← Chapters

အမှန်တရား *

Vol. 46 Ch. 644

အမှန်တရား *

Vol. 46 Ch. 644

မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ဝမ်ယုထျန်း အစီရင်ခံခဲ့သည့် အသေးစိတ် အချက်အလက်များ အပါအဝင် အရာအားလုံးကို ပိုင်ယုရှီ ရှင်းပြခဲ့ပြီး ဖြစ်လေသည်။ နောက်ဆုံး အစီရင်ခံစာတွင် ဝမ်ယုထျန်းမှာ ဝေ့ဝူယင် အကြောင်း တမင် ချန်လှပ်ထားခဲ့သည့်တိုင်... ထို့မတိုင်ခင်အထိ အချိန်နှင့် တပြေးညီ အစီရင်ခံမှုများကို သူမ ရရှိထားပြီး ဖြစ်သည်။

ထိုအထဲ၌ လောကသခင်၊ အချိန်သခင်နှင့် ကြယ်တာရာသခင် အရေအတွက်တို့ အပါအဝင် အင်အားစု အလွှာ အသီးသီး၏ ပတ်သက်မှုများ အကြောင်းပင် ပါဝင်ပေသည်။ ထို့ကြောင့်ပင် လင်းရှန်းရှဲ့က ထူးခြားသည်ဟု ပြောထားသည့် လင်းမင်ကို သူမ လျှင်မြန်စွာ ရှာဖွေ တွေ့ရှိခဲ့ကာ ရေချိုးနေချိန် ချောင်းကြည့်မိသည့် ဇာတ်ကွက် တစ်ခု ဆင်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ပါဝင် ယှဥ်ပြိုင်သည့် ပျက်သုဥ်းခြင်း နယ်မြေ တောင်ဝင်ကလေးငယ် ရွေးချယ်ပွဲ အကြောင်း ပြောပြချိန်၌ လူတိုင်းမှာ မတိုင်ပင်ရပဲ ထိတ်လန့် တုန်လှုပ်သွားကြတော့၏။

ကျင့်ကြံသက် ရှစ်နှစ်၊ ခုနစ်လ၊ ဆယ့်သုံးရက်... ကြယ်တာရာ အမြုတေ အဆင့်လေး၊ အာကာသ ပဲ့တင်သံ အဆင့်...

ဝိညာဥ်အမှတ် ၃၃၉၀၀...

လောကသခင် တစ်ပါးကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် သတ်ဖြတ်ခြင်း...

သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်ပေသည်။

သိပ်မကြာခင်မှာပင် သူက ပျက်သုဥ်းခြင်းဒြပ်စင် ရတနာသိုက်ကို တစ်ဖက်လှည့်ဖြင့် ရယူကာ တော်ဝင်ကလန် နှစ်ခု၏ ကျဆုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် တော်ဝင် ညီလာခံတွင် ပုံရိပ်ယောင် ကျင့်စဥ်လို လှည့်ကွက် တစ်ခုခုကို သုံးကာ လင်းမင်ကို အတင်းအကြပ် အညံ့ခံစေခဲ့သည်။

အထွတ်အထိပ် ရည်ရွယ်ချက် တစ်ခုကို နားလည်ထားသည့် ဟယ်ကလန်၏ ပါရမီရှင် ဟယ်ယန်းလဲ့ကို သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ဝမ်ယုထျန်း၏ အစီရင်ခံစာ အရဆိုလျှင် ဟယ်ယန်းလဲ့မှာ တစ်ကြိမ် သေဆုံးခဲ့ကာ လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ အသက်သွင်းမှု‌ကြောင့်သာ ပြန်လည် ရှင်သန်လာခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အဆုံးသတ်တွင် ဝေ့ဝူယင်မှာ ဒြပ်စင်တိုကင် ကိုးခုအနက် ရှစ်ခုကို ရယူနိုင်ခဲ့ကာ အကြွင်းမဲ့ အောင်ပွဲဆင်နိုင်ခဲ့သည်။

သို့သော်လည်း... ထိုဖြစ်စဥ်တစ်ခုလုံး အကြောင်း အသေးစိတ် ရှင်းပြရာ၌ ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် ကျင့်စဥ် တစ်မျိုးအား သုံးထားကြောင်း ပိုင်ယုရှီက အထူး အလေးပေး ပြောပြခဲ့သည်။

“ဒါဆို ဝေ့ဝူယင် ဆိုတဲ့ လူငယ်လေးက ရွေးချယ်ပွဲကို အောင်မြင်ဖို့ တိုကင် တစ်ခုပဲ လိုတော့တဲ့ အခြေအနေ အထိ ရောက်ခဲ့တယ်ပေါ့ ဟုတ်လား... ထန်ကလန်ရဲ့ မင်းသမီးငယ်လေးရဲ့ အကူအညီတောင်းမှုနဲ့ ဝင်စွက်ဖက်ခဲ့တယ် ဆိုတဲ့ ဓမ္မ ကာကွယ်သူက ဘယ်သူလဲ... ဝိညာဥ် လမ်းလျှောက်သူလား...”

