← Chapters

အခန်း (၃၆၅)

Vol. 25 Ch. 365

အခန်း (၃၆၅)

Vol. 25 Ch. 365

ကျီချင်းရန် နောက်သို့ပြန်လှည့်လိုက်ပြီး အရောင်း၀န်ထမ်းအမျိုးသမီးကို စူးရဲစွာ တိုက်ရိုက်ကြည့်လိုက်သည်။

သူမ၏ တော်၀င်ဆန်လှသည့် အရှိန်အဝါနှင့် ထက်ရှသည့် အကြည့်တို့မှာ အရောင်း၀န်ထမ်းအမျိုးသမီးကို ဖိနှိပ်သွားပြီး တစ်ဖက်သူမှာ စေ့စေ့မကြည့်ဝံ့တော့ချေ။

"ရှင့်မှာ မမကျီကို အဲ့လိုပြောဖို့ ဘာအခွင့်အရေးရှိလို့လဲ...."ကျင်းကျင်း မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သူမမှာ စူပါမကတ်ထဲတွင်တော့ စိတ်ဓာတ်တက်ကြွနေသည့် ကလေးတစ်ယောက်ဖြစ်နေလေသည်။

"ငါမှန်တာ ပြောနေတာပဲလေ...နင်တို့က စတားဘက်ခ်တောင်မှ ပရိုမိုးရှင်းနဲ့မှ သောက်နိုင်တာကိုများ လေကြီးလေကျယ်တွေနဲ့ ယွမ် ၈ထောင်ကျော်တန်ကြေးရှိတဲ့ ပစ္စည်းတွေကို ၀ယ်ဦးမယ်တဲ့...ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ.... "

"ဘာလို့ဆို‌တော့ ငါတို့က ပိုက်ဆံကို စည်းကမ်းရှိလို့လေ...ရှင်တို့လို မရှိကို အရှိဟန်ဆောငါနေကြတဲ့သူတွေများ မှတ်နေလား...အစ်ကိုရီပဲဖြစ်ဖြစ်..မမကျီပဲဖြစ်ဖြစ် ရှင့်ထက်အပုံကြီး ချမ်းသာပြီးသား.."

"ကျင်းကျင်း ထားလိုက်တော့ ...သူနဲ့ စကားပြောမနေနဲ့...ကိုယ့်သိက္ခာကျတာပဲရှိတယ်..."ကျီချင်းရန် ပြောလိုက်ပြီး "တခြားနေရာပဲ သွားကြရအောင်..."

"သူ့မှာ မမကျီကို ဝေဖန်ဖို့ ဘာအခွင့်ရေးရှိလို့လဲ....ဒီနေ့တော့ သူ့ကို အမြင်မှန်ရအောင် လုပ်ပေးရမယ်...."

"သွားစို့...အဲ့လိုလုပ်ဖို့ မလိုလုပ်ပါဘူး...."

ကျီချင်းရန် ကျင်းကျင်း၏ လက်မောင်းကို ဆွဲ၍ ထိုကောင်တာမှ ထွက်လာခဲ့၏။

သူမ၏ အမြင်မှကြည့်လျင်တော့ မိန်းကလေးတစ်ယောက်မှာ လူရှေ့သူရှေ့တွင် အော်ကြီးဟစ်ကျယ် ပြုမူနေသည်က လွန်စွာ မသင့်လျော်သည့် အပြူအမူပင်။

"ကောင်းပါပြီ...."

သုံးယောက်သား ထိုနေရာမှ လျှောက်သွားသည်ကိုမြင်တော့ အရောင်း၀န်ထမ်းမိန်းကလေးမှာ ပို၍ပင် အတင့်ရဲ့လာပြီး "ကျွတ်....လူတွေက အမှန်ပြောပြန်တော့လည်း လက်မခံချင်ကြဘူး...နင်တို့ တတ်နိုင်လားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်...."

"မေ့လေး...ဘာလို့ အဲ့လောက်ထိ စိတ်တိုနေတာ...သူတို့နဲ့ စကားပြောစရာ မလိုပါဘူးဟယ်..ယွမ် ၄၀၀ကျော်တန် ဖုန်းလေးတောင်မှ မ၀ယ်နိုင်တာကိုများ...."

