အခန်း (၃၆၁)
Vol. 25 Ch. 361
လျန်ရူရွှယ် လင်းရီကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ပြီး အနှီလူငယ်လေးက ဘယ်သူလဲဆိုတာ သူမ သိချင်နေမိသည်။
Rolls-Royce phantom မှလွဲ၍ ရှန်းထျန်းကျိုးနှင့် သူ့အသင်းကို ကြိုဆိုရန် ယူဆောင်လာခဲ့သည့် ကားအားလုံးတို့မှ ပရော်ဖက်ရှင်နယ်လိုင်စင်ကားများ ဖြစ်ကြ၏။ ထို့ကြောင့် အသစ်များဖြစ်နေကြောင်း သိသာ နေလေသည်။
ယွမ် သန်း ၂၀ ကျော်ခန့် အသုံးပြု၍ လူတစ်ယောက်ကို ကြိုဆိုဖို့ဆိုသည်မှာတော့ တော်ရုံချမ်းသာသည့် ဒုတိယမျိုးဆက်တို့ စွမ်းသာသည့် ကိစ္စမဟုတ်ခဲ့ချေ။
ဟွာရှတွင် နာမည်ကျော်ကြားသည့် မိသားစုကြီးများကို အဆင့်သတ်မှတ်ထားပြီး ကျယ်ပြန့်သည့် အသိုင်းအ၀ိုင်းရှိ လူအားလုံးမှ ထိုမိသားစုနာမည်များကို ကြားဖူးနား၀ ရှိကြသည်။ သို့သော်လည်း လင်းမိသားစုမှာ ဟွာရှတွင်တော့ အနည်းငယ်မျှသာရှိပြီး သူတိူ့အားလုံး၏ ကြွယ်၀မှုမှာလည်း စာရင်း၀င်လောက်သည့် အနေအထားမဟုတ်ချေ။
ယုတ်စွအဆုံး သူမရန်ကျင်းရှိ လင်းမိသားစု၀င်များ၏ နာမည်ကိုတောင် ချရေးပြနိုင်သည်။ သို့သော်လည်း လင်းရီကဲ့သို့ စွမ်းသာသည့် လူမျိုးကို ရှာတွေ့လိမ့်မည်မဟုတ်ချေ။
ထို့ပြင် ဟွာရှ၌ စီးပွားရေးကို ဇောက်ချလုပ်ကိုင်သည့် ဆက်ခံသူအချို့ ရှိသော်လည်း သူတိူ့၏ အပျော်အပါးမက်သည့် သဘာ၀ကိုတော့ ဖီဆန်နိုင်လိမ့်မည်မဟုတ် ပေ။ထို့ကြောင့် နေ့ရှိသရွေ့ ဘားကလပ်တို့၌သာ ခေါင်းစိုက်နေကြလိမ့်မည်။
သိပ္ပံနှင့် သုတေသနနယ်ပယ်ရှိ ရှန်းထျန်းကျိုးနှင့် ချိတ်ဆက်မိသွားရန်မှာ မဖြစ်နိုင်ချေ။
အကယ်၍ သူတို့မိသားစုတွင် လက်တွဲလုပ်နိုင်မည့် ပရောဂျက် သို့မဟုတ် ရှန်းထျန်းကျိုးကို နည်းပညာ အကြံပေးအဖြစ် ငှားရမ်းမည့် ကိစ္စသို့ ရှိခဲ့ပါလျှင်လည်း သူတို့မိသားစု၏ အကြီးအကဲများမှ လက်ခံတွေ့ဆုံပေမည်။
ထိုမျှ အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးကို ပေါ့ပျက်ပျက်သဘောထား၍ လူငယ်မျိုးဆက်တစ်ဦးကို လွှတ်လိုက်စရာ အကြောင်းမရှိချေ။
ယခုတော့ လင်းရီကိုယ်တိုင် လာရောက်လက်ခံ ကြိုဆိုနေလေသည်။ ရှန်းထျန်းကျိုး၏ သာမန်မဟုတ်သည့် အကျင့်စရိုက်နှင့် ဆိုပါက သူ့အားမလောက်လေး မလောက်စားကောင်က လာကြိုဆိုသည်ကို လက်ခံလိမ့်မည် မဟုတ်သော်လည်း ယခု မြင်တွေ့ရသလောက်ကတော့ ရှန်းထျန်းကျိုးနှင့် လင်းရီတို့မှာ အတော်လေး ရင်းနှီးသည့်ပုံပင်။
ထို့ကြောင့် သူမ လင်းရီ၏ ဇစ်မြစ်ကို စူးစမ်းချင်နေမိတော့၏။
လျန်ရူရွှယ် သူမလက်ကို ဆန့်တန်းလိုက်ပြီး "လျန်ရူရွှယ် ... ကျွန်မဘယ်သူလဲဆိုတာ ရှင်သိပြီးလောက်ရောပေါ့... စီးပွားရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ပါတယ်..."
