← Chapters

အကျိုးအမြတ်

Vol. 21 Ch. 285

အကျိုးအမြတ်

Vol. 21 Ch. 285

မြေပြင်တွင် မိစ္ဆာအရိုးများနှင့် ပြည့်နေသည်။

လူတိုင်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး နှလုံးသားထဲမှာ ထိန်းချုပ်မရသောခံစားချက်များ ပေါ်ထွက်လာကြသည်။

အကယ်၍ ဟန်မူယဲ့က အစွမ်းကုန်ထုတ်မသုံးခဲ့လျှင် ဤနေရာတွင် မိစ္ဆာအရိုးများနှင့် ပြည့်မနေဘဲ ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများနှင့် ပြည့်နေပေလိမ့်မည်။

ယနေ့တွင် အင်မော်တယ်ဟန်က အားလုံးကို ကယ်တင်ခဲ့သည်။

ထို့နောက် သူက သေမျိုးတစ်ယောက် ဖြစ်သွားခဲ့သည်။

“အင်မော်တယ်ဟန်၊ ကျွန်မက ရှင့်ကို အံ့ဖွယ်ကိုးပါးတောင်အထိ လိုက်ပို့ပါ့မယ်”

ဝမ်ယွဲ့က ရှေ့တိုးလာပြီး တီးတိုးပြောသည်။

သူမပြောပြီးသွားသောအခါတွင် နောက်ထပ်အသံတစ်သံ ထွက်လာသည်။

“ငါကလည်း အစ်ကိုဟန်ကို အံ့ဖွယ်ကိုးပါးတောင်ဆီရောက်အောင် လိုက်ပို့မယ်”

“အင်မော်တယ်ဟန်နဲ့အတူ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လိုက်ခဲ့ပါ့မယ်”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သော်လည်း လမ်းလျှောက်ရာမှ မရပ်တန့်ပါ။ သူက တည်ငြိမ်စွာပြောသည်။

“ငါက အားလုံးရဲ့ကြင်နာမှုကို အလေးထားပါတယ်။ ဒါပေမဲ့ တောင်ကိုပြန်ဖို့ မင်းတို့ရဲ့အကူအညီကို လိုအပ်နေတဲ့အခြေအနေအထိ မရောက်သေးဘူး”

“ကောင်းကောင်းလေ့ကျင့်ကြ။ ဂိုဏ်းကိုးဂိုဏ်းက အဆင့်ပြန်စီရင် ငါက မင်းတို့နဲ့ယှဉ်ပြိုင်လိမ့်မယ်”

ဂိုဏ်းကိုးဂိုဏ်း၏ အဆင့်သတ်မှတ်ချက်နေ့…

ထိုနေ့က သိပ်မဝေးတော့ပေ။ ယခုအချိန်တွင် ဟန်မူယဲ့က ကျင့်ကြံခြင်းအားလုံး ဆုံးရှုံးသွားသည်။ ထိုအချိန်သို့ရောက်လျှင် သူက အဆင့်နိမ့်တပည့်များ၏ တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်လောက်ပေ။

သို့သော်လည်း ယခုအချိန်တွင် သူ့ကို မလေးစားသောလူ မရှိပေ။

သူ့ကျင့်ကြံဆင့်ကို ဆုံးရှုံးမသွားလျှင် သူ့ဓားချက်ကို‌ တောင့်ခံနိုင်သောလူ မရှိပေ။

သူက မိစ္ဆာကို ဆန့်ကျင်တိုက်ခိုက်ပြီး ဓားဆန္ဒနှစ်ဆယ်ကျော်ကို ထုတ်မသုံးခဲ့လျှင် သူ့ကို တိုက်ခိုက်ရဲသောလူ မရှိပေ။

သူက ဝိညာဉ်လိပ်ပြာဓားကို ကုန်ဆုံးသွားအောင် ထုတ်မသုံးခဲ့လျှင် ကောင်းကင်ဘုံအဆင့်အောက်တွင်ရှိသောလူများက သူ့ရှေ့တွင်ရပ်နေရန် အဆင့်မမီပေ။

ထိုအရာက ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။

သေခြင်းရှင်ခြင်းက ပေါ့ပါးပြီး ဂုဏ်သိက္ခာနှင့်အရှက်တရားက နှလုံးသားထဲတွင်ရှိသော ဓားအတွက်ဖြစ်သည်။

