ကိုယ်ပိုင်ကြယ်တာရာနတ်သမီး
Vol. 36 Ch. 498
နုနယ်သေးသောစိတ်ဝိညာဉ်တစ်ခုဖြစ်ပြီး သူမ၏ မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်းများစွာက မြေပြင်မှာ လမ်းပျောက်နေရင်း လွင့်မျောနေသော ဝိညာဉ်တစ်ခုပင်...
သူမမျက်လုံးထဲတွင် အာရုံစူးစိုက်မှုမရှိဘဲ လွင့်မျောနေပြီး သူမ ဘယ်ကိုရောက်နေမှန်း မည်သူမှမသိလိုက်ပေ။
သူမ၏ခန္ဓာကိုယ်ကို သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ နတ်ဘုရားအာရုံဖြင့်သာ သိရှိနိုင်သည်။ သို့မှသာ သူမ၏ လှပသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။ သို့မှသာ သူမ၏စိတ်ရှုပ်ထွေးဟန်ပေါက်နေသောမျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်..။
သူမ၏စိတ်ဝိညာဉ်မှ ဖန်တီးထားသော အဖြူရောင်ဖဲသားဝတ်စုံကို ၀တ်ထားသည်။ သူမအနားမှာ အခြား အလားတူဝိညာဉ်များစွာရှိပြီး အတူတကွ လွင့်မျောနေလေသည်။ တစ်ယောက်နှင့်တစ်ယောက်မြင်ရပြီး အုပ်စုလိုက် လွင့်မျောနေသည့်အလားပင်..
သူမမှာ မူလအမှတ်တရများ မရှိခဲ့သကဲ့သို့ပင်ဖြစ်နေပြီး သူမသေဆုံးသွားပုံကိုလည်း မေ့နေလေသည်။ သူမ မည်သို့ဖြစ်ပေါ်လာကြောင်းကို မေ့သွားပြီး တစ်ခုခုကို ရှာနေပုံပေါ်သည်။
သို့သော် သူမရှာနေသည့်အရာကို အတိအကျ မမှတ်မိနိုင်ပေ။
သူမသည် တစ်ခုခုကို ထပ်ခါထပ်ခါ ရှာဖွေနေလျက် လွင့်မျောနေလေသည်။ သူ့မအိမ်ကို ရှာနေသလား၊ သူမအသက်ရှင်နေစဥ်အချိန်က နွေးထွေးမှုကို ရှာဖွေနေသလား၊ သူမ ၏မျိုးနွယ်စုကိုရှာနေသလား။
သူမက ကြယ်တာရာနတ်သမီးဖြစ်သည်။
သူမ၏အခြေအနေအရ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ကြီးစွာသော အပြောင်းအလဲကာလတွင် သူမ ထွက်သွားခဲ့ရသည်။ထို့နောက် သူမက မသေမျိုးတစ်ယောက်ဖြစ်လာခဲ့သည်။ဤနေရာက သူမ၏နေရာမဟုတ်ပေ။သူမ၏အခြေအနေအရ ယင်ကိုးပါးလောကမှ ထွက်သွားသင့်သည်...
သို့သော် သူမက စုမင်၏နတ်ဘုရားအာရုံထဲရှိ ပေါ်လွင်နေသောလေလွင့်ဝိညာဉ်တစ်ခုသာဖြစ်သည်။
စုမင်က ထိုနေရာတွင် မတ်တပ်ရပ်ပြီး သူမကို ကြည့်လိုက်သည်။သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း လွင့်မျောနေသော ဝိညာဉ်များကြားတွင် သဲသဲကွဲကွဲ တွေ့ရှိရလေသည်။ သူမ၏ဖြူဖျော့သော မျက်နှာ၊ လွင့်မျောနေသော စိတ်ဝိညာဉ်နှင့်မှိန်ပျနေသောမျက်လုံးများတွင် မြင်လိုက်ရသည်။
ထိုအချိန်တွင် ရတနာလောင်းကစားပွဲအတွင်း ထျန်းလန်းမုန်က ခေါင်းငုံ့နေပြီး ဝမ်ချိုးက နှုတ်ဆိတ်နေလေသည်။သူမသာလျှင် သူ့အတွက် စိတ်ပူသော တစ်ဦးတည်းသောလူပင်...
