← Chapters

ထုတ်ကုန် သရုပ်ဖော် ပြသပွဲ (၂)

Vol. 46 Ch. 639

ထုတ်ကုန် သရုပ်ဖော် ပြသပွဲ (၂)

Vol. 46 Ch. 639

မာ့ဆုကျင်းမှာ သေတ္တာကလေး၏ နံဘေးကို ရွေ့လျားသွား၏။

"သရုပ်ဖော် ပြသပွဲကို မစတင်ခင်မှာ ဒီဆေးလုံးလေးကို လောကကြီးဆီ ရောက်ရှိ လာစေခဲ့တဲ့ အဂ္ဂိရတ် ပညာရှင်ကို အရင်ဆုံး ဂုဏ်ပြုချင်ပါတယ်ရှင်… သူက ဒီဆေးလုံး အတွက် ဆေးညွှန်းကို ပေးဆပ် ဖန်တီးခဲ့တဲ့သူ ဖြစ်တဲ့ အပြင် ပထမဆုံး ဖော်စပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်"

ထိုစကားလုံးများက လူတိုင်း၏ အာရုံများကို ဖမ်းစားသွား၏။ ပထမ၌ ထိုအရာက ရွှေရောင် အသက်နန်းတော် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ စုပေါင်း အားထုတ်မှု ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတွင်တော့ လူပုဂ္ဂိုလ် တစ်ယောက်တည်း၏ ထုတ်ကုန်ဟု သိရသည်။ မည်သူက ထိုကဲ့သို့သော ဆေးလုံးကို ဖန်တီးခဲ့ သနည်း။ အဆုံးမဲ့ ကောင်းကင်တွင် အဆင့်ကိုး အထွတ်အထိပ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို တစ်ကိုယ်တော် ဖန်တီးနိုင်တာဆို၍ အဂ္ဂိရတ် ရှန့်ထိုများသာ ရှိပေလိမ့်မည်။

"မဟုတ်မှ လွဲရော အယ်နီယာ ခန်းမ အဂ္ဂိရတ် သူတော်စင်များလား…"

လူတိုင်းမှာ တွေးလိုက်မိကြ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ၎င်းက ရွှေရောင် အသက်နန်းတော်နှင့် အဆက်အစပ် ရှိသည့် တစ်ဦးတည်းသော အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။

အင်ပါယာ ကလန်မှ ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုနှင့် ထာဝရ နတ်ဘုရား ဆေးလုံး အဂ္ဂိရတ် ရှန့်ထိုတို့ကတော့ သူတို့ ဆေးလုံးကို ဘယ်တော့မှ ရွှေရောင် အသက်နန်းတော်ထံ ပေးလိမ့်မည် မဟုတ်ချေ။

မာ့ဆုကျင်းက တစ်ခဏမျှ ရပ်တန့်ကာ အဆောက်အဦ၏ ထောင့်တစ်နေရာ၌ ရပ်နေသည့် မာ့ကျန်းကို လှည့်ကြည့် လိုက်၏။ မလိုလားအပ်သော အကျိုးဆက်များ အတွက် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ရမှာ သူမ စိတ်ပူနေခြင်း ဖြစ်သည်။ သို့သော်လည်း… မာ့ကျန်းက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်၏။

မာ့ဆုကျင်း တစ်ယောက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ကြိုးစားရင်း မလိုလားအပ်သော အတွေးများကို ဖယ်ထုတ် လိုက်သည်။ ထို့နောက် သူမက ချိုသာစွာ ပြုံးရင်း ဆက်ပြောလိုက်လေ၏။

"ရှင်တို့ထဲက အချို့ကတော့ သူ့ကို သိပြီးသား ဖြစ်မှာပါ… အများစုကတော့ မသိကြသေးဘူး ပေါ့လေ… ဒါပေမဲ့ မကြာခင် သိလာကြမှာပါ… သူ့ကို ထာဝရ ကြယ်တာရာ နယ်မြေမှာ မွေးဖွားခဲ့ပါတယ်… နောက်ပြီး သူက အသက် ငါးဆယ် မပြည့်ခင်မှာတင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်"

