← Chapters

မြေပုံ အပိုင်းအစ

Vol. 15 Ch. 203

မြေပုံ အပိုင်းအစ

Vol. 15 Ch. 203

“ကျေးဇူးရှင်ကြီးရဲ့ အမည်ကို သိပါရစေ ခင်ဗျာ ...”

ဖန်ကျင်းဆောင်က ရိုသေစွာဖြင့် မေးလိုက်ပါတယ်။

လီဖူချန်းက ပေါ့ပေါ့ပါးပါး ရယ်သွမ်းလိုက်ပြီး …

“ငါ့နာမည်ကတော့ ချန်းဖူလီပါ။ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပဲ ဆိုပါတော့”

ရုပ်ဖျက်ထားတဲ့ လီဖူချန်းရဲ့ ရုပ်အသွင်အပြင်က အသက်၃၀နီးပါး ဖြစ်နေသည်လေ။ သည်လိုအရွယ် ဆိုတာက ဂိုဏ်းတော် တစ်ခုခုရဲ့ အဓိက တိုက်ရိုက် တပည့်တွေ ရှိတတ်တဲ့ အသက်အရွယ်ပါပဲ။

“အိုး ... လက်စသတ်တော့ အစ်ကိုတော်က မိုးပြာရောင် ဂိုဏ်းသား တစ်ယောက်ကိုး။ ကျင်းယုက အစ်ကိုတော်ကို အရိုအသေ ပြုပါတယ်နော်”

လီဖူချန်းက မိုးပြာရောင် ဂိုဏ်းသား တစ်ယောက်ဆိုတာ သိသွားတဲ့ အတွက် ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က ပိုပြီး ခင်မင် သွားခဲ့ပါတယ်။ မိုးပြာရောင် ဂိုဏ်းဆိုတာ ဓားလမ်းစဉ်ကို လိုက်စားသည့် လမ်းမှန် ဂိုဏ်းကြီးတစ်ခုပင် မဟုတ်ပါလား။

တချို့သော ဂိုဏ်းတွေကတော့ လမ်းမှန်ဂိုဏ်း ဆိုပေမဲ့ အခြား ဂိုဏ်းတွေကို လွှမ်းမိုး အနိုင်ကျင့်တတ် ပါတယ်။ ဥပမာအားဖြင့် ငွေဝတ်ရုံ ဂိုဏ်းပေါ့။ ငွေဝတ်ရုံ ဂိုဏ်းသားတွေက အခြား ဂိုဏ်းသားတွေကို အမြဲအနိုင်ကျင့် တတ်သည်လေ။ မိုးပြာရောင် ဂိုဏ်းကတော့ ဒါမျိုး အလုပ်တွေကို လုပ်လေ့ မရှိပါဘူး။ သူတို့က အပူအပင်မဲ့ ဂိုဏ်းနဲ့ အတော်လေး ဆင်တူသည်လေ။

လီဖူချန်းက လက်ကာလိုက်ပြီး …

“ကျေးဇူးတင်စရာ မလိုပါဘူးကွာ။ သည်ငွေဝတ်ရုံ ဂိုဏ်းက ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ပုလင်းတူ ဘူးဆို့ တွေပဲလေ။ ငွေဝတ်ရုံဂိုဏ်းက တိုက်ရိုက်တပည့် တစ်ယောက်ကို သတ်လိုက် နိုင်တာက ငါတို့ မိုးပြာရောင်ဂို ဏ်းအတွက် ကောင်းတဲ့ အရာတစ်ခုပါပဲ”

ဖန်ကျင်းဆောင်က …

“အစ်ကိုချန်းက ဒါပြီးရင် ဘယ်ကို သွားမယ်လို့ စိတ်ကူး ထားလဲဗျ” ဟု မေးလိုက်ပါတယ်။

လီဖူချန်းက ခေါင်းခါလိုက်ပြီး …

“ငါလဲ ဘယ်သွားလို့ သွားရမယ်မှန်းကို မသိသေး ပါဘူးကွာ။ ငါက သည်တိုက်ပွဲ တစ်ရာ နယ်မြေကို အတွေ့အကြုံ ရချင်လို့ လာခဲ့တာကွ”

ဖန်ကျင်းဆောင်က အနည်းငယ် ချီတုံချတုံ ဖြစ်နေသလိုပါပဲ။ ထို့နောက်မှာတော့ စိတ်ပိုင်းဖြတ် ပြီးဟန်ဖြင့် …