လင်းရီ သူ၏ အမူအရာကို တည်တံ့လိုက်ပြီး အင်္ကျီ၀တ်စားများကို သန့်ပြန်အောင်ပြုကာ လျန်ရူရွှယ်ကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး "လင်းရီ ... လုံရှင်းသုတေသနစင်တာရဲ့ ဥက္ကဌပါ..."
"ရှင်...ရှင်က လုံရှင်းသုတေသနစင်တာရဲ့ ဥက္ကဌ...."
လင်းရီ မည်သူဖြစ်ကြောင်း ကြားသိသွားသည့်အချိန်တွင်တော့ သူမ ရှော့ခ်ရသွားခဲ့၏။
သူမ လုံရှင်းသုတေသနစင်တာအကြောင်း သိသည်။ ထိုစင်တာမှာ ကျိုးဟိုင်တွင် ဩဇာလွှမ်းမိုးမှုကောင်းသည့် သုတေသနစင်တာများထဲမှ တစ်ခုဖြစ်ပြီး သူမရှေ့ရှိ လူငယ်လေးမှာ ထိုစင်တာ၏ ဥက္ကဌ ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
သူမ လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
ယခုလို လုံး၀ မထင်မှတ်ထားသည့် အထောက်အထားကြီးက လျန်ရူရွှယ်ကို တဒင်္ဂမျှ လက်ခံနိုင်ရန် ခက်ခဲသွားစေသည်။
လင်းရီ ပြုံးလျက် ခေါင်းညိမ့်လိုက်ပြီး ""ဘာလို့လဲဆိုတော့ ကျုပ်တို့က ဖိုတိုလီတိုဂရပ်ဖီစက်ကို တီထွင်ချင်နေလို့ပဲ....မထင်မှတ်ထားတဲ့ ရေစက်တွေကြောင့်မို့ ဒါရိုက်တာရှန်းနဲ့ သွားဆုံပြီး ပူးပေါင်းဖြစ်သွားတာလေ...."
"ရှင်....ရှင်တို့က ဖိုတိုလီတိုဂရပ်ဖီစက်ကို တီထွင်မလို့..."
လျန်ရူရွှယ်မှာ ဒဿနိကဗေဒကို လေ့လာဆည်းပူးခဲ့ပြီး ဥပဒေနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ပြီးရာ ဟွာရှ၏ နည်းပညာအားနည်းမှုများစွာတို့ကို သိရှိပေသည်။
ဖိုတိုလီတိုဂရပ်ဖီစက်၏ နည်းပညာမှာ ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး နည်းပညာအပိုင်းစတစ်ခုဖြစ်ပြီး လွယ်လွယ်နှင့် ထုတ်လုပ်နိုင်သည့် နည်းပညာတစ်ခု မဟုတ်ခဲ့ပေ။
ထို့ကြောင့် ရှန်းထျန်းကျိုးပြန်လာသည့်တိုင်အောင် လျန်ရူရွှယ်မှာ လင်းရီတို့တီထွင်ရန် မဖြစ်နိုင်ဟု ခံစားမိနေဆဲပင်။
"အဟုတ်ပဲ...ကျုပ်ဟိုးတုန်းကနေ စဉ်းစားထားပြီးသား..ခု ဒါရိုက်တာရှန်းလည်း ပြန်ရောက်လာပြီဆိုတော့ လက်တွေ့အကောင်ထည်ဖော်ဖို့ပဲ ကျန်တော့တယ်...."
