← Chapters

အမွေခံ မျှော်စင်သို့ တစ်ခေါက်

Vol. 14 Ch. 193

အမွေခံ မျှော်စင်သို့ တစ်ခေါက်

Vol. 14 Ch. 193

အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေက အရှင်သခင်တွေပါဘဲ။ သူတို့က ဂိုဏ်းတွေကို အုပ်ချုပ်ပါတယ်။ ကုန်းမြေတွေကို ပိုင်စိုးပါတယ်။

ဂိုဏ်းတစ်ဂိုဏ်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ကို ကျောထောက်နောက်ခံ မပြုထားရင်  မကြာခင်မှာဘဲ အခြားဂိုဏ်းတွေရဲ့ ဝါးမျိုမှုကို ခံလိုက်ရပါလိမ့်မယ်။

ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင်တွေကသာလျင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း နိုင်ပါတယ်လေ။

အဆိပ်(၅)ပါးဂိုဏ်းရဲ့ အကြီးအကဲတွေက ဒီလိုအဖြစ်မျိုး လုံးဝ မမျှော်လင့်ထားပါဘူး။ သူတို့ရဲ့ ဌာနချုပ်ကို မိုးပြာရောင်ဂိုဏ်းက ဘယ်လိုလုပ်ပြီး  ရှာတွေ့သွား တာပါလိမ့်။  ဒီဘက် နှစ်တွေမှာဆိုရင် သူတို့က ပေါ်ပေါ်ထင်ထင်ကို မလှုပ်ရှားဘဲ အမှောင်ထုတွေထဲမှာသာ ပုန်းအောင်း နေခဲ့တာပါ။ အခုတော့ ဘာအကြောင်းအရင်းမှ မရှိဘဲ  မိုးပြာရောင်ဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်က သူတို့ကို လာရောက် သုတ်သင်နေပါပြီလေ။

အထွတ်ခေါင်ချုပ် အကြီးအကဲရှီရဲ့  မူလဘူတ ဓားချက်အောက်မှာတော့ တောင်ကြီးတစ်ခုလုံးဟာ ပြိုကျသွားပြီး အဆိပ်(၅)ပါးဂိုဏ်းရဲ့ ဌာနချုပ်ဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီဓားချက်ကိုတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ မပြောနဲ့ ။ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင် ခုခံနိုင်မယ် မထင်ပါဘူး။

ဟူး ... ဟူး ... ဟူး ...

အဆိပ်(၅)ပါးဂိုဏ်းရဲ့ ဌာနချုပ်ထဲကနေ လူရိပ်တွေ ပြေးထွက်လာပြီး အရပ်မျက်နှာ အသီးသီးကို ထွက်ပြေးနေကြပါတယ်။ သူတို့ရဲ့ ချီအရှိန်အဝါတွေ အရတော့ ကောင်းကင် နယ်ပယ် ပညာရှင်တွေပါဘဲ။

“မြေကြွက် တစ်သိုက်က အသေမခံဘဲ ထွက်ပြေးချင်သေးတာလား ...  ။ သွားစမ်း ...”

အထွတ်ခေါင်ချုပ် အကြီးအကဲရှီ ရဲ့ လက်တစ်ချက် အလှုပ်မှာတော့  ထွက်ပြေးဖို့ ကြိုစားနေကြတဲ့ လူရိပ်တွေဟာ တစ်စစီ ဖြစ်သွားခဲ့ရပါပြီ။

ဒါပေမဲ့ လူရိပ် နှစ်ရိပ်ကတော့ အထွတ်ခေါင်ချုပ် အကြီးအကဲရှီ ရဲ့ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်ပုံပါဘဲ။

“ရွှေရောင်ဖားပြုပ် ခန္ဓာကိုယ်”"

ရွှေအိုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးအိုက သူ့ရဲ့ ချီအရှိန်အဝါတွေကို ဖော်ထုတ်လိုက်တဲ့ အခါမှာတော့  ရွှေရောင် ဖားပြုပ်တစ်ကောင် ထွက်ပေါ်လာပြီး ဓားချီတွေကို ခံဆောင်လိုက်ပါတယ်။

“တောက်တဲ့အမြီး အစားထိုးစမ်း ...”

အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးအိုကလည်း သူ့ရဲ့ လက်ချောင်းတွေကို ထူးဆန်းတဲ့ ပုံသဏ္ဍာန် ပြုလုပ်လိုက်တဲ့ အခါမှာတော့  သွေးကဲ့သို့ နီရဲနေသည့် ကိုယ်ပွားတစ်ခုက ထွက်ပေါ် လာခဲ့တယ်လေ။ အဲဒီ ကိုယ်ပွားက ဓားချီတွေကို အညိုရောင်ဝတ်စုံနဲ့ အဘိုးအိုအစား ခံယူသွားပါတယ်။

“ကြယ်(၄)ပွင့်အဆင့် လျို့ဝှက်နည်း စနစ်တွေပါလား ... ။ တကယ့် ပြသနာကောင်တွေဘဲကွာ ... ။ မင်းတို့က ဘာလို့ အေအေးလူလူ အသေမခံချင်ရတာလဲ။”

အထွတ်ခေါင်ချုပ် အကြီးအကဲရှီက သူ့ရဲ့ လက်ချောင်းလေးတွေကို အဆက်မပြတ် လှုပ်ရှားလိုက်တဲ့ အခါမှာတော့  ကောင်းကင်ပေါ်က ဓားချီတွေက ထိုသူနှစ်ယောက်ဆီကို ထိုးဆင်းလာခဲ့ပါပြီ။

ဘန်း ... ဘန်း ...

ပထမဆုံးသော လဲကျသွားတဲ့ သူကတော့ ရွှေအိုရောင် ဝတ်စုံနဲ့ အဘိုးအိုပါဘဲ။ သူ့ကို ကာကွယ်ထားတဲ့ ရွှေရောင် ဖားပြုပ်ကြီးကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

နောက်တစ်ယောက်ကတော့ အညိုရောင် ဝတ်စုံနဲ့ အဘိုးအိုပါ။သူက ထူးဆန်းတဲ့ လက်ပုံစံ အမျိုးမျိုးကို ပြုလုပ်ပြီး ကိုယ်ပွား တစ်ယောက်ပြီးတစ်ယောက်  ဖန်တီးခဲ့ပေမယ့်လည်း ဒီတစ်ခါမှာတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။

“ခေါင်းဆောင် နှစ်ယောက်ဘဲ ထွက်လာတာလား  ...”

အထွတ်ခေါင်ချုပ် အကြီးအကဲရှီက အနည်းငယ် စဉ်းစားရ ကျပ်နေပါတယ်။ အဆိပ်(၅)ပါးဂိုဏ်းရဲ့ ခေါင်းဆောင်(၅)ပါးထဲမှာ နှစ်ယောက်ကိုဘဲ သတ်ရသေးတယ်လေ။ ကျန်တဲ့ သုံးယောက်က ဘယ်ရောက် သွားတာပါလိမ့်။ အစောပိုင်းတုန်းက တောင်ကို နှစ်ခြမ်းခွဲတဲ့ ဓားချက်ကို မိသွားတာများလား ။

အဆိပ်(၅)ပါးဂိုဏ်း ဌာနချုပ်နဲ့ ရှစ်မိုင်မျှ အကွာမှာတော့ ...

“မူလဘူတဓား” ဇောင်ဝူကျင်းက မာန်သွင်းပြီး ခုတ်ချလိုက်တဲ့ အခါမှာတော့ အဆိပ်ငါးပါးဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အပြာရောင် ကင်းမြီးကောက်ဟာ ဘာမှ မတတ်နိုင်ဘဲ သေဆုံးသွား ပါတော့တယ်။

