အစွမ်းထက်လွန်းသည့် အသိစိတ်အာရုံ
Vol. 16 Ch. 221
အလွန်အစွမ်းထက် လွန်းသည့် အသိစိတ်ကို ပိုင်ဆိုင်ထားတဲ့ အတွက် ဘာအကျိုး ကျေးဇူးတွေ ရလာနိုင်မလဲ။
ရလာနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ ပြောလို့ မကုန်အောင်ပါပဲ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု တွေက အရင်ကထက် ပိုကောင်းလာမယ်။ ပြီးတော့ လီဖူချန်းရဲ့ စဉ်းစားတွေးခေါ်မှု အပိုင်းကလည်း အရင်ကထက်တောင် ထောင်စေ့ လာပါဦးမယ်။
လီဖူချန်းက ရုတ်တရက် မျက်လုံး ဖွင့်လာပါတယ်။
“ဂုဏ်ယူပါတယ် သခင် ..."
လီဖူချန်းတစ်ယောက် မျက်လုံး ဖွင့်လာတာကို မြင်လိုက်တာနဲ့ မိစ္ဆာဝိညာဉ် တွေက တစ်ညီတစ်ညာတည်း ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။
လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က ထွက်နေတဲ့ ချီအရှိန်အဝါ တွေက သူတို့သခင်ရဲ့ ချီအရှိန်အဝါ တွေနှင့် မတူညီ ပေမဲ့လည်း မိစ္ဆာဝိညာဉ် တွေက သူတို့သခင် မကျရှုံးနိုင်ဘူးဟု အပိုင် တွက်ထားပါတယ်။
လီဖူချန်းကတော့ အနိမ့်အမြင့် မရှိသည့် လေသံဖြင့်
“မင်းတို့ရဲ့ သခင်က သေသွားပြီ “
“မင်းက ငါတို့ရဲ့သခင် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ..."
မိစ္ဆာဝိညာဉ်ကောင် တွေက မယုံကြည် နိုင်သည့် ဟန်ဖြင့် လီဖူချန်းကို ကြည့်နေပါတယ်။
သခင်က သေသွားပြီလား။
သခင်ချန်ထားတဲ့ အစစ်အမှန် ဝိညာဉ်က တိုက်ပွဲဝိညာဉ် နယ်ပယ်ပညာရှင် ထက်တောင် အစွမ်းထက် သေးတယ်လေ။ ဘယ်လိုလုပ်ပြီး မြေကမ္ဘာနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးတဲ့ အချိန်မှာ သေသွားရတာလဲ။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးရင်တောင် သခင့်ရဲ့ အစစ်အမှန် ဝိညာဉ်အတွက် ပြဿနာ မဟုတ်ဘူးလေ။
“သေစမ်း"
လီဝူရှုနဲ့ ဖူချောင်းရှန်ကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ် တွေက တစ်ပြိုင်နက်ထဲ တိုက်ခိုက်လိုက်ပါတယ်။
“ထန်“
ဓားရောင် တစ်ချက်က လက်ခနဲ ဖြစ်သွားပြီး လီဝူရှုနဲ့ ဖူချောင်းရှန်တို့ရဲ့ တိုက်ခိုက်မှု တွေကို ပျက်စီး စေခဲ့ပါပြီ။
