ခံစားချက်မဲ့ဓားရှင် ရဲ့ အစွမ်း
Vol. 14 Ch. 185
အဝေးကနေ တိုက်ခိုက်မှု အချို့ ပြီးသွားတဲ့ နောက်မှာတော့ မြေကမ္ဘာအဆင့် ပညာရှင်တွေရဲ့ အနီးကပ် တိုက်ပွဲ စပါပြီလေ။
လီဖူချန်းရဲ့ ရန်သူကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၅က မိစ္ဆာလမ်းစဉ်ကို လျှောက်တဲ့ ပညာရှင်ပါ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ ကန့်လန့်ဖြတ် ဓားဒဏ်ရာကြီး ရှိနေပါတယ်။
ထိုလူရဲ့ နာမည်ကတော့ ကျိုးတချီ ...
ဒီ မိစ္ဆာတာအို ပညာရှင်ကလည်း ဆန်းကြယ် အဆင့် အတွင်းအား ပညာရပ်ကို လေ့ကျင့်ထားသည့် ပုံပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ပျက်စီးခြင်း အငွေ့အသက်တွေက ထွက်ပေါ် နေသည်လေ။
လီဖူချန်းရဲ့ ဓားချီတွေက သူ့ရဲ့အနားကို မရောက်ခင်မှာဘဲ တစ်ဖက်လူရဲ့ ပျက်စီးခြင်း ချီတွေက လီဖူချန်းရဲ့ ဓားချီတွေကို ဝါးမျို ပစ်လိုက်ပါတယ်။
“ကောင်လေး ... ငါက မင်းရဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်ကို အရမ်း ကြိုက်နေပြီကွာ။ မင်းကို သတ်ပြီး ရင်တော့ မင်းရဲ့ အသွေး ၊ အသားတွေကို ဝါးမျိုပစ်မယ်”
ကျိုးတချီရဲ့ မကောင်းဆိုးရွား ဆန်သည့် အသံစိမ်းကြီးဖြင့် လီဖူချန်းကို ခြောက်လှန့်စေရန် ကြိုးစား လိုက်သည်လေ။
သူ လေ့ကျင့်ထားတဲ့ ပျက်စီးခြင်း စိတ်ဝိညာဉ်ချီတွေက ဆန်းကြယ် အလယ်အလတ် အတွင်းအား ကျင့်စဉ် တစ်မျိုး ဖြစ်ပါတယ်။ အဲဒါက လူတွေရဲ့ အသွေးအသားနဲ့ ဝိညာဉ် အဆီအနှစ်ကို စုပ်ယူ စားသုံးပြီး ကိုယ်ပိုင် ပျက်စီးခြင်း ချီအဖြစ် ပြောင်းလဲ ပေးနိုင်ပါတယ်။
ဒီနည်းစနစ်က သွေးစုပ်ယူတဲ့ နည်းစနစ်တွေ ထက်ကို ပိုအောက်တန်း ကျပြီး ရက်စက်လှ ပါတယ်လေ။ ယေဘုယျ အားဖြင့် ဆိုရမယ်ဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့်၆ရဲ့ အောက်မှာ ရှိနေတဲ့ ပညာရှင်တွေက သူ့ရဲ့ ပျက်စီးခြင်း ချီကြောင့် တိုက်ခိုက်မှု ပိုင်းမှာ ဆိုးကျိုး သက်ရောက်မှုကို ခံရပါလိမ့်မယ်။
အမည်းရောင် လက်ဝါး ရိုက်ချက် တစ်ချက် ...
