← Chapters

နောက်ထပ် တိုက်ခိုက်ဖို့ ပြင်နေတဲ့လူ အားလုံး သေစေရမယ်

Vol. 15 Ch. 206

နောက်ထပ် တိုက်ခိုက်ဖို့ ပြင်နေတဲ့လူ အားလုံး သေစေရမယ်

Vol. 15 Ch. 206

“လီဖူချန်း ... မင်းသည်နေ့ သေကို သေရမယ်”

လီဖူချန်းရဲ့ နတ်ဆိုး တစ်ကောင်လို ထက်မြက်မှုတွေက ဟူဟိုင်ရှန်းရဲ့ သတ်ဖြတ်ချင် စိတ်တွေကို ပိုပြီး လှုံ့ဆော် လိုက်သလိုပါပဲ။

လီဖူချန်းက မြေကမ္ဘာ အဆင့်၂နဲ့တောင် သူ့ကို ခုခံနိုင် နေသည်လေ။ အကယ်၍သာ လီဖူချန်းတစ်ယောက် မြေကမ္ဘာ အဆင့်၃ကို ရောက်သွားမယ် ဆိုရင် သူနဲ့ လက်ရည်တူလောက် သွားကျနိုင် ပါတယ်။ နောက်ထပ် မြေကမ္ဘာ အဆင့်၄ ဆိုရင်တော့ ဇာတ်လမ်းက သေချာပေါက် ပြတ်ပြီ မဟုတ်ပါလား။

ဟူဟိုင်းရှန်က လီဖူချန်းကို ဆက်လက် ကြီးထွားခွင့် မပေးနိုင် တော့ပါဘူး။

ရှိသမျှ စွမ်းအား အကုန်ကို စုစည်းလိုက်ပြီး ဟူဟိုင်းရှန်က ဆူးသီးတပ် တုတ်ဖြင့် လီဖူချန်းကို တစ်ချက်ပြီး တစ်ချက် ဆင့်ကာဆင့်ကာ ရိုက်ချ လိုက်ပါတယ်။

သည်ရိုက်ချက်ရဲ့ လျင်မြန်မှုနဲ့ ပြင်းထန်မှု ကတော့ အစောပိုင်းတုန်း ကနဲ့ ယှဉ်ရင် ဆီနဲ့ရေ လိုပါပဲ။

လီဖူချန်းက နောက်ကိုပဲ တစ်ဆုတ်တည်း ဆုတ်နေရပါပြီ။

‘သည်အတိုင်း ယှဉ်ချနေမယ် ဆိုရင်တော့ ငါ့အဖြစ်က ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်နေသလို ဖြစ်နေတော့မှာပဲ။ ငါ ဉာဏ်နည်းနည်း ကူမှ ဖြစ်တော့မယ်’

ရုတ်တရက် ချက်ချင်း ဆိုသလို လီဖူချန်းက တစ္ဆေတစ်ကောင် ပမာ ဟူဟိုင်းရှန်ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားခဲ့ပါတယ်။

ထို့နောက်မှာတော့ ဟူဟိုင်းရှန်းက နေရာ တကာမှာ လီဖူချန်းရဲ့ အရိပ်တွေကို မြင်လာရပါပြီ။

ဒါတောင်မှ လီဖူချန်းက လေအရိပ် ခြေလှမ်းကို ထုတ်မသုံး သေးလို့ပါ။ လီဖူချန်းသာ လေအရိပ် ခြေလှမ်းကို အစွမ်းကုန် ထုတ်သုံးလိုက်မယ် ဆိုရင် ဟူဟိုင်းရှန် တစ်ယောက် လီဖူချန်းရဲ့ အရိပ်ကိုတောင် မြင်ရမှာ မုတ်ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းက လေအရိပ် ခြေလှမ်းကို ထုတ်မသုံးရဲပါဘူး။ လေအရိပ် ခြေလှမ်းကို ထုတ်သုံးဖို့ ဆိုတာက ပထမဦးဆုံး အနေဖြင့် အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို အရင်ဆုံး ရုပ်သိမ်း ရမည်လေ။ ဟူဟိုင်းရှန်ရဲ့ အစွမ်းအစက အရမ်းကို ထက်မြက်လွန်း နေတဲ့အတွက် သည်အကူးအပြောင်း ကာလလေးမှာတင် လီဖူချန်းကို ဒုက္ခကောင်းကောင်း ပေးသွား နိုင်ပါတယ်။ လီဖူချန်းက သည်လို စွန့်စားမှုကြီးကို အတင့်ရဲပြီး မလုပ်လိုက် ချင်ပါဘူး။

