အခန်း (၃၇၅)
Vol. 25 Ch. 375
ဒေါက်တာလင်းအစ် အွန်လိုင်း
"အိုးဟိုး... သခင်လေးချင်းပါလား... ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.... "၀မ်မာဇီ နှုတ်ဆက်လိုက်၏။
"ဒီရဲ့ စည်ပင်ပရောဂျက်က ခင်များတို့ရဲ့ မဆိုင်ဘူး မဟုတ်လား...."ချင်းဟန် မေးလိုက်သည်။
"အမှန်ပဲ... ဒီပရောဂျက်က ကျုပ်တို့နဲ့တော့ မဆိုင်ဘူး.... ဒါပေမယ့် ဒီပရောဂျက်က စိတ်၀င်စားဖို့ကောင်းမှန်း ရှာတွေ့တော့ ဒါရိုက်တာကျောက်နဲ့အတူ ပူးပေါင်းပြီး အကောင်အထည်ဖို့ စဉ်းစားနေတာလေ.... "
"ခင်များက အိမ်ခြံမြေဘက် လှည့်ချင်နေတယ်ပေါ့... အဲ့အလုပ်က ခင်များနဲ့ ကိုက်ညီတဲ့ အလုပ်လို့ ထင်နေတာလား... "
၀မ်မာဇီ ဒေါသမထွက်သွားခဲ့ပေ။ ထိုအစား အပြုံးလေးဖြင့် "ဒီနှစ်တွေထဲမှာ အဆင့်မြင့် အဆောက်အဦး ဆောက်တဲ့သူတွေ ပိုပိုပြီးပေါလာတယ်... ဒါပေမယ့် သူတို့တွေထဲ ဘယ်သူကများ သန့်ရှင်းတာရှိလို့လဲ... ဒီတော့ ကျုပ် ၀င်ပါလို့ရတယ်ဆိုတာက သာမန်ပဲလေ... "
ချင်းဟန် ပခုံးတွန့်လိုက်ပြီး "ခင်များသဘောပဲ... ဒါပေမယ့် ကျုပ် ကျန်းအောက်ကို ပြောဖို့ လိုအပ်တာတွေတော့ ပြောပြီးသွားပြီ... လင်းရီက ကျုပ်ရဲ့ ညီကိုကောင်းပဲ.... ဒီတော့ ခင်များရဲ့ မကောင်းတဲ့ အကြံအစည်တွေကို ဘေးချိတ်ထားတာ ကောင်းမယ်.... ကျုပ်တို့အားလုံးက စီးပွားရေးသမားတွေ မဟုတ်လား... ကိစ္စတွေကို ခက်ခဲအောင် မလုပ်ချင်စမ်းနဲ့.... "
၎င်းကိုကြားတော့ ကျီချင်းရန် အံ့အားသင့်သွားခဲ့သည်။
လင်းရီမှာ ထိုမကောင်းသည့် လူများနှင့် ပတ်သက်နေမိလိမ့်မည်လို့ သူမ ထင်မထားခဲ့ချေ။
ကျီချင်းရန် အမူအရာပြောင်းသွားသည်ကို သတိထားမိတော့ လင်းရီ သူမ ပခုံးကို ပုတ်လိုက်ပြီး စိတ်အေးအေးထားရန် ပြောလိုက်သည်။
"လေလံပွဲက စတော့မှာ .... သွားပြီး အဆင်သင့်ပြင်တော့လေ... ဒီမှာ အချိန်ဖြုန်းမနေနဲ့...."
ကျီချင်းရန် လင်းရီလက်ကို ဆုပ်ကိုင်လိုက်ပြီး "နင်ကျတော့ကော .... "
"ဒီကိစ္စပြီးရင် မင်းဆီလာခဲ့မယ်.... "
"ငါနဲ့တစ်ခါတည်း လိုက်ခဲ့လိုက်ပါလားဟင်....."