အပြာရောင် ကင်းမြီးကောက်က အတော်လေးကို အစွမ်းထက်လို့ သတ်မှတ်ရမှာပါဘဲ။ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေထဲမှတောင် အဆင့်(၂၀) အတွင်းထိ ဝင်ရောက်နိုင်တဲ့ အစွမ်းအစရှိပါတယ်။ ဒါပေမဲ့လည်း ဇောင်ဝူကျင်းရဲ့ မူလဘူတဓားနဲ့ အတွေ့မှာတော့ ဘာမှမတတ်နိုင်ဘဲ သေဆုံးသွားခဲ့ရပါပြီ။ ဓားကွက် တစ်ကွက်တည်းနဲ့ကို ဇာတ်သိမ်းသွားခဲ့တာပါ။

အခြား တစ်ဖက်မှာတော့ အတွင်းစည်းအကြီးအကဲ လေးယောက်က သံကြိုးနီကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေဆဲပါဘဲ။  ဆယ်ကွက်မျှ တိုက်ခိုက်အပြီးမှာတော့ သံကြိုးနီဟာလည်း သတ်ဖြတ် ခံလိုက်ရပါပြီ။

အဆိပ်(၅)ပါးဂိုဏ်းရဲ့ ခေါင်းဆောင်(၅)ပါးထဲက ခြေလှမ်းတစ်ထောင်ကိုတော့ ဘယ်မှာမှ ရှာလို့ မတွေ့ သေးပါဘူး။

နောက်ထပ် နာရီပေါင်း အနည်းငယ်မျှ ပိုက်စိပ်တိုက် ရှာဖွေတာတောင်မှ မတွေ့တဲ့အဆုံးမှာတော့ အထွတ်ခေါင်ချုပ် အကြီးအကဲရှီက လက်လျှာ့ လိုက်ပါပြီ။ သူတို့ရထားတဲ့ သတင်းတွေ အရဆိုရင်တော့ ခြေလှမ်းတစ်ထောင်က ဥမင်လှိုဏ်ခေါင်း တူးတဲ့နေရာမှာ အရမ်းကို ထူးချွန်ပါတယ်။ သူက အစောကြီးကတည်းက ထွက်ပြေးဖို့ လှိုဏ်ခေါင်း တစ်ခုကို တူးထားပြီးသားဘဲ နေမှာပါ။

တစ်ယောက်လောက် လွတ်သွားတာကိုတော့ ချွင်းချက်အနေနဲ့ ထားလို့ ရပါတယ်လေ။ ပြီးတော့ ခြေလှမ်းတစ်ထောင် တစ်ယောက်ထဲနဲ့ ဘာပြသနာ ကြီးကြီးမားမားမှ ရှာနိုင်မှာ မဟုတ်ပါဘူး။

သူက တစ်ကယ်လို့ ပြသနာရှာရဲရင်တောင် မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာတော့ အရင်လို သောင်းကျန်းရဲတော့မှာ မထင်ပါဘူးလေ။မိုးပြာရောင်ဂိုဏ်းရဲ့ အမျက်ဒေါသကိုတော့ သူကောင်းကောင်းကြီး သိသွားပါပြီ။

မိစ္ဆာဂိုဏ်း (၁၅)ဂိုဏ်းကို ဖြိုခွဲလိုက်တဲ့ သတင်းက သိပ်မထွက်ခဲ့ပါဘူး။ ဒီအကြောင်းကို သိတဲ့လူတွေဆိုလို့ မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ပိုင်း အကြီးအကဲတွေနဲ့ မသေဘဲကျန်ရစ်ခဲ့တဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ အကြွင်းအကျန်တွေဘဲ ရှိပါတယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ လုပ်ရပ်ကို တွေ့မြင်ပြီး နောက်မှာတော့ မိစ္ဆာလမ်းစဉ် အဖွဲ့အစည်းတွေဟာ  သွေးတိုး မစမ်းရဲကျတော့ပါဘူး။ သူတို့ဟာ မိုးပြာရောင်ဂိုဏ်းရဲ့ သဘောထားကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။

မိုးပြာရောင်ဂိုဏ်းက မလိုအပ်ဘူးလို့ ယူဆထားရင် လုံးဝကို မလှုပ်ရှားပါဘူး။ ဒါပေမဲ့ သူတို့စတင် လှုပ်ရှားပြီ ဆိုရင်တော့ မိုးနတ်မင်းကြီး ဆင်းတားရင်တောင် ရတော့မှာ မဟုတ်ပါဘူးလေ။

