← Chapters

မာန်နတ်ဘုရားလေ့ရှန်ရှို့ 

Vol. 36 Ch. 495

မာန်နတ်ဘုရားလေ့ရှန်ရှို့ 

Vol. 36 Ch. 495

စုမင်က သတ္တမမြောက်နန်းတော်ဝင်းထဲသို့ ဝင်လာချိန်တွင် အနီးပတ်ဝန်းကျင်ရှိ ရုပ်တုငါးခုကို တွေ့လိုက်ရသည်။ ထိုရုပ်တုများက အသက်ဝင်နေသယောင် ဖြစ်၍ စုမင် အနီးသို့ရောက်သည်နှင့် သူတို့အားလုံး တပြိုင်နက်တည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။

သူတို့ခြေထောက်များက မြေပြင်ကိုနင်းသည်နှင့် မြေကြီးပင် တုန်ခါသွားလေသည်။  ဤရုပ်တုငါးခုစီတွင်ရှိ‌ သောစွမ်းအားသည် ဆဋ္ဌမနန်းတော်ရှိ ကျီလုံရှန်းတွင်ရှိသောစွမ်းအားများနှင့်တူညီလေသည်။ သူတို့ ရှေ့တစ်လှမ်း လှမ်းလိုက်သည်နှင့် ပင်လယ်ပြင်ကြီး မှောက်ခုံဖြစ်ပြီး တောင်ကြီးများပြိုကျသွားစေနိုင်သည့်ဖိအားတစ်ရပ်က စုမင်ထံသို့ကျရောက်လာလေသည်။

စုမင်၏ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားလေသည်။  ထိုဖိအားအောက်တွင် သူ့တစ်ကိုယ်လုံး အမှုန်အမွှားအဖြစ်သို့ ရောက်သွားသလို ခံစားလာရသည်။ သူ့ပါးစပ်က သွေးတစ်လုတ်အန်လိုက်ရသည်။ သူ့ညာလက်နှင့် အမှတ်တံဆပ်တစ်ခုကိုအသက်သွင်းပြီး ရှေ့သို့ချိန်ရွယ်လိုက်လေသည်။

ချက်ချင်းပင် ခေါင်းလောင်းသံများက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားသည်။  ဟန်တောင်တန်းခေါင်းလောင်းက စုမင်နှင့် တန်ခိုးကြီးသော ရုပ်တုငါးခုကြားတွင် ချက်ချင်းဆိုသလို ပေါ်လာသည်။

စုမင်က သူ၏ညာလက်ရှိ အမှတ်တံဆိပ်ကို ပြောင်းလဲလိုက်သည်နှင့်အမျှ ဟန်တောင်တန်းခေါင်းလောင်းကြီးက ပိုမိုကြီးမားလာပြီး ကျယ်လောင်သောမြည်းဟိန်းသံကိုပေးစွမ်းလေသည်။ထိုမြည်းဟည်းသံများက ကိုးလောကဆီသို့ ပဲ့တင်ထပ်သွားသောအခါ သတ္တမမြောက်နန်းတော်အထက် လေထုထဲတွင်ပုံရိပ်တစ်ခုပေါ်လာလေသည်။ ထိုအချိန်တွင် ခေါင်းကိုးလုံးရှိနဂါး၏ဦးခေါင်းများစွာက ကျယ်လောင်စွာဟိန်းသံကြီးထုတ်လွှတ်လိုက်ပြီး တန်ခိုးကြီးသော ယင်ကိုးပါးဝိညာဉ်ငါးခုဆီသို့ ဦးတည်သွားလေသည်။

သို့သော်လည်း ယင်ကိုးပါးဝိညာဉ်တစ်ခုစီတိုင်းတွင် အဆုံးသတ်ရှာမန်နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။  သူတို့၏ ခွန်အားအဆင့်မှာ စိတ်ကူးမယဉ်နိုင်လောင်အောင်မြင့်မားလှသည်။ ခေါင်းကိုးလုံး နဂါးကြီး ပေါ်လာသည့်အခိုက်အတန့်၌  သတ္တမမြောက်နန်းတော်ထဲမှ ဝိညာဉ်အိုကြီးတစ်ကောင် ကိုယ်ထင်ပြလာခဲ့သည်။

