← Chapters

အနောက်ကမ္ဘာမြေ၏ ဝင်္ကပါဆရာမ

Vol. 33 Ch. 452

အနောက်ကမ္ဘာမြေ၏ ဝင်္ကပါဆရာမ

Vol. 33 Ch. 452

နဂါးချီလင်မှာ အိမ်များ၊ အဆောက်အအုံများ၊ နန်းဆောင်များ အသက်ပြန်ဝင်လာမည်စိုး၍ ဘေးဘီဝဲယာကို အထိတ်ထိတ်အလန့်လန့် ကြည့်နေသည်။

သို့သော် ဝါးမြို့က လူသူကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဝါးမြို့သည် လူတစ်သိန်းကျော် နေထိုင်သည့် မြို့ကြီးတစ်မြို့ ဖြစ်သင့်သော်လည်း လူရိပ်လူယောင်ပင် မတွေ့ရပေ။

မြို့ကြီးတစ်မြို့လုံးအား အိုးအိမ်စွန့်ခွာ၍ ထွက်သွားခိုင်းခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဤကိစ္စ၏ နောက်ကွယ်ရှိ လူတွင် သူမတူသော ဩဇာအာဏာ ရှိလိမ့်မည်။

ချင်မူတို့အုပ်စုမှအပ ဝါးမြို့ထဲတွင် မည်သူမှမရှိပေ။ စောစောက အသက်ဝင်နေခဲ့သော မြို့ကြီးမှာ ရုတ်တရက် သေဆုံးသွားသည့်အလား ထင်ရ၏။

သို့သော် တိတ်ဆိတ်မှုက အကြောက်တရားကို ဆွဲဆောင်နိုင်သည်မဟုတ်ပါ၏လော။

ရုတ်တရက် တစ်မြို့လုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူတို့၏ခြေထောက်အောက်ရှိ မြေကြီးများ မြောက်တက်လာသည်။ အဆောက်အအုံများ၊ အိမ်များနှင့် နန်းဆောင်များမှာ အောက်သို့ နစ်ဝင်ကျွံကျသွားပြီး ဝါးမြို့မှာ တမုဟုတ်ချင်း ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်း၍ ကောင်းကင်ယံသို့ ကပျာကယာ တက်သွားသည်။ ရှုန်းချီအာမှာ သူ၏လည်ဆံမွှေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထိတ်လန့်စွာ အောက်ငုံ့ကြည့်နေမိ၏။

အောက်ရှိ မြို့ကြီးမှာ ဗြုန်းခနဲ နှစ်ခြမ်းကွဲသွားပြီး မြေကြီးအောက်ထဲမှ လေးထောင့်ကျောက်တိုင်ကြီးများ ထိုးထွက်လာသည်။ ကျောက်တိုင်များက တစ်တိုင်ပေါ် တစ်တိုင်ထပ်၍ လျင်မြန်စွာ မြင့်တက်လာသည်။ အသက်တစ်ရှိုက်အတွင်း လေးထောင့်ကျောက်တိုင်များက ချင်မူတို့ကို ပတ်ပတ်လည်မှ ဝိုင်းလိုက်ချေပြီ။

ကျောက်တိုင်ကြီးများအကြားတွင် သူတို့မှာ မပြောပလောက်အောင် သေးငယ်နေ၏။

ကျောက်တိုင်များက လျင်မြန်စွာ ရွေ့လျားနေသည်။ ရှည်ထွက်လာသည့် ကျောက်တိုင်က ရှည်ထွက်လာပြီး၊ တိုဝင်သွားသည့် ကျောက်တိုင်က တိုဝင်သွားသည်။ အလိုအလျောက် အလျားလိုက်ရွေ့လျားလိုက်၊ အပေါ်မြင့်တက်သွားလိုက်ဖြင့် အချင်းချင်း ချိတ်ဆက်နေကြ၏။

အလျားလိုက်ကျောက်တိုင်များက ဒေါင်လိုက်ကျောက်တိုင်များအထက်တွင် ယက်မတန်းများပမာ တင်သွားကြသည်။ အတိုအရှည်ကလည်း လျင်မြန်စွာ ပြောင်းလဲနေပြီး ရှည်ထွက်လိုက်၊ တိုဝင်လိုက် ဖြစ်နေသည်။ ကျောက်တိုင်များ အချင်းချင်း ချိတ်ဆက်နေသည်နှင့်အမျှ မာကြောခိုင်ခံ့သော နံရံများ တစတစ ရုပ်လုံးပေါ်လာ၏။