စုမင်တွင် ထိုအမျိုးသမီးနှင့်ပတ်သတ်သော အချက်အလက်များစွာမရှိခဲ့ပေ။ရှာမန်များနှင့် စစ်သည်တော်များကြားစစ်ပွဲအတွင်း
ထိုအမျိုးသမီးကို တစ်ကြိမ်သာမြင်ဖူးပြီး သူမကို ‘ကံကြမ္မာ’ ဟုလည်းခေါ်ဆိုကြသည်။
ထို့နောက်တွင် ဟုန်လော့၏မှတ်ဉာဏ်များအရ သူက ဤအမျိုးသမီးနှင့် ခဏတာ ပြောဆိုဆက်သွယ်မှုမျိုး ရှိကြောင်း စုမင် သိလိုက်ရသည် ။ ထို့နောက်တွင် အဆက်အသွယ် လုံးဝမရှိခဲ့ဘဲ ယင်ကိုးပါးလောကတွင် တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံတွေ့ခဲ့သည်။
ထိုအမျိုးသမီး၏ နာမည်ကပင် သူ့အတွက် မထင်ရှားဖြစ်နေလေသည်။
သူမကို ကြယ်တာရာနတ်သမီးဟုခေါ်ကြောင်းသာ သူသိလေသည်။
ထိုအရာက အရမ်းထူးဆန်းသော နာမည်တစ်ခုပင်ဖြစ်သည်။ ‘ကောင်းကင်ဘုံ၊ ကြယ်တာယာ’ ဟူသည် အဘယ်နည်း။ ‘ကံကြမ္မာ’ နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပါသလား။စုမင်က သူမကိုကြည့်ကာ ငြိမ်သက်သွားလေသည်။
စုမင်၏ ရှေ့ကို ဖြတ်၍ လွင့်မျောနေသော လေ့လွင့်ဝိညာဥ်များရှိသည်။ သူတို့က သူ့ကို မမြင်နိုင်ပုံရပြီး မရှိသလို ပြုမူလေသည်။ လေ့လွင့်ဝိညာဥ်ရှစ်ခုက သူ့ကိုဖြတ်၍ ရွေ့သွားပြီးနောက် အဖြူရောင်ဖဲသားဝတ်စုံဝတ်ထားသော အမျိုးသမီးက သူ့ထံ ချဉ်းကပ်လာသည်။
စိတ်ရှုပ်ယှက်ခတ်နေသော အကြည့်များနှင့်အတူ သူမက စုမင်နားသို့ တဖြည်းဖြည်း နီးကပ်လာသည်။ သူမက သူ့ကိုဖြတ်သွားတော့မည့် အချိန်တွင် ရုတ်တရက် ကြက်သေသေမိသွားသည်။
သူမသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး သူ့ကိုလှည့်ကြည့်မိသောကြောင့်ဖြစ်သည်။ သူမ၏အကြည့်များက ဗလာဖြစ်နေလေသည်။ … သို့သော်အကြောင်းပြချက် ရေရေရာရာမရှိဘဲ ထိုနေရာက သူမရှာဖွေနေသည့်နေရာကဲ့သို့ နွေးထွေးလွန်းကြောင်း ခံစားလိုက်ရသည် ။
သူမသည် ထိုနွေးထွေးမှုကို ခံစားချင်သောကြောင့် ထိုနေရာကို ဖြည်းညှင်းစွာ ထိလိုက်သည်။ စုမင်က သူမကို ကြည့်လိုက်ပြီး သူ့မျက်နှာကို ထိခွင့်ပြုလိုက်သည်။
အအေးဓါတ်...ထိုအရာကို စုမင် ပထမဆုံး ခံစားခဲ့ရသည်။
သူက အမျိုးသမီး၏ ဝိညာဉ်ကို ကြည့်လိုက်သည်။ သူမမျက်နှာမှာ မူလက ဘာခံစားချက်မှမရှိခဲ့သော်လည်း သူမ
၏နှုတ်ခမ်းများပေါ်တွေ လကွေးသဏ္ဍန်အပြုံးလေးက နေရာယူလာသည်။ ထိုအပြုံးက အသက်ရှုမှားလောက်အောင် လှပနေပြီး အပြစ်ကင်းစင်မှုနှင့်အမည်ဖော်မရသောတွယ်ငြိမှုတို့ပါဝင်နေလေသည်။