ထိုဝိညာဉ်က အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ခြောက်သွေ့နေသော သစ်သားတုံးတစ်တုံးနှင့်တူသော်လည်း အရပ်မရှည်ပေ။ အမှန်တော့ သူ့ကိုယ်လုံးကိုယ်ပေါက်က စုမင်နှင့် ယှဉ်ကြည့်လျှင် သိပ်မကွာပေ။ သူက ထိုနေရာမှာရပ်‌နေ သောကြောင့် သေးငယ်သယောင်ထင်ရသော်လည်း သူ၏အရှိန်အဝါက တခြားသူများကို အထင်အမြင်လွဲမှားစေလေသည်။ သူက စုမင်က စိမ်းစိမ်းဝါးဝါးကြည့်ပြီး ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေကြီးက တုန်ခါပြီး တောင်များ တုန်လှုပ်နေသလို စုမင် ခံစားလိုက်ရသည်။  အဘိုးအို ပေါ်လာသောအခါ လောကကြီးက အနည်းငယ်မှောင်မိုက်သွားသည့်အလားပင်...

စုမင်က အသက်ပြင်းပြင်းရှူကာ ညာလက်ကို လေထဲသို့ မြှောက်လိုက်ပြီး လက်ဖဝါးကို အောက်ဘက်သို့ ထားကာ သူ့လက်ဖမိုးကို အထက်သို့ မျက်နှာမူထားလိုက်သည်။ထို့နည်းတူ  သူ့ဘယ်ဘက်လက်ကိုလည်း မြှောက်ထားသော်ပြီး ထိုပုံစံအတိုင်းထားလိုက်သည်။

“လက်ဖဝါးတွေက ငါ့အတိတ်ကို ကိုယ်စားပြုပြီး ငါ့လက်ဖမိုး‌တွေက ငါ့အနာဂတ်ကို ကိုယ်စားပြုတယ်...

“ဒီလက်နှစ်ချောင်း ထိတွေ့မိတဲ့အခါ အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ ပေါင်းစပ်မှု ဖြစ်ပေါ်လာပြီး အတိတ်နဲ့ အနာဂတ် ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအားတွေ ပွင့်ထွက်လာလိမ့်မယ်...”

သူပြောသည့်အတိုင်း သူ၏ဘယ်ညာလက်များသည် တစ်ဖက်နှင့်တစ်ဖက် ဆက်စပ်နေသည်။  သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ခါလာပြီး မျက်နှာပေါ်တွင် သွေးကြောများ ‌ထောင်းထလာသည်။  သူ၏ ရှည်လျားသော ဆံပင်များက လေထဲတွင် လွင့်မျောနေပြီး သူ့နောက်တွင် အရိပ်တစ်ခု ပေါ်လာ ‌လေသည်။

ထိုပုံရိပ်က မငိုကြွေးမမြည်တမ်းသော ကလေးငယ်တစ်ဦး၏ ပုံရိပ်ဖြစ်သည်။  သူ့မျက်လုံးများက အနက်ရောင်ဖြစ်ပြီး သေဆုံးပြီးသားအရိပ်အယောင်များတွေ့ရလေသည်။

ထိုကလေးက ငြိမ်သက်ပြီး မလှုပ်မယှက်ဘဲ ကောင်းကင်ကို မော့ကြည့်နေပုံရလေ၏။ မည်သူမဆို အနီးကပ်ကြည့်လျှင် သူ၏မှိန်ပျနေသော မျက်နှာပေါ်တွင် လောကကြီးကို မကျေမချမ်းဖြစ်နေသောအမူအယာများကိုတွေ့ရ‌သည်။

ထိုကလေးပုံရိပ်ပေါ်လာခါနီးတွင် စုမင်ရှေ့ရှိလေထုက တွန့်လိမ်ပုံပျက်သွားပြီး ခရမ်းရောင်ပုံရိပ်တစ်ခု သူ့ရှေ့မှာ ပေါ်လာလေသည်။ ခရမ်းရောင်ဆံပင်နှင့်လူ၏မျက်နှာက ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ရင်ထဲမှာ မဆုံးနိုင်တဲ့ ဝမ်းနည်းမှုတွေ အပြည့်ရှိနေသည့်အလားပင်...

