အဆင့်တက်ပြီ
Vol. 16 Ch. 216
ဒီမိစ္ဘာဝိညာဉ် တွေရဲ့ အစွမ်းအစ ကိုတော့ လုံးဝ လျှော့တွက်လို့ မရပါဘူး။ သူတို့က သူတို့ အပိုင်စီးထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် တွေရဲ့ အစွမ်းအစကို ၃ဆလောက် မြှင့်တင် ပေးနိုင်ဒီလေ။ ဆောင်ကျန်းဟီလို ဖူချောင်းရှန်နဲ့ အရည်အချင်း သိပ်မကွာသည့် လူတောင်မှ တစ်ချက်တည်းနဲ့ လီဝူရှုရဲ့ သွေးစုပ်ခြင်းကို ခံလိုက်ရပြီး အရိုးစု သာသာ ဖြစ်သွားဒီ မဟုတ်ပါလား။
ဆောင်ကျန်းဟီရဲ့ သွေးတွေကို ကုန်စင်အောင် စုပ်ယူပြီးသွားတဲ့ နောက်မှတော့ လီဝူရှုက လီဖူချန်းတို့ တစ်သိုက်နောက်ကို ဆက်မလိုက်တော့ပါဘူး။
သူ့ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်ပြီး လှုပ်ရှားခြင်း အလျဉ်း မရှိတော့ပါဘူး။ ကြည့်ရတာ လီဝူရှုက သူစုပ်ယူထားသည့် သွေးတွေကို ပြန်လည်သန့်စင် နေသည့်ပုံပါပဲ။
လီဖူချန်း ကတော့ တစ်ဖက်ခန်းမ ထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အသိစိတ် အာရုံကို အသုံးပြုလိုက်ပြီး ထွက်ပေါက်ကို အလျင်အမြန် ရှာဖွေလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ထွက်ပေါက်ဆီကို အမြန်ဆုံး ပြေးနှုန်းဖြင့် ဦးတည် သွားခဲ့ပါပြီ။
"ဒါက ငါတို့ရဲ့ ပိုင်နက်ကွ။ မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ"
ဖူချောင်းရှန်က ကျားတစ်ပိုင်း လူတစ်ပိုင်း အဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းနောက်ကို လိုက်လာပါတယ်။ သူ့ရဲ့ မျက်လုံး ထဲမှာတော့ သတ်ဖြတ်လိုသည့် အငွေ့အသက်တွေ အပြည့်ပါပဲ။
ခန်းမရဲ့ အပြင်ဘက်မှာတော့ နေရာလပ် တွေက ပိုကျယ်ပြန့် လာပါတယ်။ မိစ္ဆာဝိညာဉ် ကောင်တွေရဲ့ လှုပ်ရှားမှု တွေကလည်း ပိုပြီးတော့ လျင်မြန်လာပါပြီ။
မိစ္ဆာဝိညာဉ် တစ်ကောင်က ဖန်ကျင်းယုကို မီလုနီးပါး ဖြစ်နေသည့် အတွက် လီဖူချန်းက အလျင်အမြန် လေးကိုဆွဲကာ နတ်ဆိုးသတ်မြား တစ်ချောင်း ပစ်လွှတ်လို က်ရပါသေးတယ်။
(note - ဖူချောင်းရှန်ကို သတ်ပြီးတုန်းက နတ်ဆိုးသတ်မြားတွေ ပြန်နုတ် လာတာပါ။ ဒီနတ်ဆိုးသတ်မြား တွေက ပြန်လည် အသုံးပြုလို့ ရပါတယ်။)
နတ်ဆိုးသတ်မြားက အလွန် လျင်မြန်စွာဖြင့် မိစ္ဆာဝိညာဉ် ကောင်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ဝင် သွားခဲ့ပါတယ်။
