← Chapters

မွန်မြတ်သောဝိညာဉ်တော်ကိုနိူးထအောင်လုပ်ဆောင်ခြင်း 

Vol. 36 Ch. 497

မွန်မြတ်သောဝိညာဉ်တော်ကိုနိူးထအောင်လုပ်ဆောင်ခြင်း 

Vol. 36 Ch. 497

သူ့စိတ်ဝိညာဉ်ကို တူတစ်ချောင်းဖြင့်ရိုက်လိုက်သကဲ့သို့ စုမင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။  သူ့မျက်နှာပေါ်တွင် စိတ်မ ကောင်းစရာအမူအရာထင်ဟပ်နေပြီး မြင်ကွင်းသုံးခုက သူ့ခေါင်းထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။

ပိုင်လင်းနှင့်လေ့ချန်တို့ကို ဟန်တောင်တန်းမြို့တော်ရှိဆိုင်တစ်ခုတွင် တွေ့လိုက်ရသော မြင်ကွင်းဖြစ်ပြီး ထိုအချိန်က သူကြားခဲ့သည့် စကားတစ်ခွန်းဖြစ်သည်။

“မင်းသေပြီလေ မင်းကို ငါ့လက်နဲ့ သင်္ဂြိုဟ်ခဲ့တာ...”

ထိုမြင်ကွင်းသည် ချက်ချင်းပျောက်ကွယ်သွားပြီး ဟုန်လော့ ပျောက်ကွယ်သွားသည့်မြင်ကွင်းနှင့် အစားထိုးသွားသည်။စုမင်က ရှာမန်မြို့တော် ‌တောင်ကုန်း ခေါင်းတလားပေါ်တွင် ရပ်နေကာ အခေါင်းကို ထိလိုက်သည်နှင့် ချက်ချင်းပင် အိပ်မက်ကဲ့သို့ ခံစားရသော အမှောင်ထုထဲသို့ နစ်ဝင်သွားခဲ့သည်။

“အဲဒီတုန်းက ကလေးနှစ်ယောက်ရှိတယ်... သူမ အသက်ရှင်နေတဲ့သူတစ်ယောက်၊ ငါက သေသွားတဲ့တစ်ယောက်...”

မကြာခင်မှာပင် ထိုမြင်ကွင်းအားလုံးက ပျောက်ကွယ်သွားပြီး တိထျန်း၏ခန္ဓာကိုယ်က သူ့အမှတ်တရအားလုံးကို သိမ်းပိုက်သွားခဲ့သည်။  စကားတစ်ခွန်းက စုမင်၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်ပင် ပျောက်ကွယ်မသွားပေ။

“ကံကြမ္မာ..”

စုမင်က ထိုနေရာတွင် ရပ်ကာ အဝါ၀တ်ရုံဝတ်ထားသော အဘိုးအိုကို ကြည့်ကာ သူ့နောက်မှ ကမ္ဘာကြီးကို ကြည့်လိုက်သည်။  အချိန်အတော်ကြာပြီးနောက် တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလိုက်၏။

“ကျုပ်...သေသွားပြီလား”

“သေသွားတာလဲဖြစ်နိုင်သလို

အသက်ရှင်လျက်ရှိတာလဲဖြစ်နိုင်တယ်..”

အဝါဝတ်ရုံဝတ်အဖိုးအိုက စုမင်ကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“ဘာကိုဆိုလိုတာလဲ”

စုမင်က ခေတ္တမျှငြိမ်နေပြီးနောက် မေးခွန်းစမေးလိုက်သည်။  အဘိုးကြီးပြောသည့်အ ကြောင်းအရာများမှာ လက်မခံနိုင်စရာမရှိပေ။ အမှန်မှာ သူလွန်ခဲ့သောနှစ်ပေါင်းများစွာကထိုအကြောင်းအရာနှင့်ပတ်သက်သည့် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သော်လည်း အချက်အလက်များကို ရိုးရှင်းစွာ စုစည်းနိုင်ခြင်း မရှိခဲ့ပေ။

“လောကမှာ တည်ရှိနေတဲ့ ဒွိ သဘောဆန့်ကျင်ဘက်တရားတွေ ရှိတယ်... တစ်ဖက်က အသက်ရှင်ခြင်း လို့ပြောရင်တစ်ဖက်မှာ သေခြင်းလို့ ပြောလို့ရတယ် ဒါပေမဲ့ သေခြင်းဆိုတာ ဘာလဲ..သေခြင်းရဲ့တစ်ဖက်ကရော ဘာလဲ.. ဘယ်သူက ရှင်းရှင်းလင်းလင်းပြောနိုင်လို့လဲ...”