ဝါးမြို့မှာ အသက်ပြန်ဝင်လာဟန်တူသော်လည်း မြင်မြင်သမျှ ကြိတ်ဝါးပစ်နိုင်သော မြို့ပျံကြီးသဖွယ် ဖြစ်မလာဘဲ လေးထောင့်ပုံစံ ဝင်္ကပါကြီးတစ်ခုအား တည်ဆောက်နေသကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေ၏။

ယခင်က ဝါးမြို့သည် မည်သည့်အရာကိုမဆို ကြိတ်ဝါးပစ်နိုင်သော ဘီလူးကြီးနှင့် တူ၍ အလွန်အန္တရာယ်များသယောင် ထင်ခဲ့ရသော်လည်း ထိုမျှကြောက်မက်ဖွယ်မကောင်းခဲ့ပေ။ သို့သော် လေးထောင့်ဝင်္ကပါ တည်ဆောက်ပြီး၍ ဝင်္ကပါများ လှုပ်ရှားလည်ပတ်လာသည့်အခါ ၎င်း၏အန္တရာယ်ကား မြင့်တက်သွားချေပြီ။

လေးထောင့်ကျောက်တုံးများ၏ မျက်နှာပြင်ခြောက်ဖက်အပေါ်တွင် မတူကွဲပြားသော ဝင်္ကပါအမှတ်အသားများ ရေးထိုးထားသည်။ ကျောက်တုံးများ ကူးပြောင်းရွေ့လျားနေသော်လည်း ဝင်္ကပါအမှတ်အသားများက ပုံစံမပျက်ဘဲ ဘေးရှိ အမှတ်အသားများဖြင့် အပိုအလိုမရှိ ချိတ်ဆက်နေဆဲ ဖြစ်သည်။

ဤသည်က အထူးဆန်းဆုံး အချက်ဖြစ်၏။ အပေါ်ယံရှိ ကျောက်တုံးများ ကူးပြောင်းရွေ့လျားနေသည့်အချိန်တွင် တကယ့်အန္တရာယ်က ကွဲချည်၊ စုချည်ဖြစ်နေသော ဝင်္ကပါအမှတ်အသားများထဲတွင် တိမ်မြုပ်နေလိမ့်မည်။

ဝင်္ကပါငယ်များ မတူကွဲပြားသည့်အလျောက် ဝင်္ကပါဖွဲ့စည်းပုံလည်း ကွဲပြားသည်။ မြို့ထဲတွင် ကျောက်တုံးပေါင်း မရေမတွက်နိုင်အောင် ရှိပြီး ကျောက်တုံးတစ်တုံးတိုင်းအပေါ်ရှိ ဝင်္ကပါအမှတ်အသားများက မတူညီချေရာ ဝင်္ကပါပုံစံများစွာ ဖြစ်ပေါ်လာနိုင်၍ ဝင်္ကပါအပြောင်းအလဲများကိုလည်း ခန့်မှန်းမရပေ။

ချင်မူ ထိုအချက်ကို တမုဟုတ်ချင်း မြင်သွားသည်။ မလှုပ်ရှားဘဲ ငြိမ်ငြိမ်ရပ်နေလျှင် ဝင်္ကပါစွမ်းအားကို သူတို့ အသက်သွင်းမိမည်မဟုတ်။ သို့သော် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် ဝင်္ကပါ၏စွမ်းအား အသက်ဝင်လာလိမ့်မည်။

“အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းတွေက ဘယ်အရာမှ မယှဉ်နိုင်လောက်အောင် ဆန်းကြယ်တာပဲ” ချင်မူ တလေးတစား စုပ်သပ်လိုက်မိသည်။ အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများကဲ့သို့ အင်အားကို အလေးအနက်မထားသော်လည်း ဆန်းကြယ်မှုနှင့် ကြမ်းတမ်းမှုက သူ့အား အလွန်လေးစားမိစေသည်။

သူ့အနေဖြင့် ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို သင်ခဲ့ဖူးသော်လည်း အားစိုက်ထည့်ကာ လေ့လာခြင်းမလုပ်ခဲ့ဖူးပေ။ သို့ရာတွင် ယခု ဝါးမြို့က အနောက်ကမ္ဘာမြေသား ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ဉာဏ်အမြော်အမြင်ကို ပြသခဲ့ပြီဖြစ်သည်။

