နှစ်ကိုယ်တူကျင့်ကြံမလား
Vol. 21 Ch. 286
များပြားလှသောဝိညာဉ်စွမ်းအားများနှင့် ဝိညာဉ်လိပ်ပြာဓား မည်မျှစုစည်းနိုင်မည်ဖြစ်ကြောင်း မသိနိုင်ပေ။
ဝိညာဉ်လိပ်ပြာဓားက ပြန်လည်ဖြစ်ပေါ်လာသည်။ ချီပင်လယ်ထဲတွင် ဓားဆန္ဒများ ပြန်ရောက်လာသည်။ သမာဓိချီက ဆရာသခင်တစ်ဝက်အဆင့်သို့ ရောက်သွားသည်။ ယခုအချိန်တွင် ဟန်မူယဲ့သည် ကောင်းကင်ကို ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားပုံပေါ်သည်။
သို့သော်လည်း မပြီးသေးပေ…
အဝါဖျော့ရောင်အလင်းလုံးတစ်လုံးက ကျောက်စိမ်းအရိုးများထဲမှ ထွက်ပေါ်လာပြီး ဟန်မူယဲ့၏အရှေ့မှာ လွင့်မျောနေသည်။ ထို့နောက် သူ့ကို လွှမ်းခြုံလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးရဲ့လက်ဆောင်၊ ကမ္ဘာမြေစွမ်းအားလိုက်ဖက်ညီမှုက အဆုံးစွန်အထိထွက်လာတာပဲ”
တာအိုဆရာတယန်က အဝါဖျော့ရောင်အလင်းကို အားကျစိတ်များနဲ့ကြည့်သည်။
“မင်းကို သခင်အဖြစ်အသိအမှတ်ပြုအောင် ငါ့ကို တွန်းအားပေးနေတာမဟုတ်လား”
ပျက်စီးဝိညာဉ်စွန့်ပစ်မြေသို့ အဘယ်ကြောင့် တခြားလူများ မကျူးကျော်ခဲ့သနည်း။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကပင် ထိုနေရာသို့ မသွားချင်ပေ။
ကောင်းကင်မိစ္ဆာက မိုင်သောင်းချီပတ်လည်တွင်ရှိသော ကောင်းကင်နှင့်မြေကြီးကို စွန်းထင်းအောင်လုပ်ထားသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအား လစ်ဟင်းနေသည်။
ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် ပိုမိုသန်မာသောကျင့်ကြံသူက ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုနှင့် လိုက်ဖက်ညီရန် ပိုမိုခက်ခဲလာသည်။
တာအိုကို အာရုံမခံနိုင်ခြင်းက ကျင့်ကြံသူကြီးများအတွက် အလွန်ကြောက်စရာကောင်းသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည်အထိ ပျက်စီးဝိညာဉ်စွန့်ပစ်မြေကို ကောင်းကင်မိစ္ဆာက အပိုင်စီးထားပြီး တိုက်ခိုက်လာသူမရှိခဲ့ပေ။
ဟန်မူယဲ့က ကောင်းကင်မိစ္ဆာကိုသတ်ဖြတ်ပြီး စွန်းထင်းနေသောလောကကို ဖျက်ဆီးခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တာအိုစွမ်းအားများက စွန့်ပစ်မြေသို့ ပြန်ရောက်လာခဲ့သည်။
အပြန်အလှန်အနေဖြင့် ကောင်းကင်တာအိုက ဟန်မူယဲ့အား မြေဓာတ်မျိုးဆက်နှင့် ပြီးပြည့်စုံသောလိုက်ဖက်ညီမှုကို ပေးအပ်ခဲ့သည်။
အနာဂတ်တွင် သူက မြေအမျိုးအစားကျင့်ကြံခြင်းနည်းစနစ်ကို အတားအဆီးမရှိဘဲ ကျင့်ကြံနိုင်ရုံတင်မကဘဲ မြေပြင်ပေါ်၌ ရပ်နေသောအခါတွင် ကောင်းကင်တာအို၏ကောင်းချီးပေးခြင်းကို ခံရပေမည်။
ထို့အပြင် ကျင့်ကြံခြင်း၊ ရတနာရှာဖွေခြင်း စသည်တို့မှာ စိတ်ကူးမယဉ်နိုင်လောက်သော အကျိုးအမြတ်များ ရလာလိမ့်မည်။
အရိုးရှင်းဆုံးဖြစ်ရပ်ကတော့ ခြေထောက်က မြေကြီးနှင့်ထိနေလျှင် ခန္ဓာကိုယ်က ရှုံးနိမ့်သွားမည် မဟုတ်ပေ။
မိုင်ငါးထောင်ပတ်လည်ကို ဖျက်ဆီးနိုင်သောခွန်အားမရှိလျှင် ဟန်မူယဲ့၏ ရုပ်ခန္ဓာခုခံမှုကို ချိုးဖျက်နိုင်သူမရှိပေ။
