အခန်း (၃၆၉)
Vol. 25 Ch. 369
"ဒါပေါ့...စိန်တွေက စိန်အစစ်တွေ..."ကျန်းနန်ပြောလိုက်၏။
"အတုကော မဖြစ်နိုင်ဘူးလား...." ဖုန်းကျား လှောင်ပြောင်ထေ့ငေါ့စွာဖြင့် ပြောလိုက်ပြီး "နန်နန် ..နင်ပဲ နွေရာသီတုန်းက ပျင်းတာနဲ့ Vanclef & Arpel မှာ အချိန်ပိုင်းလုပ်တယ်ဆို... အစစ်ဟုတ်မဟုတ် တော့ ခွဲခြားတတ်တယ်မလား... "
"ငါက သူ့ကို ဒီဆွဲကြိုးရောင်းလိုက်တာလေ..... ဘယ်လိုလုပ်ပြီး အတူဖြစ်နိုင်မှာ...."
"အမ်... နင်က ဒီဆွဲကြိုးရောင်းလိုက်တယ်...."
"အမှန်ပဲ...."ကျန်းနန် ပြောလိုက်ပြီး "ကျင်းကျင်းရဲ့ အစ်ကိုက သူနဲ့ သူ့ယောင်းမကို တစ်ယောက်တစ်ကုံးဆီ ၀ယ်ပေးထားတာ.."
"မဖြစ်နိုင်လိုက်တာ...စိန်တွေ ဒီလောက်များတယ်ဆိုတော့ အနည်းဆုံး ယွမ်သောင်းချီလောက်တော့ ပေးရမယ်ထင်တယ်..."
ဖုန်းကျား အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ ထိုကျေးတောသူမမှာ အရမ်းချမ်းသာနေလိမ့်မည်လို့ သူမတို့ မျှော်လင့်မထားခဲ့ပေ။
"အတိအကျဆိုရင် တစ်ကုံးကို ယွမ် ၈၄၀,၀၀၀ ပေးရတယ်...."
ဟစ်....
လည်ဆွဲ၏ ဈေးနှုန်းကို ကြားသိလိုက်သည့် အခ်ျန်တွင်တော့ နှစ်ယောက်လုံး ငရဲတံခါး၀ ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
သူမတို့၏ လာခဲ့သည့် မြို့လေးမှာ အဆင့်လေး မြို့လေးတစ်မြို့သာဖြစ်ပြီး မိသားစု၏ တစ်နှစ်၀င်ငွေမှာလည်း တစ်သိန်းအောက်သာ ရှိလေသည်။ သို့တိုင်အောင် တစ်ဖက်လူမှာ ယွမ် ရှစ်သိန်းတန် လည်ဆွဲကို ၀ယ်ယူလိုက်၏။ ထို့ပြင် တစ်ကုံးတည်းလည်း မဟုတ် နှစ်ကုံးကြီးများတောင်ပင်။
ကျင်းကျင်းရဲ့ အစ်ကိုက အရမ်းချမ်းသာတာပဲနော်....
ဒါနဲ့ အဲ့လောက်ချမ်းသာတောင်မှ သူ့မိသတွေရဲ့ အ၀တ်အစားက ဘာလို့ စုတ်ပြတ်ပေရေ နေတာလဲဟ....
နာရီ၀က်ကြာပြီးနောက် အန်တီလျိုမှာ ကျင်းကျင်းနေမည့် နေရာကို သေချာလေး သပ်ရပ်အောင် ပြုလုပ်ပေးပြီးဖြစ်၏။
"အန်ကယ်နဲ့ အန်တီလည်း သမီးတို့နဲ့ အတူစားသွားလေ... စီနီယာတွေဆီက ပြောသံကြားတာတော့ ကျောင်းကန်သင်းရဲ့ အစားအသောက်တွေ အရမ်းကောင်းတယ်ဆိုပဲ... သွားပြီး မြည်းစမ်းကြည့်ကြရအောင်...."
