← Chapters

အခန်း (၃၆၇)

Vol. 25 Ch. 367

အခန်း (၃၆၇)

Vol. 25 Ch. 367

“နှစ်ခု…” ကျန်းနန် တခဏမျှ ကြက်သေသေသွားပြီး

“သေ….သေချာရဲ့လားရှင်…..”

လည်ဆွဲတစ်ခုကို 840,000ယွမ် နှစ်ခုဆိုတော့ 1.68 မီလီယမ်…….

ရောက်တာကဖြင့် ခုမှ တစ်မိနစ်တည်း ရှိသေးတာလေ….

ဒီလိုပဲ ဝယ်လိုက်ပြီလားဟ……

စမ်းတောင် စမ်းမဝတ်ကြည့်ရသေးဘူးလေ…..

“အင်း…. ကူပြီး ထုပ်ပေးပါဦးနော်…..”

ကျီချင်းရန် ယဉ်ကျေးစွာ ဆိုလိုက်၏။

"ဟုတ် ...ဟုတ်ကဲ့ပါရှင့် …. ခုပဲ ထုပ်ပိုးပေးလိုက်ပါ့မယ်….”

ကျန်းနန် ကျီချင်းရန်မျက်စိကျနေသည့် လည်ဆွဲကို ထုပ်ပိုးပေးလိုက်ပြီး လင်းရီမှ ပိုက်ဆံရှင်းရန် ရောက်လာခဲ့သည်။

တလက်လက်တောက်ပနေသည့် စိန်အဆင့်မန်ဘာကတ်ကို မြင်သည့် အချိန်တွင်တော့ Van Cleef & Arpel ရှိ အမျိုးသမီး၀န်ထမ်းတို့မှာ သူတို့၏ တည်ငြိမ်မှုကို ဆက်လက်ထိန်းမထားနိုင်တော့ချေ။

အဲ့တာက စရံငွေ နှစ်သန်းကြိုသွင်းပြီး မှ ရနိုင်တဲ့ စိန်အဆင့် မန်ဘာကတ်ကြီးမဟုတ်လား...

သူတို့လက်ထဲမှာ တစ်ခု ရှိနေတယ်တဲ့လား...

ဒါ...ဒါကြီးက မဖြစ်နိုင်လိုက်တာ....

ငွေပေးချေပြီးနောက် လင်းရီတို့ အိတ်များကိုင်၍ ထွက်လာခဲ့ပြီး Van Cleef & Arpel စတိုးရှိ ၀န်ထမ်းများက အပေါက်၀ထိ လိုက်ပါပို့ဆောင်ပေးကြသည်။

သုံးယောက်လုံး ဓာတ်လှေကားထဲသိူ့ ၀င်ရောက်သွားသည်ကိုကြည့်ရင်း အရောင်းမိန်းကလေးမှာ သူမ ထင်ယောင်ထင်မှားဖြစ်သည့်အလား ခံစားနေရ၏။

၁.၆၈ မီလီယမ်...

သုံးသွားလိုက်တာက ငါးမိနစ်တောင် မကြာလိုက်ဘူး....ဒီလိုပဲ ကုန်သွားပြီပေါ့

အဲ့လိုသုံးနိုင်ဖို့ဆို သူတို့ ဘယ်လောက်တောင် ချမ်းသာဖို့ လိုလိုက်မလဲ...

"အစ်မ နင်တော့ ဒီတစ်ခါ လူကဲခတ် မှားသွားပြီ."ကျန်းနန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "နောက်တစ်ခါဆို ဒီလိုကတ်စတန်မာမျိုးတွေနဲ့ ကြုံရင် သေချာလေး ဆက်ဆံ...မဟုတ်လို့ကတော့ အစ်မကျန်း အလုပ်ပြုတ်သွားလိမ့်မယ်နော..."

"ဟူး...ပြောမနေစမ်းပါနဲ့ဟယ်...ခုလေးတင် လန့်လွန်းလို့ ‌ေ-သတော့မယ်..."ကျန်းယွဲ့ သူမ၏ ရင်ဘက်ကို ဖိသိပ်လျက် ပြောလိုက်ပြီး "တော်သေးတာပေါ့...သူတို့ကို စိတ်ကွက်အောင် မလုပ်မိလိုက်လို့...မဟုတ်လို့ကတော့ ရောင်းလိုက်ရမှာတောင် မဟုတ်ဘူး..."

"ဟီးဟီး...အဲ့ဒီအရောင်းအ၀ယ်က ညီမကြောင့် ဖြစ်သွားတာဆိုတော့ ကော်မရှင်‌ခတော့ ရမယ်မို့မလားဟင်...."

