အခန်း (၃၆၃)
Vol. 25 Ch. 363
" နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်လောက်နဲ့ ဥက္ကဌ ဖြစ်လာတယ်..."လျန်ရူရွှယ်၏ အဘိုးမှာ လုံး၀ကြက်သေသေသွားပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့၏။
"ဒီကောင်အဲ့ဒီရာထူးကို ပိုက်ဆံပေးပြီး ၀ယ်ထားတာနေမှာပါကွာ..ဘာမှ အထင်ကြီးစရာ အကြောင်း မရှိဘူး..."
"သမီးလည်း အစတုန်းက အဲ့လိုပဲ ထင်ခဲ့တာ...ဒါပေမယ့် ဒါရိုက်တာရှန်း ပြောတာကတော့ သူက မိုက်ခရိုချစ်ပ်နယ်ပယ်မှာ ဆရာတစ်ဆူ..ပြီးတော့ သူ့ရဲ့ စကေးတွေကလည်း ပရော်ဖက်ဆာရှန်းအောက် မလျော့ဘူးဆိုပဲ...နောက်ပြီး သူဒီတစ်ကြိမ်ပြန်လာတာကလည်း သူ့ရဲ့ စင်တာမှာ ပူးပေါင်းဖို့ပဲ...မဟုတ်လို့ကတော့ ပရော်ဖက်ဆာရှန်းက ဟွာရှကို အလည်လာဖြစ်ဦးမှာတောင် မဟုတ်သေးဘူး...."
"သူက ချစ်ပ်နယ်ပယ်မှာ ဆရာတစ်ဆူတောင်ဖြစ်နေပြီလားဟ...."
ဤတစ်ကြိမ်တွင်တော့ လျန်ရူရွှယ်၏ အဘိုးမှာ တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ပေ။
အကယ်၍ သူ့တွင်သာ အသိမှတ်ပြုလောက်သည့် ကျွမ်းကျင်မှုတို့ မရှိပါက ရှန်းထျန်းကျိုးမှ ထိုသို့မှတ်ချက်ပြုလိမ့်မည် မဟုတ်ချေ။
"အဲ့တာကတော့ လုံး၀သေချာတယ်..."လျန်ရူရွှယ်ပြောလိုက်ပြီး "ဘာလို့လဲဆိုတော့ သမီး နေ့လည်တုန်းက သူ့လက်အောက်မှာရှိတဲ့ သုတေသနပညာရှင်တွေနဲ့ ထမင်းအတူစားခဲ့တယ်လေ....သူတို့ပုံစံကြည့်ရတာတော့ အဲ့ဒီသူကို လုံး၀ ရိုသေကိုးစားတဲ့ပုံကြီး ..တကယ်လို့ ပိုက်ဆံကြောင့်သာဆိုရင် သုတေသနပညာရှင်တွေက အဲ့လောက် ရိုသေနေမှာ မဟုတ်တာတော့ သေချာတယ်...."
လျန်ရူရွှယ်၏ အဘိုးမှာ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့ပြီး "သူ့နာမည်က ဘယ်သူလဲ..အဘိုး သူ့မိသားစုက အကြီးအကဲတွေနဲ့ ရင်းနှီးလောက်တယ်...."
"အဲ့တာတော့ ဘယ်ပြောလို့ရမှာ..."လျန်ရုရွှယ်ပြုံးလိုက်ပြီး "ဒါက အရမ်းကို လျှို့ဝှက်ထားရမယ့် ကိစ္စကြီးလေ..."
"ဟမ်... မြေးအစုတ်အပဲ့လေး...ကျိုးဟိုင်ရောက်နေတယ်ဆိုတော့ အဘိုးကိုတောင်မှ အာခံနေပြီပေါ့လေ...အဘိုးစကားတစ်ခွန်းတည်းနဲ့ တုန်းပေကို ပို့လိုက်လို့ရတယ်ဆိုတာ ယုံလား..."
