မပြည့်စုံသော လျှို့ဝှက်နည်းစနစ်
Vol. 16 Ch. 214
ဒီခန်းမ အတွင်းမှာတော့ အလင်းပြောက် ၁၀ခု ရှိနေပါတယ်။ ဒီအလင်းပြောက်လေး တွေက အသိဉာဏ် ရှိနေသည့် ပုံပါပဲ။ စုမုယူနဲ့ အခြားနှစ်ယောက်က အလင်းပြောက်လေးတွေ နားကို ချဉ်းကပ် သွားတိုင်းမှာ ထိုအလင်းပြောက်လေး တွေက အလျင်အမြန်ပင် ထွက်ပြေး သွားကြဒီလေ။
လီဖူချန်းတို့ သုံးယောက် ခန်းမထဲကို ဝင်လာတာကို တောင်မှ စုမုယူတို့က ဂရုမစိုက် အားပဲ အလင်းပြောက်လေး တွေကို အသည်းအသ န်လိုက်ဖမ်း နေကြပါတယ်။
သူတို့ရဲ့ အတွေးထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ ဒီအလင်းပြောက်လေး တွေကို အမြန်ဆုံး ဖမ်းမိပြီး အမွေအနှစ်တွေ ဆက်ခံဖို့ပါပဲ။
ဒီအမွေအနှစ် တွေထဲမှာ ရှိနေမဲ့ ပညာရပ်တွေက လုံးဝ အစွမ်းထက်မယ် ဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဘယ်လို ပညာရပ်မျိုးပဲ ဖြစ်ဖြစ် သူတို့အတွက် ကတော့ တကယ့် ရတနာ တစ်ပါး ပါပဲလေ။
သူတို့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ဆိုရင် သက်ဆိုင်ရာ ဂိုဏ်းတော်တွေက လက်ရွေးစင် ပညာရပ်တွေကို လေ့ကျင့်ခွင့် မရနိုင်သေးပါဘူး။ ဒီဟာက သူတို့အတွက်တော့ တကယ့် အခွင့်အရေးကြီး တစ်ရပ်ပါပဲ။
"ညီမကတော့ ဟိုဘက်က တလဲ့လဲ့ တောက်ပနေတဲ့ မီးအလင်းပြောက်လေးကို မျက်စိကျမိတယ်"
ဖန်ကျင်းယုက စိန်ပြေးလိုက်တမ်း ကစားပွဲကြီးထဲ ပြေးဝင် သွားခဲ့ပါပြီ။
“ငါကတော့ အဖြူရောင် အလင်းပြောက်လေးကို သဘောကျတယ်” ဖန်ကျင်းဆောင် ကလည်း ရပ်ပြီး ကျန်မနေပဲ လိုက်သွားပါတယ်။
သူတို့က ထိုအလင်းပြောက်လေး တွေကို ဖမ်းနိုင်လိမ့်မယ် လို့တော့ ယုံကြည်မှု မရှိပါဘူး။ ဒါပေမဲ့လည်း ကံစမ်း ကြည့်ချင်သေးတယ်လေ။
လီဖူချန်းကတော့ ချက်ချင်း လိုက်မဖမ်းသေးပဲ သေသေချာချာ ဆန်းစစ် နေခဲ့ပါတယ်။
သူက ဒီမတူညီတဲ့ အလင်းပြောက်လေး ၁၀ခုကနေ မတူညီတဲ့ အရှိန်အဝါ ကိုယ်စီ ထွက်နေတာကို ခံစားမိနေဒီ မဟုတ်ပါလား။
ကျန်တဲ့လူ တွေကကော သူ့လို ခံစားရမလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး။
လီဖူချန်းက ဘေးကနေ ရပ်ကြည့်နေပြီး ထိုအလင်းပြောက်လေး တွေရဲ့ သဘော သဘာဝကို ခံစားနေရင်းနဲ့ နည်းနည်းပါးပါး သိလာခဲ့ပါတယ်။
