အပိုင်း ၂၁၂
Vol. 16 Ch. 212
အစောပိုင်းတုန်း ကတော့ ဖူချောင်းရှန်က လီဖူချန်းကို မှုစရာ မလိုသည့် ပုရွက်ဆိတ်ကလေး သာသာမျှသာ စဉ်းစားထားသည့် အတွက် လျှို့ဝှက် နည်းစနစ်ကို ထုတ်မသုံးထားခဲ့ပါဘူး။
ယခုအချိန်မှာတော့ သူက ဒေါသအလွန် ထွက်လာတဲ့အတွက် လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးလိုက်တာပါ။
ဒီနည်းစနစ်ကို ဘာမှမဟုတ်သည့် ပမွှားလေး တစ်ယောက်အတွက် ထုတ်သုံးလိုက် ရတဲ့အတွက် အနည်းငယ် အရှက်ရမိ နေပါသေးတယ်။
"ထုတ်သုံးပြီးမှတော့ မထူးတော့ပါဘူးကွာ"
ဖူချောင်းရှန်က တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ဟုသာ သဘောထား လိုက်သည့် ပုံပါပဲ။
သူက ကြယ်သုံးပွင့် လျှို့ဝှက်နည်း စနစ်ကို သုံးပြီး ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပါတယ်။
လီဖူချန်းကတော့ ဒဏ်ရာပြန်လည် ကောင်းမွန်စေသည့် ဆန်းကြယ် အဆင့်နိမ့် ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ဝါးလိုက်ရပါပြီ။
ထို့နောက်မှာတော့ သူက ကသောကမျောဖြင့် ဖူချောင်းရှန်ရဲ့ ဓားချက်ကို ရှောင်တိမ်းဖို့ ပြင်ဆင်ပါတော့တယ်။
"ဘန်း …"
လီဖူချန်းက မီးခိုးဗုံး တော်တော်များများကို ထုတ်ပြီး ဖောက်ခွဲ လိုက်ပါတယ်။ ထို့နောက်မှာတော့ မီးခိုးငွေ့ တွေက လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ။
"ပြယ်စမ်း"
ဖူချောင်းရှောင်ရဲ့ ဘယ်ဘက်လက်က ဒေါသထွက်နေသည့် နဂါးတစ်ကောင် ပုံသဏ္ဌာန်ဖြင့် မီးခိုးငွေ့တွေကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
“ဟူး … ဟူး … ဟူး …"
လေပြင်းတွေက တိုက်ခတ်လာပြီး အသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပင် မီးခိုးငွေ့တွေကို ဟိုးအဝေးသို့ သယ်ဆောင် သွားခဲ့ဒီလေ။
ဖူချောင်းရှန်ရဲ့ အစွမ်းတွေက ထင်ထားတာ ထက်တောင်မှ ပိုနေပါသေးတယ်။ နတ်ဆိုးသတ်မြားက သူ့ကို ဒဏ်ရာရ စေခဲ့တာတောင်မှ အစွမ်းတွေကို ယုတ်လျော့ သွားစေဟန် မရှိပါဘူး။
ဒါပေမဲ့ လျှို့ဝှက် နည်းစနစ်ကို အသုံးပြု ထားတဲ့အတွက် ဒီလောက်အထိ အစွမ်းထက် နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။
လီဖူချန်းကတော့ တကယ့်ကို အကျဉ်းထဲ အကျပ်ထဲကို ရောက်နေပါပြီလေ။
နတ်ဆိုးသတ်မြား နောက်တစ်ချောင်း ပစ်လိုက်ရင်တောင် ဖူချောင်းရှန်ကို ဒုက္ခ မပေးနိုင်တော့ဘူး ဆိုတာကိုလည်း သူက ကောင်းကောင်းကြီး တွက်ဆမိပါတယ်။