"ဝေါင်း"
ဖန်ကျင်းယု နောက်ကို လိုက်နေတဲ့ မိစ္ဆာဝိညာဉ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နတ်ဆိုးသတ်မြားကို ဆွဲနုတ်ယူကာ နှစ်ပိုင်း ချိုးပစ်လိုက်ပါပြီ။
“နှမြောစရာကြီးကွာ"
လီဖူလျန်းက သေပြေးရှင်ပြေး ပြေးနေရတာ ကိုမှ သူ့ရဲ့ နတ်ဆိုးသတ်မြားကို နှမြော နေပါသေးတယ်။ ဒီအတိုင်း ဆိုရင်တော့ သူ့ရဲ့ နတ်ဆိုးသတ်မြား တွေက အဆုံးပါပဲ။ သူ့ဘက်က ကြည့်ရင်တော့လည်း နှမြော သင့်ပါတယ်လေ။ ဒီနတ်ဆိုးသတ်မြား တွေက အကြိမ်ကြိမ် အခါခါ ပြန်လည် အသုံးပြုလို့ ရဒီ မဟုတ်ပါလား။
လီဖူချန်းက ဘယ်လောက်ပဲ နှမြော နေပေမဲ့လည်း အခြား ရွေးချယ်စရာ မရှိတော့ ပါဘူးလေ။ သူကိုယ်တိုင်တောင်မှ ဒီမိစ္ဆာဝိညာဉ် လေးကောင် လက်ထဲက ဘယ်လို ထွက်ပြေးရမည် ဆိုတာကို မသိတော့ပါဘူး။
“ဒီတစ်ခါတော့ တကယ်သေပြီ နဲ့တူတယ်"
လီဖူချန်းက သူ့ရဲ့ ကံကို လက်မခံနိုင်သေးပဲ ဖြစ်နေပါတယ်။
အခုချိန်မှာတော့ သူက ဘယ်လောက်ပင် အားနည်းနေသေးဒီ ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက် နေပါပြီ။
သူ့ရဲ့ စွမ်းရည်တွေသာ ယခုထက် နည်းနည်းလေး မြင့်နေရင်တောင်မှ ဒီမိစ္ဆာဝိညာဉ် တွေကို ယှဉ်တိုက်ဖို့ မျှော်လင့် နေနိုင်ပါသေးတယ်။ သူတို့အထဲ မှာတော့ စုမုယူ တစ်ယောက်သာ မိစ္ဆာဝိညာဉ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်တာပါ။
မိစ္ဆာဝိညာဉ်တွေ ဘက်ကသာ အရေအတွက် များမနေခဲ့ရင် စုမုယူက အခုလို ထွက်ပြေးနေမှာတောင် မဟုတ်ပါဘူး။
သူတို့အုပ်စု ထဲမှာသာ ခံစားချက်မဲ့ဓား ရှုဖန်းလို လူတစ်ယောက် ပါလာခဲ့ရင် ထိုလူက မိစ္ဆာဝိညာဉ် ၂ကောင်လောက်ကို အသာလေး ထိန်းထားနိုင်မှာပါ။
ဓားအရူးသူတော်လို လူတစ်ယောက် ပါလာခဲ့ရင်တော့ ဒီမိစ္ဆာဝိညာဉ် ကောင်တွေကို သောက်ဂရုတောင် စိုက်စရာ လိုတော့မှာ မဟုတ်ပါဘူး။
“စွမ်းရည် ... ငါလိုအပ်နေတဲ့ အရာအားလုံးက စွမ်းရည်ပဲ။ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းကို နိမ့်နေသေးတယ်"
မြေကမ္ဘာနယ်ပယ် အဆင့်၂ဆိုတာက အရမ်းကို အဆင့်နိမ့် နေသေးဒီ မဟုတ်ပါလား။
သူ့ရဲ့ ရူးသွပ်လောက်အောင် ထက်မြက်လှသည့် ထိုးထွင်းသိမြင်မှု ကလည်း ဒီနေရာမှာတော့ အသုံးမဝင် တော့ပါဘူး။