လီဝူရှုနဲ့ ဖူချောင်းရှန်တို့က နွံအိုင်ကြီးတစ်ခု ထဲမှာ နစ်မြုပ်နေသည့် အလား ခံစား နေရတယ်လေ။ အဲဒါကြောင့် သူတို့တွေက လက်ရှိအစွမ်းရဲ့ ၃၀ရာခိုင်နှုန်း လောက်ကိုပဲ ထုတ်သုံး ခဲ့နိုင်ပါတယ်။ ဒါကြောင့်လည်း လီဖူချန်းက သူတို့ရဲ့ တိုက်ခိုက်မှု တွေကို အလွယ်တကူ ဖျက်ဆီး သွားနိုင်ခဲ့တာပါ။
အစွမ်းထက်လှတဲ့ အသိစိတ် အာရုံက လီဖူချန်းကို တစ်ဖက်ရန်သူ တွေရဲ့ တိုက်ခိုက်မှု လားရာကို ကြိုတင်သိမြင် စေခဲ့ပါတယ်။ အဲဒီအတွက် လီဖူချန်းက မိစ္ဆာဝိညာဉ်ကောင် တွေရဲ့ သိုင်းကွက်တွေကို အဆုံးထိ ထုတ်ခွင့်မပေးပဲ ကြားဖြတ်တိုက်ခိုက် လိုက်တာပါ။
“ငါတို့နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှု ကိုတောင် ခုခံနိုင်တာလား"
ဖူချောင်းရှန်က ထိတ်လန့်သွားပါတယ်။ သူ လီဖူချန်းရဲ့ စွမ်းရည်ကို ကောင်းကောင်းကြီး သိထားတယ်လေ။ ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက်အထိ အစွမ်းထက် လာရတာပါလိမ့်။
“ရွှပ် … ရွှပ် ... “
ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းက ခုခံတဲ့နေရာ အပြင် တိုက်ခိုက်တဲ့နေရာ မှာလည်း အသုံးဝင်ပါတယ်။
ဓားချက်က ကိုးကြိမ်တိတိ ဆင့်ကဲ ပြောင်းလဲပြီးရင်တေ့ာ တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှု အားတွေအပေါ် အမှီပြုပြီး တန်ပြန် သက်ရောက်စေပါတယ်။ တစ်ဖက်ရန်သူရဲ့ ထုတ်သုံးတဲ့ အား များလေလေ တန်ပြန် သက်ရောက်မှုက ပိုပြင်းထန် လေလေပါပဲ။
ဓားအလင်းတန်း နှစ်ခုက အချင်းချင်း အမှီအခို ပြုလာရင်းနဲ့ လီဝူရှုနဲ့ ဖူချောင်းရှန်တို့ကို ခုတ်ဖြတ် သွားခဲ့ပါတယ်။ အဲဒီဓားချက်က သူတို့ရဲ့ သွေးတွေကိုတောင် ဖြာခနဲ ပန်းထွက် လာစေပါသေးတယ်။
“ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက် လာရတာလဲ"
လီဝူရှုနဲ့ ဖူချောင်းရှန်တို့ နှစ်ယောက်စလုံးက ကြောင်ပြီး ရပ်ကြည့် နေကြပါပြီ။
သူတို့က လီဖူချန်းရဲ့ အသိစိတ် အာရုံ တိုးတက်ပြောင်းလဲ လာတာကို ဘယ်လိုလုပ်ပြီး သိနိုင်ပါမည်နည်း။