သူမက စုမင်၏မျက်နှာကိုထိကာ ဖြည်းညှင်းစွာ နီးကပ်လာကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ မျက်လုံးမှိတ်ထားလိုက်သည်နှင့် သူမမျက်နှာပေါ်တွင် ကျေနပ်မှုတစ်ခု ပေါ်လာသည်။ အချိန်အတော်ကြာအောင် သူမ ရှာဖွေနေရပြီး နောက်ဆုံးတွင် အိမ် ဟုခေါ်နိုင်သည့်နေရာကို ရှာတွေ့ခဲ့သည်။
သူမက ကြယ်တာယာနတ်သမီးဖြစ်၍ “ကြယ်တာယာ” ဟူသောအမည်နာမနှင့် “ကံကြမ္မာ”တို့က နှီးနွှယ်နေကြသည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူမ ထွက်သွားခဲ့ရသည်။သို့သော် သူမ ထွက်မသွားခဲ့ပေ။ သူမ နေခဲ့ရန်ရွေးချယ်ခဲ့သည်။ အကယ်၍ ကံကြမ္မာက အပြင်လောက၌သာ မရှိခဲ့ပါက၊ သူမက ကြယ်တာယာ နတ်သမီး မဟုတ်နိုင်တော့။ ဤနေရာမှာတွင် “ကံကြမ္မာ” ရှိနေခြင်းကြောင်း သူမ နေနိုင်ခဲ့သည်။ သူမ ဤနေရာမှာရှိမှသာလျှင် “ကံကြမ္မာ”နှင့်ဆက်နွယ်နေသော “ကြယ်တာယာနတ်သမီး” ဖြစ်လာနိူင်မည်။
သူမက ထူးခြားသောပင်ကိုယ်အရည်အသွေးရှိပြီး အားနွဲ့သော မိန်းကလေးတစ်ဦးဖြစ်
စဥ်က သူမဘဝတစ်ခုလုံးမှာ နာမည်တစ်ခုတည်းကြောင့် ပြောင်းလဲသွားခဲ့သည်။ သူမက ဤနေရာကို ရောက်လာသော ကြယ်တာရာနတ်သမီးများထဲမှတစ်ယောက်ဖြစ်ခဲ့လျှင်တောင် အင်မော်တယ်မျိုးနွယ်စုမှဆင်းသက်လာခဲ့သည်။သူမမှာ ရည်ရွယ်ချက်တစ်ခုသာရှိခဲ့သည်။ကံကြမ္မာကို ကြိုမြင်နိုင်ရန်သာဖြစ်သည်။
ထို့ကြောင့် သူမ ထွက်မသွားချင်ခဲ့ပေ။ ထို့ကြောင့် နှစ်အတော်ကြာ ရှာဖွေပြီးနောက် မိုးရွာသောတစ်ညတွင် သူမ လေလွင့်ဝိညာဉ် ဖြစ်လာခဲ့သည်။ သူမက ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် အရာအားလုံးကို မေ့လျော့သွားသည်။မှတ်ဥာဏ်လည်း ပျောက်ဆုံးသွားသည်။ သို့သော် သူမ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ သူမက ဘယ်တော့မှ မရပ်မနား ရှာဖွေနေခဲ့သည်။
စုမင်က သူ့ရှေ့ရှိ အမျိုးသမီး၏ ဝိညာဉ်ကို ကြည့်လိုက်သည်။ သူက တိတ်ဆိတ်နေပြီး သူမကို မှီတွယ်ခွင့်ပေးလိုက်သည်။ ထို့ နောက် တစ်နေ့တာကုန်လွန်ပြီးနောက် ညအချိန်သို့ရောက်လာသည်။
ယခင်က သူ တစ်ခါမှ မကြုံဖူးသည့် ခံစားချက်များက သူ့အမှတ်တရထဲမှ တိုးတိတ်စွာထွက်ပေါ်လာသည်..။
ထိုအမှတ်တရတွင် အဆုံးမဲ့အမှောင်ထုကို သူမြင်လိုက်ရသည်။ထိုအရာက အလွန်တရာမှ အေးစက်လွန်းလှသည်။ အထီးကျန်ခြင်းနှင့်သီးသန့်ဖြစ်နေသည့် ခံစားချက်က အဆက်မပြတ်ဖြစ် ပေါ်လာသည်။အချိန်အတော် ကြာ သူ့ညီမငယ်ကို ဆုံးရှုံးခဲ့ရပြီးနောက်တွင် အချိန်မည်မျှထပ်ကုန်ဆုံးခဲ့ကြောင်း မသိတော့ပေ။
