“ဒါဆို မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
Vol. 36 Ch. 496
နဝမမြောက်နန်းတော်ရှိ အရိုးစုက တုန်လှုပ်သွားကာ သူ့ကိုခတ်ထားသော သံကြိုးများနှင့် ဆူးခက်များကို ဆွဲရုန်းလိုက်သည်။ထို့ကြောင့် တောင်ထိပ်က စတင်တုန်ခါလာသည်။ သူက စုမင်၏ လက်ဖဝါးကို စိုက်ကြည့်ပြီး သူ့လက်ချောင်းပေါ်က ဆံချည်မျှင်များကို စိုက်ကြည့်နေလေသည်။ သူ၏မွဲခြောက်ကပ်သော မျက်နှာပေါ်တွင်မှိန်ပျသောအလင်းတန်းလေး ပေါ်လာသည်။ ထိုအလင်းက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်နှင့်အမျှ အသက်စွမ်အားက အရိုးစုဖြစ်နေသော ခန္ဓာကိုယ်ဆီသို့ ပြန်အသက်ဝင်သွားပုံရသည်။
“ လေ့ရှန်ရှို့...”
စုမင်၏အမူအရာမှာ ငြိမ်သက်နေသော်လည်း သူ့နှလုံးသားထဲတွင် အမည်မသိလှိုင်းတစ်ခုရိုက်ခတ်လာလေသည် ။ ထိုအမည်ကို သူပထမဆုံးကြားလိုက်ရခြင်းဖြစ်ပြီး၊ ထိုအမည်မှာမာန်ဝိညာဉ်တို့၏နတ်ဘုရားပင်...ပထမဦးဆုံးမာန်နတ်ဘုရားပင်....
“ မြေစွမ်းအားရှိတဲ့နဂါးဝိညာဉ်ကို ပြန်မခေါ်သွားနိုင်ပေမဲ့ မာန်နတ်ဘုရားရဲ့တန်ခိုးနဲ့ မင်းတို့အပေါ်ကို မရဏမိုးရွာပေးလို့ရတယ်..ငါ့ရဲ့ ကြက်သွေးရောင်နဂါးကို တံဆိပ်ခတ်ထားတဲ့ ဒီနေရာကို ငါ ဖျက်ဆီးပစ်နိုင်တယ်..တံဆိတ်ခတ်တဲ့ခချိပ်စည်းက ဘယ်လောက်စွမ်းလဲမသိပေမဲ့ ဒီနေရာက ယင်ကိုးပါးဝိညာဉ်တွေအတွက်အရေးကြီးပုံရတယ်..”
“ဒီနေရာကိုဖျက်စီးပစ်လိုက်ရင်ကောင်းမလား..ဒါပေမဲ့ မဖျက်စီးရင်ကောင်းမလား ငါ့ရဲ့မာန်နတ်ဘုရားတန်ခိုးနဲ့မာန်စွမ်းအားတွေပေါင်းလိုက်ရင် ငါကတုနှိုင်းမဲ့ပဲ.. ငါ့အတွက်ဘာအထိအခိုက်မှရှိမှာမဟုတ်ဘူး ပြီးတော့ မင်းတို့ရဲ့လေလွင့်နေတဲ့ယင်ကိုးပါးဝိညာဉ်တွေကိုတစ်ခုမကျန်လိုက်ရှာပြီး သတ်ပစ်မယ်..