အလွန်သန်မာသောခန္ဓာကိုယ်၊ ဆရာသခင်တစ်ဝက်အဆင့်ကျင့်ကြံခြင်း၊ သန့်စင်သောဓားဆန္ဒများ…
စိတ်နယ်ပယ်ထဲတွင် ဒုတိယမြောက် ဝိညာဉ်လိပ်ပြာဓားက စုစည်းလာခဲ့သည်။ သို့သော်လည်း ကောင်းကင်မိစ္ဆာ၏ဝိညာဉ်စွမ်းအားက အားကောင်းနေဆဲဖြစ်သည်။
ထိုအရာများအားလုံးက ဟန်မူယဲ့၏ အကျိုးအမြတ်ဖြစ်သည်။
ကျင့်ကြံခြင်းလောကက သာမန်လူသားလောကနှင့် ကွာခြားမှုမရှိပေ။ အရာအားလုံးသည် အခွင့်အရေးနှင့် ကြွယ်ဝမှုအပေါ်မှာပဲ မူတည်နေသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
သူက ကြွယ်ဝမှုများကို ထုတ်ပြမည်မဟုတ်ဟု ပြောခဲ့သည်။
ဤတစ်ကြိမ်တွင် သူက ခွန်အားကို အပြည့်အဝထုတ်ပြလိုက်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ထိတ်လန့်စေခဲ့သည်။ သူ့နာမည်က ပဲ့တင်ထပ်နေသည်။
အနာဂတ်တွင် သူက တိုက်ခိုက်နိုင်လျှင်ပင် မတိုက်ခိုက်တော့ပါ။
မဟုတ်လျှင် ထိုလူများက ကြောက်ရွံ့နေပေလိမ့်မည်။
သူ့တွင် အချိန်ပိုရှိလျှင် လူတချို့ကိုကျော်ဖြတ်သွားနိုင်ရန် လွယ်ကူပေလိမ့်မည်။
ဟန်မူယဲ့က ညင်သာစွာအသက်ရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင်ရှိသော ချီစွမ်းအင်အလင်းများကို ဖျောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံးက လူသားလောကအငွေ့အသက်များဖြင့် လွှမ်းခြုံသွားသည်။
လူသားလောကမန္တန်…
သူက ကွန်ဖျူရှပ်တာအို ကျင့်ကြံခြင်းနည်းစနစ်နှင့် မရေမတွက်နိုင်လောက်သော အငြိုးအတေးများကို သန့်စင်လိုက်သောအခါတွင် ပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။
ကံမကောင်းစွာဖြင့် သူက ကွန်ဖျူးရှပ်တာအိုအကြောင်းကို သိပ်နားမလည်ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းနည်းစနစ်၏ လက္ခဏာရပ်ကိုမသိဘဲ စောင့်ကြည့်နေရန်သာ တတ်နိုင်သည်။
အနာဂတ်တွင် အလယ်ပိုင်းကုန်းမြေတွင်ရှိသော ကွန်ဖျူးရှပ်စာအုပ်တချို့ရှာပြီး လေ့လာကြည့်ရမည်။
ခုန်းချောင်တိသည် ကွန်ဖျူးရှပ်တာအိုကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ကျင့်ကြံခြင်းက ကျောင်းတော်သားအဆင့်သို့ မရောက်သေးသော်လည်း သိပ်မဝေးတော့ပေ။ သူအချိန်ရလျှင် ခုန်းချောင်တိနှင့် ဆွေးနွေးနိုင်သည်။
ဤတစ်ကြိမ် သန့်စင်ခြင်းပြီးသွားသောအခါတွင် ဟန်မူယဲ့၏ စိတ်ကျင့်ကြံခြင်းက အားကောင်းသောအဆင့်တစ်ခုသို့ ရောက်သွားသည်။
အနည်းဆုံးတော့ ကမ္ဘာမြေ ရွှေအမြုတေအဆင့်သို့မရောက်ခင်အထိ စိတ်နှလုံးမတည်ငြိမ်ခြင်းကို ဂရုစိုက်စရာမလိုတော့ပေ။
ဟန်မူယဲ့က ကျင့်ကြံခြင်းပြီးဆုံးသွားသောအခါတွင် တာအိုဆရာတယန်၏လက်ထဲတွင်ရှိသော ကျောက်စိမ်းအရိုးက သန့်စင်ခံလိုက်ရသည်။
တာအိုဆရာတယန်က လှည့်ကြည့်လိုက်သောအခါတွင် ပြုံးပြနေသောဟန်မူယဲ့ကို မြင်ရသည်။
“တာအိုဆရာတယန်၊ အရင်က ဘာပြောခဲ့တာလဲ”
သူက ဓားချက်ဖြင့် ကောင်းကင်မိစ္ဆာကိုမသတ်မီ တာအိုဆရာတယန်က သူသေမသွားခဲ့လျှင် သူ့ကို သခင်အဖြစ်အသိအမှတ်ပြုမည်ဟု ပြောခဲ့သည်။
