← Chapters

နှင်းဆီ ကုန်သည်အစည်းအရုံး

Vol. 14 Ch. 196

နှင်းဆီ ကုန်သည်အစည်းအရုံး

Vol. 14 Ch. 196

ဒီကုန်သည် အဖွဲ့မှာက  ဒါဇင်နဲ့ချီတဲ့ မြေကမ္ဘာအဆင့် ပညာရှင်တွေ ပါဝင်ပါတယ်။ အဲဒီထဲက လေးယောက် ကတော့ မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။

အရေအတွက် ပိုင်းမှာ သာနေတာက ဒီနေရာမှာတော့ အတော်လေး အလုပ်ဖြစ်မည့် ပုံပါပဲ။

အရိုးဖြူ ဝိညာဉ်ကလည်း အတော်လေးကို အစွမ်းထက်ပါတယ်။ အမွေခံ မျှော်စင်ရဲ့ တတိယထပ်မှာ ဆင့်ခေါ်ခံရတဲ့ သားရဲကြီး ထက်ကိုတောင်  ပိုပြီး အစွမ်းထက် နေပါသေးသည်။ ပြီးတော့ အရိုးဖြူ ဝိညာဉ်ရဲ့ ခံနိုင်ရည်က အတော်လေးကို အစွမ်းထက် နေဆဲပါပဲ။ မြေကမ္ဘာနယ်ပယ် အထွတ်အထိပ် ပညာရှင် လေးယောက် ဝိုင်းတိုက်တာတောင်မှ သူ့ရဲ့ အရိုးတွေကို ခြစ်ရာလေး တစ်ခုတောင် မထင်စေ နိုင်သေးပါဘူး။

ဒါပေမဲ့ ဒီအရိုးဖြူ ဝိညာဉ်က ဉာဏ်ရည် အပိုင်းတော့ အတော်လေးကို အားနည်း နေပါတယ်။ ဒါဇင်နဲ့ချီတဲ့ မြေကမ္ဘာ ပညာရှင်တွေရဲ့ အကွက်ကျကျ တိုက်ခိုက်မှု အောက်မှာတော့ တဖြည်းဖြည်းနဲ့ ရှုံးနိမ့်စ ပြုလာပါပြီ။

နောက်ထပ် တစ်နာရီမျှ အကြာမှာတော့ အရိုးဖြူဝိညာဉ်ရဲ့ အရိုးတွေက တစ်စစီ ပြုတ်ထွက် ကုန်ပြီး ဖုန်မှုန့်တွေ ဘဝကို ကူးပြောင်း သွားပါတော့တယ်။

မြေကမ္ဘာနယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်က အရိုးဖြူဝိညာဉ် လဲကျသွားတဲ့ နေရာအထိ လျှောက်သွားပြီး ရှာဖွေလိုက်တဲ့ အခါမှာတော့  အစိမ်းရောက် သလင်း ကျောက်လေး တစ်ခုကို တွေ့ရှိသွားခဲ့ပါပြီ။

“အဲဒါက အရိုးဖြူဝိညာဉ် သလင်းကျောက်ပဲ  ဖြစ်ရမယ်”

လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

အရိုးဖြူ ဝိညာဉ်ဘဝကို ရောက်ပြီး နှစ်ပေါင်းများစွာ အကြာမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ် ထဲမှာ ဝိညာဉ်သလင်း ကျောက်တုံးတွေ ဖြစ်ပေါ် လာတယ်လေ။ အဲဒီ ကျောက်သလင်း တုံးတွေက အတော်လေး အသုံးဝင်ပြီး တစ်တုံးကို ရွှေပြား တစ်သိန်း အနည်းဆုံး ထားပြီး ရောင်းလို့ ရပါတယ်။

အရိုးဖြူ ဝိညာဉ်တစ်ကောင်ကို နှိမ်နင်းဖို့အတွက် မြေကမ္ဘာ နယ်ပယ် ပညာရှင် တစ်ဒါဇင် လောက်တော့ လိုတာပေါ့လေ။

