အခန်း (၃၆၆)
Vol. 25 Ch. 366
"ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါနော်..လူကြီးမင်း စိတ်ကျေနပ်လောက်တဲ့ အဖြေကို ကျွန်မတို့ဘက်က သေချာပေါက် ပေးပါ့မယ်..."
"အိုကေ..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဆက်လုပ်ပါ...."
စွန်းရွှယ် သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး Lenovo အရောင်းမိန်းကလေးထံ လျှောက်သွားလိုက်သည်။
ဖြန်း...
သူမ ပါးတစ်ချက်ရိုက်ပြီးနောက် "လျိုမေ့...နင့်ပစ္စည်းတွေကို ခုသွားသိမ်းလိုက်တော့.. နင်ဒီမှာ အလုပ်ဆက်လုပ်စရာ မလိုတော့ဘူး..."
"မန်နေဂျာ ကျွန်မ...."
လျိုမေ့ အံ့အားသင့်နေခဲ့သည်။
သူမ မောလ်တွင် အလုပ်လုပ်လာသည်မှာ နှစ်ပေါင်း မနည်းတော့သော်လည်း ချမ်းသာသည့် တိုင်ကွန်းအချို့တို့မှလွဲ၍ ယွမ်နှစ်သန်း အကုန်ကျခံပြီး စိန်အဆင့်မန်ဘာကဒ် ပြုလုပ်သူများကို မမြင်ဖူးသေးချေ ။
ကံဆိုးစွာဖြင့် သူမယနေ့တော့ မြင်တွေ့လိုက်ရ၏။
"မန်နေဂျာစွန်း...ဒါ ဒါအထင်လွဲသွားတာပါ..ကျေးဇူးပြုပြီး ကျွန်မကို အခွင့်ရေးလေး နောက်တစ်ခေါက်လောက်ပဲ ထပ်ပေးပါ..တောင်းဆိုပါတယ် မန်နေဂျာကြီးရယ်...."
စွန်းရွှယ် သူမလက်ကို စိတ်မရှည်စွယ ဝှေ့ယမ်းလိုက်ပြီး "ဘာမှ ရှင်းပြနေစရာမလိုဘူး..နင်ခု ပစ္စည်းတွေ သိမ်းတော့..မနက်ဖြန်ကစပြီးတော့ လာစရာမလိုတော့ဘူး...."
အကယ်၍ သူမသာ လျိုမေ့ကို အလုပ်မထုတ်ပါက ယွမ်ငွေ နှစ်သောင်းကို ရတော့မည် မဟုတ်တော့ချေ။
နှိုင်းယှဉ်မည်ဆိုပါက ထိုငွေယွမ်နှစ်သောင်းမှာ ၀န်ထမ်းထက် ပို၍ အရေးကြီး၏။ လစ်လပ်သွားသည့်နေရာအတွက်တော့ စိတ်ပူနေစရာမလိုပေ။ အလုပ်လိုချင်နေကြသူများက တောင်ပုံယာပုံရှိ၏။
"ဟုတ်ကဲ့ ကျွန်မ ခုပဲ သွားသိမ်းလိုက်ပါ့မယ်...."
လင်းရီ လျိုမေ့ကို လျစ်လျူရှုလိုက်ပြီး ဟွာဝေးရောင်းသည့် ၀န်ထမ်းကိုကြည့်ကာ "ကျုပ်ကို ကွန်ပျူတာနဲ့ ဖုန်းထုပ်ပေးဦး..."
"ကောင်းပါပြီရှင့်...."