"ရပါပြီကွယ်...သမီးတို့ပဲ သွားကြပါ...အန်တီတို့က နေ့လည်ကျ အလုပ်ရှိသေးတယ် ဆိုတော့မလိုက်တော့ဘူး...."
အန်တီလျိုပြောလိုက်၏။
သူတို့မျိုးဆက်ကြား ကွာခြားမှုကိုလည်း ကောင်းစွာနားလည်ပေသည်။ ထို့ကြောင့် အတူထိုင်စားပါက မလွတ်မလပ် ဖြစ်နေလိမ့်မည်။
သို့နှင့် ပစ္စည်းများကို ယူကာ အခန်းထဲမှ ထွက်လာခဲလိုက်၏။
အပြင်သို့ ထွက်လာချိန်တွင်တော့ အုပ်စုမှာ နှစ်ခုကွဲသွားပြီးဖြစ်၏။ ကျင်းကျင်းနှင့် ကျန်းနန်တို့မှာ ရှေ့မှ အတူသွားနေကြပြီး ဖုန်းကျားနှင့် ချီချီတို့ကတော့ နောက်မှ လိုက်ခဲ့ကြသည်။
သူမတို့ ပေါင်းသင်း၀င်ဆံ့နိုင်သည့်ပုံမပေါ်ပင်။
"နန်နန် ... နင်ကန်သင်းကတ်ကို ဘယ်မှာ ဘေလ်သွားဖြည့်တာလဲဟင်... ငါလည်း နောက်ကျရင် ပြန်ဖြည့်ရဦးမှာဆိုတော့...."
"ဘာမှ ပြန်ဖြည့်နေစရာမလိုဘူး.... မင်းအဆောင်သွားတုန်းကတည်းကရင် မင်းအစ်ကိုက ဖြည့်ထားပေးပြီးသား..တက္ကသိုလ် လေးနှစ်လုံး သုံးဖို့ လောက်တယ်..."လင်းရီ ပြောလိုက်သည်။
"အမ်...လေးနှစ်လုံး သုံးလို့လောက်တယ်...."
"အင်း ကတ်ထဲမှာ ယွမ်တစ်သိန်းဖြည့်ထားပေးတယ်လေ...တကယ်လို့ ကျင်းကျင်းက အစားပုပ်တဲ့၀က်ဆိုရင်တောင်မှ အ၀စားလို့ရပြီးသား..."
"သူ...သူက တစ်ခါတည်း ယွမ်တစ်သိန်း ဖြည့်လိုက်တယ်...."
ယွမ်တစ်သိန်းကို ဘာမှမဟုတ်တဲ့အတိုင်း ထမင်းစားရေသောက် သုံးဖို့ဆို ဘယ်လောက်တောင် ချမ်းသာဖို့လိုလိုက်မလဲ...
ဖုန်ူကျားနှင့် ချီချီတို့ အံ့အားသင့်သွားခဲ့ကြသည်။
သူက ယွမ်ရှန်းသိန်းကျော်တန် လည်ဆွဲ နှစ်ကုံးကို တစ်ပြိုင်တည်း ၀ယ်ပစ်တယ်....ခုလည်း ယွမ် တစ်သိန်းကိုလည်း ဘာမှမဟုတ်တဲ့အတိုင်း သုံးနေပြန်ပြီ...
အဲ့လိုဆို ကျင်းကျင်းရဲ့ အနေအထားကြီးက ကျန်းနန်ထက်တောင် သာနေပြီပဲဟ...
ငါတို့ ဘာလို့များ သူ့ကို လှောင်ခဲ့မိပါလိမ့်...
ငါတို့ ဦးနှောက်တွေကို ခွေးချီသွားတာများလား...
