← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

"ပန်နီဆူလာဟိုတယ်ကလည်း ရှင့်အပိုင်...."

"ဟုတ်တယ်...ကျုပ်၀ယ်ထားတာဖြင့် ကြာကြာလှပြီ...စိတ်မကောင်းပါဘူး...မိန်းကလေး ဒီ‌နေ့တော့ ဒကာခံဖို့ရာ အခွင့်ရေး လွဲခဲ့ရပြီ..."လင်းရီ ပြုံးလျက် ပြောလိုက်သည်။

လျန်ရူရွှယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရ၏။ ဤနှစ်များအတွင်း သူမကို ယခုကဲ့သို့ ခံစားအောင် ပြူလုပ်နိုင်သည့်သူမှာ လင်းရီတစ်ဦးတည်းသာ ရှိပေလိမ့်မည်။

"အဲ့လိုဆိုလည်း ကျွန်မက ဧည့်သည့် လုပ်ရတော့မှာပေါ့...."

"ဒီကလည်း ဂုဏ်ယူစွာနဲ့ မိန်းကလေးကို ကျွေးမွေးဧည့်ခံပါ့မယ်တဲ့ဗျာ...."

လင်းရီ လျန်ရူရွှယ်နှင့် ရှန်းထျန်းကျိုးတို့ကို ဦးဆောင်၍ ပန်နီဆူလာဟိုတယ်ထဲသို့ ရောက်လာခဲ့၏။

ပြည်ပနိုင်ငံမှ ရောက်ရှိလာကြသည့် နိုင်ငံခြားသားများကတော့ ပတ်၀န်းကျင်ကို စူးစမ်းသည့်အကြည့်တို့ဖြင့် ကြည့်နေကြသည်။

လက်ရှိရောက်နေကြသည့် သူများအားလုံး ကွန်ဖူးဆိုသည့်အရာကို ကြားသိမြင်ဖူးကြ၏။ ထို့ကြောင့် ကွန်ဖူး၏ မြစ်ဖျားခံရာ ဟွာရှကို သေချာလေး စူးစမ်းနေကြလေသည်။

တစ်ချိန်တည်းတွင် ၀မ်ထျန်းလုံမှ လင်းရီထံ ရောက်ရှိလာခဲ့ပြီး "ဘော့စ်လင်း..ညစာစားပွဲအတွက် အားလုံးအဆင်သင့်ဖြစ်ပါပြီ..ဧည့်သည်အခန်းတွေအတွက်ကော ရယ်ဒီပါပဲခင်ဗျ..."

"ကောင်းပြီ..."

လင်းရီ ခေါင်းညိမ့်ပြီးနောက် အုပ်စုကို ညစာစားပွဲကျင်းပရာ ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။

စွန်းဖုယွီ၊ လုရင်းနှင့် ၀မ်ရန်တို့မှာ အချိန်အကြာကြီးကတည်းက စောင့်ဆိုင်းနေကြခြင်းဖြစ်၏။

လင်းရီ ရှန်းထျန်းကျိုးကို ဦးဆောင်ပြီး ခန်းမထဲသို့ ၀င်လာသည်ကို မြင်တော့ လူတိုင်း၏ မျက်နှာအမူအရာမှာ ထိတ်လန့်သွားပြီး အံ့အားသင့်မှုတို့က ‌မျက်နှာပေါ်တွင် ရေးထိုးထားကြလေသည်။

"ပရော်ဖက်ဆာရှန်း..."

လက်ရှိရောက်နေကြသည့်လူတိုင်ူမှာ ၀မ်ရန်မှလွဲ၍ အားလုံးက သုတေသနပညာရှင်များဖြစ်ကြ၏။

ထို့ကြောင့် ရှန်းထျန်းကျိုး၏ အမည်နာမမှာ သူတို့မတွက်တော့ ကောင်းကင်ပေါ်ရှိ တလက်လက် တောက်ပနေသည့် ကြယ်တာရာတစ်စင်းနှင့် တူညီလေသည်။

တောက်ပပြီး လက်လှမ်းလို့မမှီနိုင်ဖြစ်ရ၏။

ထို့ကြောင့် ယ‌ခုလိုအပြင်၌ လူကိုယ်တိုင် တွေ့ဆုံရချိန်တွင်တော့ အားလုံးမှာ စိတ်လှုပ်ရှားနေကြပြီး တစ်ချိန်တည်းတွင် စိုးထိတ်နေကြ၏။ သူတိူ့၏ အိုင်ဒေါသဖွယ် ပရော်ဖက်တာကြီးရှေ့တွင် အမှားပြုမိမှာကိုလည်း စိုးရွံ့နေလေသည်။