အစောပိုင်း တုန်းက နတ်ဆိုးသတ်မြား ထိသွားရတဲ့ အကြောင်းအရင်း ကတော့ ဖူချောင်းရှန် တစ်ယောက် အနည်းငယ် သတိလွတ် သွားလို့ပါ။ အခုအချိန် မှာတော့ တစ်ဖက်လူက အတွေ့အကြုံ ရှိသွားခဲ့ပြီလေ။ လွယ်လွယ်နဲ့ သူ့ခံစစ်ကို ဖြတ်ကျော် နိုင်တော့မှာ မဟုတ်ပါဘူး။
တကယ်လို့ မြေကမ္ဘာ လက်နက် အပိုင်းအစကို ထုတ်ပြီး ပစ်လိုက်ရင်တောင်မှ ဖူချောင်းရှန်ကို ထိမထိဆိုတာ မသေချာတော့ပါဘူး။ အခွင့်အရေး ကလည်း တစ်ကြိမ်သာ ရှိသည့်အတွက် လီဖူချန်းက ပိုင်မှ ဖြစ်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။
အခြားတစ်ဖက် မှာလည်း ဖန်ကျင်းယုက အခြေအနေ သိပ်မလှတော့ပါဘူး။
လီဝူရှုရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အလံက အတော်လေးကို အစွမ်းပြ နေတယ်လေ။ အဲဒီအလံက အသုံးပြုသူရဲ့ စွမ်းရည်ကိုပါ တိုးတက် လာစေသည့် ပုံပါပဲ။ သူက အလံကို သာမန်ပဲ ဝှေ့ယမ်း နေပေမဲ့လည်း ဖန်ကျင်းယုကတော့ အသည်းအသန် ကာကွယ် နေရပါတယ်။
နောက်ဆုံးမှာတော့ ဖန်ကျင်းယုက သူမရဲ့ လခြမ်းကွေးဓားကို သိမ်းလိုက်ပြီး သံမဏိထီး တစ်လက်ကို ထုတ်ယူလိုက်ပါပြီ။
ဒီသံမဏိထီးက တိုက်စစ်ကော ခံစစ်မှာပါ အသုံးချလို့ ရသည့် လက်နက် တစ်ခုပါပဲ။ အချိန်တော်တော် ကြာဒီ အထိတော့ ရှုံးနိမ့်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။
“ရွှပ် …"
လီဖူချန်းရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ နောက်ထပ် ပြတ်ရှရာ တစ်ခု ဖြစ်ပေါ် လာပြန်ပါပြီ။
ဒီလောက် မြန်နေတဲ့ ဆေဘာဓားချက် ကိုတော့ သူလည်း ဘယ်လိုမှ မတတ် နိုင်တော့ပါဘူး။
ဖူချောင်းရှန်က ဟူဟိုင်းရှန်လို ငွေအဆင့် တိုက်ရိုက်တပည့် မဟုတ်ပါဘူးလေ။ သူက ရွှေအဆင့် တိုက်ရိုက်တပည့်ပါ။ သိုင်းပညာအဆင့်၊ လျှို့ဝှက်နည်းစနစ်၊ အတွင်းအားကျင့်စဉ် စသည့် ပညာရပ် အကုန်လုံးက ဟူဟိုင်းရှန် ထက်ကို တစ်ဆင့်သာ နေပါသေးတယ်။ သူနိမ့်နေတာ ဆိုလို့ ကျင်ကြံခြင်း နယ်ပယ် အဆင့်တစ်ဆင့်သာ ရှိတာပါ။
“ငါဒီကောင့်ကို အခုထက်ထိ ဘာဖြစ်လို့ မသတ်နိုင်ရတာလဲ"
ဖူချောင်းရှန်က တော်တော်ကြီးကို ကြိတ်မနိုင် ခဲမရ ဖြစ်နေပါပြီ။ သူ့ကို ထိသွားတဲ့ နတ်ဆိုးသတ်မြားက အခုတော့ ဒုက္ခမပေးနိုင် သေးပေမဲ့လည်း ကြာလာရင်တော့ ပြဿနာတစ်ရပ် ဖြစ်လာနိုင်ဒီလေ။ ဒီဒဏ်ရာက သိပ်မကြီးပေမဲ့ သိပ်ပြီး သေးနေတာလည်း မဟုတ်ပါဘူး။