“ဒီလိုစည်းဘောင်တွေကိုမှန်တစ်ချပ်အနေနဲ့ ကြည့်လို့ရတယ်...မှန်အပြင်မှာ ရပ်နေတဲ့ လူတစ်ယောက်က မှန်ထဲကို ကြည့်တဲ့အခါ မှန်ထဲက လူကလည်း အပြင်ကို ကြည့်နေတယ်..သူ့ကိုယ်သူ မျက်နှာချင်းဆိုင်မြင်နိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ..  သူ့ကိုယ်သူ ပြန်ကြည့်လို့မရဘူး(တစ်ကိုယ်လုံးအနေအထားကိုပေါ့)”

“နားလည်လား”

ဟု အဝါဝတ် အဘိုးအိုက မေးလိုက်သည်။

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။  အချိန်အတော်ကြာပြီးနောက် သူက အပြင်မှ  လောကဆီသို့ လှမ်းကြည့်လိုက်သည်။

“မှန်ထဲကလူတွေက သူတို့ကိုယ်ပိုင်ဘဝရှိတယ်၊ မှန်ပြင်ကလူတွေက အဲဒါကိုမသိဘူး ခင်ဗျားနဲ့ကျုပ်က ဒီမှန်ထဲမှာရှိနေတယ်လို့ မင်းဆိုလိုတာလား..”

“မင်းရဲ့ အရည်အချင်းတွေက ပေါ့သေးသေးတော့မဟုတ်ဘူးပဲ..လေ့ရှန်ရှိုရဲ့အထင်ကြီးလေးစားခံရတဲ့ လူတစ်ယောက်အနေနဲ့ မင်းမှာထူးခြားတဲ့ အရာတစ်ခုခုတော့ ရှိမှာ သေချာတယ်...လွန်ခဲ့တဲ့နှစ်တွေကတည်းက ငါ့အိမ်၊သန့်စင်မွန်မြတ်ခြင်းကိုးလောက ၊ ယင်နဲ့ ယန်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒွိဆန့်ကျင်ဘက်သဘောတရားတွေကို ဆန်းစစ်နေတာ ကြာပြီ.. ငါတို့ရတဲ့ရလဒ်ကလည်း လောကကြီးမှားဖြစ်ပျက်နေတဲ့ဒွိဆန့်ကျင်ဘက်သဘောတရားတွေနဲ့အတူတူပဲ...”

“ဒီ ဒွိတစ်ဖက် ယင်မရဏဟင်းလင်းပြင်လို့ခေါ်တယ် နောက်တစ်ဖက်ကို “ယန်”သန့်စင်မွန်မြတ်ခြင်းဟင်းလင်းပြင်လို့ခေါ်တယ်”

အဝါဝတ်အဘိုးအိုက ထိုနေရာတွင်  ရုတ်တရက်စကားရပ်သွားပြီး ဆက်မပြောတော့ပေ။ ထို့နောက်

သူ့နှုတ်ခမ်းပေါ် အပြုံးတစ်ခုနေရာယူလိုက်သည်။

စုမင်က တိတ်ဆိတ်နေပြီး ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းပေါ်က ဆံချည်မျှင်များကို ကြည့်လိုက်သည်။  အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာပေါ်တွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်လာသည်။

“ခင်ဗျားရဲ့လူတွေကို ကျုပ်ဘယ်လိုကူညီရမလဲ”

“ဒီနေရာက မှော်စီးယာဉ်ကနေ ဖန်တီးထားတဲ့နေရာပဲ..ကမ္ဘာ(စကြာဝဠာ)တွေကို ဖြတ်သန်းတဲ့ချိန်မှာ ပျက်စီးသွားတာမလို့ ဒီမှော်စီးယာဉ်ကိုစေလွှတ်တဲ့စိတ်ဆန္ဒ၊ မွန်မြတ်သောဝိညာဉ်တော်က မသေသေးဘူး..ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်းအိပ်မောကျနေတယ်.. ဝိညာဉ်တော်နိူးထဖို့ လုံလောက်တဲ့ စွမ်းအားတစ်ခု လိုအပ်တယ်..နိုးထမှသာ မှော်စီးယာဉ်ကိုအသက်သွင်းပြီးသန့်စင်မွန်မြတ်ခြင်းယင်လောကကိုပြန်သွားနိုင်မှာ..”

