← Chapters

ရေကန်ထဲက ဓား

Vol. 7 Ch. 37

ရေကန်ထဲက ဓား

Vol. 7 Ch. 37

သဘောတူညီချက်ရပြီးတဲ့နောက် နေ့လယ်မှာတော့

အာသာရီယာက မက်ဒါနာကို စံအိမ်အနီးတောအုပ်ထဲက ရေကန်တစ်ကန်ဆီကို ခေါ်လာတယ်။ ရေကန်က မြို့နေလူထုနဲ့သိပ်မဝေးပေမဲ့ လူသွားလူလာနည်းပြီး တမင်သက်သက် လူမလာအောင်လုပ်ထားသလိုထင်ရပါတယ်။ အာသာရီယာက ကားပေါ်ကနေ ရေကန်ပတ်လည်ကို စူးစမ်းနေတဲ့ မက်ဒါနာကို ကြည့်ပြီးပြောလိုက်လေရဲ့။

"ဒီရေကန်က ငါတို့ပန်ဒရာဂွန်မိသားစု ဘိုးစဥ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ရေကန်ပဲ။ ငါတို့ခွင့်ပြုချက်မရှိဘဲ ဗြိတိန်တော်ဝင်မိသားစုတောင် ဝင်ခွင့်မရှိဘူး။"

နောက်တော့ သူတို့ကားက ရေကန်နားက တောလမ်းအဆုံးမှာ ရပ်လိုက်ပြီး သားရဲလေးကောင်လုံး ကားပေါ်ကနေ ဆင်းလိုက်တယ်။ မက်ဒါနာလည်း လိုက်ဆင်းရတော့တာပေါ့။ ရှုခင်းကတော့ တကယ့်ကို သာယာပါတယ်။ ရေကန်နားက ကမ်းခြေမှာ သစ်ရွက်ခြောက်တွေနဲ့ပြည့်နေပြီး ကန်ရေကလည်း ထင်မထားလောက်အောင် ကြည်လင်ပြီး အောက်ခြေကို မြင်နေရတယ်။

"ဘုရင်အာသာကို ရေကန်စောင့်နတ်သမီးက ရေကန်ထဲက ဓားကိုပေးတဲ့ပုံပြင် ကြားဖူးတယ်မလား။"

မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ အာသာရဲ့ဒဏ္ဍာရီကို မကြားဖူးတဲ့သူဆိုလို့ တော်တော်ရှားပါတယ်။ သစ်တောထဲက အနက်ရောင်စစ်သည်ကြောင့်

ဘုရင်အာသာရဲ့ကျောက်တုံးထဲကဓား ကျိုးသွားတော့ မာလင်က အာသာကို ရေကန်ဆီခေါ်လာပြီး ကန်စောင့်နတ်သမီးဆီက ဓားကိုယူခိုင်းတယ်လေ။

အော်သာရီယာက ရေကန်ကို လက်ညိုးနဲ့ညွန်ပြရင်း ပြောလိုက်တယ်။ "အဲဒီရေကန်က ဒီရေကန်ပဲ။ ပြီးတော့ ငါတို့ဘိုးဘေးတွေက ရေကန်ထဲကဓားကိုလည်း ရေကန်ထဲမှာ ပြန်ထားထားတယ်။ ရေကန်ထဲက ဓားကိုဆယ်နိုင်တဲ့သူကိုပဲ ငါတို့အစွမ်းတွေလွှဲပေးဖို့ စဥ်းစားပေးနိုင်မယ်။"

မက်ဒါနာက ရေကန်ရဲ့အနက်ကို ချိန်စကြည့်လိုက်တယ်။ ကန်အောက်ခြေကို ရှင်းရှင်းလင်းလင်းမြင်နေရပေမဲ့ ဘယ်လောက်နက်လဲတော့ သူမဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်မဟုတ်လား။ ဒါကြောင့် သူ့ဝတ်စုံကို ကားထဲကနေ ထုတ်တော့မယ့်အချိန်မှာပဲ အာသာရီယာက တားဆီးလိုက်တယ်။

"ဘုရင်အာသာက ဓားကိုလူကိုယ်တိုင်ဆင်းပြီးယူခဲ့တာ။ ဒီတော့ မင်းအနေနဲ့ ပြင်ပအကူအညီယူလို့မရဘူး။"

မက်ဒါနာလည်း ဝတ်စုံကို ကားထဲမှာ ပြန်ထားလိုက်ရတယ်။ အာသာရီယာကတော့ အတူပါလာတဲ့ အယ်လိုဟင်ကို ခေါင်းညိတ်ပြလိုက်ပါပြီ။