လီဖူချန်းကတော့ အခုချိန်အထိ တင်းခံထားနေဆဲ ပါပဲ။ သူက လုံးဝကို သေချာပြီ ဆိုမှပဲ မြေကမ္ဘာလက်နက် အစိတ်အပိုင်းကို ပစ်လွှတ်လိုက်မှာပါ။
ဒီလက်နက် အစိတ်အပိုင်းက သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက် တစ်ခုပင် မဟုတ်ပါလား။
“ကောင်းကင်ဘုံ ပိုက်ကွန်ဓားသိုင်း “
ဖူချောင်းရှန်က သူ့ရဲ့ အကောင်းဆုံး သတ်ဖြတ်ကွက်ကို တစ်ဖန်ထပ်ပြီး အသုံးပြု လိုက်ပြန်ပါတယ်။
"မုန်တိုင်းထန် ပင်လယ် "
ရုတ်တရက် မုန်တိုင်းတစ်ခုက ကောင်းကင်ပေါ်နေ ဆင်းသက်လာခဲ့ပြီး ဖူချောင်းရှန်ရဲ့ တိုက်ကွက်ကို ခံဆောင်လိုက်ပါတယ်။
"ဝုန်း …ဝုန်း … ဝုန်း …"
ပေါက်ကွဲသံအချို့ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ မုန်တိုင်းလည်း လွင့်ပြယ် သွားခဲ့သလို ဓားရိပ်ဓားယောင် တွေကလည်း ပျောက်ကွယ် သွားခဲ့ပါပြီ။
လီဖူချန်းကို အစား ဓားပိုက်ကွန်ကို ခံဆောင်သွားတဲ့သူ ကတော့ ဖန်ကျင်းဆောင်ပါပဲ။
ဖန်ကျင်းဆောင်က မြေကမ္ဘာနယ်ပယ် အဆင့်၅ ဖြစ်သည့်အပြင် အပူအပင်မဲ့ ဂိုဏ်း၏ ရွှေအဆင့် တပည့်လည်း ဖြစ်နေပါသေးတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် သူက လီဖူးချန်ထက်တောင် အတော်လေး အစွမ်းထွက်ပါတယ်။ ဒါကြောင့် ဖုန်ကျင်းဆောင်ဆီမှာ ဖူချောင်းရှန်ရဲ့ ဓားကွက်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ထိပ်တိုက် ခုခံနိုင်သည့် အစွမ်းရှိ နေဒီလေ။
ဖန်ကျင်းဆောင်က ဖူချောင်းရှန်ရဲ့ သတ်ဖြတ်ကွက်ကို ခုခံလိုက်တဲ့ အခါမှာတော့ လီဖူချန်းက အခွင့်အရေးကို မိမိရရ အသုံးချ လိုက်ပါပြီ။
"ရွပ် …"
လီဖူချန်းဆီက အနက်ရောင် အလင်းတန်း တစ်ချက် ထွက်ပေါ်လာခဲ့ပြီး လေထုထဲမှာ ပျောက်ကွယ် သွားခဲ့ပါတယ်။
ထိုအလင်းတန်း ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ဖူချောင်းရှန်ရဲ့ အရှေ့ကိုတောင် ရောက်နေခဲ့ပါပြီ။
“သွားစမ်း"
ဖူချောင်းရှန်က တစ်ချက်ကြုံးဝါး လိုက်ပြီး ထိုအလင်းတန်းကို ချီအတွင်းအားနှင့် ရိုက်ထုတ် ပစ်လိုက်ပါတယ်။
"ဖောက် …"
ဒီလက်နက် အစိတ်အပိုင်းလေးက ချီအတွင်းအားကို ထိုးဖောက်တဲ့ နေရာမှာတော့ နတ်ဆိုးသတ်မြားထက် အားနည်းပါတယ်။ ဒါပေမဲ့လည်း ပြင်းထန်မှု အပိုင်းမှာတော့ အပြတ်အသတ်ကို သာလွန်နေဆဲပါပဲ။ ဒီလက်နက် အစိတ်အပိုင်းက ဖူချောင်းရှန်းရဲ့ ချီအတွင်းအားကို ဖြတ်ကျော်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ဝင် သွားခဲ့ပါပြီ။
“ဝေါ့ ..."