လင်းရီ ဖိုတိုလီတိုဂရပ်ဖီစက် ပြုလုပ်တော့မည့် အကြောင်းကို အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက လျှို့ဝှက်ထားရမည့် ကိစ္စ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း လျန်ရူရွှယ်၏ အထောက်အထားမှာတေယ့ ထူးခြား၏။ အကယ်၍ သူမသာ ထိုအကြောင်းသိရှိသွားပါက သူတို့ကို ဥပဒေဆိုင်ရာ အကူညီတစ်ချို့နှင့် အချို့လိုအပ်သည့်နေရာများတွင် ပံ့ပိုးလာပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ လီတိုဂရပ်ဖီစက်ကိုသာ ပြုလုပ်အောင်မြင်သွားမည်ဆိုပါက သူဆို့ဟွာရှ၏ ချစ်ပ်နယ်ပယ်တွင် သမိုင်းစာမျက်နှာသစ် ရေးထိုးနိုင်မည်မှာ မလွဲမသွေပင်။
"ရှင်က ကျွန်မကို အတော်လေး အံ့အားသင့်သွားစေတယ်ဆိုတာကတော့ ၀န်ခံရမယ်..."လျန်ရူရွှယ်ပြောလိုက်ပြီး "ကျွန်မ အမြင်အရဆိုရင် လီတိုဂရပ်ဖီစက် ပြုလုပ်မယ့် ပရောဂျက်က လုံး၀ ဧရာမကြီးပဲ...ပြီးတော့ အောင်မြင်ဖို့ သေချာတဲ့ ပရောဂျက်လည်း မဟုတ်ဘူးဆိုတော့ ရှင်တို့ အားစိုက်ထုတ်ထားတဲ့ အချိန်တွေ၊ အရင်းနှီးတွေ အလဟဿ ဖြစ်သွားမှာကို မစိုးရိမ်ကြဘူးလား..."
"ဒါပေါ့...ကြောက်တာပေါ့...."လင်းရီ ပြုံးလိုက်ပြီး "ဒါရိုက်တာရှန်းလည်း ကျုပ်ကို ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးသေးတယ်...ဒါပေမယ့် ကြောက်တယ်ဆိုတိုင်း မလုပ်လို့တော့ မဖြစ်ဘူးလေ...တစ်ယောက်ယောက်တော့ လုပ်ကိုလုပ်ရမယ်....ကျုပ်တို့ လုံရှင်း သုတေသနစင်တာက ပညာရှင်တွေ ပြောနေကြစကားတစ်ခွန်းရှိတယ်...ကျုပ်တို့ ဟွာရှကလည်း တစ်ခြားအင်အားကြီးနိုင်ငံတွေအောင် မနိမ့်ကျဘူးဆိုတာ သက်သေပြကြရမယ်...."
"အမှန်တိုင်း၀န်ခံရရင် ကျုပ်ဘယ်အင်အားကြီးနိုင်ငံက ဘယ်လိုကုန်ကြမ်းတွေ ထုတ်လိုက်နိုင်တာ........ဆိုတဲ့ စကားတွေကို အတော်လေး နားကြားပျင်းကပ်နေပြီ...ဒါပေမယ့် ဘယ်အင်အားကြီးနိုင်ငံရဲ့ နည်းပညာအဆင့်တန်းက ဘယ်လိုတွေ တိုးတက်သွားပြန်ပြီဟေ့ ဆိုရင် ဘယ်လောက် နားအရသာ ရှိလိုက်လဲ...ကျုပ်တို့လည်း အားကျမခံ ကြိုးစားကြည့်လို့ရတာပေါ့..."
"ဒီလိုကြိုးစားတဲ့ အချိန်မှာလည်း ကျုပ်နဲ့ ဒါရိုက်တာရှန်းတို့ ကျရှုံးသွားချင် ကျရှုံးသွားနိုင်တယ်...ပြီးတော့ ဒေဝါလီခံလိုက်ရတာလည်း ဖြစ်သွားနိုင်တယ်....ဘယ်သူမှသေချာမသိဘူး...ဒါပေမယ့်.. ကျုပ်တို့လုပ်ခဲ့သမျှ အရာအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မှာမဟုတ်ဘူးဆိုတာတော့ ကျုပ်ယုံကြည်တယ်...ကျုပ်တို့ ဆုံးခန်းတိုင်အောင် မလျှောက်လှမ်းနိုင်ခဲ့ရင်တောင်မှ ကျုပ်တို့ရဲ့ နောင်မျိုးဆက်တွေက ဒီလမ်းကို ဆက်လျှောက်သွားလိမ့်မယ်ဆိုတာ ကျုပ်ယုံကြည်တယ်..."
လျန်ရူရွှယ် ရှော့ခ်ရသွားခဲ့၏။ မက်မွန်ပန်းလေးများကဲ့သို့ လှပသည့် သူမ၏ မျက်လုံးအစုံတို့မှာ ကြယ်တာရာကဲ့သို့ လင်းလက်တောက်ပသွားခဲ့သည်။
ထိုအခိုက်အတန့်၌ သူမရှေ့ရှိ လူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိဉာဏ်နှစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ခုမှာ နေ့အချိန်တွင် အိပ်ပျော်နေပြီး တစ်ခုမှာ ညအချိန်တွင် နှိုးထလာသည့်ပုံပင်။
ယင်းက အံ့ဩလေးစားဖွယ်ကောင်းလွန်းလှ၏။
လျန်ရူရွှယ် သူမ၏ လက်ပို နောက်တစ်ဖန် ဆန့်ထုတ်လိုက်ပြီး "ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေအပေါ် ကျွန်မရဲ့အမြင်တွေကို ပြောင်းလဲသွားစေတဲ့အတွက် ကျေးဇူးပါ...ပြီးတော့ ရှင့်ရဲ့ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ နိုင်ငံချစ်စိတ်တွေကို သိခွင့်ပေးတဲ့ အတွက်ကောပေါ့...."