"အယ်လိုဟင်၊ သူ့ကို ရေကန်အလယ်အထိ လှေနဲ့လှော်ပြီး ပို့ပေးလိုက်။" ဖရာလီတာရဲ့ကိုယ်ပိုင်ဘဏ္ဍာစိုး အယ်လိုဟင်ကလည်း ဦးညွှတ်လိုက်ပြီး မက်ဒါနာကို လမ်းညွန်ပေးတယ်။ မက်ဒါနာလည်း နောက်ကနေ လိုက်ရတော့တာပေါ့။

မကြာခင်မှာပဲ သူတို့တွေ လှေပေါ်ရောက်နေပြီဖြစ်ပြီး အယ်လိုဟင်က လှေကိုစလှော်တယ်။ နေရောင်ကြောင့် ရေကန်ရဲ့ပတ်ဝန်းကျင်ကို လှပစွာမြင်နေရပြီး ဆုဗာနာက သဘာဝရှုခင်းတွေကိုတောင် ပြန်သတိရသွားစေတယ်။ မိနစ်ပေါင်းများစွာ ကုန်ဆုံးသွားတဲ့အထိ ရှုခင်းတွေအပေါ်မှာပဲ အာရုံရောက်နေခဲ့ပေမဲ့ လှေက ရုတ်တရက်ရပ်သွားပြီး အယ်လိုဟင်ရဲ့ခပ်ပြတ်ပြတ်စကားသံ ထွက်လာတယ်။

"မင်းသမီးမက်ဒါနာ၊ ဒီနေရာကနေစပြီး ကိုယ့်ဘာသာသွားရပါမယ်။"

မက်ဒါနာက ရေပြင်ကို ငုံကြည့်လိုက်တယ်။ ရေကန်ရဲ့အလယ်ကို သူတို့ရောက်နေပြီဖြစ်ပြီး ကမ်းခြေကို မြင်နေရတယ်။ အားရစရာကောင်းတာတစ်ခုက ရွှေရောင်တောက်ပနေတဲ့ ဓားတစ်လက်ကို နေရောင်ရဲ့အကူအညီနဲ့ မြင်နေရတာပါပဲ။

"ဒီလောက်ဆိုရင် မခက်လောက်ဘူးမဟုတ်လား။" မက်ဒါနာက ရေကူးဖယောင်းဝတ်စုံကို အသင့်ပြင်လိုက်ပြီး အသက်ကိုတစ်ဝကြီးရှုလိုက်တယ်။ မီတာရာချီပြီး ရေငုပ်ရလောက်ပေမဲ့ စိတ်တော့မပူမိပါဘူး။

ဝတ်စုံမပါပေမဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်နေခဲ့တာမလို့ ဒီအဆင့်လှုပ်ရှားမှုမျိုးက သူ့အတွက်စိန်ခေါ်မှုရှိရုံပဲ ရှိလောက်မှာပဲ။

ဗွမ်း....

အသင့်ဖြစ်တဲ့နောက် မက်ဒါနာက ရေကန်ထဲကို ခုန်ဆင်းလိုက်တယ်။ အယ်လိုဟင်ကတော့ လှိုင်းတွေထသွားတဲ့ ရေကန်မျက်နှာပြင်ကိုပဲ မျက်နှာသေနဲ့စိုက်ကြည့်နေပါတယ်။

....

ရေကန်ကမ်းခြေမှာတော့ ကြောင်နက်က လက်ပိုက်လိုက်ပြီး အာသာရီယာကို လှမ်းစကားစလိုက်ပါပြီ။ "ငါတို့ရဲ့နဂါးပြာအဒေါ်ကြီးကတော့ နောက်တစ်ခါ ဉာဏ်များပြန်ပြီလားမသိဘူး။ ဘာလို့ရေကန်က အန္တရာယ်ရှိတဲ့အကြောင်း သူ့ကိုကြိုမပြောခဲ့တာလဲ။ တစ်ခုခုဖြစ်သွားရင် ငါတို့တာဝန်မကင်းဘူးနော်။"

အာသာရီယာကတော့ တည်တန့်တဲ့မျက်နှာထားနဲ့ ရှိနေဆဲပါ။ သူက ပြုံးလည်းမပြုံး မဲ့လည်းမမဲ့ထားတဲ့ မျက်နှာနဲ့ အခုလိုပြောလိုက်လေရဲ့။ "လောကတစ်ခုလုံးကို ကာကွယ်မယ့်သူက အကူအညီမပါဘဲ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်လို့ ဘယ်ဖြစ်မလဲ။ သူတစ်ခုခုဖြစ်သွားရင် အဲဒီနေရာနဲ့မထိုက်တန်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တယ်။"

အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ လိပ်နက်ကတော့ ရေကန်ရဲ့အပြောင်းအလဲတွေကိုကြည့်ရင်း စိုးထိတ်လာပါတယ်။ မက်ဒါနာ ရေကန်ထဲကို မဆင်းခင်အထိ

အရာအားလုံးက ပုံမှန်အတိုင်းရှိနေပေမဲ့ ရေကန်ထဲကို

မက်ဒါနာဆင်းသွားတာနဲ့ ပတ်ဝန်းကျင်တောအုပ်တွေကနေ အော်သံတွေထွက်ပေါ်လာပြီး ထူးဆန်းတဲ့မြူငွေ့တွေက တောအုပ်တွေထဲကနေ မြစ်ရေစီးလိုမျိုး စီးကျလာပြီး သူတို့ပတ်ပတ်လည်ကို ဖုံးအုပ်သွားတယ်။ မြူတွေထဲမှာ လှုပ်ရှားနေတဲ့ အမည်မသိအရာတွေလည်း ရှိနေပုံပေါ်ပြီး ဖရန့်က သူ့ထက်စီနီယာကျတဲ့ သားရဲတွေရဲ့မျက်နှာကို ကြည့်လိုက်တယ်။

"မကြောက်နဲ့၊ သူတို့က ကြောက်ရွံမှုကို အာရုံခံနိုင်တယ်။" ကိုင်းတိုက ပြောလိုက်ပြီး သူ့လက်ကိုမြှောက်လိုက်တယ်။ မီးတောက်မီးလျှံတွေက ကောင်းကင်ထိထိုးတက်သွားပြီး မြူခိုးတွေ သူတို့နားရောက်မလာအောင် တားဆီးလိုက်တယ်။ အဖြစ်အပျက်တစ်ခုလုံး ကိုင်းတိုက ရေကန်ကိုမျက်လုံးအကြည့်မလွှဲဘဲ လှုပ်ရှားခဲ့တာပါ။

...

'ဘာမှတော့ မဖြစ်လောက်ပါဘူး။' ရေကန်ထဲ ရောက်ရောက်ချင်း မက်ဒါနာက ကန်ရေပြင်ထက်ကို ပြန်ပြီးကြည့်လိုက်တယ်။ အယ်လိုဟင်ရဲ့လှေကို သူမြင်နေရဆဲဖြစ်ပြီး နေရောင်ခြည်ကလည်း ကန်မျက်နှာပြင်ကို

ထိုးဖောက်ပြီး ကျဆင်းနေဆဲပါ။ လှုပ်ခတ်နေတဲ့ ရေလှိုင်းငယ်လေးတွေကြောင့် ရေပြင်အောက် နေရောင်ဟာ မတည်ငြိမ်ဘဲ ပျောက်သွားလိုက် ပြန်လင်းလတ်လာလိုက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ရေအောက်ရှုခင်းတွေကို ခံစားနေဖို့ အချိန်မရှိတာကြောင့် မက်ဒါနာက

ဓားဆီကို စပြီးကူးခတ်တယ်။

'နည်းနည်းအေးလာသလိုပါလား၊ ကန်မျက်နှာပြင်နဲ့ ဝေးလာလို့နေမယ်။' ရေအောက်မီတာဒါဇင်ချီကို ဆင်းလာပြီးတဲ့ မက်ဒါနာဒီလိုတွေးလိုက်မိတယ်။ အလင်းရောင်ရှိနေသေးပေမဲ့ ရေအောက်ရှုခင်းတွေက တဖြည်းဖြည်းမှောင်မိုက်လာပြီ။ အာသာရဲ့ဓားကတော့ အလင်းရောင်တွေ ဖြာထွက်နေဆဲပါ။

ကလုံ...