“ဒီက ညီလေး … ။ အစ်ကိုတို့ရဲ့ သခင်မလေးက  ညီလေးကို ခဏလောက် စကားစမြည် ပြောဖို့ ဖိတ်ခေါ်ခိုင်း လိုက်ပါတယ်”

မြေကမ္ဘာ ပညာရှင် တစ်ယောက်က လီဖူချန်းကို ဖိတ်မန္တက ပြုလိုက်ပါတယ်။

လီဖူချန်း ခေါင်းညိတ် လိုက်ပြီး  ဖိတ်ခေါ်သူရဲ့ နောက်ကနေ လိုက်သွား လိုက်ပါတယ်။ အလှပဆုံးသော ရထားလုံး တစ်စီး ရှိရာဆီကိုပေါ့။

“ကျွန်တော်က ချန်းဖူလီ ပါ။ သခင်မလေးကို ဂါဝရ ပြုပါတယ်”

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

ရထားလုံး အတွင်းထဲက နေပြီး ချိုမြပြီး ကြည်လင်တဲ့ မိန်းမပျို တစ်ယောက်ရဲ့ အသံက ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

“ကျွန်မတို့က  နှင်းဆီကုန်သည် အစည်းအရုံးပါ။ အစောပိုင်း တုန်းက ရှင့်ရဲ့ ကိုယ်ဖော့ပညာက အတော်လေး ကောင်းနေတာကို ကျွန်မ သတိပြုမိ လိုက်တယ်။  ရှင်များ … ကျွန်မတို့ နှင်းဆီကုန်သည် အစည်းအရုံး ထဲကို ဝင်ချင်မလား ဆိုတာ မေးချင်လို့ ဖိတ်ခေါ် လိုက်တာပါ။ ကျွန်မတို့က ရှင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်”

“နှင်းဆီကုန်သည် အစည်းအရုံးလား …”

လီဖူချန်းက သူ့ရဲ့ ဦးနှောက်ကို အလုပ်ပေး လိုက်ပြီး  တိုက်ပွဲတစ်ရာ နယ်မြေထဲမှာ ကျော်ကြားတဲ့ အဖွဲ့အစည်းတွေရဲ့ အကြောင်းကို ပြန်စဉ်းစား လိုက်ပါတယ်။ ဒါပေမဲ့လည်း နှင်းဆီကုန်သည် အစည်းအရုံးနဲ့ ပက်သက်တဲ့ သတင်း အချက်အလက် တွေကတော့  ထွက်မလာ ခဲ့ပါဘူး။

မြေကမ္ဘာ နယ်ပယ် ပညာရှင် တစ်ယောက်က လီဖူချန်းကို လှမ်းပြော လိုက်ပါတယ်။

“ညီလေးချန်း … အစ်ကိုတို့ရဲ့ နှင်းဆီကုန်သည် အစည်းအရုံးက သွေးတစ်စက် မြို့တော်မှာ ရှိတဲ့ အဓိက ကုန်သည် အစည်းအရုံး နှစ်ခုထဲ တစ်ခုဘဲ။ အစ်ကိုတို့ အစည်းအရုံးကို ကောင်းကင် နယ်ပယ် ပညာရှင် အမြောက်အမြားက ကျောထောက်နောက်ခံ ပြုထားပေးတယ်။ ရာနဲ့ချီတဲ့ မြေကမ္ဘာနယ်ပယ် ပညာရှင်တွေလည်း ရှိသေးတယ်နော်။ ညီလေးချန်း အဖွဲ့ထဲ ဝင်လိုက်လို့ ဘာမှ မနစ်နာ စေရပါဘူး။ ပြီးတော့ နှင်းဆီကုန်သည် အစည်းအရုံးက ဖွင့်ထားတဲ့ ဆိုင်တွေမှာ ဝယ်ရင်လည်း လျှော့ဈေးတွေ ရဦးမှာ …”

“အိုး … လက်စသတ်တော့ ဒီလူတွေက သွေးတစ်စက် မြို့ကကိုး”

