ဂူသင်္ချိုင်းအရှင်သခင်
Vol. 16 Ch. 218
ဆန်ကျန်းဟီရဲ့ သွေးတွေကို စုပ်ယူပြီးသွားတဲ့ နောက်မှာတော့ လီဝူရှုရဲ့ စွမ်းရည်က အများကြီး တိုးတက်လာပုံ ရပါတယ်။ သူ့ရဲ့ လက်သီးတစ်ချက်က ကျောက်တံခါးမကြီး ပေါ်မှာ အက်ကွဲရာတစ်ခု ဖြစ်လာ စေခဲ့တယ်လေ။
“ဘန်း“
လီဝူရှုက နောက်ထပ်တစ်ကြိမ် ကျောက် တံခါးမကြီးကို ထပ်ထိုး လိုက်ပြန်ပါပြီ။
ဒီတစ်ခါမှာတော့ အက်ကွဲရာက ၃ခုတောင် ပေါ်လာပါတယ်။
“အခြေအနေ မကောင်းတော့ဘူး။ ကျောက်တံခါးမကြီးက မကြာခင်မှာ ပျက်စီးသွားတော့မယ်"
ဖန်ကျင်းယုက စိုးရိမ်တကြီးနဲ့ ပြောလိုက်ပါတယ်။
ဒီကျောက်တံခါးမကြီး ပျက်စီးသွားတာနဲ့ သူမတို့ အတွက် ပြေးစရာ နေရာ မရှိတော့ပါဘူး။ မိစ္ဆာဝိညာဉ်တွေနဲ့ တိုက်ခိုက်ဖို့ တစ်နည်းပဲ ကျန်ပါတော့တယ်။
ဒါပေမဲ့လည်း သူမတို့က ဘယ်လိုလုပ်ပြီး ဒီမိစ္ဆာ ဝိညာဉ်ကောင် တွေကို အနိုင်ယူ နိုင်ပါမည်နည်း။
လီဖူချန်းက ကျင့်ကြံနေရာ ကနေ ထရပ်လိုက်ပြီး အားလုံးကို ကြည့်ကာ “ငါ့ဆီမှာတော့ နည်းလမ်းတစ်ခု ရှိတယ်။ ဒီနည်းလမ်းက မိစ္ဆာဝိညာဉ် တစ်ဝက်လောက်ကို ရှင်းပစ် နိုင်လိမ့်မယ်။ ကံနည်းနည်း ပိုကောင်းခဲ့ရင်တော့ မိစ္ဆာဝိညာဉ် အကုန်လုံးကိုတောင် ရှင်းပစ်နိုင်လောက်တယ်"
“ဘာနည်းလမ်းလဲ"
လီဖူချန်းရဲ့ စကားကို ကြားလိုက်ရတဲ့ အခါမှာတော့ စုမုယူက တအံ့တသြဖြင့် မေးလိုက်ပါတယ်။
ဒီမိစ္ဆာဝိညာဉ် တွေက အလွန်တရာမှ အစွမ်းထက် နေတယ်လေ။ သူမ ကိုယ်တိုင်တောင်မှ ဒီမိစ္ဆာဝိညာဉ် တစ်ကောင်ကို အသေသတ် နိုင်မလား ဆိုတာ မသိသေးပါဘူး။ လီဖူချန်းကတော့ မိစ္ဆာဝိညာဉ် တစ်ဝင်လောက်ကို အသေ သတ်နိုင်သည့် နည်းလမ်းရှိသည်တဲ့။ ဒါက သူမကို အရမ်း စိတ်ဝင်စား သွားစေပါတယ်။
လီဖူချန်းက ခေါင်းကို မော့လိုက်ပြီး ကြီးမားလှတဲ့ ဆီမီးအိမ်ကြီး တစ်ခုကို လက်ညှိုးထိုး ပြလိုက်ပါတယ်။
“ဒီဆီမီးအိမ် ထဲက မီးတောက်က အဆင့်၆ မိစ္ဆာသားရဲ ဖြစ်တဲ့ အထီးကျန် အပြာရောင် သွေးမီးတောက်ရဲ့ သွေးပဲ။ ဒီမီးတောက်က မိစ္ဆာဝိညာဉ် တွေကို သေတဲ့အထိ လောင်ကျွမ်း စေလိမ့်မယ်"
ဒီမိစ္ဆာဝိညာဉ်တွေ အသက်ရှင်စဉ်တုန်း ကတော့ သူတို့ဟာ အထီးကျန် အပြာရောင် သွေးမီးတောက် မိစ္ဆာသားရဲထက် နိမ့်ကျမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့က မိစ္ဆာဝိညာဉ် အဆင့်ပဲ ရှိပါသေးတယ်။ သူတို့ရဲ့ အစွမ်းတွေက ၁၀၀ ရာခိုင်နှုန်းအထိ ပြန်မရ နိုင်သေးပါဘူး။ ဒါကြောင့်လည်း သူတို့က လီဖူချန်းတို့ကို စားသောက်ဖို့ ပြင်နေတာပါ။
“ဒါက အထီးကျန် အပြာရောင် သွေးမီးတောက် သားရဲရဲ့ သွေးမီးတောက်လား ..."