ရေကန်ထဲမှာ တစ်စုံတစ်ခုကူးခတ်လာနေတဲ့ အသံကို နားထဲက မသဲမကွဲကြားရတဲ့အတွက် လိုက်ကြည့်မိပေမဲ့ ဘာကိုမှမတွေ့ရဘူး။ ငါးအကောင်ကြီးကြီး တစ်ကောင်ဖြစ်မှာပါလို့ တွေးပြီး ဆက်ကူးခတ်လိုက်တယ်။

တဖြည်းဖြည်းနဲ့ ခရီးတစ်ဝက်ကျိုးလာပြီ။ ဘေး

ပတ်ဝန်းကျင်ကို မှုန်ပျပျပဲ မြင်ရတော့တာဖြစ်ပေမဲ့ ဘုရင်အာသာရဲ့ဓားနဲ့ပိုနီးလာပြီး ဓားက အလင်းတွေကိုလည်း ပိုမြင်လာရတယ်။ နေရောင်က အလင်းပြန်

နေတာဟုတ်ပုံမပေါ်ဘဲ ဓားကိုယ်တိုင်က ရွှေရောင်အလင်းတွေ ထွက်နေတဲ့ပုံပါပဲ။ ပြီးတော့...

ဖလော....

နောက်ထပ် ရေကန်ထဲမှာ အကောင်ကြီးကြီးတစ်ကောင် ကူးခတ်နေတဲ့ အသံကိုကြားလိုက်ရပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ဘာမှသေချာမမြင်ရပေမဲ့ မျက်လုံးထောင့်ကနေ အရိပ်တချို့မြင်လိုက်ရသလိုပဲ။ ဒါပေမဲ့ အသက်အောင့်နိုင်စွမ်းက အကန့်အသတ်ရှိတာကြောင့် အချိန်ဆွဲမနေတော့ဘဲ မက်ဒါနာ ဓားဆီကို ပိုပြီးမြန်မြန်ကူးခတ်သွားလိုက်တယ်။

ကလုံ... ဖလော... ဖလပ်... ဖလပ်...

ဓားနဲ့ပိုနီးလာတော့ အရိပ်မည်းတွေကို သူပိုမြင်လာရပြီး အရိပ်မည်းတွေက ပုန်းကွယ်နေဖို့ စိတ်မဝင်စားတော့တဲ့ပုံပဲ။ အရိပ်မည်းတွေက ပတ်ပတ်လည်မှာ ကူးခတ်နေပြီး အချိန်မရွေးရန်ပြုမယ့် ပုံစံမျိုးရှိနေတယ်။ စိတ်ထဲမှာ ပြန်လှည့်ထွက်လို့ရရင်ကောင်းမှာပဲလို့ အတွေးဝင်လာပေမဲ့ ချက်ချင်းခေါင်းခါပြီး ဆက်ကူးသွားလိုက်တယ်။

'ငါက ဟီးရိုးတစ်ယောက်လေ၊ ဘာမဟုတ်တဲ့ အရိပ်လေးတွေကြောင့်နဲ့ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်စရာလား။'

မက်ဒါနာက ဆက်အားတင်းထားပြီး ဆက်ကူးခတ်သွားပေမဲ့ အရိပ်မည်းတွေက ပိုပြီးသောင်းကျန်းလာတယ်။ အရိပ်မည်းတွေက ပတ်ပြီးကူးခတ်နေရုံတင်မကဘဲ အရူးအမူးစတင်အော်ဟစ်လာကြတယ်။

ဝူး... ဝရူး.... ဝေါ.... ဝရော....

အရိပ်မည်းတွေဆီက ကြောက်စရာအသံတွေကို ကြားနေရပေမဲ့ မက်ဒါနာက ဘုရင်အာသာရဲ့ဓားက ထုတ်ဖော်နေတဲ့ ရွှေရောင်အလင်းကို မျှော်လင့်ချက်တစ်ခုလို သဘောထားပြီး ဆက်ကူးခတ်နေပေမဲ့ ဓားနဲ့နီးမလာဘဲ ပိုဝေးကွာလာသလို ခံစားချက်မျိုးကို ရလာတယ်။ ပြီးတော့ အရိပ်မည်းတစ်ခုက သူ့ဆီပြေးဝင်လာပြီး သူ့ပခုံးနှစ်ဖက်ကို လက်နဲ့ဖမ်းဆုပ်ကာ ရေပေါ်ကို ပြန်တွန်းထုတ်ဖို့ကြိုးစားတယ်။

ဝေါ....