နေရာလပ်က တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ဆက်တိုက် ဖိသိပ်ခံနေရသည်။ မြို့ကြီးသာ ဤအတိုင်း ပြောင်းလဲနေလျှင် လေးထောင့်တုံးကြီးတစ်တုံး ဖြစ်သွားလောက်သည်။ ချင်မူ၊ ရှုန်းချီအာနှင့် နဂါးချီလင်တို့အနေဖြင့် လွတ်အောင် မထွက်နိုင်ပါက လေးထောင့်တုံးကြီးထဲ၌ ညှပ်သေသွားမည်မှာ သေချာ၏။

နဂါးချီလင်လည်း ဝါးမြို့၏ ကြောက်မက်ဖွယ်ရာ ဝင်္ကပါငယ်များကို မြင်နေရ၍ လွတ်လမ်းအား အလျင်အမြန် တွက်ချက်တော့သည်။ သူတို့ရင်ဆိုင်နေရသည်မှာ ဝင်္ကပါဖြစ်သည့်အတွက် အလုပ်လုပ်ပုံအတိအကျ ရှိမည်။ သူတို့၏လွတ်မြောက်နိုင်ခြေက လွတ်လမ်းကို တွက်ချက်နိုင်စွမ်းအပေါ် မူတည်သည်။

ဝါးမြို့၏ ပြောင်းလဲမှုက ကျောက်တုံး၏အရွေ့အပြောင်းကြောင့် ဖြစ်သည်။ ထိုအရွေ့အပြောင်းကို တွက်ထုတ်နိုင်မှ သူတို့ လွတ်မြောက်လိမ့်မည်။

သို့သော် ဤဝင်္ကပါကို ဖြေရှင်းနိုင်ရန်မှာ အလွန်ခက်ခဲ၏။ လွတ်လမ်းဟု ထင်ရသော လမ်းကြောင်းများက ထွက်ပေါက်မရှိသည့် လမ်းအပိတ်များ ဖြစ်နေသည်။ ထိုလမ်းများကိုသာ ရွေးချယ်လိုက်မိပါက မရှုမလှ သေရလိမ့်မည်။

“ဝါးမြို့ရဲ့ ကုဗလှောင်အိမ်မှာ အင်မတန် ရှုပ်ထွေးတဲ့ သင်္ချာအပြောင်းအလဲတွေ ပါနေတယ်”

နဂါးချီလင်က ဘေးပတ်ပတ်လည်ကို ကြည့်ပြီး ဧရာမဝင်္ကပါကြီးထဲရှိ လေးထောင့်တုံးတိုင်း၏ ရွေ့လျားမှုများအား အမိအရ တွက်ချက်ရန် ကြိုးစားနေသည်။ သို့သော် မကြာခင် သူ ပင်ပန်းလာ၏။ “အချိန်သာ ရလို့ကတော့ လွတ်လမ်းကို သေချာပေါက် တွက်နိုင်တယ်။ ဒါပေမဲ့ မတွက်နိုင်ခင် ညပ်သေသွားမှာ စိုးမိတယ်။ ဂိုဏ်းသခင်၊ ဂိုဏ်းသခင်မှာ လွတ်လမ်းကို တွက်ထုတ်နိုင်မယ့် နည်းလမ်းလေး ဘာလေး မရှိဘူးလား”

ချင်မူ့မျက်လုံးများ တောက်ပလာပြီး သူက ဝမ်းသာအားရ ပြောလိုက်သည်။ “ရှင်းအန်းကို ဘယ်လိုရင်ဆိုင်ရမလဲ သိပြီ။ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဝိညာဉ်နိုးထလာရင် သူ ဘယ်ထိန်းချုပ်နိုင်တော့မလဲ။ ဒါဆို သူ့ကို သတ်ဖို့ လွယ်သွားပြီ”

နဂါးချီလင် စိတ်တိုသွားသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့ သေရတော့မှာကို ဒီကိစ္စတွေးဖို့ အချိန်ရှိသေးတယ်လား”

