← Chapters

အခန်း (၃၇၂)

Vol. 25 Ch. 372

အခန်း (၃၇၂)

Vol. 25 Ch. 372

အတွင်းရေးမှူးမှာ အံ့အားသင့်သွားခဲ့၏။ လင်းရီ ထျန်းဟုန်အုပ်စုကို သိနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"အဲ့ဒီ ထျန်းဟုန်အုပ်စုပါပဲ...."အတွင်းရေးမှူးမလေးမှ ပြောလိုက်သည်။

"ဒါပေမယ့် ဒီတစ်ကြိမ် ကျောက်ကျိန်းရန်က ထျန်းဟုန်အုပ်စုရဲ့ အထွေထွေ မန်နေဂျာဆိုတဲ့ ရာထူးနဲ့ လာခဲ့တာမဟုတ်ဘူး... သူရဲ့ ကိုယ်ပိုင်ကုမ္ပဏီ ထျန်းကျိန်းနဲ့ လာပြီး လေလံဆွဲမှာပါ.... "

"သူ့ ကုမ္ပဏီနာမည်နဲ့လာတယ်..... "

ကျီချင်းရန် တီးတိုးရေရွတ်လိုက်ပြီး "သူ အဲ့လိုလုပ်လိုက်တာက လေလံပွဲအတွက် အကျိုးမရှိဘူး မဟုတ်လား.... "

ဆောက်လုပ်ရေးနယ်ပယ်တွင် နာမည်ဂုဏ်သတင်းတို့မှာ လွန်စွာ အရေးကြီးလှသည်။

ကျိုးဟိုင်တွင် ဆယ်စုနှစ် တစ်ခုစာမျှ ထိပ်ဆုံးတွင် ရပ်တည်လာခဲ့သည့် ထျန်းဟုန်အုပ်စု၏ နာမည်ဂုဏ်သတင်းနှင့် လုပ်ဆောင်နိုင်စွမ်းကိုတော့ ထွေထူး ပြောနေရန် မလိုအပ်ပေ။ ကျောက်ကျိန်းရန်၏ ချဉ်းကပ်လာမှုမှာ ထူးဆန်းသည်ဟု ဆိုရပေမည်။

"ဒီရဲ့ လေလံပွဲက ကျောက်ကျိန်းရန် ဦးဆောင်နေတာကော မဖြစ်နိုင်ဘူးလား.... "

"ဖြစ်နိုင်တယ်.... "

ကျီချင်းရန် ထိုဖြစ်နိုင်ချေများကို တွေးထားပြီး ဖြစ်၏။ "ငါတို့ တွေးတာသာ မှန်မယ်ဆိုရင် ဒီကိစ္စက ပိုပြီး ခက်ခဲတော့မှာ... ဘယ်သူကမှ ရေရှည်အောင်မြင်ဖို့အတွက် ရေတိုအကျိုးအမြတ်ကို လက်လျှော့ကြမှာ မဟုတ်ဘူး...."

ကျောက်ကျိန်းရန်မှ ထျန်းဟုန် အုပ်စုဟူသည့် နာမည်အောက်မှ ခွဲထွက်လာခြင်းမှာ သူ့တွင် လေလံပွဲနှင့် စပ်လျဉ်း၍ ယုံကြည်ချက် ပြည့်၀နေသောကြောင့်ပင်။

လက်ရှိ အခြေနေအရတော့ ချောင်ရန်အုပ်စုမှာ အလေးသာသည့် ဘက်မှတော့ ရှိမနေချေ။

"ထျန်းကျိန်း အုပ်စုအပြင် တခြား လေလံပစ်မယ့်သူတွေကော ပါသေးလား... " လင်းရီ မေးမြန်းလိုက်၏။

"ချင်းမိသားစုရဲ့ ဟန်ဟိုင်အုပ်စုနဲ့ ယွမ်တုံးအုပ်စုကလည်း ဒီတစ်ခေါက် လေလံမှာ ပါ၀င်လာပါတယ်...."