ဖူချောင်းရှန်က သွေးတစ်လုတ်မျှ အန်လိုက်ပြီး ဒူးထောက်ကျ သွားပါတော့တယ်။
ဒီလက်နက် အပိုင်းအစလေး ကတော့ ဖူချောင်းရှန်ကို ဒဏ်ရာ အကြီးအကျယ် ရစေခဲ့ပါပြီ။
“မိုးနဲ့လေကို ဆင့်ခေါ်"
ဖန်ကျင်းဆောင် ကတော့ လုံးဝကို အတင့်ရဲစွာနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားလိုက်ပါတယ်။ သူ့ရဲ့ သံမဏိ တုတ်တံက လေထုထဲမှာ မွတ်နေအောင် လည်နေခဲ့ပြီး တဖြည်းဖြည်းနဲ့ အရှိန်ရ လာခဲ့ပါတယ်။ ထို့နောက်မှာတော့ လွန်ပူတစ်ချောင်းလို ပုံစံနဲ့ ဖူချောင်းရှန် အပေါ်ကို ဦးတည် သွားပါတော့တယ်။
“မီးတောက်ကြယ်ကို ဖူးမြော်ခြင်း "
လီဖူချန်းကလည်း သူ့ရဲ့ အပိုင်နိုင်ဆုံး ဓားကွက်ကို ဖော်ထုတ်လိုက်ပြီး ဖူချောင်းရှန် ဆီကို ခုန်ဝင် သွားခဲ့ပါပြီ။
"မင်းတို့ နှစ်ယောက်စလုံးကို ငါနဲ့အတူ ငရဲပြည်ကို ခေါ်သွားမယ်"
ဖူကျောင်းရှန်က သူ့ရဲ့ နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွေးတွေကိုတောင် မသုတ်တော့ပဲ လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ နှစ်ယောက်ကို သူသေကိုယ်သေ ပြန်တိုက်ခိုက် လိုက်ပါတယ်။
"စွပ် ... "
နောက်ထပ် နတ်ဆိုးသတ်မြား တစ်စင်းက ဖူချောင်းရှန်ရဲ့ ခန္ဓာကိုယ်ထဲကို စိုက်ဝင် သွားခဲ့ပြန်ပါပြီ။
လီဖူချန်းက အတော်ကို ပါးရေနပ်ရေ ရှိလွန်းလှပါတယ်။ ဖူချောင်းရှန်က သူသေကိုယ်သေ တိုက်တော့မယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် နောက်ဆုတ်သွားပြီး နတ်ဆိုးသတ်မြား တပ်ဆင်ထားသည့် လေးဖြင့် ထပ်မံ ပစ်ခတ် လိုက်တာပါ။
“သေစမ်း ... သေစမ်း ... ငါတို့အားလုံး အတူတူ သေစမ်း"
ဖူချောင်းရှန်ကတော့ လုံးဝကို အသိစိတ် လွတ်နေတဲ့ သွေးမိစ္ဆာကြီး တစ်ကောင်လို ဖြစ်နေပါပြီ။
သူ့ရဲ့ အမူအရာကို ကြည့်ရတာ ကတော့ သေရင်တောင် လီဖူချန်းကို အပါခေါ်သွားတော့မည့် ပုံပါပဲ။ ဖူချောင်းရှန်က ဖြစ်နိုင်မယ်ဆိုရင် လီဖူချန်းရဲ့ အသားကိုပါ အရှင်လတ်လတ် စားသောက် ပစ်ချင်နေပါပြီ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်း တစ်ယောက်ကိုသာ ကွက်ပြီး မြင်နေပါတော့တယ်။
"ဖုန်း ... "
"ဂျွတ် ... ဂျလွတ် ... "
ထိုအခိုက်အတန့်ကို မိမိရရ အခွင့်အရေး ယူသွားတာ ကတော့ ဖန်ကျင်းဆောင်ပါပဲ။ သူ့ရဲ့ သံမဏိ တုတ်တံက ဖူချောင်းရှန်ရဲ့ နံရိုးအချို့ကို ရိုက်ချိုး ပစ်လိုက်သည့်အပြင် နောက်ကိုပါ အနည်းငယ် ဆုတ်သွား စေခဲ့ပါတယ်။
“မီးတောက်ကြယ် ပေါက်ကွဲစမ်း"