အထူးသဖြင့် ရွှေရောင် အလင်းပြောက်ကလေး ပေါ့လေ။
ဒီရွှေရောင် အလင်းပြောက်ကလေးက အလွန်တရာမှ မာနကြီးမည့် ပုံပါပဲ။ ထိုအလင်းပြောက်လေး ကနေ ဘုန်းတန်ခိုး ကြီးမားလှသည့် ဘုရင်မင်းမြတ် တစ်ပါးရဲ့ အရှိန်အဝါတွေ ထွက်နေပါတယ်။ အခြားသော အလင်းပြောက်တွေက သူရှိနေတဲ့ နေရာကို မလာရဲပါဘူး။
“အိုး ... ငါလိုချင်တာ ဒါပဲနေမှာ"
လီဖူချန်းက လေအရိပ်ခြေလှမ်းကို သုံးလိုက်ပြီး ထိုရွှေရောင် အလင်းပြောက်လေး ဆီကို ခုန်ဝင်ကာ ဖမ်းလိုက်ပါတယ်။
ရွှေရောင် အလင်းပြောက်လေးက ဖျတ်ခနဲ အနောက်ကို ဆုတ်သွားပါတယ်။ သူနဲ့ လီဖူချန်း အကြားက အကွာအဝေး ကတော့ မူလအတိုင်း ပြန်ဖြစ် သွားခဲ့ပါပြီ။
“ဒီအရာကတော့ ငါ့ကို စိတ်တိုအောင် လုပ်နေတာပဲ"
လီဖူချန်းက မီးနဂါး လျှို့ဝှက်နည်း စနစ်ကိုပါ ထုတ်သုံး လိုက်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက အရိပ်တစ်ခုပမာ ရုတ်ခြည်းပျောက်သွားပြီး ရွှေရောင် အလင်းပြောက်ရဲ့ အနောက်မှာ ပြန်ပေါ် လာခဲ့ပါတယ်။
ဒီအလင်းပြောက်လေး တွေကို ရရှိဖို့အတွက် ခက်ခဲမှုတွေ ကလည်း အမျိုးမျိုး ရှိနေမည့် ပုံပင်။
ဆောင်ကျန်းဟီ၊ ဝေရှန်းဟီနဲ့ ဖန်ကျင်းယု တို့မှာလည်း သူတို့ အခက်အခဲနှင့် သူတို့ပါပဲ။ သူတို့က အလင်းပြောက်လေး တွေကို ဖမ်းမိဖို့ တစ်လှမ်းလောက်ပဲ လိုနေတာတောင်မှ အခုထက်ထိ ဖမ်းဖို့ မမိသေးပါဘူး။
ဖန်ကျင်းဆောင် လိုက်ဖမ်းနေတဲ့ အလင်းပြောက်လေး ကတော့ သူတို့ထက် နည်းနည်း ပိုခက်မည့်ပုံပါပဲ။ ထို့နောက်မှာတော့ စုမုယူရဲ့ အလင်းပြောက်လေးက ရှိနေပါတယ်။ လီဖူချန်း လိုက်နေတဲ့ ရွှေရောင် အလင်းပြောက်ကတော့ အဆိုးဆုံးပါပဲ။
ကြည့်ရတာတော့ ဒီအလင်းပျောက်လေးတွေ လူတစ်ယောက်ရဲ့ မွေးရာပါ အလားအလာကို ကြည့်ပြီး ဆွဲဆောင်နေတာ ဖြစ်နိုင်ပါတယ်။
အလားအလာ ပိုကောင်းသည့် လူတွေက ပိုခက်ခဲသည့် အလင်းပြောက် တွေကို မျက်စိကျ နေဒီလေ။
စုမုယူ ကတော့ အစိမ်းရောင် အလင်းပြောက်လေးကို အသည်းအသန် လိုက်ဖမ်းနေပါတယ်။ သူမ လိုက်ဖမ်းနေသည့် အလင်းပြောက်လေးရဲ့ အရှိန်အဝါက ရွှေရောင် အလင်းပြောက်လေးထက် အနည်းငယ်မျှသာ နိမ့်ကျသည့် ပုံပင်။
“ဟဟဟ ... ငါမိပြီကွ"
ပထမဆုံး အလင်းပြောက် တစ်ခုကို ဖမ်းမိသွားသည့် လူကတော့ ဆောင်ကျန်းဟီ ပါပဲ။
