← Chapters

အကြီးအကဲ ကင်းမြီးကောက်

Vol. 14 Ch. 186

အကြီးအကဲ ကင်းမြီးကောက်

Vol. 14 Ch. 186

“ခံစားချက်မဲ့ရဲ့ ဓားဆန္ဒက ဆန်းကြယ် အလယ်အလတ် အဆင့် ဓားဆန္ဒဆိုတာ လုံးဝ သေချာတယ်။ ငါတို့ နှစ်ယောက်ကြားမှာ ကွာနေတာ ဆိုလို့ ကျင့်ကြံခြင်း အဆင့်ဘဲ ရှိတာပဲ”

သူ့ရဲ့ ရန်သူကို အပြတ်ရှင်းပြီး နောက်မှာတော့ လီဖူချန်းက သူ့ဘာသာသူ တွေးလိုက် မိပါတယ်။

ဓားဆန္ဒတွေရဲ့ အဆင့်အတန်း ကလည်း ဓားပညာရှင် တစ်ယောက်နဲ့ တစ်ယောက်ကြား ကွာဟချက်ကို ကြီးမားစေပါတယ်။တစ်ကယ်လို့ လီဖူချန်းနဲ့ ကျင့်ကြံခြင်း နယ်ပယ်ခြင်း တူညီတဲ့ ပညာရှင် တစ်ယောက် တိုက်ခိုက် ကြတယ် ဆိုပါစို့ ။

တစ်ဖက်လူက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းဆန္ဒကို နားလည်ထားတဲ့ အချိန်မှာ လီဖူချန်း ကတော့ ဆန်းကြယ် အလယ်အလတ် အဆင့်မှာဘဲ ရှိနေပါတယ်။ ထိုလူက လီဖူချန်းကို ဓားတစ်ချက်နဲ့ပဲ အလွယ်တကူ အနိုင်ယူ သွားမှာပါ။

လီဖူချန်းရဲ့ သာမန် မဟုတ်တဲ့ အနိုင်ယူမှုတွေက တစ်ဖက်က မိစ္ဆာလမ်းစဉ် ပညာရှင်တွေကို သတိပြုမိ စေပါတယ်။

မြေကမ္ဘာနယ်ပယ် အဆင့်၁ ပညာရှင် တစ်ယောက်က သူ့ထက် အဆင့်မြင့်တဲ့ သူတွေကို ဆက်တိုက် သတ်ဖြတ် နေတာက လုံးဝကို အံ့သြစရာ မဟုတ်ပါလား ... ။

တိုက်ပွဲ မြေပြင် တစ်ခုလုံး မှာတော့ လီဖူချန်းက  ခံစားချက်မဲ့ဓား ပြီးရင် ဆက်တိုက် သတ်ဖြတ်မှု အများဆုံးပါဘဲ။

သူက မြေကမ္ဘာနယ်ပယ် အဆင့်၁ ဖြစ်ပေမဲ့ ရန်သူ၇ယောက် ကိုတောင် ဆက်တိုက် သတ်ဖြတ် ပြီးနေပါပြီ။

အဖွဲ့ခွဲ၇မှာ လီဖူချန်းနဲ့ ခံစားချက်မဲ့ ဓားထက် အစွမ်းထက်တဲ့ သူတွေ ရှိပေမဲ့လည်း သူတို့က မိစ္ဆာလက်ဝါး အဖွဲ့ခွဲရဲ့ ထိပ်သီး ပညာရှင်တွေကို တာဝန်ယူ တိုက်ခိုက် နေရတယ်လေ။

“ဟိုကောင်လေးကို သွားသတ်လိုက်”

မိစ္ဆာလက်ဝါး အဖွဲ့ခွဲရဲ့ ခေါင်းဆောင် တစ်ယောက်က အလွန်ဘဲ အစွမ်းထက်ပုံ ရပါတယ်။  အဖွဲ့ခွဲ၇က  အုပ်စုခေါင်းဆောင် နှစ်ယောက်ကို တိုက်နေရင်းနဲ့ တောင်မှ  သူက တိုက်ပွဲ အခြေအနေကို သုံးသပ် နေနိုင်တယ်လေ။ သူက အခြားသော မိစ္ဆာလမ်းစဉ် ပညာရှင်တွေကို စိတ်နဲ့ ဆက်သွယ်ပြီး လီဖူချန်းကို သတ်ရန် စေခိုင်း လိုက်ပါတယ်။