ချင်မူက ပြုံးလိုက်သည်။ “ဝါးမြို့ကို ထိန်းချုပ်နေတဲ့သူက သင်္ချာစွမ်းရည် မြင့်မားတယ်။ ငါ့အောက် မနိမ့်ကျဘူး။ မျှမျှတတသာ တိုက်ခိုက်ရင် ငါ သူ့ကို အနိုင်ယူနိုင်သေးတယ်။ ဒါပေမဲ့ သူတို့က ငါ့ကို အလစ်ငိုက်ဖမ်းတိုက်ပြီး လက်ဦးမှုရယူသွားတော့ ဒီဝင်္ကပါကို ဖြေရှင်းဖို့ ခက်သွားပြီ။ ငါ ဖြေရှင်းနိုင်တဲ့အချိန်ဆိုလည်း ငါတို့အကုန်လုံး ညပ်သေနေလောက်ပြီ”

နဂါးချီလင်မှာ စိတ်ဓာတ်ကျသွားသော်လည်း ချင်မူက အေးဆေးဆေးဆေးပင် ဖြစ်သည်။ သူက ရုတ်တရက် အော်ပြောလိုက်သည်။ “နောင်တော်ယွီ၊ မတွေ့ရတာကြာပြီနော်။ ကျွန်တော် မသေခင် စကားလေးဘာလေး မပြောချင်ဘူးလား”

“မပြောချင်ပါဘူးဗျာ၊ အပြောလွန်ပြီး သေရမှာ ကြောက်လို့ပါ” အသံက မည်သည့်နေရာမှ ထွက်လာနေမှန်း ချင်မူ မပြောနိုင်သော်လည်း ယွီပိုချွမ်မှာ အတော်လေး ဝမ်းသာနေသံပေါက်သည်။ “ဂိုဏ်းသခင်လို လူတစ်ယောက်ဆိုတာ မြန်မြန်သေတာ အကောင်းဆုံးပဲ။ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ အသက်မရှိတော့တဲ့ ဂိုဏ်းသခင်ကိုမှ ယုံစားလို့ရတာကိုး”

ချင်မူ့မျက်နှာက မီးသွေးတုံးပမာ မည်းမှောင်သွားသည်။

“‌နောင်တော်ချင် စိတ်အေးအေးထားပါ။ မင်းရဲ့အလောင်းကို တွေ့ရင် ထိုင်ပြီး စကားကောင်းကောင်း ပြောပါ့မယ်” ယွီပိုချွမ်က ပျော်ရွှင်မြူးထူးစွာ ရယ်နေသည်။ “ဒီကညီလေးမှာ အကျင့်ဆိုးတစ်ခုရှိတယ်။ အဲ့ဒါက ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ရအောင် သတ်ပစ်တာပဲ။ ရန်သူသေမှ သူ့အလောင်းနဲ့ တွေ့ပြီး ငါ့ကို ရှုံးခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြတတ်တာ။ ဂိုဏ်းသခင်အတွက်လည်း ခြွင်းချက်မရှိပါဘူး”

ချင်မူ သက်ပြင်းချလိုက်သည်။ “သိပ်ကောင်းလိုက်တဲ့ အကျင့်။ ငါ ဒီမှာ ပိတ်မိပြီး သေရတော့မှာတောင် မင်းက သတိထားနေသေးတယ်။ တယ်အရည်အချင်းရှိတဲ့ ပြိုင်ဘက်ပါပဲ။ ငါက ခင်မင်ခဲ့ဖူးတာကို ထောက်ထားပြီး မင်းအတွက် ပန်းချီဆွဲပေးချင်ရုံတင်ပါ”

ကျောက်နံရံများ၏ ရွေ့လျားမှုက စိပ်သထက် စိပ်လာပြီး ဝါးမြို့မှ ဖွဲ့တည်လာသည့် လေးထောင့်လှောင်အိမ်ကြီးမှာလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။ ရွေ့လျားမှုတစ်ခုစီတိုင်းတွင် နက်နဲသော သင်္ချာသဘောတရားများ ကိန်းဝပ်နေ၏။

အပေါ်အလွှာရှိ ကျောက်တုံးများက ရွေ့လျားခြင်းမရှိတော့ဘဲ အသတ်အဖြတ် ဝင်္ကပါငယ်များအဖြစ် ဖွဲ့တည်နေပြီဖြစ်သည်။ အတွင်းအလွှာရှိ ကျောက်တုံးများလည်း တဖြည်းဖြည်း ရပ်တန့်လာပြီး အသတ်အဖြတ်ဝင်္ကပါများ ဖြစ်လာနေ၏။