"ကောင်းပြီ..သူငယ်ချင်းတွေနဲ့ ထမင်းသွားစလိုက်ဦးနော်...အစ်ကိုတို့ ပြန်တော့မယ်..."လင်းရီ ကျင်းကျင်းကိုကြည့်လိုက်ပြီး "တကယ်လို့ တစ်ခုခုအခက်အခဲရှိရင် အစ်ကို့ကို လှမ်းခေါ်လိုက်...ကြားလား"
"ဟုတ် အစ်ကိုရီ ကောင်းပါပြီရှင့်..."
လင်းရီ ကျင်းကျင်း၏ ခေါင်းကို ညင်သာစွာ ပွတ်လိုက်ပြီး Rolls-Royce phantom ၏ကားသော့ကို နှိပ်ကာ ဦးလေးကျင်းတို့နှင့် အတူ ကျောင်း၀န်းထဲမှ ထွက်သွားခဲ့တော့၏။
ယင်းမြင်ကွင်းက ကျန်းနန်နှင့် ကျန်သူများကို ကြက်သေသေသွားစေသည်။
"ကျင်းကျင်း...နင့်အစ်ကိုက Rolls-Royceကြီး မောင်းတာပေါ့...."
"အင်း...သူက ပုံမှန်ဆို ပြိုင်ကားမောင်းတာလေ...ဒီနေ့ကျ ငါ့ကို လိုက်ပို့ရင်း အထုပ်တွေ အများကြီးပါမယ်ဆိုတော့ ပစ္စည်းထည့်လို့ကောင်းအောင် အဲ့ကား မောင်းလာခဲ့လိုက်တာ...."
"........."
Rolls-Royce က ပစ္စည်းတင်တဲ့ ကားဖြစ်သွားပြီလားဟ....
ကျန်းနန် ကျင်းကျင်း၏ လက်မောင်းကို ဖက်ရင်း ပခုံးပေါ်သို့ မှီလိုက်ပြီး "ကျင်းကျင်း...နင်ယောင်းမတော်ချင်ရင် ငါ့ကို ထည့်စဉ်းစားပေးလို့ရတယ်နော်......."
"ငါက ကိစ္စမရှိဘူး...ဒါပေမယ့် နင်က ငါ့ ယောင်းမကို ကျော်နိုင်တဲ့ အရည်ချင်းရှိမရှိပေါ်မှာ မူတည်နေသေးတယ်လေ.....ခစ်ခစ်"
.......
ဖူတန်မှ ထွက်လာပြီးနောက် လင်းရီ ကျင်းကျင်း၏ မိဘများကို အိမ်သို့ ပြန်ပို့ကာ Didi ဆက်မောင်းလိုက်သည်။
စနစ်၏ စာမျက်နှာကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင်တော့ မစ်ရှင် ပြီးမြောက်မှုမှာ (၄၈၇၁/၅၀၀၀) သို့ရောက်နေကြောင်း မြင်တွေ့လိုက်ရ၏။
မစ်ရှင်ပြီးမြောက်ရန် ၁၂၉ ကီလိုမီတာခန့် မောင်းရန်သာကျန်တော့ပြီး ကျီချင်းရန် ရုံးမဆင်းမှီ မစ်ရှင်ပြီးမြောက်ကောင်း ပြီးမြောက်ပေလိမ့်မည်။
ထို့ကြောင့် လင်းရီ ညနေသုံးနာရီအထိ Didi ပြေးနေခဲ့ပြီး ထမင်းစားချိန်အပ သူ လုံး၀ အနားမယူချေ။
စုစုပေါင်း အော်ဒါခုနစ်ခုမျှ ပြီးမြောက်ခဲ့ပြီး ၁၂၇ ကီလိုမီတာ မောင်းနှင်ကာ မစ်ရှင်ပြီးမြောက်ရန် နှစ်ကီလိုမီတာခန့်တာ လိုအပ်တော့၏။
"သင့်တွင် ရန်ခုံမှ ချင်းရှန်းမြို့သိူ့ အော်ဒါတစ်ခုရှိပါတယ်...ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ..."
