အခန်း (၃၇၀)
Vol. 25 Ch. 370
စနစ်၏ဆုလဒ်ကို မြင်သည်တွင် လင်းရီ စိတ်တည်ငြိမ် စေရန် အချိန်အတော်ကြာသည်အထိ ကြိုးပမ်းလိုက်ရသည်။
သူ့ဘက်မှ Didi ကို လုံး၀ထိန်းချိုပ်နိုင်လျှင် မည်မျှကောင်းမလဲဟု တွေးကာရှိသေး၊ စနစ်မှ ဆုချီးမြင့်လာခဲ့၏။ ယခုတော့ လင်းရီ Didi ၏ ဒေတာအချက်အလက်များကို မည်သည့်အခန်ကအခဲ တစ်စုံတစ်ရာမျှမရှိဘဲ စိတ်တိုင်းကျ ထိန်းချုပ်နိုင်ချေပြီ။
ကလင် ကလင် ကလင်
ထိုအချိန်တွင် သူ့အိတ်ကပ်ထဲရှိ ဖုန်းသံမြည်လာခဲ့၏။
ထျန်းရန်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။
လင်းရီ သူမနှင့် စကားမပြောဖြစ်သည်မှာ ကြာညောင်းလှပြီဖြစ်သော်လည်း နား၀င်ပီယံရှိသည့် သူမ၏အသံလေးကိုတော့ မြင်လိုက်တိုင်း ကြားယောင်နေမိဆဲပင်။
"ဒါရိုက်တာလင်း..ကျွန်မခုလေးတင် သတင်းတစ်ပုဒ်ကြားလိုက်တာ ရှင် Didi ကို အပိုင်၀ယ်ပစ်လိုက်ပြီဆို...."ထျန်းရန်မှ အံ့အားသင့်နေသည့် လေသံဖြင့် ဆိုလာခဲ့၏။
"အမှန်ပဲ.. ရှယ်ယာ ၁၀၀% က ငါ့အပိုင်ဖြစ်သွားပြီလေ..."
ဖုန်းတစ်ဖက်တွင်တော့ ထျန်းရန် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
"ဒါရိုက်တာလင်း....ရှင်က ကျွန်မ မြင်ဖူးသမျှလူတွေထဲမှာ ရဲစွမ်းသတ္တိရဲ့ အပြည့်စုံဆုံးလူပဲ...Didi ကို တေမှ တစ်လုပ်တည်းနဲ့ မျိူချပစ်လိုက်တယ်...လူတော်တော်များများက ဒီလိုမျိုး မလုပ်နိုင်ဘူး...."
"အသေးမွှား ကိစ္စလေးပါကွာ... ဘာမှ ရေးကြီးခွင်ကျယ်လည်း မဟုတ်ဘူး..."
"ခု ရှင်က Didi ကို ၀ယ်လိုက်ပြီဆိုတော့ ကျွန်မတို့ဘက်က ပိုင်ရှင်အသစ်ကို ကြေညာဖို့ ကျန်နေသေးတယ်..." ထျန်းရန်မှ ယဉ်ကျေးစွာ ပြောလိုက်သည်။
"အဲ့ကိစ္စကို နောက်ထားလိုက်... ခုလောလောဆယ် တော့ ဘယ်သူ့ကိုမှ မပြောသေးနဲ့ဦး...အချိန်ရရင် ငါကိုယ်တိုင် အဲ့ဒီကိုရောက်လာခဲ့မယ်...."
"နားလည်ပါပြီ...."
ထျန်းရန်ကို အစီစဉ်တစ်ချို့ ပြောပြပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
မစ်ရှင်မှာ အဆုံးထိ ပြီးမြောက်အောင်မြင်သွားချေပြီ။
သူချောင်ရန်အုပ်စုသို့ ဦးတည်ရင်း စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်သည်။
ယခုအလုပ်အကိုင်၏ အန္တိမမစ်ရှင်ကို အောင်မြင်ပြီးဖြစ်သောကြောင့် စနစ်မှ ဆုတံဆိပ်ချီးမြင့်လာခဲ့ပြီး ယခုတစ်ခုနှင့်ဆိုလျှင် သူ့တွင် သုံးခု ရှိနေပြီဖြစ်၏။
ယင်းတံဆိပ်များက အလှကြည့်ရုံသပ်သပ်လော..သို့မဟုတ် အခြား ကွယ်ဝှက်ထားသည့် လုပ်ဆောင်ချက်တစ်ချို့ ရှိနေလားဆိုတာတော့ လင်းရီလည်း မသိသေးချေ။
သူစနစ်ကို တစ်ခေါက်မေးမြန်းခဲ့ဖူး၏။ သိူ့သော်လည်း စနစ်မှ ပြောစရာစကားမရှိဟုသာ တုန့်ပြန့်ခဲ့လေသည်။ တော်တော် မာနကြီးသည့် စနစ်ပင်။
"စနစ်...အလုပ်အကိုင်အသစ်ကို ဖွင့်မယ်...."