ထိုဓားချက်နှင့်အတူ သူက နောင်တများမရှိတော့ပါ။

“အင်မော်တယ်ဟန်၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲနေ့မှာ မင်းနဲ့ရင်ဆိုင်တွေ့ခဲ့ရင် ငါ သွမ့်ရီဟုန်က မင်းကို မတိုက်ခိုက်ဘူး”

အဖြူရောင်ဝတ်စုံဖြင့် လူငယ်က ရှေ့ထွက်လာပြီး ဦးညွှတ်သည်။

သွမ့်ရီဟုန်…

အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်…

အင်မော်တယ်ဟန်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု တွေးထားခဲ့သော ပါရမီရှင်…

“အင်မော်တယ်ဟန်၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲနေ့မှာ ငါ စွန်းဂျိက မင်းကို မတိုက်ခိုက်ဘူး”

“အင်မော်တယ်ဟန်၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲနေ့မှာ ငါ လောတောက်ယန်က မင်းကို အနိုင်ပေးမယ်”

“အင်မော်တယ်ဟန်၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲနေ့မှာ ငါက မင်းကို အရင်ဆုံးအရှံးပေးမယ်”

....

အသံများ ပဲ့တင်ထပ်လာသည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် ပါဝင်ရန်အဆင့်မီသော လက်ရွေးစင်များက ပြောပြီးသားစကားကို ပြန်လည်ရုတ်သိမ်းမည် မဟုတ်ပေ။

ဟန်မူယဲ့က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲနေ့အတွက် ရာချီ‌သောအနိုင်ပွဲများကို ကြိုတင်ရရှိခဲ့သည်။

သူ့နောက်တွင်ရှိသော အားပေးသံများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးပြီး သေရည်အိုးတစ်လုံးကို ထုတ်ယူသည်။ သူက အဆို့ကိုဖွင့်လိုက်ပြီး သေရည်တစ်ငုံသောက်သည်။

သေရည်က ချိုမြိန်ပြီး ရှင်းလင်းနေသည်။ သူ့ပါးစပ်ထဲမှတစ်ဆင့် အစာအိမ်ထဲသို့ရောက်သွားသည်။ သေရည်က ပူလောင်နေသည်။

“အစ်ကိုဟန်”

ထန်ယွမ်ဟောင်၏အသံ ထွက်ပေါ်လာသည်။

သူက လျင်မြန်စွာရှေ့တက်လိုက်ပြီး ဦးညွှတ်သည်။

“အစ်ကိုဟန်ကို ကျွန်တော်နဲ့ အကြီးအကဲကျိုးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအထိ စောင့်ရှောက်ပေးပါ့မယ်”

သာမန်လူသားများအတွက် မိုင်သောင်းချီခရီးကို ဖြတ်သန်းရန်မဖြစ်နိုင်ပေ။

ထို့အပြင် လမ်းတွင် ဟန်မူယဲ့ကိုတိုက်ခိုက်ရန် ချောင်းမြောင်းနေသောလူများ ရှိနေဦးမည်။

ထန်ယွမ်ဟောင်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က နောက်လှည့်ကြည့်သည်။ သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သောအခါတွင် မိစ္ဆာအရိုးတချို့ ပေါ်ထွက်လာသည်။

“မင်းအတွက်”

ထန်ယွမ်ဟောင်သည် တစ်ကိုယ်လုံးတုန်ခါသွားပြီး အရိုးများကို ဖမ်းယူသည်။

ထိုအရာက မိစ္ဆာကြီးတစ်ကောင်၏ ကျောက်စိမ်းအရိုးများဖြစ်သည်။

မိုင်ငါးထောင်အတွင်းတွင်ရှိသော ပြန့်ကျဲနေသည့်အရိုးများက စွမ်းအားသိပ်မရှိပေ။ အရည်အသွေးကောင်းသောအရိုးများ အနည်းငယ်သာရှိသည်။

ထိုကျောက်စိမ်းအရိုးများနှင့်ယှဉ်နိုင်သော အရိုးတစ်ရိုးပင် မရှိနိုင်ပေ။

“ကျိုးယွင်လုံ၊ နေမင်းရောင်ဝါနန်းတော်ဟောင်းမှာ အင်အားစုတစ်ခု တည်ထောင်ပြီး လမ်းကြောင်းကိုသိမ်းဆည်းထားဖို့ ထန်ယွမ်ဟောင်ကိုကူညီပေးလိုက်ပါ”