တာအိုဆရာတယန်က ဓားဆေးလုံး၏ဝိညာဉ်ဖြစ်သည်။ သူက ဓားဆေးလုံးထဲသို့ပြန်ဝင်သွားလျှင် ဓားဆေးလုံးက ဓမ္မရတနာဖြစ်သွားပေမည်။
ဓမ္မရတနာအဖြစ်ပြောင်းလဲသွားသော ဓားဆေးလုံးက ကျိုးယွင်လုံ၏ တိမ်တိုက်နဂါးဓားထက် ပိုမိုသန်မာသည်။
“ဟုတ်တယ်။ နောက်တစ်ခါမှ ပြောကြရအောင်”
တာအိုဆရာတယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး လေပြေလေညင်းတစ်ခုအဖြစ်ပြောင်းကာ ဟန်မူယဲ့၏နောက်သို့ ရောက်သွားသည်။
သူက ဟန်မူယဲ့၏ဓားဆေးလုံးလေးလုံးကြောင့် အဝေးသို့မသွားနိုင်ပေ။
သို့သော်လည်း သူ့ဓားတာအိုက ကျောက်တုံးနှင့်မြေကြီးမျိုးဆက်ဖြစ်ပြီး လက်ရှိတွင် ဟန်မူယဲ့နှင့် အလွန်လိုက်ဖက်ညီသည်။
တာအိုဆရာတယန်က ခေါင်းရှောင်သွားကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။
တာအိုဆရာတယန်က အနည်းငယ်တစ်ကိုယ်ကောင်းဆန်သော်လည်း အသက်စွန့်၍တိုက်ခိုက်ရန် နှစ်ကြိမ်တိတိ ကြိုးစားပေးခဲ့သည်။
သူက အလျင်မလိုပေ။ အနာဂတ်တွင် သူ့ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းတိုးလာလျှင် တာအိုဆရာတယန်ကို အလိုလျောက်ထိန်းချုပ်နိုင်ပေလိမ့်မည်။
ထို့အပြင် သူက အနာဂတ်တွင် ဓားဆေးလုံးများ ပိုရလာလိမ့်မည်။ သူက ကျောက်စိမ်းအပျိုစင်ကို ရခဲ့လျှင် တာအိုဆရာတယန်ကို သေချာပေါက်ထိန်းချုပ်နိုင်လိမ့်မည်။
သူက ဝင်္ကပါပြားကို သိမ်းလိုက်သောအခါတွင် တိုက်ခတ်လာသော လေပြေလေညင်းတစ်ခုကို ခံစားလိုက်ရသည်။
သင်္ဘောပျံက အနည်းငယ်တုန်ခါပြီး ရပ်တန့်သွားသည်။
ဟန်မူယဲ့က အခန်းထဲမှထွက်လာသောအခါတွင် လေထုထဲမှာရပ်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။
တစ်ယောက်သည် အစိမ်းရင့်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီး သစ်သားတုတ်တစ်ချောင်းကိုင်ထားသည်။ နောက်တစ်ယောက်ကတော့ ခရမ်းရောင်ဆံပင်ရှည်များ ရှိနေသည်။
သူတို့သည် စပါးစိမ်းတောင်ကုန်း၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာမူကျင်းနှင့် မိစ္ဆာမလေးထန်ထန်ဖြစ်သည်။
သင်္ဘောဦးထိပ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတချို့က သတိထား၍ မတ်တပ်ရပ်နေကြသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ မဟာအကြီးအကဲကျန်းကျစ်ဟယ်၏မျက်နှာထားက လေးနက်နေပြီး ခန္ဓာကိုယ်ပေါ်တွင် တိမ်တိုက်များလှုပ်ရှားလာသည်။
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ရှေ့တိုးပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
“အကြီးအကဲမူကျင်းနဲ့ တာအိုရောင်းရင်ထန်ထန်ပဲ”
မူကျင်းက ခေါင်းညိတ်ပြီး ထန်ထန်က ဟန်မူယဲ့ကိုကြည့်နေသည်။
“ငါတို့က ပျက်စီးဝိညာဉ်စွန့်ပစ်မြေကို သွားနေခဲ့တာ။ နင်က ဓားတစ်ချက်နဲ့ မိစ္ဆာကိုသတ်လိုက်တယ်။ အဲဒါကြောင့် နင့်ကိုပဲ လာကြည့်တာ”
မူကျင်းက ဟန်မူယဲ့ကိုကြည့်ပြီး ညင်သာစွာပြောသည်။
“အင်မော်တယ်ဟန်က ငါ့အကူအညီကိုများ လိုအပ်နေလားမသိဘူး”