သူက ထိုနေရာတွင် ဆက်၍ ရှိနေသေးသည်။ ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူခံစားနိုင်သော်လည်း ထုံထိုင်းနေလေပြီ၊ လူတိုင်းကို မေ့သွားခဲ့ပြီ။
သူ့ဘေးနားက ရိုးရှင်းပြီး အပြစ်ကင်းစင်သောအသံလေးကိုပြန်ကြားရလေသည်။
“အစ်ကိုကြီး မင်္ဂလာပါ... ငါ့ရဲ့... ငါ့မိသားစုနာမည်က ပိုင်၊ အဖြူရောင်လို့ အဓိပ္ပာယ်ရပြီး ငါ့နာမည်ကလင်းအာ... ငါက ဖုံးကွယ်နဂါးမျိုးနွယ်စုက...”
“အစ်ကိုကြီး၊ ရှင်က “ကံကြမ္မာလား.. ကံကြမ္မာက ဘာကိုဆိုလိုတာလဲ.. အကုန်လုံးက ရှင့်ကို ကံကြမ္မာလို့ ခေါ်ကြတာလဲ”
“အစ်ကိုကြီး ..ညီမလေး အိမ်ကိုလွမ်းတယ်.. ဒီမှာမနေချင်ဘူး..အစ်ကိုကြီးရော အိမ်လွမ်းဘူးလား အိမ်ကဘယ်နားမှာလဲ.. ပြောပြမယ်..ညီမလေးအိမ်က တကယ်လှတယ်.. ညီမမှာ မောင်လေးတစ်ယောက်ရှိတယ်..…”
“အစ်ကိုကြီး.. အဘိုး မို က ငါက တခြားသူတွေလိုပဲ ကြယ်တာရာနတ်သမီးတစ်ပါးဖြစ်နေပြီတဲ့ ဒါပေမယ့် ငါက သူတို့လို မဖြစ်ချင်ဘူး.. အခုကစပြီး အစ်ကို့ရဲ့ကိုယ်ပိုင်ကြယ်တာရာနတ်သမီး ဖြစ်ချင်တာ... အစ်ကိုဘယ်မှာရှိနေပါစေ အကို့အနားမှာအမြဲရှိနေမှာပါ...”
“အစ်ကိုကြီး...တွေ့ချင်တယ်..အစ်ကိုကြီးကို သွားရှာမယ်..ညီမလေးကို မှတ်မိသေးလား..”
အမှောင်ထုထဲရှိသူ့အမှတ်တရများက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထို့နောက် သူ့အထက်တွင် ဖရိုဖရဲဖြစ်နေသော ကောင်းကင်ကြီးနှင့် သူ့ခြေအောက်ရှိ ယင်ကိုးပါးလောကမှ တုန်လှုပ်နေသည့် ကမ္ဘာမြေကြီးကို သတိထားမိခဲ့သ ည်။ ညဉ့်နက်နေပြီဖြစ်၍ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော အကွာအဝေးတွင် အလင်းတိုင်များကို သူမြင်နေရဆဲဖြစ်သည်။
စုမင်က ခေါင်းငုံ့ပြီး သူ့ရင်ခွင်ထဲက အမျိုးသမီးကို ကြည့်လိုက်တယ်။ သူမက အိပ်ငိုက်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားသည်။ သူမ၏ကျေနပ်သောအပြုံးများက ပျော်ရွှင်နေသယောင် ခံစားရစေသည်။
“ပိုင်လင်း”
စုမင်၏ မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုများက နေရာယူလာခဲ့သည်။ ရုတ်တရက် သူ တစ်ခုခုကို နားလည်သွားပုံပေါ်သော်လည်း သူ့အတွက် အဖြေက မရေမရာဖြစ်နေဆဲပင်...
