သလင်းကျောက်ကို မီးခိုးရောင် မျက်လုံးများဖြင့် ပျော်ရွှင်စွာ ကြည့်နေခဲ့၏။ ထိုအရာလေးက... ကျင့်ကြံခြင်း အတွက် အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ခုပင် ဖြစ်သည်။ ၎င်း၏ အထောက်အပံ့နှင့် ဆိုပါက ကျင့်ကြံခြင်း အဆင့်များကို သူ မျှော်လင့်ထားသည်ထက် ပိုမို လျှင်မြန်စွာ ချိုးဖျက် နိုင်လိမ့်မည် ဖြစ်သည်။

အချိန်သခင် တုဟန်မှာ သက်ပြင်းချလိုက်မိ၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ အကြောင်းပြချက်က ခြားနားသွားခဲ့ပြီ ဖြစ်သည်။ လုံလောက်သည့် အချိန်သာရပါက လင်းမင်မှာ အခြားလူများထက် ပိုမို တောက်ပသွားမှာ သေချာပေသည်။

မည်သို့ပင် ဆိုစေ... သူက မူလ ဒြပ်စင် ရည်ရွယ်ချက်၊ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုတို့ကို ပိုင်ဆိုင်ထားသည့် အပြင် အာကာသ ပဲ့တင်သံ အဆင့်ဖြင့် နယ်မြေ မျိုးစေ့ တစ်ခုကိုပါ ဖန်တီးထားနိုင်သူ ဖြစ်သည်။ သူ၏ တိုက်ပွဲဝင် ဗျူဟာနှင့် အတွေ့အကြုံတို့က လိုအပ်ချက် များစွာ ရှိသည့်တိုင် ထိုအရာက ကျဆင်းနေသည့် ကြယ်တာရာ နယ်မြေတစ်ခုတွင် နေထိုင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ယခု၌ သူက အဆုံးမဲ့ ကောင်းကင်ကို ရောက်ရှိခဲ့ပြီ ဖြစ်လေရာ... အချိန်က တဖြည်းဖြည်း သင်ကြားပေးသွားလိမ့်မည် ဖြစ်သည်။ မကြာခင်မှာပင်... သူက မွန်းစတား တစ်ကောင် ဖြစ်လာပေလိမ့်မည်။

“ကောင်းပြီလေ... ငါ သွားတော့မယ်...”

အတွေးများကို အဆုံးသတ်ပြီးနောက်... တာဝန်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း တုဟန် သဘောပေါက် လိုက်၏။ ဤနေရာ၌ ဆက်လက် နေစရာ အကြောင်း မရှိတော့ချေ။

“ခဏ...”

***

All Chapters