ထိုအမည်များကို ကြားသည့် အချိန်တွင်တော့ ယခုတစ်ကြိမ် လေလံပွဲမှာ မည်မျှ အရေးကြီးကြောင်း လင်းရီ သဘောပေါက်သွားတော့သည်။ မဟုတ်ပါက ယခုလို လူအများအပြားကို ဆွဲတောင်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်းမိသားစု၏ ဟန်ဟိုင်အုပ်စု၊ ကျောက်ကျိန်းရန်၏ ထျန်းကျိန်းအုပ်စု၊ လင်းရီအား အမြွှာမျှော်စင် ရောင်းချပေးလိုက်သည့် ယွမ်တုံးအုပ်စု။

ထိုအကောင်ကြီးကြီးများနှင့် ရင်ဆိုင်ရချိန်တွင်တော့ ချောင်ရန်အုပ်စုဘက်မှ အခွင့်သာသည့် အနေအထားတော့ မရှိချေ။

"ကျွန်မ ကြားထားတာတော့ ချင်းမိသားစုက ဒီတစ်ခေါက် လေလံပွဲကိုနဲ့ ပတ်သက်ပြီးတော့ အရမ်းအလေးနက် ထားနေတယ်လို့ ကြားထားတယ်.."

" ဒီရဲ့ ကြီးသုံးကြီး ရှေ့မှာဆိုရင်တော့ ကျွန်မတို့ရဲ့ လေလံအောင်နိုင်မယ့် အနေအထားက တစ်ရာပုံတစ်ပုံလောက်တောင် မရှိပါဘူးဘော့စ်....."

ချောင်ရန် အုပ်စုမှာ ယခုလို ပရောဂျက်အကြီးစားကြီးကို ကိုင်တွယ်နိုင်သည့် စွမ်းရည် ရှိကောင်းရှိနိုင်သော်လည်း အဆက်အသွယ်ပိုင်းတွင်တော့ သူမတို့ဘက်မှ လိုအပ်နေဆဲပင်။

ယင်းက သူမတို့ လေလံအောင်ခြင်း မအောင်ခြင်းတွင် အရေးပါသည့် ကန္တမှ ပါ၀င်လေသည်။

ယခုအတိုင်းဆိုပါက သူမတို့ လွန်ခဲ့သည့် တစ်လလူံး ကြိုးပမ်းအားထုတ်မှုတို့မှာ အချည်းနှီး ဖြစ်ရတော့မည်က များ၏။

"ဘာကို ကြီးသုံးကြီးတုန်း... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျောက်ကျိန်းရန်ဆိုတာက ကျပ်ပြည့်တဲ့ကောင်မဟုတ်ဘူး... ဒီတော့သူ့ကို ထည့်မတွက်နဲ့.... "

ကျီချင်းရန် မနေနိုင်ဘဲ ခစ်ကနဲ ရယ်မောမိသွားသည်။အနှီလင်းရီကတော့ ကျောက်ကျိန်းရန်ကို ပြိုင်ဘက်ဟုပင် သဘောမထားသည့် ပုံစံပင်။

"အရင်သွားပြီးတော့ အခြေနေကို တစ်ချက် လေ့လာကြည့်ကြတာပေါ့...."ကျီချင်းရန်ပြောလိုက်ပြီး "သူတို့နဲ့ ယှဉ်မယ်ဆိုရင် ငါတို့ဘက်က ဘဏ္ဍာရေး မချို့တဲ့သေးပါဘူးဟ.. အခွင့်အရေး ရှိပါသေးတယ်... "

ထို့နောက် တခဏမျှ အတွေးနက်နေကာ "ဘဏ္ဍာစိုးကိုပြောလိုက်... ငါ့အတွက် ယွမ် ၁ သန်းတန် ချက်ခ်လက်မှတ် တစ်စောင် ၊ ယွမ် ၅သိန်းတန် ချက်ခ်လက်မှတ် နှစ်စောင် ၊ ပြီးတော့ ယွမ် ၂ သိန်းတန် ချက်ခ်လက်မှတ် ငါးစောင် ပြင်ထားပေးလို့ ...."