"ကဲပါ အားလုံးပဲ အားနာမနေကြနဲ့...ကျုပ်တို့က ခုကနေစပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြတော့မှာ မဟုတ်လား...."တရင်းတနှီးရှိစေရန် ရှန်းထျန်းကျိုးမှ သက်တောင့်သက်သာ ဖြစ်သည့်လေသံဖြင့် စကားစလိုက်၏။

"ပြောကြတဲ့အတိုင်းပဲ သိပ္ပံပညာဆိုတာက အကန့်အသတ်မဲ့တယ်...ကျုပ်တို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှု၊ ဒါရိုက်တာလင်းရဲ့ ထောက်ပံ့ပေးမှု၊ မြို့တော်၀န်လျန်ရဲ့ ဖေးမမှုတို့နဲ့ဆိုရင် ကျုပ်တို့ မကြာခင် ကမ္ဘာကြီးကို ဖိုတိုလီတိုဂရပ်ဖီစက်ရဲ့ နည်းပညာမျိုးဆက်သစ်တစ်ခုကို မိတ်ဆက်ပေးနိုင်တော့မယ်ဆိုတာ ကျုပ်တထစ်ချယုံကြည်တယ်.....အချိန်ကျလာတဲ့ အခါကျရင် တော့ ကျုပ်တို့ရဲ့နာမည်တွေ၊ အားလုံးရဲ့နာမည်တွေက သမိုင်းစာမျက်နှာထဲမှာ မှတ်ကျောက်တင်ခြင်း ခံရလိမ့်မယ်..."

လက်ခုပ်တီးသံများက ခန်းမတစ်ခုလုံး၌ ပြည့်လျှံနေခဲ့သည်။

ထို့နောက် ရှန်းထျန်းကျိုးမှ ဖိုတိုလီတိုဂရပ်ဖီစက်နှင့် ပတ်သက်၍ ပို့ချမှုတစ်ချို့ ပြုလုပ်‌ခဲ့၏။

ထိုမြင်ကွင်းကိုကြည့်ရင်း လင်းရီ စိတ်ထဲတွင်တော့ ပြောမပြတတ်သည့် ယုံကြည်မှုတို့ ပေါက်ဖွားလာခဲ့လေသည်။

အောင်မြင်မှုမှာ သူတို့အတွက် အိပ်မက်တစ်ခု မဟုတ်တော့ပါ။

"မိန်းကလေးလျန်ကော စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောဦးမလား..."လင်းရီ လျန်ရူရွှယ်နားတိုး၍ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"တော်ပါပြီ..ခုက အချိန်အခါကောင်း မဟုတ်သေးဘူး..."

"အခါကောင်းရယ်လို့တော့ စောင့်လို့ဘယ်ရမှာ မိန်းကလေးလျန်ရဲ့..မိန်းကလေးလျန်ရဲ့ အနေအထားကြီးနဲ့ဆိုရင် ကျုပ်တို့ကို ဖေးမပေးတာကိုပဲ ကျေးဇူးတင်လှပြီ... ."လင်းရီ ချိုသာစွာပြုံး၍ ပြောလိုက်၏။

"ကျွန်မကိုလာပြီးတော့မှ မြောက်ပင့်မနေနဲ့...ကျွန်မလုပ်နိုင်တဲ့ အရာဆိုလို့ကတော့ အားလုံးကူညီပေးမယ်..ရဲတွေကို မီးစိမ်းပြပေးတာကလွဲရင်ပေါ့..."လျန်ရူရွှယ်မှ ပြောလိုက်သည်။

"မိန်းကလေးလျန်ပြောလိုက်တဲ့ပုံက ကျုပ်ကပဲ မကောင်းတာတွေ လုပ်တော့မယ့် ပုံစံကြီးနဲ့..."လင်းရီ ပြုံးလိုက်ပြီး "ဒါပေမယ့် မိန်းကလေးက အပြောမတတ်တော့ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ..."

လျန်ရူရွှယ်ကတော့ သက်ပြင်းသာ အသာချမိလိုက်သည်။

ဘယ်လိုတောင် စကားပြောကောင်းတဲ့လူလဲ...