သူ့ရဲ့ စိတ်ဝိညာဉ် အပြာနုရောင် ပြောင်းသွားပြီး ကတည်းက လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက သာမန်ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ နှင့်တောင် ယှဉ်လို့ ရနေပါပြီ။ သူ့ရဲ့လက်ရှိ အနေအထားနဲ့ ဆိုရင်တော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ကိုတောင် သာရင်သာ နေမှာပါ။ ဒီအတိုင်းသာ ဆက်လက်ကြီးထွား ရှင်သန်သွားမည် ဆိုပါက လီဖူချန်းတစ်ယောက် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ ပြယုဂ်တောင် ဖြစ်လာနိုင် ပါသေးတယ်။
"ဒီစွန့်စားခန်း ခရီးထွက် လာတာက ကောင်းတာလား ၊ဆိုးတာလား"
လီဖူချန်းက သူ့ရဲ့ ရွေးချယ်မှု ကိုတောင် သံသယ ဝင်လာမိပါပြီ။
“ဟားဟားဟား"
လီဖူချန်းက သူ့ကိုယ်သူ ပြန်ရယ် ချင်လာပါတယ်။
“ကြည့်ရတာတော့ ငါ့ရဲ့ နှလုံးသားက ထင်ထားသလောက် မကြံ့ခိုင် သေးဘူးပဲ။ ငါမှားသွားပြီ ... ငါ့ရဲ့ ရွေးချယ်မှုကို သံသယ မဝင်ခဲ့သင့်ဘူး။ ဒီခရီးက အသက်အန္တရာယ် များတယ် ဆိုတာကို အစောကြီး ကတည်းက သိထားပြီးသားပဲ။ ဒါက ငါ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲလေ။ ဒါကို သံသယ ဝင်နေလို့ မသင့်တော်ဘူး"
လီဖူချန်းက သူ့ကိုယ်သူ ပြန်အားပေး လိုက်ပါတယ်။
ဒီခရီးကို ထွက်မည်ဆိုတုန်းက အကြီးခေါင်ချုပ် ကတောင် တားမြစ်နေသေးဒီ မဟုတ်ပါလား။ သူကိုယ်တိုင်က အလွန် ခေါင်းမာစွာဖြင့် တားမြစ်ချက်ကို ငြင်းဆန်ခဲ့တာလေ။ စွန့်စားခန်း ခရီးမှာ သုံးဖို့ဆိုပြီး ထောက်ပံ့ရေး ရမှတ် ၂သန်းဖိုးရှိသည့် အသက်ကယ်ပစ္စည်းတွေ ဝယ်လိုက်ပါသေးတယ်။
“ဟင် ... နေပါဦး။ အသက်ကယ် ပစ္စည်းဆိုမှ သတိရတယ်။ ငါအဆိပ် ဆေးလုံးတွေ ရှိတယ် မဟုတ်လား ..."
လီဖူချန်း တစ်ယောက် ရုတ်တရက် ငွေဝတ်ရုံဂိုဏ်းမှ လျူကောင်းဖန် ဆီက ယူလာတဲ့ သိုလှောင်အိတ်ကို သတိရလိုက်ပါတယ်။ အဲဒီ သိုလှောင်အိတ် ထဲမှာက အဆိပ်ဆေးလုံးတွေ ရှိနေဒီလေ။ ပြီးတော့ လျူကောင်းဖန်ရဲ့ အဆိပ်ဆေးလုံး တွေက ကျင့်ကြံမှု အဆင့်တွေကိုတောင် လျော့ကျ စေနိုင်တယ်လေ။ လျူကောင်းဖန်ရဲ့ အဆိပ်ဆေးလုံးက ဖန်ကျင်းယု ကိုတောင် ဒုက္ခပေးခဲ့ဒီ မဟုတ်ပါလား။
လီဖူချန်းက ဒီအဆိပ် ဆေးလုံးတွေကို လုံးဝ မေ့နေခဲ့တာပါ။ အခုတော့ ဒီအဆိပ်ဆေးလုံး တွေကို အသုံးပြုဖို့ သတိရလာပါပြီ။