[ အလုပ်အကိုင် : ဆရာ၀န် ]
[ အလုပ်ပြီးမြောက်နှုန်း : ၀% ]
[ ဆုလက်ဆောင် ယွမ် ၁၀ မီလီယမ်နှင့် ခွဲစိတ်ခန်းသုံးဓားတစ်ဆင်ဆာကို လက်ခံလိုပါသလား....]
" လက်ခံမယ်... "
[ ယွမ် ၁၀ မီလီယမ်ကို စနစ်ရှင်၏ ဘဏ်အကောင့်ထဲသိူ့ လွှဲပြောင်းပြီးပါပြီ... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ....]
[ ခွဲစိတ်ခန်းသုံး ဓားတစ်ဆင်ဆာကို Rolls-Royce ကား၏ နောက်ဖုံးထဲသို့ ပို့ဆောင်ပြီးပါပြီ... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ....]
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ ဘဏ်အကောင့်ထဲသို့ ငွေဆယ်သန်းရောက်လာကြောင်း ဘဏ်မှ အကြောင်းကြားစာ ပို့လာခဲ့သည်။
သိူ့သော််လည်း လင်းရီ ထိုငွေဆယ်သန်းကို လားလားမျှ ဂရုမစိုက်။ ကားထဲမှ လျှင်မြန်စွာ ပြေးထွက်လာခဲ့ပြီး Rolls-Royce ၏ ကားနောက်ဖုံးကို ဖွင့်လိုက်သည်။
အထဲတွင် လေးဆယ်စင်တီမီတာမျှ ရှည်လျားသည့် ဂျက်ဖာတစ်ခု ရှိနေလေသည်။ လင်းရီ မစောင့်နိုင်တော့ပဲ သိချင်စိတ်ပြင်းပြစွာဖြင့် ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ခေါက်သိမ်း၍ရသည့် အနက်ရောင် သေတ္တာလေးတစ်လုံး ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။ ဒီဇိုင်းကအတော်လေး ဆွဲဆောင်မှု ရှိလှကြောင်းတော့ ၀န်ခံရပေမည်။
ဖွင့်ကြည့်ပြီးသောအခါ အထဲတွင် အေးစက်သည့် အလင်းများ တောက်ပနေသည့် ဓားဒါဇင်ပေါင်းများစွာကို လင်းရီ မြင်တွေ့လိုက်ရသည်။ ထိုအေးစက်စွာ တောက်ပနေသည့် ဓားများကိုကြည့်ရင်း သူ၏ နှလုံးသားမှာလည်း အေးစက်လာသယောင် ခံစားနေရ တော့၏။
ထိုဓားများအပြင် ကတ်ကြေးများ၊ ဇာဂနာများ နှင့် အခြားသေးငယ်သည့် ပစ္စည်းကိရိယာများလည်း တစ်ရာကျော်ရှိနေသေး၏။ လုံး၀ ပြီးပြည့်စုံသည့်တစ်စင်ဆာပင်။
အစီအရီ ချထားသည့် ခွဲစိတ်ခန်းသုံး ကိရိယာများကို ကြည့်ရင်း လင်းရီ စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းတွင်လည်း စိတ်တုန်လှုပ်နေသည်။
ယခု အလုပ်အကိုင်မှာ အခြား အသက်မွေး၀မ်းကြောင်း အလုပ်အကိုင်တို့နှင့် ခြားနား၏။
လင်းရီ၏ မျက်လူံးထဲတွင်တော့ ဆရာ၀န်အလုပ်မှာ သာမန်လူတို့ လက်လှမ်းမှီရန် ခက်ခဲလှသည့် အထူးအသက်မွေး၀မ်းကြောင်းပင်။
ဆရာ၀န်အလုပ်၏ လိုအပ်ချက်များနှင့် အရည်အသွေးပြည့်၀မှုတို့ကိုတော့ အထူးတလှယ်ရှင်းပြနေရန် မလိုလောက်ပေ။
သူ့တွင် ပညာရှိ၏ ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည် မှန်သော်ငြားလည်း....