"ဟုတ်ပါ့..တကယ်လို့ ငါသာ မန်နေဂျာမြင်သွားမှာ ကြောက်လို့နော..မဟုတ်လို့ကတော့ ဆက်ပြီးတော့ အော်ဆဲပစ်လိုက်ချင်သေးတယ်.....ဒီလိုရှော့ပင်းမောလ်ထဲမှာ သူတို့လိုလုမျိုးတွေနဲ့ ကြုံခဲ့ဖူးလို့ အထာတွေ နှံ့နေပြီ...လူအထင်ကြီးတာ ခံချင်လို့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေကြပြီး တကယ့်တကယ် လက်တွေ့ကျတော့ ဘာပါဝါမှာလည်း ရှိတာမဟုတ်ဘူး... ရွံဖို့ကောင်းလိုက်တာ..."

"အဲ့တာကြောင့် ပြောမနေနဲ့လို့ ပြောတာလေ..လျစ်လျူရှုထားလိုက်...တကယ်လို့ မန်နေဂျာသာ မြင်သွားခဲ့ရင် နင်အလုပ်ထုတ်ခံရတော့မှာ...အလုပ်ကပိုပြီးအရေးကြီးတယ်..."

"ငါလည်း အဲ့တာကိုကြောက်လို့ပေါ့..မဟုတ်လို့ကတော့ ဒီလောက်လေးနဲ့ လွှတ်‌ပေးလိုက်မယ်လို့ထင်လား...နင်လည်း ငါ့ရဲ့ နှုတ်စကေးတွေ သိသားနဲ့...."

ထိုအချိန်တွင်တော့ လင်းရီတို့အုပ်စုမှာ ဘေးချင်းကပ်ရှိ Huawei စတိုးသို့ ရောက်လို့လာခဲ့သည်။

စတိုးဆိုင်၀န်ထမ်းမှာတော့ စောနတုန်းက အငြင်းပွားမှုကို ကြားသိနေပြီး မည်သိူ့ ကြိုဆိုရမလဲဆိုတာကို စဉ်းစားရခက်နေလေသည်။

သူတို့သုံးယောက်လုံး P40 pro+ ကို ၀ယ်ရန်မတတ်နိုင်သည်မှာ အသေအချာပင်။

ထိုဖုန်းမှာ ဟွာဝေး၏ နောက်ဆူံးပေါ်ဖုန်းဖြစ်ပြီး ‌ဒစ်စကောင့်လဲ မရှိချေ။ ဈေးနှုန်းမှာတော့ ၈,၈၈၈ ယွမ်ဖြစ်ပြီး သာမန်မိသားစုမှ ပေါက်ဖွားလာသူတို့အဖို့ ငေးကြည့်ရုံသာတတ်နိုင်သည့် ဖုန်းတစ်လုံးဖြစ်၏။

"လူကြီးမင်းတို့ နှစ်သက်တဲ့ ထုတ်ကုန်လေးများ ရှိရင် ပြောပြပေးပါ..ကျွန်မ ပြပေးပါ့မယ်..."

"P40 pro+ နဲ့ Matebook X pro ရှိလား..."

ဟွာဝေး၏ အမျိုးသမီး အရောင်း၀န်ထမ်းမှာ မည်သို့ ပြောပြရမသိ ဖြစ်နေခဲ့၏။ P40 pro+ ၏ ဈေးနှုန်းမှာ ယွမ် ၈,၈၈၈ယွမ် ဖြစ်ပြီး Matebook X pro ၏ ဈေးနှုန်းကတော့ ယွမ် ၁၉,၉၉၉ တန်ဖိုးရှိသည်။ ထို့ပြင် ထိုပစ္စည်းနှစ်မျိုးလုံး၌ ဒစ်စကောင့်လည်းမရှိချေ။ ထို့ကြောင့် ပျှမ်းမျှတန်ဖိုးမှာ ယွမ် ၃သောင်းနီးနီး ‌ရှိနေလေပြီ။

"ဘာလို့လဲ...မင်းတို့ဆီမှာ မရှိဘူးလား...."

လင်းရီမျက်မှောင်ကြုတ်ပြီးမေးမြန်းလိုက်၏။

"မဟုတ်တာ..ရှိပါတယ်ရှင့်..."အရောင်း၀န်ထမ်းအမျိုးသမီးမှပြောလိုက်ပြီး "စုစုပေါင်းတန်ဖိုးက ၂၈,၈၈၇ ယွမ်ပါ...."

Lenovo ရောင်းသည့် အမျိုးသမီး၀န်ထမ်းမှာတော့ အံ့အားသင့်သွားခဲ့သည်။

သူတို့တကယ်ကြီး ၀ယ်ကြ‌တော့မလို့တဲ့လား....