မက်ဒါနာက အရိပ်မည်းကို ခြေထောက်နဲ့ကန်ထုတ်လိုက်တော့ ပျောက်ကွယ်သွားပေမဲ့ နောက်ထပ်အရိပ်တွေက သူ့ဆီကို ဆက်ကူးခတ်လာနေတုန်းပဲ။ သိပ်ပြီးမဟန်မှန်းသိပေမဲ့ လုပ်စရာရှိတာကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဓားဆီဆက်ကူးခတ်တယ်။ အရိပ်မည်းတွေကလည်း သူ့ကိုတရစပ်တိုက်ခိုက်နေပေမဲ့ ပြန်တိုက်ပြီး ဆက်ကူးနေတယ်။

ဒါပေမဲ့ ဘယ်လောက်ဆက်ကူးကူး ခရီးမရောက်ဘူးဆိုတဲ့ ခံစားချက်က ပိုကြီးထွားလာနေပြီး အရိပ်မည်းတွေ သူ့ကိုလာတိုက်ခိုက်တိုင်းမှာ မျှော်လင့်ချက်အစိတ်အပိုင်းတချို့ ပဲ့ပါသွားသလိုမျိုး ခံစားနေရပါတယ်။ ပြီးတော့ သူမေ့ပျောက်ထားချင်တဲ့ ခံစားချက်ဆိုးတချို့ကို ပြန်တွေးလာမိပြီး စတင်မွန်းကျပ်လာတယ်။

ရန်သူတွေနဲ့ တိုက်ခိုက်နေတုန်း မျှော်လင့်ချက် ကင်းမဲ့သလို ခံစားရတာတွေ၊ သူမကယ်နိုင်ခဲ့တဲ့သူတွေဖို့ အပြစ်မကင်းသလို ခံစားရတာတွေ၊ သတ်ခဲ့တဲ့ရန်သူတွေရဲ့နောက်ကြောင်းကို သတိရလာပြီး နောင်တရသလို ဖြစ်လာတာတွေ စတဲ့ခံစားချက်ဆိုးတွေအပြင်

ငယ်ဘဝက အတိတ်ဆိုးတွေကို ဖြည်းဖြည်းချင်းပြန်ပြီး သတိရလာနေတယ်။

စိတ်မကောင်းစရာကောင်းလွန်းလို့ မေ့ထားခဲ့တာလား၊ သူကိုယ်တိုင်မမှတ်မိတော့တာလား မသိပေမဲ့ သူ့အဖေရဲ့နောက်ဆုံးနေ့တွေအကြောင်းကို စပြီးပြန်တွေးလာမိတယ်။ နေ့ရက်တိုင်းက ပုံမှန်လိုထင်ခဲ့ရပေမဲ့ တစ်နေ့တော့ သူ့အဖေအိမ်ကနေထွက်သွားပြီး ပြန်ပေါ်မလာနိုင်ခဲ့ဘူး။ နောက်ရက်ကျတော့ သူ့အဖေပြန်မလာနိုင်တော့မှန်း သိခဲ့ရပြီး ရပ်ကွက်ထဲက ပန်းခြံလေးထဲမှာ တစ်ယောက်ထဲ ငိုခဲ့မိတယ်။ ပြီးတော့ အသုဘအခမ်းအနားကိုလာတက်ရောက်တဲ့ ဟီးရိုးကို သူ့အဖေကို ကယ်ဖို့အတွက် အချိန်မီရောက်မလာလို့ဆိုပြီး လက်သီးနဲ့ပြေးထိုးခဲ့တာတွေပါ ပြန်ပြီးအမှတ်ရလာတယ်။ နောက်တော့ သူကိုယ်တိုင် လူတိုင်းကို ကယ်နိုင်တဲ့ ဟီးရိုးဖြစ်စေရမယ်လို့ သစ္စာဆိုခဲ့ပြီး ပစ္စည်းအသေးအမွှားတွေကို တီထွင်ခဲ့တာတွေရောပေါ့။

သူ့စိတ်ထဲမှာ အလေးစားရဆုံး ဟီးရိုးဖြစ်တဲ့ ကီလိုမန်းသေဆုံးသွားတာကို မယုံနိုင်ဖြစ်ခဲ့ပြီး လူတိုင်းသူ့ကိုလိမ်နေတယ်လို့ ထင်ခဲ့တဲ့အချိန်တွေ။ ဟီးရိုးဖြစ်ဖို့ အကြိမ်ကြိမ်ကျဆုံးခဲ့ပြီး စွမ်းအားမရှိဆိုတဲ့ အဖြေလွှာကိုစုတ်ဖြဲရင်း လမ်းကြားလေးထဲမှာ ငိုရှိုက်ခဲ့မိတဲ့အချိန်တွေ။ မှတ်ဉာဏ်ဆိုးတွေအားလုံးကို မက်ဒါနာ သတိပြန်ရလာတယ်။