လင်းရီ စိတ်သက်သာရာရစွာဖြင့် ကြိတ်၍ သက်ပြင်းချလိုက်သည်။
သူ၏ တော်ကီများအောက်တွင် တစ်ဖက်မှ နစ်မြောသွား၍ တော်သေးသည်။
ယခုတော့ သူ့တွင် အကူညီလိုပါက အသုံးပြုရန် ဝှက်ဖဲတစ်ချပ် ရှိလို့လာချေပြီ။
"မြို့တော်၀န်လျန်...တကယ်လို့ မြို့တော်၀န်သာ အဲ့လိုပြောလိုက်မယ်ဆိုရင် လင်းရီကို လျှော့တွက်ရာကျလွန်းသွားပြီ...."
"ကျွန်မက လျှော့တွက်တယ်...."
"သူ့မှာ နောက်ထပ် အထောက်အထားတစ်ခု ရှိသေးတယ်...တစ်ချက်လောက် ခန့်မှန်းကြ ့်ကြည့်ပါလား..."
"ပရော်ဖက်တာရှန်း...ရှင်က ကျွန်မကို ခက်ခဲအောင် လုပ်နေတာပဲ...သူ့ရဲ့ လုံရှင်းသုတေသနစင်တာရဲ့ ဥက္ကဌ ဆိုတဲ့ အထောက်အထားနဲ့တင် အတော်လေး ရှော့ခ်ရနေပြီ...."
ရှန်းထျန်းကျိုး ပြုံးလိုက်ပြီး "တကယ်တော့ လင်းရီက ကွန်ပျူတာချစ်ပ်တွေနဲ့ ပတ်သက်လာရင် လုံး၀ ဆရာကြီးပဲ...ကျုပ်တချို့ အကြောင်းပြချက်တွေကြောင့်မျု့ ထုတ်ပြောလို့မရပေမယ့် နည်းပညာနဲ့ ပတ်သက်လာရင်တော့ သူ့ရဲ့ စကေးတွေက ကျုပ်အောက်မလျော့ဘူးဆိုတာတော့ ရဲရဲကြီး အာမခံရဲတယ်..."
လျန်ရူရွှယ် ကြက်သေသေသွားပြန်သည်။
စောနက ပြောသွားခဲ့သည့် လေးနက်သည့်စကားလုံးများထက် ယခုအထောက်အထားကြီးက သူမကို ပိုပြီး မယုံသင်္ကာဖြစ်အောင် လုပ်နေတော့၏။
မိုက်ခရိုချစ်စပ်နယ်ပယ်မှာ ဆရာတစ်ဆူ..
နည်းပညာ ကျွမ်းကျင်မှုတွင်လည်း ရှန်းထျန်းကျိုးအောက် မလျော့သူတစ်ဦး...
ရှန်းထျန်းကျိုးမှ ယခုလို မှတ်ချက်ပြုလာသည့်အချိန်တွင်တော့ လျန်ရူရွှယ် လင်းရီကို အသုံးမကျသူတစ်ဦးအဖြစ် မမှတ်ယူရဲတော့ချေ။
သို့သော်လည်း လင်းရီ၏ အသက်မှာ ငယ်ရွယ်လွန်းလှ၏။ သောက်စားပျော်ပါးပြီး သူငယ်ချင်းတစ်သိုက်နှင့် အလေလိုက်ရမည့် အချိန်ခါဖြစ်သည်။
သူတစ်နေ့လုံး ဘားကလပ်တို့၌ အချိန်ဖြုန်းနေလျှင်တောင် မည်သူကမျှ ဘာမှပြောလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် မိသားစုမှာ ချမ်းလည်းချမ်းသာသည်။ ထို့ပြင် လင်းရီ၏အသက်အရွယ်၌ ထိုသို့ပြုမူသည်မှာ ပုံမှန်ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း သူမလုပ်ခဲ့။ ထိုအစား ထိပ်တန်း နည်းပညာရပ်များကို သင်ယူကာ သူနှင့်အတူ ဖိုတိုလီတိုဂရပ်ဖီစက် တီထွင်ရန် ရှန်းထျန်းကျိုးကိုပါ ဆွဲဆောင်လိုက်သေး၏။
၎င်းက သာမန်လူတို့ ပြုနိုင်သည့်အမှုမဟုတ်ချေ။
သိူ့သော်လည်း သူ၏ ကပျက်ကချော်အပြုအမူများကြောင့် အကယ်၍ ရှန်းထျန်းကျိုးသာ သတိမပေးဘူးဆိုပါက လင်းရီ၏ နှလုံးသားတစ်နေရာတွင် ဖုံးကွယ်ထားသည့် ကြယ်တာရာတို့နှင့် ပင်လယ်ပြင်ကြီး ရှိနေလိမ့်မည်ဟု ထင်မထားမိမှာအမှန်ပင်။
"ဘယ်လိုလဲ...ရှော့ခ်ရသွားတယ်မလား..."ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်လည်း စစသိချင်းတုန်းက မြို့တော်၀န်လျန်လိုပဲ ရှော့ခ်ရသွားခဲ့တာ..."