ထိုလက်ဝါး ရိုက်ချက်က လီဖူချန်းရဲ့ သေကွင်း သေကွက်ဆီကို ဦးတည် ဝင်ရောက် လာပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက တစ္ဆေ တစ်ကောင်လို ပျောက်ကွယ် သွားခဲ့ပါတယ်။
“ကောင်းလိုက်တဲ့ ကိုယ်ဖော့ ပညာပါလား ... ။ နှမြောစရာဘဲ …မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းနိမ့် နေသေးတယ်။”
ကျိုးတချီက မာန်သွင်းလိုက်ပြီး သူ့ရဲ့ ပျက်စီးခြင်း ချီတွေကို ဖောက်ခွဲ လိုက်ပါတယ်။ အဲဒါက မီတာ အနည်းငယ်လောက်ကို လွှမ်းခြုံ သွားခဲ့စေတယ်လေ။
လီဖူချန်းရဲ့ ငရဲမီးတောက် ချီတွေကလည်း လုံးဝကို အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ် လမ်းမှန် ကျင့်စဉ် တွေထဲက အသန့်စင်ဆုံး ကျင့်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ထို့ကြောင့် ဒီ ငရဲမီးတောက် ချီတွေဟာ မိစ္ဆာလမ်းစဉ်က ပညာရှင်တွေရဲ့ အတွင်းအား ချီတွေနဲ့ ယှဉ်မယ်ဆိုရင် သဘာဝအားဖြင့် ရန်သူတော် တွေပါဘဲ။
ပြီးတော့ လီဖူချန်းရဲ့ အစစ်အမှန် မီးတောက် ကျင့်စဉ်က အဆင့်၁၄ကိုတောင် ရောက်နေပါပြီ။ လီဖူချန်းရဲ့ ချီတွေက သာမန်အတိုင်း ဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့်၃ လောက်က ပညာရှင် တွေကိုတောင် ဖိအား ပေးနိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ ကျိုးတချီလို မြေကမ္ဘာနယ်ပယ် အဆင့်၅က ပညာရှင်နဲ့ အတွေ့မှာတော့ ဘယ်လိုမှ အသာ မရခဲ့ပါဘူး။ အစစ်အမှန် ငရဲမီးတောက် ချီတွေက တစ်ဖက်လူရဲ့ ပျက်စီးခြင်း ချီကို အသည်းအသန် ခုခံနေရပါပြီ။
“မီးနဂါး လျို့ဝှက်နည်းစနစ် ... လည်ပတ်စမ်း ...”
အခြေအနေ မဟန်တော့တဲ့ လီဖူချန်းဟာ မီးနဂါး လျို့ဝှက် နည်းစနစ်ကို အမြန် သုံးလိုက် ရပါတော့တယ်။ အစစ်အမှန် ငရဲမီးတောက် ချီတွေက မီးနဂါး ချီတွေနဲ့ ရောစပ် သွားခဲ့ပါပြီ။ ကျောက်ရည်ပူ တွေလို ထိုးထွက်လာတဲ့ မီးနဂါးချီတွေက လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အကာအကွယ် ပြုထား လိုက်ပါတယ်။
အခုချိန်မှာတော့ တစ်ဖက်လူရဲ့ ပျက်စီးခြင်း ချီတွေက လီဖူချန်းကို ဘာမှ သက်ရောက်မှု မရှိတော့ပါဘူး။ အနားကို ကပ်လာတဲ့ ပျက်စီးခြင်း ချီမှန်သမျှဟာ အခိုးအငွေ့တွေ အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲ သွားပါတယ်။
“လူတစ်ယောက်ရဲ့ ဘက်ပေါင်းစုံ စွမ်းရည်ကို တိုးတက် စေနိုင်တဲ့ လျို့ဝှက်နည်း စနစ်လား ...”