"ဟုတ်ကဲ့ နားလည်ပါပြီရှင့်... "

"ခုမှ လက်ဆောင်တွေ ပေးမယ်ဆိုတော့ နောက်ကျလွန်းသွားပြီ မဟုတ်ဘူးလား... " အတွင်းရေးမှုးထွက်ခွာသွားပြီးနောက် လင်းရီ မေးမြန်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ပြင်ဆင်သွားတော့ ပိုမကောင်းဘူးလား..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်လို့ တစ်ယောက်ယောက်ကို နေ့လည်စာ ၀ယ်ကျွေးနိုင်ရင် လေလံအောင်နိုင်မယ့် အခွင့်အရေးက ပိုများလာလောက်တယ်...."

"ဟမ့်... မင်းက နည်းလမ်းဟောင်းကြီးအတိုင်း လုပ်နေတာပဲကွ.... ဘာမှ ထူးဆန်းတာလည်း မပါဘူး.. "

"အိုက်ယား... နင်က နေ့လည်စာသာ သွားချက်စမ်းပါ... "ကျီချင်းရန် မတ်တပ်ရပ်ပြီးနောက် လင်းရီကို မီးဖိုချောင်ထဲသို့ တွန်းပို့လိုက်ပြီး

"လုပ်..နင်က ချက်... ငါက ဘေးကနေကူညီ‌ပေးမယ်.."

" ကုမ္ပဏီရဲ့ ဘော့စ်ဖြစ်ပြီးတော့မှ လေလံအောင်ဖို့ကျ မစဉ်းစားဘူး.. စားဖို့လောက် ပဲတွေးနေတယ်... မင်းကုမ္ပဏီကို မြေကြီးအောက် ဆွဲခေါ်သွားတော့မလို့လားဟ...."

"ဒါပေါ့... ငါအလုပ်ပြုတ်သွားရင် နှစ်ယောက်အတူ လမ်းကြားလေးတစ်ခုမှာ ဥထမင်းကြော် ရောင်းလို့ရတယ်လေ...မဟုတ်ဘူးလား...."

လင်းရီ ပြုံးရုံပြုံးပြီး ဘာမျှ ပြန်မပြောချေ။ သို့နှင့်သူ၏ ဟင်းချက်သည့် လုပ်ငန်းစဉ်ကို ကျီချင်းရန်နှင့် အတူ စတင်လိုက်၏။ ထိုအချိန်တွင် နှစ်ယောက်မှာ အကြင်လင်မယား ဖြစ်နေသကဲ့သို့ လိုက်ဖက်ညီစွာ ခံစားနေကြရသည်။

နေ့လည်စာ စားပြီး‌နောက် ကျီချင်းရန် လေလံပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ယူဆောင်ကာ လင်းရီနှင့်အတူ မြို့တော်ခန်းမသို့ ထွက်လာခဲ့လိုက်၏။

သူတို့ ကားရပ်ပြီးခါရှိသေး Rolls-Royce phantom တစ်စီးမှ သူတို့ဘေးနား ရောက်လာခဲ့လေသည်။

"ဟို သောက်ရူး ကျောက်ကျိန်းရန်ရဲ့ ကားနေမှာ...."

လင်းရီ ရေရွတ်လိုက်၏။

နှစ်ယောက်သား ကားတံခါးဖွင့်ပြီး ဆင်းလာသောအခါ ကျောက်ကျိန်းရန်နှင့် ချွီနန်လည်း ကားထဲမှ ထွက်လာကြောင်း မြင့်တွေ့လိုက်ရသည်။

ထိုအခါ လင်းရီ ရည်ရွယ်ချက်ရှိရှိ ကျီချင်းရန်ခါးကို ပွေ့ဖက်လိုက်သည်။ ၎င်းကိုမြင်တော့ ကျောက်ကျိန်းရန်၏ အမူအရာမှာ နက်မှောင်သွားခဲ့ပြီး နားရွက်ကြီးများ ရဲလာခဲ့လေသည်။

"ဟမ့်...မစ္စတာလင်းကတော့ မိန်းကလေးမမြင်ဖူးတဲ့အတိုင်း ပြုမူနေတော့တာပါလား...လူမြင်ကွင်းမှာ ဘယ်လိုတောင် ရုပ်ပျက်နေတာလဲ"

"ကျုပ် မိန်းကလေးတွေကို မြင်ဖူးတယ်... ဒါပေမယ့် ဒီလောက်လှတဲ့ မိန်းကလေးမျိုးတော့ မမြင်ဖူးသေးဘူး... ကျွတ်ကျွတ်... ဒါရိုက်တာကျောက်မှာ အခွင့်ရေးမရှိတာ နှမြောစရာပဲ..."