“ငါက မင်းဆီကို တစ်ယောက်ယောက်လွှတ်လိုက်မယ်။ အနာဂတ်မှာ မင်းတို့ရဲ့ ပန်းပွင့်ရွက်ကြွေခန်းဆောင်က သင့်တော်တဲ့ ဆေးလုံးနဲ့ဓားရောင်းဝယ်ရေးကို ပြုလုပ်ရမယ်”

ဟန်မူယဲ့က ထန်ယွမ်ဟောင်ကိုလှည့်ကြည့်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းနားလည်လား”

ထန်ယွမ်ဟောင်က မော့ကြည့်လိုက်ပြီး ဟန်မူယဲ့၏မျက်လုံးများကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။

နက်ရှိုင်းပြီး ဉာဏ်ပညာနှင် ပြည့်စုံခြင်း…

တစ်ချက်အကြည့်ကြောင့် သူက မျောပါသွားရသည်။

သူသတိပြန်ဝင်လာသောအခါတွင် ဟန်မူယဲ့ ထွက်သွားခဲ့ပြီဖြစ်သည်။

“အစ်ကိုဟန်၊ သူ ....”

ထန်ယွမ်ဟောင်က လက်ထဲမှာ ကျောက်စိမ်းအရိုးများကိုကိုင်ထားပြီး တီးတိုးရေရွတ်သည်။

“သခင်က ထွက်သွားပြီ”

ကျိုးယွင်လုံက သူ့ကိုကြည့်သည်။

“အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်က ကျင့်ကြံခြင်းအပေါ်မှာပဲ မှီခို‌နေတာမဟုတ်ဘူးဆိုတာကို မင်းသိဖို့လိုတယ်”

“သူတို့မှာ ကျင့်ကြံခြင်းမရှိရင်တောင် အကြည့်တစ်ချက်နဲ့ တစ်ယောက်ယောက်ကို သတ်နိုင်တယ်”

“အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖျူးရှပ်တာအိုမှာ ဝမ်မော့ရှန့်က မိုင်သောင်းချီအကွာကနေ စုတ်တံတစ်ချက်လှုပ်လိုက်ရုံနဲ့ ကမ္ဘာကြီးကို ပြိုလဲသွားစေနိုင်တယ်”

“အဲဒါက အစစ်အမှန်ကျင့်ကြံသူပဲ”

ကျိုးယွင်လုံ၏မျက်လုံးများက တောက်ပနေသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောကက ကျဆင်းနေတာ အရမ်းကြာပြီ။ သခင့်ရဲ့လက်ထဲမှာ ပြန်ပြီး ရှင်သန်လာနိုင်တယ်”

ထို့နောက် ကျိုးယွင်လုံက လက်ကိုဝှေ့ယမ်းလိုက်ပြီး‌ ပြောသည်။

“သွားကြစို့။ ငါက မင်းကို နေမင်းရောင်ဝါနန်းတော်ဟောင်းဆီ‌ ခေါ်သွားမယ်”

....

ထိုအချိန်တွင် ဟန်မူယဲ့က ခြေလျင်လျှောက်မနေပေ။

သူသည် သင်္ဘောပျံပေါ်မှာ ထိုင်နေသည်။

သင်္ဘောပျံကို ထိန်းချုပ်နေသောလူမှာ ကျောက်တုံးသုံးတုံးစံအိမ်၏ အကြီးဆုံးတပည့်ဖြစ်သူ ကျောက်ဖူဖြစ်သည်။

သင်္ဘောပျံ၏ဘေးနှစ်ဖက်မှာ ပေတစ်ရာရှည်လျားသော သင်္ဘောပျံနှစ်စင်း ရှိနေသည်။

ထိုသင်္ဘောပျံများပေါ်တွင် ကြီးမားသော ဓားအလင်းအမှတ်အသားရှိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း…

“စီနီယာအစ်ကိုဟန်၊ ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တာ်က အရာအားလုံးကို ဖြေရှင်းလိုက်ပါ့မယ်”

ကျောက်ဖူအသံက အခန်း၏အပြင်ဘက်မှာ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး လက်မြှောက်သည်။ သူ့ရှေ့မှာ ဝင်္ကပါပြားတစ်ခုပေါ်လာသည်။

ချီစွမ်းအင်အလင်းတစ်ခုနှင့်အတူ ဝင်္ကပါပြားသည် ရွှေအလင်းလွှာတစ်ခုကိုထုတ်ပေးပြီး အာရုံခံနိုင်စွမ်းများကို တားဆီးလိုက်သည်။