တဖြည်းဖြည်းနဲ့မှတ်ဉာဏ်တွေကြားထဲမှာ နစ်မြုပ်လာပြီး သူ့ကိုယ်သူရေကူးဖို့ သတိရမတော့ဘူး။ အရိပ်မည်းတွေကတော့ အုပ်လိုက်ပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်နေပြီဖြစ်ပြီး သူကိုယ်သူခုခံဖို့ သတိမရတော့ဘူး။

'.....' သူ့ခေါင်းထဲမှာ အတွေးတွေစပြီး ဗလာကျင်းစပြုလာတယ်။ အဲဒီနေ့က သူရေဆိုးမြောင်းထဲမှာ လဲကျနေတုန်းကလိုပဲ။ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ရှိုက်ငိုနေခဲ့မိတာ။ လုံးဝအကူအညီမဲ့နေတဲ့ မိန်းကလေးတစ်ယောက်လိုပေါ့။ နောက်တော့ သူ့မြင်ကွင်းတွေဝေဝါးလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်လာတယ်။

ဗွမ်း....

နောက်ထပ်တစ်စုံတစ်ရာ ရေထဲကို ဆင်းလာတဲ့အသံကို သူကြားပေမဲ့ သူ့အသိစိတ်တွေက ဘာကိုမှသတိမထားနိုင်လောက်အောင် ဝေဝါးနေပြီး နေရောင်မဝင်တော့တဲ့ ရေကန်မျက်နှာပြင်ကိုပဲ စိုက်ကြည့်နေမိတယ်။ နောက်တော့ တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို လာကိုင်ပြီး ရေကန်ရဲ့မျက်နှာပြင်အထက်ကို ပြန်ဆွဲခေါ်သွားတယ်။ ဒါပေမဲ့ ရေကန်ထဲက မထွက်ခင်မှာတင် သူ့အသိစိတ်လုံးဝပျောက်သွားပြီး အမြင်တွေအမှောင်ကျသွားတယ်။

....

ဖြန်း... ဖြန်း....

တစ်စုံတစ်ယောက် သူ့ပါးကို လာရိုက်တာခံစားမိတဲ့အတွက် သတိပြန်ဝင်လာပေမဲ့ တစ်ကိုယ်လုံးထုံကျင်အေးစက်နေတဲ့အတွက် မလှုပ်ရှားချင်ဖြစ်နေတယ်။ သူ့အနားမှာ တစ်ယောက်ယောက်အော်ဟစ်နေတာကိုလည်း ကြားရပေမဲ့ ဘာတွေအော်ပြောနေမှန်း သူမသိဘူး။

နောက်တော့ သူ့နှုတ်ခမ်းက နူးညံ့နွေးထွေးတဲ့ တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းကို ခံစားမိလိုက်ရပြီး ပါးစပ်ကနေ ရေတွေအများကြီး အန်ထုတ်လိုက်မိတယ်။ နောက်တော့ တစ်ကိုယ်လုံးက အအေးဓာတ်တွေ ဖြည်းဖြည်းချင်းလျော့ပါးသွားပြီး အမြင်တွေ ပြန်ကြည်လင်လာတယ်။

"မက်ဒါနာ၊ နင်သတိရလာပြီလား။ တော်သေးတာပေါ့။" သူမြင်လိုက်ရတာက ဆိုဖီယာရဲ့မျက်နှာပါ။

ရေတွေကို ဆက်တိုက်အန်ထုတ်လိုက်ပြီး မွန်းကျပ်နေတာ သက်သာသွားတော့မှ မက်ဒါနာက ဆိုဖီယာကို မေးလိုက်တယ်။ "ငါဘာဖြစ်နေတာလဲ။"

"နင်ရေနစ်နေတာလေ၊ အရူးမရဲ့။ ငါသာရောက်မလာရင် သေနေလောက်ပြီ။ အဲဒီသားရဲတွေက နင်ရေနစ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေကြတာဟဲ့။"

မက်ဒါနာထထိုင်လိုက်ပြီး သားရဲလေးကောင်ကိုရှာကြည့်တော့ တခြားသူတွေကို မတွေ့ရတော့ပေမဲ့ အာသာရီယာကတော့ အနားမှာရှိနေဆဲပါ။ သူက မက်ဒါနာကို လက်ပိုက်ပြီးကြည့်ရင်း အခုလိုပြောပါတယ်။

"စမ်းသပ်မှုကျရှုံးတယ် SilverKnight။ ဒီကောင်မလေးသာ နင့်ကိုလာမရှာရင် တကယ်သေသွားလောက်ပြီ။"

သူတို့ဒီကိုလာတာကို တခြားအဖွဲ့ဝင်တွေကို ပေးမသိခဲ့ဘူး။ ဒါပေမဲ့ ဆိုဖီယာကတော့ တစ်နည်းနည်းနဲ့သိပြီး ဒီနေရာကို တစ်ယောက်တည်းရောက်လာပုံပဲ။ ဆိုဖီယာက သက်ပြင်းချလိုက်ရင်း...