သူက ကောင်းကင်ကို မော့ကြည့်ကာ ညည်းတွားနေပုံရသော်လည်း သူပြောနေသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

“ကံတရား၏ပေါင်းစပ်မှု- ပထမဆုံးအကြိမ်ပေါင်းစပ်ခြင်း”

စုမင်က ထိုစကားများကို ပြောပြီးနောက် သူ့ရှေ့မှ ခရမ်းရောင်ဆံပင်ရှိလူနှင့် သူ့နောက်ရှိ မှိန်ပျသောမျက်လုံးများရှိသည့် ကလေးငယ်သည် ချက်ချင်းပင် သူ့ဆီသို့ ဦးတည်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ရောထွေးပေါင်းစပ်သွားလေသည်။ ထိုသို့ပေါင်းစပ်လိုက်သည့်အခိုက်တွင် စုမင်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝဲဂယက်ကြီးမှ ဝေ့ဝဲ‌လှည့်ပတ်ရင်း ကျယ်လောင်သောပေါက်ကွဲ သံများကို တရစပ်ထုတ်လွှတ်ပေးနေလေသည်။  ပတ်ဝန်းကျင်ရှိ ရပ်နေသူများ အားလုံးမှာ အတွင်း၌ဖြစ်ပျက်နေသည်ကို မမြင်နိုင်ပေ။

သို့သော် ထိုလှည့်ပတ်မှုက အချိန်အကြာကြီး မကြာလိုက်ပေ။ ခေါင်းကိုးလုံးနဂါးကြီးက မာန်ဖီသံနှင့်အတူ ရူးသွပ်သောတိုက်ခိုက်မှုစတင်မည့်အချိန်တွင် သတ္တမမြောက်နန်းတော်က အစိမ်းရောင်ဝတ်ရုံက ဝိညာဉ်အိုကြီးက ထွက်လာလေသည်။

ထိုအခိုက်အတန့်၌ လေဝဲဂယက်ကြီးက ရုတ်တရက် ကွဲအက်သွားပြီး လေပြင်းတိုက်သကဲ့သို့ အရှိန်အဟုန်နှင့် အရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။

လေဝဲဂယက်ကြီး ပြိုပျက်သွားသည့်အခါ  ခေါင်းတစ်ခြမ်းတွင်ခရမ်းရောင်ဆံပင်ရှိပြီး ကျန်တစ်ခြမ်းမှာ အဖြူရောင်ဆံပင်ရှိသော ဖြူဖျော့ဖျော့ဖျော့ ကောင်လေးသည် ယင်ကိုးပါးဝိညာဉ်များအားလုံး ရှေ့မှောက်တွင် ပေါ်လာသည်။

ထိုကောင်လေးသည် ရှစ်နှစ်၊ ကိုးနှစ်ခန့်သာ ရှိသေးသည်။  သူ့မျက်နှာမှာ သွေးလုံးဝမရှိသကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့အရေပြားမှာ လေထုကို မီးခိုးရောင်ပေးစွမ်းနိုင်သည်။  သူက ကောင်းကင်ကိုမော့ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ထို့‌နောက် ခေါင်းကိုပြန်ငုံ့သည့်အချိန်တွင် သတ္တမနန်းတော်မှ ထွက်လာသော ဝိညာဉ်အိုကြီးနှင့် အကြည့်ချင်းဆုံမိသွားလေသည်။

အဘိုးအို၏ ခြေထောက်များ ရုတ်ခြည်း ရပ်တန့်သွားကာ သူ့နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်က လျင်မြန်စွာ မြင့်တက်လာသည်။ ထိုလူငယ်၏အကြည့်ကနေ အချိန်နှင့် အသက်အရွယ်ကို ခံစားရလာသည်။

“အသက်ဆယ့်ငါးရှိုက်စာပဲရတယ်...”

လူငယ်လေးတစ်ယောက်အသွင်ပြောင်းသွားသော စုမင်က တီးတိုးစွာရေရွတ်လိုက်သည်။ ယခုတစ်ကြိမ်၌ ကံကြမ္မာကိုပြောင်းလဲသည့်အခါ သူ့၏ အချိန်ကန့်သတ်ချက်ကို ရှင်းရှင်းလင်းလင်း သိလာရသည်။ ထာဝရလောက၌ ရှိစဉ်နှင့် မတူဘဲ အပြင်ဘက်၌ ကံကြမ္မာပေါင်းစပ်မှုကိုအကောင်အထည်ဖော်သည့်အခါ  ထိုလူငယ်လေးပုံစံနှင့် အသက်ဆယ့်ငါးရှိက်စာမျှသာနေနိုင်ပေလိမ့်မည်။