“ဒီကလေးရဲ့ကျင့်ကြံခြင်းက အားကုန်သွားခဲ့ပြီမဟုတ်လား။ သူက ဘယ်လိုလုပ်ပြီး ဝင်္ကပါကို အသက်သွင်းနိုင်ရတာလဲ”

သင်္ဘောပျံတစ်စင်းပေါ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျန်းကျစ်ဟယ်က ခေါင်းခါလိုက်ပြီး နတ်အာရုံကို ရုတ်သိမ်းသည်။

သူက ဟန်မူယဲ့ကို အမြဲတမ်း ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။

နတ်အာရုံကိုတားဆီးထားသော ဝင်္ကပါပြားအတွင်း၌ ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။

တာအိုဆရာတယန်က သူ့ဘေးမှာပေါ်လာပြီး ပုံကျသွားသည်။

“မင်း မြန်မြန်လုပ် .... ငါ‌တောင့်မခံနိုင်တော့ဘူး ....”

တအိုဆရာတယန်၏မျက်နှာက နီရဲနေပြီး တုန်ခါနေသောအသံဖြင့် ပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လက်မြှောက်သည်။

တာအိုဆရာတယန်၏ခန္ဓာကိုယ်ထဲမှ ဓားဆေးလုံးလေးလုံးထွက်လာသည်။

အနက်ရောင်ဓားငယ်က သူ့ဆံပင်ကြားသို့ ပြန်ဝင်သွားသည်။

ဟန်မူယဲ့သည် ဓားဆေးလုံးလေးလုံးကို ကိုင်ထားပြီး ဓားအလင်းတစ်ခုမှာ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

ထိုသို့ဖြင့် စွမ်းအားလှိုင်းများက ပြန်လည်စီးဝင်လာသည်။

ဓားဆေးလုံးထဲတွင် ကောင်းကင်မိစ္ဆာ၏စွမ်းအားများအားလုံးနှင့် မရေမတွက်နိုင်လောက်သောဝိညာဉ်များ၏ လက်ဆောင်ပါနေသည်။ ထိုစွမ်းအားက အလွန်သန်မာပြီး များပြားလွန်းသောကြောင့် တာအိုဆရာတယန်က တောင့်မခံနိုင်တော့ပါ။

ဓားဆေးလုံးများက အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။

“ဒီတစ်ကြိမ်မှာ မင်းက ဆုံးရှုံးရပြီထင်နေတာ။ တကယ်တော့ အကျိုးအမြတ်အများဆုံးရတဲ့လူက မင်းဖြစ်နေတယ်”

ဓားအလင်း၊ ရွှေအလင်းများဖြင့် လွှမ်းခြုံထားသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တာအိုဆရာတယန်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ပြောသည်။

သူက မိစ္ဆာအရိုးတစ်ရိုးကို လှမ်းယူလိုက်ပြီး စွမ်းအားများကို ဖြည်းဖြည်းချင်းသန့်စင်နေသည်။

ဓားဝိညာဉ်များကလည်း ကျင့်ကြံနိုင်သည်။

ဟူး…

ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ ဓားမြည်သံများထွက်လာသည်။

မီးမျိုးဆက်ဓားဆန္ဒ…

ကုန်ဆုံးသွားသော ဓားမာန်ဟုန်က ပြန်ရောက်လာသည်။

ဓားဆန္ဒများအားလုံးက ဓားချည်မျှင်တစ်ခုအဖြစ် စုစည်းသွားသည်။

သို့သော်လည်း ထိုဓားချည်မျှင်က လောကတွင်ရှိသော ဓားကျင့်ကြံသူများအားလုံး တောင့်တနေသော အခြေအနေဖြစ်သည်။

ဓားချည်မျှင်က အလွန်အသေးစိတ်ကျသည်။

ထိုဓားအလင်းမျိုးက ကြယ်များနောက်သို့ လိုက်သွားနိုင်သည်။

ကောင်းကင်မိစ္ဆာတွင် အစစ်အမှန်ခန္ဓာကိုယ်မရှိပေ။ ကောင်းကင်မိစ္ဆာသည် ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ အရိုးများကို စုစည်းထားခြင်းဖြစ်သည်။ ဟန်မူယဲ့၏ဓားချက်က အရာအားလုံးကို သုံးစွဲလိုက်ပုံပေါ်သော်လည်း သူက အစွမ်းကုန်အသက်သွင်း၍ ပြန်လည်ဆွဲထုတ်ခဲ့ခြင်းဖြစ်သည်။

အားလုံးပေါင်း ဓားချည်မျှင် ၂၃ခုနှင့် ဓားမာန်ဟုန်နှစ်ခု ရှိသည်။ ပျောက်ဆုံးသွားသောအရာ မရှိပေ။ သူတို့က ယခင်ထက် အဆပေါင်းတစ်ရာခန့် သိပ်သည်းသောပုံစံဖြင့် ချီပင်လယ်ထဲသို့ ပြန်သွားကြသည်။

ဝုန်း...