လင်းရီကတော့ သူ၏ ကြိုတင်ပေးချေထားသည့်ပိုက်ဆံ နှစ်သန်းသန်ကတ်ကို အသုံးပြုပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
ငါးရာခိုင်းနှုန်းမျှသာ ဒစ်စကောင့်ရသော်လည်း ဒစ်စကောင့်က ဒစ်စကောင့် ဖြစ်နေဆဲပင်။ တိုင်းစကွဲလောက် မကောင်းမွန်သော်လည်း သူ့အနေအထားနှင့်သူတော့ လက်ခံနိုင်ဖွယ်ရှိ၏။
ဖုန်း၀ယ်ပြီးနောက် လင်းရီ ကျီချင်းရန်နှင့် ကျင်းကျင်းကို အပေါ်ထပ်သို့ လိုက်ပို့ပေးလိုက်သည်။
အမျိုးသမီးတို့မည်သည် အရွယ်မရွေး အလှအပကို နှစ်ခြိုက်ကြသူများ ဖြစ်ကြ၏။
အထက်တန်းပြီးမြောက်တာ မကြာသေးသည့် ကျင်းကျင်းပင်လျှင် ချွင်းချက်မရှိပေ။ တလက်လက်တောက်ပနေသည့် ဂါ၀န်များ၊ အင်္ကျီအ၀တ်စားတို့ကို ကြည့်ရင်း သူမစိတ်ထဲတွင် လောကနိဗ္ဗာန်တစ်ခုသိူ့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူမလိူချင်တာမှန်သမျှ ရနိုင်သော်လည်း မ၀ယ်နိုင်တာလေးတစ်ခုပင်။
လင်းရီ ရုတ်ချည်းဆိုသလို မိသားစု၏ အနေအထားမှာလည်း ကလေး၏ စိတ်နေစရိုက်ကို သွယ်ဝိုက်၍ အကျိုးသက်ရောက်နေကြောင်း သတိထားမိသွားသည်။
ဝမ်လုနှင့် ကျင်းကျင်းတို့နှစ်ဦးစလုံးမှာ အထက်တန်း ပြီးမြောက်ခါစ ကျောင်းသူလေးများဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ ကိုယ်ကျင့်စရိုက်မှာတော့ လုံး၀မတူကွဲပြား၏။ မတူညီသည့် ကမ္ဘာနှစ်ခုမှ လူနှစ်ယောက်ဟုတောင် ဆို၍ရသည်။ သို့သော်လည်း အမှန်တကယ် လက်တွေ့တွင်တော့ နှစ်ယောက်လုံးမှာ သက်တူရွယ်တူလေးများ ဖြစ်ကြပေသည်။
"ကောင်းပြီ...ငါကျင်းကျင်းကို ခေါ်သွားလိုက်မယ်...နင်က တစ်နေရာမှာ ခဏ သွားထိုင်နေလိုက်ပေါ့..."
လင်းရီရှော့ခ်ပင် ထွက်ရတာကို မနှစ်သက်မှန်း ကျီချင်းရန်သိသောကြောင့် တကူးတက ခေါ်သွားမနေတော့ပေ။
"အင်း..အဲ့အကြံမဆိုးဘူး...မင်းတို့နှစ်ယောက် အေးဆေး ဈေးလည်ကြ...ငါတော့ မလိုက်တော့ဘူး..."
"အွန်း အွန်း...နင့်ကို ပြီးမှပဲ ခေါ်လိုက်တော့မယ်နော်...."
ကျီချင်းရန် တို့ ထွက်သွားပြီးနောက် လင်းရီလည်း တစ်နေရာတွင် ထိုင်ချကာ ပျင်းလာသဖြင့် ဂိမ်းသရဲမ ရှောင်ထျန်နှင့် တစ်ပွဲနှစ်ပွဲခန့် ကစားနေလိုက်၏။
နှစ်နာရီကြာပြီးသည့်နောက် ကျီချင်းရန်နှင့် ကျင်းကျင်းတို့လက်ထဲတွင် တစ်ဖက်စီ၌ နာမည်ကြီးအမှတ်တံဆိပ် အ၀တ်စားအိတ်များကို ဆယ်အိတ်ထက်မနည်း သယ်ဆောင်လာခဲ့ကြသည်။
"တစ်ခါတည်း ဒီလောက် အများကြီး ၀ယ်ပစ်လိုက်တယ်ပေါ့..."
"ကျင်းကျင်းရဲ့ကျောင်းက မနက်ဖြန်ဆို ဖွင့်ပြီလေ...များများ၀ယ်ထားပေးတော့ နောက်ကျ သူလည်း ထွက်၀ယ်နေစရာ မလိုတော့ဘူးပေါ့...."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။
"အမှန်ပဲ...."
"ဟီးဟီး...ညီမ ပစ္စည်းတွေ ဒီလောက်အများကြီး ယူလာခဲ့တာ မြင်လို့ကတော့ အိမ်ရောက်ရင် ဆူတော့မလား မသိဘူးနော်...."
"အစ်ကိုရီရှိနေတာကို ကျင်းကျင်းက ဘာကြောက်နေတာ..."ကျီချင်းရန် ပြောလိုက်ပြီး "ပြီးတော့ မနက်ဖြန်ဆို ကျင်းကျင်းက ကျောင်းသွားတက်တော့မှာလေ...သူတို့ ဆူချင်ရင်တောင်မှ ဆူရက်မှာ မဟုတ်ဘူး....အဲ့တော့ ဘာမှ ကြောက်မနေနဲ့...."