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ထိုပူဆွေးမှုကိုဖြေဖျောက်ခဲ့သည်။ သို့သော် အမျိုးသမီး၏ဝိညာဉ်က သူ့အပေါ် ဆက်လက် တွယ်ကပ်နေခဲ့သည်။ သူမက သူကို မမြင်ရသော်လည်း လွှတ်မပေးခဲ့ချင်ပေ။ထို့ကြောင့် စုမင်က သူမကို သူ့သိုလှောင်အိတ်ထဲမှာ ထည့်ထားလိုက်ပြီးနောက် ရှာမန်မြို့တော်၏ အပျက်အစီးများဆီက ထွက်ခွာပြီး အဟူ၏ ဝိညာဉ်ကို ရှာတွေ့ခဲ့သည်။ အဟူကိုလည်း အလားတူသိမ်းဆည်းခဲ့သည်။ ထို့နောက် သူ တစ်ယောက်တည်း အမှောင်ထုထဲတွင် ကံကြမ္မာမျိုးနွယ်၏တောင်ကြားဆီသို့ လျှောက်သွားသည်။
နံနက်အချိန်တွင် စုမင်က ကံကြမ္မာမျိုးနွယ်စုတောင်ကြားသို့ ပြန်ရောက်ရှိလာခဲ့သည်။ တောင်ကြားမှာ ရပ်နေပြီး သူ့ရှေ့ရှိ ရာချီသောမျိုးနွယ်ဝင်များကို ကြည့်လိုက်သော် ထိုလူများ အသက်ရှင်လား သေလား ကို ရုတ်တရက် မပြောနိုင်ပေ။
သူထိုင်ချလိုက်ပြီး ကောင်းကင်ကိုကြည့်ရင်း လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
မနက်ခင်းရောင်ခြည်ထွက်လာလိုက်၊ နေလုံးကြီးက တောင်ကုန်းပေါ်၌ မေးတင်လိုက်ဖြင့် တစ်ရက်ပြီး တစ်ရက် ကုန်သွားသွားလေသည်။ စုမင်က ထိုနေရာတွင် ဆက်လက်ထိုင်နေသော်လည်း အဖြေမရရှိခဲ့ပေ။
“နောက်ဆုံးငါထွက်သွားလိုက်ရင် ဖြေရှင်းချက်ရမှာပဲ’
တတိယသန်းခေါင်ယံအချိန်ရောက်လာသောအခါ စုမင်က မျက်လုံးဖွင့်လိုက်သည်။
“ဒီမွန်မြတ်ခြင်းဝိညာဥ်တော်ကနိူးထလာတော့မယ်..နောက်ရက်တွေကျ ဒီနေရာက ဇောက်ထိုးမိုးမျှော်ဖြစ်နေလောက်ပြီ..မေးခွန်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုတော့ ကျန်လောက်ပါသေးတယ်.. ပြီးတော့ ငါမထွက်ခွာခင် အဖြေတွေသိရဖို့ အဲဒီကို သွားရမှာ... ထာဝရလီတောင်ကုန်း...’