"အဲ့တာဆို ဘွားဘွားနဲ့ တိုင်ပြောမှာပေါ့လို့...."
"ဟင်း.... အဘိူးမြေးလေးက အရွယ်ရောက်လာပြီးဆိုတော့ ပြောင်းလဲသွားပြီပေါ့လေ.... "လျန်ရူရွှယ်၏ အဘိုးဖြစ်သူမှ ၀မ်းနည်းနေသည့် လေသံဖြင့် ဆိုလိုက်၏။
"မပြောပြချင်လည်း ရတယ်...ဒါပေမယ့် ရှန်ထျန်းကျိုးက ဘာလို့ ပြန်လာတာလဲဆိုတာလောက်တော့ ပြောပြ....ပြီးတော့ သူက ဘာလို့ စင်တာတစ်ခုနဲ့ ပူးပေါင်းလိုက်တာလဲတဲ့...."
တစ်ခဏမျှ စဉ်းစားပြီးနောက် လျန်ရုရွှယ်မှ ပြောလိုက်၏။
"ဖိုတိုလီတိုဂရပ်ဖီစက်ကြောင့်လေ...."
"ဘာကြီး....ဖိုတိုလီတိုဂရပ်ဖီစက်...."
"အမှန်ပဲ...."
လျန်ရုရွှယ်မှ ပြောလိုက်ပြဣး
"ရှန်းထျန်းကျိုးက ကွန်ပျူတာအမြင်ပိုင်းနဲ့ ပတ်သက်ပြီးတဲ့ ကျွမ်းကျင်တဲ့သူ..သူ့ကို ပြန်ခေါ်လိုက်တဲ့သူကျပြန်တော့လည်း ချစ်ပ်နယ်ပယ်က ဆရာကြီး...သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်လို့ကတော့ ဝိတ်မျှတဲ့ ဓားနှစ်လက် ဖြစ်သွားတော့မှာလေ..."
"ဟားဟား...ရှန်းထျန်းကျိုးက တကယ်ကြီး ဖိုဆိုလီတိုဂရပ်ဖီစက် တီထွင်ဖို့ လာခဲ့တယ်ပေါ့..."လျန်ရူရွှယ်၏ အဘိုးမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒီကလေးရဲ့ ရည်မှန်းချက်တွေကလည်း မသေးပါလားကွ..."
"မသေးရုံတင် ဘယ်ကမှာ...သူက သုတေသနပညာရှင်တွေကိုလည်း အဲ့ဒီပရောဂျက်အတွက် စိတ်ကြိုက်သုံးခိုင်းထားတာ...သမီးကတော့ သူတို့ အဲ့လောက် ရင်းနှီးထားတာတောင်မှ လက်ဗလာနဲ့ အဆုံးသတ်သွားမှာကိုကြောက်တာ...."ထိုသို့ပြောရင်း သူမ ရေခဲသေတ္တာထဲမှ ဒိန်ချဉ်တစ်ဘူးကို ထုတ်ယူလိုက်၏။
ထို့နောက်
"ဒါပေမယ့် သမီးကတော့ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အချည်းနှီးဖြစ်တယ်လို့တော့ မထင်ဘူး...အကောင်းဘက်က တွေးကြည့်မယ်ဆိုရင်ပေါ...."
"အဘိုးရဲ့ မြေးမလေးက ဒီလိုစကားတွေ ပြောနေတယ်ဆိုတော့ ရိုးအလွန်းတယ်ပဲ ပြောရတော့မလား... "လျန်ရူရွှယ်၏ အဘိုးမှပြောလိုက်ပြီး "မြေးရဲ့အမေက ကုမ္ပဏီအကြီးစားကြီး တည်ထောင်ထားပြီးတော့မှ ငါ့မြေးကလည်း အဲ့မှာ ဒီလောက်အတွေ့ကြုံတွေ ယူလာခဲ့တာတောင် ဘာတစ်ခုမှ သတိမထားမိဘူးလို့တော့ မပြောနဲ့...."