ပြီးတော့ အရိပ်မဲ့ ခြေကွက်နှင့်ပင် အဆင်ပြေနေသည် မဟုတ်ပါလား။

ဟူဟိုင်းရှန်ကတော့ လေကို လိုက်ဖမ်းနေသည့် လူပိန်း တစ်ယောက်လို ဖြစ်နေပါပြီ။

လီဖူချန်းက သူ့ရဲ့ ဆူးသီး ၁၈ကြိမ်တိတိ လှပစွာ ရှောင်ထွက်ပြ သွားသည်လေ။

“မင်းရဲ့ ခြေကွက်တွေက တကယ် မြန်တယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမဲ့ ငါ့ကိုလည်း လျှော့မတွက်နဲ့"

ဟူဟိုင်းရှန်ရဲ့ လှုပ်ရှားမူတွေနဲ့ တိုက်ခိုက်နှုန်းတွေ ကလည်း လျှပ်ပြက်သည့် အလား မြန်လာခဲ့ ပါပြီလေ။

တချို့ ရိုက်ချက်တွေကို ဆိုရင် လီဖူချန်းတစ်ယောက် သေလုမြောပါးပင် ရှောင်နေရ ပါတယ်။

ဘယ်လိုဖြစ်ဖြစ် ဟူဟိုင်းရှန်က မြေကမ္ဘာနယ်ပယ် အဆင့်၈ ပညာရှင် ဖြစ်နေသေးသည် မဟုတ်ပါလား။

လီဖူချန်းက သည်အတိုင်းပဲ ဆက်သွားနေမယ် ဆိုရင် မဖြစ်တော့ဘူး ဆိုတာ ကောင်းကောင်းကြီး ရိပ်မိပါတယ်။

"မီးနဂါးချီ လာစမ်း”

လီဖူချန်း တစ်ယောက် မီးနဂါး လျှို့ဝှက် နည်းစနစ်ကို အသုံးပြုလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ အမြန်နှုန်းက နောက်ထပ် တစ်ဆင့်ကို ရောက်သွား ပြန်ပါပြီလေ။

ဗလာနယ် လက်ဝါးက သူ့ရဲ့ လက်တွေနဲ့ ချီပေါက်ကွဲမှုကိုပဲ အားကောင်း စေတာပါ။ မီးနဂါး လျှို့ဝှက် နည်းစနစ် ကတော့ မတူပါဘူး။ ဘက်ပေါင်းစုံ စွမ်းရည်ကို နောက်ထပ်တစ်ဆင့် တက်သွားစေ နိုင်ပါတယ်။

နှစ်ယောက်စလုံးရဲ့ စွမ်းရည်တွေက အဖက်ဖက်မှာ ညီမျှနေမယ် ဆိုရင်တော့ ဗလာနယ် လက်ဝါးက ပိုအသုံးဝင်မှာ ဖြစ်ပေမဲ့ အခုလို အခြေအနေမျိုး မှာတော့ မီးနဂါး လျှို့ဝှက် နည်းစနစ်က ပိုပြီး အကျိုး သက်ရောက်မှု ရှိတယ်လေ။

သည်လျှို့ဝှက် နည်းစနစ် နှစ်ခုက အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး သုံးစွဲရမှာပါ။

အခုအချိန်မှာတော့ ဟူဟိုင်းရှန်က လီဖူချန်းရဲ့ အဟုန်ကို လိုက်မမီတော့ပါဘူး။

အရိပ်မဲ့ ခြေကွက်က အမြန်နှုန်းကိုပဲ အားပြုတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အလှည့်အပြောင်းနဲ့ တစ်ဖက်လူကို စိတ်ရှုပ်အောင်လည်း လုပ်နိုင်ပါတယ်။ သည်အတိုင်း အမြန်နှုန်းချင်း ယှဉ်မယ်ဆိုရင် ဟူဟိုင်းရှန်က လီဖူချန်းကို မီပေမဲ့လည်း အခုလို အရွှေ့အပြောင်း အတိုးအလှုပ်တွေ ပါလာတဲ့ အခါမှာတော့ လုံးဝ မယှဉ်နိုင်ပဲ နောက်ကောက် ကျခဲ့ရပါပြီ။