စုမုယူက သူမရဲ့ လက်ဝါးကို အသုံးပြုပြီး မီးတောက်ကို ဆွဲယူလက်ပါတယ်။
လီဖူချန်း ဖြစ်ခဲ့သလိုပါပဲ။ သူမရဲ့ ချီအကာအကွယ်က မီးတောက်ကို ဖိလိုက်တာနဲ့ လောင်ကျွမ်း သွားခဲ့တယ်လေ။
“ပြင်းထန်လိုက်တဲ့ မီးတောက်ပါလား"
အားလုံးက တီးတိုး ရေရွတ် လိုက်ပါတယ်။
ဒီမီးတောက်က မြေကမ္ဘာအဆင့် ပညာရှင်တွေ မဆိုထားနှင့်။ ကောင်းကင်နယ်ပယ်က ပညာရှင်တွေ ကိုတောင် တစ်မုဟုတ်ချင်း သေဆုံးဒီအထိ လောင်ကျွမ်းပြာကျ သွားစေနိုင်တယ်လေ။
လီဖူချန်းက သူ့အကြံကို ဆက်ရှင်းပြလိုက်ပါတယ်။
“ဒီမိစ္ဆာဝိညာဉ် ကောင်တွေ ဝင်လာတာနဲ့ ငါတို့က မီးတောက်တွေကို သူတို့အပေါ် ဆွဲချလိုက်ရုံပဲ။ ကျန်တာကတော့ ငါတို့ရဲ့ ကုသိုလ်ကံ အပေါ်မှာ မူတည်တယ်"
“ငါထင်တာကတော့ ဒီနည်းလမ်းက အလုပ်ဖြစ်မယ် ထင်တာပဲ။ ပြီးတော့ ငါတို့ဆီမှာလည်း ဒီထက်ကောင်းတဲ့ အကြံဉာဏ် မရှိတော့ဘူး။"
စုမုယူက ခေါင်းညိတ်ပြီး လီဖူချန်းရဲ့ အကြံကို ထောက်ခံလိုက်ပါတယ်။
“ဝုန်း“
နောက်ဆုံးမှာတော့ ကျောက်တံခါးမကြီးက အပြင်က ထုရိုက်တာတွေကို မတောင့်ခံ နိုင်တော့ပဲ ပျက်စီး သွားပါတော့တယ်။ လီဝူရှုနဲ့ အခြားမိစ္ဆာ ဝိညာဉ် လေးကောင်ကတော့ အခန်းထဲကို ဝင်လာခဲ့ပါပြီ။
“မင်းတို့ ဘယ်ကို ပြေးဦးမလဲ။ ပြေးဦးလေ ..."