ဟန်မူယဲ့၏ကျင့်ကြံခြင်းက အားနည်းနေကြောင်း သူမ ပြောနိုင်သည်။
အားကောင်းသော ကျင့်ကြံဆင့်ကိုအသုံးချ၍ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နှစ်ပေါင်းများစွာကြာအောင်စိုးမိုးနေသော ကောင်းကင်မိစ္ဆာကို သတ်ဖြတ်ခဲ့သည်။ သူ့စွန့်လွှတ်မှုက လေးစားထိုက်သည်။
တခြားလူများက ထိုသို့ မလုပ်နိုင်လောက်ပေ။
တစ်ကိုယ်ကောင်းမဆန်ဘဲ နှလုံးသားရှိသောကျင့်ကြံသူများ မည်မျှရှိသနည်း။
သူတို့က ကိုယ်ပိုင်အကျိုးအမြတ်ကိုစတေးခြင်းထက် တခြားလူများကိုသာ ထိခိုက်စေပေလိမ့်မည်။
ဟန်မူယဲ့သည် စပါးစိမ်းတောင်ကုန်း၏ မူကျင်းနှင့် သစ်ပင်မိစ္ဆာများအတွက် အသက်သခင်ကျေးဇူးရှင် ဖြစ်ရုံတင်မကဘဲ အလွန်အရေးကြီးသော စီးပွားဖက်လည်းဖြစ်သည်။
ထို့ကြောင့် ဟန်မူယဲ့က ပျက်စီးဝိညာဉ်စွန့်ပစ်မြေသို့ သွားနေကြောင်း သိလိုက်ရသောအခါတွင် မူကျင်းက ထန်ထန်နှင့်အတူ ပြေးလာခဲ့သည်။
သို့သော်လည်း စပါးစိမ်းတောင်ကုန်းက ဝေးကွာလွန်းသည်။ သူတို့က နီးကပ်လာသောအခါတွင် ဟန်မူယဲ့က ကျင့်ကြံခြင်းကို အသုံးပြု၍ မိစ္ဆာကို သတ်ခဲ့ပြီး အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်သွားခဲ့သည်။
တိုက်ဆိုင်စွာဖြင့် လမ်းတစ်ဝက်မှာပင် သူတို့ တွေ့လိုက်ရသည်။
“အမ်၊ အင်မော်တယ်ဟန်၊ ရှင်အဆင်ပြေရဲ့လား”
ထန်ထန်က စိုးရိမ်စွာဖြင့် တီးတိုးပြောသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။
“အကြီးအကဲမူနဲ့ တာအိုရောင်းရင်ထန်ထန်တို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
“အခုအချိန်မှာတော့ အကူအညီမလိုသေးပါဘူး”
ဟန်မူယဲ့က မူကျင်းကို ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါဆက်ပြောသည်။
“ကျွန်တော်တို့ရဲ့ သဘောတူညီမှုက ဆက်ရှိနေတုန်းပါပဲ။ အခွင့်အရေးရှိလာရင် အကြီးအကဲကို အကူအညီတောင်းပါ့မယ်”
မူကျင်းက ပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီး ခေါင်းညိတ်သည်။
ထန်ထန်က ဟန်မူယဲ့ကိုကြည့်သည်။
“ကျွန်မ ဒီမှာနေပြီး ရှင့်ကို ကုသပေးရမလား”
“ကျွန်မက ရှင်နဲ့ နှစ်ကိုယ်တူကျင့်ကြံရင် ရှင့်ကို ကူညီပြီး ကုသပေးနိုင်မယ်လို့ အဘွားလန်က ပြောတယ်။ ရှင်က နှစ်ကိုယ်တူကျင့်ကြံနည်းကိုတော့ သိတယ်မဟုတ်လား”
သင်္ဘောဦးထိပ်တွင် ကျောက်ဖူက ပြုံးလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
တခြားသင်္ဘောပျံပေါ်တွင်ရှိသော လူအိုကြီးများကလည်း ဟန်မူယဲ့ကိုကြည့်သည်။
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူပြောသည်။
“မလိုအပ်ပါဘူး။ ထန်ထန်က အဘွားလန်နဲ့အတူပြန်သွားပြီး ကောင်းကောင်းကျင့်ကြံနေပါ”
“အခွင့်အရေးရှိရင် မင်းကို လာတွေ့ပါ့မယ်”
‘ငတုံးမလေး၊ လူအများကြီးရှေ့မှာ တူနှစ်ကိုယ်ကျင့်ကြံခြင်းအကြောင်းကို ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ’
‘ငါ့မျက်နှာကို ဂရုစိုက်ရဦးမယ်လေ’
‘နှစ်ကိုယ်ကြားပြောရင်တော့ ကြိုးစားကြည့်လို့ရမယ် ....’