"အမ်....သမီးက ဘာတွေ လွတ်သွားလို့လဲ..."
လျန်ရူရွှယ်၏ အဘိုးကတော့ ကျေနပ်စွာပြုံးလိုက်ပြီး သူ့အချစ်ဆုံးမြေးမလေး၏ရှေ့တွင် ဟန်ပန်တစ်ခွဲသားဖြင့် "အစည်းဝေးတစ်ခုမှာ လူအများကြီးရှိနေရင် အရေးမကြီးဘူး...ပြီးတော့ အရေးကြီးတဲ့ အစည်းဝေးဆိုရင်လည်း လူအများကြီးမရှိဘူး...ပြဿနာ သေးသေးတွေကို ကိုင်တွယ်ဖို့ကြတော့ အစည်းဝေး အကြီးစားကြီးတွေလုပ်တယ်...အရေးကြီးတဲ့ ပြဿနာတွေ ကိုင်တွယ်ဖို့ကျတော့ အစည်းဝေး အသေးစားလေးတွေပဲ လုပ်တယ်...ပြီးတော့ အစည်းဝေးမလုပ်တာကလည်း ပြဿနာကို တစ်နည်းတစ်ဖုံနဲ့ ဖြေရှင်းလိုက်တာပဲ....အဘိုးပြောတာကို နားလည်တယ်မလား....."
လျန်ရူရွှယ်မှာ သူမ ဖောက်ထားသည့် ဒိန်ချဉ်ကို စားသုံးရန် အာသီသမရှိတော့ဘဲ ဘေးသို့အသာချ၍ "သမီး လောဂျစ်ကိုတော့နားလည်ပါတယ်..ဒါပေမယ့် အဲ့တာက ဖိုတိုလီတိုဂရပ်ဖီစက်နဲ့ ဘာဆိုင်လို့လဲ..."
"အများကြီးဆိုင်တာပေါ့...နိုင်ငံဆိုတာကလည်း ကုမ္ပဏီတစ်ခုလိုပဲလေ...လူအများကြီး ပါ၀င်ပက်သတ်နေရင် ဘယ်မရာမှ ခရီးမရောက်နိုင်ဘူး..."
လျန်ရူရွှယ် စက္ကန့်အနည်းငယ်ခန့်လောက် တိတ်ကျသွားခဲ့ပြီး "အဘိုးပြောချင်တာက နိုင်ငံတော်က ပရောဂျက်တစ်ခုခုကို စလုပ်တော့မယ်ဆိုရင် ဌာနတွေအများကြီးနဲ့ လူတွေအများကြီး ပါ၀င်နေလို့ ခုလိုအခြေနေမျိုးတွေ ဖြစ်ကုန်တာလို့ ပြောချင်တာလား...."
"အမှန်ပဲလေ...အရင်တုန်းက မြေးအဘွားကလည်း သုတေသနပညာရှင်တစ်ယောက်ဖြစ်ခဲ့တာ..အဲ့ဒီတုန်းက သူတို့ နျူးကလိယလက်နက်ပြုလုပ်ဖို့ ဘာကြောင့် အချိန်တစ်နှစ်ပဲ ကြာလဲဆိုတာ သိလား...ဘာလို့လဲဆိုတော့ နိုင်ငံတော်က အဲ့ပရောဂျက်တစ်ခုတည်းကို သေချာအာရုံစိုက်ထားလို့ပဲ...ခုကျတော့ အလုံးစုံ ဖွံ့ဖြိုးဆိုးတက်စေရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေ ဆောက်ရွက်ကြရတယ်...မလိုလားအပ်တွေတဲ့အရာတွေနဲ့ အချိန်လိုက်ဖြုန်းပေးရတယ်...ဒါကြီးက သိပ္ပံသုတေသနနယ်ပယ်ရဲ့ တိုးတက်မှုကို အများကြီး ထိခိုက်နစ်နာစေတယ်.. ."