“အစ်ကိုချန်း ... ကျွန်တော့်ဆီမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ သင်္ချိုင်းအုတ်ဂူ မြေပုံ တစ်ပိုင်းရှိတယ်။ အစ်ကိုချန်းက ကျွန်တော်တို့နဲ့ အတူတူ လိုက်ပြီး အဲသည် အုတ်ဂူကို ရှာဖို့ စိတ်ဝင်စားလား မသိဘူး”

အမှန်အတိုင်း ပြောရရင်တော့ သူက အခြား လူစိမ်း တစ်ယောက်ကို သည်အချက်အလက်တွေ မပြောပြ ချင်ပါဘူး။ ဒါပေမဲ့ လီဖူချန်းက သူနဲ့သူ့ညီမရဲ့ အသက်ကို ကယ်တင် ခဲ့တာလေ။ သည်ကျေးဇူးကို ပြန်မဆပ်ရင် ဖန်ကျင်းဆောင် တစ်ယောက် နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်တော့ပါဘူး။

ပြီးတော့ သည်သင်္ချိုင်း အုတ်ဂူကို ဝင်ရသည့် အလုပ်မျိုး ဆိုတာက အလွန် အန္တရာယ် များသည့် အလုပ်မျိုးပင် မဟုတ်ပါလား။

နောက်ထပ် လူတစ်ယောက် တိုးလာတာက ပိုပြီး စိတ်ချရသည်လေ။

“ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ဂူသင်္ချိုင်းလား"

လီဖူချန်းက အနည်းငယ် အံ့အားသင့် သွားပါတယ်။

မဟာပညာရှင်တွေ အကြောင်းအရင်း မရှိပဲ ပျောက်ကွယ်သွားပြီး နောက်မှာတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကပဲ အုပ်စိုးခဲ့ ကြတာလေ။

ဂိုဏ်းတစ်ဂိုဏ်း အဓွန့်ရှည် တည်တံ့ဖို့ ဆိုတာက သည်ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အပေါ်မှာပဲ မှီခိုသည် မဟုတ်ပါလား။

ပြန်လည် ဝင်စားခြင်း ပညာရှင် တစ်ယောက်ရဲ့ ဂူသင်္ချိုင်း ဆိုတာက မြောက်မြားလှ စွာသော ပညာရပ်တွေကို ရှာဖွေတွေ့ရှိ နိုင်သည်လေ။

သည်ပညာရပ်တွေက မိုးပြာရောင်ဂိုဏ်းမှာ မရှိတဲ့ ပညာရပ်တွေတောင် ဖြစ်နိုင်ပါ သေးသည်။

ဥပမာအားဖြင့် ဆိုရသော် မိုးပြာရောင် ဂိုဏ်းမှာရှိတဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်က အမြင့်ဆုံးဆိုလို့ ဆန်းကြယ် အဆင့်မြင့် ကျင့်စဉ် အထိပဲ ရှိပါတယ်။

လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုနဲ့ ဆိုရင်တော့ သိပ်မကြာခင်မှာပဲ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်ရဲ့ နောက်ပိုင်း အဆင့်တွေကို ရောက်ပါတော့မယ်။ အဲသည်အချိန် ကျရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ထိုအဆင့်တွေရဲ့ ဖိအားကို ခံနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် လီဖူချန်းက ဆန်းကြယ် အထွတ်အထိပ် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တွေကို လိုအပ်ပါတယ်။

သည်သင်္ချိုင်းဂူထဲမှာ ဆန်းကြယ် အထွတ်အထိပ် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တွေ ရှိရင် ရှိနေမှာပါ။

ပြီးတော့ လျှို့ဝှက် နည်းစနစ်တွေကို မျှော်လင့်နိုင် ပါသေးတယ်။

မိုးပြာရောင် ဂိုဏ်းမှာက အမွေခံမျှော်စင်ရဲ့ စတုတ္ထအထပ်ကို ဖြတ်ကျော်နိုင်မှ ကြယ်၄ပွင့်အဆင့် လျှို့ဝှက် နည်းစနစ်တွေကို လဲလှယ်ခွင့် ရမှာပါ။ အဲသည် အဆင့်ကို ရောက်ဖို့ ဆိုတာက သူ့အတွက်တော့ အရမ်း ဝေးနေပါသေးသည်။

