← Chapters

အခန်း (၃၇၄)

Vol. 25 Ch. 374

အခန်း (၃၇၄)

Vol. 25 Ch. 374

လူ့စိတ်က ကြောက်စရာကောင်းတယ်...

"သူ့ပုံစံ ကြည့်ရသလောက်တော့ နောက်ပေါက်ကနေ ၀င်ချင်နေတာ ဖြစ်လောက်တယ် "

ချင်းဟန် ပြောပြီးနောက် ကျိန်ဆဲနေသည့် လေသံဖြင့်

"ဒါပေမယ့် အဲ့တာကို ယီးမို့လို လက်ထဲမှာ နှင်းဆီပန်းတွေ ကိုင်ထားတာလားဟ... အဲ့တာက ဘာအဓိပ္ပာယ်လဲ.."

"ဘယ်သိမှာ တစ်ယောက်ယောက်ကို လာပိုးပန်း‌တာနေမှာပေါ့... "လင်းရီ အပြုးလေးဖြင့် ပြောလိုက်ပြီး "သူ့ပုံစံ ကြည့်ရသလောက်တော့ အဲ့လိုထင်တာပဲ... "

"ဒါပေမယ့် သူ့လို သောက်ရုပ်ဆိုးကြီးကို ဘယ်ကောင်မလေးလေးက ပြန်ကြိုက်မှာလဲတဲ့ဟ... "

"သဘောတူတယ် "

လင်းရီနှင့် ချင်းဟန်တို့ ရောက်ချလာသည်ကိုမြင်တော့ ကျောက်ကျိန်းရန် ထိုင်နေရမှာ မတ်တပ်ရပ်လိုက်သည်။

"ပြောရမှာ စိတ်တော့မကောင်းပေမယ့် မင်းတို့ နောက်ကျသွားပြီ... "ကျောက်ကျိန်းရန် ပခုံးတွန့်၍ ပြောလိုက်၏။

"ဘာလဲ.... မင်းက မြို့တော်၀န်လျန်နဲ့ တွေ့ဖို့ ချိန်းထားလို့လား.... "

ချင်းဟန် မေးလိုက်သည်။

" မဟုတ်ဘူး... ဒါပေမယ့် ငါအရင်ရောက်တာလေ... အရင်ရောက်ရင် အရင်ရတယ်ဆိုတာ ထုံးစံပဲ မဟုတ်လား... "

"အနည်းဆုံးတော့ မင်းမှာ အသိစိတ်လေးတော့ ရှိသေးသားပဲဟ... ငါထင်နေတာ မင်းက ဒီလာပြီး ထျန်ဂို(舔狗) လာလုပ်နေတာလားပေါ့.. ... "ချင်းဟန် လှောင်ပြောင်ထေ့ငေါ့စွာဖြင့်ပြောလိုက်သည်

(TN : 舔狗 တစ်ဖက်က မလိုအပ်ပေမယ့် ကိုယ့်ဘက်က သောက်ရမ်းကြီးတွေ ဂရုစိုက်ပြနေတာ၊ နွားကျတာပေါ့)

"ဘာလဲ... မနာလိုနေတာလား... " ကျောက်ကျိန်းရန် ပြုံးလိုက်ပြီး "ငါတို့ ကျောက်မိသားစုရဲ့ အနေအထားနဲ့ဆိုရင် ကျိုးဟိုင်ကို ထည့်မပြောသေးနဲ့ဦး ဟွာရှမှာဆိုရင်တောင် အင်အားကြီး မိသားစုလို့ ပြောလို့ရတယ်.. ဒါတောင်မှ သူမကို ပိုးပန်းလို့ မရဘူးလား... "

"မင်းရုပ်နဲ့ ဒီစကားတွေ ပြောထွက်သေးတယ်ပေါ့... "

"ငါတို့ အဆင့်မှာ ချစ်ကြိုက်တယ်ဆိုတာက ကလေးကစားသလို မဟုတ်တော့ဘူး..." ကျောက်ကျိန်းရန် ပြောလိုက်ပြီး "အဆင့်အတန်းခြင်းကလည်း ကိုက်ညီမှရမှာ... "