မိစ္ဆာလမ်းစဉ် အဖွဲ့အစည်း ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ လက်အောက်ခံတွေကို ဒီနှစ်ပိုင်းတွေမှာ သိုသိုသိပ်သိပ် နေဖို့တောင် အမိန့်ထုတ် ထားခဲ့ပါပြီ။

***

အဖွဲ့ခွဲ(၆)မှာ တစ်ပတ်လောက် အနားယူ အပြီးမှာတော့ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းကို ပြန်ဖို့ ပြင်ဆင်ပါတော့တယ်။

အခုဆိုရင် မိစ္ဆာလမ်းစဉ် ပညာရှင်တွေကလည်း ဇာတ်မြုပ်သွားပြီ  ဖြစ်တဲ့အတွက် နတ်ဘုရားလေ ဂိုဏ်းခွဲမှာ ဆက်နေရင်လည်း ဘာမှ မထူးတော့ပါဘူးလေ။  ဒါက အချိန်ဖြုန်းနေတာ သက်သက် ဖြစ်နေတော့မှာပါ။

ပြီးတော့ သူက အမွေခံ မျှော်စင်ကိုသွားပြီး စိန်ခေါ်ဖို့ လိုအပ်နေသလို အပြင်လောကကြီးကိုလည်း အတွေ့အကြုံ ရဖို့အတွက် လျှောက်သွားချင် နေပါသေးတယ်။

မှန်ပါတယ်။သူက လောကကြီးအနှံ့ လျှောက်သွားပြီး စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ တောင့်တနေပါပြီ။သူ့ဘဝကြီးကို ဒီအတိုင်း ကျင့်ကြံနေရင်းနဲ့ဘဲ ကုန်ဆုံးသွားလို့တော့ မဖြစ်သေးပါဘူး။

ကောင်းကင် နယ်ပယ်ကို မရောက်မချင်း ဂိုဏ်းတော်ထဲမှာ လေ့ကျင့်နေရတဲ့ အလုပ်က အတော်ကြီးကို ပျင်းစရာ ကောင်းလွန်းလှပါတယ်။ အပြင်လောကကြီးကိုသွား  စွန့်စားခန်းတွေဖွင့်ပြီး  မဟာပညာရှင်တွေရဲ့ အကြွင်းအကျန် ပညာရပ်တွေကို လိုက်ရှာနေတာက ပိုပြီး ရင်ခုန်စရာ ကောင်းလှသည် မဟုတ်ပါလား ... ။

***

အမွေခံမျှော်စင်ရဲ့ အထပ်တိုင်းဟာ ခက်ခဲမှုတွေနှင့် ပြည့်နှက်နေတာပါဘဲ။

ယခု လက်ရှိမှာတော့  တိုက်ရိုက်တပည့် (၃)ယောက်သာလျှင် အမွေခံမျှော်စင်ရဲ့ တတိယထပ်ကို ဖြတ်ကျော်နိုင်ပါသေးတယ်။

အဲဒီ(၃)ယောက် ထဲမှာတော့ ခံစားချက်မဲ့ဓား ရှုဖန်း တစ်ယောက်  မပါသေးပါဘူး။

လီဖူချန်းရဲ့ ရည်ရွယ်ချက်ကတော့ တတိယထပ်ကို မဟုတ်ပါဘူး။ သူက ဒုတိယထပ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒီကိုလာခဲ့တာပါ။

အမွေခံမျှော်စင်ကို ရောက်တဲ့ အခါမှာတော့ လီဖူချန်းက ခံစားချက်မဲ့ဓား ရှုဖန်းကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရပါတယ်။

ရှုဖန်းက မြေကမ္ဘာနယ်ပယ် အဆင့်(၆)ကိုတောင် ရောက်နေပါပြီ။ ကြည့်ရတာ အဖွဲ့ခွဲ(၇)မှာ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတွေက သူ့ကို ဉာဏ်အလင်း ပွင့်သွားစေသည့် ပုံပါဘဲ။