"ချင်းကြီးက ဒီမှာရှိနေတာကို ငါက ဘာလို့ သူ့တစ်ယောက်တည်း ထားပစ်ခဲ့ရမှာ.... "
လင်းရီ သူမကို သက်တောင့်သက်သာ ဖြစ်နေသည့် ဟန်ဖြင့် ကြည့်လိုက်ပြီး "လေလံပွဲကိုသာ အာရုံစိုက်... ငါ့အတွကိဘာမှ စိတ်မပူနဲ့.... သွားတော့...."
"အွန်း အဲ့တာဆိုလည်း ဂရုစိုက်နော်.... "
ချင်းဟန်နှင့် လင်းရီတို့၏ ဆက်ဆံရေးကြောင့် လင်းရီကို ခေါ်ထုတ်သွား၍ရမည် မဟုတ်ကြောင်း သူမနားလည်ပေသည်။
သို့သော်လည်း သူမ လင်းရီ၏ လုံခြုံရေးအတွက်အလွန်အမင်း စိုးရိမ်နေခြင်းတော့ မရှိ။
ယခုနေရာမှာ အစိုးရပိုင်နက်ဖြစ်ပြီး မည်မျှပင် သွေးရဲနေစေကာမူ ဤနေရာတွင်တော့ လှုပ်ရှားဝံ့လိမ့်မည် မဟုတ်ချေ။
"အေအေး ... သွား... "
လင်းရီ ထောင့်တစ်နေရာတွင် ထိုင်နေသည့် လော့၀မ်ကို ကြည့်လိုက်ပြီး အပြုံးလေးဖြင့် "ဒါရိုက်တာလော့... လေလံပွဲက ခဏနေဆို စတော့မှာ... ခင်များလည်း သွားသင့်ပြီနော... "
"အိုကေ အိုကေ... ကျုပ်လည်း ဘော့စ်ကျီနဲ့ သွားလိုက်ပါ့မယ်...."
လော့၀မ်မှာ ရိုးသားသည့် စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ယခုလိုမျိုး တစ်ခါမျှ မကြုံဖူးချေ။
ဥက္ကဌလင်းက တစ်ခုခုတော့ တစ်ခုခုပဲ...
၀မ်မာဇီနဲ့တောင်မှ ရန်ငြိုးတွေ ရှိနေတယ်... တကယ်လို့ ဒီသတင်းတွေသာ အပြင်ရောက်သွားလို့ကတော့ ကျိုးဟိုင်တစ်မြို့လည်း လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ကုန်တော့မှာပဲ...
အခန်းထဲရှိ လူတိုင်း လေလံပွဲ နီးကပ်လာသောကြောင့် ကိုယ်စီကိုယ်စီ အသီးသီး ထွက်ခွာသွားခဲ့ကြသည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ၀မ်မာဇီမှ လက်နောက်ပစ်ကာ ချင်းဟန်ကို ကြည့်လိုက်၏။
"သခင်လေးချင်း.... ခင်များ ကျုပ်ကို ဒီကိစ္စ ဆက်မလိုက်ဖို့ ပြောတယ်... ဒါပေမယ့် ကျန်းအောက်ရဲ့ ဒဏ်ရာရခဲ့တာကိုကျ ဒီတိုင်း လွှတ်ထားပေးဖို့ တောင်းဆိုနေတာလား... "
"သူနဲ့ မဆိုင်တာကို ဖင်ရှည်ပြီး သူများကိစ္စ လိုက်၀င်ပါပေးတာလေ... ပြီးတော့ သူညံ့လို့ သူခံရတာကိုပဲ ခင်များတို့ကောင်တွေက လူများတိုင်းနဲ့ ဝိုင်းကိုက်ချင်နေတာလားကွ.... "
"ဒါက မြေအောက်လောကရဲ့ စည်းမျဉ်းပဲ... ကျုပ်တို့ ဟိုးအစကနေ ခုဆုံးထိ ကိစ္စတွေကို ဒီလိုပဲ ဖြေရှင်းတယ်.... "