“နှစ်တွေအကြာကြီး ပစ္စည်းတွေကိုစုဆောင်းခဲ့ပေမဲ့ မလုံလောက်သေးဘူး.. အဲဒါကြောင့် ရှာမန်တွေနဲ့အလုပ်အတူလုပ်ခဲ့တာ ပြီးတော့မြေစွမ်းအားရှိတဲ့နဂါးရဲ့ ဝိညာဉ်ကို လိုအပ်တာ..”

“မင်း လေ့ရှန်ရှိ့ရဲ့ စွမ်းအားကို မှော်စီးယာဉ်ထဲကို လွှဲပေးရင် ကျေးဇူးတင်တာပေါ့ လီရှန်ရှို့ရဲ့ စွမ်းအားကြောင့် ခဏလေးအတွင်း  ဒီဝိညာဉ်တော်ကို နိုးထလာအောင် လုပ်နိုင်မှာ ဆယ်ပုံခုနစ်ပုံ သေချာတယ်..”

“ဝိညာဉ်တော်နိုးထလာရင် ငါတို့နဲ့ချိတ်ဆက်နိုင်ပြီး အိမ်ပြန်လို့ရတာပေါ့..”

အဝါဝတ်အဘိုးအိုက စိတ်လှုပ်ရှားစွာပြောလိုက်လေသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး စုမင်ကို အသနားခံသောအကြည့်များဖြင့်ကြည့်နေလေသည်။

“ဝိညာဉ်တော်နိုးထလာတဲ့အခါ မှော်စီးယာဉ်မှာရှိတဲ့တည်နေရာအရွေ့အပြောင်းအစီအရင်ကိုဖွင့်လိုက်မယ် ငါတို့ကမှော်စီးယာဉ်ရဲ့စွမ်းအားတွေကိုအများကြီး‌တော့ သုံးလို့မရပေမဲ့ မင်းနဲ့အ‌ပေါင်းအပါတွေကိုတော့ မင်းတို့‌နေရာကိုပြန်ပို့ပေးလို့ရတယ်..”

အဲ့ဒီအချိန်ကျ ယင်မရဏဟင်းလင်းပြင်နဲ့ ယန် သန့်စင်မွန်မြတ်ခြင်းဟင်းလင်းပြင် တို့ရဲ့ဆက်စပ်မှုကိုလဲ ပြောပြမယ်..မင်းအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်...”

“တကယ်လို့ မင်း အပြင်လောကကြီးကိုမြင်ချင်ရင်..ပြီးတော့ စွန့်စားရဲတဲ့ သတ္တိရှိရင်.. မှော်စီးယာဉ်ထွက်ခွာနိုင်အောင်လုပ်ပေးတဲ့ နောက်ဆုံးလူဖြစ်နိုင်တယ် အဲဒီအချိန်မှာ စကြာဝဠာတွေနဲ့ ကောင်းကင်ဘုံကိုပါမြင်ရလိမ့်မယ်…”

အဝါဝတ် အဘိုးအိုက ထိုစကားကို ပြောချိန်တွင် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ စုမင်ကိုလက်ဟန်ဖြင့်အရိုအသေပြုလိုက်သည်။

“ငါပြောတဲ့စကားတိုင်းက မှန်တယ်..  မင်း ငါတို့ကို ကူညီလိမ့်မယ်လို့ ငါမျှော်လင့်တယ်..တကယ်လို့ မင်းက ဒီစစ်မှန်တဲ့တာအိုလောကကထွက်ပြီး  သန့်စင်မွန်မြတ်ခြင်းကိုးလောကကို သွားနိုင်တဲ့နေ့က စစ်မှန်တဲ့ဝိညာဉ်လောကကြီးကိုရှာတွေ့လိမ့်မယ် အဲ့ဒါကငါတို့အိမ်ပဲ..တစ်ချိန်ချိန်မှာမင်းနဲ့ပြန်တွေ့မယ်လို့မျှော်လင့်ပါတယ်..”