တိုက်ပွဲတစ်ရာ နယ်မြေမှာလည်း အခြားနယ်မြေတွေလိုပဲ မြို့တွေ အများကြီး ရှိပါတယ်။ ပြီးတော့ သည်မြို့တွေက ပုံမှန်အားဖြင့် လူဦးရေ ၅သန်းလောက်ကို ရှိနေတတ် ကြတာပါ။

အခြားသော နယ်မြေတွေနှင့် မိုးပြာရောင်ဂိုဏ်း နယ်မြေတွေမှာ ဆိုရင်တော့ လူဦးရေ သန်းနဲ့ချီ နေထိုင်တဲ့ မြို့တွေကို  မြို့တော်တွေ အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲ တစ်ရာ နယ်မြေထဲ မှာတော့ လူဦးရေ သန်းအနည်းငယ်လောက် ရှိသည့် မြို့တွေကို အလယ်အလတ် အဆင့် မြို့အဖြစ်ပဲ သတ်မှတ်ပါတယ်။

လူဦးရေ သန်းအနည်းငယ်လောက်ဘဲ ရှိသည့်မြို့က ကုန်သည် အစည်းအရုံး ဆိုတော့  သာမန် အစည်းအရုံးလေး တစ်ခု ပါပဲလေ။ ဒါကြောင့်လည်း လီဖူချန်း ဖတ်ခဲ့တဲ့ သတင်း အချက်အလက် တွေထဲမှာ မပါတာပဲ ဖြစ်ပါမည်။

“ကျွန်တော့်ကို စဉ်းစားခွင့် နည်းနည်းလောက် ပေးလို့ရမလား”

လီဖူချန်းက ယတိပြတ်ကြီးတော့ မငြင်းလိုက်ချင် သေးပါဘူးလေ။

“ရတာပေါ့…။ ကျွန်မတို့နဲ့ အရင်ဦးဆုံး သွေးတစ်စက် မြို့ကို လိုက်ခဲ့ပါလား…။ ဟိုရောက်မှ ကျွန်မတို့ကို အဖြေပြန်ပေးလို့ အဆင်ပြေပါတယ်”

ရထားလုံးထဲမှ  မိန်းမပျို ကလည်း ကြည်ကြည်သာသာပင် ခွင့်ပြု လိုက်ပါတယ်။

တိုက်ပွဲတစ်ရာ နယ်မြေ ဆိုတာက အမြဲတမ်း တိုက်ပွဲတွေ  ဖြစ်နေတတ်သည့် နေရာမျိုးပါ။ ရနိုင်သလောက် အင်အားတွေ စုစည်းထားတာက  အကောင်းဆုံးပါပဲ။ လီဖူချန်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အဆင့် သိပ်မမြင့်သေး ပေမဲ့လည်း  သူ့ရဲ့ ကိုယ်ဖော့ပညာက အတော်လေးကို ကောင်းနေသည်လေ။

“ဒါဆိုရင် တော့လည်း ကျွန်တော်က သခင်မလေးရဲ့ ကမ်းလှမ်းချက်ကို မငြင်းတော့ပါဘူး”

လီဖူချန်းက နောက်ထပ် တစ်ခါ အရိုအသေ ပြန်ပေး လိုက်ပါတယ်။

ဒီလိုနဲ့ပဲ လီဖူချန်းက နှင်းဆီကုန်သည် အစည်းအရုံးနဲ့ ပူးပေါင်းလိုက်ပြီး  သွေးတစ်စက် မြို့ကို လိုက်သွားခဲ့ပါပြီ။

ဒီလူတွေရဲ့ ပြောစကားအရ ဆိုရင်တော့ သွေးတစ်စက်မြို့မှာ အဓိက ကုန်သည် အစည်းအရုံး နှစ်ခု ရှိပြီး အဓိက ကလန် ၃ခု ရှိပါတယ်တဲ့။

အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ နောက်မှာတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေက ကျောထောက် နောက်ခံ ပြုထား ပေးပါတယ်။

သွေးတစ်စက်မြို့ရဲ့ အင်အား အကောင်းဆုံး ကလန်ကတော့ မားကလန်ပါဘဲ။ မားကလန်က သွေးတစ်စက်မြို့ကို ရောက်နေတာ နှစ်ပေါင်း ရာချီနေခဲ့ပါပြီ။