"အဲ့တာဆို နားလည်ပြီ...ငွေပြီးရင် သိပ္ပံပညာရှင်တွေ အလိုအပ်ဆုံးက လွတ်လပ်မှုပဲ...."
"ဒါပေါ့...အဲ့တာကမှ အရေးကြီးဆုံးအချက်ပဲလေ..."လျန်ရူရွှယ်၏ အဘိုးဖြစ်သူမှ ပြောလိုက်ပြီး "အိုး ဒါနဲ့ မြေး ကျိုးဟိုင်ရောက်တုန်းက ကျောက်မို ဆက်သွယ်လာခဲ့သေးလား..."
"အဘိုးက ဘာလို့ အစောကြီးကတည်းက မပြောတာ..."လျန်ရူရွှယ် စိတ်ဆိုးနေဟန်ဖြင့် "သမီး လေယာဉ်ပေါ်က ဆင်းရုံရှိသေး...အဲ့သေနာကြီးက ဖုန်းဆက်လာခဲ့တာလေ...ပြီးတော့ Ciscoကိုကူပြီး ကိုင်တွယ်ပေးဦးလို့တောင် တောင်းဆိုလာခဲ့သေးတယ်...ဒါပေမယ့် သမီးကတော့ ဂရုကိုမစိုက်တာ..."
"သိသားပဲ...ဒါပေမယ့် သူ့ရဲ့ အဖေနဲ့ အဘိုးတို့က ရင်းနှီးတယ်ဆိုတော့ နည်းနည်းပါးပါးတော့ ဂရုစိုက်ပေးလိုက်ပေါ့ကွာ..."
"အဲ့တာကတော့ သမီးရဲ့ စိတ်အခြေနေပေါ် မူတည်တယ်..."လျန်ရူရွှယ်ပြောလိုက်ပြီး "ပြီးတော့ Cisco ရဲ့ ကြီးထွားနေမှုကြီးက သမီးတို့ မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေသေးတယ်... Ciscoကို အဓိက ရင်းနှီးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဆိုတော့ သူက ပိုက်ဆံတွေ အများကြီးတောင်ရနေလောက်ပြီ...ဘာမှ ဂရုစိုက်ပေးစရာကို မလိုတာ..."
"အဘိုးအရင်က ပြောခဲ့သလိုပဲ..ကျောက်မိုက မဆိုးဘူး...ပြီးတော့ သူ့ရဲ့ စီးပွားရေးအမြင်နဲ့ ရင်းနှီးမြုပ်နှံမှု နည်းလမ်းတွေကလည်း ဒီလောက်ကြီးတဲ့ ရန်ကျင်းမှာတောင်မှ နံပါတ်တစ်လို့ ပြောလို့ရတယ်..သူက စိတ်၀င်စားနေမှတော့ မြေးက အခွင့်ရေးတစ်ခါလောက်တော့ ပေးလိုက်ပေါ့ကွာ....."
"ဘိုးဘိုး..အဲ့အကြောင်းပဲ ဆက်ပြောနေတော့မယ်ဆိုရင် သမီးဖုန်းချလိုက်တော့မှာနော်..."လျန်ရွှယ်ရူမှ ပြောလိုက်၏။
"အေးပါ အေးပါ...ဟုတ်ပါပြီ ...ဘိုးဘိုးဆက်မပြောတော့ဘူး.."
လျန်ရူရွှယ်၏ အဘိုးမှ ပြောလိုက်ပြီး "ခု ရှန်းထျန်းကျိုးတို့က ဖိုတိုလီတိုဂရပ်ဖီစက်ကို လေ့လာတော့မယ်ဆို တော့ တကယ်လို့ မီးစိမ်းတစ်ခုခု ပြဖို့လိုအပ်လာခဲ့ရင် ကူညီပေးလိုက် ...အောင်မြင်တာ မအောင်မြင်တာ အပထား...ဒီကိစ္စကြီးက လူ့အဖွဲ့စည်းတစ်ခုလုံးအတွက် အကျိုးရှိမယ့် ကိစ္စကြီးပဲ..."