ခေါင်းစွပ်အောက်ရှိ ဟယ်ယန်းလဲ့၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေ၏။ သတ်ဖြတ်လိုမှု အငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံစပြုနေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌... အခြား ကျင့်ကြံသူများမှာလည်း လက်သီးကို မသိမသာ ဆုပ်လိုက်မိကြ၏။ ထိုပြင်ပ ကျင့်ကြံသူများက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ပြိုင်ပွဲကို ဝင်ရောက် စွက်ဖက်ရဲသည်လား။

ထို့အပြင်... သူတို့က ဓမ္မ ကာကွယ်သူများ၏ အကူအညီကို ရယူကာ ပြိုင်ပွဲ ရလဒ်ကို ပြောင်းလဲအောင်ပင် အားထုတ်ခဲ့ကြသေးသည်။

ထိုအရာက ရှင်းလင်းစွာပင် စည်းဖောက်မှုကို ကျူးလွန် လိုက်ကြခြင်းပင် ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး၌ ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ကာ စမ်းသပ်ပွဲကို ကျော်လွှားခဲ့သည်။ ထို့နောက်... သူက ဒြပ်စင် ရတနာသိုက် တစ်ခုလုံးကိုပါ သိမ်းပိုက် သွားခဲ့သည်။

စကားများသော အကြီးအကဲမှာ ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ရော ထုတ်ဖော် မေးလိုက်လေ၏။

“ဒါဆို ရွေးချယ်ခံ ရာထူးကို ရဖို့ အတွက် လင်းမင်ကရော ဘာတွေ လုပ်ပြခဲ့လဲ...”

ယခု ကြားရသလောက်ဆိုလျှင် ဝေ့ဝူယင် ဆိုသည့် လူငယ်မှာ ကိုယ်ပိုင် နည်းလမ်းများဖြင့် ပြိုင်ပွဲ တစ်ခုလုံးကို သိမ်းပိုက်ကာ လှပစွာ အောင်ပွဲ ဆင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ဘာမှ လုပ်ပုံ မရသည့် လင်းမင်က ရွေးချယ်ခံ အနေဖြင့် သူတို့ရှေ့သို့ ရောက်လာခဲ့သည်။

“...”

လင်းရှန်းရှဲ့၏ မျက်နှာမှာ ဖြူရော်သွား၏။ တော်ဝင်သားတော် တစ်ယောက် ဖြစ်လာရန် လင်းမင် အရည်အချင်း ပြည့်မှီခဲ့သည့် တစ်ခုတည်းသော အရာက အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုကို နားလည်ခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ပါး သူက ဒြပ်စင်တိုကင်ကို ဆုံးရှုံးခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာရလုနီးပါး အထိပင် ဖြစ်ခဲ့ရသည်။

တစ်ချိန်တည်း၌ မျက်နှာဖုံးအောက်ရှိ ဟန်ယုဟိုင်၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေ၏။ ထိုမေးခွန်း၏ အဖြေကို သူ သိရှိပြီး ဖြစ်သည်။ ပိုင်ယုရှီ၊ ထန်မျိုးနွယ်မှ မင်းသမီးငယ်လေးနှင့် သူမ၏ ကျေးကျွန် တစ်ယောက်တို့မှာ ဝိညာဥ်များကို အထိခိုက်ခံကာ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို လင်းမင်ထံ လွှဲပြောင်း၍ အတုအယောင် လောကနယ်မြေ တစ်ခု ဖန်တီးစေခဲ့ကြခြင်း ဖြစ်သည်။

ကျန်းကျိရီနှင့် ကုန်းလူတို့ကတော့ ထိုကိစ္စကို သိရှိထားခြင်း မရှိသေးရာ ဖိအာပေး လိုက်၏။

“ဟုတ်တယ်... သူက ဘာလုပ်ခဲ့လဲ...”

ပိုင်ယုရှီက အဘိုးဖြစ်သူကို လှမ်းကြည့်ရင်း အကူအညီ တောင်းရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဟန်ယုဟိုင်က ခေါင်းသာ ခါပြလိုက်သည်။ ထိုအရာက လင်းမင်၏ လျှို့ဝှက်ချက်များကို သူ ကူညီ၍ ထိန်းသိမ်းပေးမှာ မဟုတ်ကြောင်း ဆိုလိုပေသည်။ ထို့ကြောင့်ပင်... သူက အဖြေပေးရတော့မည် ဖြစ်သည်။ ရွေးချယ်စရာ မရှိတော့ရာ ပိုင်ယုရှီမှာ စတင်ကာ ရှင်းပြလိုက်၏။