"ဒါပေါ့...ကော်မရှင်ခက နင့်ဖုန်း အသစ်လဲဖို့တောင် လောက်ဖို့များတယ်..."

ကျန်းယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဒီမှာပဲ ရပ်မနေနဲ့လေ...သွား...အိမ်ပြန်ပြီး စောစောနားတော့ ...နင်မနက်ဖြန် ကျောင်းသွားအပ်ရဦးမယ် မလား...."

"ဟုတ် အစ်မကျန်း....အဲ့တာဆို ညီမသွား‌တော့မယ်‌နော်..."

ကျန်းနန် ထွက်သွားဟန်ပြင်လိုက်ပြီး "အစ်မ...ညီမ ကျောင်းပိတ်နေတုန်း ဒီမှာ အချိန်ပိုင်း လာလုပ်လိုက်တာ တော်တော်လေး အမြင်ကျယ်သွားတယ် သိလား...ညီမတို့ မိသားစုရဲ့ အခြေနေက ဆိုးဆိုးရွားရွားကြီး မဟုတ်ဘူးဆိုပေမယ့် တိုင်ကွန်းကြီးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ မိုင်ဖာလုံတွေအများကြီး ဝေးကွာနေတုန်းပဲ...."

"အေး .. အဲ့တာ နင်သိဖို့ အရေးကြီးတယ်..."ကျန်းယွဲ့ ပြောလိုက်ပြီး "ဒါပေမယ့် နင်ကလည်း မဆိုးပါဘူးဟယ်...ခု နာမည်ကြီးကျောင်းမှာ‌ တက်ရတော့မှာမလား...အနာဂတ်ကျရင် အစ်မထက်တောင်ပိုပြီးတော့ အောင်မြင်ဖို့ အလားအလာ ရှိတယ်...."

"ဒါပေါ့... ညီမက ဘယ်သူမို့လို့လဲလို့........"

"အေး အေး... နင်အဲ့မှာ ဘ၀င်တွေ မြင့်နေလိုက်..."

....

ကားထဲသို့ ရောက်သည့် အချိန်တွင်တော့ ကျီချင်းရန်မှ လည်ဆွဲကို ထုတ်လိုက်ပြီး "လာ...စမ်း၀တ်ကြည့်ကြည့် ..ဒါလေးက ကျင်းကျင်းနဲ့ဆို အတော်လေး လိုက်လောက်တယ်...."

ကျင်းကျင်း ရှော့ခ်ရသွားခဲ့ပြီး " မ..မမကျီ... လည်ဆွဲက ညီမဖို့လားဟင်...."

"ဒါပေါ့...မဟုတ်ရင် အစ်မက ဘာလုပ်ဖို့ နှစ်ခု ၀ယ်တယ်လို့ ထင်လဲ..."ကျီချင်းရန် ပြုံးလိုက်ပြီး "မြန်မြန် စမ်း၀တ်ကြည့်ကြည့်...."

"မမကျီ...ဒီရဲ့ လည်ဆွဲက ယွမ် ၈ သိန်းကျော်တောင် ပေးရတာနော်...ညီမတို့ မိသားစုပိုင်ပစ္စည်းတွေ ထုခွဲရောင်းချရင်တောင်မှ အဲ့လောက်ရမှာ မဟုတ်ဘူး..."

"ကျင်းကျင်းက တက္ကသိုလ်တက်တော့မှာမလား...မမဆီက လက်ဆောင်လို့ပဲ သဘောထားလိုက်ပေါ့...ဟိုရောက်ရင် တို့ကျင်းကျင်းလေးက မျက်နှာငယ်နေလို့ ဘယ်ဖြစ်မှာ..."

"ဒါပေမယ့် အရမ်းဈေးကြီးလွန်းတယ်လေ...ညီမလက်မခံရဲဘူး...."

"ဘာလက်မခံရဲစရာ ရှိလို့လဲ...."လင်းရီပြောလိုက်ပြီး "မင်းက ကိုယ့်ကိုယ်ကို ဒီလောက်လေးတောင် မပြတ်မသား ဖြစ်နေတယ်ဆိုရင် ဦးလေးကျင်းတို့က မင်းကို ဘယ်လိုမှီခိုရတော့မှာ..."