သူက ထိုအလင်းပြောက်လေးကို ဆုပ်ကိုင်လိုက်တာနဲ့ အဲဒီအရာက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့တယ်လေ။ ထို့နောက်မှာတော့ ဆောင်ကျန်းဟီက လက်ရှိ အခြေအနေကို သတိမထား မိတော့သည့်အလား လှုပ်ရှားမှုတွေ ရပ်တန့် သွားခဲ့ပါပြီ။
"မင်းဘယ်ကို ပြေးဦးမလို့လဲ"
ဝေရှန်းဟီကလည်း သူလိုက်နေတဲ့ အလင်းပြောက်လေးကို ဖမ်းမိသွားတဲ့ နောက်မှာတော့ ကျောက်ရုပ်ကြီးလို ရပ်တန့်သွားပါတော့တယ်။
အဲဒီနောက်မှာတော့ ဖန်ကျင်းယု ကလည်း သူမရဲ့ အဖြူရောင် အလင်းပြောက်လေးကို ဖမ်းမိ သွားပြန်ပါပြီ။
ဒီခန်းမကြီးထဲမှာ ပြေးလွှားပြီး ကျန်ရစ်နေခဲ့တာ ဆိုလို့ လီဖူချန်း၊ ဖန်ကျင်းဆောင်နဲ့ စုမုယူတို့ပဲ ရှိပါတော့တယ်။
“ကြည့်ရတာ သာမန်နည်းလမ်း တွေနဲ့တော့ ဒီရွှေရောင် အလင်းပြောက်ကို ဖမ်းမိမှာ မဟုတ်ဘူး "
လီဖူချန်းကတော့ ရွှေရောင် အလင်းပြောက်ကို လိုက်ဖမ်း နေတာကို ရပ်လိုက်ပါပြီ။
အခုချိန်အထိ သူက ရွှေရောင် အလင်းပြောက်နဲ့ မီတာ အနည်းငယ်မျှ ကွာဝေးနေဆဲပါပဲ။ ဒီအတိုင်းသာ ဆက်ပြီး လိုက်နေမယ် ဆိုရင်တော့ သူသာ အမောဆို့ပြီး သေရင်သေ သွားပါမယ်။ ဒီအလင်းပြောက်ကိုတော့ မိမှာ မဟုတ်ပါဘူး။
လီဖူချန်းက အကြီးအကျယ် စဉ်းစားခန်း ဝင်နေပါပြီ။
အချိန်အတန် ကြာမှာတော့ ...
“ဟုတ်ပြီ။ ငါက ဒီအလင်းပြောက်ကို လိုက်မဖမ်း နိုင်မှတော့ ဘာလို့ မမြူဆွယ် ရမှာလဲ ..."
ထူးဆန်းတဲ့ အကြံတစ်ခုက ဖျတ်ခနဲ ပေါ်လာပါတယ်။
လီဖူချန်း ကတော့ သူ့ရဲ့ အကြံအတိုင်း လုပ်ဆောင်လိုက်ပါပြီ။
လီဖူချန်းက သူ့ရဲ့ အရှိန်အဝါ တွေကို အလျင်အမြန် ထုတ်ဖော်လိုက်ပါတယ်။
လီဖူချန်းရဲ့ အကြံက ထိုရွှေရောင် အလင်းပြောက်ကို ချီအရှိန်အဝါနဲ့ ဖိနှိပ်ဖို့တော့ မဟုတ်ပါဘူး။ သူ့ ရည်ရွယ်ချက်က သူ့ရဲ့ ချီအရှိန်အဝါ တွေကလည်း မာနကြီးပြီး လွှမ်းမိုးနိုင်စွမ်း ရှိတယ် ဆိုတာကို ထို ရွှေရောင် အလင်းပြောက်ကို သိစေချင်တာပါ။
လောကမှာ ဘဝင်မြင့်ပြီး စိတ်ကြီးဝင်နေတဲ့ သူတွေက သူတို့ အချင်းချင်းသာ အပေါင်းအဖက် ပြုလုပ်ကြဒီ မဟုတ်ပါလား။
လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာက ထူးဆန်းသည့် ရွှေရောင် အဆောင်လက်ဖွဲ့ ရှိနေတယ်လေ။ ထိုရွှေ အလင်းပြောက်ကသာ လီဖူချန်းရဲ့ တည်ရှိမှုကို လက်ခံသွားတာနဲ့ ထိုရွှေရောင် လက်ဖွဲ့အဆောင်ကို သတိပြု မိသွားနိုင်ပါတယ်။