ဒါကြီးက လုံး၀ မဖြစ်နိုင်တဲ့ဟာကြီးလေ...

"ဒါနဲ့ ကျုပ် မေးချက်တာလေးတစ်ခုရှိတယ်..."လင်းရီ ပြောလိုက်ပြီး "တိုင်းစကွဲမှာက မန်ဘာစနစ်ရှိတယ်...၀မ်တပလာဇာမှာကော အဲ့လို မန်ဘာကတ်တွေ ရှိလား...."

"ရှိပါတယ်...ဒါပေမယ့် ကျွန်မတို့ ၀မ်တပလာဇာရဲ့ မန်ဘာစနစ်ကတော့ တိုင်းစကွဲနဲ့ ကွဲပြားပါတယ်ရှင့်...."

"တိုင်းစကွဲမှာကျတော့ လူကြီးမင်းသာ ပမာဏတစ်ခုလောက်အထိ ပိုက်ဆံသုံးလိုက်မယ်ဆိုရင် သူ့သတ်မှတ်ထားတဲ့ မန်ဘာအဆင့်အတန်းက အလိုအလျောက် ရပါတယ်...ဒါပေမယ့် ကျွန်မတို့ ၀မ်တ ပလာဇာမှာကတော့ အဲ့လိုမျိုးသုံးတယ်ဆိုရင် ပမာဏတစ်ချို့ကို ကတ်ထဲမှာ စုပေးထားပါတယ်......"

"ရှင်းရှင်းပြောရရင် ပွိုင့်တွေလိုမျိုးပဲပေါ့...ပမာဏပြည့်အောင် ကြိုချေရတဲ့ သဘောပဲမလား...."

"လူကြီးမင်းပြောတဲ့ အတိုင်းပါပဲ...စရန်ငွေက နှစ်သိန်းဆိုရင်တော့ ၀မ်တပလာဇာရဲ့ သာမန်မန်ဘာကတ်ကို အကျိုးခံစားခွင့်ရရှိမှာပဲဖြစ်ပါတယ်..."

"ဒိုင်းမွန်းမန်ဘာကတ်ကျတော့ကော....."

"အဲ့လိုဆိုရင်တော့ လူကြီးမင်းက နှစ်သန်းလောက်ထိရှိဖို့ လိုပါမယ်ရှင့်...."

ဟွာဝေး အရောင်းမိန်းကလေးမှ ပြောလိုက်ပြီး "တကယ်လို့ လူကြီးမင်းက ကျွန်မတို့၀မ်တပလာဇာရဲ့ ဒိုင်းမွန်းအဆင့် မန်ဘာတစ်ဦးဖြစ်လာပြီဆိုရင်တော့ ထပ်ဆောင်းအကျိုးခံစားခွင့်တွေ အများကြီး ရရှိလာမှာပဲ ဖြစ်ပါတယ်..ဒါပေမယ့် အဲ့တာကိုတော့ ကျွန်မတို့ မန်‌နေဂျာနဲ့ စကားပြောရပါမယ်ရှင့်..."

"မင်းတို့ မန်နေဂျာနဲ့ စကားပြောချင်လို့ ...ရလား..."

အမျိုးသမီး ၀န်ထမ်းမှာတော့ ကြက်သေသေသွားခဲ့၏။

နင်တို့က ဖုန်းနဲ့ကွန်ပျူတာ လာ၀ယ်တာမဟုတ်ဘူးလား...ခုကျတော့ မန်နေဂျာနဲ့တွေ့ပြီး ဘာလုပ်မှာ...

သူတကယ်ကြီး စိန်အဆင့်မန်ဘာကတ် လုပ်မလို့တော့ မဟုတ်လောက်ပါဘူးနော်...

ဒါကြီးက ရူးလောက်စရာပဲ...

"ကောင်းပါပြီရှင့်...ဒီမှာခဏလောက် စောင့်ပေးပါဦးနော်..."