လင်းရီ တွေဝေနေခြင်း အလျင်းမရှိ အော်ဒါကိုလက်ခံကာ မီတာတစ်ရာ အကွာအဝေးရှိ ရန်ခုံသို့ ရောက်လာခဲ့သည်။
အော်ဒါတွင်ပြထားသည့် နေရာကိုရောက်တော့ လင်းရီ ပတ်၀န်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်၏။ သို့သော်လည်း လမ်းဘေးတွင် လျှာထုပ်ဦးထုပ် အနက်ရောင်တစ်လုံးကို ၀တ်ဆင်ထားသည့် အမျိုးသားမှအပ မည်သူ့ကိုမျှ သူမတွေ့မိချေ။
ထို့ကြောင့် လင်းရီ မေးကြည့်ရန် ဆုံးဖြတ်လိုက်၏။
"ဒီက ဖုန်းနံပါတ် နောက်ဆုံးဂဏန်း ၁၄၅၅ နဲ့ဆုံးတဲ့ မစ္စတာမာလားခင်ဗျ...."
"ကျုပ်ပါပဲ...."
အမျိုးသား၏ အသံမာ အက်ရှရှဖြစ်နေပြီး ကားတံခါးကို ချက်ချင်းဖွင့်ကာ အထဲသို့ ၀င်ထိုင်လိုက်သည်။
"မဆိုးဘူးပဲကွ...မင်းက ဒီလောက်ကောင်းတဲ့ ကားကြီးနဲ့ Didi မောင်းနေတယ်ပေါ့...."
"မြောက်ပင့်နေပါပြီ မြှောက်ပင့်နေပါပြီ...."လင်းရီ ယဉ်ကျေးစွာ ဆိုလိုက်၏။
"ဒီလိုကားအကောင်းစားကြီးထဲမှာ ထိုင်ဖူးပြီဆိုတော့ နောင်တမရှိပဲ သေလို့ရပါပြီကွာ...."
"မစ္စတာမာက ချဲ့ကားလွန်းနေပါပြီ...ပြီးတော့ Didi မှာကလည်း ဇိမ်ခံကား၀န်ဆောင်မှု ရှိနေတာပဲ မဟုတ်လား...ကြိုက်တဲ့ချိန် အော်ဒါတင်ပြီးတော့ ၀င်ထိုင်လို့ရပါတယ်..."
သူ၏ နောက်ဆုံးအော်ဒါ ဖြစ်နေ၍လားတော့မသိ လင်းရီမှာ အတော်လေး စိတ်ကောင်း၀င်နေပြီး သက်လတ်ပိုင်းလူကြီးနှင့်အတူ စကားစမြည်ပြောဆိုနေလေသည်။
သက်လတ်ပိုင်းအမျိုးသားကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှ ပြန်မပြောချေ။ သို့သော်လည်း သူ၏ အပြုံးမှာတော့ ထူးဆန်းကာ နက်နဲနေလေ၏။
"မိတ်ဆွေက ချင်းရှန်းမြို့ကို အလည်သွားမလို့လား...အဲ့မှာ ရေပူစမ်းတစ်ခု ရှိတယ်လို့ကြားဖူးတယ်..ပြီးတော့ ဈေးကလည်း မကြီးဘူး...."
"ကျုပ်က အဲ့လို အပျော်သွားတာမျိုး မဟုတ်ဘူး...."
"အဲ့တာဆို မိသားစုဆီ သွားလည်တာလား...."
"မဟုတ်ဘူး...."
"အဲ့တာဆို တစ်ခုခု ရင်းနှီးဖို့ရာအတွက် သွားစုံစမ်းမလို့လား...."
"တစ်ခုမှကို မဟုတ်တာ...ကျုပ်က ချင်းရှန်းမြို့ရဲ့ ရဲစခန်းကို သွားမှာ...."