အမိန့်ကို ကြားလိုက်ရတဲ့ နောက်မှာတော့ မိစ္ဆာလမ်းစဉ် ပညာရှင်တွေဟာ လီဖူချန်းဆီကို ပြေးဝင် လာကျပါပြီ။

လီဖူချန်းကလည်း အခြေအနေ မဟန်တော့တာကို ရိပ်မိပါတယ်။

“ကိုယ်ဖော့ပညာ ဆန္ဒလား”

လီဖူချန်းရဲ့ ထက်မြက်တဲ့ စိတ်အာရုံ ခံစားမှုက  ဝိညာဉ် တစ်ကောင်ပမာ မျောလွင့်လာတဲ့ ရန်သူ တစ်ယောက်ကို သတိထား လိုက်မိပါတယ်။

သိုင်းပညာရှင် တိုင်းဟာ  သူတို့ရဲ့  အထူး အားသာချက်တွေ ရှိကြတာပါဘဲ။

ဓားသိုင်းသမားတွေက  ဓားနဲ့ ပက်သက်လာရင် ပိုနားလည် သဘောပေါက် မြန်တယ်။ အခြား ပညာရပ် တွေထက်ကို ပိုထူးချွန်တယ်။

ဆေဘာ သိုင်းသမား တွေကတော့ ဆေဘာနဲ့ ပက်သက်လာရင် ပိုနားလည် တတ်ကျွမ်း မြန်တယ်လေ။ သူတို့က ဆေဘာ ဆန္ဒတွေကို အခြား ပညာရပ်တွေထက် ပိုမြန်မြန် နားလည် အသုံးပြုနိုင်ပါတယ်။

မိစ္ဆာလမ်းစဉ် ပညာရှင် တွေကတော့ ကိုယ်ဖော့ပညာကို အထူးပြုပါတယ်။

ရွပ် ...

အေးစက်တဲ့ ဓားတိုလေး တစ်ခုက လီဖူချန်းရဲ့ နောက်ကျောကို စိုက်ဝင် လာပါပြီ။

“ဟင်”

မိစ္ဆာလမ်းစဉ် ပညာရှင်က ကြောင်အ သွားပါတယ်။ သူ့ရဲ့ ဓားသွားကနေ တုံ့ပြန်မှုအရ ဆိုရင် သူ ထိုးလိုက်တာက ဘာအခုအခံမှ မရှိတဲ့ လေဟာနယ်ကြီးပါပဲ။ ဘယ်လိုလုပ် ငါ့ရဲ့ ဓားက လွဲချော် သွားပါလိမ့် ... ။

လီဖူချန်းက သူ့ရဲ့ နောက်ကျော ဘက်ကနေ အေးစက်တဲ့ အငွေ့အသက် တစ်ခုကို ရလိုက်တာနဲ့ တစ်ပြိုင်နက် လေအရိပ် ခြေလှမ်းကို သုံးပြီး ရှောင်တိမ်း လိုက်ပါတယ်။ မီးနဂါးချီတွေ ထောက်ပံ့ထားတဲ့ လီဖူချန်းရဲ့ လှုပ်ရှားမှု ကတော့ လျှပ်ပြက်သည့် အတိုင်းပါပဲ။

“မင်းကငါ့ကို အလစ် လုပ်ကြံတာပေါ့လေ"

“မီးတောက်ကြယ် ပေါက်ကွဲစမ်း”

လီဖူချန်းက ရန်သူရဲ့ နောက်ကျော ဘက်ကနေ ပြန်ပေါ်လာပြီး သူ့ဓားကို အလုပ် ပေးလိုက်ပါတယ်။

ကောင်းကင် တစ်ခုလုံးကို မီးတောက်မီးပွား လေးတွေက ဖုံးအုပ် သွားခဲ့ပါပြီ။

“ ငါ့ဘဝ ကတော့ ဒီမှာတင် ပြတ်ပြီပဲ”

လီဖူချန်းကို အလစ် တိုက်ခိုက် လိုက်တဲ့ မိစ္ဆာပညာရှင် ကတော့ နောင်တရ သွားခဲ့ပါပြီ။ သူက ဒီဓားကွက် ထဲကနေ ဘယ်လိုမှ မလွှတ်နိုင်တော့ဘူး ဆိုတာကို ရိပ်မိ လိုက်တယ်လေ။