“မြေပုံတစ်ပိုင်းပဲ ရှိတယ်ဆိုတော့ အခြား အပိုင်းတွေကော ရှိနေသေးတာပေါ့"

လီဖူချန်းက သူမရှင်းသည့် အချက်ကို သေချာအောင် ထပ်မေး လိုက်ပါတယ်။

မြေပုံ အပိုင်းအစလေး တစ်ခုကို အမှီပြုပြီး ဂူသင်္ချိုင်းကို လိုက်ရှာရ လောက်အောင်တော့ လီဖူချန်း မရူးမိုက် သေးပါဘူး။

ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး သေသေချာချာ ရှင်းပြပါတယ်။

“သည်မြေပုံ အစိတ်အပိုင်းက အားလုံးပေါင်း ၄ခုရှိတယ်။ သည်၄ခု စလုံးက လေလံပွဲ တစ်ခုမှာ ပေါ်ပေါက် လာခဲ့တာပဲ။ အဲသည် လေလံပွဲမှာ ဂိုဏ်းလေးဂိုဏ်းက တိုက်ရိုက် တပည့်တွေ ရှိနေခဲ့တယ်။ အဲသည်ဂိုဏ်း ၄ဂိုဏ်းကတော့ အပူအပင်မဲ့ ဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်း၊ မြေကမ္ဘာ မီးလျှံဂိုဏ်းနဲ့ နတ်စမ်းရေ တောင်ကြားဂိုဏ်းပဲ။

ငွေဝတ်ရုံဂိုဏ်းက လျူကောင်းဖန်က ကျွန်တော့်ဆီမှာ သည်မြေပုံ အစိတ်အပိုင်း တစ်ခု ရှိနေတယ် ဆိုတာကို သိသွားလို့ အခုလို အကောက် ကြံခဲ့တာ”

ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နာမည်ကို ကြားတုန်းကတော့ လီဖူချန်းက မျက်ခုံး အနည်းငယ် ပင့်ရုံက လွဲပြီး ဘာမှ မခံစားရပါဘူး။

ဒါပေမဲ့ နတ်စမ်းရေ တောင်ကြားဂိုဏ်းရဲ့ နာမည်ကို ကြားလိုက်ရတဲ့ အခါမှာတော့ လီဖူချန်းက ရုတ်တရက်ကြီး ခေါင်းကိုက်လာ သလိုတောင် ခံစားလိုက် ရတယ်လေ။

ခရမ်းရောင် ဆေဘာဂိုဏ်း ဆိုတာက မိုးပြာရောင်ဂိုဏ်းနဲ့ မကြာခဏ ထိပ်တိုက် တွေ့နေကျ ဖြစ်သည့်အတွက် လီဖူချန်းက သူတို့အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။

ဒါပေမဲ့ နတ်စမ်းရေ တောင်ကြားဂိုဏ်း ကတော့ တကယ့် ပြဿနာပါပဲ။ သည်ဂိုဏ်းက မိုးပြာရောင် ဂိုဏ်းထက်ကို အဆင့်တစ်ဆင့် မြင့်တယ်လေ။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဂိုဏ်းတွေကို အဆင့် သတ်မှတ်ချက်နဲ့ ထားပါတယ်။

အပူအပင်မဲ့ ဂိုဏ်း၊ မြေကမ္ဘာ မီးလျှံဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်း၊ ဝိညာဉ် ကဝေဂိုဏ်း၊ မိုးပြာရောင်ဂိုဏ်း၊ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ငွေဝတ်ရုံ ဂိုဏ်းတွေ အားလုံးက အဆင့် သတ်မှတ်ချက် ၁ရှိသည့် ဂိုဏ်းတွေပါပဲ။ ကောင်းကင် နတ်ဆိုးဂိုဏ်းက မိုးပြာရောင် ဂိုဏ်းထက် သာလွန်ပေမဲ့လည်း ကွာဟချက် ကြီးကြီးမားမား သိပ်မရှိသည့် အတွက် အဆင့်၁ ဂိုဏ်းတွေထဲမှာ ပါဝင်ပါတယ်။

ဒါပေမဲ့ နက္ခတ် တာရာဂိုဏ်း၊ တုံလင်ကလန်နဲ့ နတ်စမ်းရေ တောင်ကြားတို့ ကတော့ ပိုပြီး အဆင့်မြင့်တဲ့ ဂိုဏ်းတွေပါ။