ရထားလုံးထဲက မိန်းမပျို ကတော့ နှင်းဆီကုန်သည် အစည်းအရုံး ခေါင်းဆောင်ရဲ့ မွေးစားသမီး ဖြစ်ပြီး လွီယုဟု အမည်ရပါတယ်။

“ညီလေးချန်း … မင်းရဲ့ ဇာတိက ဘယ်ကလဲ”

ဟောင်ပြောင်း ဟု ခေါ်သည့် မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင်က လီဖူချန်းကို မေးလိုက်ပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး …

“ကျွန်တော်က တိုက်ပွဲဝိညာဉ် နယ်မြေကလေ။ အတွေ့အကြုံ ရချင်လို့ တိုက်ပွဲတစ်ရာ နယ်မြေကို လာခဲ့တာ”

“တိုက်ပွဲတစ်ရာ နယ်မြေကို တစ်ယောက်တည်း စွန့်စားခန်း ထွက်လာရဲတယ် ဆိုတော့ မင်းက တော်တော်လေးကို သတ္တိကောင်းတာပဲ”

ဟောင်ပြောင်းက လက်မထောင်ပြီး ချီးကျူး လိုက်ပါတယ်။

ထို့နောက်မှာတော့…

“တိုက်ပွဲတစ်ရာ နယ်မြေရဲ့ အဓိက နေရာ တော်တော် များများက  အေးချမ်းတယ်လို့ သတ်မှတ်လို့ ရပေမဲ့  မြေကမ္ဘာနယ်ပယ် ပညာရှင် တစ်ယောက် အတွက်တော့ အန္တရာယ် များနေတုန်းပဲ ညီလေး”

လီဖူချန်းက ရယ်လိုက်ပြီး …

“ကျွန်တော်က ဒါတွေကို ဒဏ္ဍာရီ တွေလို့ပဲ အမြဲတမ်း ထင်နေခဲ့တာ။ အခုတော့ အဲဒဏ္ဍာရီတွေက အမှန်ပဲ ဆိုတာကို ကောင်းကောင်းကြီး သိသွားပါပြီဗျာ”

ဟောင်ပြောင်းရဲ့ ညာဘက်မှာ ရှိနေတဲ့ ကျန်းတကျင်း ကလည်း …

“မင်းဒီနေ့ တွေ့တာက သာမန်အရိုးဖြူ ဝိညာဉ် ဖြစ်နေလို့နော်။ အလယ်အလတ် အဆင့် အရိုးစု ဝိညာဉ်ဆိုရင် ငါတို့ အကုန်လုံးပါ ရောပြီး သေရမှာ”

အရိုးစု ဝိညာဉ်တွေ ကိုတော့ သာမန် ၊ အလယ်အလတ်နဲ့ အဆင့်မြင့် ဆိုပြီး သတ်မှတ် ထားပါတယ်။

သာမန် အရိုးဖြူ ဝိညာဉ်တွေ ကတော့ မြေကမ္ဘာ နယ်ပယ် မှာဘဲ ရှိပါသေးတယ်။

အလယ်အလတ် အရိုးဖြူ ဝိညာဉ်တွေ ကတော့ ကောင်းကင်နယ်ပယ် အဆင့်ရှိပြီး  အဆင့်မြင့် အရိုးဖြူ ဝိညာဉ်တွေ ဆိုရင်တော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မှာပါ။

“အဆင့်မြင့် အရိုးဖြူ ဝိညာဉ်တွေထက် အစွမ်းထက်တဲ့ အရိုးစု ဝိညာဉ်တွေကော ရှိသေးလားဗျ”

လီဖူချန်းက မေးလိုက်ပါတယ်။

ဟောင်ပြောင်းက ခေါင်းညိတ် လိုက်ပြီး …

“ရှိတာပေါ့ကွ…။ တိုက်ပွဲတစ်ရာ နယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေ ထဲမှာဆိုရင် အနီရောင် အရိုးစု ဝိညာဉ်တွေ ရှိတယ်လို့ ကောလာဟလတွေတောင် ထွက်ဖူးသေးတယ်”