ဖူချောင်းရှန်က သူ့ရဲ့ ကျားလက်သည်းတွေကို ထုတ်ပြပြီး ကြောက်မယ်ဖွယ်ရာ ပြုံးပြနေပါတယ်။
လီဖူချန်းတို့ တစ်သိုက်ကတော့ ဆီမီးအိမ်တွေ ရှိရာဘက်ကို ကိုယ်စီကိုယ်စီ ဆုတ်သွားကျပြီး တစ်ယောက်နဲ့ တစ်ယောက် ခေါင်းညိတ် ပြလိုက်ကြပါတယ်။
“သတ်စမ်း"
မိစ္ဆာဝိညာဉ်၅ကောင် ကတော့ လီဖူချန်းတို့ ဆီကို ပြေးဝင် လာကျပါပြီ။
“လုပ်တော့"
မိစ္ဆာဝိညာဉ် ၅ကောင်က ဆီမီးအိမ်တွေ အောက်ကို ရောက်တဲ့ အချိန်မှာတော့ လီဖူချန်းက အချက်ပေးလိုက်ပြီး မီးတောက်တွေကို ဆွဲချလိုက်ပါတယ်။
ကျန်တဲ့လူ တွေကလည်း သက်ဆိုင်ရာ မီးတောက်တွေကို တစ်ပြိုင်တည်း နီးပါး ဆွဲချလိုက်ပါပြီ။
ဒီမီးတောက်တွေကို လီဖူချန်းတို့က မကိုင် နိုင်ပေမဲ့လည်း လေထုအရှိန်ကို အသုံးချပြီး ဆွဲချလိုက်တဲ့ အတွက် မီးတောက်တွေက သူတို့ တွက်ထားတဲ့အတိုင်း မိစ္ဆာဝိညာဉ်ကောင် တွေဆီကို ပြုတ်ကျ လာခဲ့ပါတယ်။
“မကောင်းတော့ဘူး "
ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ ကျားမိစ္ဆာ ဝိညာဉ်ကောင်က သူ့ရဲ့ အမြီးကို တစ်ချက် ပုတ်လိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်ပါတယ်။
“အား ...ပူလိုက်တာ ..."
ညီလေးလု ဆိုသည့် မြေကမ္ဘာမီးလျှံ ဂိုဏ်းသားကို အပိုင်စီးထားသည့် မိစ္ဆာဝိညာဉ်ကောင် ကတော့ အပြာရောင် မီးတောက်နှင့် တိုက်ရိုက်ထိတွေ့ သွားခဲ့ပါတယ်။ အပြာရောင်မီးတောက်က သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို မျက်စိတစ်မှိတ် အတွင်းမှာပဲ လောင်ကျွမ်း သွားစေခဲ့ပြီး ပြာအဖြစ် ပြောင်းလဲ သွားစေခဲ့ပါတယ်။
သိပ်မကြာခင် မှာတော့ ဟူဟိုင်းရှန်နဲ့ ညီလေးကျောင်းဟု ခေါ်သည့် မိစ္ဆာဝိညာဉ်ကောင်တို့ ကလည်း ပြာဖြစ်သွား ခဲ့ပါပြီ။
သူတို့ အပိုင်စီးထားသည့် ခန္ဓာကိုယ်တွေက ပြာဖြစ်သွားတဲ့ အတွက် မိစ္ဆာဝိညာဉ်ကောင် တွေကော ဒဏ်ရာရ သွားသလား ဒါမှမဟုတ် သေသွားသလား ဆိုတာကိုတော့ လီဖူချ န်းတို့ကလည်း မခန့်မှန်း နိုင်ပါဘူး။
လီဝူရှု ကတော့ အားလုံးထဲမှာ အမြန်ဆုံးပါပဲ။ မီးတောက်တွေ ကျလာတာနဲ့ တစ်ခါတည်း အဝေးကြီးကို ပျံသန်း သွားခဲ့တယ်လေ။
ဖူချောင်းရှန်ကတော့ နည်းနည်းလေး နှေးသွားခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းတစ်ဖက်ကို မီးစွဲ သွားခဲ့တယ်လေ။ ဒါပေမဲ့လည်း သူက အလျင်အမြန်ပဲ အဲဒီလက်ကို ဖြတ်ပစ် လိုက်ပါတယ်။
လီဖူချန်းရဲ့ အကြံက အောင်မြင် သွားတဲ့အတွက် စုမုယူနဲ့ အခြားသူ တွေကလည်း နည်းနည်း စိတ်သက်သာရာ ရသွားခဲ့ပါပြီ။
အခုဆိုရင်တော့ မိစ္ဆာဝိညာဉ် ၂ကောင်ပဲ ကျန်တော့သည်လေ။ ဒီ၂ကောင်လောက် ကိုတော့ သူတို့အားလုံး ဝိုင်းတိုက်ရင် အနိုင်ယူ နိုင်ပါသေးတယ်။
“မင်းတို့က အထီးကျန် အပြာရောင် သွေးမီးတောက်ရဲ့ မီးကိုသုံးပြီးတောင် ငါတို့ကို တိုက်ခိုက်လိုက်တာလား။ အောက်တန်းကျလိုက်တဲ့ လူသားတွေ ..."
ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ကောင် ကတော့ အကြီးအကျယ် ဒေါသထွက်နေတဲ့ ပုံပါပဲ။
ဒီသင်္ချိုင်းဂူထဲမှာ ရာစုနှစ်နဲ့ နေခဲ့အပြီး မှာတော့ မိစ္ဆာဝိညာဉ် ကောင်တွေက ခန်းမတွေထဲမှာ ထွန်းထားတဲ့ မီးတောက်တွေက အထီးကျန် အပြာရောင် သွေးမီးတောက် မိစ္ဆာသားရဲရဲ့ သွေးအဆီအနှစ် တွေဆိုတာကို မေ့လျော့ သွားခဲ့တယ်လေ။ ဒါကြောင့်လည်း သူတို့က အခုလို ခံလိုက်ရတာပါ။
“ငါက လီဝူရှုရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ကောင်ကို တာဝန်ယူလိုက်မယ်။ ကျန်တဲ့တစ်ကောင် ကိုတော့ မင်းတို့တွေ တာဝန်ယူလိုက် ..."
စုမုယူက သူမရဲ့ မြစိမ်းရောင် ချိတ်ကောက်ကို ဆွဲထုတ်ပြီး လျှို့ဝှက်နည်း စနစ်ကို အသက်သွင်း လိုက်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်က အလေးချိန် မရှိတဲ့ ငှက်မွေးလေး တစ်ခုလို လွင့်မျောသွားပြီး လီဝူရှုဆီကို ဦးတည် သွားခဲ့ပါပြီ။
ဒီအုပ်စု တစ်စုလုံးမှာတော့ သူမ ဒီသာလျှင် လီဝူရှုကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ် ကောင်ကို တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်နိုင်မှာပါ။ ကျန်တဲ့သူတွေ ထဲမှာတော့ လီဖူချန်း ရှိနေသည့် အတွက် စိတ်ချလို့ ရပါတယ်။
“မင်းက ငါနဲ့ တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်မယ်ပေါ့လေ"
လီဝူရှုက သူ့ရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ပြီး စုမုယူရဲ့ ချိတ်ကောက်ဓားကို ခုခံလိုက်ပါတယ်။
“မာလှချည်လား"
စုမုယူရဲ့ မျက်လုံးတွေတောင် ပြူးကျယ်သွားပါတယ်။
သူမရဲ့ ချိတ်ကောက်ဓားချက်ကို တော်ရုံ အဆင့်၃ထိပ်တန်း မိစ္ဆာသားရဲတွေ တောင်မှ မခံနိုင်ပါဘူး။ ဒါပေမဲ့ လီဝူရှုကတော့ အေးအေးဆေးဆေးပဲ ကာကွယ်လိုက်ပါတယ်။
“ရွှီး ... “
စုမုယူရဲ့ ချိတ်ကောက်ဓားချက်ကို ညာဘက်လက်နဲ့ ခုခံလိုက် အပြီးမှာတော့ လီဝူရှုရဲ့ ဘယ်ဘက်လက်က အနက်ရောင် လှံတစ်ချောင်းပမာ ပြောင်းသွားပြီး စုမုယူရဲ့ ရင်ဘတ်ထဲကို ထိုးစိုက် လာခဲ့ပါတယ်။
စုမုယူကလည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် ခေသူတော့ မဟုတ်ပါဘူး။ သူမကလည်း ကိုယ်ဖော့ပညာ ဆန္ဒကို နားလည်ပြီးထားပါပြီ။
“ဟူး“
အရိပ်တစ်ခု အဖြစ် ပြောင်းသွားပြီး စုမုယူက အနောက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း သူမက လီဝူရှုရဲ့ တိုက်ခိုက်မှု ကိုတော့ လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းလိုက်နိုင်ဟန် မတူပါဘူး။
သူမရဲ့ ရင်ဘတ်အနီး တစ်ဝိုက်က ဝတ်ရုံစတွေက စုတ်ပြဲသွားသည့် အပြင် သူမရဲ့ ဖြူဖွေးဝင်းအိ နေတဲ့ ရင်သားတွေလည်း အနည်းငယ် ပေါ်လာခဲ့ပါတယ်။ သူမရဲ့ ရင်ဘတ်ပေါ် ကနေတော့ သွေးအနည်းငယ် စီးကျလာခဲ့ပါပြီ။
“ဆောင်ကျန်းဟီရဲ့ သွေးတွေကို စုပ်ယူပြီးသွားလို့ ဒီလောက်အထိ အစွမ်းထက် လာတာလား ..."