“ငါ့ရဲ့နတ်ဘုရားစွမ်းရည်ကို မြင်ပြီးပြီမလား..ငါက ပြောရင်ပြောတဲ့အတိုင်း လုပ်နိုင်တယ်”
စုမင်က သူ့ရင်ထဲက ထိတ်လန့်တုန်လှုပ်မှုကို ဖြေဖျောက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သူက မာန်နတ်ဘုရား၏ တန်ခိုးကို ပိုင်ဆိုင်ထားတာကြောင့် တိထျန်း၏ကိုယ်ပွားကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ကြက်သွေးရောင်နဂါးကို ကယ်တင်နိုင်မည်ဟု ယုံကြည်မှုကြောင့် နဝမမြောက်နန်းတော်သို့ ရောက်ရန် အခက်အခဲများစွာကို ခါးစည်းခံရှိရန် ရွေးချယ်ခဲ့သည်။
မာန်နတ်ဘုရား၏တန်ခိုးအရှိန်အဝါကို မသိရှိခဲ့လျှင် ယခုကဲ့သို့ ခြိမ်းချောက်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် သူ့၏ အစွမ်းအစများကို ထုတ်ပြပြီး ခြိမ်းခြောက်နိုင်မှသာ သူလိုချင်သည့် အကောင်းဆုံးရလဒ်ကို ရလာမည်ဖြစ်သည်။
နန်းတော်ရှိ အရိုးစုပုံရိပ်က ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ့မျက်လုံးများရှိ မှိန်ပျပျအလင်းရောင်ကပို၍ အားကောင်းလာသည်။ သူက စုမင်၏ လက်ချောင်းပေါ်က ဆံချည်မျှင်များကို စိုက်ကြည့်ချိန်တွင် သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးခြင်းနှင့်အတိတ်ကိုလွမ်းဆွတ်မှုအရိပ်အယောင်များကိုတွေ့ရလေသည်။
“လေ့ရှန်ရှို့က နန်းတော်တွေကို ဖြတ်ကျော်နိုင်တဲ့ ပထမဆုံးလူပဲ...အဲ့ဒီအဖြစ်ပျက်တွေက တော်တော်ကြာခဲ့ပါပြီ... ဒီလို စွမ်းအားတည်ရှိမှုမျိုးက သူပဲပိုင်တာ..နောက်ထပ်ရှိလာမယ်လို့ မမျှော်လင့်ထားဘူး...”
ထိုစကားကို ပြောပြီးသောအခါ အရိုးစုက သက်ပြင်းရှည်ကြီးထုတ်ကာ စုမင်ထံ လှမ်းကြည့်လိုက်သည်။စုမင် ၏ခြိမ်းခြောက်မှုကို သူရှင်းရှင်းလင်းလင်းကြားရလေသည်။စုမင်မှာ နတ်ဘုရားစွမ်းရည်ကို ပိုင် မပိုင် သေချာမဝေခွဲဆတ်ပေ။မပိုင်ခဲ့လျှင် သူက ဟာသသဘောအဖြစ်ယူဆကာ ပေါ့ပေါ့နေ၍ရသည်။ သို့သော် ထိုအချိန်တွင် စုမင်ပြောသည့်စကားသည် ဟာသမဟုတ်ကြောင်း နားလည်ထားလေသည်။
“ငါတို့ သဘောတူညီချက်တစ်ခု လုပ်ရအောင်…”
အရိုးစုက သူ့ကိုယ်သူတည်ငြိမ်မှုရလာပြီ။ သူက မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများ အရည်ပျော်သွားကာ မြေပြင်တွင်စိုက်ထားသောဆူးငုတ်များလည်း မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားတော့သည် ။
အရိုးစုက မတ်တပ်ရပ်လိုက်သည့်အခါ စုမင်က သူနှင့်အရပ်တူကြောင်းကိုသိလိုက်ရသည်။ ထိုနေရာ၌ သူရပ်နေချိန်တွင် အဝါရောင် ၀တ်ရုံက သူ့ခန္ဓာကိုယ်ပေါ်တွင် တဖြည်းဖြည်း ပေါ်လာသည်။
စုမင်က စကားမပြောဘဲ အရိုးစုကိုသာ ကြည့်နေလေသည်။
“ငါတို့က မြေစွမ်းအားပါတဲ့ နဂါးရဲ့ ဝိညာဉ်ကို လိုအပ်တယ် အဲ့ဒီ့စွမ်းအားက ငါ့လူတွေအတွက် အလွန်အသုံးဝင်တယ်... ဒါပေမယ့် မင်းသာ နတ်ဘုရားစွမ်းရည်ကိုသုံးပြီး ငါ့လူတွေကို ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် အဲ့ဒီ့နဂါးဝိညာဉ်ကို မလိုတော့ဘူး..”