ယခုအသက်မွေး၀မ်းကြောင်းအလုပ်အကိုင်ကို ထမ်းဆောင်ဖို့ရာတော့ အနည်းငယ် ခက်ခဲနေသေး၏။
ကလင် ကလင် ကလင်...
ထိုအချိန်တွင်ပဲ လင်းရီ၏ ဖုန်းသံမြည်လာခဲ့သည်။
ထုံးစံအတိုင်း မည်သူဖြစ်မလဲဆိုတာကို လင်းရီ ခန့်မှန်းပြီးဖြစ်၏။
"ဟယ်လို... မစ်စ္စတာလင်းရီလား ခင်ဗျာ..."
"ကျုပ်ပါပဲ...."
ဖုန်းအခြားတစ်ဖက်ရှိ လူမှာတော့ လွန်စွာရိုကျိုးနေပြီး
သူ၏ လေသံမှတစ်ဆင့် လင်းရီကို မည်မျှအလေးနက်ထားနေကြောင်း သိရှိနိုင်ပေသည်။
" ဟုတ်ကဲ့ ကျွန်တော်က ကျိုးဟိုင် အခွန်ရေးရာ ဌာနကပါဗျ... ကျွန်တော်တို့ဆီမှာ မစ္စတာလင်း ထိုင်းနိုင်ငံကို အရောင်းအ၀ယ်ကိစ္စနဲ့ ယွမ် ၅.၉ သန်း လွှဲပြောင်းထားတယ်လို့ စာရင်းရှိနေပါတယ်ဗျ...အဲ့တာ အတည်ပြုဖို့ မစ္စတာလင်းကို မေးမြန်းချင်လို့ပါ... "
ဟမျ .. ဘာလားဟ....
ထိုင်းနိုင်ငံကို ယွမ် ၅.၉ သန်း လွှဲပြောင်းထားတယ်....
ဆေးရုံက ခေါ်လာခဲ့တာ မဟုတ်ဘူးလားကွ....
ဒီ လူလိမ်ကောင်တွေကတော့ တကယ့်အချိန်ကြီးမှာမှ ခေါ်လာခဲ့တာပဲဟ....
"အိုး ..ဟုတ်သားပဲ... ကျုပ် ဆင် ၀ယ်လိုက်တာလေ.... ဘာပြောစရာရှိလို့လဲ..."
ဖုန်းတစ်ဖက်ရှိလူမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် " ငိုးပဲ .. ဒီကောင်က ယီးဆင်ကို ၀ယ်လိုက်တာလားဟ...."
တူ တူ တူ ...
ကျိန်ဆဲပြီးနောက် တစ်ဖက်လူမှာ ဖုန်းချသွားခဲ့၏။
ကလင် ကလင် ကလင်
ဖုန်းသံ မြည်လာခဲ့ပြန်သည်။
"ဟယ်လို ကျွန်တော်က ဖူတန်တက္ကသိုလ်နဲ့ ပေါင်းစည်းထားတဲ့ ဟွာရှန်းဆေးရုံ HR ဌာနက ဒါရိုက်တာ ချန်းပင်ပါ.... လူကြီးမင်းက မစ္စတာလင်းရီလား မသိဘူး..."
"ဟုတ်ပါတယ်ဗျ..."
"ကျွန်တော်တို့ရဲ့ အကဲဖြတ် အင်တာဗျူးကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုတယ်... အဆင်ပြေတယ်ဆိုရင် တနင်္လာနေ့ နံနက် ကိုးနာရီ HR ဌာနကို သတင်းပို့ပြီးတော့ အလုပ်စဆင်းလို့ရပါပြီ...."