စုမုယူက တွေးလိုက်မိပါတယ်။
စုမုယူက လီဝူရှုကို တာဝန်ယူ လိုက်တဲ့အတွက် လီဖူချန်းနဲ့ ကျန်တဲ့လူ တွေကတော့ အခြေအနေ ကောင်းနေပါတယ်။
ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ ဝိညာဉ်ကောင်က စုမုယူနဲ့ လက်ရည်တူလောက်ပဲ ရှိတာပါ။ လက်ရှိ လီဖူချန်းရဲ့ အစွမ်းကလည်း မူလ ဖူချောင်းရှန်နဲ့ လက်ရည် သိပ်မကွာသည့် အပြင် ဖန်ကျင်းဆောင်ရယ်၊ ဝေရှန်းဟီကိုပါ ထပ်အားဖြည့်ထားတဲ့ အတွက် အထက်စီးကနေ သာသာယာယာ တိုက်ခိုက် နေနိုင်ပါတယ်။
ဖန်ကျင်းယု ကတော့ သူမရဲ့ အခြေအနေကို ကောင်းကောင်း သဘောပေါက်တဲ့ အတွက် အတင်းကာရော လိုက်မတိုက်ပဲ လီဖူချန်းတို့ သုံးယာက်ကိုသာ အနောက်ကနေ ပံ့ပိုးနေပါတယ်။ သူမရဲ့ သံမဏိထီး ကလည်း ခုခံရာမှာ အတော် အသုံးဝင်တဲ့ အတွက် ထွေထွေထူးထူး စိုးရိမ်စရာတော့ မလိုပါဘူး။
“စွပ်“
ဒါပေမဲ့လည်း ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။
ဖန်ကျင်းယုရဲ့ သံမဏိထီး ထိပ်က ဖန်ကျင်းဆောင်ရဲ့ နောက်ကျောကနေ စိုက်ဝင်ပြီး ရင်ဘတ်ကနေ ပြန်ထွက် လာခဲ့ပါတယ်။
ဖန်ကျင်းဆောင်ကတော့ သွေးတွေပါးစပ် ကနေ စီးကျလာပြီး အနောက်ကို လှည်ကြည့်လိုက်ကာ
"ညီ ... ညီမလေး ... မင်းဘာဖြစ်လို့ အစ်ကို့ကို ဒီလို လုပ်ရတာလဲ ..."
ဖန်ကျင်းယုက ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် ရယ်မောလိုက်ပြီး
“ညီမလေး ဟုတ်လား။ ဘယ်သူက မင်းရဲ့ ညီမလေးလဲ ..."
လီဖူချန်းက စိတ်ထဲမှာ စိမ့်ခနဲ ဖြစ်သွားပြီး
“သူမက မိစ္ဆာဝိညာဉ်ရဲ့ အပိုင်စီးမှုကို ခံလိုက်ရပြီ"
လီဖူချန်း စိုးရိမ်နေတဲ့ အရာကတော့ တကယ် ဖြစ်လာခဲ့ပါပြီ။ အစောပိုင်း ကတည်းက ဒီအထီးကျန် အပြာရောင် သွေးမီးတောက်က မိစ္ဆာဝိညာဉ် တွေကိုကော လောင်ကျွမ်းစေပါ့မလား ဆိုပြီး သံသယဝင် နေခဲ့တာပါ။
“ဟား … ဟာ ... မင်းကော သေလိုက်တော့"
ဖူချောင်းရှန်ကို တိုက်ခိုက်နေတဲ့ ဝေရှန်းဟီကလည်း လီဖူချန်းဆီကို လှည့်လာပြီး အစိမ်းရောင် အမြီးနဲ့ ရိုက်ထည့်လိုက်ပါတယ်။
လီဖူချန်းက အရိပ်မဲ့ ခြေကွက်ကို ထုတ်သုံးလိုက်ပြီး ရှောင်တိမ်းလိုက်ပါတယ်။
“ဝေရှန်းဟီကော အပိုင်စီး ခံလိုက်ရပြီလား ..."