စုမင်က သူ့ရှေ့မှ အဘိုးအိုကို ကြည့်ရင်း ငြိမ်သက်နေလေသည်။ထို့‌နောက်  သူ ခေါင်းညိတ်လိုက်သည်။

အဘိုးအိုပြောသမျှအရာများက စုမင်အတွက် အိပ်မက်တစ်ခုလို ခံစားခဲ့ရသော်လည်း ထိုစကားများကို သူ့ကိုယ်ပိုင်ယူဆချက်များနှင့် ချိတ်ဆက်လိုက်သောအခါတွင် အဘိုးအိုက ပေါက်ပန်းလေးဆယ် မပြောတတ်ကြောင်း တွေ့ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စုမင်က သူ့စိတ်ထဲရှိမေးခွန်းအတွက် အဖြေရရှိရန် ဤအချက်ကို သဘောတူဆဲပင်။ အကယ်၍ အဘိုးအိုက အရာအားလုံးကို လိမ်ညာခဲ့လျှင်

တောင် အရာအားလုံးက အတုတွေဖြစ်နေလျှင်တောင် အဘိုးအိုပြောခဲ့တဲ့စကားက မှန်ကြောင်း စုမင်က တထစ်ချ  ယုံကြည်နေဆဲပင်....

စုမင်ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှ အဝါဝတ် အဘိုးအိုက စိတ်အေးစွာ သက်ပြင်းချလိုက်လေသည်။  သူ့လက်တစ်ချက်လှုပ်ယမ်းလိုက်သည်နှင့် သူရှိရာ တောင်ပေါ်ရှိ နန်းတော်က တရွေ့ရွေ့ ပျောက်ကွယ်မသွားမီ တွန့်လိမ်ပြီး ပုံပျက်သွား လေသည်။  အတွင်းမှ ဧရာမရုပ်တုကြီး ရှစ်ခုသည်လည်း

‌ပျောက်ချင်းမလှပျောက်ကွယ်သွားလေသည်။  ယခင်က ကြက်သွေးရောင်နဂါးရှိခဲ့သည့် မြေပြင်ပေါ်တွင် အလွန်ကြီးမားသော မှော်စီးယာဥ်သာ ကျန်ရစ်ခဲ့သည်။

“ကျေးဇူးပြုပြီး လေ့ရှန်ရှို့ရဲ့ စွမ်းအားကို မှော်စီးယာဉ်ထဲကို လွှဲပေးပါ”

အဖိုးအိုက အရိုအသေပြုလက်ဟန်လုပ်ပြီး နောက်တစ်ကြိမ် ဦးညွှတ်လိုက်လေသည်။

စုမင်က ထိုစီးယာဉ်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး စိုက်ကြည့်နေလေသည်။ ပြင်းထန်စူးရှသော အလင်းတန်းများက သူ့လက်ချောင်းပေါ်ရှိ ဆံချည်မျှင်မှ ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်သို့ တစ်ဟုန်ထိုးပျံတက်သွား‌ လေသည်။

ထိုတည်ရှိမှုက လေထုထဲတွင် ပဲ့တင်ထပ်ကာ ကောင်းကင်ယံကို တုန်ခါသွားစေသည်၊ ၎င်းတို့ဝန်းကျင်ရှိ ဟင်းလင်ပြင်များက ထိုဖိအားကို မခံနိုင်သလို ထင်ရပြီး စုတ်ပြဲလာသည့် အရိပ်အယောင်များ စတင်မြင်လာရသည်။  စုမင်၏

လက်ချောင်းများက ချက်ချင်းကျလာသည်နှင့်အမျှ  သူ့ခေါင်းကိုလှည့်ကာ လျင်မြန်စွာ ကြည့်လိုက်ရာ အဝါဝတ်အဘိုးအို၏ မျက်နှာပေါ်သို့ အကြည့်ရောက်သွားလေသည်။

စိတ်လှုပ်ရှားခြင်း၊  လွမ်းဆွတ်ခြင်း နှင့် အိမ်ကို တမ်းတခြင်းကို သူမြင်ရလေသည်။

“ဒီတစ်ခါတော့ ခင်ဗျားကို ယုံလိုက်မယ်”