လင်းရီ ပထမဆုံး အကြိမ်အဖြစ် ဆင်းရဲပါက သားမွေး၊ ချမ်းသာပါက သမီး‌မွေးဟူသည့် စကားပုံကို လက်ခံမိသွားသည်။

ထိုအရူးမလေး၏ အိမ်အခြေနေမှာ သိပ်မကောင်းပေ။ တက္ကသိုလ်၌ အလွှာပေါင်းစုံကို မြင်တွေ့နိုင်သကဲ့သို့ လူ့စရိုက်သဘာ၀မျိုးစုံကိုလည်း မျက်မြင်ကြုံတွေ့ ရပေလိမ့်မည်။

အခြေနေကို အခွင့်ကောင်းယူတတ်သည့် ပုရိသတစ်ချို့ကလည်း မက်လုံးပေးကာ အလှတရားတို့အား မြည်းစမ်းချင်ပါက ထိုသူတိူ့ ပေးသည့် မက်လုံးမှာ ဖွဲဆန်ကွဲတို့ထက်မပိုကြောင်း အမြင်ကျယ်စေရန် ကျင်းကျင်းကို သူ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။

"ဟုတ် နားလည်ပါပြီရှင့်..ကျေးဇူးပါနော် အစ်ကိုရီ...."

"မင်းနားလည်ရင် ပြီးတာပဲ..."

ရှော့ပင် ထွက်ပြီးနောက် လင်းရီ ကျင်းကျင်းအိမ်သို့ ဦးတည်မောင်းနှင်လိုက်၏။

မိန်းကလေးနှစ်ယောက်မှာတော့ ထိုင်ခုံနောက်တွင် ထိုင်ပြီး အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်ဘရန်းများအကြောင်း တွေးနွေးနေခဲ့ကြသည်။

လင်းရီကတော့ ထိုစကားဝိုင်းကို အာရုံစိုက်ရန် စိတ်မ၀င်စားပဲ သူ့အတွေးနှင့်သူ သာသာယာယာနှင့် ကားမောင်းလာခဲ့၏။

ကျင်းကျင်းကို ပြန်ပို့ပြီးနောက် လင်းရီ ကျီချင်းရန်ကို ကျိုးကျုံးဗီလာသို့ ခေါ်ဆောင်လာခဲ့သည်။

ကျီချင်းရန်ကလည်း ဘာမျှမပြောပေ။ ထိုနေရာက သူမကို ယွင်ရွှေ ဗီလာထက် ပို၍ အိမ်ဟူသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

တစ်ညတာ အနားယူပြီး နောက်တစ်နေ့ နံနပ်တွင်တော့ကျီချင်းရန် စောစောထပြီး သူမပြုလုပ်နေကြ နံနက်စာကို ချက်ပြုတ်တော့၏။

"ငါမှတ်မိသာ မှန်မယ်ဆိုရင် မင်းမျက်စိကျနေတဲ့ မြေလေလံပွဲက မနက်ဖြန် မဟုတ်လား..."လင်းရီ စားသောက်နေစဉ် မေးမြန်းလိုက်၏။

ကျီချင်းရန် တူပန်းကန်လုံးကို ‌ပါးစပ်နှင့်တေ့ရင်း အားပါးတရစားလျက် ခေါင်းညိမ့်လိုက်ပြီး "အွန်း...မနက်ဖြန် ညနေ တစ်နာရီလောက်ဆို ငါ့ဘက်က အကောင်းဆုံးပြင်ဆင်လို့ပြီးပြီ...ဒါပေမယ့် အောင်မြင်မယ်လို့တော့ ယုံကြည်ချက်သိပ်မရှိဘူးဟာ..."

"အနာဂတ်ကို တွေးပြီး စိတ်ပူမနေနဲ့...ကိုယ်လုပ်နိုင်တာကိုလုပ်..ကိုယ်မလုပ်နိုင်တာကိုကျ ကံတရားက လုပ်သွားပေးလိမ့်မယ်..."

"အင်း...."

ကျီချင်းရန် သူမ ကျန်သည့် ကြက်ဥကြော်တစ်ခြမ်းကို လင်းရီ ပန်းကန်ထဲသို့ ထည့်ပေးရင်း "ကူစားပေးဦး ဟီးဟီး..."