လီဖူချန်းက အဆိပ်ဆေးလုံး တစ်ခုကို ထုတ်ယူလိုက်ပြီး သူ့နောက်ကို ပြေးလိုက်လာတဲ့ ဖူချောင်းရှန်ကို ပစ်ပေါက်ထည့်လိုက်ပါတယ်။
“ဘုန်း“
အဆိပ်ဆေးလုံးက ပေါက်ကွဲသွားပြီး အဆိပ်ငွေ့တွေ ထွက်လာခဲ့ပါတယ်။
အဆိပ်ငွေ့ အနည်းအကျဉ်း ရှူမိလိုက်တဲ့ သူကိုယ်တောင်မှ ခေါင်းအနည်းငယ် မူးသွားသလိုပါပဲ။ သူက အဆိပ်ဖြေဆေး တစ်လုံးကို ထုတ်သောက်လိုက်ပြီး အခြားသူ တွေကိုတောင် သတိပေး လိုက်ပါသေးတယ်။
“အဆိပ်ဖြေဆေးတွေ အမြန်သောက် ထားလိုက် "
သူ့ရဲ့ အသံကို ကြားလိုက်တဲ့ အခြားသူတွေ ကလည်း အဆိပ်ဖြေဆေးတွေ ထုတ်သောက် လိုက်ကြပါပြီ။
အဆိပ်ငွေ့တွေရဲ့ ပျံ့နှံ့နှုန်းက ထင်ထားတာ ထက်တောင်မှ မြန်နေပါသေးတယ်။ မိစ္ဆာဝိညာဉ် လေးကောင်စလုံးက အဆိပ်ဒဏ်ကို ခံလိုက်ရသည့် ပုံပါပဲ။
အထူးသဖြင့် ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာပေါ့။ သူက လီဖူချန်းကို မီလုနီးပါး ဖြစ်နေတဲ့အတွက် ခုခံဖို့ကို သတိမထား မိခဲ့ဘူးလေ။
သိပ်မကြာခင် မှာပဲ မိစ္ဆာဝိညာဉ် လေးကောင်စလုံးရဲ့ ပြေးနှုန်းတွေက လျော့ကျသွားခဲ့ပါပြီ။
“အဲဒါက အလုပ်ဖြစ်တယ်ဟ"
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်ပ သွားပါတယ်။
သိုင်းပညာရှင်ပဲ ဖြစ်ဖြစ် မိစ္ဆာသားရဲပဲ ဖြစ်ဖြစ်ပါလေ။ အဆိပ်ကိုတော့ ကြောက်ရွံ့ကျဒီ မဟုတ်ပါလား။
အဆိပ် ဂုဏ်သတ္တိထူးကို ပိုင်ဆိုင်ထားသည့် မိစ္ဆာသားရဲ တွေကတော့ ချွင်းချက်ပေါ့။
လီဖူချန်းက အခြေအနေကို တစ်ချက် စောင့်ကြည့်လိုက်ပြီး နောက်ထပ် အဆိပ်ဆေး၂လုံးကို ထပ်ပစ် လိုက်ပါသေးတယ်။
အနီရောင်နဲ့ အပြာရောင် အဆိပ်ငွေ့တွေ ထပ်မံ ပေါ်ပေါက်လာတဲ့ အခါမှာတော့ မိစ္ဆာဝိညာဉ် တွေက အရှိန်လျော့ချ လိုက်ပြီး အဆိပ်ငွေ့တွေကို အသည်းအသန် ရှောင်တိမ်း နေကြပါပြီ။
အဲဒီ အခွင့်အရေးကို အသုံးချပြီး လီဖူချန်းတို့ ၅ယောက်ကတော့ ကျောက်တုံး တွေနှင့် ပြုလုပ်ထားသည့် ခန်းမကြီး တစ်ခုထဲကို ပြေးဝင်သွားပါတော့တယ်။
“ဂျိန်း ... ဂျလိမ်း ... “
သူတို့၅ယောက်က အခန်းထဲကို ဝင်ပြီးပြီ ဆိုတာနဲ့ ပိတ်သည့် ခလုတ်ကို ဆွဲချကာ ကျောက်တံခါးကြီးကို ပိတ်ပစ်လိုက်ပါပြီ။
“ဟောဟဲ ... ဟောဟဲ ... ဟောဟဲ “