အမျိုးသမီး အရောင်း၀န်ထမ်းမှ ကြိုးဖုန်းဖြင့် ဖုန်းချိတ်လိုက်ပြီး ငါးမိနစ်ကြာပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးမှာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့လေသည်။

သူမ၏ လည်ပင်းတွင်တော့ ၀န်ထမ်းကတ်ကို ချိတ်ဆွဲထားပြီး အမည်မှာတော့ စွန်းရွှယ်ဖြစ်၏။ သူမက‌တော့ ၀မ်တပလာဇာ၏ မန်နေဂျာကြီးပင်။

"မစ်စွန်း..ဒီရဲ့ လူကြီးမင်းက စိန်အဆင့်မန်ဘာကတ်အကြောင်း မေးမြန်းချင်နေလို့ပါ..."

အရောင်း၀န်ထမ်း၏ စကားလုံးများကို ကြားတော့ မန်နေဂျ အမျိုးသမီးမှာ မျက်နှာ ၀င်းလင်လာခဲ့ပြီး "လူကြီးမင်းက စိန်အဆင့်မန်ဘာကတ်နဲ့ ပတ်သက်ပြီးတော့ ဘာများ သိချင်တာပါလဲရှင်...ကျွန်မ အားလူံးရှင်းပြပေးပါ့မယ်...."

ကျီချင်းရန်နှင့် ကျင်းကျင်းလည်း သိချင်စိတ်အပြည့်ဖြင့် နားစွင့်နေကြ၏။ သူမတို့ လင်းရီ ဘာလုပ်‌ချင်နေလဲဆိုတာ နားမလည်သေးချေ။

"တကယ်လို့ ကျုပ်သာ စိန်အဆင့်မန်ဘာကတ်လုပ်ပြီးရင် အထူးအခွင့်အရေးတွေ ရှိလာမယ်လို့ပြောတယ်...အဲ့တာဟုတ်လား...."

"ဒါပေါ့ရှင်.."စွန်းရွှယ်မှ ပြုံးလိုက်ပြီး "ကျွန်မရုံးခန်းထဲသွားကြမလား လူကြီးမင်း...အသေးစိတ်ရှင်းပြလို့ရတာပေါ့..."

"ဘာမှ ရှင်းပြနေစရာမလိုဘူး..."လင်းရီ ပြောလိုက်ပြီး Lenovo ရောင်းသည့် ၀န်ထမ်းအမျိုးသမီးကို ညွှန်ပြကာ "တကယ်လို့ ကျုပ်သာ စိန်အဆင့် မန်ဘာတစ်ဦးဖြစ်လာပြီဆိုရင် သူ့ကို အလုပ်ဖြုတ်ခိုင်းလို့ရလား.."

၎င်းကိုကြားတော့ လူတိုင်းကြက်သေသေသွားကြသည်။

လူတစ်ယောက်ကို အလုပ်ဖြုတ်ဖို့ ယွမ်နှစ်သန်းတန်တဲ့ စိန်အဆင့်အဖွဲ့၀င်ကတ်ကို ၀ယ်နေတယ်တဲ့လား...ဖြုန်းတီးရာမကျလွန်းဘူးလားဟ....

"မစ်စွန်း..အဲ့လူကြီးပြောတာတွေ လိုက်နားထောင်မနေနဲ့..."အမျိုးသမီး ၀န်ထမ်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး "သူတို့က စတားဘက်ခ် ကော်ဖီတစ်ခွက်တောင်မှ ပရိုမိုးကတ်နဲ့ ၀ယ်သောက်နေရတဲ့သူတွေ ...ဘယ်လိုလုပ်ပြီး စိန်အဆင့်အဖွဲ့၀င်ကတ် လုပ်နိုင်မှာ...."

လင်းရီကတော့ ဘာမျှ မပြောဘဲ သူ၏ ဘဏ်ကတ်ကို ထုတ်ကာ "လျို့ဝှက်နံပါတ်က ၀၀၀၀၀၀၀ ... တတကယ်လို့ ကျုပ်မှာသာ သူ့ကို အလုပ်ဖြုတ်ပိုင်ခွင့်ရှိတယ်ဆိုရင် ခင်များ ကတ်ဖြတ်လိုက်တော့..."

လင်းရီ၏ ဘဏ်ကတ်ကိုမြင်တော့ စွန်းရွှယ်မှ အလောတကြီးဖြင့် "စည်းမျဉ်းတွေအရဆိုရင် ကတ်စတန်မာက နတ်ဘုရားပါပဲ...တကယ်လို့ လူကြီးမင်းကသာ စိန်အဆင့်အဖွဲ့၀င်ဆိုလို့ကတော့ အဲ့လိုလုပ်ဖို့ အခွင့်ရေး ရှိပါတယ်ရှင့်.... "

"အဲ့တာဆို ဖြတ်လိုက်တော့...."