စုမင်၏ ညာလက်ကို လျင်မြန်စွာ အောက်ချလိုက်ပြီး  မှော်စီးယာဉ်ကို ပုတ်လိုက်သည်နှင့် သူ့လက်ချောင်းပေါ်ရှိ ဆံပင်ကြိုးများသည် လျင်မြန်စွာ လောင်ကျွမ်းသွားတော့သည်။

မယုံကြည်နိုင်စရာ ကြီးမားသောစွမ်းအား လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး မှော်စီးယာဉ် အတွင်းသို့ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် စုမင်ရပ် နေသည့်တောင်က အက်ကွဲစပြုလာပြီး ဖြည်းဖြည်းချင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။သို့သော် မှော်စီးယာဉ်ကတော့  ကျန်ခဲ့လေသည်။  ၎င်းက လေထဲ၌ လွင့်မျောလျှက်ရှိပြီး ၎င်းပေါ်ရှိ အလင်းရောင်က ပိုမိုတောက်ပလာသည်။

များမကြာမီပင် တောင်ပေါ်ရှိ ဘုံဗိမာန်များအားလုံးက လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။  အားလုံးက ဖုန်မှုန့်နှင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရုပ်တုများကို ချေမှုန်းရန် ရည်မှန်းထားသကဲ့သို့ လေပြင်းများ တိုက်ခတ်လာပြီး ပြိုကျသွားကာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။

ထိုလေပြင်းတိုက်ပြီးသောအခါ မှော်စီးယာဉ်မှအလင်းရောင်သည် မျက်လုံးများဆီသို့ ထိုးဖောက်ဝင်ရောက်လာကာ စူးရှနေလေသည်။ ထိုနေရာတွင် တောင်များ၊ ဘုံဗိမာန်များမရှိတော့ဘဲယင်ကိုးပါ ဝိညာဉ်များမှ အသွင်ပြောင်းထားသော ရုပ်တု ဆယ်ခုသာ ရှိတော့သည်။

ထိုရုပ်တု ဆယ်ခုလုံး ကျိုးပဲ့ ပျက်စီးသွားခဲ့သည်။  သူတို့က နှစ်ပေါင်းများစွာ မရေမတွက်နိုင်သော  နေထိုင်လာခဲ့သော်လည်း အရှိန်ပြင်းစွာတိုက်ခတ်နေသောလေထုကို ကြံကြံ့မခံဘဲ အရှုံးပေးလိုက်ပုံရသည်။

အခိုက်အတန့်တိုင်း၌ လေထဲတွင်ရှိသော မှော်စီးယာဉ်က  ပိုမိုတောက်ပလာပြီး နောက်ဆုံးတွင် အလွန်တောက်ပသော အလင်းတိုင်လုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ မျက်လုံးများကို ကျိန်းစပ်စူးဝါးသွားစေသည်။  ထိုအလင်းတန်းက မှောစီးယာဉ်မှ ထွက်ပေါ်လာပြီး ကောင်းကင်၏ အဆုံးဆီသို့ တည့်တည့်တိုးဝင်သွားသည်။

အလင်းတိုင်ကြီးက ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်နှင့် အဝေးတစ်နေရာမှ နောက်ထပ်အလင်းတိုင်ကြီးက တိမ်တိုက်ထဲသို့ ပစ်ဝင်လာသည်။  မကြာမီမှာပင် အဆုံးမရှိသော ယင်ကိုးပါးလောကတွင် အလင်းတိုင်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

စုမင်က ၎င်းတို့အားလုံးကို မမြင်နိုင်သော်လည်း ကမ္ဘာကြီး တုန်လှုပ်နေကြောင်း ခံစားလိုက်ရသည်။

သူ့လက်ချောင်းတွင် ဆံချည်မျှင် အနည်းငယ်သာ ကျန်တော့သည်။ အလင်းတိုင်ကြီး ပေါက်ကွဲသောအခါတွင် သူ၏ခန္ဓာကိုယ်က ကြီးမားသော စွမ်းအားကြောင့် နောက်သို့ ခြေလှမ်းထောင်ပေါင်းများစွာကို နောက်ဆုတ်သွားခဲ့သည်။  သူ့မျက်နှာက ဖြူဖျော့လာပြီး သွေးအန်လိုက်ရသည်။  သူ့ပတ်ဝန်းကျင်ကို မင်သက်စွာကြည့်သော် ပျောက်ကွယ်နေသော ဘုံဗိမာန်များနှင့်ရုပ်တုများကို တွေ့လိုက်ရသည်။ထိုအရာ အားလုံးက သူ့အတွက် မယုံနိုင်လောက်အောင် အစစ်အမှန်ဟုခံစားရလေသည်။ အဘိုးအိုပြောသမျှက အတုအယောင်မဟုတ်ကြောင်း သက်သေပြနေလေသည်။