အရိုးစုက ဖြည်းညှင်းစွာပြောနေစဉ် သူ့ညာလက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်သည်။
မြေပြင်ပေါ်ရှိ ကြက်သွေးရောင် နဂါးရုပ်ပုံက ချက်ချင်းပင်တွန့်လိမ်ပြီး ပုံပျက်သွားလေသည်။ လေထဲတွင် ခပ်တိုးတိုးဟိန်းဟောက်သံများနှင့်ထွက်ပေါ်လာပြီး နဂါးရုပ်ပုံမှာ အရည်ပျော်သွားသည်။ ချိတ်စည်းချိုးဖောက်သွားသကဲ့သို့ ကြက်သွေးရောင်နဂါး၏ ခန္ဓာကိုယ်က ထွက်ပေါ်လာပြီး မြေပြင်မှ ပျံတက်လာသည်။ခချိနဲ့သောအင်အားဖြင့် စုမင်ဆီသို့ ပျံသန်းလာလေသည်။
တစ်ချိန်တည်းမှာပင် တောင်ခြေရင်းရှိ နန်းတော်ရှစ်ခုအတွင်းမှ ယင်ကိုးပါးဝိညာဉ်များအားလုံး တိုက်ခိုက်ခြင်းရပ်တန့်သွားကာ ရုပ်တုအဖြစ်သို့ ပြန် ပြောင်းသွားကြသည်။ ခဏအကြာတွင် ထိုဝိညာဉ်များနှင့်တိုက်ခိုက်နေသော အဆိပ်အလောင်းက စုမင်ဘေးနားသို့ ပြန်လာခဲ့သည်။ မြွေငယ်လေးကလည်း သူ့ဆီသို့ ပြန်ပြေးလာသည်။နောက်ဆုံး အခြေတည်စိတ်ဝိညာဉ်ကလည်း ဟန်တောင်တန်းခေါင်းလောင်းနှင့်အတူ ပြန်လာခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ယင်ကိုးပါးဝိညာဉ်များက ၎င်းတို့အား ရပ်တန့်ရန်မကြိုးစားဘဲ စုမင်၏နားသို့ ပြန်သွားရန်ခွင့်ပြုခဲ့သည်။
“ဒါက ငါ့ရဲ့ ရိုးသားမှုကို ပြသလိုက်တာပဲ”
အရိုးစုက စုမင်ကို လှမ်းကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီအချက်ကို မင်းသဘောတူရင် မင်းကို မြေစွမ်းအားပါတဲ့နဂါးဝိညာဉ်ကိုခေါ်သွားရုံတင်မကဘူး ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကိုလည်း မင်းရလိမ့်မယ်..”
စုမင်က ဟန်တောင်တန်း ခေါင်းလောင်းနှင့် သူ၏အခြေတည်စိတ်ဝိညာဥ်ကို ဖယ်ထုတ်လိုက်ပြီး အရိုးစုဆီသို့ လှမ်းကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။
“အရင်တုန်းက ရှာမန်တွေဟာ မင်းရဲ့လူတွေနဲ့ခင်မင်တယ်လို့ ငါကြားဖူးတယ်..”
ယခုအခါ အရိုးစုက ရှေးလူကြီးတစ်ယောက်နှင့်တူသည်။ စုမင်၏ စကားများကိုကြားသော် ခေါင်းတွင်တွင်ယမ်းလိုက်သည်။
“ငါတို့နဲ့ရှာမာန်တွေကြားဘာခင်မင်ရင်းနှီးမှုမှမရှိဘူး.. ကတိတစ်ခုနှင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရတဲ့ဆက်ဆံရေးတစ်ခုသာရှိတယ် သူတို့က ကတိကို ချိုးဖောက်ပြီး ဒီကပ်ဆိုးကြီးကိုဖြစ်စေခဲ့တယ် ငါတို့လိုယင်ကိုးပါးဝိညာဉ်တွေနဲ့ ဘာမှမဆိုင်ဘူး...”