စုမင်၏ မျက်လုံးများတွင် စူးရှ တောက်ပသော အကြည့်တစ်ဆုံ ပေါ်လာသည်။ယင်ကိုးပါး လောကဆီသို့သွားသောအခါ၌ ဖြစ်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ချောက်ချားမှုကို အားတင်းကာ ဖြေဖျောက်ခဲ့သည်။သူက မတ်တပ်ထရပ်ကာ ညဘက်အဝေးဆီသို့ မျှော်ကြည့်မိသည်။
အချိန်အတော်ကြာပြီးနောက် စုမင်က လျှပ်စီးရှည်ကြီး အသွင် ပြောင်းလဲသွားပြီး မှောင်မိုက်သော ကောင်းကင်ထက်၌ ပျောက်ကွယ်သွားခဲ့သည်။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ရွှေလင်းနို့များ၏ နယ်မြေဆီသို့ တစ်ဟုန်ထိုးပျံသန်းခဲ့သည်။
ထိုနေရာက ယင်ကိုးပါးလောကရှိ သူ့နောက်ဆုံးနေရာဖြစ်ပေလိမ့်မည်။ ဘာကြောင့် သွေးမီးလျံများ လောင်ကျွမ်းနေသနည်း၊ သူ့အမှတ်တရတွေထဲမှာ မီးလျံမာန်စစ်သည်တော်၏စွမ်းအားများ ရှိနေသနည်း၊ သူ့အမှတ်တရများရှိ မည်သည့်အစိတ်အပိုင်းများက မှားယွင်းနေသနည်း စသောမေးခွန်းများစွာရှိနေလေသည်။
ထာဝရလီတောင်ကုန်းက သူ့နှင့် အဘယ်ကြောင့် ရင်းနှီးကြောင်းကိုလည်း သူရှာဖွေရမည်။ သူ့နှလုံးသားထဲမှာ အဖြေတစ်ခုရှိနေပြီဖြစ်ပြီး ထိုအရာမှန်ကန်ကြောင်း သက်သေပြရန် သွားနေခြင်းဖြစ်သည်။
စုမင်က ကောင်းကင်ထက်၌ တစ်ဟုန်ထိုးပျံသန်းနေချိန်၌ သူ၏နတ်ဘုရားအာရုံကို အပြင်သို့ အကြိမ်ပေါင်းများစွာ ဖြန့်ကျက်ထားသော်လည်း ကျိယွင်ဟိုင်၏တည်ရှိမှုကို မတွေ့နိုင်သေးပေ။ ကျိယွင်ဟိုင်၏အလောင်းကနေထုလုပ်ထားသော ရုပ်သေးရုပ်က ပျောက်ကွယ်သွားပုံရပြီး စုမင် ရှာမတွေ့ခဲ့ပေ။
အရုဏ်ဦး အလင်းတန်းများ ပထမဆုံးရောက်ရှိလာသောအခါ၊ ရွှေလင်းနို့များ၏ နယ်မြေက စုမင်ရှေ့တွင် ပေါ်လာသည်။သို့သော် ကျိယွင်ဟိုင်နှင့် သက်ဆိုင်သည့် အရိပ်အယောင်များကို မတွေ့နိုင်သေးပေ။
စုမင်ရောက်နေသည့်နေရာက မရေမတွက်နိုင်သော လျှိုမြောင်များပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်သည်။ ထိုလျှိုမြောင်များအားလုံးက အလွန်နက်ရှိုင်းပြီး အောက်ခြေကိုမြင်ရရန်ခက်ခဲသည်။ အေးခဲသောလေပြင်းများ တိုက်ခတ်လာပြီး ဧရိယာတစ်ခုလုံး ဖုံးလွှမ်းသွားလေသည် ။
ဝေးကွာသောနေရာ၌ တည်ရှိသော မြေနေရာတစ်ခုရှိ၏၊ မြေပြင်ပေါ်ရှိ လျှိုမြောင်များအားလုံးက ထိုနေရာမှာ ဆုံကြသည်။ ထိုနေရာ၌ ကျင်းလည်း မရှိပေ။ လျှိုမြောင် အများကြီး မရှိပေ။ ထိုနေရာ၌ တောင်ကြီးတစ်ခုသာရှိသည်။
တိမ်များနှင့်အပြိုင်တည်ရှိနေသော အနက်ရောင်တောင်ကြီးတစ်ခုဖြစ်ပြီး အေးစက်သောလေထုကြောင့် ချောက်ချားဖွယ်ရာအတိဖြစ်နေလေသည်။
ဤတောင်က လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မရှိခဲ့ပေ။ ယခင်က ၎င်းမှာ မြေကြီးမှ တွားသွားသကဲ့သို့ပုံစံဖြစ်နေပြီး ယခုမူ ကောင်းကင်နှင့် မြေကြီးကြားတွင် မြင့်မားစွာ ရပ်နေသည့်အလားပင်...