"ကောင်းပြီလေ... အဲ့တာဆိုလည်း မြေအောက်လောကရဲ့ စည်းမျဉ်းအတိုင်းပဲ ကစားကြတာပေါ့... "
ချင်းဟန် ၀မ်မာဇီကို လက်ညို့းထိုး၍ ပြောလိုက်ပြီး "ကျုပ် ကျောက်ကျိန်းရန်ကိုပါ ခင်များတို့ဘက်ပေးတယ်... ပြီးတော့ ဖိုက်မယ့်နေရာကိုပါ ခင်များဘက်က ဆုံးဖြတ်.... ဇရှိရင် လာခဲ့လိုက်....ရောက်မလာရဲတဲ့ကောင်က ဘောမရှိတဲ့ကောင်ပဲ.... "
"အာဟား... ရှုပ်ကုန်ပါပြီ... "
ကျောက်ကျိန်းရန် ရယ်မောလိုက်ပြီး "ကျုပ်က အသက်တွေ ဒီလောက်ကြီးနေပြီကို သ-တ်ချင်ဖြတ်ချင်စိတ်တွေက ဘယ်ရှိတော့မှာ... ပြီးတော့ခု မြေအောက်လောက ကလည်း ပိုပိုပြီး အဆင့်အတန်းရှိလာပါပြီ.... "
"အဆင့်အတန်း ရှိတယ်... "
ချင်းဟန်ပြုံးလိုက်ပြီး "ကျုပ်နဲ့ အဆင့်အတန်းအကြောင်းတွေ လာပြောနေတယ် ဆိုတော့ ခင်များက ဘရိန်းချောင်နေတဲ့ကောင်ပဲ ဖြစ်ရမယ်.... "
၀မ်မာဇီ မျက်နှာ နက်မှောင်သွားခဲ့သည်။
စောနတုန်းက သူ ချင်းဟန်ကို သူ့အကြီးအကဲတစ်ယောက်ကဲ့သို့ ဆက်ဆံနိုင်သော်လည်း စော်စော်ကားကား ပြောလာသည့် အချိန်န်တွင်တော့ သူ့ဘက်မှ စိတ်ခံစားချက်များကို ချုပ်ထိန်းမရဖြစ်လာခဲ့သည်။
"ကျုပ် .. ၀မ်မာဇီ မြေအောက်လောကမှာ ကြီးစိုးလာတာ နှစ်ပေါင်း မနည်းတော့ဘူး... ပြီးတော့ ကျုပ်ကို ဘယ်ကောင်ကမှလည်း မစော်ကားရဲခဲ့ဘူးကွ.... "
ချင်းဟန် ထိုင်ခုံနောက်သို့ ကျောမှီလိုက်ပြီး ခြေတင်ချိတ်ကာ "ဒါတွေ ကျုပ်စိတ်မ၀င်စားဘူး....ကျုပ်နဲ့ စကားပြောပြီး ဆွေးနွေးချင်တယ်ဆိုရင် အရင်ဆုံး တန်းတူအောင် လုပ်လိုက်ဦး... အဆင့်အတန်းချင်း တူမှပဲ ဆွေးနွေးလို့ရမယ်... ခင်များက ကျုပ်နဲ့ အဆင့်ချင်း တူတယ်လို့များ ထင်နေတာလား....ဒါမှမဟုတ် ကျုပ်က ကျုပ်အောက် နိမ့်ကျတဲ့သူကို ညှာတာမှု ပြလိမ့်မယ်လို့ ထင်နေတာလား.... "
"ကျုပ်ရဲ့ ချင်းမိသားစုကတော့ ဘယ်တော့မှ အဲ့လိုလုပ်မှာ မဟုတ်ဘူး... "
"ကျုပ်နောက်တစ်ခေါက် ထပ်ပြောမယ်... တကယ်လို့ လက်စားချေချင်တယ်ဆိုရင် ယောက်ျားပီပီ မျက်နှာချင်းဆိုင် လက်သီးနဲ့ ဖြေရှင်းမယ်.. အေး... မိန်းမလို မိန်းမရနဲ့ အမှောင်ထဲကနေ ကောက်ကျစ်မယ်ဆိုလို့ကတော့ ခင်များတစ်မိသားစုလုံးကို ကျုပ်ကောင်းကောင်းကြီး ဂရုစိုက်ပေးလိုက်မယ်...အဲ့တစ်ခွန်းပဲ မှတ်ထားလိုက်...."