ကျိုးတချီက မနာလို သံကြီးဖြင့် ရေရွတ် လိုက်တယ်လေ။ သူက ဆန်းကြယ် အလယ်အလတ် အဆင့် အတွင်းအား ပညာရပ်ကို လေ့ကျင့် ထားပေမဲ့လည်း ကောင်းမွန်တဲ့ လျှို့ဝှက်နည်း စနစ်ကို မလေ့ကျင့်ထား သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မိစ္ဆာလက်ဝါး အစည်းအရုံး မှာက လျှို့ဝှက်နည်း စနစ်တွေ သိပ်များများ စားစား မရှိလို့ပါပဲ။ သူက ထွက်ပြေးခြင်း ဘက်မှာ အသုံးဝင်တဲ့ ကြယ်၂ပွင့် လျှို့ဝှက်နည်း စနစ်ကိုပဲ လေ့ကျင့်ထား ရတယ်လေ။
“ပျက်စီးခြင်း ဝိညာဉ် လက်သည်း”
ကျိုးတချီက သူ့ရဲ့ ညာဘက်လက်ကို သိမ်းငှက် လက်သည်း သဏ္ဌာန် ကွေးလိုက်ပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။
ဒါပေမဲ့လည်း ကျိုးတချီက လီဖူချန်းရဲ့ အစွမ်းအစကို မယှဉ်နိုင်ခဲ့ပါဘူး။
“ဒီလို လုပ်လို့ ရမှာလား ... သေစမ်း”
လီဖူချန်းက တစ္ဆေတစ်ကောင် အလား လက်သည်း တိုက်ကွက် ထဲကနေ ရှောင်ထွက် သွားပြီး ကြယ်ပျံ ဓားသိုင်းနဲ့ ပြန်လည် တိုက်ခိုက် လိုက်ပါတယ်။
လီဖူချန်းရဲ့ ဓားက ကျိုးတချီရဲ့ လည်ပင်းကို ထိုးဖောက် သွားခဲ့ပါပြီ။
ကျိုးတချီကို သတ်ဖို့အတွက် ကတော့ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းနဲ့တင် လုံလောက် နေဆဲပါပဲ။
“ဒီမိစ္ဆာလမ်းစဉ်က ကောင်တွေက ဆန်းကြယ် အဆင့်နိမ့် အတွင်းအား ကျင့်စဉ် တွေကိုတောင် လေ့ကျင့် ထားနိုင်တယ်။ ဂိုဏ်းတော်က သာမန်ဂိုဏ်းသား တွေတောင်မှ ဒီကောင်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၅ ရန်သူ တစ်ယောက်ကို သတ်နိုင် လိုက်ပေမဲ့လည်း ကျေနပ်နေလို့ မရသေးပါဘူး။ ဒီတိုက်ပွဲ မြေပြင်မှာက မြေကမ္ဘာနယ်ပယ် အဆင့်၃ဆိုတာ မရှိသလောက် နီးပါး ဖြစ်နေပြီး မြေကမ္ဘာနယ်ပယ် အဆင့်၆က ပညာရှင်တွေက အတော်လေး ပေါများ နေတယ်လေ။
ကျင့်ကြံမှု နှုန်းခြင်း ယှဉ်လိုက်မယ် ဆိုရင် မိစ္ဆာလမ်းစဉ်က ပညာရှင်တွေရဲ့ နှုန်းက လမ်းမှန် လမ်းစဉ်က ပညာရှင်တွေရဲ့ နှုန်းထက်ကို အတော်လေး မြန်ဆန်သည် မဟုတ်ပါလား…။
***
“ဟားဟား ... သေကြစမ်း”
မိစ္ဆာလမ်းစဉ်က ပညာရှင်တွေက အဖွဲ့ခွဲ၇ထက် အရေအတွက် ပိုင်းမှာ အားနည်း နေပေမဲ့လည်း အရေးနိမ့် နေတဲ့ပုံ မပေါ်ပါဘူး။
မိစ္ဆာလမ်းစဉ်က ပညာရှင် တစ်ယောက်ရဲ့ လက်ဝါး ရိုက်ချက်က အဖွဲ့၇က ပညာရှင် တော်တော် များများကို သွေးသံတရဲရဲ ဖြစ်နေတဲ့ အရိုးစုတွေ အဖြစ် ပြောင်းလဲသွား စေပါတယ်။ ထိုပညာရှင်ရဲ့ လက်ဝါး ရိုက်ချက်က အသွေးအသားတွေကို တိုက်စား သွားတာပါ။
သူ့ရဲ့ လက်ဝါး ရိုက်ချက်က ကျိုးတချီနဲ့ ဆင်တူပေမဲ့ ပိုပြီးရက်စက် ကြမ်းကြုတ်ပါတယ်။
ဒါပေမဲ့လည်း ထိုပညာရှင်က တိုက်ပွဲထဲမှာ ကြာကြာ အစွမ်းမပြ လိုက်ရ ရှာပါဘူး။ ဓားရောင် တစ်ချက်က လက်ခနဲ ဖြစ်သွားပြီး ထိုသူရဲ့ ခေါင်းကို ဖြတ်သွား ခဲ့ပါတယ်။
ဓားရဲ့ ပိုင်ရှင်ကတော့ ခံစားချက်မဲ့ ဓားပါဘဲ။
သူ့ရဲ့ဓားက မြန်ဆန်သလို ညှာတာမှုလည်း မရှိပါဘူး။ ဓားချက်၃ချက် ထုတ်ပြီးတဲ့ အခါမှာတော့ မိစ္ဆာလမ်းစဉ်က ပညာရှင် ၃ယောက်ရဲ့ ခေါင်းကို ဖြတ်ပြီး သွားပါပြီ။
“မင်းက အရမ်းဓားစွမ်း ကောင်းနေတယ် ပေါ့လေ ...”