သူ့မျက်လုံးက လျှပ်စီးကဲ့သို့ လင်းလက်သွားသည်။  တစ်ချက်မျှ မတုံ့ဆိုင်းဘဲ သတ္တမနန်းတော်မှ ဝိညာဉ်အိုကြီးဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။  ထိုခြေတစ်လှမ်းကို လှမ်းယူစဉ်တွင်၊ သူ့ခန္ဓာကိုယ်က မူလနေရာ၌ရှိနေ သေးသည်ဟု ထင်ရသော်လည်း သတ္တမနန်းတော်မှ ထွက်ခွာသွားသော

ဝိညာဉ်အိုကြီးက ညာလက်ကို မြှောက်ကာ ရှေ့သို့ လျင်မြန်စွာ တွန်းပို့လိုက်သည်။

ကျယ်လောင်သောအသံများက  လေထုကိုထိုးခွဲသွားကာ နေရာအနှံ့တဟုန်ထိုး ပျံ့လွင့်သွား လေသည်။ စုမင်က တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်လာခဲ့သည်။  အဘိုးအိုဆီသို့ လျှောက်လာရင်း ညာလက်ကို မြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။  ချက်ချင်းပင် သူ၏ညာလက်၌ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် အဘိုးအိုဆီသို့ ချိန်ရွယ်လိုက်သည်။

ခရမ်းရောင်အလင်းတန်းသည် အဘိုးအိုဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။  အဘိုးအို၏ မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာတစ်ခု ပေါ်လာပြီး ထိုခရမ်းရောင်အလင်းတန်းကို ခုခံရန် နတ်ဘုရားစွမ်းရည်ကို အကောင်အထည်ဖော်တော့မည့်အချိန်တွင် စုမင်က သူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး လေထုထဲသို့ လွှဲယမ်းပစ်လိုက်သည်။

ချက်ချင်းပင် အဘိုးအိုက မင်သက်မိသွားသည်။အချိန်က သူ့အား နောက်ပြန်ဆုတ်ခိုင်းသကဲ့သို့ သူ့အလိုကို ဆန့်ကျင်ကာ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။  သူပစ်လွှတ်မည့် မြင့်မြတ်သောစွမ်းရည်ထုတ်သုံးခြင်းမှာ ဟန့်တားခြင်းခံလိုက်သည်။လွန်ခဲ့သည့်အခိုက်အတန့်၌ သူ၏ညာလက်က တစ်ခုခုကို  ဆုပ်ကိုင်ထားသကဲ့သို့ပင် လေထဲတွင် မြှောက်ထားပြီး လှုပ်ရှားဟန်ဖြစ်‌နေလေသည်။  ထိတ်လန့်မှုများနှင့် မယုံကြည်မှုများက သူ့မျက်နှာပေါ်တွေင် နေရာယူထားလေသည်။  သူ့အပေါ်ရှိ ခရမ်းရောင်အလင်းတန်းများကိုသာ လှမ်းမြင်ရပြီး ထိုအလင်းရောင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသောအခါတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးများက လေထဲသို့ ပျံ့လွင့်သွားသည်။

ကောင်းကင်၌ ပဲ့တင်ထပ်သံများနှင့် ဆူညံ‌နေချိန် အဘိုးအိုက သွေးတစ်လုတ်အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က နောက်သို့တစ်ရွက်တိုက်‌ရွေ့သွားသည်။သို့သော် မြေကြီးပေါ်သို့လဲမကျခင် စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။  ချက်ချင်းပင်၊ ဝိညာဉ်အိုကြီး၏ခြေနှင့် ခန္ဓာကိုယ်၏ ဦးတည်ရာသည် ပြောင်းပြန်( ဇောက်ထိုး)ဖြစ်သွားပြန်သည်။  သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ခရမ်းရောင်အလင်းတန်း၏ တိုက်ခိုက်ခြင်းကို မခံရမီ နေရာသို့ ပြန်ရောက်သွားခဲ့သည်။

အမှန်တော့၊ခရမ်းရောင်အလင်းတန်းများက ဝိညာဉ်အိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ထွက်ချည်ဝင်ချည်ဖြစ်နေလေသည်။ထိုစဉ်  လေထဲတွင် ကျယ်လောင်သော အသံများ ထပ်မံထွက်ပေါ်လာသည်။