လီဖူချန်းက နတ်စမ်းရေ တောင်ကြားကို မကြောက်ပါဘူး။ နတ်စမ်းရေ တောင်ကြားက မည်မျှ အစွမ်းထက် နေပါစေလေ။ မိုးပြာရောင်ဂိုဏ်းနဲ့ နတ်စမ်းရေ တောင်ကြားရဲ့ ကြားထဲမှာ နယ်မြေတွေ အများကြီး ပိုင်းခြားထားသည် မဟုတ်ပါလား။

သူက နတ်စမ်းရေ တောင်ကြားကို ရန်စလိုက်မိ ရင်တောင် သူတို့က မိုးပြာရောင် ဂိုဏ်းကို လာရောက် ရန်ရှာနိုင်မှာ မဟုတ်ပါဘူး။

မဟာဂိုဏ်း စစ်ပွဲကြီး ပြီးကတည်းက ဂိုဏ်းတွေက တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း အစွမ်းကုန် တိုက်ခိုက်လေ့ မရှိတော့ပါဘူး။ အဲဒါက ဂိုဏ်းတွေကြားမှာ ရှိနေသည့် မျှခြေကို ပျက်သွားစေ နိုင်ပါတယ်။ ပြီးတော့ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းက အခြား ဂိုဏ်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး အခွင့်ကောင်းကို စောင့်နေကြသည် မဟုတ်ပါလား။

လီဖူချန်း စိုးရိမ်တာက နတ်စမ်းရေ တောင်ကြားရဲ့ တိုက်ရိုက် တပည့်တွေ ကိုပါပဲ။ သူတို့ရဲ့ အရည်အချင်း ဘယ်လောက် ရှိသလဲ ဆိုတာကို သူကောင်းကောင်း မသိထားဘူးလေ။

ဖန်ကျင်းဆောင်က ဆက်ပြီး ပြောပါတယ်။

“မြေပုံမှာ ညွှန်းထားတာ ကတော့ သည်ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ရဲ့ ဂူသင်္ချိုင်းက မြူခိုးမြို့မှာလို့ ပြောတာပဲ။ နောက်တစ်ပတ်နေရင် သည်မြေပုံ အစိတ်ပိုင်းတွေကို ရထားတဲ့ ဂိုဏ်းလေးဂိုဏ်း တိုက်ရိုက် တပည့်တွေက မြူခိုးမြို့မှာ ဆုံကြလိမ့်မယ်။ မြေပုံလေးခု စုံရက်တော့ အားလုံး အတူတကွ ဂူသင်္ချိုင်းကို ရှာမယ်လို့လည်း ကတိပြု ထားကြတယ်”

“ဟုတ်ပြီလေ။ ငါ့ကိုပါ ထည့်တွက် လိုက်တော့။ ငါတို့သုံးယောက် မြုခိုးမြို့ကို သွားကြတာပေါ့”

မြူခိုးမြို့ ဆိုတာက သည်နေရာကနေ သွားရင် သိပ်ပြီး မဝေးလှပါဘူး။ သုံးရက်လောက် သွားလိုက်တာနဲ့ကို ရောက်ပါတယ်လေ။

အခွင့်အလမ်းက သူ့ရှေ့မှာ ရောက်လာမှတော့ လီဖူချန်းက ဘာဖြစ်လို့ မသွားရဲ ရမည်နည်း။

လမ်းတစ်လျှောက် မှာတော့ သူတို့သုံးယောက်ဟာ ပိုပြီး ရင်းနှီးလာ ခဲ့ပါတယ်။ ဖန်းကျင်းဆောင်တို့ရဲ ရှင်းပြမှုတွေကြောင့် လီဖူချန်းဟာ တိုက်ပွဲတစ်ရာ နယ်မြေ အကြောင်း ပိုသိလာခဲ့ ပါပြီ။

***

နောက်ထပ်သုံးရက် အကြာမှာတော့ သူတို့ သုံးယောက်ဟာ မြူခိုးမြို့ကို ရောက်လာပါ တော့တယ်။

မြူခိုးမြို့ရဲ့ မိုင်တစ်ထောင် ပတ်လည်မှာတော့ မြူခိုး ထုကြီးတွေက အမြဲ အုံ့ဆိုင်းလျက် ရှိနေပါတယ်။