ထိုထူးဆန်းတဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်ကတော့ ဒီရွှေအလင်းပြောက်ကို လုံးဝ ဆွဲဆောင် နိုင်မှာပါပဲ။
စုမုယူ ကတော့ လီဖူချန်းရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိပြုမိ သွားပါတယ်။
သူမကလည်း အစိမ်းရောင် အလင်းပြောက်ကို လိုက်မဖမ်းနိုင်တဲ့ အတွက် စိတ်ဓာတ်ကျ နေပါပြီ။
ထို့ကြောင့် သူမက လိုက်ဖမ်းနေတာကို ရပ်လိုက်ပြီး လီဖူချန်းကို ကောင်းကောင်းကြီး လေ့လာနေပါတယ်။
လီဖူချန်းရဲ့ ချီအရှိန်အဝါ ကြောင့်လား စိတ်ဝိညာဉ် နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့ အဆောင်ကြောင့်လားတော့ မသိပါဘူး။ ရွှေရောင် အလင်းပြောက်ကတော့ ချီတုံချတုံဖြင့် လီဖူချန်းနားကို ဖြည်းဖြည်းချင်း ကပ်လာပါတယ်။ ဒါပေမဲ့လည်း သူက လီဖူချန်းရဲ့ ကိုယ်ထဲကို မဝင်သေးပဲ လှည့်ပတ် ပျံသန်း နေဆဲပါပဲ။
“အဲဒါက တကယ်ကြီး အလု ပ်ဖြစ်တာလား"
လီဖူချန်းကို ကြည့်ပြီး စုမုယူကတော့ ပါးစပ်အဟောင်းသား ဖြစ်လို့နေပါပြီ။ ဒီကောင်လေးက ပါရမီ ရင့်သန်ရုံမက ထူးထူးခြားခြား နည်းလမ်းတွေ ကိုတောင် စဉ်းစား နိုင်တယ်လေ။ ပြီးတော့ အဲဒီနည်းလမ်း ကလည်း အလုပ်ဖြစ်နေဒီ မဟုတ်ပါလား။ စုမုယူကတော့ လီဖူချန်းကို လုံးဝ ချီးကျူးလိုက်ပါတယ်။
"ဒီတစ်ယောက်ကိုမှ တကယ့် ထွဋ်ခေါင် ပါရမီရှင်လို့ သမုတ်ရမှာ"
အရှေ့မှာ သာဓက ပြသွားသည့် လူတစ်ယောက်လုံး ရှိနေမှတော့ စုမုယူက ဘာမှ သံသယ ဝင်မနေတော့ပါဘူး။ သူမကလည်း မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ချီအရှိန်အဝါ တွေကို ဖော်ထုတ် လိုက်ပါတော့တယ်။
“သူတို့ နှစ်ယောက်စလုံး လုပ်နေမှတော့ ငါလည်း လိုက်လုပ် ကြည့်ရမှာပဲ "
ဖန်ကျင်းဆောင်လည်း ရွှေအဆင့် တပည့်တစ်ယောက် ဖြစ်တဲ့အတွက် ချက်ဆို နားခွက်က မီးတောက်သည့် လူ အမျိုးအစားပါပဲ။ စုမုယူ တောင်မှ လီဖူချန်း လုပ်သလို လိုက်လုပ်နေမှတော့ ဒါက မှားယွင်းသည့် နည်းလမ်းတစ်ခု မဟုတ်နိုင် တော့ဘူးလေ။
အခုအချိန် မှာတော့ သုံးယောက်စလုံးက သူတို့ရဲ့ ကိုယ်ပိုင် ချီအရှိန်အဝါ တွေကို ဖော်ထုတ်ထားပြီး စိတ်ဝိညာဉ် စွမ်းအားဖြင့် သက်ဆိုင်ရာ အလင်းပြောက် အသီးသီးကို ဆွဲဆောင် နေကြပါတယ်။