စုမင်က ထိုနေရာအနီးသို့ ရောက်ရှိလာချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လျှိုမြောင်များအတွင်းမှ အေးစက်စက် မျက်လုံးများ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုမျက်လုံးများက အမှောင်ထဲတွင် တောက်ပနေပြီး အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။ထို မျက်လုံးမျိုးနှင့်ပြည့်နေသော လျှိုမြောင်များထံမှ သာမက မိုးထိုးနေသည့် တောင်ပေါ်ကနေလည်း စိုက်ကြည့်နေသောအကြည့်များစွာကို တွေ့လိုက်ရသည်။
ဝေးကွာခြင်း၊ စိတ်ခံစားမှုကင်းမဲ့ခြင်း၊ သွေးဆာခြင်း နှင့် အခြားသော စိတ်ခံစားမှုမျိုးများက မြေပြင်ပေါ်ရှိ မျက်လုံးများအတွင်းတွင် ရှိနေပါသည်။ ထိုအကြည့်များက မြင်သူအားလုံး၏နှလုံးသားကို ပြုတ်ကျသွားမတတ်ကြောက်လန့်စေသည်။
သို့သော်လည်း စုမင်ကိုတော့ မထိခိုက်ပေ။ သူက တိတ်တဆိတ် ရှေ့သို့ တိုးလာသည်။ သူ့စိတ်ထဲ၌ ပန်းတိုင်တစ်ခုသာရှိသည်၊၊ ထိုအရာက ရွှေလင်းနို့များခေါ်သောထာဝရလီတောင်ကုန်းပင်ဖြစ်သည်။
စုမင် တောင်ကုန်းဆီသို့ဝင်လိုက်သည်နှင့် စူးစူးဝါးဝါးအော်သံများက မြေပြင်မှ ထွက်ပေါ်လာပြီး လေထဲတွင် တဟုန်ထိုး ပျံ့နှံ့တုန်လှုပ်သွားသည်။ ဤသည်မှာ ရွှေလင်းနို့တစ်ကောင်တည်း၏ အသံမဟုတ်သော်လည်း ဤနေရာရှိလင်းနို့များအားလုံး အတူတကွ အော်ဟစ်သံမှ ထွက်ပေါ်လာသည်။
ထိုအသံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် တည်ရှိနေသည့် အသံလှိုင်းတစ်ခုနှင့် တူသည်။ ထိုအခိုက်အတန့်၌ ထိုလှိုင်းလုံးကြီးက လေထဲ၌ ပျံ့နှံ့ လာပြီး အရုဏ်တက်ချိန် ကောင်းကင်ယံရှိငွေရောင်အလင်းတန်းများပင် ပျောက်ကွယ်သွားစေသည်။ သို့သော် အသံလှိုင်းများက စုမင်၏ ခြေရာများကို ခေတ္တမျှပင် ရပ်တန့်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ထို့နောက် အတောင်ပံတဖျပ်ဖျပ်ခတ်သံများ ထွက်ပေါ်လာသည်။စုမင်ရှေ့ရှိ မျက်လုံးများက အဆုံးမရှိသော ရွှေလင်းနို့များအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလင်းနို့များက စုမင်ဆီသို့ အရှိန်အဟုန်ဖြင့်ပျံတက်လာသည့်အချိန်တွင် အိုမင်းသောစကားသံက တောင်ထိပ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
“ ရွှေလင်းနို့တွေ… ကိုးကွယ်သူတွေ… မရိုင်းစိုင်းကြနဲ့..ဒီလူက ငါ့ရဲ့ ဧည့်သည်တော်ပါ.. ငါ သူ့ကို စောင့်နေတာ ကြာပြီ… တော်တော်ကိုကြာပြီ…”
ထိုအသံက လေထဲတွင် ပျံ့လွင့်လာသောအခါ တစ်ဟုန်ထိုးပျံတက်လာသောရွှေလင်းနို့များထံ မည်သည့်အသံမှ မကြားရတော့ပေ။ ယင်းအစား၊ သူတို့က လျှိုမြောင်များဆီသို့ ပြန်သွားကြသည်။ သူတို့၏ မျက်လုံးများအတွင်းမှ အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားကာ မြေပြင်က အမှောင်ထုထဲတွင် တစ်ဖန် နစ်ဝင်သွားသည်။
Note
(စုမင်ရဲ့မှတ်ဉာဏ်ထဲကကောင်မလေးက ပထမဆုံးမိတ်ဆက်ပေးတဲ့ ပိုင်လင်းနဲ့အတူတူပဲ)