"မပူနဲ့..သမီးလည်း နားလည်ပြီးသားပါ..သမီး၀င်ပါရမယ့် အချိန်ရောက်ရင်တော့ သေချာလေး ဂရုစိုက်ပေးလိုက်မယ်..."
"ဟင်းဟင်း....အဘိူး ခုလေးတင် ကျောက်မိုလက်အောက်က Ciscoကို ဂရုစိုက်ပေးဖို့ ပြောတော့ မြေးက သဘောမတူဘူး....ခု ရှန်းထျန်းကျိုးရဲ့ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်ကို ရုစိုက်ပေးဖို့ပြောတော့ ချက်ချင်းကြီးသဘောတူလိုက်တယ်..ဘာလို့ တစ်ခုခု မူမမှန်သလို ခံစားနေကပါလိမ့်...."
"အမ်....ဘာက မူမမှန်တာ...."
"အဘိုး ခုလေးတင် ရှန်းထျန်းကျိုးနဲ့ လက်တွဲလုပ်နေတဲ့ ကောင်လေးအကြောင်း မေးတယ်နော်..ဒါပေမယ့် မြေးက ဘယ်လိုကြီးပဲ ဖြစ်နေဖြစ်နေ မပြောပြဘူးမလား....ဘာတဲ့....နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ဟုတ်တယ်ဟုတ်...အဲ့ကောင်လေးက ချောကောချောလား.....တကယ်လို့ မချောရင်တော့ မြေးအဘွားရဲ့ စံနှုန်းကိုတောင် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးနော်..အရမ်းကြီးမခန့်ရင်တောင် မြေးအဘိုးနီးနီးလောက်တော့ ခန့်မှရမယ်..."
"တီ တီ တီ...."
လျန်ရူရွှယ် ဘာမျှပြန်မပြောပဲ ဖုန်းချပြီး တိတ်တဆိတ် စောဒကတက်နေတော့၏။
"ဟွန့် အသက်ကဖြင့်ဒီလောက်ကြီးနေပြီကို လေကတော့ တစ်စက်မှကို မလျော့တာ... "
...
ပန်နီဆူလာဟိုတယ်၌။
လျန်ရူရွှယ်ထွက်သွားပြီးနောက် လင်းရီ နာရီကို တစ်ချက်ကြည့်ကာ ကျီချင်းရန်ကို အလုပ်သွားကြိုရန် ဆုံးဖြတ်လိုက်သည်။
လင်းရီ မောင်းရင်းဖြင့် တစ်ချက် တွေးတောကြည့်လိုက်၏။
သူမောင်းခဲ့တဲ့ ကီလို ၄,၀၀၀ ကျော်မှာ ၁,၀၀၀ကျော်လောက်က ကျီချင်းရန်ကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်လား...
ကြည့်စမ်း..ဒီကောင်မလေးကတော့ လူကို တကယ်ပဲ ကူညီဖော်ရတယ်...
" အေး...ဒီနေ့ကော အချိန်ပိုဆင်းဦးမှာလား.."ကားပါကင်ထိုးသည့်နေရာကိုရောက်တော့ လင်းရီ ဖုန်းဆက်ပြီး မေးမြန်းလိုက်၏။
အကယ်၍ သူမသာ အချိန်ပိုဆင်းဦးမည်ဆိုပါက သူလမ်းဝိုက် ခဏလောက် ပတ်သွား၍ အချိန်ဖြုန်းလိုက်ဦးမည်။ အကယ်၍ မလိုလျှင်တော့ နေရာမှာပဲ ချင်းရန်၏ အလာကို စောင့်ဆိုင်းနေပေမည်။
မစ်ရှင်အတွက်ကတော့ လင်းရီဘက်မှ အလျင်လိုနေခြင်း အလျင်းမရှိ။ ကီလို ၂၀၀ ကျော်မျှသာ မောင်းရန် ကျန်တော့သောကြောင့် မနက်ဖြန်ဆိုလျှင် သူအသာလေး ပြီးမြောက်အောင် လုပ်၍ရသည်။
လောနေစရာ အကြောင်းမရှိချေ။
"အွန်း ..အလုပ်တွေက ပြီးတော့မှာ..ဘာမှ အချိန်ပိုဆင်းနေစရာမလိုဘူး...ပါကင်မှာပဲ ခဏစောင့်နေလိုက်လေ...ငါအ၀တ်စားလဲပြီး ဆင်းလာခဲ့တော့မယ်..."