"အဆင့်အတန်း.... ဘာလဲ.. မင်းထင်နေတာ ငါတို့ ချင်းမိသားစုရဲ့ လွှမ်းမိုးမှုက ဟန်သပ်သပ်ပဲ ရှိတယ်လို့ ထင်နေတာလား.... "

"ဟန် ဟုတ်မဟုတ် ‌မင်းနောက်ကျ သိပါလိမ့်မယ်... "

ချလပ်

နှစ်ယောက်သား အငြင်းပွားနေစဉ် အခန်း ၄၀၈၏ တံခါးမှာ ပွင့်လာခဲ့၏။

အနက်ရောင် ယူနီဖောင်းနှင့် လျန်ရူရွှယ်မှာ အခန်းထဲမှ ထွက်လာခဲ့ပြီး သူမ မြင်မြင်ချင်း မျက်တန်းမှန်းမိသူကတော့ လင်းရီပင်။

သို့သော်လည်း ချင်းဟန်နှင့် ကျောက်ကျိန်းရန်ကို မြင်တွေ့သည့် အချိန်တွင်တော့ သူမ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒီမှာ ဘာလို့ လူတွေ အများကြီး ရောက်နေတာလဲတဲ့...

ချင်းဟန်နှင့် ကျောက်ကျိန်းရန်တို့ကတော့ လျန်ရူရွှယ်၏ အေးစက်စက် အလှတရားများအောက်တွင် ခဏတာမျှ အေးခဲသွားခဲ့ကြသည်။

ကျီချင်းရန်မှလွဲ၍ မည်သူကမျှ သူမနှင့် အလှချင်း ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက သူတို့နှစ်ယောက်ထဲ ပထမဆုံး ပေါ်ပေါက်လာသည့် အ‌တွေးပင်တည်း။

"မြို့တော်၀န်လျန် ဒီနှင်းဆီပန်းလေးဟာဆိုရင်ဖြင့် ကျုပ် ........ "

"ဟေ့ကောင် ... လမ်းဖယ်ပေးလို့ရလား... သူမက ငါ့ကို လာတွေ့တာ... "

ကျောက်ကျိန်းရန် စကားမဆုံးသေးမီ လင်းရီ လျန်ရူရွှယ်ကို ခါးဖက်လျက် ထွက်သွားခဲ့၏။

"ငိုး ငိုးပဲ .... "

ချင်းဟန် အံ့အားသင့်သွားခဲ့သည်။

ဘာတွေ ဖြစ်ပျက်နေတာလဲဟ....

ကျောက်ကျိန်းရန်လည်း ကြက်သေသေသွားခဲ့သည်။

သူမက အသိမ်းပိုက်ခံလိုက်ရပြီတဲ့လား....

ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲဟ.....

လင်းရီ သူ့ရှေ့တွင် လျန်ရူရွှယ်ကို ခါးဖက်၍ ထွက်သွားသည်ကို မြင်တော့ ချင်းဟန် ဖုန်းထုတ်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

"အဖေ... လေလံပွဲက ပြီးသွားပြီ.... "

"ပြီးသွားပြီ.... ခုမှ ဘယ်နနာရီ ရှိသေးလို့တုန်းဟ ... ပြီးသွားပြီတဲ့လား.... "

"မဟုတ်ဘူး... ကျွန်တော့်စိတ်က ပြီးသွားပြီလို့ ကြိုသိနေတာ.... "

"သောက်ရေးမပါတာ.... ဒီလောက်ထိ အဆက်အသွယ်‌တွေ မှိုလိုပေါတဲ့ ချင်းမိသားစုကို ကွက်ကျော်ရိုက်နိုင်အောင် ဘယ်ကောင်က အဲ့လောက်ထိ အစွမ်းအစရှိနေတာလဲကွ.... "

"လင်းရီက လျန်ရူရွှယ်ကို သိမ်းပိုက်ပြီးထားပြီ..... "

ဖုန်းတစ်ဖက်ရှိလူမှာ စက္ကန့်အနည်းငယ်ကြာအောငါ တိတ်ဆိတ်သွားခဲ့ပြီး

"မင်းရဲ့ ညီကိုက .......... တစ်ခုခုတော့ တစ်ခုခုပဲ.... "

........