လီဖူချန်းရဲ့ ဓားသိုင်းကတော့ ဘာမှ ထူးထူးခြားခြား မတိုးတက် လာခဲ့ပါဘူး။ ဒါပေမဲ့ လီဖူချန်းရဲ့ တိုက်ခိုက်ပုံက အရင်ကထက်ပိုပြီး တိကျသေသပ် လာခဲ့ပါတယ်။ လီဖူချန်းရဲ့ အသိစိတ်အာရုံက သူတတ်မြောက်ထားသည့် ပညာရပ်တွေကို ဘယ်နေရာတွေမှာ ဘယ်လို အသုံးချရမလည်း ဆိုတာကို ညွှန်ပြနေသည်လေ။ အဲဒီအချက်က လီဖူချန်းကို အရင်ကထက် နှစ်ဆလောက် ပို အစွမ်းထက်လာ စေပါတယ်။
မိစ္ဆာဝိညာဉ် နှစ်ကောင်ကို ခုခံအပြီး မှာတော့ လီဖူချန်းက နှောင့်နှေးမနေပဲ ဆက်တိုက် တိုက်ခိုက် လိုက်ပါသေးတယ်။ သူ့ရဲ့ မီးတောက်ကြယ် ဓားကွက်က ဖူချောင်းရှန် ဆီကို တိုးဝင် သွားခဲ့ပါပြီ။ သူ့ဓားကနေ ထွက်လာတဲ့ မီးတောက်ကြယ်တိုင်းက ကိုယ်ပိုင်အသိစိတ် ရှိသည့် ပုံစံမျိုးဖြင့် ဖူချောင်းရှန်ရဲ့ ဟာကွက်တွေထဲကို တိုးဝင်သွားပြီး ဒဏ်ရာ အများအပြား ရစေခဲ့ပါတယ်။
လီဖူချန်းရဲ့ ဓားချက်က ရေစီးသလို အဆက်အပြတ် ဝင်လာနေတဲ့ အတွက် ဖူချောင်းရှန်ကို ဝင်စီးထားတဲ့ ဝိညာဉ်က ခန္ဓာကိုယ် ထဲကနေ ထွက်ပြီး ပျောက်ကွယ် သွားခဲ့ပါတယ်။
“ငါမြင်နေရပါလား"
လီဖူချန်းက အံ့သြ သွားခဲ့ပါတယ်။
အစောပိုင်းတုန်း ကတော့ သူက ဒီမိစ္ဆာ ဝိညာဉ်တွေကို လုံးဝမမြင် နိုင်ခဲ့ဘူးလေ။ အခုတော့ သူက မိစ္ဆာဝိညာဉ် ဘယ်ကို ထွက်ပြေးသွားသလည်း ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို မြင်တွေ့ နေရပါတယ်။ ဒါက စိတ်ဝိညာဉ်နယ်ပယ် ထဲမှာ တွေ့ခဲ့တဲ့ အရည်စက်လေးကို သောက်မိလိုက်လို့ များလား။
ဒီလို မြင်ရလိမ့်မယ်လို့ လီဖူချန်းက လုံးဝ မမျှော်လင့် ထားခဲ့မိပါဘူး။
အခုတော့ မိစ္ဆာဝိညာဉ် တွေကို မြင်နေရပြီ ဆိုတော့ အရာရာက ပိုပြီး လွယ်ကူ သွားခဲ့ပါပြီ။
“မင်းက ဘယ်ပြေးချင်တာလဲ”
လီဖူချန်းက မျောလွင့်ဓားသိုင်းကို သုံးပြီး မိစ္ဆာဝိညာဉ်ကို ပိုင်းပစ် လိုက်ပါတယ်။
မိစ္ဆာဝိညာဉ် တွေက သာမန် တိုက်ခိုက်မှုမျိုးကို ဆိုရင် မမှုပါဘူး။ ဒါပေမဲ့ သူတို့က ပညာရပ်ဆန္ဒ တွေကိုတော့ အလွန်ကြောက်ပါတယ်။
လီဖူချန်းရဲ့ မျောလွင့်ဓားဆန္ဒက မိစ္ဆာဝိညာဉ်ပေါ်ကို ကျရောက်သွားတဲ့ အခါမှာတော့ အဲဒီမိစ္ဆာဝိညာဉ်က တွန့်လိမ်ရှုံ့တွ သွားခဲ့ပါတယ်။
လီဖူချန်းရဲ့ ဓားဆန္ဒက မိစ္ဆာဝိညာဉ်ကို ထိခိုက်စေခဲ့တယ် ဆိုတာကတော့ သိသာ နေခဲ့ပါပြီ။
ဒါပေမဲ့လည်း လီဖူချန်း တစ်ယောက်တည်းနဲ့ ဒီမိစ္ဆာဝိညာဉ်တွေ အကုန်လုံးကို အချိန်တို အတွင်းမှာ ရှင်းပစ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။