နောက်ထပ်၅မိနစ်မျှ အကြာမှာတော့ ထူးဆန်းတဲ့ အဖြစ်အပျက် တွေဖြစ်ပေါ် လာခဲ့ပါပြီ။ အလင်းပြောက်လေး တွေက သူတို့ကို စတင်ပြီး စက်ဝိုင်းပတ် ပတ်လာပါတယ်။ ထို့နောက်မှာတော့ ထိုအလင်းပြောက်လေး တွေက ကလေးငယ်လေး တွေပမာ ဆော့ကစား နေပါတော့တယ်။ သူတို့ က သက်ဆိုင်ရာ လူအသီးသီးကို တစ်ချက် ထိကြည့်လိုက် အပေါ်ကို ပျံတက်သွားလိုက်နဲ့ အလုပ်ရှုပ် နေကြဒီလေ။ ဒါပေမဲ့ သူတို့က အခုထက်ထိတော့ အမွေအနှစ် တွေကို လက်ဆင့်မကမ်း ချင်သေးသည့် ပုံပါပဲ။
“လာခဲ့”
စုမုယူက တစ်ချက် ကြုံးဝါးလိုက်ပြီး သူမရဲ့ ချီအရှိန်အဝါ တွေကို ပိုမြှင့်တင် လိုက်ပါတယ်။ သူမရဲ့ ပတ်ပတ်လည် မှာတော့ သေခြင်းရှင်ခြင်း စွမ်းအင်လှိုင်း တွေက ဖြစ်ပေါ်လာခဲ့ပါပြီ။
“ဟူး“
အစိမ်းရောင် အလင်းပြောက်လေး ကတော့ သူ့ရဲ့ အသိုက်ထဲကို ပြန်လာတဲ့ ပျံလွှားတစ်ကောင် ပမာဖြင့် စုမုယူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတော့တယ်။ အဲဒီ နောက်မှာတော့ စုမုယူကလည်း မျက်လုံးမှိတ်ပြီး ငြိမ်သက် သွားခဲ့ပါပြီ။
နောက်ထပ် အမွှေးတိုင် တစ်တိုင်ထွန်းချိန် အကြာမှာတော့ ဖန်ကျင်းဆောင် ကလည်း မျက်လုံးမှိတ် သွားပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ် ထဲကိုလည်း သူဆွဲဆောင်နေတဲ့ အလင်းပြောက်လေးက ဝင်သွားခဲ့ပြီ မဟုတ်ပါလား။
လီဖူချန်းရဲ့ ရွှေရောင် အလင်းပြောက်လေး ကတော့ အပေါ်ပျံတက်လိုက် သွားလိုက် အနားကပ် လာလိုက်ဖြင့် အလုပ်ရှုပ် နေဆဲပါပဲ။
'လခွီးတဲ့မှပဲ'
လီဖူချန်း စိတ်ထဲကနေ ဆဲရေးတိုင်းထွာ လိုက်ပါတယ်။ ဒီအတိုင်းနေလို့ ကတော့ ဘာမှ ထူးလာဦးမှာ မဟုတ်ပါဘူး။ တစ်ခုခုတော့ လုပ်ဖို့ လိုအပ်နေပါပြီ။
သူက ရွှေရောင် အလင်းပြောက်ကို ကြည့်လိုက်ပြီး
“မင်းအခုထိ ဘာတွေ တွေဝေ နေတာလဲ"
လီဖူချန်းရဲ့ စကားသံကြောင့် ရွှေရောင် အလင်းပြောက်က နည်းနည်း ရှေ့တိုး လာပါတယ်။
“ငါ့ခန္ဓာကိုယ် ထဲမှာ ရှိတဲ့အရာက မင်းထက် အများကြီး မြင့်မြတ်တယ်ကွ။ မင်းက ငါ့ဆီမှာ မခစားပဲ ဘယ်ကို သွားချင်နေတာလဲ။ မင်းက ငါ့ရဲ့ ခွန်အား တစ်စိတ်တစ်ပိုင်း မဖြစ်လာ ချင်ဘူးလား ..."