လီဖူချန်း လေ့ကျင့်ထားတဲ့ ဆန်းကြယ် အလယ်အလတ် ဓားသိုင်း တွေထဲမှာတော့ ဒီဓားသိုင်းကို အားအရဆုံးပါပဲ။ ဒီဓားသိုင်းက ပေါက်ကွဲအား ပြင်းထန်သည့်အပြင် လောင်ကျွမ်း စေနိုင်မှုပါ အားကောင်းဒီ မဟုတ်ပါလား။ ဖူချောင်းရှန်ရဲ့ တစ်ကိုယ်လုံးကတော့ မီးတောက်ကြယ် ဓားသိုင်းကြာင့် ရစရာ မရှိတော့ပါဘူး
“မင်းက ငါ့ကို ဒီလိုဖြစ်အောင် လုပ်စေခဲ့တာပဲ"
“သွေးဖြင့်ရင်း၍ သတ်ဖြတ်ခြင်း "
ဖူချောင်းရှန်ရဲ့ တစ်ကိုယ်လုံး ကနေ ထွက်နေတဲ့ သွေးတွေက ဆေဘာဆီကို စီးဆင်း သွားခဲ့ပါပြီ။ သူ့ရဲ့ လက်တစ်ချက်ကို အဝှေ့မှာတော့ သွေးတွေ ပြည့်ဝနေတဲ့ ဆေဘာ အလင်းရောင်က ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားပါတော့တယ်။
"ဖောင်း ... ဖောင်း ... "
လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ နှစ်ယောက်စလုံးက အနောက်ကို လွင့်ထွက် သွားပါတော့တယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာလည်း ပြတ်ရှရာတွေက မရေမတွက် နိုင်လောက်အောင်ပါပဲ။
ဖန်ကျင်းဆောင် ကတော့ တော်တော်လေး အဆင်ပြေ နေပါသေးတယ်။ သူရသွားတဲ့ ဒဏ်ရာတွေကတော့ သိပ်ပြီး မပြင်းထန် လှပါဘူး။
ဒါပေမဲ့ လီဖူချန်းကတော့ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဖူချောင်းရှန်ရဲ့ ဓားကွက်က သူ့ကိုဦးတည်ပြီး တိုက်ခိုက်ခဲ့တာလေ။ ဖန်ကျင်းဆောင်က ဝင်ပြီး မျှမခံခဲ့ဘူး ဆိုရင်တော့ လီဖူချန်းတစ်ယောက် နှစ်ပိုင်းပြတ် နေလောက်ပါပြီ။
ဖူချောင်းရှန် ထုတ်သုံးလိုက်တဲ့ ဓားကွက်က အသုံးပြုသူရဲ့ သွေးကို အရင်းပြုကာ တစ်ဖက်လူကို သတ်ဖြတ်ရသည့် ကြယ်သုံးပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုပါပဲ။
“ငါစိတ်လျှော့လိုက်လို့ မဖြစ်သေးဘူး "
လီဖူချန်းက သူ့ကိုသူ မေ့လဲကျ မသွားအောင် အဆက်မပြတ် သတိပေး နေပါတယ်။ သူသာ ယခုအချိန်မှာ သတိမေ့သွားမယ် ဆိုရင်တော့ ဖန်ကျင်းဆောင် တစ်ယောက် ဘယ်လိုမှ ဖူချောင်းရှန်ကို ရင်ဆိုင် နိုင်တော့မှာ မဟုတ်ပါဘူး။ အခုတောင်မှ ဖန်ကျင်းဆောင်က အဆက်မပြတ် နောက်ကို ဆုတ်နေရဒီ မဟုတ်ပါလား။
“သေစမ်းကွာ "
လီဖူချန်းက သူ့ရဲ့ နောက်ဆုံး ကျန်နေသည့် နတ်ဆိုးသတ်မြားကို ပစ်လွှတ် လိုက်ပြန်ပါတယ်။
ဒီတစ်ခါ သူ့ရဲ့ ပစ်မှတ်ကတော့ အဆုတ်ပါပဲ။
"ရွှီး ... စွပ် ... "
လီဖူချန်း ပစ်လိုက်သည့်မြားက ဖူချောင်းရှန်ရဲ့ အဆုတ်တည့်တည့်ကို စိုက်ဝင် သွားပါတယ်။