“အနီရောင် အရိုးစု ဝိညာဉ်လား…”

လီဖူချန်းက ပြောနေရင်းနဲ့ ကျောထဲကတောင် ချမ်းစိမ့်စိမ့် ဖြစ်လာ သလိုပါဘဲ။

***

နောက်ရက်တွေ မှာလည်း နှင်းဆီကုန်သည် အစည်းအရုံးက နောက်ထပ် သာမန် အရိုးဖြူ ဝိညာဉ် တစ်ကောင်နှင့်  ထိပ်တိုက် ရင်ဆိုင် ရပါသေးတယ်။ ဒီတစ်ကြိမ်  အရိုးဖြူ ဝိညာဉ်ကတော့ အရင် တစ်ခေါက်ကထက် အားနည်းသည့် အတွက်  ၁၅မိနစ် အတွင်းမှာဘဲ ဖုန်မှုန့် ဘဝကို ကူးပြောင်း သွားခဲ့ပါပြီ။

နောက်ထပ်၅ရက် အကြာမှာတော့ ကုန်သည်အဖွဲ့က မြို့တစ်မြို့ကို ရောက်လာ ကြပါတယ်။

“အရှေ့က မြို့ကတော့ ဓားပျံတစ်ထောင် မြို့ပဲ။ ငါတို့က ဒီမြို့ထဲမှာ လုပ်စရာ အလုပ်ကိစ္စ နည်းနည်း ရှိတယ်”

ဟောင်ပြောင်းက လီဖူချန်းကို ရှင်းပြ နေတယ်လေ။

ဓားပျံတစ်ထောင် မြို့ထဲကို ဝင်ရဖို့ အတွက်ကတော့  သတ်မှတ်ထားတဲ့ အခကြေးငွေ တစ်ရပ် ပေးရပါတယ်။ သာမန် လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ ကတော့ ငွေတစ်စ ကျသင့်ပြီး  သာမန်ကုန်သည် တွေကတော့ ရွှေတစ်ပြား ကျသင့်ပါတယ်။

နှင်းဆီကုန်သည် အစည်းအရုံးလို အုပ်စုကြီး အတွက်တော့ တစ်ယောက်ကို ရွှေပြာ၁၀ပြားပါ။

ရွှေပြား ရာနဲ့ချီ ပေးပြီး နောက်မှာတော့ ကုန်သည် တစ်အုပ်လုံးဟာ ဝင်ခွင့် ရခဲ့ပါပြီ။

“ညီလေးချန်း…အစ်ကိုတို့ အဖွဲ့က နောက်ထပ် သုံးရက်နေမှ ဒီမြို့ကနေ ထွက်မှာ။ အစ်ကိုတို့ကို ရှာချင်ရင်တော့ ငါးပျံ တည်းခိုခန်း ကိုသာ လာခဲ့လိုက်”

ဟောင်ပြောင်းက လီဖူချန်းကို နှုတ်ဆက် လိုက်ပါတယ်။

" ဟုတ်ပြီ အစ်ကိုဟောင် … နောက်ထပ် ၃ရက်ကြာရင် တွေ့ကြတာပေါ့”

လီဖူချန်းက ဒီခရီး တစ်လျှောက်မှာ လွီယုကို တစ်ခါမှ နောက်ထပ် ထပ်ပြီး မမြင်တော့ပါဘူး။

ဓားပျံ တစ်ထောင်မြို့က  သွေးတစ်စက်မြို့ထက် လူဦးရေ အနည်းငယ် လောက်တော့ နည်းပါတယ်။

မြို့ထဲမှာတော့ မရေမတွက် နိုင်တဲ့ သိုင်းပညာရှင်တွေက  ပျားပန်းခတ်မျှ လမ်းသလားလို့ နေပါတယ်။ အပြင်လောကမှာ ရှားပါတယ်ဆိုတဲ့ မြေကမ္ဘာအဆင့် ပညာရှင် တွေကတော့ ရိုက်သတ်လို့ကို မကုန်ပါဘူး။ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ကိုတောင်မှ စားသောက်ဆိုင်တွေ ၊ တည်းခိုခန်း တွေမှာ အရက်သောက်လျက် ရှိနေကြတာကို တွေ့နေရပါတယ်။