မကြာခင်မှာဘဲ မီးပွားလေးတွေက သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လောင်ကျွမ်း သွားပြီး  အသက်ကို နှုတ်ယူ သွားပါတော့တယ်။ အသံလေး တစ်ချက် အော်ညည်း ချိန်တောင် မရလိုက်ပါဘူး။

“ဒီဆန်းကြယ် အလယ်အလတ် ဓားဆန္ဒက မြေကမ္ဘာ အဆင့်မှာတော့ ငါ့အတွက် ကောင်းကောင်းကြီး လုံလောက်တာပဲ။ ငါက ကျင့်ကြံခြင်း နယ်ပယ်နဲ့ အတွင်းအား ကျင့်စဉ်ဘက်မှာ အဆင့်တက်ဖို့ပဲ လိုတော့တယ်”

မြေကမ္ဘာနယ်ပယ် အဆင့်၁ဆိုတဲ့ အဆင့်ကြီးက အရမ်းကို နိမ့်လွန်း ပါသေးတယ်။ တကယ်လို့သာ မီးနဂါး လျို့ဝှက်နည်း စနစ် မရှိခဲ့ရင် လီဖူချန်းက အခုအချိန်မှာ သေနေလောက်ပါပြီ။

“လခွီးတဲ့မှဘဲ ... မိုးပြာရောင်ဂိုဏ်းမှာ ကျားနဂါးတွေ ဘယ်လောက်တောင် ခိုအောင်း နေတာလဲ”

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်က  အဖြစ်အပျက် တွေကို ကောင်းကောင်းကြီး မြင်နေ ရပါတယ်။

ဒီဂိုဏ်းတော် တပည့်တွေက လုံးဝကို ပြဿနာကောင် တွေပါဘဲ။ သူတို့ကို  သာမန် ပညာရှင်တွေလို ကျင့်ကြံခြင်း နယ်ပယ်ပဲ ကြည့်ပြီး သွားယှဉ်လို့ မရပါဘူး။ ဒီကောင်တွေရဲ့ လက်ထဲမှာ လုံးဝကို မထင်မှတ်ထားတဲ့ ဝှက်ဖဲတွေကို ကိုင်ထား ကြတယ်လေ။

“မိစ္ဆာလက်ဝါး အစည်းအရုံးက အဖွဲ့ဝင်တွေ အားလုံး နားထောင်ကြ ... ရန်သူတွေရဲ့ ဝန်းရံထားမှုကို ရတဲ့နည်းနဲ့ ဖောက်ထွက် ရမယ်။ တိုက်ပွဲကို အချိန် ဆွဲပြီး တိုက်မနေနဲ့တော့ ...”

မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ခွဲ ခေါင်းဆောင်က ကျယ်လောင်စွာဖြင့် အော်ဟစ် အမိန့်ပေး လိုက်ပါတယ်။

“အဖွဲ့ခွဲ၇က အဖွဲ့သားတွေ အားလုံး အမိန့်ကို နာခံကြ ... တစ်ယောက်ကိုမှ မလွှတ်သွားစေနဲ့”

အုပ်စု၄ရဲ့ ခေါင်းဆောင် လျိုဟိုင်ကလည်း အော်ဟစ်ပြီး အမိန့်ပေး လိုက်ပါတယ်လေ။

ဒီမိစ္ဆာလက်ဝါး အဖွဲ့ခွဲကို သည်လောက်အထိ တိုက်ရ ခက်မယ်လို့ သူက မထင်ထားခဲ့ပါဘူး။ သူတို့ဘက်က အရေအတွက် ဒီလောက် သာနေတာ တောင်မှ ပြတ်ပြတ်သားသား အနိုင်မရနိုင် သေးဘူးလေ။ ကြည့်ရတာတော့ သူက ဒီကောင်တွေကို အထင်သေး မိသွားသည့် ပုံပါဘဲ။

တစ်ဖက်က ထွက်ပြေးဖို့ ကြိုးစားနေပြီး နောက်တစ်ဖက်က ထွက်ပြေးလို့ မရအောင် ဝန်းရံ နေပါတယ်။ တိုက်ပွဲက လုံးဝကို သေရေးရှင်ရေး သမျှ အရေးကြီးနေ ပါပြီ။

***

“ပထမံ လက်”