စုမင်က စကားမပြောဘဲမျက်မှောင်ကြုတ်လိုက်သည်။
“ငါမင်းကို ဒီလိုပြောလိုက်လို့ ဘာပြသနာမှ ရှိမှာမဟုတ်ဘူး.. ငါ့လူတွေနဲ့ ရှာမန်တွေရဲ့ ကတိက ငါတို့က သူတို့ကို လီတစ်သန်းဧရိယာ လောက်ဖွင့်ပြီး ရှာမန်မြို့တော်ဆောက်ခွင့်ပေးမယ်.. ငါတို့က ကြည်ကြည်ဖြူဖြူနဲ့ အမှုထမ်းပေးရတယ် သူတို့ကလည်း ငါတို့လိုအပ်တာကိုလုပ်ပေးတယ် .”
“ပြောရရင် ငါတို့နှစ်ဦးနှစ်ဖက်က ကိုင်းကျွန်းမီ ကျွန်းကိုင်းမီတွေပဲ...ရှာမန်တွေက အစွမ်းထက်တဲ့ စစ်သည်တော် တွေကို အလွယ်တကူရှာမရနိုင်ဘူး..”
“ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ရှာမန်တွေက သူတို့ပေးထားတဲ့ ကတိကို အရင်ချိုးဖျက်လိုက်တယ် ပြီးတော့ ကုန်းမြေက ပြိုကွဲသွားခဲ့တယ်”
အရိုးစုမှ အသွင်ပြောင်းလာသော အဝါရောင်၀တ်စုံဝတ် အဖိုးအိုက ရှေးကျသောလေသံဖြင့် ရှင်းပြသည်။
“ခင်ဗျားတို့တွက် မာန်နတ်ဘုရားစွမ်းရည် တစ်ခါအသုံးပြုခွင့်ပေးမယ်..ကျူပ်က ခင်ဗျားကိုခြိမ်းခြောက်စရာ အကြောင်းလည်းမရှိဘူး..ခင်ဗျားသာကတိကိုချိုးဖောက်ခဲ့ရင် ကျုပ်အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်..”
စုမင်၏မျက်လုံးများက လင်းလက်နေပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
အဝါရောင်ဝတ် အဘိုးအိုက တိတ်ဆိတ်သွားပြီး နန်းတော်မှ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူက အပြင်မှာ ရပ်နေရင်း အပြင်လောကကို လှမ်းကြည့်လိုက်သည်။
စုမင်က နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူတို့ကြားရှိ အကွာအဝေးတစ်ခုရအောင် ထားလိုက်သည်။
“လူတိုင်းမှာ ကိုယ်ပိုင်အိမ်ရှိကြတယ်…”
အချိန်အတော်ကြာပြီးနောက်
အဘိုးအိုက ရုတ်တရက်လွမ်းဆွတ်သောအသံဖြင့် ပြောလာသည်။