ရိုးရှင်းသည့် အဖွင့်မှာစကားတစ်ချို့ ပြောကြားပြီးနောက် ညစာစားပွဲမှာ တရား၀င်စတင်လေသည်။

သိူ့သော်လည်း မကြာမီ ညစာစားပွဲ၏ ဆွေးနွေးသည့်ခေါင်းစဉ်မှာတော့ ဖိုတိုလီတိုစက်အကြောင်းသို့ ပြန်ရောက်သွားခဲ့၏။

ယင်းက လင်းရီ စိတ်ကူးထားတာနဲ့ တလွဲစီဖြစ်နေလေသည်။

သူ၏ စိတ်ကူးထဲတွင်တော့ လူတိုင်းက ဘီယာခွက်ကြီးများကိုင်ကာ အားပါးတရမော့နေကြပြီး သူတို့အောင်မြင်ခဲ့သည့် ပရောဂျက်များအကြောင်း အပြိုင်ကြွားဝါနေကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော်လည်း ုတေသနပညာရှင်တို့၏ ဦးနှောက်မှာ သာမန်လူတို့နှင့် မတူကွဲပြားလေသည်။

သူတို့အားလုံး မျက်နှာများ နီရဲလာသည်အထိ အားရပါးရ ငြင်းခုန်နေကြ၏။

လင်းရီနှင့် လျန်ရူရွှယ်တို့ပင်လျှင် တစ်လုံးစ နှစ်လုံးစသာ နားလည်ကြပြီး ၀မ်ရန်၏ နားထဲတွင်တော့ ထိုသုတေသနပညာရှင်တို့မှာ ဗလူံးထွေး ပြောဆိုနေကြသည့် အသံကိုသာ ကြားယောင်နေလေသည်။

ညစာစားပွဲမှာ တိုတိုနှင့် နိဂုံးချုပ်သွားခဲ့ပြီး တစ်နာရီလောက်နှင့် ပြီးဆုံးသွားခဲ့၏။

ဤလူများမှာ စကားပြောမကောင်းကြသောလည်း လင်းရီ၏ မောက်ထိုင်အရက် နှစ်လုံးလောက်နှင့် အာများ လေးလေးပင်ပင် ဖြစ်ကုန်ကြသည်။

သို့နှင့် လင်းရီလည်း ညစာစားပွဲကို စောစီး အဆုံးသတ်လိုက်ရသည်။

ပြီး‌နောက် လျန်ရူရွှယ်၊ ရှန်းထျန်းကျိုးနှင့် ကျန်သူများကို ဓာတ်ခွဲခန်းအသစ်သို့လိုက်ပြကာ လုပ်ဆောင်ချက်တစ်ချို့ ရှင်းပြလိုက်ပြီး လျှို့ဝှက်သဘောတူညီချက်များ လုပ်ဆောင်ခဲ့ကြ၏။ ထို့နောက် ကြိုဆိုပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့် အဆုံးသတ်လိုက်လေသည်။

"ဘယ်ကိုသွားမှာ..ကျုပ်လိုက်ပို့ပေးမယ်လေ...."

ဟိုတယ်မှ ထွက်လာပြီးနောက် လင်းရီမှ ယဉ်ကျေးစွာ ဆိုလိုက်၏။

"တကယ်လို့ ရှင်သာ Rolls-Royce နဲ့ လိုက်ပို့မယ်ဆိုရင် စာရွက်စာတမ်းတွေ လာယူစရာ မလိုတော့ဘူး...ဒါမှမဟုတ် ရှင်ဒီည ကျွန်မဆီလာပြီး လာယူလည်း ရတယ်နော်...."

လျန်ရူရွှယ်မှ အပြုံးလေးဖြင့် ပြောလိုက်၏။

"ကျုပ်ကတော့ မိန်းကလေးလျန် ဆန်းကြယ်တဲ့ ကောင်ဆိုးလေးနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးတွေ ရှိချင်နေတယ်လို့ပဲ မှတ်ယူလိုက်တော့မယ်နော.... "

"ရှင်ဘက်ကအဲ့လို ထင်နေရင်လည်း ကျွန်မ ရှင်းပြမနေတော့ဘူး..."လျန်ရူရွှယ် သူမ ပါးစပ်ကိုအုပ်လျက် ရယ်မောလိုက်ပြီး "အချိန်ရမှ ဆက်ပြောကြတာပေါ့ရှင်...နှုတ်ဆက်ပါတယ်..."