လီဖူချန်းရဲ့ အသံက ထက်ရှလှသည့် ဓားတစ်လက်ရဲ့ အရှိန်အဝါ တွေနှင့် ပြည့်နှက် နေပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့ အဆောင်ကလည်း ဒေါသထွက်လာသည့် ပုံပါပဲ။ ထိုအဆောင်ထံ ကနေ ရွှေရောင် အလင်းတန်းတွေတောင် ထွက်ပေါ်လာပါပြီ။
နောက်ဆုံးမှာတော့ ရွှေရောင် အလင်းပြောက်လေးက တွေဝေ မနေတော့ပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင် သွားပါတော့တယ်။
“ဘုန်း“
လီဖူချန်းရဲ့ စိတ်ထဲမှာတော့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သတင်း အချက်အလက် တွေက သူ့အသိစိတ် ထဲကို အဆက်မပြတ် စီးဝင် လာခဲ့ပါတယ်။
သတင်း အချက်အလက် တွေက အစီအစဉ် တကျ ဖြစ်မနေပဲ ဖရိုဖရဲ ဝင်ရောက် လာတဲ့အတွက် လီဖူချန်း တစ်ယောက်ကတော့ သူ့ရဲ့ခေါင်း ပေါက်ထွက် သွားတော့မည်လား ဟုတောင် ခံစား နေရပါပြီ။
သိပ်မကြာခင် မှာတော့ အချက်အလက် တွေက အလိုအလျောက် အစီအစဉ်တကျ ပြန်ဖြစ်သွားပြီး စာလုံးတွေ ပေါ်လာခဲ့ပါတယ်။
“မပြည့်စုံသည့် ဓားအဆီအနှစ်ကျမ်း။ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်။ လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားပုံသဏ္ဌာန် ဆေးမင်ကြောင်တွေ ပေါ်လာဒီနှင့် တစ်ပြိုင်နက် ဓားအဆီအနှစ် ကလည်း ဖြစ်တည်လာလိမ့်မည်။ ဒီနည်းစနစ်ကို အသုံးပြုဖို့အတွက် ဓားတွေ၊ ဆေဘာတွေ မလိုအပ်ဘူး။ အသုံးပြုသူ ကိုယ်တိုင်က ဓားတစ်ချောင်း ဖြစ်သွားပေလိမ့်မည်"
“အနက်ရောင်သံ ဓား အဆီအနှစ်က အနက်ရောင် သံဓား ပုံသဏ္ဌာန် ဆေးမင်ကြောင် ထဲမှာ ဖြစ်တည်လိမ့်မယ်။ ကြေးဝါရောင် ဓားအဆီအနှစ်က ကြေးဝါရောင် ဓားပုံသဏ္ဌာန် ဆေးမင်ကြောင်ထဲမှာ ဖြစ်တည်လိမ့်မယ်"
အချက်အလက် တွေကို သေသေချာချာ ဖတ်ပြီးတဲ့နောက် မှာတော့ လီဖူချန်းက အံ့သြတုန်လှုပ် သွားခဲ့ပါတယ်။
ဒီနည်းစနစ်က တကယ်ကြီး ကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ် ဖြစ်နေဒီလေ။
အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံး မှာတောင်မှ ကြယ်၆ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် တွေဆိုတာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ မဟုတ်ပါလား။ မိုးပြာရောင် ဂိုဏ်းတောင်မှ ကြယ်၅ပွင့်အဆင့် လျှို့ဝှက်နည်း စနစ်ကို မှီခို နေရတာလေ။ ကြယ်၆ပွင့် အဆင့် လျှို့ဝှက်နည်းစနစ် ဆိုတာက လုံးဝကို မမျှော်မှန်းနိုင်သည့် အဆင့် တစ်ခုပါပဲ။