“မင်းမှာလည်းအိမ်ရှိတယ်၊ ရှာမန်တွေမှာလည်းအိမ်ရှိတယ်၊ လေ့ရှန်ရှို့မှာလည်းအိမ်ရှိတယ်...ပြီးတော့ ငါတို့ ယင်ကိုးပါးလောကရဲ့ ဝိညာဉ်တွေမှာလည်း အိမ်ရှိတယ်... အခုတော့ ယင်ကိုးပါးလောကကြီးက တံဆိပ်ခတ်ခံရပြီး ပြင်ပကမ္ဘာက ဘယ်သူမှ ဝင်လို့မရဘူး.. အတွင်းထဲက ဘယ်သူမှ ထွက်သွားလို့မရဘူး.. မင်း ဒီနေရာကို ထွက်သွားချင်လား”
အဘိုးအိုက ခေါင်းကိုလှည့်ကာ စုမင်ကို ကြည့်သည်။
စုမင်၏ နှလုံးသားက တုန်လှုပ်သွားလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုကိစ္စကို ထည့်မတွေးခဲ့ပေ။ ကံကြမ္မာမျိုးနွယ်စုနှင့်ထာဝရလောကတွင် ဖြစ်ပျက်ခဲ့သည့်အရာများသည် သူ့စိတ်နှလုံးကို လွန်စွာလှုပ်ခတ်သွားစေခဲ့သည်။သို့သော် ထိုဝိညာဉ်များ ယင်ကိုးပါးလောကမှ ထွက်ခွာရန် လွန်စွာခက်ခဲနေကြောင်းကို စုမင်မှ အနည်းအကျဉ်းရိပ်မိလေ၏။
သို့သော် စုမင်က မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ပေ။ ယင်းအစား၊ အရာအားလုံးအဆင်ပြေလည်သွားလျှင် မျှော်လင့်ချက် မည်မျှပင် နည်းနေပါစေ ထိုနန်းတော်မှထွက်ခွာမည်ဟု ဆုံးဖြတ်လိုက်သည်။
“မင်း ငါတို့ကို ကူညီရင် မင်းကိုယ်မင်း ကူညီရာကျလိမ့်မယ်…”
အဘိုးအိုက ဖြည်းညှင်းစွာပြောသည်။
စုမင်က တိတ်ဆိတ်နေခဲ့သည်။
“ငါတို့ရှာမန်တွေနဲ့အလုပ်လုပ်တုန်းက သူတို့ကို နေရာအရွေ့အပြောင်း အသယ်အရွေ့လွယ်ကူအောင်ကူညီပေးတယ် ဘာလို့ဆို ငါတို့လိုအပ်တဲ့ပစ္စည်းတွေကို စုချင်လို့.. မရေတွက်နိုင်တဲ့နှစ်တွေကြာလာတဲ့နောက် ငါတို့မှာ ဆန္ဒတစ်ခုပဲရှိခဲ့တယ်... အဲဒါက အိမ်ပြန်ဖို့ပါပဲ..”
“ဒါကြောင့် ငါတို့က ရှာမန် တွေနဲ့ အတူတူ အလုပ်လုပ်ခဲ့တယ်..ဒါ့ကြောင့် ရှာမန်တွေဆီမှာ အမှုထမ်းခဲ့တယ်..ပြီးတော့ ငါ့လူတွေက အဲဒီ ကြက်သွေးရောင်နဂါးကို ပြန်ယူလာခဲ့တယ်.. ဒါတွေအားလုံးက ငါတို့အိမ်ပြန်နိုင်ဖို့ပါပဲ…”
“ငါတို့အိမ်က ယင်ကိုးပါးလောကမ္ဘာမှာမဟုတ်ဘူး၊ ဒီစစ်မှန်တဲ့တာအိုလောကလည်း မဟုတ်ဘူး.. ဒီနေရာနဲ့ အလွန်ဝေးကွာတဲ့ စကြာဝဠာကြီးထဲမှာ တည်ရှိတဲ့ စစ်မှန်တဲ့မဟာလောကကြီးလေးခုထဲက သန့်စင်မွန်မြတ်ခြင်း ကိုးလောကပဲ...”