“ငါ့ရဲ့ အသိစိတ် အာရုံကို စမ်းကြည့်ဦးမှ"
လီဖူချန်းက သူ့ရဲ့ ဓားပုံသဏ္ဌာန် အသိစိတ် ပုံရိပ်ကို ထုတ်ပြီး မိစ္ဆာဝိညာဉ်ကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။
“အား"
မိစ္ဆာဝိညာဉ်က အရောင်မှိန် ဖျော့သွားပြီး ပေါက်ကွဲထွက်သွားပါတယ်။
“အလုပ် ဖြစ်သားပဲဟ"
လီဖူချန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပြန်ရလာပါပြီ။
သူ့ရဲ့ အသိစိတ် အာရုံပုံရိပ်က မိစ္ဆာဝိညာဉ် တွေကို သုတ်သင် ပစ်နိုင်မယ်လို့ လီဖူချန်းက သေချာပေါက်ကြီးတော့ မယုံကြည် ထားဘူးလေ။ သူက စမ်းသပ်ရုံ စမ်းသပ်ကြည့် လိုက်တာပါ။
ဂူသင်္ချိုင်း ပိုင်ရှင်ရဲ့ အစစ်အမှန် ဝိညာဉ် သူ့စိတ်ဝိညာဉ် နယ်ပယ်ထဲကို ဝင်လာတုန်းက တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံ အရတော့ အသိစိတ် အာရုံပုံရိပ်က ဝိညာဉ်တွေကို တိုက်ခိုက်နိုင်တယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အသိစိတ် အာရုံပုံရိပ်ကို အသုံးပြုပြီး အပြင်မှာ လက်တွေ့တိုက်ခိုက် တာကတော့ ဒီတစ်ကြိမ်က ပထမဆုံးပါပဲ။
ရလဒ်ကတော့ စိတ်ကျေနပ်စရာ ကောင်းခဲ့ပါတယ်။
ဒါပေမဲ့ လီဖူချန်းမသိတာ တစ်ခုကတော့ သာမန်လူတစ်ယောက်ရဲ့ အသိစိတ်အာရုံက မိစ္ဆာ္တဝိညာဉ်တွေကို မထိခိုက်စေနိုင်ဘူး ဆိုတာပါပဲ။ လီဖူချန်းရဲ့ အသိစိတ်အာရုံက အရည်စက်လေးရဲ့ သန့်စင်ပေးမှုကြောင့်သာ အခုလို မိစ္ဆာဝိညာဉ်တွေအပေါ်ကို သက်ရောက်စေတာပါ။
အခြာသော မိစ္ဘာဝိညာဉ်တွေကတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံက မိစ္ဆာဝိညာဉ်တစ်ကောင်ကို သတ်ပစ်လိုက်နိုင်တယ်ဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ကျန်နေသေးတဲ့ ခန္ဓာကိုယ်၃ခု ထဲကို ပြေးဝင်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက ဒီကောင်တွေကို ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးမည်နည်း။
လီဖူချန်းရဲ့ အသိစိတ် အာရုံက ဓားသုံးလက် အဖြစ် ပြောင်းသွားပြီး မိစ္ဆာဝိညာဉ် ၃ကောင်စလုံးကို ဖုန်မှုန့်ဘဝကို ပြောင်းသွားစေပါပြီ။