ထာဝရ ဧကရာဇ်…

ရုတ်ချည်းပင်… လူအားလုံး၏ စိတ်ထဲ၌ နာမည် တစ်ခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ထိုနာမည်ကို မတုန်လှုပ်ရသူ တစ်ယောက်မှ မရှိပါချေ။

"နေဦး… မဟုတ်သေးဘူး…"

မှတ်တမ်းများ အရ ဆိုလျှင်… ထာဝရ ဧကရာဇ်မှာ အသက် တစ်ရာကျော်မှ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် သူက မည်သူနည်း။

ဝူပိုင်ကျိုး၏ နှလုံးခုန်သံမှာ ရပ်တန့်သွား၏။

လင်းမင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

စုမေ့က ပြုံးရုံသာ ပြုံးလိုက်၏။

ရွှယ်ရီဖေး၏ နှလုံးသားက အဆက်မပြတ် ခုန်နေသည်။

နာ့ရှင်းရီ၏ ခန္ဓာကိုယ် ကလေးမှာ တောင့်တင်းသွား၏။

တရှန်းကတော့ အသံထွက်သည် အထိ ရယ်မောလိုက်သည်။

အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သန့်စင်ပြီးသည့် အခြား အာဏာရှင်များ၊ ဗာကီရီ အဖွဲ့ဝင်များမှာလည်း အမှန်တရားကို သိရှိကြပြီး ဖြစ်လေသည်။ သို့သော်လည်း ဝေ့ဝူယင် ထိုကဲ့သို့ လှုပ်ရှားလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

လူတိုင်း၏ ဝိညာဉ်အာရုံများက အမြင့်ဆုံးထိ ရောက်ရှိလာကာ နားကို အစွမ်းကုန် ဆွံ့ရင်း ထိုပုဂ္ဂိုလ်၏ နာမည်ကို သူတို့ ကြားချင် လာကြ၏။

မာ့ဆုကျင်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း လိုက်လေသည်။

"သူကတော့ အာရုဏ်ဦးရဲ့ အာဏာရှင် အင်ပါယာ… အာရုဏ်ဦး မဟာ အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်ပါပဲ…"

"…"

"…"

"ဘယ်သူကြီးတုံး…"

….

အာရုဏ်ဦးရဲ့ အာဏာရှင် အင်ပါယာ… အာရုဏ်ဦး မဟာ အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်…

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ထာဝရ ကြယ်တာရာ နယ်မြေသားများမှ လွဲ၍ ထိုနာမည်နှင့် ပတ်သက်သည့် အဆင့်အတန်း၊ နောက်ခံ၊ ကျင့်ကြံခြင်း အဆင့်တို့ကို ကြားဖူးသူ တစ်ယောက်မှ မရှိပါချေ။

ဝေ့ဝူယင်…

အဆုံးမဲ့ ကောင်းကင်တွင် သူတို့ သိသည့် ဝေ့ဝူယင်များစွာ ရှိသည့်တိုင် ထိုအထဲမှ ဘယ်သူ တစ်ဦး တစ်ယောက်ကမှ ဖော်ပြပါ အရည်အချင်းများနှင့် မကိုက်ညီချေ။ အထူးသဖြင့် မဟာ အဂ္ဂိရတ် အာဏာရှင် ဆိုသော အဆင့်အတန်းက သာမန် ထိပ်သီး အဂ္ဂိရတ် အာဏာရှင်များပင် လိုက်မမှီနိုင်သည့် အဆင့်အတန်း ဖြစ်သည်။