အလွှာအထပ်ထပ်ကြောင့် သူတို့သုံးယောက်အတွက် လွတ်မြောက်နိုင်ခြေ နည်းသထက် နည်းလာသည်။ နောက်ဆုံးအသတ်အဖြတ်ဝင်္ကပါ ဖွဲ့တည်သွားလျှင် လွတ်လမ်းမရှိတော့ပေ။

လှုပ်လျှင် သေရမည်။ မလှုပ်လျှင်လည်း သေရမည်။

ချင်မူက ရပ်နေရာမှ စုတ်တံကို မြှောက်ကာ ဆေးစက်ချလိုက်သည်။ ထို့နောက် လျင်မြန်သော စုတ်ချက်များနှင့်အညီ ပန်းချီကားတစ်ခု ရုပ်လုံးပေါ်လာတော့သည်။

ကျောက်တိုင်များက သူတို့နှင့် တစတစ နီးကပ်လာပြီး ဝင်္ကပါဖွဲ့စည်းပုံကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ နောက်ဆုံးတွင် သူတို့ရပ်နေသောနေရာအထိ ရောက်လာချေပြီ။

ဝင်္ကပါသည် နံရံခြောက်ဖက်ဖွဲ့တည်၍ အလယ်ဗဟိုအား ဖိသိပ်နေ၏။ ကျောက်သားနံရံခြောက်ဖက်က တဂျုန်းဂျုန်း မြည်ဟည်းလျက် ရှေ့သို့ သွားနေသည်။

နောက်ဆုံးတွင် နံရံခြောက်ဖက် တိုက်သွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအား ပေါက်ကွဲထွက်ပေါ်လာသည်။ အပြင်လွှာအပေါ်ရှိ ဝင်္ကပါအမှတ်အသားများ အသက်ဝင်လာကာ မရေမတွက်နိုင်သော ကျောက်တုံးများအပေါ်ရှိ အမှတ်အသားများလည်း လင်းထိန်လာပြီး နံရံခြောက်ဖက်၏ ဖိသိပ်အားကို ဆထက်တိုး မြင့်တက်သွားစေသည်။ ကုဗတုံးအသွင် ဝါးမြို့တစ်မြို့လုံး တသိမ့်သိမ့် တုန်ခါသွား၏။

ထိုဖိသိပ်အားက ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များအတွက်ပင် လွတ်အောင် ရုန်းရန် ခက်ခဲချေရာ၊ ချင်မူနှင့် နဂါးချီလင်မှာမူ ဆိုဖွယ်မရှိတော့ပေ။

“ကောင်းတယ် သိပ်ကောင်းတယ်” ယွီပိုချွမ်က လက်ခုပ်လက်ဝါးတီးကာ တဟားဟား ရယ်လိုက်သည်။ “ဝင်္ကပါဆရာမက ဝင်္ကပါဆရာမပါပဲ။ ဒီဝင်္ကပါက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်။ ဘယ်သူမှ မယှဉ်နိုင်ဘူး။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်မှာ လှည့်ကွက်တွေ အများကြီးရှိတာတောင် ဝင်္ကပါဆရာမရဲ့ ဝင်္ကပါကို ဘာမှမလုပ်နိုင်လိုက်ဘူး သေသွားရတာပဲ”

မိန်းမတစ်ယောက်၏ အသက်မပါသောအသံတစ်သံက သူ့စကားကို ပြန်ဖြေကြားသည်။ “သခင်လေးယွီက ‌မြှောက်ပင့်လွန်းနေပါပြီ။ ဒီဂိုဏ်းသခင်ချင်က အဆိပ်ဆရာမ မုယင်ရွှယ်နဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့အကြောင်း ကျွန်မ ကြားဖူးပါတယ်။ မာနခဲလေးမုယွင်ရွှယ်က သူ့ကို ရှုံးခဲ့တာဆိုတော့ သူက တော်ရုံလူမဟုတ်ပါဘူး။ ဒါပေမဲ့ သူက အဆိပ်ပညာကိုပဲ အားစိုက်ထားတော့ အက္ခရာသင်္ချာနဲ့ ဝင်္ကပါပညာမှာ ကျွန်မအောက် နိမ့်ကျပါတယ်။ ကိုယ့်အောက် အဆင့်နိမ့်တဲ့လူတစ်ယောက်နဲ့ ယှဉ်ခဲ့တာမလို့သာ ချောင်ပိတ်နိုင်ခဲ့တာပါ။ ဂိုဏ်းသခင်ချင်အနေနဲ့ ခေါင်းဖြတ်သုတ်သင်ခံရုံအပြင် ရွေးချယ်စရာမရှိပါဘူး”