လင်းရီ ထိုမျှ အတင့်ရဲလိမ့်မည်လို့ ထင်မှတ်မထားခဲ့၍ လျန်ရူရွှယ် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

"ရှင် ဘာတွေ လုပ်နေတာ... "သူမ အေးစက်စွာ ပြောလိုက်ပြီး လင်းရီ၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးပမ်းလိုက်သည်။

"ဒီတိုင်း ပူးပေါင်းလိုက်စမ်းပါ... "လင်းရီ ပြုံးလိုက်ပြီး "ခုနက မသာမိတ်ကပ်လူးထားတဲ့ ရုပ်နဲ့ကောင်က မိန်းကလေးကို ပိုးပန်းဖို့ လုပ်နေတဲ့ကောင်နော်... ကျုပ်က ကူညီပေးနေတာ... "

"ကျွန်မက ရှင့်အကူအညီကို လိုအပ်တယ်လို့ ထင်လား.... "

သိသာစွာပင်။ လျန်ရူရွှယ် လုံး၀ ပျော်ရွှင်မနေ‌ခဲ့ချေ။

"ဒါပေါ့.... ကမ္ဘာကြီးမှာ အဲ့လိုကောင်တွေက ပေါသောနေတာလေ... ဖြစ်နိုင်ရင် ကျုပ် တစ်သက်လုံးတောင် ကူညီပေးလိုက်ချင်တယ်.... "

"ဟွန့်....ခု ဘယ်နေရာရောက်ပြီလဲလို့ ကြည့်လိုက်ဦး.... ရှင်ခု လွှတ်သင့်ပြီ မဟုတ်လား.... "

"အာ ဆောတီး ဆောတီး ... မုဒ်၀င်သွားလို့... "

လင်းရီ အပြုံးဖြင့် ပြောလိုက်သည်။

"ပြောလေ .. ဘာပြောမှာ... ကျွန်မက ပရောဂျက်ကို ခွင့်ပြုပေးရမှာလား... ဒါမှမဟုတ် ပိုက်ဆံချေးပေးရမှာလား..... "

"ကျုပ်မှာ ငွေကလည်း လုံလောက်ပြီးသား... ပြီးတော့ ခွင့်ပြုမိန့် လာတောင်းတာလည်း မဟုတ်ဘူး.... "

လင်းရီ ပြောလိုက်ပြီး "ကျုပ် ဒီကို လေလံလာဆွဲတာ ... ကျေးဇူးပြုပြီးတော့ ချောင်ရန်အုပ်စုကို နောက်တံခါးကနေ ကူညီပေးလို့ရမလား... သူတို့ရဲ့ အရည်အသွေး ပြည့်မှီမှုနဲ့ နာမည်ဂုဏ်သတင်းပိုင်းကိုတော့ အာမခံပေးနိုင်တယ်... ဒီတော့ တာ၀န်ကို အချိန်တိုတိုနဲ့ ထိရောက်အောင်မြင်မယ်ဆိုတာက အသေအချာပဲ ..... ဒါပေမယ့် လေလံအောင်ဖို့ မိန်းကလေးလျန်ရဲ့ အကူညီကိုတော့ လို‌အပ်နေသေးတုန်းပဲ....အဲ့လိုလုပ်ပေးရင် ‌မိန်းကလေးဘက်ကလည်း မနစ်နာစေရပါဘူး.... "

"‌ကျွန်မကို ပိုက်ဆံမက်တယ်လို့ ရှင်ထင်နေတာလား... ဒါမှမဟုတ် ကျွန်မက ကိုယ်ပိုင်အကျိုးအမြတ်အတွက် ရာထူးကို အသုံးချမယ့်လူလို့ ရှင်ထင်နေတာလား... "