သွားစွယ်နှင့် လက်သည်းများကိုထုတ်ပြထားသော သားရဲပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲ၌ ပေါ်လာသည်။ သားရဲက ပါးစပ်ကိုဖွင့်လိုက်ပြီး စိတ်နယ်ပယ်ကို ဖျက်ဆီးပစ်လိုနေသည်။

ထိုအရာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကောင်းကင်မိစ္ဆာကျင့်ကြံခဲ့သော ဝိညာဉ်စွမ်းအားဖြစ်သည်။

ဓားဆေးလုံးလေးလုံးက အားကောင်းလှသော ကောင်းကင်မိစ္ဆာ၏ဝိညာဉ်စွမ်းအားကို နုတ်ယူခဲ့သည်။

ထိုအရာက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများအားလုံး လိုချင်တပ်မက်ကြသော ရတနာဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင်ရှိသော မရေမတွက်နိုင်လောက်သည့်ရွှေအလင်းများက ချိန်းကြိုးများအဖြစ်ပြောင်းပြီး သားရဲပုံရိပ်ကို ချဉ်နှောင်လိုက်သည်။

သမာဓိစွမ်းအား…

ဟန်မူယဲ့က သမာဓိစွမ်းအားကိုအသုံးပြုပြီး ပျက်စီးဝိညာဉ်စွန့်ပစ်မြေ၏ ကောင်းကင်မိစ္ဆာထိန်းချုပ်ထားသော ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများအားလုံးကို နိုးထစေခဲ့သည်။ သူက မရေမတွက်နိုင်လောက်‌သော အငြိုးအတေးများကို သန့်စင်ခဲ့သောကြောင့် ချက်ချင်းဆိုသလိုပဲ ကွန်ဖျူးရှပ်တာအို၏ ဆရာသခင်တစ်ဝက်အဆင့် ဖြစ်လာသည်။

အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖျူးရှပ်တာအိုကျင့်ကြံခြင်းက စာဖတ်နိုင်၊ စာရေးနိုင်သော လူငယ်ကျောင်းသားတစ်ယောက်အဖြစ်မှ စတင်သည်။ ထို့နောက် အခြေခံအဆင့်ကျောင်းတော်သား၊ အထက်တန်းအဆင့်ကျောင်းတော်သား၊ ကွန်ဖျူးရှပ်တာအိုဆရာ၊ ကွန်ဖျူးရှပ်တာအို ဆရာသခင်၊ ကွန်ဖျူးရှပ်တာအို သူတော်စင်တစ်ဝက်အဆင့်နှင့် နောက်ဆုံးတွင်တော့ ဝမ်မော့ရှန်ကဲ့သို့ အစစ်အမှန်သူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင်ရှိသော သမာဓိစွမ်းအားက ကျောင်းတော်သားအဆင့်ကိုကျော်ဖြတ်ပြီးကွန်ဖျူးရှပ်တာအိုဆရာ အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။ ထို့ကြောင့် သူက ဆရာသခင် တစ်ဝက်အဆင့် ဖြစ်လာသည်။

အလယ်ပိုင်းကုန်းမြေ၏ ရှုရှီမြို့တော်ဝန် စုကျီကျန်းသည် ကွန်ဖျူးရှပ်တာအို၏ ဆရာသခင်တစ်ဝက်အဆင့်ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေတစ်ခုလုံးတွင် ကွန်ဖျူးရှပ်တန်ခိုးရှင်တစ်ယောက်အနေဖြင့် ဆရာသခင်တစ်ဝက်အဆင့်အထိရောက်အောင် ကျင့်ကြံပြီး စီရင်စုတစ်ခုကို အုပ်ချုပ်ရသောလူက ရှားပါးသည်။

ကျယ်ပြန့်ပြီး အဆုံးမရှိသော သမာဓိချီများက လှိုင်းထန်နေပြီး စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။ ထို့‌နောက် သားရဲပုံရိပ်ကို နစ်မြှုပ်ပစ်လိုက်ပြီး ိညာဉ်လိပ်ပြာဓားချီအဖြစ် ပြောင်းလဲနေသည်။

All Chapters