"ဟုတ်ကဲ့ ကောင်းပါပြီဗျ.... ကျေးဇူးပါ ဒါရိုက်တာချန်း ... "
စကားလုံး အနည်းငယ်ခန့် ဖလှယ်ပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
ထို့နောက် ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့က စနေနေ့ပင်။
သူ့တွင် အချိန်တစ်ရက်ကျန်နေသေး၏။ သူ ထိုအချိန်တစ်ရက်ကို အကျိုးရှိစွာ အသုံးချ၍ Didi ၏ကိစ္စများကို ကိုင်တွယ်ရပေမည်။
လင်းရီ လင်းယွမ်အုပ်စုသို့ ရောက်သွားသည့် အချိန်တွင်တော့ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့မှာ သူ့ကို အချိန်အတော်ကြာကတည်းက စောင့်နေနှင့်ပြီးဖြစ်၏။
"ဘော့စ်... ရှင့်မှာ အစီစဉ် အသစ်တွေရှိလို့ ခေါ်လိုက်တာလား..."
"အသစ်တော့မဟုတ်ပါဘူးကွာ... ဒီတိုင်း တစ်ချို့နေရာလေးတွေကို ပြန်ပြောင်းရုံ သပ်သပ်လေးပါပဲ...."
လင်းရီ ပြောလိုက်ပြီး "ငါခု Didi ရဲ့ ကျန်တဲ့ ရှယ်ယာ ၈၀% ကို ၀ယ်လိုက်ပြီ...ဆိုတော့ ခု Didi က ငါတို့ လင်းယွမ်အုပ်စုက ပိုင်တဲ့ လက်အောက်ခံ ကုမ္ပဏီပဲ... မင်းတို့ နောက်ရက်တွေကျရင် သွားပြီးတော့ စာရွက်စာတမ်းကိစ္စတွေ လုပ်ထားပေးဦး... "
"ဘာကြီး... ဘော့စ်က Didi ကို ၀ယ်လိုက်ပြီ...."
နှစ်ယောက်လုံးမှာ ကြိုတင်မပြင်ဆင်ထားမိ သောကြောင့် အလွန်အမင်း အံ့ဩမှင်တက်သွားခဲ့ပြီး စိတ်မှာ ဗလာကျင်းသွားခဲ့သည်။
Didi ကို ၀ယ်သွားတာဖညသ့် အသံတစ်သံလေးတောင် မကြားလိုက်ရဘူး.... ဘော့စ်က သိုသိပ်မနေလွန်းဘူးလားဟ....
တစ်ခုလုံး ၀ယ်ဖို့ဆို ယွမ် ဘီလီယမ် ဆယ်ချီလောက် ကုန်မှာလေ....
ဒါကြီးက ဘီလီယမ်နော်....
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း .. Didi ရဲ့ ဒေတာစင်တာက ငါတို့ လင်းယွမ် ကုမ္ပဏီအတွက် မရှိမဖြစ်ပဲ လေ.. ငါ ဒီအကြံကို မင်းတို့ကို တစ်ခေါက်ပြောဖူးပါတယ်... ငါသေချာလေး စဉ်းစားပြီးတော့မှ ၀ယ်ဖို့ ဆုံးဖြတ်လိုက်တာ... "
" ဘော့စ်.. ရှင် Didi ကို ဝယ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မဘက်က ဘာမှကန့်ကွက်စရာမရှိဘူး... ဒါပေမယ့် ဒီလိုမျိုး ကိစ္စအကြီးစားကြီးတွေ ကိုတော့ ကျွန်မနဲ့တော့ တိုင်ပင်သင့်တယ်လေ... ဘော့စ်ခု လုပ်နေတာကြီးက CFO ဖြစ်တဲ့ ကျွန်မက မရှိတာကျနေတာပဲ...."
"ဟက်..."လင်းရီ အေးစက်စွာ ရယ်မောလိုက်ပြီး " ဘာလဲ မင်းရဲ့ CV မှာ နေရာတစ်ခု လိုချင်လို့လား... "
"အတိအကျပဲလေ ... ဘာပဲဆိုဆို အဲ့တာက Didi ကြီးပဲမဟုတ်လား... တကယ်လို့ ကျွန်မကသာ Didi ၀ယ်ယူဖို့ ကိစ္စနဲ့ ဘယ်လိုတွေ လုပ်ဆောင်ပေးခဲ့တယ်... ဘယ်လိုတွေ အကြုံပြုခဲ့တယ်... အဲ့တာတွေ ရှိထားတော့ နောင်ကျ အလုပ်ပြောင်းရင် ပိုလွယ်တာပေါ့... "
"အဲ့လိုဆိုရင်တော့ မင်းရဲ့ လစာကို လေးသန်းလောက် လျှော့ရတော့မယ်နဲ့တူတယ်...."