မြူခိုးမြို့ထဲမှာတော့ မြူနည်းနည်း ပါးပါးပဲ ရှိနေလို့ တော်ပါသေးသည်။

လီဖူချန်းတို့ ၃ယောက်က တည်းခိုခန်း တစ်ခုကို ရှာပြီး အရင်ဆုံး အနားယူဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ညဘက်ရောက်တဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ ဗလာနယ် လက်ဝါးကို သေသေချာချာ ပြန်ဆန်းစစ် နေပါတယ်။

အရင်တုန်းက အဝါရောင် ဖျော့ဖျော့ ဖြစ်နေတဲ့ သူ့ရဲ့ လက်ဝါးဟာ အခုဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ် နေခဲ့ပါပြီ။ သည်အတိုင်း ကြည့်လိုက်မယ် ဆိုရင် ဘာမှ ထူးခြားမှု မရှိသလိုပါပဲ။

လီဖူချန်း တစ်ယောက်တည်း သာလျှင် သည်လက်ဝါးရဲ့ ပြင်းအားနဲ့ ကန့်သတ်ချက်တွေကို ကောင်းကောင်းကြီး သိထားတာပါ။

ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေရမယ့် ခရီးဟာ အလွန်တရာမှ အန္တရာယ် များမည်ဆိုတာကို သိထားတဲ့ အတွက် သူ့အစွမ်း နည်းနည်းလောက် တိုးလာရင်လည်း ကောင်းတာပါပဲဟု တွေးပြီး လီဖူချန်းက ပြင်ဆင်နေတာပါ။

သူတို့၃ယောက် ထဲမှာဆိုရင် ဖန်ကျင်းဆောင်က မြေကမ္ဘာ နယ်ပယ် အဆင့်၅နဲ့ ကျင့်ကြံမှု အမြင့်ဆုံးပါပဲ။ ဖန်ကျင်းယုကတော့ မြေကမ္ဘာ နယ်ပယ် အဆင့်၄ ဖြစ်ပြီး လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၂ပါ။ သူတို့အဖွဲ့ရဲ့ ပျမ်းမျှ ကျင့်ကြံခြင်း အဆင့်က အတော်လေးကို နိမ့်နေပါတယ်။

ကံကောင်းတာ တစ်ခုကတော့ ဖန်ကျင်းဆောင်နဲ့ လီဖူချန်းတို့က သူတို့ သက်ဆိုင်ရာ ဂိုဏ်းတွေရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့်တွေ ဖြစ်နေတာပါပဲ။ သူတို့ရဲ့ အစစ်အမှန် အရည်အချင်းကို ကျင့်ကြံမှု နယ်ပယ်နဲ့ တွက်လို့ မရပါဘူး။

သည်အားသာ ချက်ကြောင့်လည်း လီဖူချန်းက ဖန်ကျင်းဆောင်တို့နဲ့ ပူးပေါင်းဖို့ သဘောတူ လိုက်တာပါ။ မဟုတ်လို့ကတော့ လီဖူချန်းက ဝေါနဲ့ လာပင့်ရင်တောင် သင်္ချိုင်းဂူကို လိုက်ရှာဖို့ သဘောတူမှာ မယုတ်ပါဘူး။ ဒါက အခွင့်အလမ်း မဟုတ်တော့ဘူးလေ။ ဒါက သေမင်းဆီကို အလည်သွားတဲ့ ငရဲပြည် ဖြတ်လမ်းပါပဲ။

နတ်စမ်းရေ တောင်ကြားကို အသာထား။ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ မြေကမ္ဘာ မီးလျှံဂိုဏ်းနဲ့တင် ကိစ္စပြတ် သွားနိုင်ပါတယ်။

သည် ကိစ္စမှာ ပါဝင်မယ့် လူတွေ အားလုံးဟာ တိုက်ရိုက် တပည့်တွေ ဖြစ်တဲ့အတွက် သူတို့၃ယောက်က အရိုးအရင်း လေးတောင် ကိုက်လိုက်ရမှာ မဟုတ်ပါဘူး။

( မှတ်ချက်- ဥပမာပေးကောင်းလို့ မင်းသားလည်း ခွေးဖြစ်ရပြီ။ )

“ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းနိမ့်လွန်း နေတာပဲ”