“မင်းရဲ့ကြင်နာမှုကို ငါတို့သတိရနေမှာပါ”

အဝါဝတ်အဘိုးအို၏မျက်နှာက စိတ်လှုပ်ရှားနေသည့်အရိပ်အယောင်များထင်ဟပ်နေလေသည်။ထို့နောက် အဝါရောင်ဝတ်ရုံဝတ်အဘိုးအိုက စုမင်ဆီသို့ အရိုအ‌သေပြုလက်ဟန်လုပ်ကာ မှော်စီးယာဉ်ရှိ အလင်းတိုင်ကြီးထဲသို့ တည့်တည့်တိုးဝင်လိုက်သည်။

“ငါတို့က မှော်စီးယာဉ်ကို ဆက်ပြီးအသက်သွင်းမယ် ငါတို့ရဲ့အစွမ်းသတ္တိနဲ့ မွန်မြတ်သောဝိညာဉ်တော်နိုးထအောင် တောင်းဆုပြုလိုက်မယ်..  အမြန်ဆိုရင် လဝက်ပဲကြာမယ် နှေးရင် တစ်လလောက်တော့ကြာမယ်..ယင်ကိုးလောကကြီးက မှောက်ခုံဖြစ်တော့မယ် ဒါ့ကြောင့် ငါတို့ရဲ့ ကျေးဇူးရှင်ကြီး မင်းရဲ့အပေါင်းပါတွေကိုမြန်မြန်စုလိုက်.. ဝိညာဉ်တော် နိုးထလာရင် မင်းတို့အားလုံးအတွက် လမ်းဖွင့်ပေးမယ်...”

စုမင်က အဝါဝတ် အဘိုးအိုအား အလင်းတိုင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေလေသည်။ တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် အရာအားလုံးကို ဂရုမစိုက်ဘဲ ကံကြမ္မာကို ပြောင်းလဲခြင်းကို မဆင်မခြင်မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။  သူ့မျက်နှာပေါ်တွင် လွမ်းဆွေးသောအမူအရာ ပေါ်လာသည်။

ထိုလုပ်ရပ်က မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့လျှင်တောင် သူ့အတွက် နောက်ဆုံး လှုပ်ရှားပင်ဖြစ်သည်။  အဘိုးကြီးပြောသမျှက  မှားနေလျှင် စုမင်က အသက်ဆယ့်ငါးရှိုက်စာလောက်ကို အသုံးပြုပြီး အားလုံးကိုဇောက်ထိုးမှောက်ခုံဖြစ်အောင်လုပ်‌နိုင်လေသည်။

သို့သော်… ထိုအရာက သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်သောပြောင်းလဲမှု သို့မဟုတ် အဝါဝတ်ရုံဝတ်အဘိုးအို၏ လုပ်ရပ်များဖြစ်မဖြစ် အရေးမကြီးပေ၊ ၎င်းတို့အားလုံးက လူတစ် ယောက်(စုမင်)နဲ့ရန်မဖြစ်ချင်ပေ။ ထိုတစ်ချက်တည်းကိုအခြေခံပြီး အဘိုးအို စကားများကို ယုံကြည်နိုင်မှုမှာ သူအမှန်အတိုင်းပြောနေသောကြောင့်ဖြစ်သည်။

ထိုအမှန်တရားမှာ စုမင်က  အသည်းအသန်သိချင်နေသည့်အရာပင်.. သို့သော်လည်း သူ ရင်မဆိုင်‌ချင်သောပြသနာတစ်ခုလည်းဖြစ်သည်။