ဓားကွက်ပေါင်း မြောက်မြားစွာ ဖလှယ်ပြီးတဲ့ နောက်မှာတော့  ခံစားချက်မဲ့ ဓားက  သူ့ရဲ့ လျှို့ဝှက် နည်းစနစ်ကို မသုံးမဖြစ် သုံးလိုက်ရပါပြီ။

ဒါက ကြယ်၃ပွင့် လျို့ဝှက် နည်းစနစ် တစ်ခုပါ။ အသုံးပြုသူရဲ့ ချီတွေကို လက်မှာ သွားရောက် စုစည်းစေပြီး  နှစ်ဆလောက် သန်မာ လာစေပါတယ်။

လျှို့ဝှက် နည်းစနစ်ကို အသုံးပြုထားတဲ့ ခံစားချက်မဲ့ ဓားရဲ့ ဓားကွက်တွေက တစ်ဖက် ရန်သူရဲ့ လက်မောင်း တစ်ဖက်ကို အရင်ဆုံး ပြတ်ထွက် သွားစေခဲ့ပါတယ်။  ထို့နောက် မှာတော့  အသက်ကိုပါ နှုတ်ယူ သွားခဲ့ပါပြီ။

မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ဟာ အချိန်ကြာ လာတာနဲ့ အမျှ အရင်လို ပြန်တိုက် နိုင်စွမ်း မရှိတော့ပါဘူး။

သည်အတိုင်း ဆိုရင်တော့ သူတို့ဟာ လုံးပါးပါးပြီး တစ်ဖွဲ့လုံး သေရတော့မှာပါ။

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်က ဘာမှ မတတ်နိုင် တော့သည့် ပုံဖြင့် စံအိမ်ကြီးဘက်ကို လှည့်ပြီး အော်ပြော လိုက်ပါတယ်။

“အကြီးအကဲ ကင်းမြီးကောက် ခင်ဗျား ... ကျွန်တော်တို့ကို ကူညီပေးပါဦး”

“ မင်းကငါ့ကို ကူညီစေချင်တာလား  ... ရတယ်လေ ... ။ အရမ်း ရိုးရှင်းပါတယ်။ ငါ့ကို ရွှေပြား ၅သန်း ပေးလိုက်။”

အသံနဲ့အတူ ခါးကုန်းကြီး တစ်ယောက်က စံအိမ်ထဲက ထွက်လာခဲ့ပါတယ်။

“ကျွန်တော် ပေးပါ့မယ်ဗျာ”

အဖွဲ့ခွဲမှူးက အလျင်အမြန် ပြန်ဖြေ လိုက်ပါတယ်။

“ဟီးဟီး ... ဒါဆိုရင်တော့ ကျေးဇူးပါဘဲ။”

ခါးကုန်းကြီးက  မြေပြင်ကို ဖနောင့် တစ်ချက် ပေါက်လိုက်ပါတယ်။

ခန့်မှန်းလို့ မရအောင် ထူထပ်သိပ်သည်း လှတဲ့ ကြောက်စရာ ချီစွမ်းအင် တစ်ခုက မီတာ ရာနဲ့ချီပြီးကို ဖုံးအုပ် သွားခဲ့ပါပြီ။

လူတွေအာလုံးရဲ့ အကြောအချဉ်တွေက တုံ့ဆိုင်းသွားပြီး တစ်ချက် ကလေးတောင် လှုပ်လို့ မရတော့ပါဘူး။

“ကောင်းကင်နယ်ပယ် ပညာရှင်”

အဖွဲ့ခွဲ၇ရဲ့  အဖွဲ့ဝင် တွေကတော့  လုံးဝကို တုန်လှုပ် သွားကြပါပြီ။ သူတို့ရဲ့ မျက်လုံးတွေ ထဲမှာလည်း ကြောက်ရွံ့မှုတွေက အထင်းသား ပေါ်နေပါတယ်။

မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ခွဲ ခေါင်းဆောင်ကတော့ စိတ်ထဲမှာ ကြိတ်ပြီး ပျော်နေပါပြီ။

“အကြီးအကဲ ကင်းမြီးကောက်က အဆိပ်ငါးမျိုး  ဂိုဏ်းရဲ့  ထိပ်ပိုင်း အဖွဲ့ဝင် တွေထဲက တစ်ယောက်ဘဲ။ အဆိပ် ငါးမျိုးဂိုဏ်းက မိုးပြာရောင်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ အလို အရှိဆုံး ဂိုဏ်း၃ဂိုဏ်း ထဲက တစ်ဂိုဏ်း။ ဒီတိုက်ပွဲကတော့ အရမ်း ပြင်းထန် လာတော့မှာဘဲ”