ခံစားချက်မဲ့ ဓားကို သတိပြုမိ လိုက်တဲ့ မြေကမ္ဘာနယ်ပယ် အဆင့်၇ ရန်သူ တစ်ယောက်က ထိပ်တိုက် ရင်ဆိုင် လာပါတယ်။
ခံစားချက်မဲ့ ဓားက ခန္ဓာကိုယ်ကို စက်ဝိုင်းတစ်ပတ် ပတ်လိုက်ပြီး ဓားချက်တွေကို အဆက်မပြတ် ထုတ်လိုက်ပါပြီ။
ထို့နောက်မှာတော့ ထိုမြေကမ္ဘာ အဆင့်၇ ပညာရှင်က အပိုင်းပိုင်း အစစကို ဖြစ်သွားခဲ့တယ်လေ။
“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားသိုင်း”
အဖွဲ့ခွဲ၇က အဖွဲ့ဝင်တွေတင် ထိတ်လန့် သွားရုံမက မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ ပညာရှင် တွေတောင်မှ ခံစားချက်မဲ့ ဓားကို ကြောက်လန့် သွားကျပါပြီ။
ခံစားချက်မဲ့ ဓားရဲ့ ဓားသိုင်းက လူသတ်ဖို့ သက်သက်ဘဲ လေ့ကျင့်ထားသည့် ပုံပါဘဲ။ သူ့ရဲ့ ဓားချက်နဲ့ ဓားကွက်တိုင်းက အညှာအတာ ကင်းမဲ့ပြီး ရက်စက်လွန်း ပါတယ်။ ဓားချက် ထွက်လာပြီ ဆိုတာနဲ့ တစ်ဖက် ရန်သူကတော့ ဆုတောင်း နေရုံကလွဲပြီး ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။
“အစွမ်း ထက်တယ်”
လီဖူချန်းရဲ့ ဘဝမှာ မြင်ဖူးတဲ့ အစွမ်း အထက်ဆုံး ဂိုဏ်းတော်သားကို ပြပါဆိုရင် ခံစားချက်မဲ့ ဓားကိုဘဲ ပြရမှာပါပဲ။ ဒီလောက်အထိ မြန်ပြီး ရက်စက်တဲ့ ဓားချက်မျိုးက “ခံစားချက်မဲ့ဓား”ဆိုသည့် ဘွဲ့ထူးနှင့် လိုက်ဖက်လှ ပါသည်လေ။
နောက်ထပ် နှစ်အနည်းငယ် ဆိုရင်တော့ အာဏာရှင်ဓား လျူဝူဟောင်နဲ့ ယုဝူရှန်းက ခံစားချက်မဲ့ ဓားကို ယှဉ်နိုင်ရင် ယှဉ်နိုင်လာ ပါလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ် မှာတော့ သူကိုယ်တိုင် အပါအဝင် ဘယ်သူမှ ခံစားချက်မဲ့ ဓားကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။
တိုက်ပွဲက အချိန်ကြာ လာတာနဲ့အမျှ သတ်ဖြတ်မှု တွေကလည်း ပိုပြီး များလာခဲ့ပါပြီ။ ခံစားချက်မဲ့ ဓားကတော့ တိုက်ပွဲအနှံ့ သွားလာနေပြီး ရန်သူတွေကို သတ်ဖြတ် နေပါတယ်။ ကျန်တဲ့ အဖွဲ့ဝင် တွေကတော့ အုပ်စု ခေါင်းဆောင်တွေရဲ့ အမိန့်အောက်မှာ လှုပ်ရှားနေကြ ပါတယ်လေ။