"နင်တွေးနေတာကို ငါသိတယ်။ ငါတို့က ဝိညာဥ်ချင်းချိတ်ဆက်ထားတာလေ။ ဒီကမ္ဘာမှာငါရှိနေသမျှ နင်ဒုက္ခရောက်တာနဲ့ ငါချက်ချင်းသိတယ်။"

မက်ဒါနာက ဆိုဖီယာကို ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးပြလိုက်ပေမဲ့ အရိပ်မည်းတွေအကြောင်းတွေးမိတော့

ချက်ချင်းအပျော်တွေပျောက်သွားပြီး အော်သာရီယာကို ကြည့်ကာမေးလိုက်ပါတယ်။

"မဒမ်အာသာရီယာ၊ အဲဒီအရိပ်မည်းတွေကို ဘာတွေလဲ။ မြူတန့်သားရဲတွေတော့ ဟုတ်ပုံမရဘူး။"

အာသာရီယာက လက်ပိုက်ထားဆဲဖြစ်ပြီး မက်ဒါနာကို အတက်အကျမရှိတဲ့ လေသံမျိုးနဲ့ ပြောလိုက်ပါတယ်။ "ဘုရင်အာသာရဲ့ဓားကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေရဲ့ဝိညာဥ်တွေပဲ။ ဓားကြောင့် သေဆုံးပြီးတာတောင် ဒီကမ္ဘာကြီးကနေ ထွက်ခွာမသွားနိုင်ဘဲ ပိတ်မိနေကြတာ။"

'အပြစ်မဲ့သူတွေရဲ့ပိတ်မိနေတဲ့ ဝိညာဥ်လား။' မက်ဒါနာက ရေကန်ဆီကို ပြန်ကြည့်လိုက်တယ်။ မြူတွေကို

မတွေ့ရတော့သလို နေရောင်ကလည်း ဖြာကျမြဲဖြာကျနေတယ်။ ဘယ်တုန်းကမှ အရိပ်မည်းတွေမရှိခဲ့သလိုပဲ။

"ဟုတ်တယ်၊ ဘုရင်အာသာက မင်းကောင်းတစ်ပါးဖြစ်ခဲ့ပေမဲ့ လူသားတစ်ယောက်ဖြစ်လို့ အပြစ်မဲ့သူတွေကို မှားယွင်းသတ်ဖြတ်မိတာမျိုး ရှိခဲ့ဖူးတယ်။ သူတို့တွေက ဓားရဲ့စွမ်းအားကြောင့် ပိတ်မိနေတဲ့ ဝိညာဥ်တွေဖြစ်လာပြီး ရေကန်ကို ညစ်ထေးစေခဲ့တယ်။ ပြီးတော့ သူတို့လိုနောက်အပြစ်မဲ့သူတွေ မသေရအောင် နောက်ထပ်ဓားကိုင်မယ့်သူရှိမလာဖို့ တားဆီးနေကြတာပဲ။"

မက်ဒါနာကျောချမ်းလာတယ်။ အာသာရီယာတစ်ယောက် သူ့လက်ထဲ ဓားကိုထည့်မပေးချင်တာ မထူးဆန်းဘူးပဲ။ အာသာရီယာက ဆက်ပြီးတော့ သူ့သဘောထားကို ရှင်းပြတယ်။

"စွမ်းအားက လူတစ်ယောက်ကို ရူးသွပ်စေနိုင်တဲ့အရာပဲ။ ဘယ်လောက်အပြစ်ကင်းစင်တဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ် စွမ်းအားနဲ့အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိနေရင် ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်လာကြတယ်။ ဘုရင်အာသာလည်း ဒီလိုလူတွေထဲက တစ်ယောက်ပဲ။ ပြီးတော့ သူကိုင်ထားတဲ့ဓားက သားရဲတွေရဲ့စွမ်းအားမပါသေးတဲ့ အခွံသက်သက်ပဲ။"