“အဆိပ် ငါးမျိုးဂိုဏ်းက ငါတို့ မိစ္ဆာလက်ဝါး အစည်းအရုံးကို သူတို့နဲ့ ပူးပေါင်း စေချင်တာ။ ဒါပေမဲ့ သူတို့ ငါတို့ ရဲ့ ဌာနချုပ်ကို မသိဘူး။ အဲဒီ အတွက် အကြီးအကဲ ကင်းမြီးကောက်က ငါတို့ အဖွဲ့ခွဲကို ကိုယ်တိုင် လာပြီး  ဌာနချုပ် အတွက် စာတစ်စောင် လာပေးတာ။ အကြီးအကဲ ကင်းမြီးကောက် ရှိနေမှတော့ ဒီမိုးပြာရောင်ဂိုဏ်းက ခွေးမသားတွေကို သတ်ပစ်ဖို့ ဆိုတာ လွယ်လွယ်လေးပဲ”

“ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင်လား”

လီဖူချန်း ကတော့  အခြေအနေ မဟန်တော့ဘူး ဆိုတာကို သဘောပေါက် ပါတယ်။

ကောင်းကင်နယ်ပယ် ဆိုတာက လုံးဝက တစ်သီး တစ်သန့် ရှိနေတဲ့ နယ်ပယ်ပါ။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က မြေကမ္ဘာ ပညာရှင် တစ်အုပ်လုံးကို အသာလေး သတ်ပစ် နိုင်တယ်လေ။

“ငါ့လက်ထဲမှာ သေရတာက မင်းတို့အားလုံး ဂုဏ်ယူစရာ ဖြစ်လာမှာဘဲ။ ကဲ … ကဲ ... သေကြပေတော့ ...”

အကြီးအကဲ ကင်းမြီးကောက်ရဲ့ လက်တစ်ဖက် အဝှေ့မှာတော့  အပြာရောင် အပ်ကလေး တွေနဲ့ ဆင်တူတဲ့ ချီတွေက မိုးသီး မိုးပေါက်တွေ ပမာ ကျဆင်း လာခဲ့ပါပြီ။

အဖွဲ့ခွဲ၇က လူတွေ ကတော့ ဘာမှ မတတ်နိုင်ဘဲ လည်စင်းပြီး ခံနေရုံဘဲ ရှိပါတော့တယ်။

“ကြည့်ရတော့ ငါဆိုတဲ့ လျူကန်း ကတော့ ကံအတော်လေး ကောင်းနေပြီနဲ့ တူတယ်။ ငါးအကြီးကြီးကို  တန်းမိတာပဲဟေ့ ...”

ရုတ်တရက်ဆိုသလို လက်ဝါးကြီးတစ်ခုက ကောင်းကင်ပေါ်မှ ကျလာပြီး အပြာရောင် ချီတွေကို ရိုက်ချပစ် လိုက်ပါတယ်။

ဝုန်း ... …

ကြောက်စရာကောင်းတဲ့ ပေါက်ကွဲသံတွေက  မီတာ၁၀၀ အတွင်းမှာ ဆက်တိုက် ဖြစ်ပေါ်လာပြီး လူတွေ အားလုံးကို လွင့်ထွက်သွား စေတယ်လေ။ မိစ္ဆာလက်ဝါး အစည်းအရုံးက လူတွေကော၊  အဖွဲ့ခွဲ၇က လူတွေကောက ဒီချီ ပေါက်ကွဲမှု တွေကို ခံနိုင်ရည် မရှိပါဘူး။ သူတို့ အားလုံးရဲ့ မျက်နှာတွေက သွေး မရှိတော့သလို  ဖွေးဆွတ်သွားပြီး သွေး တစ်လုတ်စီမျှ အန်ထုတ် လိုက်ရပါတယ်။

“အဲဒါက လက်ထောက် အဖွဲ့ခွဲမှူးလျူ ပဲ”

အဖွဲ့ခွဲ၇က အဖွဲ့ဝင် တွေကတော့ အခုမှ သက်ပြင်းချ နိုင်ပါတော့တယ်လေ။

လျူကန်းက နတ်ဘုရားလေ ဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ၇က လက်ထောက် အဖွဲ့ခွဲမှူး ဖြစ်ပါတယ်။ သူကလည်း ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက်ပါ။