ထိုဖြစ်စဉ်က သူ့အလိုလို ထပ်ခါထပ်ခါ ဖြစ်နေပြီး ခဏအတွင်းပင် ဝိညာဉ်အိုကြီးသည် ပစ်တိုင်ထောင်ကဲ့သို့ နောက်သို့‌လဲကျခြင်း ရှေ့ကိုပြန်မတ်ခြင်းမျိုး ဆယ့်သုံးကြိမ်ကြုံတွေ့ရလေသည်။ထို့‌နောက် သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်လာကာ သူ့အား ထပ်မံတိုက်ခိုက်လာပြန်သည်။ စုမင်က  ရှစ်ခုမြောက်နန်းတော်သို့ရောက်ရှိမှသာလျှင် အတိတ်နှင့်အနာဂတ်အကြား အဆုံးမရှိဖြစ်စဉ်စက်ဝန်း၏တိုက်ခိုက်မှုမှာ ရပ်တန့်သွားခဲ့သည်။

သို့သော် ထိုစက်ဝန်းရပ်သွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံ ဆယ့်သုံးသံ ထွက်ပေါ်လာပြီး ဧရိယာတစ်ခုလုံးကို လင်းထိန်သွားလေသည်။ထို့နောက် ခရမ်းရောင်အလင်းတန်းများက ကောင်းကင်သို့ ပျံ့လွင့်သွားသည်။  ထိုဆယ့်သုံးကြိမ်လုံး ပြီးသည်နှင့် ဝိညာဉ်အိုကြီးက သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ဝိညာဉ်ကြီး၏ကိုယ်မှာ ဒယီးဒယိုင်ဖြစ်‌နေပြီး သတိကြီးကြီးထားနေဟန်ပေါက်နေလေသည်။ ဖျော့တော့သော မျက်နှာဖြင့် စုမင်ထံ အံ့အားသင့်စွာ ကြည့်လိုက်သည် ။

ထိုလူက သတ်ပစ်ရန် ရည်ရွယ်ချက်ရှိခဲ့လျှင် အတိတ်နှင့်အနာဂတ်စက်ဝန်း‌ကြောင့်ဖြစ်လာသောတိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင်သေဆုံးသွားနိုင်ကြောင်း  သိမြင်ခဲ့ရသည်။

ဤတိုက်ခိုက်မှုမျိုး၊ ဤမြင့်မြတ်သောစွမ်းရည်မျိုးနှင့် မယုံနိုင်စရာ ပြောင်းလဲမှုမျိုးကြောင့် ဝိညာဉ်အိုကြီး၏နှလုံးသားထဲတွင် စုမင်ကိုကြောက်ရွံ့ထိတ်လန့်မှုများမြင့်တက်လာခဲ့သည်။

ဝိညာဉ်အိုကြီးတင်မကဘဲ ယင်ကိုးပါးလောက၏အခြားဝိညာဉ်ငါးခုမှာလည်း ကြောက်လန့်နေလေသည်။

ထိုအချိန်တွင် စုမင်က စုမင်မဟုတ်တော့ဘဲ သူတို့၏ကံကြမ္မာဖြစ်နေသည့်အလားပင်...

စုမင်က အဌမနန်းတော်သို့ လျှောက်သွားချိန်တွင် အသက် ခုနစ်ရှိုက်စာမျှ ကုန်ဆုံးသွားပြီဖြစ်သည်။ ရှစ်ကြိမ်မြောက် အသက်ရှုရှိုက်ခြင်း ပြီးသောအခါ၊ စုမင်က အဋ္ဌမနန်းတော်သို့ ရောက်ရှိလာသည်။  အဋ္ဌမနန်းတော်တွင် ရုပ်တုသုံးခုသာရှိ၍ ထိုရုပ်တုများသည် လျင်မြန်စွာ ပြန်တည့်မတ်လာခဲ့သည်။  မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နိုးထနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဋ္ဌမနန်းတော်မှ အေးစက်သော တုန်လှုပ်ခြောက်ခြားမှုတစ်ခု ထွက်ပေါ်လာသည်။  ခြေထောက်တစ်စုံက အပြင်သို့တစ်လှမ်းစာ ထွက်‌ ပေါ်လာသည်။  ထိုခြေထောက်ပိုင်ရှင်သည် နန်းတော်၏ အမှောင်ထုထဲတွင် ပုန်းနေသေးပြီး သူရှေ့သို့ တိုးလာသည်နှင့်အမျှ သူ၏ရုပ်သွင်က တဖြည်းဖြည်း ထင်ရှားလာသည်။