အဲဒီထက် ပိုဆိုးတာက ဒီနည်းစနစ်က မပြည့်စုံသည့် ကျမ်းတစ်အုပ် ဖြစ်နေသေးတာပါ။ တကယ်လို့ အပြည့်အစုံ ကျမ်းစာအုပ် ဆိုပါက ကြယ်၇ပွင့်၊ ကြယ်၈ပွင့် ဒါမှမဟုတ် ဒဏ္ဍာရီတွေထဲက ကြယ်၉ပွင့်အဆင့် အထိတောင် ဖြစ်နိုင်ပါသေးတယ်။
“ရိုးတွင်းခြင်ဆီကို အသုံးချပြီး ဆေးမင်ကြောင်တွေကို ဖြစ်ပေါ်လာအောင် လုပ်ရမယ်။ ဒီနည်းစနစ်က အရိုးတည်ဆောက်ပုံ တစ်ခုလုံးကို လက်နက်အဖြစ် ပြောင်းသွား စေတာလား"
မာတိကာမှာ ပါရှိသည့် အချက်အလက် တွေက လီဖူချန်းကို စဉ်းစား စေခဲ့ပါပြီ။
လက်နက်တစ်ခုရဲ့ အဆင့်အတန်း ဆိုတာက ပါဝင်ပစ္စည်း တွေနဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ထိုလက်နက်ပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင် လီဖူချန်းရဲ့ နက်ရွှေမှော်ဓားမှာ ပါဝင်တဲ့ ပစ္စည်းတွေက ၇ကီလိုဂရမ် နီးပါးသာ လေးတာပါ။ ဒါပေမဲ့ အင်းကွက်ပါ ပေါင်းထည့် လိုက်တဲ့အခါ မှာတော့ အလေးချိန်က ၅၀ကီလိုဂရမ် နီးပါးတောင် ဖြစ်သွားခဲ့ပြီလေ။
ဒီလျှို့ဝှက် နည်းစနစ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆေးမင်ကြောင်တွေ ဆိုတာက တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အင်းကွက်တွေပါပဲ။ သူ့ရဲ့ ရိုးတွင်းခြင်ဆီ တွေကသာ ဆေးမင်ကြောင်တွေကို ဖြစ်ပေါ်စေခဲ့မယ် ဆိုရင် ဖြစ်လာမည့် အကျိုးဆက်ကတော့ တွေးလို့တောင် မရတော့ပါဘူး။
သူသာ လုံလောက်တဲ့ အဆင့်တစ်ခု အထိ လေ့ကျင့် နိုင်သွားခဲ့မည် ဆိုပါက သူ့ရဲ့ အရိုးတွေကလည်း အလွန်ခိုင်ခံ့ မာကျောလာမည် မဟုတ်ပါလား။ မိစ္ဆာသားရဲ တွေရဲ့ အရိုးထက်တောင် ပိုမာလာ နိုင်ပါသေးတယ်။
“ငါက ဂိုဏ်းတော်ရဲ့ မူလဘူတဓား ကိုတောင် မကျင့်ရသေးပဲနဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခု ရလာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့် ထားခဲ့မိဘူး"
လီဖူချန်းက ဒီနည်းစနစ်ကို ပိုင်ဆိုင်ထားတယ် ဆိုတာကိုတော့ တစ်ဦးတစ်ယောက် ကိုမှ မပြောပြဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းတော်ကိုလည်း ပြောပြလို့တော့ မဖြစ်ပါဘူး။ သူ့ဆီမှာသာ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ရှိနေတာကို သိသွားခဲ့ရင် မလိုလားအပ်သည့် ပြဿနာတွေနှင့် ကြုံလာနိုင်ဒီလေ။ သူ့ရဲ့ အသက်အန္တရာယ် ကိုပါ လုပ်ကြံ လာနိုင်ပါသေးတယ်။
“ငါက ဒီမပြည့်စုံတဲ့ ဓားအဆီအနှစ် ကျမ်းကို ရခဲ့ပေမဲ့လည်း မူလ ဘူတဓားကို လေ့ကျင့်ခွင့်ရအောင် လုပ်ရဦးမယ်။ ဒါမှ မတော်တဆ ဒီနည်းစနစ်ကို ထုတ်သုံးမိတဲ့ အခါကျရင် မူလဘူတဓား ပညာရပ်လို့ ပြောလို့ရမှာ"
လီဖူချန်းက ကောင်းမွန်တဲ့ အကြံတစ်ခု ရလိုက်ပါပြီ။
***