“စိတ်ဝင်စားစရာပဲ ... ကြည့်ရတာ ရွှေပြား၅သန်းတောင် တောင်းနေစရာ မလိုတော့ဘူး ထင်တယ်။ ဒီမိုးပြာရောင်ဂိုဏ်းက ကောင်းကင်နယ်ပယ် ပညာရှင်ကို သတ်လိုက် နိုင်မယ်ဆိုရင် ဂိုဏ်းချုပ်ကြီးက ငါ့ကို ဆုတွေ အများကြီး ချီးမြှင့်လိမ့်မယ်”

အကြီးအကဲ ကင်းမြီးကောက်က ဝမ်းသာအားရ ရေရွတ် လိုက်ပါတယ်။

သူက မြေကြီးပေါ်မှာ မှောက်ခုံ လဲချလိုက်ပြီး ညာဘက် ခြေထောက်ကိုတော့ အပေါ်ကို ထောင်ထား ပါတယ်။ ကင်းမြီးကောက် အမြီးလိုပေါ့။

ရှုး ...

အကြီးအကဲ ကင်းမြီးကောက်က  ရှေ့ကို ဆတ်ခနဲ လှမ်းသွားပြီး  လျူကန်းကို တိုက်ခိုက် လိုက်ပါပြီ။ သူ့ရဲ့ ညာဘက် ခြေထောက်ကနေ  အပြာရောင် ချီတွေကို ဆက်တိုက် ပစ်လွှတ် လိုက်တယ်လေ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ လက်နှစ်ဖက် ကလည်း ဂဏန်းလက်မ သဖွယ်ဖြင့်  လျူကန်းကို ဖမ်းချုပ်ဖို့ ကြိုးစား နေပါတယ်။

ဆန်းကြယ် အဆင့်မြင့် အတွင်းအား ကျင့်စဉ် တစ်ခုဖြစ်တဲ့ ကင်းမြီးကောက်ပြာ ကျင့်စဉ်။

မိစ္ဆာလမ်းစဉ် ပညာရှင်တွေက သူတို့ရဲ့ ပညာရပ်တွေကို ဘယ်ကနေ ရခဲ့မှန်း မသိပါဘူး။ သူတို့ရဲ့ ပညာရပ်တွေက ထူးဆန်းတဲ့ သဘောသဘာဝ ရှိပြီး အစွမ်းလည်း ထက်ပါတယ်။

ရှေးကျတဲ့ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေမှာ ဆိုရင် ပိုပြီး ထူးထွေဆန်းပြားတဲ့ ကျင့်စဉ်တွေတောင် ပိုင်ဆိုင်ထား ပါသေးတယ်။

အရင်တစ်ချိန် တုန်းကဆိုရင် မကောင်းဆိုးဝါး လက်သီးဂိုဏ်းက လျှမ်းလျှမ်းတောက်ကို ကျော်ကြား ခဲ့သေးတယ်လေ။ ဒါပေမဲ့ အခုချိန်မှာတော့ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေဟာ လူသိရှင်ကြား ရှိမနေတော့ပါဘူး။ သူတို့ရဲ့ ဂိုဏ်းတွေကို လူသိရှင်ကြား တည်ထောင် လိုက်တာနဲ့ လမ်းမှန် ဂိုဏ်းတွေက လာရောက် သုတ်သင် ရှင်းလင်းသွားမှာပါ။ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေကိုသာ ရှင်သန် ကြီးထွားခွင့် ပေးလိုက်လို့ ကတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးဟာ  ပြဿနာ တက်သွား နိုင်ပါတယ်။

ဝုန်း ... ဒိုင်း ... ဘုန်း ... ဘုန်း ...

ကောင်းကင်နယ်ပယ်က  ပညာရှင် နှစ်ယောက်ကတော့ မိုးပေါ်မှာ တိုက်ခိုက် နေကြပါပြီ။ တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာ သလိုပါဘဲ။ ဘယ်သူက မှတော့ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ လေထုထဲမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲသံတွေ ၊ ချီ အရှိန်အဝါတွေကို ကြည့်ပြီး  တိုက်ပွဲရဲ့ ပြင်းထန်မှုကို ခန့်မှန်း နိုင်ပါတယ်လေ။