ဒါပေမဲ့ နှမြောစရာ ကောင်းတာ တစ်ခုကတော့ ကိုယ်ဖော့ ပညာက အရာရာအတွက် အဖြေ မဟုတ်တာပါပဲ။

သိုင်းပညာရှင် နှစ်ယောက်ကြားက တိုက်ပွဲဆိုတာ သည်လောက် မရိုးရှင်းပါဘူး။ မဟုတ်လို့ ကတော့ လူတိုင်းက ကိုယ်ဖော့ ပညာတွေကိုပဲ ကျင့်နေတော့ မှာပေါ့လေ။

မင်းက တစ်ဖက် ရန်သူထက် ပိုမြန်နေ ပေမဲ့လည် တစ်ဖက်လူက မင်းရဲ့ လှုပ်ရှားပုံတွေကို ရိပ်စားမိ လာရင် ချောင်ပိတ်ပြီး တိုက်ခိုက် နိုင်ပါသေးတယ်။

“မင်း သည်ရိုက်ချက်ကို ရှောင်နိုင်ရင် ရှောင်စမ်းကွာ”

“မိုးထိ တောင်တန်းက ရိုက်ချက် ၁၈ချက်”

ဟူဟိုင်းရှန် ကလည်း အတွေ့အကြုံ များသည့် လူတစ်ယောက်ပါပဲ။ သိပ်မကြာခင်မှာပဲ သူက လီဖူချန်းကို ချောင်ပိတ်ထား လိုက်နိုင်ပါတယ်။ သူအခု သုံးလိုက်တဲ့ ရိုက်ချက်ကတော့ သူ့ရဲ့ အားအထားရဆုံး သိုင်းကွက် တစ်ခုပါပဲ။ သည်ရိုက်ချက်ရဲ့ အားသာချက် ကတော့ အရပ်မျက်နှာ အကုန်လုံး တစ်ကွက်တည်းနဲ့ တိုက်ခိုက် နိုင်တာပါ။

ပြီးတော့ သည်သိုင်းကွက်က လှုပ်ရှား သွက်လက်မှု အရမ်းမြန်သည့် သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်တဲ့ အခါမှာ သုံးဖို့ တီထွင်ထားတာ ဖြစ်ပါတယ်။

“မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက တော်တော် မနှစ်မြို့စရာ ကောင်းတာပဲ။ နောက်ဆုတ်စမ်း ...”

ဖန်ကျင်းဆောင်က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ကာ တိုက်ပွဲထဲကို ဝင်လာခဲ့ပါပြီ။

ဟူဟိုင်းရှန် စတင် တိုက်လိုက် တုန်းကတော့ အရမ်းကို မြန်ဆန်နေသည့် အတွက် သူက ဘာမှ တုံ့ပြန်ချိန် မရလိုက်ပါဘူး။

သူ ဝင်ပါမယ် လုပ်တဲ့ အချိန်မှာတော့ နှစ်ယောက်စလုံးက လမ်းမပေါ်ကို ရောက်နေ ကြပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းက ဟူဟိုင်းရှန်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနေနိုင်သေးတဲ့ အတွက် ဘေးကနေပဲ ရပ်ကြည့် နေခဲ့တယ်လေ။ သူက သည်အခွင့်အရေးကို သုံးပြီး ဟူဟိုင်းရှန်ရဲ့ ဟာကွက်တွေကို ရှာနေခဲ့တာပါ။

အခုတော့ လီဖူချန်းက အရေးနိမ့် နေပါပြီ။ ဖန်ကျင်းဆောင်က သူဝင်နွှဲမှ ရတော့မယ် ဆိုတာကိုလည်း သိပါတယ်။ ထို့ကြောင့် သူက တိုက်ပွဲထဲကို ဝင်လာတာပါ။ ဖန်ကျင်းဆောင်ရဲ့ သံမဏိတုတ်က ဟူဟိုင်းရှန်ရဲ့ ဆူးသီးတပ် တုတ်ရဲ့ ရိုက်ချက်တွေ အကုန်လုံးကို တွန်းထုတ်ပစ် လိုက်ပါတယ်။