ယွီပိုချွမ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ “ဝါးမြို့က သူ့ကို အင်အားသက်သက်နဲ့ပဲ အနိုင်ယူနိုင်မယ်ထင်ပြီး အစွမ်းပြဖို့ မြို့ထဲ တိုးဝင်ခဲ့တယ်။ ဒါပေမဲ့ ဝင်္ကပါဆရာမ ချထားတဲ့ ငါးစာမှန်း မသိလိုက်လို့ ထောက်ချောက်ထဲ တည့်တည့် ကျသွားတာပဲ။ ဝင်္ကပါဆရာမ၊ အဆိပ်ဆရာမနဲ့ ဓားဆရာမတို့က ကျွန်တော်တို့ အနောက်ကမ္ဘာမြေရဲ့ ပြိုင်စံရှားသုံးဦးဖြစ်ပါတယ်။ ဆရာမတို့အားလုံး ထူးချွန်ပြောင်မြောက်ကြတယ်။ ဝင်္ကပါဆရာမ၊ ကျေးဇူးပြုပြီး ဒီဝင်္ကပါကို သိမ်းပေးပါဦး။ ကျွန်တော် ဂိုဏ်းသခင်ချင် ချန်ခဲ့တဲ့ ပန်းချီကို ကြည့်ချင်လို့ပါ”

ဓားသံများ တချွင်ချွင် မြည်သွားပြီးနောက် ဝါးမြို့၏ ဧရာမဝင်္ကပါကြီးသည် တဖြည်းဖြည်း ဖြေကျလာ၏။ ကျောက်တုံးကြီးများက မြေကြီးထဲ နစ်မြုပ်သွားပြီး အိမ်များ၊ နန်းဆောင်များလည်း ပြန်လည်ဖွဲ့တည်လာသည်။ များစွာမကြာလိုက်ဘဲ ဝါးမြို့သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ချင်မူတို့ ညပ်သွားခဲ့သည့် နေရာတွင်သာ နံရံတစ်ခု မတ်မတ်ထောင်နေသည်။ ပန်ချီကားတစ်ချပ်က ထိုနေရာတွင် ချိတ်ဆွဲလျက်ရှိ၏။

ယွီပိုချွမ်က ပြုံးလိုက်ပြီး ရထားလုံးအား နံရံဆီသို့ ‌မောင်းစေလိုက်သည်။ သူ့အနောက်မှ အနောက်ကမ္ဘာမြေ၏ သိုင်းပညာရှင်များ လိုက်လာ၏။ အင်အားတစ်ရာခန့်ရှိပြီး ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမရုပ်သွင်မှာ နူးညံ့သိမ့်မွေ့သော အလှမျိုးဖြစ်ကာ သူမလက်ထဲတွင်မူ သတ္တုကုဗတုံးတစ်တုံးအား ကိုင်ထားသည်။

ကုဗတုံးက အရွယ်အစားစုံလင်သော အတုံးလေးများအဖြစ် ပြိုကွဲသွားသည်။ ထို့နောက် ပြန်စုသွား၏။

ထိုအမျိုးသမီးသည် အဆိပ်ဆရာမ မုယင်ရွှယ်နှင့် ဓားဆရာမ လော့ယင်ယွီတို့နည်းတူ ထင်ရှားကျော်ကြားသော အနောက်ကမ္ဘာမြေ၏ ဝင်္ကပါဆရာမ ဟယ့်ရီရီ ဖြစ်သည်။

အနောက်ကမ္ဘာမြေ၏ ဆရာသခင်သုံးဦးလုံးက မိန်းကလေးများ ဖြစ်ကြပြီး သူတို့၏ ပြိုင်ဘက်ကင်းသော ပညာရပ်များကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တည်ထောင်ထားနိုင်ကြသည်။