“ကြီးမြတ်တဲ့ သူရဲကောင်းကြီး…မြို့ထဲကို လိုက်ပြဖို့ အတွက် အကူအညီ လိုနေတာလား”

လီဖူချန်း မြို့ထဲမှာ လျှောက်ပတ် ကြည့်နေတုန်းမှာဘဲ ကောင်ငယ်လေး တစ်ယောက်က သူ့ရဲ့ ဝတ်ရုံ အစွန်းကို ဆွဲထားပြီး မေးလိုက်ပါတယ်။

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ ထိုကောင်လေးရဲ့ အခြေအနေကို ခန့်မှန်း မိပါတယ်။

အဖာရာ ဗရပွရှိပြီး ညစ်ပတ် ပေရေနေတဲ့ ကောင်လေးက ဆင်းရဲ နွမ်းပါးသည့် မိသားစု တစ်စုက လာတာပဲ ဖြစ်ရပါမည်။

ဘယ်မြို့မှာမဆို  ဒီလို ကောင်လေးမျိုး ကတော့ ရှိတတ်ပါတယ်။

လီဖူချန်းက ထိုကောင်လေးကို သနားသွားပြီး…

“ငါ့ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာတွေကို လိုက်ပြပေး။ ရော့ ရွှေတစ်စ”

လီဖူချန်းက ရွှေတစ်စကို ထုတ်ယူပြီး  ပစ်ပေး လိုက်ပါတယ်။

“ရွှေတစ်စတောင်မှလား…”

ကောင်လေးရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် အရောင် တောက်သွား ခဲ့ပါပြီ။ ဒီတစ်ကြိမ်က သူ့ရဲ့ ပထမဦးဆုံး တောင်းစားဖို့ ထွက်လာတာပါပဲ။ သူက တစ်ကြိမ် တစ်ခါမှ မတောင်းစား ဖူးတဲ့ အတွက် အတော်လေးကို ကြောက်ရွံ့ နေခဲ့တာလေ။ လီဖူချန်းရဲ့ ချောမောပြီး စိတ်ထား နူးညံ့ဟန် ရှိသည့် ရုပ်ရည်ကြောင့် သူက မဝံ့မရဲနဲ့ ကံစမ်းလိုက်တာပါ။

အရင်တုန်း ကတော့ အခုလို တောင်းတာတွေကို သူ့ရဲ့အစ်မက လုပ်ပါတယ်လေ။ အခုတော့ သူ့အစ်မက ဖျားနေသည့် အတွက် သူ့အစ်မကို ဆေးကုရန် အလို့ငှာ လာရောက် တောင်းရမ်း နေခြင်း ဖြစ်ပါတယ်။

“ကျွန်တော် အစ်ကို့ကို ရှေးဟောင်ပစ္စည်း လမ်းကြားကို အရင်လိုက်ပြ ပေးမယ်။ ကျွန်တော် ကြားတာကတော့ သိုင်းပညာရှင် တော်တော်များများက အဲသည် လမ်းကြားထဲမှာ သွားပြီး ကံစမ်းလေ့ ရှိတယ်တဲ့”

ကောင်ငယ်လေးက ရွှေတစ်စကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လီဖူချန်းကို လမ်းပြ ခေါ်ဆောင် သွားခဲ့ပါပြီ။

လီဖူချန်း ကလည်း လိုက်သွား ခဲ့ပါတယ်။

ရှေးဟောင်းပစ္စည်း လမ်းကြား ဆိုတာက  ရှည်လျားတဲ့ လမ်းကြားလေး တစ်ခုပါပဲ။ ဒီလမ်းကြားထဲ မှာတော့ သိုင်းပညာရှင် တော်တော် များများကို တွေ့မြင် ရပါတယ်။ သာမန် လူတွေကတော့ ဒီလမ်းကြား ထဲမှာ ဘာမှ လုပ်စရာ မရှိပါဘူး။

***

All Chapters