အဂ္ဂိရတ် ပညာရှင်များကို အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် ထုတ်ကုန်များ ဖန်တီးနိုင်သည့် အပေါ် မူတည်ပြီး တရားဝင်၊ မူလနှင့် မဟာ အဆင့်များ အဖြစ် ခွဲခြားထားသည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲတွင် အလွန်အမင်း ကျော်ကြားကာ ထာဝရ အစည်းအရုံး၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် စန်းလော့ယန် ပင်လျှင်… မဟာ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မဟုတ်ချေ။ လွန်ခဲ့သည့် ရာစုနှစ်ပေါင်း များစွာတိုင်အောင် သူက မူလ အဂ္ဂိရတ် အာဏာရှင် အဆင့်တွင်သာ ရှိခဲ့ပေသည်။

ကြယ်တာရာ နယ်မြေ တစ်ခုလုံးရှိ အမျိုးမျိုးသော ဝိညာဉ်အာရုံများထံမှ ဝိညာဉ်လှိုင်းများမှာ တဖြည်းဖြည်း မြင့်တက် လာခဲ့သည်။ သူတို့က ထာဝရ ကြယ်တာရာ နယ်မြေ နယ်မြေတွင် မွေးဖွားကာ အသက် ငါးဆယ် မပြည့်ခင် မဟာ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခဲ့သည် ဆိုသည့် ထိုအာရုဏ်ဦး ဧကရာဇ် ဆိုသည့် ပုဂ္ဂိုလ် အကြောင်း ပိုမို များပြားသော အချက်အလက်များကို သိလို လာကြသည်။ အများစုကတော့ မယုံမကြည် ဖြစ်နေကြကာ ထိုအချက်ကို လက်ခံရန် စိတ်ထဲမှ ငြင်းဆို နေမိကြ၏။

ဤနေရာတွင် သူတို့ လွယ်လွယ်နှင့် လက်မခံနိုင်သည်က မထူးဆန်းပါချေ။ မဟာ စက်ဝန်း ကြယ်တာရာ ကွင်းပြင်တွင် အမှတ်အသား တစ်ခု အဖြစ် ကျန်ရှိနေသည့် ထာဝရ ဧကရာဇ် ပင်လျှင် အသက် တစ်ရာ ကျော်ပြီးနောက်မှ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်… မဟာ အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာရန် အတွက် ရာစုနှစ် အနည်းငယ်တိုင်အောင် အချိန် ယူခဲ့ရသည်။

ထိုကဲ့သို့ ထာဝရ ဧကရာဇ် အတွက်ပင် ခက်ခဲခဲ့သော ခြေလှမ်းများကို အာရုဏ်ဦး ဧကရာဇ် ဆိုသူက နှစ်ပေါင်းငါးဆယ် အတွင်း ပြီးမြောက်ခဲ့သည်ဟု ဆိုသည်။ ထိုယုံတမ်းစကားကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။

"သူ တကယ် လုပ်ချလိုက်တာပဲ…"

ဝူပိုင်ကျိုးမှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ဝေ့ဝူယင်က သူ့ စွမ်းရည်များကို ယခုလိုမျိုး ပွင့်ပွင့်လင်းလင်း ချပြလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ချေ။

သူမ အမြင်အရဆိုလျှင်... ဝေ့ဝူယင်မှာ အလွန် ထူးချွန်သည် ဆိုသော်လည်း အသက်အရွယ်အားဖြင့် ငယ်သေးသည့် အပြင် ကျင့်ကြံခြင်း အခြေခံမှာလည်း အဆုံးမဲ့ ကောင်းကင်စံနှင့် ယှဥ်ပါက အလွန် နိမ့်ပါးနေပေသေးသည်။ ထို့ကြောင့်ပင် ၎င်းက မလိုလားအပ်သည့် အန္တရာယ်များကို ဆင့်ခေါ် လာနိုင်စွမ်း ရှိသည်။