အခုမှပဲ သူတို့၅ယောက် စလုံးက အသက်ဝဝ ရှူနိုင်ပါတော့တယ်။
“လီဖူချန်း ... မင်းရဲ့ အဆိပ်ဆေးလုံး တွေက ငါတို့ကို ကယ်လိုက်တာပဲ"
ဖန်ကျင်းဆောင်က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ သူ့ရဲ့ပုံကို ကြည့်ရတာတော့ အခုထက်ထိ အကြောက်ပြေ သေးသည့်ပုံ မပေါ်ပါဘူး။
လီဖူချန်းက စကားပြန်မပြော နိုင်သေးပဲ အသက်ကို အရင်ဝအောင် ရှူလိုက်ပြီး
“ငါလည်း ရုတ်တရက် သတိရသွားတာနဲ့ စမ်းသုံးကြည့် လိုက်မိတာ "
“ဘန်း “
ကျောက်တံခါး ကိုတော့ အပြင်ကနေ ရိုက်ဖွင့်နေသည့် ပုံပါပဲ။
“ငါတို့ ဘာဆက်လုပ်ကြမလဲ"
ဖန်ကျင်းယုက လီဖူချန်းကို အားကိုးတကြီးနဲ့ မေးလိုက်ပါတယ်။
လီဖူချန်းက
“ငါလည်း မသိသေးဘူး။ မီးစဉ်ကြည့်က ကြတာပေါ့"
ဒီကျောက်တုံး ခန်းမကြီးထဲ ကနေ အပြင်ကို ထွက်လိုက်တာနဲ့ သေမှာပါပဲ။ အခုအချိန်မှာ သူတို့ လုပ်နိုင်တာ ကတော့ ဒီခန်းမကြီး ထဲမှာ နေထိုင်နေတာပဲ ရှိပါတယ်။
အခြားတစ်ဖက်မှာတော့ စုမုယူက ကြာပန်း ပုံသဏ္ဌာန် ထိုင်နေပြီး သူမရရှိခဲ့တဲ့ လျှို့ဝှက်နည်း စနစ်ကို လေ့လာဆန်းစစ် နေပါတယ်။ တကယ်လို့ သူမသာ တစ်ခုခုကို နားလည်နိုင်ခဲ့ပါက အပြင်ကို ထွက်သွားနိုင်ဖို့ မျှော်လင့်လို့ ရဒီ မဟုတ်ပါလား။
ဖန်ကျင်းဆောင်က အကြံတစ်ခု ပေးလိုက်ပါတယ်။
“ငါတို့အားလုံးမှာ ရိက္ခာခြောက်တွေ ရှိနေတာပဲလေ။ ငါတို့ ဒီအတိုင်း အချိန်ဖြုန်းနေမယ့် အစား လေ့ကျင့်နေကြရင် ပိုမကောင်းဘူးလား"
အမွေအနှစ် ခန်းမမှာတုန်းက သူကိုယ်တိုင်လည်း ကြယ်၅ပွင့် အဆင့် လျှို့ဝှက်နည်းစနစ် တစ်ခုကို ရခဲ့တယ်လေ။ ယခုအချိန်ကတော့ ဒီနည်းစနစ်ကို လေ့လာဖို့ အချိန်ကောင်းပါပဲ။
“မင်းပြောတာ ဟုတ်တယ်"
ဝေရှန်းဟီနဲ့ ဖန်ကျင်းယု တို့ကလည်း ထောက်ခံလိုက်ပါတယ်။
လီဖူချန်းကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ချိုးဖောက် ဝင်ရောက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကြယ်၆ပွင့် လျှို့ဝှက် နည်းစနစ်ကို ကျင့်မယ့်အစား ဒါက ပိုမိုသေချာဒီ မဟုတ်ပါလား။
သူက လျူကောင်းဖန်နဲ့ ဟူဟိုင်းရှန် တို့ရဲ့ သိုလှောင်အိတ်တွေ ဆီကနေ ကျင်ကြံခြင်းအဆင့် တိုးတက်ဖို့အတွက် အထောက်အကူ ပြုသည့် ပစ္စည်းတွေကို ရှာဖွေလိုက်ပါတယ်။
ကျောက်တုံးခန်းမရဲ့ ထောင့်တစ်နေရာ မှာတော့ ...