“ကျွန်မ၊ ထန်ရှင်းယွင်၊ သူ့ရဲ့ အစေခံမလေးနဲ့ အရှင် ဝိညာဥ် လမ်းလျှောက်သူတို့ ပူးပေါင်းပြီး အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်းနဲ့ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို လင်းမင်ဆီ လွှဲပေးခဲ့ပါတယ်... သူ့ရဲ့ အရမ်း ထူးချွန်တဲ့ နားလည်နိုင်စွမ်းကို သုံးပြီး နယ်မြေမျိုးစေ့ တစ်ခု တည်ဆောက်ခိုင်းခဲ့ပါတယ်... နောက်ဆုံးမှာ သူက နယ်မြေမျိုးစေ့ကို အောင်အောင်မြင်မြင် တည်ဆောက်ပြီး ဒြပ်စင် ရွေးချယ်ပွဲရဲ့ ကယ်ပေါက် တစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်”

"…"

"…"

"…"

မိ၄န်းကလေး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ကောင်းကင် သင်္ဘောတစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက် သွား၏။ ဒြပ်စင် ရွေးချယ်ပွဲတွင် မည်သည့် အရာများ ဖြစ်ပျက်ခဲ့ကြောင်း သူတို့ အလုံးစုံ နားလည် သွားခဲ့ပြီ ဖြစ်သည်။ ဖြစ်စဥ် တစ်ခုလုံးက ရှုပ်ထွေး ပွေလီလှကာ အမျိုးမျိုးသော အပြောင်းအလဲများ၊ စွက်ဖက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

အတန်ကြာပြီးနောက်မှ စကားများသည့် အကြီးအကဲထံမှ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာ၏။

“ဒီတော့ လင်းမင်က ဘာမှ မလုပ်ခဲ့ဘူးပေါ့... နောက်ပြီး အစစ်အမှန် ရွေးချယ်ခံ ဖြစ်တဲ့ ဝေ့ဝူယင်ကတော့ သူ့ရဲ့ အခွင့်အ‌ရေးကို လျှို့ဝှက် အာဏာရှင် အပါအဝင် မသမာသူ တစ်ချို့ရဲ့ ဝိုင်းဓားပြတိုက်တာ ခံခဲ့ရတယ်ပေါ့... တကယ့်ကို မမျှတာပဲ... ဒါတောင် သူက ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို နားလည်ပြီး အကန့်အသတ်တွေကို ချိုးဖျက်နိုင်ခဲ့သေးတယ်... ဒြပ်စင် ရတနာသိုက် တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သေးတယ်”

လင်းရှန်းရှန်းနှင့် အခြားလူများမှာ လင်းမင်ကို စိုက်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက အလွန်ပင် အေးစက်နေကာ အရှက်ရမှု အငွေ့အသက် အချို့ဖြင့် ပြည့်နှက်နေသည်။ ထိုအရာက မည်ကဲ့သို့ အခြေအနေမျိုးနည်း။

“တကယ့်ကို ရူးမိုက်တဲ့ ကလေးမလေးပဲ...”

ကျိန်းကျိရီက ခေါင်းကို ခါယမ်းလိုက်၏။ ပိုင်ယုရှီမှာ အပြင်လူများနှင့် ပူးပေါင်းကာ စိတ်ကြိုက် ရွေးချယ်ခံ တစ်ယောက်ကို ရရှိရန် ရှင်းလင်းစွာပင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အချစ်နှင့် စတင် ထိတွေ့သည့် မိန်းကလေးတိုင်း ထိုကဲ့သို့ ရူးသွပ်ကြသလား သူမ မပြောတတ်ပါချေ။

သူတို့က အစစ်အမှန် ရွေးချယ်ခံ တစ်ယောက်ကိုသာ ဆုံးရှုံးခဲ့ခြင်း မဟုတ်ချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါးကိုပါ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ပါးစပ်နား ရောက်ခါနီးမှ ပြုတ်ကျသွားခြင်း ဖြစ်သည်။

ကုန်းလူက ရှေ့သို့ တစ်လှမ်းတိုးကာ ဟန်ယုဟိုင်ဘက်သို့ လှည့်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို ယှက်လိုက်ရင်းး...

“ဒီအတုအယောင် ရွေးချယ်ခံကို သတ်ပစ်ပြီး၊ နတ်မိမယ်လင်းကို သူ့ရဲ့ ပေါ့ဆမှု အတွက် အပြစ်ပေးဖို ကျုပ် တောင်းဆိုတယ်...”

ထိုစကားသံကို ကြားလိုက်ရသည်နှင့် လင်းရှန်းရှဲ့နှင့် လင်းမင်တို့၏ မျက်နှာများက ချက်ချင်းပင် ဖြူရော် သွားခဲ့ကြတော့၏။

***

All Chapters