အဘိုးအို၏ အသံက နိမ့်ဝင်သော်လည်း သူပြောသော စကားများက စုမင်၏ အသက်ရှုသံကို မြန်စေပြီး ကောင်းကင်ယံသို့ လှိုင်းလုံးကြီးတစ်ခု တိုးဝင်သွားကာ သူ့စိတ်နှလုံးကို တောက်လောင်စေခဲ့သည်။
“အဲဒီ့အတွက် ငါတို့က အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့တယ်… ခေတ်အဆက်ဆက် မျိုးစုထဲမှာရှိတဲ့ မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာသက်သေပြတဲ့အနေနဲ့ လုပ်ဇာတ်တစ်ခု လုပ်ခဲ့တယ်.. ငါ့ရဲ့ဦးခေါင်းကို ဖြတ်ပြီးရှာမန်မြို့တော်မှာ ယဇ်ပူဇော်ခဲ့တယ် ဒီလီတစ်သန်းဧရိယာအတွင်းတွင် ရှိနေတာကြောင့် ငါ့ကို ရှာမန်တွေရဲ့စစ်ပွဲအောင်မြင်မှုနဲ့ သူတို့ရဲ့ဂုဏ်ကျက်သရေသင်္ကေတအဖြစ် ပြောင်းလဲခံရတာပဲ..”
အဘိုးအိုက တိုးတိုးလေးပြောလိုက်သည်။
“သန့်စင်မွန်မြတ်ခြင်း ကိုးလောကပဲ စစ်မှန်သောတာအိုလောက… မဟာလောကကြီး လေးပါး..”
စုမင်က ဖယောင်းနဂါး မသေဆုံးမီက ပြောခဲ့သည့်စကားများကို သတိရမိသည်။
“ရှာမန်တွေက သူတို့ရဲ့ ကတိကို မလိုက်နာဘဲ ဒီ မှော်အတတ် မှော်တံဆိတ်ခတ်တာတွေကို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က လုပ်ခဲ့တယ်.. ရှာမန်တွေရွေ့ပြောင်းတဲ့အခါ တစ်ခါတည်းနဲ့အများကြီးရွေ့ချင်တာ..ဒါပေမဲ့ ရှာမန်တွေက သူတို့တကယ်လုပ်လိုက်မိတဲ့အရာက ဘာဖြစ်သွားမှန်း သူတို့မသိဘူး..သူတို့ကြောင့် ယင်ကိုးပါးလောကကြီးတစ်ခုလုံးကိုထိခိုက်စေမဲ့ ဘေးဆိုးကြီးကျရောက်လာတာပဲ...”
“တကယ်လို့ အပြင်လူတွေဆီက ကိုးလောကမရဏရောင်ဝါတွေက ဒီနေရာကို ရောက်လာခဲ့ရင် ဝိညာဉ်လောကတစ်ခုလုံးကို ထာဝရအိပ်မောကျအောင်လုပ်နိုင်ပြီး အမြစ်ပြတ်ချေမှုန်းပစ်လိမ့်မယ်..”
“အဲဒါကြောင့် ငါ တိုက်ခိုက်ခဲ့တာ.. မွန်မြတ်ခြင်းဝိညာဉ်တော်က သူရဲ့ခုခံကာကွယ်မှုတွေကို စတင်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ မစတင်ခင်မှာ အဲဒီအပြင်လူတွေရဲ့ခြိမ်းခြောက်မှုကို ဖျက်ဆီးပစ်လိုက်တယ်..”