“မင်းက သေချင် နေတာလား။ ဒါက ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ မိုးပြာရောင် ဂိုဏ်းကြားထဲက ကိစ္စကွ။ မင်းတို့ အပူအပင်မဲ့ ဂိုဏ်းက ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်မပါရင် ကောင်းမယ်”

ဟူဟိုင်းရှန်က ဒေါသတကြီးဖြင့် အော်လိုက်ပါတယ်။

ဖန်ကျင်းဆောင်ရဲ့ အစွမ်းအစက တကယ့် ထိပ်သီး စာရင်းထဲမှာ ပါပါတယ်။ သူက ဟူဟိုင်းရှန်ရဲ့ ရိုက်ချက်တွေကို အသာအယာပဲ ဖယ်ထုတ် လိုက်တာလေ။

ဖန်ကျင်းဟိုင် ဟူဟိုင်းရှန်ရဲ့ ဒေါသကို ဂရုမစိုက်ဘဲ အေးစက်စက်ဖြင့် …

“လီဖူချန်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ကွ။ မင်းသူ့ကို ပြဿနာ ရှာတာက ငါ့ကို ပြဿနာ ရှာတာနဲ့ အတူတူပဲ”

ဖန်ကျင်းဆောင် ကလည်း အပူအပင်မဲ့ ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ပါပဲ။ သူက ဘာအကြောင်းနဲ့မှ မြေကမ္ဘာ အဆင့်၈ တိုက်ရိုက်တပည့် တစ်ယောက်ကို ကြောက်နေစရာ အကြောင်း မရှိပါဘူး။ သူ့ရဲ့ အရည်အချင်းက ဟူဟိုင်းရှန်ကို အသာအယာပင် အနိုင်ယူ နိုင်ပါတယ်။

“ဖူချောင်းရှန် ... မင်းသည်လိုပဲ ရပ်နေတော့မှာလား။ တစ်ခုခု လုပ်ဦးလေ"

ဟူဟိုင်းရှန်က ဖန်ကျင်းဆောင်ကို မနိုင်ဘူးဆိုတာ သိနေတဲ့ အတွက် စစ်ကူ လှမ်းခေါ်လိုက် ပါတယ်။

ဖူချောင်းရှန်က စိတ်မဝင်စားသည့် ဟန်ဖြင့် …

“ဒါက မင်းတို့ ဂိုဏ်း ၂ဂိုဏ်းကြားက ကိစ္စလေ။ ငါက ဘာလို့ ဝင်ပါရမှာလဲ”

သူ့မှာ ကောင်းကင်နတ်ဆိုး ဂိုဏ်းဘက်ကနေ ဝင်တိုက်ပေးဖို့ ဘာအကြောင်းအရင်းမှ မရှိပါဘူးလေ။

လီဝူရှုက

“ဖူချောင်းရှန် ... မနှစ်တုန်းက မင်းတို့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ ပါရမီရှင် ၁၀ယောက် ဆေးပင်တစ်ရာ လျှို့ဝှက် နယ်မြေထဲကို ဝင်သွားတာကို သိလား။ အဲသည် ပါရမီရှင် ၁၀ယောက်မှာ ၅ယောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာ နိုင်တယ်။ အေး ... အဲသည် ၅ယောက်စလုံးကို သတ်ပစ် လိုက်တဲ့သူက မင်းအရှေ့မှာ ရပ်နေတဲ့ လီဖူချန်းပဲ။ မင်းတို့ ဂိုဏ်းရဲ့ နာမည်ကျော် ရှန်ဖေးဟီတောင် သူ့လက်ကနေ မလွတ်သွားခဲ့ဘူး”

လီဝူရှုရဲ့ စကားကို ကြားအပြီးမှာတော့ ဖူချောင်းရှန်က လမ်းမပေါ်ကို ခုန်ချလာပြီး လှမ်းမေး လိုက်ပါတယ်။

“အဲကောင်ပြောတာ ဟုတ်သလား ...”