လီဖူချန်းရဲ့ စိတ်တွေက ခဲတစ်လုံး ဆွဲခံလိုက်ရသည့် အလား လေးလံ သွားခဲ့ပါပြီ။
သူက မိစ္ဆာဝိညာဉ်တွေ ခန္ဓာကိုယ်ကို ဘယ်လို အပိုင်စီးသလည်း ဆိုတာကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ စိတ်ဝိညာဉ် စွမ်းအားနဲ့ သက်ဆိုင်နေမယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ဖန်ကျင်းယုနဲ့ ဝေရှန်းဟီတို့ နှစ်ယောက် မိစ္ဆာဝိညာဉ်တွေ အပိုင်စီးခြင်း ခံလိုက်ရတဲ့ အချိန်မှာ ဖန်ကျင်းဆောင်က မိစ္ဆာဝိညာဉ်တွေရဲ့ အပိုင်စီးခြင်း မခံရသေးတာပါ။
အစတုန်း ကတော့ မိစ္ဆာဝိညာဉ်တွေက ၂ကောင်ပဲ ကျန်နေတော့တာကို အခုထပ်ပြီး နောက်ထပ်၂ကောင် တိုးလာပြန်ပါပြီ။ နောက်ထပ်တစ်ကောင်ကလည်း ဘယ်အချိန်မှာ ဖန်ကျင်းဆောင်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ထွက်လာဦးမယ် မသိသေးပါဘူး။ အခြေအနေ ကတော့ လုံးဝကို အဆိုးဆုံး ဖြစ်သွားခဲ့ပါပြီ။
“ငါတို့ ဘာဆက်လုပ် ကြမလဲ"
လီဖူချန်းက ကိုယ်ဖော့ပညာကို အစွမ်းကုန် သုံးနေရင်းနဲ့ စုမုယူကို အော်ပြောလိုက်ပါတယ်။
အခုချိန်မှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကိုယ်ဖော့ပညာ ကလည်း အရင်ကထက် ပိုကောင်း လာခဲ့ပါပြီ။
“အခွင့်အရေး ရှာပြီး ပြေးတော့ "
စုမုယူက လီဖူချန်းရဲ့ နားထဲကို လျှို့ဝှက်အသံ ပို့လိုက်ပါတယ်။
သူတို့ နှစ်ယောက်စလုံးရဲ့ ကိုယ်ဖော့ပညာ တွေက တော်တော်လေး ကောင်းနေတဲ့ အတွက် ကိုယ်လွတ်ရုန်း ထွက်ပြေးမယ် ဆိုရင်တော့ ဖြစ်နိုင်ပါသေးတယ်။
လီဖူချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ သူက ထွက်မပြေး ချင်ဘူးလေ။
သူက ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုကို အခုလိုထားပြီး ထွက်မသွားရက်ပါဘူး။
ဒါပေမဲ့လည်း သူကိုယ်တိုင်တောင်မှ သူ့အသက်ကို အာမ မခံနိုင်သေး ပါဘူးလေ။
“ပြေးတော့ "
စုမုယူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပဲ ထွက်ပေါက်ကို ပြေးထွက် သွားပါတော့တယ်။
“ဟူး“
အဲဒီအချိန် မှာပဲ မိစ္ဆာဓာတ် ပါသည့် လေပွေတစ်ခုက အခန်းတွင်းကို တိုက်ခတ်လာခဲ့ပါတယ်။
အဲဒီလေပွေ နဲ့အတူ အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင် လူကြီးတစ်ယောက်ရဲ့ အရိပ်က ပါလာပါသေးတယ်။
စုမုယူက ကွက်ခနဲ မျက်နှာပျက်သွားပြီး အခန်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။
“သခင် "
မိစ္ဆာဝိညာဉ်တွေ အားလုံးက မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး အရိုအသေ ပေးလိုက်ကြပါတယ်။
***