လီဖူချန်းက သူ့ရဲ့ စိတ်အာရုံကို တည်ငြိမ်အောင် ပြန်စုစည်း လိုက်ပြီး နောက်ထပ် မိစ္ဆာလမ်းစဉ်က ပညာရှင် တစ်ယောက်ကို သတ်ဖြတ် လိုက်ပါသေးတယ်။

၁၅မိနစ်လောက် အကြာမှာတော့ မိစ္ဆာလက်ဝါး အစည်းအရုံး အဖွဲ့ခွဲဟာ အတော်လေးကို အရေးနိမ့် သွားကြပါပြီ။မူလက ၁၀၀နီးပါးရှိတဲ့ မြေကမ္ဘာ ပညာရှင်တွေဟာ အခုတော့ ၂၀လောက်ပဲ ကျန်ပါတော့တယ်။

“ငါ့ရဲ့ လမ်းကြောင်းကို ပိတ်တဲ့ လူအားလုံး သေစေရမယ်ဟေ့ ...”

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်က ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံးမှာတော့ အားလုံးကို ချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ပါတော့တယ်။ သူက အုပ်စု ခေါင်းဆောင် နှစ်ယောက်ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို  လုံးဝ မယှဉ်နိုင် တော့ပါဘူး။

“နောက်ပြန်ဆုတ်စမ်း”

သိပ်သည်းလှတဲ့ ဓားချီအချို့က မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်ရဲ့ ပြေးလမ်းကို ပိတ်ထားလိုက်ပါပြီ။

ရွှမ်း ... ရွှမ်း ...

အနောက်ကနေ လိုက်လာတဲ့ အုပ်စုခေါင်းဆောင် နှစ်ယောက်ကလည်း အလျင်အမြန် ညှပ်ပြီး တိုက်လိုက်တဲ့ အတွက် မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်က ဘာမှ မတတ်နိုင်တော့ဘဲ ဓားချက်တွေ အထိခံလိုက် ရပါတော့တယ်။ ထို့နောက်မှာတော့ အုပ်စု ခေါင်းဆောင် နှစ်ယောက်က သူ့ကို ဇာတ်သိမ်း ပေးလိုက်ပါပြီလေ။

မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းဆောင်ကို တားလိုက်တဲ့ သူကတော့ ခံစားချက်မဲ့ ဓားပါဘဲ။

သူက မိစ္ဆာလက်ဝါး အစည်းအရုံးရဲ့ အဖွဲ့ခွဲ ခေါင်းတောင်ကို တားပြီးတဲ့ နောက်မှာတော့ ဆက်မတိုက်ခိုက် တော့ပဲ အခြားသော မိစ္ဆာလမ်းစဉ်က ပညာရှင်တွေကို လိုက်သတ် နေပါတယ်။

“ကောင်လေးက တစ်ကယ် ကြောက်စရာ ကောင်းတာဘဲ”

အုပ်စု၄ရဲ့ ခေါင်းဆောင်လျိုဟိုင်က ခံစားချက်မဲ့ ဓားကို ချီးကျူး လိုက်ပါတယ်။

အုပ်စု၅ရဲ့ ခေါင်းဆောင်ကလည်း ခေါင်းညိတ်လိုက်ပြီး…

“ရွှေအဆင့် တိုက်ရိုက် တပည့်ဆိုတာက သာမန်တိုက်ရိုက် တပည့်တွေ ထက်တော့ အများကြီး ခန့်မှန်းရ ခက်ခဲစေတာပဲ။ ရွှေအဆင့် တပည့် နောက်တစ်ယောက် ဖြစ်တဲ့ လီဖူချန်း ကိုလည်း ကြည့်လိုက်ပါဦး။ မြေကမ္ဘာနယ်ပယ် အဆင့်၁နဲ့  သူ့ထက် အဆင့်မြင့်တဲ့ မြေကမ္ဘာနယ်ပယ် ပညာရှင် ၁၀ယောက် နီးပါးလောက်ကို ဆက်တိုက် သတ်ဖြတ်ပြီးပြီ”

“ကောင်လေးတွေက အနာဂတ်မှာ အခုထက်ပိုပြီး အစွမ်းထက် လာဦးမှာ…။ ငါကတော့ မိုးပြာရောင် ဂိုဏ်းကြီးရဲ့ အဆင့်အတန်းကို သူတို့တွေ ထမ်းတင်ပေး နိုင်ပါစေလို့ မျှော်လင့်မိတယ်ကွာ…”

***

All Chapters