ဝင်္ကပါဆရာမဟယ့်ရီရီက ဝါးမြို့ကို အုပ်ချုပ်ပြီး မည်သူမှ မယှဉ်ပြိုင်နိုင်သော သူမ၏ဝင်္ကပါအစီအရင်များကြောင့် ကျော်ကြားလာခဲ့၏။

အစစ်အမှန်ကောင်းကင်နန်းတော်က အနောက်ကမ္ဘာမြေ၏ အထွတ်အမြတ်မြေဖြစ်သော်လည်း ဆရာသခင်သုံးဦးလုံးတွင် ခိုင်မာသောလုပ်ပိုင်ခွင့်များ ရှိပြီး လက်အောက်ငယ်သားများ မဟုတ်ကြပေ။ သို့သော် အစစ်အမှန်ကောင်းကင်နန်းတော်၏ အင်အားကိုမူ အတန်ငယ် ကြောက်ရသေးသဖြင့် အစစ်အမှန်ကောင်းကင်နန်းတော်မှ တောင်းဆိုလျှင် ကူညီပေးကြလေသည်။

ဟယ့်ရီရီ၏အနောက်တွင် ဝါးမြို့၏သိုင်းသမားများ ရှိကြသည်။ သူတို့အားလုံးက ဝါးမြို့၏ အာဏာပိုင်မိသားစုများမှ ခေါင်းဆောင်များဖြစ်ကြသည့်အပြင် အစွမ်းအစများကလည်း ဖန်ရှုမြို့ရှိ သိုင်းသမားများထက် များစွာသန်မာအားကောင်းကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တည်ထောင်နိုင်သည်ဆိုကတည်းက ပေါ့ပေါ့သေးသေး မဟုတ်ကြပေ။

ယွီပိုချွမ်က ရထားလုံးအား ကျောက်နံရံဘေး၌ ရပ်စေလိုက်သည်။ သူ ပန်းချီကို ကြည့်လိုက်သည့်အခါ အထဲတွင် ချင်မူ၊ နဂါးချီလင်နှင့် ရှုန်းချီအာတို့အား မြင်လိုက်ရ၏။ သူတို့အားလုံး အစစ်နှင့်မခြား အသက်ဝင်နေသည်။

“အသက်ဝင်လိုက်တာ” ယွီပိုချွမ်မှာ အံ့အားသင့်နေပြီး အစစ်အမှန်ကောင်းကင်နန်းတော်၏ မိန်းကလေးများအား ရယ်ရယ်မောမော ပြောလိုက်သည်။ “အမှန်တကယ် အသက်ဝင်တယ်။ ဂိုဏ်းသခင်ချင်ရဲ့ ပန်းချီလက်ရာက အံ့မခန်းပဲ။ သူသာ ပန်းချီရောင်းရင် ချမ်းသာမှာ။ ဟားဟားဟား”

ရထားလုံးထဲရှိ မိန်းကလေးများလည်း ရယ်လိုက်ကြသည်။ “သေသွားတာ နှမြောစရာပဲ။ သခင်လေး ကြည့်ဦး။ ဂိုဏ်းသခင်ချင်က ပန်းချီကားထဲမှာ ပြုံးနေတုန်းပဲ”

အစစ်အမှန်ကောင်းကင်နန်းတော်၏ မိန်းကလေးနောက်တစ်‌ယောက်ကလည်း ပြုံးကာ ပြောလိုက်သည်။ “ဝင်္ကပါဆရာမရဲ့ ပြီးပြည့်စုံတဲ့ ဝင်္ကပါကို မြင်လိုက်ရပြီး သူ့လက်ထဲမှာ သေသွားရတာဆိုတော့ နောင်တမရဘဲ ပြုံးနေသင့်တာပေါ့ မဟုတ်ဘူးလား”

ယွီပိုချွမ်က တဟားဟား အော်ရယ်ကာ ရထားလုံးထဲမှ ထွက်လိုက်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ကျောက်နံရံထက်ရှိ ပန်းချီကားကို ‌ကြည့်နေ၏။ ထို့နောက် အေးအေးလူလူ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ စကားလေးဘာလေး ပြောကြတာပေါ့လေ”

“ပြောတာပေါ့” ပန်းချီကားထဲရှိ ချင်မူက ခေါင်းလှည့်လာပြီး မထီမဲ့မြင် ပြုံးလိုက်သည်။ “ငါလည်း နောင်တော်ယွီနဲ့ စကားပြောဖို့ တွေးနေတာ။ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား....”

All Chapters