နံနက်စာ သုံးဆောင်ပြီးနောက် လင်းရီ ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ကာ ကျင်းကျင်း၏ အိမ်သို့ ထွက်လာခဲ့လိုက်သည်။

လင်းရီ ရောက်လာသည့် အချိန်တွင်တော့ မိသားစုမှာ အထားခံသည့် အစားသောက်တစ်ချို့ကို ထုပ်ပိုးပေးရင်း သူ့အလာကို စောင့်နေကြ၏။

"ဟင်း ရီလေးကတော့လေ...အန်တီတို့က နင်နဲ့ ခင်လာတာ ဒီလောက်ကြာနေပြီကို ဘာလို့ ဒီလိုလက်ဆောင်တွေ ပေးနေတာ...ကွန်ပျူတာတွေကော..ဖုန်းတွေကောပဲ...အချင်းချင်းတွေကို အားနာစရာ ဖြစ်အောင်လို့ကွယ်... "အန်တီလျိုမှ အလွန်အမင်းအားနာနေဟန်ဖြင့် ပြောလိုက်သည်။

"ဘာမှ ဈေးကြီးတာမဟုတ်ပါဘူး အန်တီရယ်..ကျင်းကျင်းဆိုတာကလည်း ကျွန်တော့် ညီမလေးပဲမဟုတ်လား..လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ..."

ထို့နောက် လင်းရီ ကျင်းကျင်းထံမှ ခရီးဆောင်အိတ်ကို ယူကာ ကားထဲသို့ ထည့်လိုက်၏။

ထို့နောက် လေးယောက်သား ကားထဲသို့ ၀င်၍ ကျောင်းသို့ မောင်းထွက်လာကြလေသည်။

ကျင်းကျင်း၏ မိဘများကတော့ ပထမဆုံးအကြိမ် Rolls-Royce စီးဖူးသောကြောင့် အလွန်အမင်း စိုးရိမ်ထိတ်နေကြ၏။

လင်းရီ ကား တစ်ခုခု ဖြစ်သွားမှာ ဆိုးသည့် အတွက်သူတိူ့၏ ခန္ဓာကိုယ်များမှာတောင့်တင်းနေပြီး မည်သည်ကိုမျှ မထိရဲမကိုင်ရဲ ဖြစ်နေကြလေသည်။

လင်းရီ ကားကို တက္ကသိုလ်၀င်ပေါက်၀သိူ့ မောင်းနှင်လာခဲ့ပြီး ကျောင်းပေါက်၀တွင်တော့ လူအုပ်ကြီးမှာ စည်ကားသိုက်မြိုက်နေပြီး ကျင်းကျင်းနှင့် ရွယ်တူလေးများမှ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်တို့ကို ကိုင်လျက် ကျောင်းထဲသို့ ၀င်ချည် ထွက်ချည် ပြုနေကြသည်ကို မြင်တွေ့နေရသည်။

လင်းရီ တစ်ချက် ဝေ့ကြည့်လိုက်သောအခါ ကျောင်းပေါက်၀တွင် စိတ်ခွန်အားတက်ကြွနေသည့် လူငယ်တစ်ခုကိုလည်း မြင်တွေ့လိုက်ရ၏။ ထိုလူငယ်တို့မှာ စီနီယာကျောင်းသားများဖြစ်ပြီး ယခုမှ အသစ်လာရောက်သူများနှင့် ဂျူနီယာလေးများ မသိနားမလည်သည်တို့ကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြနေလေသည်။

ကားများမှာလည်း ကျပ်ပိတ်သိပ်နေပြီး အလွှာပေါင်းစုံရှိ မိသားစုတို့မှ လူတန်းစားမျိုးစုံကို ‌စု၍ မြင်တွေ့နိုင်၏။

ထို့ပြင် ကျောင်းထဲသို့ မ၀င်မှီ မျက်ရည်တွဲလဲဖြင့် သူတို့၏ မိဘများကို နှုတ်ဆက်နေကြသည့် ကျောင်းသူလေးများကိုလည်း ရှိသေးသည်။ မသိပါက ဘိုးဘေးအုတ်ဂူထဲ၌ မြုပ်နှံခံရတော့မည့် အလားပြုမူနေကြ၏။ သို့သော်လည်း လင်းရီစိတ်ထဲတွင်တော့ ထိုကျောင်းသူလေးများမှာ တစ်လလောက်နေပါက အိမ်သို့ပင် ပြန်ချင်ကြလိမ့်မည်မဟုတ်ကြောင်း သေချာနေတော့သည်။

"ဟျောင့်တွေ ဟိုးနားက ကားဖြူလေးက Mercedes Benz G-class မဟုတ်လားကွ..ကားက စောက်ရမ်းမိုက်တယ်..."ဗိုလ်ကေနှင့် ကောင်လေးတစ်ဦးမှ အဖြူရောက်ကားလေးတစ်စင်းကို လက်ညှိုးညွှန်လျက် ပြောလိုက်သည်။

"အင်း...ကားက အတော်တော့ ဈေးရှိလောက်တယ်...ငါတစ်မနက်ခင်းလုံး စောင့်ကြည့်နေတာတော့ လာပို့တဲ့သူတွေထဲမှာ ဒီကားက ဈေးအကြီးဆုံးပဲ..."