အဝါရောင်ဝတ်ရုံနှင့် အဖိုးအိုက ခေါင်းတွင်တွင်ယမ်းနေလေသည်။
“ မွန်မြတ်ခြင်းဝိညာဉ်တော်လား”
စုမင် ခေတ္တမျှ အံ့အားသင့်သွားသည်။
“မင်းက လေ့ရှန်ရှို့ရဲ့ မျိုးနွယ်ဝင်တစ်ယောက်ပဲ သူ့ရဲ့ အစွမ်းနဲ့မင်းကို ကာကွယ်ပေးထားလို့ မင်းကို အပြင်လူလို့ သတ်မှတ်မထားဘူး... ယင်ကိုးပါးလောကက ကမ္ဘာတစ်ခုလို့ထင်ရတယ်..ဒါပေမဲ့ အမှန်တော့ ငါတို့ကိုးလောကရဲ့စစ်မှန်တဲ့လောကထဲက မှော်စီးယာဉ်တစ်ခုသာသာပဲ...( အဲ့ဒါနဲ့တစ်နေရာနဲ့တစ်နေရာရွေ့ပြောင်းလို့ရတယ်)
“အဲ့ဒီစီးယာဉ်က မယုံနိုင်လောက်အောင် ကြီးမားတယ်သန့်စင်မွန်မြတ်ခြင်း ကိုးလောကထဲကကျင့်ကြံသူတွေက ကမ္ဘာတစ်ခုနဲ့တစ်ခုဆီကိုရသွားလိုက်ပြန်လိုက်လုပ်ဖို့ မှော်စီးယာဉ်ကို အသုံးပြုကြတယ်..အဲ့ဒီမှော်ယာဉ်အမျိုးအစားက မတူညီတဲ့ကမ္ဘာတွေရဲ့ဥပဒေသတွေကိုချိုးဖောက်နိုင်စွမ်းရှိတယ်..အခုငါတို့ယင်ကိုးပါးလောကနဲ့အပြင်လောကပုံစံမျိုးပေါ့..”
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ယင်ကိုးပါးဝိညာဉ်တွေကသန့်စင်မွန်မြတ်ခြင်း ကိုးလောကရဲ့ ညွှန်ကြားချက်နဲ့အလုပ်လုပ်တဲ့အခါ ငါတို့ဟာ ကမ္ဘာတွေကြားကို ရွေ့လျားရင်းကောင်းကင်မုန်တိုင်းကြီးနဲ့ကြုံကြိုက်မိခဲ့တယ်...ငါတို့ရဲ့ မှော်ယာဉ်ကြီးက ကြီးကြီးမားမားထိခိုက်သွားပြီး ဒီနေရာမှာကမ်းတင်နေခဲ့တော့တာပဲ”
“အခုအချိန်အထိ ငါတို့နေခဲ့ကြတာ” ဟု အဘိုးအိုက တိုးတိုးလေးပြောရင်း သူ့မျက်နှာမှာ လွမ်းဆွတ်မှုအရိပ်အယောင်များထင်ဟပ်နေလေသည်။
စုမင်၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ သူ့အလိုလို နောက်သို့ ဆုတ်သွားကာ သူ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုများစွာ ဖုံးကွယ်ရန်အလို့ငှာ ခက်ခဲနေလေသည်။
“အဲဒါဆိုရင်ဖယောင်းနဂါးကိုရော...”
စုမင်က ချက်ချင်း ကြားဖြတ်မေးလိုက်သည်။
“ဖယောင်းနဂါးက ငါတို့သားစဉ်မြေးဆက် သန့်စင်မွန်မြတ်ခြင်း ကိုးလောကရဲ့သားရဲကိုးကောင်ထဲက တစ်ကောင်... မင်း သူသေဆုံးတာကို မြင်ခဲ့ရတယ်မလား.. သန့်စင်မွန်မြတ်ခြင်း ကိုးလောကဝိညာဉ်တော်က တစ်ခြားကမ္ဘာသုံးခုကိုသွားပြီး တန်ခိုးကြီးတဲ့တည်ရှိမှုတွေရဲ့အလောင်းတွေကို စုဆောင်းဖို့ ပြောတယ်… အခု မင်းမြင်နေရတာက ငါတို့မျိုးနွယ်စုရဲ့ ဘိုးဘေးပိုင်တဲ့ စွမ်းအားနဲ့တောင် မနီးစပ်ဘူး…”
အဝါဝတ်ရုံဝတ် အဘိုးအို၏ အကြည့်က စုမင်ပေါ်သို့ကျရောက်သွားလေသည်။
“လင်းနို့သားရဲကောင်ကြီးတွေ..လေလွင့်ဝိညာဉ်တွေ.. ယင်ကိုးပါးဝိညာဉ်တွေ ဖယောင်းနဂါးတွေက လီတစ်သန်းဧရိယာထဲက မျိုးနွယ်စုတွေပဲ... “