လျန်ရူရွှယ်မှ လက်ကို ဆန့်တန်းကာ တက္ကစီငှားပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

ကား၏ နောက်ကြည့်မှန်မှ တစ်ဆင့် ဝေးကွာလာသည့် လင်းရီ၏ ပုံရိပ်မှာ တဖြည်းဖြည်းမှုန်မွှားလာခဲ့ပြီး ပျောက်ကွယ်သွားသည့်အခါမှသာ သူမ အကြည့်လွှဲလိုက်၏။

သိူ့သော်လည်း ရုံးသို့မသွားခဲ့ပေ။ ထိုအစား အိမ်သို့သာ ပြန်လာခဲ့လိုက်၏။

လျန်ရူရွှယ်၏ အိမ်မှာတော့ ကြီးသည်ဟု မဆိုသာပဲ ၇၀ စတုရန်းမီတာခန့်မျှသာရှိပြီး အပြင်အဆင်တို့မှာလည်း ရိုးရိုးရှင်းရှင်းလေးပင်။

ခြံထဲ၌ စိတ်ကြည်နူးစေမည့် ပန်းပင်လေးများနှင့် ဥယျာဉ်သေးသေးလေးတစ်ခု စိုက်ပျိုးထားပြီး ကော်ဖီသောက်ရန် စားပွဲဝိုင်းလေးတစ်ခုလည်း ချထားသေး၏။

အိမ်သို့ပြန်ရောက်သည့်အချိန်တွင်တော့ လျန်ရူရွှယ် ရေချိုးခန်းထဲသို့ သွားပြီး ကိုယ်လက်သန့်စင်လိုက်သည်။ သို့သော်လည်း သူမရေချိုးနေရင်းတန်းလန်း ဖုန်း၀င်လာခဲ့၏။

တစ်ချက်သွားကြည့်လိုက်ပြီး ခေါ်ဆိုလာသူမှာ သူမအဘိုးဖြစ်နေကြောင်း သိသွားသည့် အချိန်တွင်တော့ အရေးမကြီးသည့်အတွက်ကြောင့် အလျင်မလိုတော့ပဲ ရေချိုးပြီး အေးဆေးဖြစ်မှသာ ဖုန်းကိုင်လိုက်သည်။

"ဘိုးဘိုး..ဘာပြောစရာရှိလို့လဲ..."

လျန်ရူရွှယ်မှ ပြောလိုက်၏။

"ဘယ်လိုလဲ ... ကျိုးဟိုင်က ပတ်၀န်းကျင်နဲ့ နေသားကျနေပြီလား..."

"ကောင်းပါတယ်...ဒါပေမယ့် လေထုကတော့ နည်းနည်း စိုထိုင်းထိုင်းဖြစ်သလိုပဲ..ရန်ကျင်းလောက်တေ့ာ မကောင်းဘူး...."

"ဟားဟား ငါ‌မြေးကလည်း ...ပင်လယ်နားနီးတဲ့ မြို့ပါဆိုနေမှ အဲ့လောက်တော့ ရှိမှာပေါ့ကွ..."လျန်ရူရွှယ်၏ အဘိုးဖြစ်သူမှ ပြောလိုက်ပြီး "နေသားကျတယ်ဆိုလည်း ပြီးတာပါပဲလေ...ဒိကအဘွားကြီးကတော့ မြေးလေးကို ပြန်ခေါ်ပေးဖို့ပဲ ပြောနေတော့တာ..."

"အိုက်ယား...ဘွားဘွားကိုလည်း ပြောလိုက်..သမီးဒီမှာ အဆင်ပြနေပါတယ်လို့....ပြီးတော့ ဘာမှစိတ်မပူနဲ့လို့...."လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်ပြီး "သမီးကလည်း အရွယ်ရောက်နေ‌ပြီလေ...ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်နေပါပြီ...."

"အဘိုးပြောချင်တာလည်း အဲ့တာပဲလေ...ဒါပေမယ့် အဲ့အဘွားကြီးကိုကွ ဘေးကနေထိုင်ပြီး ပွစိပွစိ လုပ်နေတာ...."

"ဟားဟား မပူနဲ့....သမီးနောက်ကျ ဘွားဘွားကို ဖုန်းဆက်ပြီး ပြောပြလိုက်မယ်...."

"အေး အဲ့လိုလေးလုပ်စမ်းပါကွာ...မဟုတ်ရင် ကြာတော့ ကိုယ့်နားရွက်ကိုယ်တောင် ပြန်သနားလာပြီ... "

"ဒါနဲ့ မြေးက ရှန်းထျန်းကျိုးကို သွားကြိုတာမဟုတ်ဘူးလား...အခြေနေဘယ်လိုရှိလဲ..ကျိုးဟိုင်မှာ ကြာကြာနေလောက်လား...."