"ဒီနှစ် ဂျူနီယာလေးတွေက အကုန်ဘောစိတွေပါလားဟ..."

အဖြူရောင် Mercedes Benz G-class ကိုမြင်တော့ ဂိတ်ပေါက်၀ရှိ လူတို့မှာ ထိုကားနှင့် အကွာဝေးတစ်ခု ခြားထားကြ၏။

အကယ်၍ သူတို့သာ မတော်တဆ ထိခိုက်မိသွားပါက ပြုပြင် ပေးနိုင်လိမ့်မည်မဟုတ်ချေ။

"ဟမ့်...ဘယ်လိုတောင် ကမ္ဘာကြီးကို မမြင်ဖူးတဲ့ သောက်တောသား တစ်အုပ်လဲ.. Mercedes Benz G-class ကိုတောင် အံ့ဩတကြီးဖြစ်နေကြတယ်ဆိုတော့ အိမ်က ယွမ်လေးသန်းကျော်တန် ဖာရာရီကြီး မောင်းလာလိုက်လို့ကတော့ မီတယတစ်ရာလောက် ခြားနေကြမလားပဲ.."

ပြောလိုက်သည့်သူကတော့ ကားထဲရှိ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမမျက်နှာထက်တွင်တော့ အလှချေမှုန့်များကို ထူပိန်းနေအောင် ခြယ်သထား၏။ အနည်းငယ် လှုပ်ရှားလိုက်လျှင်တောင် ‌ကားထဲ၌ နှင်းကျသွားသည့်အလား အောက်မေ့ရလေသည်။

"ငါတို့သားက စီးရမှာ ရှက်နေလို့သာ... မဟုတ်ရင် ဒီကားကြီး မောင်းတောင်မလာခဲ့ဘူး... "

"အရင်တူန်းက လူတွေက ဖူတန်တက္ကသိုလ်မှာ သူဌေးတွေ သိပ်မရှိကြဘူးလို့ ပြောကြတာ..ဒီနေ့မှပဲ အမှန်ဆိုတာ ယုံသွားပြီ..." သက်လတ်ပိုင်း အမျိုးသမီးမှ မောက်မာစွာ ပြောဆိုလိုက်ပြီး

"နောင်ကျရင် တစ်ကျောင်းလုံးက မိန်းကလေးတွေက ကျွန်မသားအပိုင်ဖြစ်လာမှာပဲ...."

"အမေက အဲ့လိုပြောလာပြီ ဆိုနေမှတော့ ကျွန်တော်လည်း မငြင်းတော့ဘူးနော်..."

"ဟမ့်...လူဆိုးလေး...မေမေသိသားပဲ...ဒါပေမယ့် ရှင်းအောင် ကြိုပြောထားမယ်နော်...သားဘာသား အဲ့ကောင်မလေးတွေနဲ့ ဘယ်လိုပဲ ကစားချင်ကစား ဒါပေမယ့် လပ်ထပ်ဖို့ထိတော့ စိတ်မကူးနဲ့... ...သူတိူ့က ငါ့သားနဲ့ အဆင့်ချင်း မတူဘူး "

"သိပါတယ်ဗျ...ကျွန်တော်ကလည်း အပျင်းပြေလောက်ပဲ ကစားမှာပါဗျ..."

တီ တီ တီ.....

သုံးယောက်သား စကားပြောနေကြစဉ် ရုတ်တရက် ဟွန်းတီးသံတစ်သံကို ကြားလိုက်ရ၏။ သက်လတ်ပိုင်းအမျိုးသမီးမှာ ရုတ်ချည်းဆိုသလို မပျော်မရွှင် ဖြစ်သွားခဲ့ပြီး "ဘယ်ကောင်လဲကွ...ငါတို့ကိုတောင် ဟွန်းတီးရဲလောက်တဲ့အထိ အတင့်ရဲနေတာ... Mercedes Benz က ယွမ်နှစ်သန်းကျော် တန်ကြေးရှိတယ်ဆိုတာ သူနားမလည်တာလား..."

"ငိုးပဲ ...မိန်းမ မင်းမသိရင် ရမ်းမပြောစမ်းနဲ့...ငါတို့နောက်မှာရှိတဲ့ ကားက ယွမ်ကိုးမီလီယမ်ကျော် တန်ကြေးရှိတဲ့ Rolls-Royce phantomကြီးဟ…"

All Chapters