"ဟမ့်... ဂုပ်သွေးစုပ်တဲ့သူကြီး... ကျွန်မလစာက ငါးသန်းတည်း....အိုကေ...."
"ဘာကို ငါးသန်းတုန်း... မှတ်မိသလောက်ဆိုရင် မင်းလစာက ၄ မီလီယမ်လောက် လျှော့ထားပြီးသား... အလုပ်ကိုကောင်းကောင်းလုပ် .. မဟုတ်ရင် မင်းဘက်ကတောင် ငါ့ပြန်ပေးနေရဦးမယ်...."
"သပပဲ... ကျွန်မက ရှင့်အတွက် အလုပ်လည်း လုပ်ပေးရသေးတယ်... ဒါတောင်မှ ရှင့်ကို အကြွေးတင်နေဦးမယ်ဆိုတော့ ရှင်က ချစ်တီးတွေထက်တောင် ဆိုးနေပြီ...."
"ကဲကဲ ရပြီ .. အဲ့တာတွေ ခဏ ဘေးချိတ်ထားဦး .... "
"ငါခုလာခဲ့တာက ငါအချိန်ရရင် ဒီကိစ္စအတွက် ရန်ချိန်မြို့ကို ခရီးထွက်ဖို့ ရှိတယ်ဆိုတာ သိစေချင်လို့ပဲ...."
"နောက်တစ်ခုက နောင်ကျရင် ဆက်သွယ်ရလွယ်ကူအောင်လို့ Didi ရုံးချုပ်ကို ကျိုးဟိုင် ရွေ့လာဖို့ စီစဉ်ထားတယ်... အဲ့ကိစ္စကို မင်းတို့ဘယ်လိုသဘောရလဲ... "
"သဘောတူပါတယ်ခင်ဗျ... အဲ့လိုဆို စီမံလို့ ပိုပြီး လွယ်သွားမယ်လေ..."ချီရှန်းကျောက်မှ ထောက်ခံလိုက်သည်။
"ကောင်းပြီ... ခုတော့ ဒီလောက်ပဲ.... မင်းတို့ပြန်ပြီး နားလို့ရပြီ...."
သူပြောစရာရှိသည်များကို ပြောကြားပြီးနောက် လင်းရီ အဆောက်အဦးထဲမှ ထွက်လာခဲ့၏။
မူလက လင်းရီ ကျီချင်းရန်ကို ရန်ချိန်မြို့သို့ ခေါ်သွားရန် စီစဉ်ထားသော်လည်း သူမ အလုပ်ရှုပ်နေကြောင်း သတိထားမိတော့ ထိုအကြံကို ပယ်ဖျက်လိုက်သည်။
ထို့နောက် လင်းရီ ကျီချင်းရန်ကို သွားကြိုလိုက်၏။
နောက်တစ်နေ့မှာတော့ မြေလေလံ ပစ်ရမယ့် နေ့ရက်ပင်။ ကျီချင်းရန်မှာလည်း ယွင်ရွှေ ဗီလာသို့ မပြန်မီ ပြင်ဆင်ထားသည်များကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရပေမည်။
"ငါ ယွမ်ယွမ်ဆီက ကြားထားတာတော့ နင် Didi ကို ၀ယ်လိုက်ပြီဆို.... "ညစာစားပြီးနောက် ဆိုဖာပေါ်တွင် တီဗွီအတူကြည့်ရင်း မေးလိုက်သည်။
"သေချာနေပြီ... မင်းက ယွမ်ယွမ်ကို လျှို့ဝှက် အေးဂျင့် ထားထားတာပဲကွ...အဲ့လိုဆို ငါတို့ လင်းယွမ်ဘက်က ခြေလှမ်းတိုင်းကို သေချာပေါက် သိပြီလေ...ဟုတ်တယ်ဟုတ်...."