မိစ္ဆာလမ်းစဉ်က ပညာရှင် တွေကလည်း နယ်နယ်ရရတော့ မဟုတ်ပါဘူး။ သူတို့က အဆိပ်တွေ၊ ပျက်စီးခြင်း ချီတွေအပြင် အခြား ထူးထွေ ဆန်းပြားတဲ့ ပညာရပ် တွေကိုလည်း လေ့ကျင့်ထား ပါသေးတယ်။
အချိန်ကြာ လာတာနဲ့အမျှ အရေအတွက် များတဲ့ အဖွဲ့ခွဲ၇က အသာစီး ရလာခဲ့ပါပြီ။ ဒါပေမဲ့လည်း ပြတ်ပြတ်သားသားကြီး အသာစီး ရနေတာတော့ မဟုတ်သေးပါဘူး။ တစ်ဖက် ရန်သူ တွေကလည်း အတော်လေးကို အစွမ်းထက်နေ ဆဲပါပဲ။
တစ်ချက်လေး သတိလွတ် သွားတာနဲ့ ပြဿနာ တစ်ရပ်ကို ဖိတ်ခေါ် လိုက်သလို ဖြစ်သွား နိုင်ပါသေးတယ်။
အဖွဲ့ခွဲ၇က မြေကမ္ဘာ ပညာရှင် တစ်ယောက်က အသာရနေပြီ ဆိုပြီး မဆင်မခြင် လိုက်တိုက်တဲ့ အတွက် အဆိပ်မိပြီး လဲကျ သွားတာကို လီဖူချန်း တစ်ယောက် မြင်လိုက်ရတဲ့ အတွက် ပိုပြီး သတိထားမိ လာစေတယ်လေ။
ပြီးတော့ အဖွဲ့ခွဲ၇က တိုက်ရိုက်တပည့် တော်တော် များများကလည်း အခြေအနေ မဟန်တော့ပါဘူး။
သူတို့က ကျင့်ကြံခြင်း နယ်ပယ်မှာ အတော်လေး အဆင့်နိမ့် နေတယ်လေ။ ဒါပေမဲ့လည်း တိုက်ရိုက် တပည့်တွေဟာ ရဲရင့်စွာနဲ့ တိုက်ခိုက် နေဆဲပါပဲ။ အဖွဲ့ခွဲ၇က ထိပ်သီးပညာရှင် တွေကတော့ တိုက်ရိုက် တပည့်တွေ နောက်ကို အရိပ်သဖွယ် လိုက်ပြီး စောင့်ရှောက် နေရပါတယ်။ တိုက်ရိုက် တပည့်တွေက လုံးဝသေလို့ မရပါဘူး။
တိုက်ပွဲက တစ်ဖြည်းဖြည်းနဲ့ ထိပ်သီး ပညာရှင်တွေရဲ့ အားပြိုင်မှု ဖြစ်လာခဲ့ပါပြီ။
မြေကမ္ဘာ အဆင့်၃လောက်ဘဲ ရှိတဲ့ တိုက်ရိုက် တပည့်တွေကတော့ တိုက်စစ်ကို မသုံးတော့ဘဲ အနောက်မှာ ချန်နေခဲ့ကာ အဖြစ်လောက်ပဲ တိုက်နိုင်ပါတော့တယ်။
မြေကမ္ဘာ အဆင့်၅ အထက်မှာ ရှိနေတဲ့ တိုက်ရိုက် တပည့်တွေကတော့ ရှေ့ကို ဆက်တိုးသွားကြ ပါတယ်။
ခံစားချက်မဲ့ ဓားကလည်း အရင်လို ဓားကွက် တစ်ကွက် ထုတ်လိုက်တာနဲ့ လူတစ်ယောက် မသတ်နိုင်တော့ပါဘူး။ သူက ရန်သူ၈ယောက်ကို သတ်ပြီးတာနဲ့ မြေကမ္ဘာ အဆင့်၉က ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်လေ။