အခြားတစ်ဖက်၌ ဝူယုကတော့ ထိုအမြင်ကို သဘောမတူပါချေ။

"ထာဝရ ဧကရာဇ်က မြေကြီး ရှန့်ထိုတွေ ရှိတဲ့ ဒီနေရာကို နောက်လိုက် အနည်းငယ်နဲ့ ရောက်ရှိ လာခဲ့တယ်… ဒါပေမဲ့ အဆုံးသတ်မှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းမိုး နိုင်ခဲ့တာပဲ… ဝေ့ဝူယင်မှာလည်း အဲဒီထက် မလျော့တဲ့ အရည်အချင်း ရှိတယ်လို့ ငါ ထင်တယ်… နောက်ပြီး သူက ပြင်ဆင်မှုတွေ လုပ်ပြီးလောက်ပြီ… ဥပမာ ပြောရရင် ဒီရွှေရောင် အသက်နန်းတော်ပေါ့"

ဝူပိုင်ကျိုး၏ မျက်လုံးများက လင်းလက်သွားကာ ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်မှာ မပိုင်လျှင် ခြင်တောင် မရိုက်တတ်သူ ဖြစ်ကြောင်း သူမ တစ်ခဏ မေ့သွားခဲ့ခြင်း ဖြစ်သည်။

စတင် ဆုံတွေ့သည့် နေ့ကတည်းက ထိုလူငယ်မှာ အစီအစဉ်အတိုင်းသာ လှုပ်ရှားသူ တစ်ယောက် ဖြစ်ကြောင်း သူမ သတိထားမိခဲ့သည်။ သူက ဝူတိုင်းပြည်၏ ဧကရာဇ် ဝူကျိုးကိုပင် တစ်ပတ်ရိုက်နိုင်ခဲ့သူ ဖြစ်သည်။

ဝူယု ပြောသည့် စကားက တကယ် မမှားချေ။ ယခု၌ ရွှေရောင် အသက် နန်းတော်ပင်လျှင် သူ့အတွက် အလုပ်လုပ်ပေးနေပြီ ဖြစ်သည်။ ထိုအင်အားစုကြီး၏ ကျောထောက်နောက်ခံဖြင့် ဆိုပါက မည်သူက သူ့ကို ထိရဲတော့မည်နည်း။

ထိုကဲ့သို့… ဝူပိုင်ကျိုး တစ်ယောက် အမျိုးမျိုးသော အတွေးများဖြင့် အလုပ်များ နေစဉ်မှာပင် မာ့ဆုကျင်းက သေတ္တာကလေးကို ထိကာ ဖွင့်လိုက်၏။

အဖုံးကို ဟလိုက်သည်နှင့် သန့်စင်သော အဂ္ဂိရတ် မြူမှုန်များက ပေါက်ကွဲ ထွက်ပေါ်လာသည်။ ချက်ချင်း ဆိုသလိုပင်… တကွဲတပြား ဖြစ်နေသည့် ဝိညာဉ်အာရုံများမှာ သေတ္တာထံသို့ ပြန်လည် စုစည်းလာ၏။

"ဒီဆေးလုံးကို အာရုဏ်ဦး နေမီးတောက် ဆေးလုံးလို့ ခေါ်ပါတယ်"

ဟူး… ဟူး…

ကြေညာသံနှင့် အတူ ငွေရောင် ဆေးကလေး တစ်လုံးမှာ သေတ္တာထဲမှ ထွက်ပေါ် လာခဲ့၏။ ၎င်းက နေကြယ်တစ်စင်းနှင့် ဆင်တူကာ အလွန် လှပ ဆန်းကြယ်လွန်းလှသည်။

ဆေးလုံးမှာ မည်သည့် စွမ်းအင် အကူအညီမှ မပါပဲ ကိုယ်ပိုင် စွမ်းအင်ဖြင့် လွင့်မြောနေခြင်း ဖြစ်ကာ အဂ္ဂိရတ် အလင်းတို့နှင့် အတူ ဂြိုဟ်တစ်စင်းလို လှည့်ပတ်နေ၏။

"အံ့ဩစရာပဲ…"

ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယက အံ့ဩတကြီး ရေရွတ်လိုက်၏။

"လုံးဝ ပြီးပြည့်စုံတယ်"