"ဒါပေမယ့် ညီမစိတ်ထဲ နည်းနည်းလေး မလုံမလဲ ဖြစ်နေသလို ခံစားနေရလို့...."ကျင်းကျင်းမှ ခေါင်းလေးငုံ့လျက် သိမ်ငယ်နေသည့်လေသံဖြင့် ပြောလိုက်ပြီး "သမီးခု ၀ယ်ခဲ့တဲ့ ဒီအ၀တ်စားတွေဆိုတာ သမီးတို့ မိသားစုရဲ့ တစ်နှစ်စာ ၀င်ငွေလောက်ရှိတယ်...."
ကျင်းကျင်းအတွက်တော့ ကျီချင်းရန်နှင့် နှစ်နာရီတာမျှ ဈေးဝယ်ထွက်လိုက်ခြင်းမှာ သူမ၏ သုံးစွဲမှုအပေါ် အမြင်များကို ပြောင်းပြန်လှန်သွားစေသည်။ ထို့ပြင် ဖက်ရှင်ဆိုသည်မှာလည်း သာမန် ကိစ္စတစ်ရပ်မဟုတ်ကြောင်း နားလည်သွားခဲ့၏။ တစ်စုံတစ်ယောက်မှ ပိုက်ဆံအလုံအလောက်မရှိပါက ဖက်ရှင်ကျနအောင် ၀တ်ဆင်နိုင်လိမ့်မည် မဟုတ်ချေ။
"ဒါက ကျင်းကျင်းအတွက် အစလေးပဲ ရှိသေးတယ်...ပုံမှန်ဆို ညီမလေးက စိတ်သစ်လူသစ် ဖြစ်နေရမှာ...."
ကျီချင်းရန် ကျင်းကျင်းကို ကြည့်၍ ပြောလိုက်ပြီး "ကိုယ့်ဘက်က ယုံကြည်မှု အပြည့်ရှိနေရမယ်.....ပြီးတော့ ကိုယ်က သူများထက်သိမ်ငယ်တယ်ဆိုပြီးတော့ တွေးနေလို့လည်း မဖြစ်ဘူး..မဟုတ်လို့ကတော့ ဖူတန်လို နေရာမျိုးမှာ ဘယ်လိုအောင်မြင်မှုမျိုးမှ ရအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး....နားလည်ပြီလား..."
"ဟုတ် မမကျီပြောတာကို နားလည်ပါပြီ..."
"ဒီလိုမှပေါ့..."ကျီချင်းရန် ပြုံးလိုက်ပြီး "နင့်ရဲ့ အစ်ကိုရီကိုပဲ ကြည့်လိုက်လေ...သူဆို နာမည်ကြီးကျောင်းကနေ ဘွဲ့ရခဲ့တာလည်းမဟုတ်ဘူး..ဒါပေမယ့် သူ့ဆီမှာ ပြောမပြနိုင်တဲ့ ယုံကြည်မှုတွေက အရိုးထဲ အသားထဲထိ ကိန်းအောင်းနေပြီးသားပဲ...ခုဆိုကြည့်လိုက်ဦး..ဘယ်လောက်တောင် အဆင်ပြေထားလိုက်လဲလို့..."
လင်းရီ မေးစေ့ပွတ်လိုက်၏။
ပြောမပြနိုင်တဲ့ ယုံကြည်မှုတွေ.....
ထိုစကားလုံးများမှာ ရိုးရှင်းသည့်အသွင်ဆောင်နေသော်လည်း လူကို အတွေးနက်သွားစေရန် လုံလောက်လေသည်။
"အမှန်ပဲ..." ကျင်းကျင်းမှပြောလိုက်ပြီး "ညီမနောက်ဆို အစ်ကိုရီဆီကနေ အများကြီး သင်ယူရဦးမယ်..."
"အိုကေ အိုကေ...ခုတော့ အပေါ်ထပ်တက်ပြီး တစ်ချက်သွားကြည့်ကြတာပေါ့...ဒီရောက်လာပြီဆိုမှတော့ နေရာစုံအောင် ရောက်မှလေနော...."
"မမကျီ...၀န်ထမ်းတွေက ဆိုင်ပိတ်တော့မယ် ထင်တယ်နော...."