"အဲ့တာက ဟွာရှရဲ့ ကစားပွဲစည်းမျဉ်း မဟုတ်လား... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "မိန်းကလေးက ကျုပ်တွေ့ဖူးသမျှထဲမှာ အသက်အငယ်ဆူံးနဲ့ ဒီရာထူးကို ရရှိထားတဲ့သူပဲ ..... ပြီးတော့လူတိုင်းကလည်း ဒါဘယ်လို အလုပ်လုပ်လဲဆိုတာ သိပြီးသား .....မိန်းကလေးက ဒီမှာ နာမည်တစ်လုံးရ‌အောင် လာလုပ်တယ်ဆိုတာလည်း ကျုပ်နားလည်တယ်.... ဒါပေမယ့် ကျုပ်ကို အချိန်တစ်ချို့ပဲပေးလိုက်.... နှစ်နှစ်အတွင်း မိန်းကလေး ရာထူးတိုးစေရမယ်လို့ ကျုပ်အာမခံတယ်.... "

လင်းရီ၏ သတ္တိနှင့် ထက်ရှသည့် ထိုးထွင်းသိမြင်နိုင်မှုတို့က လျန်ရူရွှယ်ကို လူ့စိတ်၏ လုပ်နိုင်စွမ်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်သွားစေခဲ့သည်။

သူမနှုတ်မှ လာဘ်မစားပါဟု အကြိမ်ကြိမ်ဆိုနေသော်လည်း လက်ရှိ ရာထူးကို‌တော့ လာဘ်ထိုး၍ ရောက်လာကြောင်း ၀န်ခံရပေမည်။

" ဒါပဲလား... တခြား ဘာပြောစရာ ကျန်နေသေးလဲ... "

လျန်ရူရွှယ် တင်းမာခက်ထန်သည့် အမူအရာဖြင့် မေးလိုက်၏။

"အမ်..... "လင်းရီ တစ်စက္ကန့်မျှ ရပ်တန့်လိုက်ပြီး အတွေးနက်နေဟန်ပြုကာ "မိန်းကလေးရဲ့ ခါးက အရမ်းနူးညံ့တာပဲ... အဲ့နေရာမှာ သေချာပေါက် အသားတွေ အများကြီး ရှိရမယ်... "

ထိုစကားလုံးများ ပြောပြီးနောက် လင်းရီ လျင်မြန်စွာ ထွက်လာခဲ့လိုက်သည်။ မဟုတ်ပါက သူ သေသည်အထိ အထောင်းခံရနိုင်သည် မဟုတ်ပါလား။

ထိုစဉ် လျန်ရူရွှယ်ကတော့ မြေပြင်တွင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရပ်နေလေသည်။

"အသားတွေ အများကြီး ရှိနေတယ်.... "

......

လင်းရီ VIP အခန်းထဲသို့ ပြန်ရောက်သည့် အချိန်တွင်တော့ ချင်းဟန်နှင့် ကျောက်ကျိန်းရန်တို့ ပြန်ရောက်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ချင်းဟန်ကတော့ သာသာယာယာပင်။ သူ ယခုပရောဂျက်ကို မရလျှင်လည်း ချင်းမိသားစု၏ စီးပွားရေးကို မည်သို့မျှ အကျိုးသက်ရောက်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း တစ်ဖက်ရှိ ကျောက်ကျိန်းရန်၏ အမူအရာမှာ‌တော့ ဒေါသကြောင့် စိမ်းပုပ်နေလေသည်။

"မစ္စတာလင်း.. ခင်များက မြို့တော်၀န်လျန်နဲ့တောင် ဂျိတ်ချိတ်မိသွားတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ... ကျုပ်ဖြင့် ဘော့စ်ကျီအတွက် စိတ်တောင်မကောင်းဘူး..... "

"ဟမ်.... နင်ဘာတွေ လာပြောနေတာ.... "

ကျီချင်းရန် လာတွေဖြစ်နေလဲဆိုတာ နားမလည်တော့ချေ။

လင်းရီက ဘာတွေ လုပ်နေလို့လဲတဲ့......