မာ့လဲ့ဟန်ကလည်း အမြင်ကို ဖော်ထုတ် လိုက်သည်။ သူ့ ဘဝ တစ်လျှောက်လုံး၌ များစွာသော အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို တွေ့မြင်ဖူးသည့်တိုင် ယခုလို ပြီးပြည့်စုံသည့် အဂ္ဂိရတ် ထုတ်ကုန်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

၎င်းက အမှန်တကယ်ကို အဆင့်ကိုး အထွတ်အထိပ် အဆင့် ဖြစ်သည်။ ထို့အပြင်… ချို့ယွင်းချက် တစ်ခုတစ်လေပင် မရှိချေ။ အကယ်၍ နှစ်တစ်ထောင်တိုင်အောင် သည်အတိုင်း ဖွင့်ထားလျှင်ပင် ပြီးပြည့်စုံသည့် အခြေအနေ၌ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

ထို့အပြင်… ဆေးလုံး၏ အပေါ်ယံ အလွှာနှင့် အဂ္ဂိရတ် မြူတို့တွင်လည်း မည်သည့် မသန့်စင်မှုမှ မရှိချေ။ မည်သည့် အညစ်အကြေးမှလည်း ၎င်းတို့ကို စွဲထင်နိုင်ပုံ မရချေ။

မည်ကဲ့သို့သော သူက ၎င်းကို ဖန်တီးထား သနည်း။

မူယုယမှာ သေတ္တာအနားသို့ ဖျပ်ခနဲ ရောက်ရှိလာကာ ကိုယ်ပိုင် စွမ်းအားဖြင့် လေပေါ်တွင် မြောလွင့်နေသည့် ဆေးလုံးကို ‌စေ့စေ့စပ်စပ် အကဲခတ်လိုက်၏။ ဆေးလုံး၏ ပတ်လည်၌ ရစ်ဝဲနေသည့် အဂ္ဂိရတ် မြူမှုန်နှင့် အလင်းတို့ကို ထိတွေ့ကြည်ပြီးနောက် သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်သွားသည်။

“ဒီအဂ္ဂိရတ် မြူနှင်းက...”

မူယုယ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပိုမို တောက်ပလာကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ဆေးလုံးကို ဝေ့ဝဲနေသည့် အဂ္ဂိရတ် မြူမှုန်နှင့် အလင်း အနည်းငယ်မှာ ဇာပုဝါကို ဖြတ်သန်းကာ ပျောက်ကွယ်သွားသည်။ ချက်ချင်းပင်... သူမ၏ မျက်လုံးများက ရီဝေလာကာ အာစုံစူးစိုက်နိုင်စွမ်းများပင် ကျဆင်း လာခဲ့ပြီ ဖြစ်လေသည်။

မာ့လဲ့ဟန်မှာ ထိုမြင်ကွင်းကို အသာအယာ ပြုံးရင်း ကြည့်နေခဲ့၏။ ဆေးလုံးကို လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက သူ တစ်ခါ စစ်ဆေးပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မည်ကဲ့သို့ ခံစားနေရကြောင်း သူ မှန်းဆ နိုင်ပေသည်။

အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကျင့်ကြံခြင်း လောက၏ အခြေခံ စံနှုန်းများကို အဖက်ဖက်မှ ချိုးဖျက်ထားသည့် အပြင် အရေး အကြီးဆုံး အချက်က ၎င်းကို ဖန်တီးရာတွင် အသုံးပြုထားသည့် အဂ္ဂိရတ် စွမ်းအင်၏ သန့်စင်မှု ဖြစ်သည်။ အဆင့်ကိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် အဂ္ဂိရတ် မြူ အမျိုးမျိုးကို ယခင်က မြင်တွေ့ခဲ့ဖူးသည့်တိုင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကတော့ လုံးဝကို အခြားတစ်ဆင့် ဖြစ်ပေသည်။

***

All Chapters