"အိုကေလေ..."
မကြာမီ ကျီချင်းရန် ဓာတ်လှေကားထဲမှ အနက်ရောင်နှင့်အပြာရောင် ရောစပ်ထားသည့် အင်္ကျီကို ၀တ်ဆင်ပာ ဟားမက်စ်အိတ်ကိုလွယ်၍ ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။
သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြင်သူတိူ့၏ အသည်းကို ခြေထောက်ဖြင့် နင်းခြေပစ်နေသည့်အလား ခံစားသွားရစေသည်။
"အိမ်မှာ စားစရာတွေတောင် ကုန်တော့မယ်...နင်ငါနဲ့ ဈေးလိုက်၀ယ်ပေးဦး..ငါနဲ့လိုက်ခဲ့ရမှာနော်..နင်ဒီညတော့ ဘယ်မှ ထွက်ပြေးလို့မရဘူး....."
လင်းရီ ညဘက်တွေ Didi ပြေးဆွဲတတ်သည်က်ု ကျီချင်းရန် နားလည်ပေသည်။ ထို့ကြောင့် ဆင်ခြေအမျိုးမျိုးသုံး၍ သူမဘေး၌ အဖော်ပြုပေးရန် အသုံးချနေခြင်းပင်။
တစ်ဖက်လည်း အပြင်ထွက်ပြီး Didi မောင်းသည်ထက် သူမဘေးနား အဖောပြုပေးသည်က ပို၍အနားရပေသည်။
"ပြဿနာမရှိဘူး..."
အော်ဒါအတည်ပြုပြီးနောက် လင်းရီ အနီးနားရှိ ၀မ်တပလာဇာသိူ့ ဦးတည်လိုက်၏။
ကလင ကလင် ကလင် ...
ကားထဲမှာ ထွက်ခါရှိသေး လင်းရီ၏ ဖုန်းသံမြည်လာခဲ့၏။
ကျင်းကျင်းဆိုသည့် ကောင်မလေးထံမှပင်။
လင်းရီဖုန်းကိုင်လိုက်ပြီး ဘာမျှ မပြောရသေးခင် ကျင်းကျင်း၏ ဥဩငှက်ကဲ့သို့ သာယာသည့် အသံလေးက ဖုန်းထဲမှ ထွက်လာခဲ့၏။
"အစ်ကိုရီ ညီမတို့တို့ အမှတ်စာရင်းတွေထွက်လာပြီ...ညီမ ၆၉၈ မှတ်ရတယ်..ခု ဖူတန်ဆေးတက္ကသိုလ်ကလည်း ဖိတ်ခေါ်ကြောင်း စာပို့လာခဲ့ပြီ....ညီမ မနက်ဖြန်ဆို ဖောင်သွားဖြည့်တော့မှာ ..."
"ဟမ်...မနက်ဖြန် စာရင်းသွားသွင်းတော့မှာလားဟ...မြန်လှချည်လား..."
"အစ်ကိုရီက အလုပ်များနေတဲ့လူဆိုတော့ အချိန်တွေ ဘယ်လိုကုန်သွားလဲတောင် သိလိုက်မှာ မဟုတ်ဘူး..."ကျင်းကျင်းပြောလိုက်ပြီး "ညီမကတော့ အဲ့ဒီစာရောက်ဖို့အတွက် ဘယ်လောက်အကြာကြီး စောင့်လိုက်ရလဲ ဆိုတာအစ်ကိုရီမှာ မသိတာ.."