ခံစားချက်မဲ့ ဓားရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အဆင့်၅မှာဘဲ ရှိပါသေးတယ်။ အဲဒါက အဆင့် နိမ့်တယ်လို့ ပြောလို့ မရသလို မြင့်တယ်လို့လည်း ပြောလို့မရတဲ့ အနေအထားပါဘဲ။ အဲဒီအတွက် မြေကမ္ဘာနယ်ပယ် အဆင့်၉က ပညာရှင်နဲ့ အတွေ့မှာတော့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက် နေရပါတယ်။ အချိန်တိုလေး အတွင်းမှာတော့ တိုက်ပွဲရဲ့ အဖြေက ပေါ်လာဦးမှာ မဟုတ်ပါဘူး။
လီဖူချန်းကလည်း ပြိုင်ဘက်ကောင်း တစ်ယောက်နဲ့ တွေ့နေရပါပြီ။
သူ့ရဲ့ ရန်သူကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၆က ပညာရှင် တစ်ယောက်ပါ။
ရန်သူက ပညာရပ် ဆန္ဒတွေကို နားလည်ထားတဲ့ အတွက် လွယ်ကူတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ယုံဝူးမြို့စား ရှန်းတုကျန်းဟီ ထက်တောင်မှ အတော်လေး အစွမ်းထက် ပါတယ်။
အနည်းဆုံးတော့ နှစ်ဆလောက်ကို အစွမ်းထက်မည့် ပုံပါပဲ။
“ဟီးဟီး ... မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အရမ်းကောင်း နေတာဘဲ။ ငါသာ မင်းရဲ့သွေးကို စုပ်လိုက်နိုင်မယ် ဆိုရင် ... ဟားဟားဟား ...”
လီဖူချန်းရဲ့ ရန်သူက နှုတ်ခမ်းကို လျှာဖြင့် သပ်နေပြီး သွားရည် တများများ ဖြစ်နေပါပြီ။ ဒီမိစ္ဆာ ပညာရှင်က သွေးစုပ်တဲ့ ပညာရပ်ကို လေ့ကျင့်ထားတဲ့ အတွက် လီဖူချန်းကို အတော်လေး သဘောကျ နေပါတယ်။
“မင်းက ငါ့ရဲ့ သွေးကို စုပ်ချင်တာလား…။ မင်းတို့ မိစ္ဆာလမ်းစဉ်က ပညာရှင်တွေက ခေါင်းပြတ် နေရင်ကော သွေးစုပ်လို့ ရသေးလား ဆိုတာကို ငါ သိချင်နေမိတယ်”
“ငါ့ရဲ့ မီးတောက်ကြယ် ဓားသိုင်းကို မြည်းကြည့်စမ်း”
လီဖူချန်းက မီးတောက်ကြယ် ဓားသိုင်းကို ထုတ်သုံးပြီး တစ်ဖက် ရန်သူကို တိုက်ခိုက် လိုက်ပါတယ်။
“မင်းရဲ့ ဓားက ငါရဲ့ အကာအကွယ်ကို ဖောက်နိုင်မှာ မဟုတ်ပါဘူးကွာ ... ။ ငါက ... ငါ့ရဲ့ အတွင်းအား ဆန္ဒကို နားလည် ထားပြီးပြီ။ နေ… နေစမ်းပါဦး ... ဒါ ... ဒါက ...”
မိစ္ဆာလမ်းစဉ် ပညာရှင်က စကားကိုတောင် ပြီးအောင် ပြောခွင့် မရလိုက်ပါဘူး။
လီဖူချန်းရဲ့ ဓားက သူ့ရဲ့ ချီအကာအကွယ်ကို ဖောက်ဝင်လာပြီး ဦးခေါင်းကို ဖြတ်ယူ သွားခဲ့ပါပြီ။
***