ရှန်းထျန်းကျိုး ပြန်လာသည့် သတင်းကို လျှို့ဝှက်ထားပြီး မီဒီယာများမှ မကြေညာသော်လည်း လူနည်းစုတစ်ချို့လောက်ကတော့ သိနေဆဲပင်။

လျန်ရူရွှယ်၏ အဘိုးမှာလည်း ထိုလူနည်းစုများထဲမှ တစ်ယောက်အပါအ၀င်ဖြစ်လေသည်။

ယင်းကလည်း လျန်ရူရွှယ်မှ ရှန်ူထျန်းကျိုးကို လေဆိပ်၌ သွားကြိုရန် တွန်းအားပေးခံရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်၏။

"အွန်း..သူ့ရဲ့ စရိုက်ကတော့ မဆိုးပါဘူး...ပြီးတော့ ကျိုးဟိုင်မှာလည်း ကြာကြာနေဖို့ ရှိတယ်...အခြေနေသာ ဟန်လို့ကတော့ ဒီမှာတင် ခေါင်းချတော့မယ့် သဘောပဲ... "

"အိုး...တကယ်ကြီးလားကွ...ဒါပေမယ့် ဘိုးဘိုး ချစ်ဆုံးမြေးလေးရဲ့ လေသံက ဘာလို့ တစ်ခုခုထူးဆန်းနေဆယ်လို့ ခံစားနေရပါလိမ့်...."

"ဘိုးဘိုး...သမီးတို့ အားလုံး မှားသွားပြီ..."လျန်ရူရွှယ်မှ နောင်တရနေသည့် လေသံဖြင့် "ဒီတစ်ခါ ရှန်းထျန်းကျိုးပြန်လာတာက သူ့ရဲ့ သုတေသနတွေကြောင့် မဟုတ်တော့ဘူး...တစ်စုံတစ်ယောက်က ခေါ်လို့ လာခဲ့တာ...."

"ဟမ်...အဘိုးလည်း ဒီနိုင်ငံထဲမှာ ရှန်းထျန်းကျိုးနဲ့ စကားပြောဖို့ အဆင့်မှီတဲ့ ဘူတွေအားလုံးနဲ့ သိပါတယ်ဟ..ဒါပေမယ့် အဲ့ဒီသူတွေ အားလုံးကတော့ ရှန်းထျန်းကျိုး ပြန်လာအောင် မလုပ်နိုင်ဘူး..ဒီလိုစွမ်းရည်မျိုး ကျိုးဟိုင်မှာ ဘယ်သူကရှိတာ...."

လျန်ရူရွှယ်၏ နှုတ်ခမ်းထောင်စွန်းများကွေးညွှတ်သွားခဲ့ပြီး ဖျော့တော့စွာပြုံး၍ "အမ်...ဒါက ဘယ်လိုပြောရမလဲ...အဲ့ဒီလူရဲ့ အထောက်အထားက နည်းနည်းလေးတော့ ရှုပ်ထွေးတယ်...."

"အမယ်...ဘိုးဘိုးရဲ့ ချစ်ဆုံးမြေးလေးက ဒီလိုတွေ ပြောလာတယ်ဆိုတော့ အဲ့ဒီသူက ရိုးရှင်းတဲ့သူတော့ မဟုတ်လောက်ဘူးနဲ့တူတယ်...."

"ဒါပေါ့လို့...ဘယ်လိုလုပ်ပြီး ရိုးရှင်းနိုင်မှာ...."လျန်ရူရွှယ်ပြုံးလိုက်ပြီး "သူရဲ့ ပုံစံက အပေါ်ယံကြည့်တော့တာ ဆန်ကုန်မြေလေး ပေါ့တီးပေါ့ပျက်သခင်လေးရုပ်နဲ့...တကယ့်တကယ်ကျတော့ သူက ကျိုးဟိုင်မှာရှိတဲ့ သုတေသနစင်တာတစ်ခုရဲ့ ဥက္ကဌကြီးပဲ....ပြီးတော့ သူ့အသက်ကလည်း နှစ်ဆယ့်ငါး..အလွန်ဆုံးရှိလှ နှစ်ဆယ့်ခြောက် လောက်ပဲ ရှိသေးတယ်... "

All Chapters