"မင်းဘယ်သူ့ကို စကားပြောနေတယ်လို့ ထင်နေတာလဲကွ...."
"တိတ်စမ်း...."
လင်းရီ တစ်ချက် အော်လိုက်သည်တွင် ကျန်းအောက် ငြိမ်ကျသွားခဲ့၏။ နောက်တစ်ခွန်း ထပ်မဟရဲတော့ချေ။
"ဟားဟား.... "၀မ်မာဇီ ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး "ငါတို့က ဒီကနေ့ လေလံဆွဲဖို့ လာခဲ့တာဆိုတော့ တိုက်တာခိုက်တာတွေ တတ်နိုင်သမျှ မလုပ်ချင်ဘူး... နောက်မှ ဒီကိစ္စကို ထပ်ဆွေးနွေးကြတာပေါ့.... "
"အဲ့တာဆိုလည်း အေးဆေးလုပ်ပေါ့... "ချင်းဟန်ပြောလိုက်ပြီး ကစားချင်နေသည့် လေသံဖြင့် "ဒါပေမယ့်လေလံအောင်ဖို့တော့ မျှော်လင့်မနေနဲ့လို့ ကြိုပြောထားလိုက်မယ်... "
"သူက ဘာပြောချင်နေတာ... "
၀မ်မာဇီနှင့် ကျန်းအောက်တို့ ရှုပ်ထွေးသွားကြပြီးကျောက်ကျိန်းရန်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။
သို့နှင့် ကျောက်ကျိန်းရန်လည်း ၀မ်မာဇီ နားအနားကပ်၍ အကြောင်းအရာတစ်ချို့ကို တီးတိုး ပြောပြလိုက်၏။
နားထောင်နေစဉ် ၀မ်မာဇီ၏ အမူအရာမှာ တဖြည်းဖြည်း နက်မှောင်လာခဲ့ပြီး အေးစက်နေသည့် မျက်နှာထားဖြင့် အစည်းဝေးခန်းထဲမှ ထွက်သွားတော့၏။
"ဟမ့်...သောက်ရူးတွေ.... "ချင်းဟန် ကျိန်ဆဲလိုက်၏။
"ဘာကိစ္စ အရေးပေးနေမှာလဲကွာ... ဒီတိုင်း သောက်ရေးမပါတာတွေကို.... မတန်ဘူးဟျောင့်... "လင်းရီ ချင်းဟန်ပခုံးကို ပုတ်လိုက်ပြီး "လျန်ကြီးနဲ့ ကောင်းကြီးကိုကောခေါ်လိုက်... ဒီည ငါဒကာခံမယ်... "
"ညစာပဲလား.... "
"ဒါပဲပေါ့ကွ...မင်းက ဘာထပ်လိုချင်သေးလို့...."
"အနည်းဆုံးတော့ ကောင်မလေး တွေခေါ်ပြီးရေကူး၀တ်စုံတွေနဲ့ ပါတီလုပ်သင့်တယ်ထင်တာပဲ... ဒါမှ ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းမှာ..."
"လခွမ်း.... "
သုံးနာရီကြာပြီးနောက် ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲသို့ ၀င်လာခဲ့ပြီး "လင်းရီ လင်းရီ ....ငါတို့ လေလံအောင်ခဲ့ပြီသိလား... "
ချင်းဟန်ကတော့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
မင်းလူက လျန်ရူရွယ်ကိုပါ အောင်ခဲ့တာကွ... မင်း ပရောဂျက်မရမှဘဲ ထူးဆန်းနေဦးမယ်...
ပြောခါမှ နှစ်ယောက်စလုံးက လင်းရီနဲ့ ဘာညာဘာညာတွေဆိုတော့ မယားကြီးက မယားငယ်ကို ပရောဂျက်ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား... ဖက်ခ် ဒါကြီးက မတရားဘူးဟျောင့်...