"အဆင်ပြေပါတယ်...မမတို့မှာ အချိန်နည်းနည်း ရသေးတယ်လေ...လျှောက်ပတ်ကြည့်ရင်း သဘောကျတာတွေ့ရင် ၀ယ်ကြတာပေါ့..မရှိဘူးဆိုရင်လည်း အိမ်တန်းပြန်ကြမယ်လေ...."
"ဟုတ်..."
မကြာမီ လင်းရီတို့ ၀မ်တပလာဇာ၏ လေးထပ်မြောက်သို့ ရောက်လာခဲ့ကြ၏။
ထိုအထပ်မှာတော့ ဇိမ်ခံ ပစ္စည်းအသုံးအဆောင်တို့နှင့် ပြည့်နှက်နေပြီး ဈေးနှုန်းများမှာလည်း ကျင်းကျင်းတို့လို သာမန်လူတို့အဖို့ သွေးတက်လောက်စရာပင်။
"လာကြ....Van Cleef နဲ့ Arpel ကို သွားကြည့်ကြည့်ရအောင်..."ကျီချင်းရန် စိတ်လှုပ်ရှားစွာ ပေုာလိုက်ပြီး "ငါကြားထားတာတော့ သူတို့ ပစ္စည်းအသစ်တွေ ရောက်ထားတာ်ဆိုပဲ..အတော်လေးကောင်းလောက်တယ်...."
ကျီချင်းရန်မှ သူမအတွက် ၀ယ်ချင်နေကြောင်း လင်းရီ ပြောနိုင်သည်။ ထို့ကြောင့်သာလျှင် လင်းရီနှင့် ကျင်းကျင်းတို့ကို ဤနေရာသို့ တကူးတက ဆွဲခေါ်လာခဲ့၏။ သို့သော်လည်း သူမကတော့ မရည်ရွယ်ပဲ လာလည်သည့် ပုံစံပြုမူနေလေသည်။
ဟင်း...ဝီးမန်းတွေ...
အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှာ လင်းရီတို့ သုံးဦးသား ရောက်ချလာသည်ကိုမြင်တော့ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ပြီး ကြိုဆိုရန် တွန့်ဆုတ်နေခဲ့၏။
"ဆိုင်ကဖြင့် ပိတ်တော့မယ့်ဟာကို ဘာလို့ လူတွေက ရှိနေတုန်းလဲတဲ့..."
မောလ်တွင် စည်းမျဉ်းတစ်ခု ရှိ၏။ အကယ်၍ ကတ်စတန်မာမှ ဆိုင်မပိတ်ခင် လာရောက် ၀ယ်ယူခဲ့သည်ရှိသော် ထိုကတ်စတန်မာ ၀ယ်ယူလို့ မပြီးမချင်း ဆိုင်ပိတ်ခွင့်မရှိချေ။
မဟုတ်ပါက အပြစ်ပေးခံရလိမ့်မည်။
သူမတို့၏ အတွေ့ကြုံများအရတော့ ဤနေရာသို့ လာရောက်၀ယ်ယူကြသူများမှာ ပစ္စည်းရွေးပြီး အတည်ပြု ငွေချေရန် နာရီ၀က်မျှကြာ၏။ ဤသည်ကပင် အမြန်ဆုံး အချိန်ကာတစ်ခုပင်တည်း။
ဥပမာအနေဖြင့် ဟားမက်စ်စတိုးဆိုင်ထဲရှိ ဧည့်သည်မှာ လွန်ခဲ့သည့် နာရီ၀က်ကတည်းက ရောက်ရှိနေပြီး ယခုထိတိုင် ရွေးချယ်လို့ မပြီးသေးချေ။ အဆုံးတွင်တော့ ကတ်စတန်မာမှာ ဘာမျှ မ၀ယ်ယူသွားပဲ ပြန်သွားသည်လည်း ဖြစ်နိုင်ပေသည်။ ထိုအခါကျ သူမတို့၏ အားထုတ်မှုတို့မှာ အချည်းနှီး ဖြစ်ရ၏။
"အစ်မ ..နင်သွားနားလိုက်လေ...ညီမ သူတို့ကို သွားကြိုဆိုလိုက်မယ်...."