"ကောင်းပါပြီ...ခုပဲ ဆောင်ရွက်ပေးပါ့မယ်..."

စွန်းရွှယ်ကတော့ ပါးစပ်ပင်မစေ့နိုင်သည်အထိ အပျော်လွန်နေတော့၏။

ပလာဇာတွင် ကတ်စတန်မာတစ်ယောက်မှ မန်ဘာကတ် ပြုလုပ်လာခဲ့ပါက သူမတို့တွင်လည်း ၁% အကျိုးမြတ်ခံစားခွင့် ရှိလေသည်။ အကယ်၍ နှစ်သန်းတန် စိန်အဆင့်အဖွဲ့၀င်ကတ်သာ ပြုလုပ်အောင်မြင်ခဲ့ပါက ယွမ်နှစ်သောင်းမှာ သူမအတွက် အသာလေး အိတ်ကပ်ထဲ ထည့်ရုံပင်။

မောလ်နှစ်ခု၏ မတူညီသည့် သည်းမျဉ်းများအရတော့ ၀မ်တပလာဇာမှာ ၎င်းတို့၏ စိန်အဆင့်မန်ဘာများကို ပို၍ အထူးအခွင့်ရေးများ ပေးအပ်ထား၏။

အကယ်၍ လင်းရီသာ စိန်အဆင့်အဖွဲ့၀င်ဆိုပါက မကျေနပ်သည့် တစ်ယောက်ကို အပထား၊ ဆယ်ယောက်ဆိုလျှင်လည်း တစ်ခါတည်း အလုပ်ဖြုတ်လိုက်၍ရသည်။

"မဖြစ်နိုင်တာ..နင်က စိန်အဆင့် မန်ဘာကတ်ကြီး လုပ်တော့မယ်ပေါ့လေ...အဲ့တာက ယွမ်နှစ်သန်းတောင်နော်....နှစ်ယွမ် မဟုတ်ဘူး..."

Lenovo ရောင်းသည့် အမျိုးသမီး၀န်ထမ်းမှ လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

"မန်နေဂျာစွန်းက သူ့ရဲ့ ဘဏ်ကတ်ကို ယူသွားတယ်လေ..နင်စိတ်မလှုပ်ရှားဘူးလား...."

"ဘာ‌ကိုစိုးရိမ်ရမှာ...စတားဘက်ခ်ကိုတောင် ပရိုမိုးရှင်းကတ်နဲ့ သောက်တဲ့သူတွေက တကယ့်သူဌေးကြီးဆိုတာ ငါတော့မယုံဘူး...နင်စောင့်ကြည့်နေစမ်းပါ..."

ဆယ်မိနစ်ကြာပြီးနောက် စွန်းရွှယ် လင်းရီကို တောက်ပြေ င်နေသည့် ကတ်တစ်ကတ် ကမ်းပေးလိုက်ပြီး "လူကြီးမင်းရဲ့ ဒိုင်းမွန်းမန်ဘာကတ်ပါရှင့်...ခုကစပြီး‌တော့ လူကြီးမင်းက ကျွန်မတို့ ၀မ်တပလာဇာရဲ့ စိန်အဆင့်မန်ဘာ ဖြစ်သွားပါပြီ...."

သူမ လင်းရီ၏ ဘဏ်ကတ်ကို ကမ်းပေးရင်းပြောလိုက်သည်။

လူအုပ်ကြီးမှာ‌ လင်းရီလက်ထဲရှိ ယွမ်နှစ်သန်းတန် ဒိုင်းမွန်း မန်ဘာကတ်ကို မြင်သည့်အချိန်‌တွင်တော့ ကြက်သေသေသွားကြ၏။

သူတို့အားလုံး အံ့အားသင့်သွားကြလေသည်။

အရောင်း၀န်ထမ်းအမျိုးသမီးကို ပညာပြဖို့ဆိုပြီးတော့ ယွမ်နှစ်သန်းတောင် သုံးပစ်လိုက်တယ်...

ဖက်ခ် ..ဒါကြီး‌ကတော့ လုံး၀ ရူးသွပ်လွန်းသွားပြီ...

လင်းရီ တည်ငြိမ်စွာ ခေါင်းညိမ့်လိုက်ပြီး "ခု သူ့(မ)ကို အလုပ်ဖြုတ်လိုက်လို့ ရပြီလား...."

All Chapters