"ဘော့စ်ကျီ.... ကျုပ်ခုလေးတင် မစ္စတာလင်းနဲ့ မြို့တော်၀န်လျန်တို့ ခါးဖက်ပြီး ကျုပ်တို့ရှေ့က ထွက်သွားတာကို မြင်လိုက်တာနော်...ဘော့စ်ကျီ ကြည့်ရတာ သိမယ့်ပုံလည်း မပေါ်ပါဘူး....." ကျောက်ကျိန်းရန် သွေးထိုးလိုက်သည်။

"ဒါရိုက်တာကျောက်... ရှင်ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေလည်း အလကားပဲနော်... "ကျီချင်းရန် အေးစက်စွာဖြင့် ဆိုလိုက်ပြီး "လင်းရီ နဲ့ မြို့တော်၀န်လျန်တို့က သိတောင်မသိတာကို ရှင်က လီဆယ်ပြီး လာပြောနေတယ်ပေါ့လေ... ဘယ်လိုတောင်ရယ်စရာ ကောင်းလိုက်လဲ... "

ချင်းဟန် မနေနိုင်ပဲ လင်းရီကို လက်မထောင်ပြလိုက်သည်။

လင်းကြီးက သောက်ရမ်း အံ့ဩဖို့ကောင်းတာပဲကွ...

သူက ရှင်းပြစရာ‌တောင် မလိုဘူး...ဘော့စ်ကျီကကျောက်ကျိန်းရန်ကို ယုံကို မယုံတာ...

သူလည်း အဲ့လိုမိန်းကလေးမျိုး လိုက်ရှာနေတာ...

လင်းရီ ပခုံးတွန့်လိုက်ပြီး ချင်းဟန်ကို 'ဟျောင့်မင်းမြင်လား ' ဟု ဆရာကြီး အထာဖြင့် လှမ်းကြည့်လိုက်၏။

"ဘော့စ်ကျီ.. ကျုပ်က ကျုပ်မျက်စိနဲ့ ကိုယ်တိုင်မမြင်ခဲ့ရင် ပြောမှာတောင်မဟုတ်ဘူး... ဘော့စ်ကျီက ကျုပ်ရဲ့ကိုယ်ကျင့်တရားကို မယုံကြည်တာလား.... "

"မယုံဘူး.... "

ကျီချင်းရန်၏ အမြင်တွင်တော့ ကျောက်ကျိန်းရန် ပြောသမျှမှာ အားလုံးက အလိမ်အညာချည်းများသာ။

မမြင်ဖူးသည့် လူနှစ်ယောက်က ခါးဖက်ပြီး သွားတယ်ဆိုတာ ဖြစ်နိုင်ပါ၏လော။

အကယ်၍ လင်းရီကို နာမည်ဖျက်ချင်လျှင်တောင် ပိုကောင်းသည့် အလိမ်အညာတို့ကို အသုံးပြုသင့်ပေသည်။

သူ၏ နည်းလမ်းများမှာ နိမ့်ကျလွန်း၏။

"ကဲပါ... သူ့ကြောင့်နဲ့ စိတ်ရှုပ်ခံမနေနဲ့... ရူးနေတဲ့ ခွေးက ဘယ်သူ့မြင်မြင် အကုန်လိုက်ကိုက်မှာပဲလေ.... ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ... "

လင်းရီ ဖြောင်းဖြလိုက်သည်။

"အွန်း... ငါတော့ သူတို့လိုကောင်တွေကို အရွံမုန်းဆုံးပဲ... "

"ဘယ်တတ်နိုင်မှာ... ငါကိုက အံ့ဩဖို့ကောင်းလွန်းနေတာလေ.... ဒီတော့ လူသာမန်တွေ မနာလိုဖြစ်တယ်ဆိုတာက သဘာ၀ပါပဲ.... "

"ဟားဟား.... မစ္စတာလင်းက သောက်ရမ်း အံ့ဩဖို့ကောင်းတာလေ... အံ့ဩဖိူ့ကောင်းတာကလည်း ကျုပ်လူကို ထိရဲလောက်တဲ့ထိကို အံ့ဩဖို့ကောင်းတာ...လူငယ်မျိုးဆက်တွေကတော့ တကယ့်ကို အံ့မခန်းပါလားဟေ့.... "

အသံကို ကြားသည်တွင် လင်းရီ ၊ ကျီချင်းရန်နှင့် ချင်းဟန်တို့ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

လီနင်ရှပ်အင်္ကျီနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ရောက်လာသည်ကိုမြင်တော့ သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

"၀မ်မာဇီ.... ခင်များလည်း ဒီရောက်လာတယ်ပေါ့...."

All Chapters