ပြောလိုက်သူကတော့ အမျိုးသမီး လက်ထောက်အရောင်း၀န်ထမ်းဖြစ်ပြီး ငါးရံ့ကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်နှင့် ချစ်စဖွယ်မျက်နှာကို ပိုင်ဆိုင်ထား၏။ ပြုံးလိုက်သည့် အချိန်တွင် သွားတက်ကလေးနှစ်ခုမှာ သူမ၏ ဆွဲဆောင်မှုကို ပို၍ တိုးပွားသွားစေသည်။
သူမ၏ နာမည်ကတော့ ကျန်းနန်ပင်။
"နန်နန်..ဆိုင်က နောက်ဆယ်မိနစ်နေရင် ပိတ်တော့မှာ...နင်သူတို့ကို မြန်မြန် ပထုတ်လို့ရမယ့် နည်းလမ်းလေး စဉ်းစားရမယ်နော်...မဟုတ်ရင် အလုပ်သိမ်းနောက်ကျတော့မှာ..."
"မကောင်းဘူးထင်တယ်နော...ဘာပဲပြောပြော သူတို့က ကတ်စတန်မာလေ...."
"နင်က အချိန်ပိုင်းလေးပဲ လုပ်ရသေးတာဆိုတော့ သိမှာမဟုတ်ဘူး..ငါတို့ကကျတော့ ဒီမှာလုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး...ပြီးတော့ ဒိလို ကတ်စတန်မာမျိုးတွေဆိုတာက အတော်လေး လက်ပေါက်ကပ်တယ်...သူတို့ကို တစ်နည်းနည်းနဲ့သာ အမြန်ပြန်ခိုင်းလိုက်စမ်းပါအေ...."
ဟုတ်...ညီမတစ်ခုခု လုပ်ကြည့်လိုက်ပါ့မယ်..."
"ဆာ...မစ်...ကျွန်မတို့ဆိူင်က မကြာခင် ပိတ်တော့မှာပါရှင့်...."
"ခု မပိတ်သေးဘူးမလား..."လင်းရီ ပြုံးလျက် မေးမြန်းလိုက်သည်။
"နောက်ဆယ်မိနစ်ဆို ပိတ်တော့မှာပါ...."
"အဲ့တာဆို လောက်တယ်..."
ကျန်းနန် နောက်သို့လှည့်လိုက်ပြီး သူမ၏ စီနီယာအစ်မကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်ကြည့်လိုက်သည်။
သူမ အကောင်းဆုံး ကြိုးစားခဲ့သည်ဟု ဆိုနိုင်လေသည်။
ကျန်းယွဲ့ကတော့ ခေါင်းခါရမ်းရုံသာ တတ်နိုင်တော့၏။ အကယ်၍ ယခုလိုဖြသ်မည်မှန်း ကြိုသိပါက သူမကိုယ်တိုင် သွားလိုက်ပေမည်။ ယခုတော့ သွားရန် နောက်ကျသွားပြီဖြစ်၏။
ကျီချင်းရန် တခဏမျှ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ခဏအကြာတွင် စင်ပေါ်၌ ၀င့်ကြွားစွာ ပြသထားသည့် စိန်စီခြယ်ထားသည့် သစ်ရွက်လေးခုသဏ္ဍာန် လော့ကတ်ဆွဲသီးလေးတစ်ခုကို မျက်စိကျသွားခဲ့ပြီး
"ဟယ်လို..ဒီရဲ့ စိန်ဆွဲသီးလေးက ဘယ်လောက်လဲ..."ကျီချင်းဂန် မေးမြန်းလိုက်၏။
"အဲ့ဒါက ဒီနှစ်မှ အသစ်ထွက်ထားတဲ့ လော့ကတ်ပါရှင့် ဒစ်စကောင့် လုံး၀ မရှိပါဘူး..."
ကျန်းယွဲ့ ခေါင်းသာခါရမ်းလိုက်၏။ ထိုလည်ဆွဲမှာ ၈၄၀,၀၀၀ ယွမ်တန်ကြေးရှိ၏။ ထိုမျှ ဈေးကြီးသည့် အသုံးအဆောင်ကိုတော့ ၀ယ်ယူလိမ့်မည်ဟု သူမများများစားစား မျှော်လင့်မထားချေ။ ထို့ကြောင့် မြန်မြန်လေး ထွက်ခွာသွားစေရန်သာ တိတ်တဆိတ် ဆုတောင်းမိနေတော့၏။
ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "အွန်း...မဆိုးဘူး...အရမ်းလှတယ်... နှစ်ခုယူမယ်...."