"တွေ့လား... အောင်မြင်မှာပါလို့ ငါပြောသားပဲ.... "
"အင်းပါ... နင်က အကောင်းဆုံးပဲ.... "ကျီချင်းရန် ပျော်ရွှင်စွာ ပြောလိုက်ပြီး "ဆုချတဲ့ အနေနဲ့ ဒီညနင့်ကို ဟင်းတွေ ချက်ကျွေးမယ်.... "
"အဟမျး အဟမျး... "
ချင်းဟန် ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး "လင်းကြီး.. မင်း ဒီည ဒကာခံမယ်လို့ ပြောထားတယ် မဟုတ်လား.. ရာသီဥတုလေးကလည်း ကောင်းတော့ ဒီခုပဲ စလိုက်ကြစို့...."
"မင်းတို့ကို ငါက အလကားနောက်......."
"နင် ဘာတွေ ပြောနေတာ.... "ကျီချင်းရန် လင်းရီစကားကို ရပ်တန့်လိုက်ပြီး "စိတ်မရှိဘူးဆိုရင် နင်တို့လည်း လာခဲ့လေ.. လျန်ကျင်းမင်နဲ့ ကောင်းကျုံးယွမ်ကိုပါ ခေါ်ခဲ့လိုက်... လူများတော့ ပိုပျော်ဖို့ ကောင်းတာပေါ့... "
ယခင်တုန်းက ရှင်းဟွားလေဆိပ်တွင် လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့မှ သူမနှင့် လင်းရီအား ကူညီပေးဖူးခဲ့သည်ကို သူမမှတ်မိသေးသည်။ ထိူ့ကြောင့် အခွင့်သင့်၍ တစ်ခါတည်း ပြန်ဆပ်လိုက်တော့မည်။
"အဲ့တာဆို အတည်ဖြစ်သွားပြီ...."
အုပ်စုမှာ ကျိုကျုံးဗီလာသို့ ပြန်သွားပြီး ညစာစားပွဲကိုကျင်းပလိုက်ကြသည်။ သို့သော်လည်း ကျီချင်းရန်ကို ချက်ပြုတ်ခိုင်းမည့်အစား အကင်နှင့် ဘီယာများသာ မြည်းစမ်းခဲ့ကြ၏။
ထိုညတွင် ကျီချင်းရန်ကတော့ လင်းရီတို့နှင့် ခဏတာမျှ စားသောက်ပြီးနောက် ပင်ပန်းသည်ဟု ဆိုကာ အပေါ်တက်၍ စောစီး အနားယူလိုက်သည်။ လင်းရီ၊ ချင်းဟန်နှင့် ကျန်သူများသာ အရုဏ်တက်သည်အထိ သောက်စားနေခဲ့ကြ၏။
နောက်တစ်နေ့ နံ့နက်တွင်တော့ ကျီချင်းရန်နှင့် လင်းရီအိပ်ယာမှထပြီး အလုပ်စရန် ဟန်ပြင်လေသည်။
ချင်းဟန်နှင့် ကျန်သူများကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ လင်းရီလည်း သူတို့ကို မနှောင့်ယှက်တော့ပဲ အေးဆေး အိပ်ခိုင်းလိုက်တော့၏။
"ဒေါက်တာလင်း... ဒီနေ့က ရှင် ပထမဆုံး အလုပ်စဆင်းတဲ့ နေ့ဆိုတော့ လိုက်မပို့ခိုင်းတော့ဘူးနော်... "ကျီချင်းရန်မှ ဆော့ကစားချင်နေသည့် လေသံဖြင့် ပြောလိုက်ပြီး "တော်နေကြာ နောက်ကျရင် ဘယ်ကောင်းမှာလဲ ဟုတ်တယ်မလား... "
"အေးဆေးပါ.. ဒါနဲ့ ငါ့ကို ကားကူရွေးပေးဦး...."