အာသာရီယာက မက်ဒါနာကို ငုံကြည့်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှာ အထင်သေးမှုနဲ့ မလိုလားတဲ့ ဆန္ဒတွေကို တွေ့မြင်နိုင်တယ်။ "သူလိုလူတောင်မှ ဓားကို ရေကန်ထဲကနေ ဆယ်နိုင်ခဲ့သေးတာ။ မင်းလို ရေကန်ထဲကနေ ဓားကိုမဆယ်နိုင်တဲ့လူလက်ထဲ ဘယ်လိုလုပ်ပြီး တစ်ကမ္ဘာလုံးရဲ့ကံကြမ္မာကို အပ်ဖို့ဖြစ်နိုင်မှာလဲ။"

ဒီအခိုက်အတန့်လေးမှာပဲ မက်ဒါနာရဲ့ရင်ထဲမှာ တာဝန်မကင်းစိတ်နဲ့ ရှက်ရွံ့ခြင်းကို ခံစားမိလိုက်ပြီး ဖြည်းဖြည်းချင်းထရပ်ကာ ရေကန်ရဲ့မျက်နှာပြင်ကို ပြန်စိုက်ကြည့်ပါတယ်။

"မဒမ်အာသာရီယာ၊ ကျွန်မထပ်ပြီး ကြိုးစားလို့ရတယ်မဟုတ်လား။"

အာသာရီယာကလည်း ရေကန်ရဲ့မျက်နှာပြင်ကို ကြည့်လိုက်တယ်။ "မင်းမကျေနပ်သေးရင် ထပ်ပြီးကြိုးစားလို့ရတယ်။ ငါကလည်း ကတိအတိုင်းပဲ အောင်မြင်တာနဲ့ အခွင့်အရေးတစ်ခုပေးမယ်။ ဒါပေမဲ့

နောက်အကြိမ်တွေမှာ အခုတစ်ခေါက်လို ကံကောင်းမယ်လို့တော့ မပြောနိုင်ဘူးနော်။ ဟိုကောင်မလေးက မင်းကိုကယ်ဖို့ အစွမ်းကုန်ထုတ်ခဲ့ရတာ။ ဒီရေကန်ထဲကို ငါတို့တောင် အကြောင်းမရှိဘဲ မဆင်းချင်ဘူး။ ထောင်ချီတဲ့ အဆိုးမြင်ဝိညာဥ်တွေက သားရဲတွေကိုတောင် ရူးသွပ်သွားစေနိုင်တာမျိုးလေ။"

အာသာရီယာက ဒီစကားကို ပြောပြီးတဲ့နောက် ရေကန်ကနေ ထွက်ခွာသွားတယ်။ မက်ဒါနာကတော့ စိုးရိမ်စွာနဲ့ အာကာသနတ်သူငယ်လေးကိုကြည့်လိုက်တော့ တကယ်ပဲသွေးမရှိသလိုဖြစ်ပြီး အားနည်းနေတာကို တွေ့လိုက်ရတယ်။

"ငါအဆင်ပြေပါတယ်၊ နင်အသင့်ဖြစ်ရင် ထပ်ပြီးစမ်းကြမယ်။ ငါကတော့ နင့်ရဲ့ကမ်းခြေစောင့် (life guard)အဖြစ် လုပ်ပေးမယ်။"

ဆိုဖီယာက သူ့ကိုလက်မထောင်ပြီး ပြုံးပြလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက ကမ်းခြေကိုပဲ ကြည့်နေလေရဲ့။ "ဟေး၊ ဆိုဖီယာ။ မဒမ်အာသာရီယာက ငါတို့ကို အခုလိုတင်းကျပ်နေတာ အကြောင်းတစ်ခုခုရှိမယ်ထင်လား။"

ဆိုဖီယာက ဒီစကားကိုကြားတော့ ခေါင်းညိတ်ပြပါတယ်။ "ဖရာလီတာအဆိုအရတော့ ဘုရင်အာသာသေပြီးတဲ့နောက် နဂါးပြာက ဒဏ်ရာအကြီးအကျယ်ရသွားတယ်။ ဖြစ်နိုင်တာတစ်ခုက အဲဒီဓားကို ဒီကန်ထဲထည့်ဖို့အတွက် ကြိုးစားရင်းဖြစ်ခဲ့တာ ဖြစ်လိမ့်မယ်။ အရိပ်မည်းတွေက သာမန်လူတွေကို ထိခိုက်စေနိုင်တယ်လေ။"

မက်ဒါနာ ထိတ်လန့်သွားတယ်။ နဂါးပြာက ဒဏ်ရာရပြီး အားနည်းနေတာ မထူးဆန်းတော့ဘူးပဲ။ သူက ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ ဓားကိုထိန်းသိမ်းဖို့ အားကုန်ထုတ်ခဲ့ရတာပဲ။

All Chapters