“သူက တတိယထပ်ကို စိန်ခေါ်ဖို့အတွက် ရောက်နေတာဘဲ ဖြစ်ရမယ်”လီဖူချန်းက ရှုဖန်းရဲ့ ရည်ရွယ်ချက်ကို အလွယ်တကူဘဲ ခန့်မှန်းနိုင်ပါတယ်။

ရှုဖန်းကလည်း လီဖူချန်းကို သတိထားမိပါတယ်။ သူက အစောကြီး ကတည်းက လီဖူချန်းကို သတိပြုမိနေခဲ့တာပါ။ သူ့ရဲ့ နှလုံးသားထဲမှာတော့ လီဖူချန်းဟာ သူတို့လို လူစားမျိုးလို့ သတ်မှတ်ထားပြီးပါပြီ။

( မှတ်ချက်- သူတို့လို လူစားမျိုး ဆိုတာက ဓားအရူးသူတော်၊ကျားဓားရှင်နဲ့ ရှုဖန်းကိုယ်တိုင်ကို ဆိုလိုဟန် တူပါတယ်။ ရှုဖန်းတို့လို လူတွေက သာမန်အရိုး ကိုယ်ထည်တွေ ဘာတွေကို ထည့်မတွက်ပါဘူး။ )

အတန်အကြာမှာတော့ သူ့ရဲ့အကြည့်တွေကို ရုတ်သိမ်းပြီး ရှုဖန်းကအမွေခံ မျှော်စင်ထဲကို လှမ်းဝင်သွားပါတော့တယ်။

သိပ်မကြာခင်မှာဘဲ တတိယထပ်ရဲ့ မီးအိမ်က လင်းလာခဲ့ပါပြီ။

“ထင်ထားတဲ့ အတိုင်းပါဘဲလား ...”လီဖူချန်း ပြုံးရင်းနဲ့ အပြင်ဘက်မှာ ရပ်စောင့်နေပါတယ်။သူတွက်ထားတဲ့ အတိုင်းပါဘဲ။ အမွေခံမျှော်စင့်ရဲ့ တတိယထပ်က ရှုဖန်းကို မတားဆီး နိုင်တော့ပါဘူးလေ။

အမွေခံမျှော်စင်ရဲ့ ပထမထပ်မှာတော့ အဆင့်(၃) အလယ်အလတ် မိစ္ဆာသားရဲ အင်းကွက် ရှိပါတယ်။ ဒုတိယထပ်နဲ့ တတိယထပ်မှာတော့ အဆင့်(၃) အထက်တန်းစား သားရဲကြီးတွေ ရှိနေပါတယ်။ ဒါပေမဲ့ တတိယထပ်က  မိစ္ဆာသားရဲက ဒုတိယထပ်က မိစ္ဆာသားရဲထက်ကို အများကြီး ပိုအစွမ်းထက် ပါတယ်လေ။

သိပ်မကြာခင်မှာဘဲ ရှုဖန်းက အမွေခံ မျှော်စင်ထဲကနေ ထွက်လာခဲ့ပါပြီ။ သူရဲ့မျက်နှာက ခါတိုင်းလို အေးစက်စက် ရှိမနေတော့ပါဘူး။

ဓားအရူးသူတော်က ဓားသိုင်းကို အရူးအမူး ဖြစ်တယ်လို့ ကျော်ကြားသလို ရှုဖန်းကလည်း ခံစားချက်မဲ့ လွန်းတယ်လို့ ကျော်ကြားပါတယ်။

ဓားအရူး သူတော်ကတော့ လေ့ကျင့်ပြီးရင်း လေ့ကျင့်နေလို့ အပြင်ကို ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ရှုဖန်းကတော့ အပြင်လောကကို ထွက်ပြီး အတွေ့အကြုံရှာဖို့ စဉ်းစားထားပြီးပါပြီ။