"ဒီတော့ မိတ်ဆွေက ချင်းရှန်းမြို့ရဲ့ ရဲအရာရှိကြီးပေါ့..."လင်းရီ ပြုံးလိုက်ပြီး "အဲ့လိုဆို ကျုပ် အော်ဒါကို အမြန်ပြီးအောင်လုပ်ပြီး အရာရှိကြီးကို ဒစ်စကောင့်ပေးမယ်..."
လင်းရီမှာ မစ်ရှင်ပြီးမြောက်ရန် နှစ်ကီလိုမီတာမျှသာ လိုတော့သောကြောင့် အော်ဒါပြီးမြောက်သရွေ့တော့ သူဘာကိုမျှ ဂရုမစိုက်တော့ပါ။
"ကျုပ်က ရဲအရာရှိမဟုတ်ဘူး...ကျုပ်ဘာကျုပ် သွားတာ...."
"အမ်....ကိုယ့်ဘာကိုယ်သွားတယ်...."
"ကျုပ်မိသားစုက ချင်းရှန်းမြို့ရဲ့ လင်ဟွားကျေးရွာမှာ နေတာလေ... ကျုပ်တို့ မနေ့က တောင်တက်တုန်းက ကျုပ်ယောက္ခထီးကို တောင်ပေါ်ကနေ တွန်းချပစ်လိုက်တယ်...အိမ်ပြန်ရောက်တော့လည်း ကျုပ်မိန်းမကို အပိုင်းပိုင်းဖြစ်အောင် ခုတ်-ထစ်ပစ်လိုက်တယ်...ပြီးတော့ ကျုပ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်....ဒါပေမယ့် လမ်းခုလတ်မှာ နောင်တရပြီးတော့ ကိုယ့်အပြစ်ကိုယ် လာ၀န်ခံဖို့ ဆုံးဖြတ်လိုက်တာ..."
သက်လတ်ပိုင်း အမျိုးသားမှာ လင်းရီကို စိတ္တဇဆန်သည့် အပြုံးဖြင့် ကြည့်လိုက်ပြီး "လူငယ်လေး...မင်းကြည့်ရတာ လူကောင်းဖြစ်မယ့်ပုံလေးပဲ...နောက်ဆုံးတစ်ခေါက်အနေနဲ့ ငါနဲ့အတူ တောင်လိုက်တက်ပေးလို့ရမလား...."
"ငါယိုးပဲ...."
လင်းရီ ဆံပင်မွေးများ ထောင်ထသွားသည်အထိ ကြောက်လန့်သွားခဲ့၏။ သူ၏ ရင်ထဲတွင်တော့ "သွားပြီ...ငါတော့ ဒီနေ့ကို ကျော်လွန်နိုင်တော့မယ် မထင်ဘူး...."
သူတို့ လမ်းခွဲ ရောက်သည့် အချိန်တွင်တော့ လင်းရီ ရုတ်ချည်း လမ်းတစ်ဖက်သို့ ချိုးကာ နီးစပ်ရာရဲစခန်းသိူ့ မောင်းသွားလိုက်သည်။
"ကောင်လေး...ဒါက ချင်ရှန်းမြို့ကို သွားတဲ့လမ်းမဟုတ်ဘူးလေ...."
"အစ်ကိုကြီး...ခင်များရဲ့ အဆင့်နဲ့ဆိုရင် ဘယ်ရဲစခန်းမဆို နွေးထွေးစွာကြိုဆိုပြီးသား...ကျုပ် အစ်ကိုကြီးကို အနီးစပ်ဆုံး ရဲစခန်းဆီ လိုက်ပို့ပေးလိုက်မယ်...." လင်းရီ တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်သည်။
"ယမမင်းသည် လူကို မစောင့်တဲ့... ကဲ လမ်းပေါ်မှာ အချိန်ဖြုန်းမနေနဲ့တော့...."