“ဝိုး ... ဒါက နှင်းကျောက်စိမ်း ပန်းပါလား။ ဒါက ငါ့ရဲ့ နှလုံးကို ပိုသန်မာ လာစေတယ်"
"ဒါကတော့ လေပွေ ဆေးမြစ်ပဲ။ ဒါက ငါ့ရဲ့ ကျင့်ကြံမှုနှုန်းကို မြန်စေတယ်"
“ဟာ ... ဒါက ငါ့ရဲ့ စွမ်းအင်ပင်လယ်ကို သန့်စင်ပေးတဲ့ ပန်းတစ်ရာ ဆေးလုံးပဲ"
လီဖူချန်း သူ့အတွက် အသုံးဝင်မည့် အရာ မှန်သမျှကို ဆွဲထုတ်နေပါတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင် သိုလှောင်အိတ်ထဲက မြေကွဲသစ်သီးကို ထုတ်ယူလိုက်ပါပြီ။
သူက ဒီမြေကွဲသစ်သီးကို သူ့အတွက် သီးသန့် ချန်ထားခဲ့တာပါ။
ပထမအကြိမ် မြေကွဲသစ်သီးကို စားလိုက်ရင်တော့ နောက်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း သေချာပေမဲ့လည်း ဒုတိယအကြိမ် မြေကွဲသစ်သီးကို စားလိုက်ရင်တော့ နောက်တစ်ဆင့်ကို တက်ဖို့အတွက် အခွင့်အရေးက ၁၀ရာခိုင်နှုန်း ကနေ ၂၀ရာခိုင်နှုန်း အထိပဲ ရှိပါတော့တယ်။
ဒီအခွင့်အရေးက သိပ်ပြီး မများပေမဲ့လည်း လီဖူချန်းဆီမှာ ရှိနေတဲ့ အခြားသော ဆေးတွေနှင့် ယှဉ်လိုက်ရင်တော့ အတော်ကြီး သာနေပါသေးသည်လေ။ ဒါကြောင့်ပဲ လီဖူချန်းက ဒီမြေကွဲသစ်သီးကို အသုံးပြုဖို့ စဉ်းစားလိုက်တာပါ။
အသက်ကို တဝကြီးရှူလိုက်ပြီး နောက်မှာတော့ လီဖူချန်းက ပထမဦးဆုံး အနေနဲ့ လေပွေဆေးမြစ်ကို စားလိုက်ပြီး အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို လည်ပတ်လိုက်ပါတယ်။
လေပွေဆေးမြစ်ရဲ့ အာနိသင်တွေ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားပြီဟု ထင်ရလောက်သည့် အချိန်မှာတော့ လီဖူချန်းက နှင်းကျောက်စိမ်းပန်းကို ဝါးစားလိုက်ပါပြီ။
ထို့နောက်မှာတော့ ပန်းတစ်ရာ ဆေးလုံးပေါ့လေ။
နောက်ဆုံးမှ လီဖူချန်းက မြေကွဲသစ်သီးကို စားလိုက်ပါတယ်။
မြေကွဲသစ်သီးက သူ့ရဲ့ အစာအိမ်ထဲကို ရောက်သွားပြီးတဲ့ အခါမှာတော့ အကန့်အသတ် မရှိသည့် စွမ်းအင်တွေက ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။
ဒီစွမ်းအင် အဆီအနှစ် တွေက အင်မတန်မှ သန့်စင်နေသည့် အတွက် ပြန်လည်သန့်စင် နေဖို့တောင် မလိုတော့ပါဘူး။ လီဖူချန်း လုပ်စရာဆိုလို့ မြေကမ္ဘာ အဆင့်၃ကို ချိုးဖောက်ဝင်ရောက်ဖို့ အတွက် အားစိုက်ဖို့ပဲ ရှိပါတယ်။
***