"ဟမ့်... ကျုပ်က စိတ်မ၀င်စားတော့တာ... မစ္စတာလင်းသာ သေချာ ထိန်းထားစမ်းပါ... "

"ဘာလဲ... အသစ်ရသွားလို့လား... "လင်းရီ ရယ်လျက် မေးမြန်ူလိုက်ပြီး "သူ့နာမည်ကက ဘယ်သူလဲတဲ့... ကျုပ် စစ်ကြည့်ပေးဖို့ လိုသေးလား.. ဒီလိုကိစ္စမျိုးဆိုတာက သတိထားလို့ မမှားဘူးနော.... "

"စကားရည်လုနေလို့ ကျုပ်ခင်များကို မနိုင်ဘူးဆိုတာ ၀န်ခံတယ်... ဒါပေမယ့် ဒီနေ့ရဲ့ လေလံပရောဂျက်ကတော့ ကျုပ်အပိုင်ပဲ .. ရဖို့ စိတ်တောင် မကူးနဲ့... "

လင်းရီ ပခုံး တွန့်လိုက်ပြီး "တရားခွင်တုန်းကလည်း ဒီတိုင်း ပြောခဲ့တာပဲ မဟုတ်လား.... "

ကျောက်ကျိန်းရန် မျက်နှာအမူအရာ အေးစက်သွားခဲ့ပြီး

"အဲ့ဒီတုန်းက ကျုပ် သတိမမူမိလိုက်လို့... ဒီတစ်ခေါက်တော့ အခွင့်ရေးရမယ် မထင်နဲ့.... "

"အဲ့တာဆိုလည်း စောင့်ကြည့်ကြတာပေါ့ကွာ... ဟားဟား.... "

ဟားတိုက်ပြီးနောက် လင်းရီ ကျီချင်းရန်ကို ဖက်လျက် ခန်းမထဲသို့ ၀င်သွားခဲ့၏။

"ဒါရိုက်တာကျောက်... လေလံပွဲပြီးရင်တော့ ကျုပ်တို့ သူ့ကို သင်ခန်းစာ ကောင်းကောင်းလေး ပေးမှ ဖြစ်တော့မယ်နဲ့ တူတယ်... "

"အင်း... တစ်သက် မမေ့နိုင်လောက်တဲ့ သင်ခန်းစာပေါ့... " ထို့နောက် နာရီကို ကြည့်လိုက်ပြီး "သွားစို့.. အချိန်ကနီးကပ်လာနေပြီ.. မြို့တော်၀န်လျန်နဲ့ စကားပြော လိုအပ်နေတုန်းပဲ... ငါဒီပရောဂျက်ကို ရကိုရမှ ဖြစ်မှာ .. ချင်းမိသားစုနဲ့ ယွင်တုံးအုပ်စုကို အခွင့်အရေးပေးလိုက်လို့ မဖြစ်ဘူး...."

"ဒါရိုက်တာကျောက်... ကျုပ်ကြားတာတော့ အသစ်ရောက်လာတဲ့ မြို့တော်၀န်လျန်က အရမ်းတောင့်တင်းတဲ့ နောက်ခံရှိတယ်လို့ ပြောသံကြားတယ်.... ပြီးတော့ သူ့ရဲ့ မွေးရပ်မြေကလည်း ရန်ကျင်းကပဲ... လက်ရှိ မြို့တော်၀န် နေရာကိုတောင်မှ အသက်ငယ်ငယ်လေးနဲ့ ရထားတယ်ဆိုတော့ သေချာပေါက် ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး..."