ချင်းရန် ကားဂိုဒေါင်ကို တစ်ချက်ကြည့်လိုက်ပြီး "ငါကတော့ ဘန်ထလေမောင်းမှာ... နင်ကတော့ ဇိမ်ခံကားတွေ မမောင်းတာပဲကောင်းမယ်... အဲ့တာတွေက အရမ်း မျက်စိစူးလွန်းတယ်... နောက်မှ ငါအချိန်တစ်ခု သပ်သပ်ရှာပြီး သာမန်ကားလေးတွေ လိုက်၀ယ်ပေးပါဦးမယ်လေ.... "
"ရပြီ.. ငါ့ရှာရီလေးနဲ့လည်း အဆင်ပြေပါတယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား ကားကိုယ်စီဖြင့် အလုပ်သို့ ဦးတည်လိုက်ကြသည်။
ကျိုးဟိုင်ရှိ အကောင်းဆုံးဆေးရုံတစ်ခု အနေဖြင့် ဟွာရှန်းဆေးရုံမှာ အတော်လေး အဆင့်မြင့်သည်ဟု ပြော၍ရသည်။
တစ်ချိန်တည်းတွင် လင်းရီ သက်ပြင်းချလိုက်၏။ သူနောက်ဆုံးတော့ ပိုကောင်းသည့် အလုပ်အကိုင်ကို လုပ်ခွင့် ရလာချေပြီ။
"ဘာတွေဖြစ်နေတာလဲဟ..."
သူဈေးတစ်ခုကို ဖြတ်နေချိန် လူအုပ်ကြီးမှာ လမ်းပိတ်ထားပြီး ရှာရီမောင်းသွားရန်ဝေးစွ၊ စက်ဘီးစီးသွားရန်ပင် လမ်းမရှိချေ။
လင်းရီ ကားထဲမှ ထွက်လာခဲ့ပြီး လူအုပ်ကြီးထံသို့ ချဉ်းကပ်လာခဲ့၏။ သူ ဖြစ်ပျက်ရသည့် အကြောင်းအရင်းကို စူးစမ်းချင်နေသည်။
"ကျေးဇူးပြုပြီး တစ်ယောက်ယောက် ကူညီပေးကြပါဦးရှင်.. ကျွန်မအဘိုး ဗိုက်အရမ်းနာပြီးတော့ မတ်တပ် တောင် မရပ်နိုင်တော့လို့ပါ.... "
သူ လမ်းလျှောက်နေတုန်း မိန်းမငယ်လေး တစ်ဦး မျက်ရည်ပေါက် ကြီးငယ်တို့ဖြင့် အော်ဟစ်အကူညီတောင်းနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမဘေးတွင်တော့ မျက်နှာဖြူဖျော့နေသည့် အဘိုးကြီးမှ နာကျင်သည့် အမူအရာဖြင့် ရှိနေပြီး သေအံ့ဆဲဆဲ ခံစားနေရပုံပင်။
"မလှုပ်နဲ့ ကျုပ်တစ်ချက် ကြည့်ကြည့်ဦးမယ်... "
လူတိုင်း ကူညီချင်သော်လည်း ဘာလုပ်ရမှန်းမသိ စဉ်းစားရကြပ်နေချိန်တွင် လူအုပ်ထဲမှ လူငယ်တစ်ယောက် ပြေး၀င်လာခဲ့၏။
လူငယ်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိပြီး မျက်မှန်တစ်လက် တပ်ဆင်ထားကာ ကျောင်းတော်သားအရှိန်အဝါတို့က သူ့အနီးတစ်ဝိုက်တွင် သင်းပျံ့နေလေသည်။
"အစ်ကို ... ကျွန်မအဘိူးကို ကယ်ပေးပါဦးရှင်... "
မိန်းကလေးမှ ငိုကြွေးလိုက်သည်။
"မပူနဲ့ ကျုပ်က ဟွာရှန်း ဆေးရုံက ဆရာ၀န်ပဲ.. ကျုပ်ကိုသာလွှဲထားလိုက်.. ဘာပြဿနာမှ မဖြစ်စေရဘူး... "