သို့သော်စုမင် အဌမမြောက်နန်းတော်သို့ ဝင်ရောက်လာချိန်၌ ဤအရာအားလုံးက လျင်မြန်စွာပြောင်းလဲသွားတော့သည်။  ခရမ်းရောင်ဆံပင်တစ်ဝက်နှင့် ကအဖြူရောင်ဆံပင်တစ်ဝက်ရှိသောစုမင်က ရှေ့သို့ လှမ်းလာစဉ်တွင် နိုးထလာပြီး မျက်လုံးဖွင့်ထားသည့် ရုပ်တုသုံးခုက ချက်ချင်းပိတ်သွားလေသည်။စုမင်က ၎င်းတို့ကိုဖြတ်ကျော်ပြီးသောအခါ နိုးထလာသောရုပ်တုများသည် ကျောက်အဖြစ်သို့ပြောင်းလဲသွားပြီး အိပ်ပျော်နေသောပုံစံသို့ပြန်ပြောင်းသွားခဲ့သည်။

အဋ္ဌမနန်းတော်မှထွက်လာသော အေးစက်ဖွယ်ခြောက်လန့်မှုအရှိန်အဝါက  ၎င်း၏ကနဦးအင်အားထက် အားနည်းလာခဲ့သည်။ ခြေထောက်တစ်စုံက နောက်သို့ ဖြည်းညင်းစွာ ရွေ့လျားနေသော်လည်း၊ ထိုခြေထောက်ပိုင်ရှင်က ထိုတွန်းအားကို တွန်းလှန်ရန် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားနေသကဲ့သို့ ခြေထောက်များက တုန်လှုပ်နေသည်ကို စုမင် မြင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ စုမင်က ရှေ့သို့ ဆက်လက်ရွေ့လျားနေလေသည်။ ရုန်းကန်နေသောခြေထောက်ပိုင်ရှင်က အဆုံးတွင် အားပျော့ကာ နန်းတော်ထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

စုမင်က အဋ္ဌမမြောက်နန်းတော်သို့ ရွေ့လျားသွားပြီး သူ့ရှေ့တွင် ရှိသောအရာမှာ သူ၏ကြက်သွေးရောင်နဂါးကို တံဆိပ်ခတ်ထားသည့် တောင်နောက်ဆုံးနန်းတော်ဖြစ်သည်။

ဤနေရာမှာ နဝမမြောက်နန်းတော်ပင်...

စုမင်က အဋ္ဌမမြောက်နန်းတော်သို့ လျှောက်သွားပြီးနောက် တောင်ပေါ်သို့ တက်လာသည်။  သူက နဝရမြောက်နန်းတော်အပြင်ဘက်တွင် ရပ်နေကာ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေသည်။ကံကြမ္မာပြောင်းလဲမှုမှရရှိ‌‌ သောခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာပြီး တခဏချင်းတွင် မူလအသွင်အပြင်ကို ပြန်လည် ရောက်ရှိလာခဲ့သည်။  ရှစ်နှစ်၊ ကိုးနှစ်လောက်ရှိသော ကောင်လေးအသွင်မှာ ပျောက်ကွယ်သွားပြီ။

သူ့ဆံပင်အရောင်ကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။  သို့သော် သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသေးသည်။  သူ့ပါးစပ်ထောင့်မှာ သွေးများ စီးကျလာလေသည်။စုမင်က အပြင်လောကတွင် နတ်စွမ်းရည်ကိုပေါင်းစပ်ထုတ်သုံးပြီး သူ့ကိုယ်သူကံကြမ္မာပြောင်းလဲမှုလုပ်ခြင်းမှာ မယုံကြည်နိုင်စရာကောင်းလှသည်။

“မင်းက... မရေမတွက်နိုင်တဲ့ နှစ်တွေအတွင်း စတုတ္ထမြောက် ရောက်လာတဲ့အပြင်လူပဲ... နန်းတော် ရှစ်ခုကို ဖြတ်ကျော်ပြီး ဒီနေရာကို ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စတုတ္ထမြောက် အပြင်လူပဲ”