ကျန်နေသေးတာ ဆိုလို့ လီဝူရှုကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ပဲ ရှိပါတော့တယ်။
“ဟူး … “
လီဝူရှုက ခန်းမအပြင်ကို ထွက်ပြေးဖို့အတွက် လေထဲကို ပျံတက်လိုက်ပါတယ်။
“မင်းက ဘယ်ကို သွားချင်တာလဲ"
လီဖူချန်းရဲ့ အသိစိတ် အာရုံက ဓားကြီးတစ်လက် အသွင်ပြောင်းသွားပြီး ခုတ်ပိုင်းချ လိုက်ပါတယ်။
ဒါပေမဲ့လည်း လီဝူရှုက ဘာမှ မဖြစ်ပဲ ဆက်ပြီး ပျံသန်းနေပါတယ်။
“ကြည့်ရတာ ငါ့ရဲ့ အသိစိတ် အာရုံက ဝိညာဉ်တွေကိုပဲ တိုက်ခိုက်လို့ ရတာထင်တယ်။ သူတို့က ခန္ဓာကိုယ် တစ်ခုခုထဲ ဝင်လိုက်ရင်တော့ မထိခိုက် စေတော့ဘူး”
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံ အကြောင်းကို နားလည်သွားပါပြီ။ ထို့နောက်မှာတော့ သူက ကိုယ်ဖော့ပညာ သုံးပြီး လီဝူရှုနောက်ကို လိုက်သွားပါတယ်။
သူတို့နှစ်ယောက်စလုံး ခန်းမထဲက ထွက်သွားအပြီး မှာတော့ ဖန်ကျင်းယု၊ ဖန်ကျင်းဆောင်၊ ဝေရှန်းဟီနဲ့ စုမုယူတို့က သတိရ လာကြပါပြီ။
“ဘာတွေ ဖြစ်ခဲ့တာလဲ” ဖန်ကျင်းယုကတော့ ကြောင်တောင်တောင် ဖြစ်နေဆဲပါပဲ။
“လီဖူချန်း ဘယ်ရောက် သွားတာလဲ"
စုမုယူကတော့ လီဖူချန်း ပျောက်နေတာကို သတိထား မိလိုက်ပါတယ်။
သူမ နောက်ဆုံး မှတ်မိတာကတော့ သင်္ချိုင်းဂူ ပိုင်ရှင်ရဲ့ အစစ်အမှန် ဝိညာဉ် ထွက်ပေါ်လာပြီး သူမရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားတာပါပဲ။ အဲဒီနောက်က အဖြစ်အပျက် တွေကိုတော့ သူမကိုယ်တိုင်လည်း မမှတ်မိတော့ပါဘူး။
ခန်းမအပြင်ဘက် မှာတော့ လီဝူရှုက လျင်မြန်စွာ ပျံသန်းပြီး ထွက်ပြေး နေပါတယ်။ သူ့ရဲ့ နောက်မှာတော့ လီဖူချန်းက ဓားကိုဆွဲကာ ထက်ကြပ်မကွာ လိုက်နေဆဲပါပဲ။
“ဆင်းလာခဲ့စမ်း"
လီဖူချန်းက မီးတောက်ကြယ် ဓားချီတွေကို ပစ်လွှတ်လိုက်ပါတယ်။ သူ ပစ်လွှတ်လိုက်တဲ့ မီးတောက်ကြယ် ဓားချီတွေက ကိုယ်ပိုင် အသိစိတ် ရှိသည့်ပုံဖြင့် လီဝူရှုရဲ့ နောက်ကျောကို တိုးဝင် သွားခဲ့ပါတယ်။ လီဝူရှုရဲ့ နောက်ကျောမှာတော့ ကြက်ဥ အရွယ်အစား လောက်ရှိသည့် ဒဏ်ရာတွေ အများအပြား ဖြစ်ပေါ်လာခဲ့ပါပြီ။
“လခွီးပဲကွာ"