"ဟွာရှန်း ဆေးရုံက ဆရာ၀န်... "
"ဒီကောင်မလေးက အရမ်းကံကောင်းတာပဲကွ.... ဟွာရှန်းဆေးရုံဆိုတာက ကျိုးဟိုင်က အကောင်းဆုံးဆေးရုံတွေထဲက တစ်ခုပဲ.....ပြီးတော့ အဲ့ဒီက ဆရာ၀န်တွေကလည်း အရမ်းထူးချွန်ကြတာ... ကောင်မလေး အဘိူးတော့ ဒီတစ်ခေါက် လုံး၀ အိုကေပြီ... "
လင်းရီလည်း အံ့အားသင့်သွားခဲ့သည်။ သူ၏ လုပ်ဖော်က်ုင်ဖက်ကို ဤနေရာ၌ တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
"ကျေးဇူးပါပဲ အစ်ကို... "
မျက်မှန်တပ်ထားသည့် လူငယ်လေးမှာ အတော်လေး ကျွမ်းကျင်ပေသည်။ သူပထမဦးစွာ ၀မ်းဗိုက်တစ်၀ိုက်ကို နှိပ်၍ စမ်းသပ်သည်။ ထို့နောက် မျက်ခွံနှင့် လျှာကို စမ်းသပ်စစ်ဆေး၏။ နောက်ဆုံးတွင်တော့ လေးနက်နေသည့် အမူအရာဖြင့် "ဒါ အူအတက်ပေါက်တာပဲ... အရမ်း အရေးကြီးတယ်... ဆေးရုံကို မြန်မြန်ပို့မှဖြစ်မှာ .. မဟုတ်ရင် အသက်အန္တာရာယ် ရှိလာနိုင်တယ်..."
မိန်းမငယ်လေးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး သူမတတ်စွမ်းသည့် ငိုကြွေးခြင်းကိုသာ အားစိုက်၍ လုပ်ဆောင်တော့သည်။
မိန်းမငယ်လေးအတွက်တော့ ယခုလိုအခြေမျိုးတွင် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း မသိသည်မှာ သဘာ၀ပင်။
"ဟင်း.. ... ဒီလိုနေရာမျိူးမှာမှ ရောဂါထဖောက်ရတယ်လို့ကွာ..ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ...."
"စကားအပိုတွေ ပြောမနေကြနဲ့တော့ ... ကျုပ်တို့ လူနာတင်ယာဉ်ကို စောင့်လို့မရမှတော့ အဆင်ပြေတဲ့ ကားနဲ့ အဘိုးကို ဆေးရုံပို့ဖို့လိုတယ်.... " မျက်မှန်တပ်ထားသည့် လူငယ်မှ အလျင်စလို ပြောလာခဲ့၏။
၎င်းကိုကြားတော့ လူတိုင်း သဘောတူလိုက်ကြသည်။ ယင်းက လူနာတင်ယာဉ်ကို စောင့်ဆိုင်းသည်ထက် ပို၍ မြန်ဆန်ပေလိမ့်မည်။
ထို့နောက် လူတိုင်း၏ အကြည့်မှာ လင်းရီထံသို့ ကျရောက်သွားခဲ့ကြ၏။ အသီးရွက် ဈေးဖြစ်သောကြောင့် မည်သည့်ကားကမျှ မ၀င်နိုင်ချေ။ ထို့ကြောင့် သူ့ကားတစ်စီးတည်းသာလျှင် အသုံးပြု၍ရသည်။
"ညီကို... ငါ အဘိုးကို ဆေးရုံပို့ဖို့ မင်းကား ယူသုံးဦးမယ်... "
ပြောပြီးသည်နှင့်မျက်မှန်တပ်ထားသည့် လူမှာ အဘိုးကြီးကိုတွဲပြီး လင်းရီကားထဲသို့ ၀င်ဟန်ပြုသည်။
"ဘာဆိုင်လို့ ကျုပ်ကားပေးသုံးရမှာ... "