သူက အစောကြီးကတည်းက ဒီကိစ္စကို ဆုံးဖြတ် ထားခဲ့တာပါ။အမွေခံမျှော်စင်ရဲ့ တတိထပ်ပို ကျော်ဖြတ်နိုင်တဲ့ တစ်နေ့မှာတော့ အပြင်ဘက် လောကကြီးမှာ စွန့်စားခန်း ဖွင့်မယ် ဆိုပြီးတော့ပေါ့။

“မင်း တစ်နေ့ အပြင်လောကကြီးကို သွားမယ်ဆိုရင် တိုက်ပွဲတစ်ရာ နယ်မြေကို သွားတာ အကောင်းဆုံးဘဲ။  အဲဒီ နယ်မြေက မိုးပြာရောင်ဂိုဏ်း နယ်မြေထက် (၁၀)ဆလောက် ပိုကျယ်တယ်။ ပိုပြီးတော့လည်း အန္တရာယ်များသလို  အခွင့်အလမ်းတွေကလည်း ပိုကောင်းတယ်။ ငါ့ကို အကြာကြီး မစောင့်ခိုင်းနဲ့ ...”

ရှုဖန်းက လီဖူချန်း ဘေးကနေ ဖြတ်သွားချိန်မှာတော့ စကားတစ်ခွန်း ပြောသွားခဲ့ပါတယ်။

လီဖူချန်းက ပြုံးပြီး ခေါင်းကို မသိမသာ ညိတ်ပြလိုက်ပါတယ်။ သူစဉ်းစားထားတဲ့ နေရာကလည်း တိုက်ပွဲတစ်ရာ နယ်မြေပါဘဲလေ။

တိုက်ပွဲတစ်ရာ နယ်မြေမှာက ဘယ်သူမှ အစိုးမရပါဘူး။ အစွမ်းထက်လှတဲ့ မဟာပညာရှင်တွေ အမြောက်အများ ရှိသလို အင်အားကြီးမားလှတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးပါဘဲ။ ကောလဟာလတွေအရဆိုရင် မဟာပညာရှင်တွေရဲ့ ဂူသင်္ချိုင်း တွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့်လည်း စွန့်စားလိုစိတ်ရှိတဲ့ ပညာရှင်တွေဟာ ဒီနယ်မြေကို ရွေးချယ်ကြတာပါ။

လူဦးရေ များပြား လာတာနဲ့အမျှ ခိုက်ရန် ဖြစ်ပွားမှုတွေကလည်း နေရာတိုင်း နီးပါးမှာ ဖြစ်ပေါ် နေတော့တာပါဘဲ။ တိုက်ပွဲတစ်ရာ နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ သိုင်းကျမ်းတွေ၊ရတနာတွေနောက်ကို လိုက်ရင်းနဲ့ သေဆုံးခဲ့ရတဲ့ သိုင်းပညာရှင်တွေ  ဘယ်လောက်တောင် ရှိနေမှန်းကိုလည်း မသိတော့ပါဘူး။

ထပ်ပြီးတော့ ပြောရမယ် ဆိုရင်တော့ တိုက်ပွဲတစ်ရာ နယ်မြေဟာ တကယ်ကို အန္တရာယ် များလွန်းတဲ့ နယ်မြေ တစ်ခုပါဘဲ။

ရှုဖန်းက ဘာဖြစ်လို့ သူ့ကို စကားပြောသွားသလဲ ဆိုတာကို လီဖူချန်းက ကောင်းကောင်း သိပါတယ်။

ပါရမီရှင်တွေ ဆိုတာမျိုးက သူတို့အချင်းချင်းသာ နားလည်ကျတာမျိုးပါ။ သူတို့ဘာတွေ တွေးနေတယ် ၊ဘာလုပ်မယ် ဆိုတာမျိုးကို  သူတို့အချင်းချင်းဘဲ နားလည်ကျသည်လေ။

ရှုဖန်း ထွက်သွားပြီး အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့အလှည့်  ရောက်လာခဲ့ပါပြီ။ သူက ယုံကြည်မှု အပြည့်ဖြင့် အမွေခံ မျှော်စင်ထဲကို ဝင်သွားပါတော့တယ်။

***

All Chapters