" ပြောနေစရာတောင် လိုသေးလို့လားကွ... နောက်ပြီး သူက စီးပွားရေးလုပ်ငန်းတွေကို အထူး အာရုံစိုက်ထားတာ.. ငါတို့ နာမည်တွေဆိုတာက သူ့ရှေ့ရောက်ရင် ဘာမှ သုံးစားရတော့မှာ မဟုတ်ဘူး... "

ကျောက်ကျိန်းရန် ပြောလိုက်ပြီး

"ဒါပေမယ့် သူမ ဒီရောက်လာတာက နာမည်တစ်လုံး တည်ဆောက်ချင်လို့ နေမှာ... အကြာကြီး နေမယ့်ပုံတော့ မပေါ်ဘူး.... "

ချွီနန် ရယ်မောလိုက်ပြ "ဒါဆိုရင်တော့ ဘော့စ် မြန်မြန် လှုပ်ရှားမှ ရမယ်နော.... "

"‌မပူနဲ့... ငါဘာလုပ်ရမလဲ ဆိုတာ သိပြီးသား... "

"အဲ့လိုဆို ကျုပ် ပန်းစည်းတွေ ပြင်ခိုင်းထားလိုက်တော့မယ်... "

ထိုအချိန်တွင် ဘန်ထလေ တစ်စင်း သူတို့ ဘေးနားသို့ ရောက်လာလေသည်။

နှစ်ယောက်သား မသိစိတ်မှ ကားထဲသို့ ကြည့်မိလိုက်ကြပြီး ချွီနန်မှ သတိထားနေသင့် လေသံဖြင့် "ဘော့်စ်... ဒီကားက ၀မ်မာဇီရဲ့ ကားနေမှာ... "

"ဘာလို့ အဲ့လေသံကြီးနဲ့ ပြောနေတာတုန်းဟ... သူလည်း ငါတို့ဘက်ကလူပဲ..."

မကြာမီ ဘန်ထလေထဲမှ ၀မ်မာဇီ၊ ရန်ပေါင်နှင့် ကျန်းအောက်တို့ အသီးသီး ထွက်လာခဲ့ကြသည်။

"အန်ကယ်၀မ်.. ရောက်လာတာ အတော်ပဲ .. အတူတူသွားကြတာပေါ့... "ကျောက်ကျိန်းရန် ယဉ်ကျေးစွာ ဆိုလိုက်၏။

"တကယ်တော့ ငါရောက်နေတာ ကြာပြီ... မင်းတစ်ယောက်ယောက်နဲ့ စကားပြောနေတာတွေ့လို့ ချက်ချင်း မလာခဲ့တာ... "၀မ်မာဇီ ပြောလိုက်ပြီး "ကျိန်းရန်.. မင်းက လင်းရီနဲ့ သိတာလား... "

ကျောက်ကျိနရန်နှင့် ချွီနန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး "အန်ကယ်၀မ်ကလည်း လင်းရီကို သိတယ်ပေါ့... "

" သိရုံတင်ဘယ်ကမှာ... သူနဲ့ မကြေပွဲ နွဲစရာတောင် ကျန်နေသေးတယ်..." ကျောက်ကျိန်းရန် အေးစက်စွာ ပြောလိုက်သည်။"

" ဘာတွေ ဖြစ်ခဲ့တာ ...ကျုပ်လဲ သူနဲ့ ရှင်းစရာ ရှိတယ်.... "

၀မ်မာဇီ ကျန်းအောက်ကို အကြည့်တစ်ချက်ပေးလိုက်၏။

သကောင့်သား၏ ခန္ဓာကိုယ်တွင်တော့ တက်တူးများအပြင် ပုံမှန်မဟုတ်သည့် အမာရွတ်ကြီး တစ်ခုကလည်း ရှိနေ၏။

ထိုအမာရွတ်များကို မြင်တော့ ကျောက်ကျိန်းရန် မျက်လုံးပြူးသွားခဲ့ပြီး " ဒီ ... ဒီအမာရွတ်တွေက ဘယ်လိုလည်း ရခဲ့တာ... အစ်ကိုကျန်းကို ထိရဲတဲ့သူ ရှိ သေးတာလားဟ ... "

"ဒါတွေလား... " ကျန်းအောက် အံတင်းတင်းကြိတ်လိုက်ပြီး "လွန်ခဲ့တဲ့ တစ်လတုန်းက ငါတို့ နိုက်ကလပ်မှာ အချင်းများခဲ့ကြတယ်... ပြီးတော့ ငါ့ကိုယ်ပေါ်က အမာရွတ်တွေကလည်း လင်းရီ ပေးခဲ့တာပဲ... " သူ နာကျည်းမုန်းတီးနေသည့် လေသံဖြင့် ပြောလိုက်သည်။

All Chapters