လီဝူရှုက ထွက်ပြေးနေလို့ မဖြစ်တော့ဘူး ဆိုတာကို ရိပ်မိလိုက်ပါတယ်။ သူသာ ဒီအတိုင်း ဆက်ပြေးနေမယ် ဆိုရင်တော့ လီဖူချန်းက အနောက်ကနေ ပျော်ပျော်ကြီး မီးတောက်ကြယ် ဓားချီတွေကို ပစ်လွှတ်ပြီး လိုက်နေမှာပါ။
လီဝူရှုက ပြေးနေရာကနေ ပြန်လှည့်လိုက်ပြီး လီဖူချန်း ဆီကို ထိုးဆင်း လာခဲ့ပါတယ်။
လီဝူရှုကို အပိုင်စီးထားတဲ့ မိစ္ဆာဝိညာဉ်ရဲ့ ရည်ရွယ်ချက်က လီဖူချန်းနဲ့ သူသေကိုယ်သေ တိုက်ဖို့ပါပဲ။
ဒီခန္ဓာကိုယ် ထိခိုက်သွားလည်း မိစ္ဆာဝိညာဉ် အတွက်ကတော့ ဘာမှ မဖြစ်ပါဘူး။ သူက နောက်ထပ် ဝင်ကစွပ် ခန္ဓာကိုယ် တစ်ခုကို ယူလို့ ရသေးတယ်လေ။ ဒီတိုက်ခိုက်မှုက လီဖူချန်းကို ဒဏ်ရာရ သွားစေရင်တော့ သူ့အတွက် မဟာ အခွင့်အရေးကြီး တစ်ရပ်ပင် မဟုတ်ပါလား။
နှမြောစရာ ကောင်းတာကတော့ လီဖူချန်းက သူ့ရဲ့ တိုက်ခိုက်မှု ရည်ရွယ်ချက်ကို ခန့်မှန်းမိ နေတာပါပဲ။ လီဖူချန်းရဲ့ အသိစိတ် အာရုံက နောက်ဆက်တွဲ ဖြစ်လာမယ့် တိုက်ခိုက်မှု တွေကိုတောင် ကြိုတင်တွက်ချက် ပေးထားပြီးပါပြီ။ လီဖူချန်းက လီဝူရှုရဲ့ တိုက်ကွက်ကို ဆုံးအောင်တောင် ထုတ်ခွင့် မပေးလိုက်ပါဘူး။ သူက ကြားဖြတ်ပြီး တိုက်လိုက်ပါတယ်။
“ရွှပ် “
ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး နောက်မှာတော့ လီဝူရှုရဲ့ ဦးခေါင်းက ပျံတက် သွားခဲ့ပါပြီ။
မိစ္ဆာဝိညာဉ် တစ်ခုက လီဝူရှုရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာပါတယ်။
“သေစမ်း"
လီဖူချန်းက မိစ္ဆာဝိညာဉ် ထွက်လာတာကို စောင့်နေတာပါ။ သူ့ရဲ့ အသိစိတ် အာရုံက လက်ကြီးတစ်ခု အဖြစ် ပြောင်းသွားပြီး မိစ္ဆာဝိညာဉ်ကို ချေမွ ပစ်လိုက်ပါတယ်။
“ဟူး ..."
နောက်ဆုံး ကျန်နေတဲ့ မိစ္ဆာဝိညာဉ်ကို သတ်ပစ်ပြီးမှသာ လီဖူချန်းလည်း သက်ပြင်းချ နိုင်ပါတော့တယ်။
ဒီမိစ္ဆာဝိညာဉ် တွေက အဆင့်၆မိစ္ဆာ သားရဲတွေရဲ့ ဝိညာဉ်တွေ ဖြစ်တဲ့အတွက် ကြီးထွားခွင့် ပေးလိုက်လို့ မဖြစ်ပါဘူး။ ဒီကောင်တွေသာ မူလအဆင့်ကို ပြန်ရောက်သွားရင် သေမယ့်သူက သူဖြစ်သွားမှာပါ။
လီဖူချန်းက လီဝူရှုရဲ့ သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး ကျောက်တုံးခန်းမ ဘက်ကို ပြန်ဦးတည် လိုက်ပါတယ်။
ကျောက်တုံးခန်းမ ထဲမှာတော့ လူအားလုံးက အနားယူ နေပါတယ်။
“လီဖူချန်း ... မင်းလား ..."