“အေး ... ဟုတ်တော့ ဘာဖြစ်လဲ”

လီဖူချန်းက ငြင်းမနေတော့ ပါဘူးလေ။ သူ တကယ်တမ်း သတ်ခဲ့တာက တစ်ယောက်စ နှစ်ယောက်စလောက်သာ ဖြစ်ပေမဲ့လည်း အပင်ပန်းခံပြီး ရှင်းပြမနေ ချင်တော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖူချောင်းရှန်က သူ့ကို တိုက်မှာပါပဲ။

“မင်းက တကယ် သေရမယ့်ကောင်ပဲ”

ဖူချောင်းရှန်က လျှပ်ပြက်သည့် အလား လီဖူချန်းဆီကို ပြေးဝင် လာခဲ့ပါတယ်။

ထန် ...

သံမဏိတုတ်နှင့် ဆေဘာတို့က ထိပ်တိုက် ရင်ဆိုင်မိ သွားပါပြီ။

ဖန်ကျင်းဆောင်က အနောက်ကို ခြေလှမ်း တော်တော်များများ ဆုတ်လိုက် ရသည်လေ။

ဖန်ကျင်းဆောင်က ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်သလို ဖူချောင်းရှန် ကလည်း ရွှေအဆင့် တိုက်ရိုက် အဆင့်ပါပဲ။ ပြီးတော့ ဖူချောင်းရှန်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဖန်ကျင်းဆောင်ထက် ၂ဆင့် သာနေပါ သေးတယ်။

“အစ်ကို ... ညီမလေးပါ ဝင်ကူမယ်”

ဖန်ကျင်းယုကလည်း လမ်းမပေါ်ကို ခုန်ချလာပြီး လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ရဲ့ ဘေးမှာ ရပ်လိုက်ပါတယ်။

“ဖန်ကျင်းဆောင် ... မင်းဘေးဖယ် လိုက်ရင် ကောင်းမယ်”

ဖူချောင်းရှန်က သွေးဆာနေသည့် အကြည့်တွေဖြင့် ဖန်ကျင်းဆောင်ကို ကြည့်လိုက်ပြီး အမိန့်ပေး လိုက်ပါတယ်။

ဖန်ကျင်းဆောင် ကလည်း လုံးဝ ဖယ်မပေးပါဘူး။

“ဖူချောင်းရှန် ... ငါ့ဆီမှာ မြေပုံတစ်ပိုင်း ရှိနေတယ်ဆိုတာ မမေ့လိုက်နဲ့ဦး။ ငါမပါဘူး ဆိုရင် မင်းတို့လည်း ဂူသင်္ချိုင်းကို မေ့လိုက်လို့ ရပြီ”

“အေး ... ငါမင်းကို သတ်ပြီးမှပဲ မြေပုံ ယူတော့မယ်”

ဖူချောင်းရှန်ရဲ့ လူသတ်ချင်စိတ်တွေက ပြင်းထန်သထက် ပြင်းထန်လာ ခဲ့ပါပြီ။

“ဒါဆိုလည်း စမ်းကြည့်လိုက်လေ”

ဖန်ကျင်းဆောင်က အသက် တစ်ဝကြီး ရှူလိုက်ပြီး ချီအရှိန်အဝါတွေကို ထုတ်ဖော် လိုက်ပါတယ်။

“ဖန်ကျင်းဆောင် ... အဲကောင်ကို ငါနဲ့ လွှတ်ထားလိုက်”

လီဖူချန်းကတော့ မြေကမ္ဘာ လက်နက် အပိုင်းအစလေးကို ထုတ်ပြီး လက်မှာ ကိုင်ထား လိုက်ပါပြီ။

သူက တိုက်ပွဲစပြီ ဆိုတာနဲ့ အစွမ်း အထက်ဆုံးလူကို အရင် သတ်ရမယ် ဆိုတဲ့ ဥပဒေကို နားလည်ပါတယ်။ လီဖူချန်းက အခုချိန်မှာတော့ ဂိုဏ်းတွေကြားမှာ ဖြစ်လာမယ့် ပြဿနာတွေကိုလည်း မစဉ်းစား အားတော့ပါဘူး။ ယခု အချိန်မှာတော့ အသက် ရှင်သန်ရေးသည်သာ အရေးအကြီးဆုံး မဟုတ်ပါလား။