အဘိုးအိုပြောခဲ့သည်များသာ အမှန်ဖြစ်ပါက... ဤနေရာတွင် မတူညီသောမျိုးနွယ်စုများစွာထပ်ရှိနေသည့်အကြောင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
သူကြားသမျှကို မြန်မြန်ဆန်ဆန် တွေးလိုက်သည်နှင့်အမျှ စုမင်၏ အသက်ရှူသံ မြန်လာသည်။ ထိုအဘိုးအိုက မလိမ်ညာကြောင်း သူ သေချာရိပ်စားမိလေသည်။
စုမင်က တစ်ခုခုပြောတော့မည့်အချိန်တွင် သူ့နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ ဒုန်းစိုင်းနေလေသည်။ထို့ပြင် ယင်းဝိညာဉ်တွေက သူတို့ကိုယ်တိုင် ခုခံကာကွယ်ပြီး မြင်မြင်သမျှအရာအားလုံးကို သတ်ပစ်နေခဲ့သည်။အဘိုးအိုပြောသည့် မရဏရောင်ဝါအကြောင်းချက်ချင်းသတိရလာပြီး မေးလိုက်သည်။
“ယင်ကိုးပါးမရဏရောင်ဝါက ကဘာလဲ”
အဝါရောင် ၀တ်ရုံဝတ်ထားသော အဖိုးအိုသည် ဆူမင်ကို ရှုပ်ထွေးသောအကြည့်ဖြင့် မပြမီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။
“နှစ်တွေကြာလာတာနဲ့ ငါတို့ကို သန့်စင်မွန်မြတ်ခြင်းကိုးလောကရဲ့ တန်ခိုးအကြီးဆုံးမျိုးနွယ်ဆယ်ခုထဲက တစ်ခုလို့ သတ်မှတ်ခံရပေမယ့်၊ ငါ့တို့မျိုးနွယ်စုက ထာဝရတည်မြဲနေနိုင်ပြီး မသေနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား.. မှော်စီးယာဉ်ပျက်ကျတဲ့အတွက် ငါတို့က သေခြင်းတရားက လွတ်မြောက်မယ်လို့ မင်းထင်နေလား”
စုမင်က ခဏတာ အံ့အားသင့်သွားပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုအဝါဝတ်ရုံဝတ်အဘိုးအို၏အသက်စွမ်းအား ပြန်လည်မရရှိမီ နန်းတော်ရှိ အရိုးစုပုံသဏ္ဍန်ကို ရုတ်တရက် သတိရသွားသည်။
“ခင်ဗျား... ခင်ဗျားကသေပြီးသားလား”
စုမင်၏ ခေါင်းထဲတွင်ပူထူသွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
“မင်းပြောတဲ့အတိုင်း ဆိုပါတော့”
အဘိုးအိုက သက်ပြင်းရှည်ကြီးချလိုက်လေသည်။
“တကယ်လို့ မင်းလဲပဲ သေပြီးသားဆိုရင် ဒီမှာ ဘယ်လိုပေါ်လာနိုင်တာလဲ..မင်းက ဝိညာဉ်လား..ဒါမှမဟုတ် မင်းက မင်းရဲ့စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းပဲလား”
စုမင်၏ရင်ထဲ အသဲထဲကနေ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ဖယောင်းနဂါး၏စိတ်ဆန္ဒ( သူတို့ကိုတိုက်ခဲ့တဲ့ကျိန်စာလိုမျိုး) သတိရလိုက်ချိန်တွင် တစ်ခုခုကိုရှင်းပြချင်စိတ်ဝင်သွားလေသည်။
အဘိုးအိုက ငြိမ်သက်နေပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် စုမင်ဘက်သို့လှည့်ကြည့်လာသည်။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးသောအကြည့်က ပို၍ထင်ရှားလာသည်။
“ဒါဆို မင်းဘာလို့ ဒီကို ရောက်နေတာလဲ”