"ငါနဲ့အတူ တစ်ခေါက်လောက် တောင်ပေါ် လိုက်မတက်ပေးတော့ဘူးပေါ့..."သက်လတ်ပိုင်း အမျိုးသား၏ အကြည့်မှာ နောက်ကြည့်မှန်မှတစ်ဆင့် စိမ်းရဲနေလျက် ပြောလိုက်သည်။
လင်းရီ ရဲစခန်းရှေ့တွင် Rolls-Royce၏ ဘရိတ်ကို ဆောင့်နင်းလိုက်ပြီး "အစ်ကိုကြီး ... ခင်များ ကိုယ်ချင်းမစာတတ်ဘူးလား....ကျုပ်က ငယ်သေးတယ်.. မိန်းမလည်း မရသေးဘူး...ကျုပ်ဘ၀မှာ အထွတ်အထိပ်ကို ရောက်တယ်ဆိုတဲ့ ခံစားချက်က ဘာမှန်းတောင်မသိသေးတာ...မြေအောက်ကမ္ဘာကို သွားတဲ့လမ်းက လှိုင်းလေထန်ပြီးကြမ်းတမ်းလွန်းပါတယ်ဗျာ...ဒါက ကျုပ်အကောင်းဆူံး လုပ်ပေးနိုင်တာပဲ...."
"ပြီးတာပဲလေ...နောင်ကျ အခွင့်ရေးရှိရင် မင်းကို တောင်တက်ဖို့ လာခေါ်ဦးမယ်...."သက်လတ်ပိုင်း အမျိူးသားမှ ပြုံးလျက် ပြောလိုက်၏။ မသိသူများဆိုပါက အတော်လေး သဘောကောင်းသည့်သူဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သည်။
"အိုကေဗျာ... အစ်ကိုကြီး ပြန်လည်မွေးဖွားတော့မယ်ဆိုရင်လည်း ကျုပ်ကို အိပ်မက်ထဲကနေ လက်တို့လိုက်..."လင်းရီ ပြောလိုက်၏။
ထို့နောက် သက်လတ်ပိုင်းလူကြီးမှာ ကားထဲမှ ထွက်ပြီး ရဲစခန်းထဲသို့ လမ်းလျှောက် ၀င်သွားလေသည်။
လင်းရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမောကြီး တစ်ချက်ချလိုက်၏။
ဒီလိုခရီးသည်မျိုးရအောင် သူ ဘာမကောင်းတာတွေများ လုပ်ခဲ့မိလို့လဲဟ....
သူ စနစ်ကို ကြည့်လိုက်သောအခါ မစ်ရှင်မှာ ပြီးမြောက်ခြင်း မရှိချေ။
ချီးပဲ.. နောက်ထပ်အော်ဒါတစ်ခု ဆက်ယူရပြန်ဦးမယ်....
[မစ်ရှင်ပြီးမြောက်သွားပါပြီ...]
[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀၀ ]
[အလုပ်ပြီးမြောက်မှုနှုန်း : ၁၀၀% ]
[ ဆူလဒ် : Didi ၏ ရှယ်ယာ ၈၀% ]
ဝှက်...ဘယ်လိုငရဲလဲဟ...
မစ်ရှင်က ပြီးသွားပြီးတဲ့လား....
အစ်ကိုကြီးက တကယ်ကြီး အော်ဒါကို ပြီးမြောက်ကြောင်း အတည်ပြုပေးလိုက်တယ်ပေါ့....
သိသားပဲ အစ်ကိုကြီးက တခြားသူတွေအတွက် တွေးပေးတယ်ဆိုတာ အသေအချာကြီးပဲလေ...
'အစ်ကိုကြီး....စိတ်ချပါ...ကျုပ် နှစ်သစ်ရောက်တိုင်း ဘုံကျောင်းမှာ အစ်ကိုကြီးအတွက် ငွေစက္ကူတွေ မီးရှို့ပေးပါ့မယ်....'