"ပရော်ဖက်ဆာရှန်း...ရှင် ဟွာရှကို ပြန်လာခဲ့တယ်ဆိုတာလည်း သူ့ကြောင့်ပဲ မဟုတ်လား..."
"အတိအကျပဲ....တကယ်လို့ မစ္စတာလင်းကြောင့်သာမဟုတ်ရင် ကျုပ် ဟွာရှက်ု ပြန်လာစရာ အကြောင်းမရှိသေးဘူး..."
လျန်ရူရွှယ်၏ မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့၏။ သူမ ယခုမတိုင်မီက ရှန်ထျန်းကျိုး အဘယ်ကြောင့် ပြန်လာလဲဆိုတာ အမျိုးမျိား ခန့်မှန်းနေခဲ့သည်။ ယခုတော့ အမှန်တရားမှာ ပေါ်ပေါက်လာချေပြီ။
သူမရှေ့ရှိ လူငယ်လေးကြောင့်ပင်။
အပြန်လမ်းတွင်တော့ လျန်ရူရွှယ် ရှန်းထျန်းကျိုးပြောပြသည့် ဖြစ်ရပ်များကို နားထောင်ရင်း ရယ်ရအခက် ငိုရအခက် ဖြစ်နေခဲ့၏။
လင်းရီမှာ ရှန်းထျန်းကျိုးကို သိမ်းသွင်းရန်အတွင် မိုက်ခရိုဆော့ဖ်၏ အမှုဆောင်ဒုဥက္ကဌရာထူးကိုပင် လျှောက်ထားခဲ့သည်ဆိုပင်။
ထိုကောင်၏ နည်းလမ်းများကတော့ ဘယ်တော့မှ ရိုးတယ်ရယ်လို့ကို မရှိချေ။
မိနစ်လေးဆယ်ခန့်ကြာပြီးနောက် ယာဉ်တန်းကြီးမှာ ပန်နီဆူလာဟိုတယ်ရှေ့၌ ထိုးရပ်လာခဲ့သည်။
လျန်ရူရွှယ် ဟိုတယ်ကို ကြည့်လိုက်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိမ့်လိုက်၏။
ထို့နောက် ကားပေါ်မှဆင်းကာ လင်းရီနှင့် ရှန်းထျန်းကျိူးတို့ကို ကြည့်လိုက်ပြီး "မစ္စတာလင်း...ရှင်က ကျွန်မကို လေဆိပ်မှာတုန်းက အခွင့်ရေးမပေးခဲ့ဘူးဆိုတော့ ဒီတစ်ကြိမ်တော့ ကျွန်မကို မျက်နှာသာပေးတဲ့ အနေနဲ့ ဒီဟိုဆယ်မှာ ထမင်းတစ်နပ်တော့ ကျွေးခွင့်ပြုရမယ်...."
"အာ...မိန်းကလေး အဲ့လိုလုပ်လို့မရတာကိုတော့ စိုးရွံ့မိပါရဲ့...."
"ဟမ်...ရှင်က တမင်းလေးတစ်နပ်ဧည့်ခံတာကိုတောင်မှ သဘောမတူချင်ဘူးပေါ့...ဘယ်သူကျွေးကျွေး အတူတူပဲမဟုတ်ဘူးလား...."
"ကျုပ်က ဘယ်သူကျွေးတယ်ဆိုတာကို မေးခွန်းထုတ်နေတာမဟုတ်ဘူး...အဓိက ကတော့ ဒီဟိုတယ်က ကျုပ်အပိုင်ဖြစ်နေလို့ပါ..ဒီတော့ အစားအသောက်အတွက် ပိုက်ဆံပေးစရာမလိုဘူးလေ.... "