ဟန်မူယဲ့က ငြင်းလိုက်သောအခါတွင် ထန်ထန်က ခေါင်းငုံ့သွားပြီး ရေရွတ်သည်။
“အိုး”
မူကျင်းက အစိမ်းရောင်ချီစွမ်းအင်ဖြင့် သူတို့နှစ်ယောက်ကို လွှမ်းခြုံလိုက်သည်။
“အားလုံးပဲ၊ နောက်ကျမှတွေ့မယ်”
ထို့နောက် သူမတို့က လေပြင်းတစ်ခုအသွင်ပြောင်းပြီး ပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံအဆင့်မိစ္ဆာက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သောင်းကျန်းနိုင်စွမ်းရှိသည်။
မူကျင်းထွက်သွားသောအခါတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကျွမ်းကျင်သူများက စိတ်သက်သာရာရသွားသည်။
မူကျင်းသည် ကောင်းကင်ဘုံအဆင့်ဖြစ်သည်။
ကျန်ကျစ်ဟယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းခါ၍ အခန်းထဲသို့ဝင်သွားသည်။
ကျောက်ဖူက နောက်လှည့်ကြည့်ပြီး ပြောသည်။
“ညီလေးဟန်၊ အဲဒီအခွင့်အရေးက ရှားပါးတယ်နော်။ တကယ်စိတ်မဝင်စားဘူးလား။”
‘ခင်ဗျားကပဲ မလုပ်နိုင်တာ’
ဟန်မူယဲ့က သူ့ကိုဂရုမစိုက်တော့ဘဲ အခန်းထဲသို့ ပြန်ဝင်သွားသည်။
ကျောက်ဖူက ရယ်လိုက်ပြီး သင်္ဘောပျံကို ဆက်လက်ထိန်းချုပ်သည်။
ဤတစ်ကြိမ်တွင် လမ်းတစ်လျှောက် အတားအဆီးများမရှိတော့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အင်မော်တယ်ဟန်ကို ဂိုဏ်းသို့ပြန်လာရန် ကြိုဆိုနေကြောင်း လူတိုင်းသိထားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အဓိကဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်မဟာအကြီးအကဲကို မည်သူက တားဆီးရဲမည်နည်း။
ဟန်မူယဲ့အတွက် အကျိုးဆောင်ပေးချင်သောလူများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သင်္ဘောပျံများကို မြင်လိုက်ရသောအခါတွင် လက်လျော့လိုက်သည်။
သင်္ဘောပျံက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နယ်မြေထဲသို့ရောက်လာသောအခါတွင် ကျင့်ကြံသူအများအပြားက ကောင်းကင်ပေါ်သို့ပျံတက်လာပြီး အစောင့်အနေဖြင့် သင်္ဘောပျံနောက်မှ ခဏတာလိုက်လာခဲ့သည်။
ဟန်မူယဲ့က အခန်းထဲမှထွက်လာပြီး ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို လက်သီးဆုပ်၍ နှုတ်ဆက်ခဲ့သည်။
“လုယန်ဓားဂိုဏ်းရဲ့ ရှောက်ပေါ်ထောင်နဲ့ တပည့်တွေက အင်မော်တယ်ဟန်ကို ကြိုဆိုပါတယ်”
“သဲ့ယွီတာအိုဂိုဏ်းရဲ့ ဇူအော်ယုစွန်းက အကြီးအကဲတွေနဲ့အတူ အင်မော်တယ်ဟန်ကို ကြိုဆိုပါတယ်”