စုမင်က တိတ်တဆိတ်နေရင်း သူ့၏ ကြက်သွေးရောင်နဂါးကို ဖယ်ထုတ်လိုက်သော် သူ့၏ဘယ်ဘက်လက်မောင်းမှာ အမှတ်တံဆိပ်တစ်ခုထင်းပေါ်လာသည်။  နဂါးက ၎င်း၏စွမ်းအင်ကို အလွန်အကျွံသုံးစွဲခဲ့ပြီး နက်ရှိုင်းစွာ ငိုက်မျဉ်းသွားခဲ့သည်။  မည်သည့်အချိန်တွင် ပြန်နိုးလာမည်ကို စုမင် မသိပေ။

အဆိပ်အလောင်းကောင်နှင့် မြွေငယ်လေးနှင့်အတူ သူလှည့်ပတ်ကာ ကံကြမ္မာမျိုးနွယ်စု‌ တောင်ကြားဆီသို့ ဦးတည်သွားသည်။

သူ့ကျောခိုင်းထားသည့်နေရာတွင် လုံးဝဆိတ်သုဉ်းနေပုံရပြီး သူ့အတွက် အထီးကျန်ဆန်မှုများနှင့်ရစ်သိုင်းနေလေသည်။   သူ အဝေးကို တဖြည်းဖြည်းထွက်သွားခဲ့သည်။  သူ့နောက်တွင် ကောင်းကင်ယံသို့ လွင့်နေသော အလင်းတိုင်တစ်ခုရှိသည်။  ခြေ‌ ထောက်အောက်ရှိ မြေကြီးက တုန်ခါ၍ ခေါင်းထက်တွင် တိမ်တိုက်များ လျင်မြန်စွာ ရွေ့နေ၏။ ထိုအချိန်တွင် အရာအားလုံးက  ကမ္ဘာကြီးကို ဇောက်ထိုးပြောင်းသွားစေသည့် အပြောင်းအလဲတစ်ခု ဖြစ်ပျက်နေကြောင်း ညွှန်ပြနေလေသည်။

“လဝက်…တစ်လ… ဒီနေရာကနေ ထွက်သွားရင် ဒီအဖြေအားလုံးကို ငါရလိမ့်မယ်”

စုမင်က အသက်တစ်ရှုက်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။ ဆုံးဖြတ်ချက်ခိုင်မှုများက သူ့မျက်လုံးထဲတွင် တောက်လောင်နေလေသည်။ မည်ကဲ့သို့အဖြေမျိုးရပါစေ သူ့အတွက်တော့  အရေးမကြီးပေ။ထို့နောက်  သူ့လမ်း‌ကြောင်းအတိုင်း လျှောက်သွားလေသည်။

ထိုအဖြေက မည်သို့အဓိပ္ပာယ်မျိုးရှိကြောင်း အရေးမကြီးပေ။စုမင်က အရာအားလုံးကို သိသင့်သည်ဟု ရိုးရိုးရှင်းရှင်း ယုံကြည်ခဲ့သည် ။

သူ့ခန္ဓာကိုယ်က အဝေးသို့ ပျောက်ကွယ်သွားသည် ။  ကောင်းကင်၌ လျှောက်နေစဉ် သူ၏နတ်ဘုရားအာရုံကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေခဲ့သည်။  ရှာမန်မြို့တော်၏အပျက်အစီးများကို သူ၏နတ်ဘုရားအာရုံမှ မြင်ရလေသည်။ အပျက်အစီးများတွင် ပျံ့လွင့်နေသောဝိညာဉ်တစ်ခုကို သူမြင်လိုက်ရသည်။  ၎င်းက “အဟူ”၏ဝိညာဉ်ဖြစ်သည်။

ရှာမန်မြို့တော်၏အပျက်အစီးများအပြင်ဘက်တွင် မမြင်နိုင်သော လေလွင့်ဝိညာဉ်အဖွဲ့တစ်ဖွဲ့လည်းရှိပြီး ၎င်းတို့ထဲတွင် စုမင်နှင့်ရင်းနှီးသော အမျိုးသမီးတစ်ဦးလည်းပါလေသည်။

‘သူမ...လွန်ခဲ့တဲ့နှစ်တွေထဲက ထွက်ခွာသွားတာမလား”

သူ့ခြေထောက်က လေထဲ၌  ရပ်တန့်သွားရင်း လှည့်ကြည့်ကာ သူ၏နတ်ဘုရားအာရုံထဲက အမျိုးသမီးရှိရာသို့ လှမ်းကြည့်လိုက်သည်။

All Chapters