နဝမနန်းတော်အတွင်းမှ အိုမင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။  နန်းတော်တံခါးက ဖြည်းညှင်းစွာပွင့်လာပြီး ရုပ်တုရှစ်ခု၏အလယ် မြေပြင်မှာ စိုက်ဝင်နေသော အရိုးစုကို စုမင်မြင်လိုက်ရသည်။ထိုအရိုးစုအောက်က ကြက်သွေးရောင်နဂါးပုံရိပ်လည်းရှိနေလေသည်။

ထိုစကားများကို ပြောခဲ့သူမှာ မြေပြင်ပေါ်တွင် စိုက်ဝင်နေသော အရိုးစုမှတပါး အခြားသူမဟုတ်ပေ။  ထိုအချိန်တွင် အရိုးစုက သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။

စုမင်က အရိုးစုကို မြင်လိုက်သည်နှင့် အရိုးစု၏ ဦးခေါင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှာမန်မြို့တော်ရှိ ဧရာမယဇ်တိုင်ကြီးတွင်ရှိ‌သော  ဦးခေါင်းခွံ့နှင့် အတူတူဖြစ်ကြောင်းကို ချက်ချင်း သိလိုက်ရသည်။

“အခု မင်းရဲ့နတ်ဘုရားစွမ်းရည်က အရမ်းအားကောင်းလာတယ်...ငါတို့ နေရာထဲမှာ မင်း နံ့သာတိုင် မီးရှို့တဲ့ အချိန်ထက် ပိုကြာအောင် နေနိုင်ရင် နောက် မင်း စိတ်ကြိုက် လာလည်လို့ ရတယ်၊ ဘယ်သူမှ တားမှာ မဟုတ်ဘူး..ငါက  မင်းကိုတားချင်ရင်တောင် ကြီးမားတဲ့ပေးဆပ်မှုတစ်ခုလုပ်ပြီးမှတားလို့ရတော့မှာ...”

“ဒါပေမယ့် ရှင်းရှင်းပြောရရင် မင်းလုပ်နိုင်ဘူး”

အရိုးစုက စုမင်ကို ကြည့်ပြီး သူ့မျက်လုံးထဲမှာ အတိုင်းအဆမဲ့ ဉာဏ်ပညာတွေ တောက်ပနေတယ်။ သူ့အကြည့်များထဲမှာ နှစ်ပေါင်းများစွာကြာကဖြစ်ပျက်ခဲ့သောဖြစ်စဉ်များက လျှပ်တစ်ပြက်ပေါ်လာသည့် အရိပ်အယောင်လည်း ရှိနေခဲ့သည်။

“ငါတို့ရဲ့သမိုင်းတစ်လျှောက် ဒီနေရာကိုရောက်ရှိလာတဲ့ စတုတ္ထမြောက်လူတစ်ယောက်အနေနဲ့ မင်းက ငါတို့ရဲ့ လေးစားမှုကို ခံရပြီးသွားပြီ.. သွားတော့... မဟာပထဝီမြေကြီးရဲ့အရှိန်အဝါနဲ့ ဖန်ဆင်းထားတဲ့ ဒီဝိညာဉ်က(ကြက်သွေးရောင်နဂါး) ငါ့လူတွေအတွက် အရမ်းအသုံးဝင်တယ်.. ငါတို့က မင်းကို မပေးနိုင်ဘူး..”

စုမင်က အခြေအ‌နေကို စောင့်ကြည်နေခဲ့သည်။  စကားမပြောသော်လည်း သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့လက်ဖဝါးမှာ ဆံချည်တစ်မျှင်ရှိနေပြီး တဖြည်းဖြည်းလောင်ကျွမ်းလာလေသည်။

အားကောင်းပြီး တိုင်းတာ၍မရနိုင်သောဖိအားတစ်ရပ်က စုမင်၏လက်ချောင်းပေါ်ရှိ ဆံချည်မျှင်များမှ ဖြည်းညှင်းစွာ ပျံ့လွင့်လာသည်။  ထိုဖိအား၏ အင်အားသည် ဧရိယာတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားကာ ယင်ကိုးပါး ဝိညာဉ်အားလုံး၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားစေသည်။

၎င်းက နန်းတော်ရှိ အရိုးစု၏ မျက်လုံးများအတွင်း၌ အားကောင်းသည့် အလင်းတန်းတစ်ခု ပေါ်လာစေသည်။ “ဒီကိုရောက်ရှိနေတာ...မာန်နတ်ဘုရားလေ့ရှန်ရှို့လား...”

All Chapters