ဖန်ကျင်းဆောင်က လီဖူချန်း လက်ထဲမှာ ရှိနေသည့် သတ္တု အပိုင်းအစလေးကို မြင်တာနဲ့ သဘောပေါက် သွားပါတယ်။ လီဖူချန်းက ထူးဆန်းသည့် လက်နက် တစ်ခုကို ပိုင်ဆိုင် ထားသေးသည်လေ။ သူက အဲသည် အချက်ကို လုံးလုံး မေ့နေခဲ့တာပါ။

“ဖူချောင်းရှန် ... ငါတို့ပေါင်းပြီး သည်သုံးယောက်ကို အရင် သတ်လိုက်ရအောင်”

ဟူဟိုင်းရှန်က အဖော်ညှိ လိုက်ပါတယ်။

"ဟုတ်တယ် ... သည်ကောင်တွေကို သတ်ရအောင်”

လီဝူရှုကလည်း အနီရောင် အလံတစ်ခုကို ထုတ်လိုက်ပါတယ်။ အဲသည် အလံမှာက သွေ့ငွေ့တွေ ရစ်သိုင်း နေတယ်လေ။

“တော်ကြပါတော့။ မင်းတို့ ဆီမှာ ဘယ်လို ရန်ကြွေးတွေ ရှိနေသလဲ ဆိုတာကို ငါမသိဘူး။ ဂူသင်္ချိုင်းကို ရှာမတွေ့ခင်မှာ တိုက်လိုက်တာ မျိုးတွေကို ခဏရပ်ထားရင် ကောင်းမယ်”

စုမုယူက မတ်တတ်ရပ် လိုက်ပြီး သူမရဲ့ နူးညံ့တဲ့ ချီအရှိန်အဝါတွေကို ထုတ်ဖော်လိုက်ကာ တိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစား လိုက်ပါတယ်။

ဒါပေမဲ့လည်း သူမရဲ့ ကြိုးစားမှုတွေက အရာ ရောက်ခဲ့ပုံ မရပါဘူး။

“သတ်”

ဟူဟိုင်းရှန်က ပထမဆုံး စပြီး လှုပ်ရှား လိုက်ပါတယ်။

“ဒေါင် ...”

စုမုယူက လျှို့ဝှက်နည်းစနစ် တစ်ခုကို ထုတ်သုံးလိုက်သည့် ပုံပါပဲ။ သူမရဲ့ ခန္ဓာကိုယ်ပေါ်က ရောင်ခြည်တွေ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားပါတယ်။

အဲဒါက တိုက်ခိုက်ဖို့ တာစူနေသည့် လူတွေကို မိန်းမော သွားစေသည်လေ။

စုမုယူက သူတို့ရဲ့ အသက်တွေ၊ ဝိညာဉ်တွေကို နုတ်ယူ သွားတော့မည့် ပုံပါပဲ။

“နောက်ထပ် တိုက်ခိုက်ဖို့ လုပ်တဲ့သူ မှန်သမျှကို သတ်ပစ်မယ်”

စုမုယူရဲ့ လက်ထဲမှာတော့ အစိမ်းရင့်ရောင် ချိတ်ကောက် တစ်ခု ရောက်နေပါပြီ။ သူမရဲ့ ပုံစံက တကယ်ကို ပြောသည့်အတိုင်း လုပ်တော့မည်ဟု ထင်ရပါတယ်။

“စုမုယူ ... မင်းက ဘာကို ဆိုလိုတာလဲ"

သည်လူစု ထဲမှာတော့ စုမုယူ တစ်ယောက်တည်း သာလျှင် ဖူချောင်းရှန်ကို ကြောက်ရွံ့ စေတာပါ။

စုမုယူက ကြယ်၆ပွင့်အဆင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်လေ။ သူမက မည်သူနှင့်မှ ယှဉ်လို့မရတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု သတ်မှတ်လို့ ရပါတယ်။

“ညီမလေးစုက တိုက်ပွဲကို ရပ်စေချင်မှတော့ ... မင်းတို့အားလုံး ရပ်လိုက်တာ ကောင်းမယ်နော် ...”

ဝေရှန်းဟီကလည်း ထလာပြီး သူ့ရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် လိုက်ပါပြီ။

***

All Chapters