အဆုတ်ဆိုတာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ အဲဒီအရာက ချီလှည့်ပတ်မှုကို စနစ်တကျ စီစဉ်ပေးတယ်လေ။ အဆုတ်ကို မြားစိုက်ပြီးသွားတဲ့ အခါမှာတော့ ဖူချောင်းရှန်ရဲ့ အသက်ကလည်း မီးစာကုန်ဆီခန်း ဖြစ်စ ပြုလာခဲ့ပါပြီ။
“ငရဲပြည်ကိုသာ သွားပေတော့ "
ဖန်ကျင်းဆောင်က သူ့ရဲ့ သံမဏိတုတ်ကို မြှောက်လိုက်ပြီး ရိုက်ချက်၆ချက် ထုတ်လိုက်ပါတယ်။
အညှာအတာ ကင်းမဲ့လှသည့် သူ့ရဲ့ ရိုက်ချက်တွေ ကတော့ ဖူချောင်းရှန်ကို ဒီလောကကြီး ပေါ်က ထွက်သွား စေခဲ့ပါပြီ။
"ဂျွတ်"
အထူးသဖြင့် ဖူချောင်းရှန်ရဲ့ ပင်မကျောရိုးကို ရိုက်ချိုး ပစ်လိုက်သည့် နောက်ဆုံးရိုက်ချက် ပေါ့လေ။
“အခြေအနေ မကောင်းတော့ဘူးဟ"
ဖန်ကျင်းယုနဲ့ တိုက်နေတဲ့ လီဝူရှုကလည်း အဲဒီ အဖြစ်အပျက်ကို လှမ်းမြင်လိုက်ပါတယ်။
အစကနေ အဆုံးအထိ သူက တစ်ခါမှ ဒီလိုဖြစ်လာ လိမ့်မယ်လို့ တွေးမထင်ထား ခဲ့မိပါဘူး။ သူသိထားသလောက် ဆိုရင်တော့ လီဖူချန်းနဲ့ ဖန်ကျင်းဆောင်တို့ နှစ်ယောက် ပေါင်းတိုက်ရင်တောင်မှ ဖူချောင်းရှန်ကို နိုင်ဖို့ မဖြစ်နိုင် ပါဘူးလေ။ အခုကျတော့ ဘယ်ကနေ ဘယ်လို ဖြစ်သွားဒီတောင် မသိလိုက်ပဲ ဖူချောင်းရှန် တစ်ယောက် သေသွားခဲ့ပါပြီ။
“ပြေးမှ "
လီဝူရှုက သူ့ရဲ့ သွေးအလံကို ပြန်သိမ်းလိုက်ပြီး ဥမင်တစ်ခု ထဲကို ဝင်ပြေးသွား ပါတော့တယ်။
“ငါအဆုံးသတ် လိုက်မယ်"
ဖန်ကျင်းဆောင်က အင်အား တော်တော်များများ ကျန်နေသေးသည့် အတွက် လီဝူရှုရဲ့ နောက်ကို ပြေးလိုက် သွားပါတယ်။
လီဖူချန်းကတော့ ပြေးဖို့ မပြောနှင့်။ မတ်တတ်ရပ်ဖို့ ကိုတောင် အနိုင်နိုင် ဖြစ်နေခဲ့ပါပြီ။ သူက ဒဏ်ရာသက်သာ စေသည့် ဆန်းကြယ် အဆင့်နိမ့် ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး ကြာပန်းပုံ သဏ္ဌာန်ထိုင်ကာ သူ့ရဲ့ဒဏ်ရာ တွေကို ပြန်လည် ကုသ နေလိုက်ပါတယ်။
သိပ်မကြာခင် မှာပဲ ဖန်ကျင်းဆောင်က ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
“အစ်ကိုကြီး ... သူ့ကို သတ်လိုက်ပြီလား "
ဖန်ကျင်းယုက မေးလိုက်ပါတယ်။
ဖန်ကျင်းဆောင်က ခေါင်းခါလိုက်ပြီး
“ဒီကောင့်မှာ အသက်ကယ် ပစ္စည်း တော်တော်များများ ရှိနေတယ်။ သူလွတ်သွားတယ်"
“ဖူချောင်းရှန် သေသွားပြီ ဆိုတော့ သူလည်း သိပ်အတင့် ရဲတော့မှာ မဟုတ်ပါဘူး"
ဖန်ကျင်းယုက သူမ၏ အစ်ကို့ကို နှစ်သိမ့် လိုက်ပါတယ်။
ဖန်ကျင်းဆောင်ကတော့
"ဒီကောင့်ကို သတ်နိုင်မှ တော်ကာကျ လိမ့်မယ်။ ဒီကောင် အပြင်လောကကို ရောက်တာနဲ့ သတင်းတွေ လိုက်ဖွနေဦးမှာ"
***