လီဖူချန်းက ခေါင်းတခါခါဖြင့် ဉာဏ်နီ၊ ဉာဏ်နက်တွေ ထုတ်နေပါတယ်။ သူက သည်သင်္ချိုင်းဂူ ဖောက်မည့် အလုပ်ကို လုံးဝ စိတ်နှစ် ထားသည်လေ။ သည်ခရီးမှာတော့ နတ်ဆိုးသတ် မြားသုံးစင်းနဲ့ မြေကမ္ဘာအဆင့် လက်နက် အပိုင်းအစ ကလည်း အများကြီး အကူအညီ ပေးနိုင်မည့်ပုံ မပေါ်ပါဘူး။ သူ့မှာတောင်မှ သည်လို အသက်ကယ် ပစ္စည်းတွေ ရှိနေသေးရင် အခြားဂိုဏ်းက တိုက်ရိုက် တပည့်တွေကလည်း အသက်ကယ် ပစ္စည်း အစုံအလင်နဲ့ လာမှာပါပဲ။  တချို့ဆိုရင် သူ့ထက် အစွမ်းထက်သည့် အသက်ကယ် ပစ္စည်းတွေတောင် ယူလာနိုင် ပါသေးတယ်။

“လခွီး ... ရှုပ်ပါတယ်ကွာ။ နောင်ခါလာ နောင်ခါဈေးပဲ ။ နောက်မှ မီးစဉ်ကြည့် ကတော့မယ်”

လီဖူချန်းက စဉ်းစားရင်း စဉ်းစားရင်း ခေါင်းကိုက်လာသည့် အတွက် ထပ်မစဉ်းစားတော့ပဲ ထိုးအိပ်ပစ် လိုက်ပါပြီ။

တချို့အရာတွေက စဉ်းစားနေလည်း ဘာမှ ထူးလာတာမျိုးမှ မဟုတ်တာလေ။

“အောက် အီးအီး အွတ် …”

လီဖူချန်းက အစောကြီး အိပ်ရာ နိုးနေပါတယ်။ သူက မျက်နှာ သစ်ပြီးတာနဲ့ ရှေးဟောင်း ပစ္စည်းလမ်းကြားကို သွားဖို့ ဦးတည်လိုက်ပါပြီ။

သူက ကံသွားစမ်းဦး မည်လေ။

သူများတွေ ပြောကြတာ ကတော့ သည်မြူခိုးမြို့ရဲ့ ရှေးဟောင်းပစ္စည်း လမ်းကြားမှာ ရောင်းတဲ့ ပစ္စည်းတွေက အခြား မြို့တွေထက် ပိုပြီး ထူးခြား ဆန်းကြယ်သည်တဲ့။

ကောလာဟလတွေ အရဆိုရင်တော့ သည်မြူခိုးမြို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြူတွေက သဘာဝ အတိုင်း ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။

မဟာ ပညာရှင်တွေကြားက တိုက်ပွဲတွေကြောင့် သည်မြူခိုးတွေ အုံ့ဆိုင်း လာခဲ့တာပါ။

သည်မြူခိုးအုပ်တွေ ကြားက ကောက်ရလာတဲ့ ပစ္စည်းတွေ ကလည်း ဘာတွေမှန်းကို ဘယ်သူမှ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့လည်း ကောက်ရလာတဲ့ ပစ္စည်းတွေ ကိုတော့ လူတွေက ရောင်းနေ ကြတာပါပဲ။ အထူးသဖြင့် ရှေးဟောင်းပစ္စည်း လမ်းကြားမှာ ပေါ့လေ။

ဥပမာအားဖြင့် လီဖူချန်း ဝယ်လာတဲ့ အကိုင်းလေး တစ်ကိုင်းပေါ့။ အဲသည် အကိုင်းလေးက မြူခိုးတွေကို ထုတ်လွှတ်ပေး နိုင်ပါတယ်။ လီဖူချန်းက သည်အကိုင်းလေးကို ရွှေပြား တစ်သောင်းပေးပြီး ဝယ်ခဲ့တာပါ။

သည်အကိုင်းလေးကို ဘယ်လို အသုံးပြုရသလဲ ဆိုတာကို သိလို့ လီဖူချန်းက ဝယ်လာတာ မဟုတ်ပါဘူး။ သည်အရာလေးက အရမ်းကို ရှားပါးနေလို့သာ ဝယ်လာခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက ပိုက်ဆံ အရမ်း ပေါနေသည် မဟုတ်ပါလား။ ရွှေပြားတစ်သောင်း ဆိုတာ လီဖူချန်း အတွက်ကတော့ ဖုတ်လေသည့်ငါးပိ ရှိသည်ဟုတောင် မထင်ပါဘူးလေ။

***

All Chapters