"ကောင်းတဲ့အရာတွေက အကြာကြီးစောင့်ရတယ်လေ..အနည်းဆုံးတော့ ကျင်းကျင်းရဲ့ မိဘတွေကို စိတ်မပျက်စေခဲ့ဘူးမလား...."
"အွန်း...ညီမ ပိုက်ဆံတွေ အများကြီးရှာပြီးတော့ မေမေတို့ကို ပြန်ပေးရမယ်..."
"ခုဆိုင်မှာလား..."
"ဟုတ်တယ်...မေမေတို့ကို ကူပေးနေတာလေ..."
"အိုကေ..အဲ့တာဆို အဲ့မှာပဲ စောင့်နေလိုက်..အစ်ကိုလည်း ထမင်းမစားရသေးဘူး..."
"ဟုတ် ဟုတ် ..ဒီနေ့တော့ အစ်ကိုရီကို ညီမ ကျွေးမယ်လေ..."
"ဟားဟား...ဒီကောင်မလေးကတော့...."
ထိုသို့ပြောပြီးနောက် လင်းရီ အပြုံးလေးဖြင့် ဖုန်းချလိုက်သည်။
"ဘယ်သူကြီးလဲ..."
"ဦးလေးကျင်းရဲ့ သမီး..." လင်းရီ ပြောလိုက်ပြီး "မင်းအရမ်းကြိုက်တဲ့ လမ်းကြားလေးထဲက ဥထမင်းကြော်ရောင်းတဲ့ ဦးလေးရဲ့ သမီးလေ..သူအခု ၆၉၈ မှတ်ရတယ်..ခု ဖူတန် ဆေးတက္ကသိုလ်ကို သွားပြီး ၀င်ခွင့်လျှောက်တော့မှာ....အဲ့တာကြောင့်မို့ သူ့ဆီသွားပြီး ဂုဏ်ပြုပေးရင်းနဲ့ ထမင်းသွားစားမလို့. "
"ဟင်..ဒီလောက် အမှတ်ကောင်းတာတောင်မှ ဖူတန်ကို သွားရတယ်လို့...နှမြောစရာပဲ..ကလေးမလေးက ရန်တက္ကသိုလ်ကို သွားသင့်တာ..."
"မင်းကတော့ မင်းကျောင်းအကြောင်းဆို နေရာတကာမှာ ဂုဏ်လိုက်ဖော်နေတော့တာပဲ...ဘွဲ့လည်းရပြီးနေပြီကို ကျောင်းအကြောင်းက တွေးနေသေးတယ်ပေါ့... "
"ဒါပေါ့..."ကျီချင်းရန် ဂုဏ်ယူစွာ ခေါင်းမော့လိုက်ပြီး "ရန်တက္ကသိုလ်က သာမန်တက္ကသိုလ်မှ မဟုတ်တာ..."
"ဘာလဲ...မင်းလိုကျောင်းသားမျိုးမွေးထုတ်ပေးခဲ့လို့ အဲ့ဒီကျောင်းက အရမ်းကောင်းပါတယ်လို့ ပြောတော့မလို့လား..."
"ငါက အရမ်းနိမ့်ချတဲ့ သူပါနော်..ဒါပေမယ့် နင်က အဲ့လိုပြောချင်နေတယ်ဆိုရင်လည်း ဒီက မငြင်းတော့ပါဘူးလေ..."
"ဟားဟား..."လင်းရီ အေးစက်စွာ ရယ်မောလိုက်ပြီး
"အဲ့တာဆို ကျိုးဟိုင် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဘွဲ့ရထားတဲ့ငါကျတော့ ဘယ်လိုဖြစ်သွားမှာ....."