ဖန်ကျင်းဆောင်က လီဖူချန်းကို တွေ့လိုက်တာနဲ့ မရေရာသည့် ပုံဖြင့် မေးလိုက်ပါတယ်။
“ဒါပေါ့ကွ ... ငါက လီဖူချန်းမှ လီဖူချန်းအစစ် ..."
လီဖူချန်းက ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
“အစောပိုင်းတုန်းက ဘာတွေ ဖြစ်သွားတာလဲ"
စုမုယူကလည်း ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို မသိသည့် ပုံပင်။
လီဖူချန်းက ခေါင်းခါလိုက်ပြီး
“ငါလည်း ဘာမှ သေချာမသိဘူး။ ငါသတိရလာတော့ ဒီလို ဖြစ်နေတာပဲ"
သူက ဘယ်လိုလုပ်ပြီး အမှန်တရားကို ပြောနိုင်ပါမည်နည်း။ ဒါက သူ့ရဲ့ မဟာ လျှို့ဝှက်ချက်ပင် မဟုတ်ပါလား။
စုမုယူက အလိုမကျသည့် ပုံဖြင့် မျက်မှောင်ကြုတ် လိုက်ပါတယ်။ ဘာမှတော့ ဆက်ပြီး မမေးတော့ပါဘူး။ သူမရဲ့ စိတ်ထဲမှာတော့ ဒီကိစ္စက လီဖူချန်းနဲ့ လုံးဝ ပတ်သက်နေမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက ပြောပြချင်သည့်ပုံ မပေါ်တဲ့အတွက် ဆက်ပြီး မမေးတော့တာပါ။ လူတိုင်းမှာက ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကျတာပဲလေ။
“အားလုံး အဆင်ပြေရင်တော့ ပြီးတာပါပဲ။ အစောပိုင်းတုန်း ကတော့ ငါတကယ်ကြီး ကြောက်နေတာကွ"
ဖန်ကျင်းဆောင်က ဒဏ်ရာပြန်လည် သက်သာစေတဲ့ ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ စိုင်းပြင်းလိုက်ပါတယ်။ အစောပိုင်းတုန်း ဖန်ကျင်းယုရဲ့ သံမဏိထီးက သူ့ကို ဒဏ်ရာရ စေခဲ့တယ်လေ။
လီဖူချန်းကလည်း အသက်တဝကြီး ရှူလိုက်ပြီး ထိုင်ချလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက အသိစိတ်အာရုံနယ်ပယ်ကို ဖြန့်ကြက်လိုက်ပါပြီ။
အရင်တုန်းက ဆိုရင်တော့ အသိစိတ် အာရုံနယ်ပယ်ကို ဖြန့်ကြက်တိုင်းမှာ ချီအတွင်းအား တွေရဲ့ ထောက်ပံ့ပေးမှုကို လိုအပ်ပါတယ်။ ဒါပေမဲ့ အခုတော့ ချီအတွင်းအား တွေကို မလိုတော့ပါဘူး။ သူက စိတ်ရှိသလို အသိစိတ် အာရုံနယ်ပယ်ကို ဖြန့်ကြက်လို့ ရနေပါပြီ။ အဲဒီထက် ပိုဝမ်းသာစရာ ကောင်းတာကတော့ သူ့ရဲ့ အသိစိတ် အာရုံနယ်ပယ်က မီတာရာနဲ့ ချီပြီး ဖြန့်ကြက်လို့ ရလာတာပါပဲ။
၃နာရီလောက် အကြာမှာတော့ ဖန်ကျင်းဆောင်ရဲ့ ဒဏ်ရာတွေ ကလည်း ပြန်ကောင်း လာခဲ့ပါပြီ။
ထို့နောက်မှာတော့ သူတို့၅ယောက်က ကျောက်တုံးခန်းမ ထဲမှ ထွက်ပြီး ဒီဂူသင်္ချိုင်းရဲ့ ထွက်ပေါက်ကို ရှာဖို့ စပါတော့တယ်။
***