← Chapters

မြေခွေးအိုကြီး

Vol. 33 Ch. 456

မြေခွေးအိုကြီး

Vol. 33 Ch. 456

ညသည် တိတ်ဆိတ်နေ၏။

ဒေါက် ဒေါက်

ရုတ်တရက် တံခါးခေါက်သံ ထွက်လာသည်။ ဟယ့်ရီရီ၏ ရင်ခုန်သံများ စည်းချက်မမှန်တော့ပေ။ ကပျာကယာ အပြေးသွား၍ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သည့်အခါ ပြုံးနေသော ချင်မူ့အား တွေ့လိုက်ရသည်။ “မမရီရီ ကျွန်တော် ဘယ်သူ့မှ မရှိတာ သေချာမှ ဒီကို တက်လာခဲ့တာပါ”

ဟယ့်ရီရီမှာ ဆီမီးရောင်အောက်တွင် ပြုံးပြနေသော ချစ်ရသူကို ကြည့်ရင်း ရင်ထဲတွင် လှိုက်ဖိုခြင်း၊ ကြည်နူးခြင်းတို့ ဖြစ်လာမိ၏။ သူမနှလုံးသားမှာ ဘင်ခရာတီးနေသကဲ့သို့ တဒိန်းဒိန်း ခုန်လာပြီး ခြေမကိုင်မိလက်မကိုင်မိ စိတ်လှုပ်ရှားလာသည်။

ဤသို့ဖြင့် နှစ်ယောက်သား ဝင်္ကပါပညာအကြောင်း ညလုံးပေါက် ဆွေးနွေးလိုက်ကြ၏။

နေမထွက်ခင် ချင်မူက ပြတင်းပေါက်မှ တိတ်တိတ်လေး ပြန်ထွက်သွားသည်။ အနောက်ကမ္ဘာမြေ၏ စည်းကမ်းအရ တစ်ညအတူလာနေသော ယောက်ျားလေးအနေဖြင့် မိန်းကလေး၏မိသားစုအား မတွေ့ရသောကြောင့် ဖြစ်သည်။

သို့သော် ချင်မူ အောက်ထပ်သို့ မရောက်ခင်မှာပင် စော‌စောနိုးနေသော အမျိုးသမီးတချို့နှင့် ပက်ပင်းတိုးသွားသည်။ သူတို့က သူ့ကို မမြင်ချင်ယောင်‌ဆောင်ရင်း တစ်ဖက်လှည့်သွားကြ၏။ ချင်မူ အဝေးသို့ ရောက်သွားသည့်အချိန်မှ ကြိတ်ရယ်ကြလေသည်။

နေမြင့်သောအခါ ဟယ့်ရီရီမှာ ချင်မူနှင့် မခွဲချင်မခွာချင် ဖြစ်နေ၍ ဓားမြစ်ဝှမ်းအပြင်အထိ လိုက်ပို့သည်။ “ဟယ့်မိသားစုတစ်စုတည်းနဲ့ အစစ်အမှန်နန်းတော်ကို တွန်းလှန်ဖို့ မလုံလောက်ဘူး။ ဂိုဏ်းသခင်၊ အဆိပ်ဆရာမနဲ့ သွားတွေ့ပါ။ ကျွန်မက အနောက်ကမ္ဘာမြေထဲက အာဏာပိုင်မိသားစုတွေနဲ့ သွားတွေ့ပြီး ဆွေးနွေးလိုက်မယ်”

ချင်မူက သူမကို နှုတ်ဆက်ပြီး ထွက်သွားသည်။

ဟယ့်ရီရီမှာ သူထွက်သွားသည်ကို ကြည့်ရင်း မချင့်မရဲဖြစ်လျက် ကျန်ခဲ့တော့သည်။

သူမဘေးရှိ မိန်းကလေးတစ်ယောက်က ခပ်တိုးတိုးလေး ရယ်လိုက်သည်။ “မမကြီး ခဲအိုချင်နဲ့ ဟိုဟာလုပ်ခဲ့လား။ မနက်က သူ မမကြီးရဲ့ ပြတင်းပေါက်ကနေ ဆင်းလာတာကို တွေ့လိုက်တဲ့သူတွေ အများကြီးပဲ”

ဟယ့်ရီရီမှာ အိပ်ရေးပျက်ထားသောမျက်လုံးများဖြင့် အားအင်ကုန်ခမ်းနေပုံ‌ပေါက်နေသည်။ သူမက ဒေါသတကြီး ပြောလိုက်၏။ “ဘာလုပ်ရမှာလဲ။ ဝင်္ကပါတွေအကြောင်းပဲ ညလုံးပေါက် ထိုင်ပြောနေခဲ့တာဟဲ့”

ကျန်မိန်းကလေးများလည်း ရောက်လာပြီး တခစ်ခစ် ရယ်ကြသည်။ “ဝင်္ကပါတွေအကြောင်း ပြောတယ်တဲ့ မမကြီးကတော့ ဆင်ခြေပေးနေပြီ။ မနေ့ညက တစ်တီတူး ချစ်ကြည်နူးခဲ့ကြတယ်မဟုတ်လား...”

ဟယ့်ရီရီ အသံထွက်သည်အထိ အံကြိတ်လိုက်မိသည်။

မိန်းကလေးများ တအံ့တဩ ထခုန်မိလိုက်ကြ၏။ “တကယ်ကြီး ဝင်္ကပါတွေအကြောင်း ညလုံးပေါက် ထိုင်ပြောခဲ့ကြတာလား”

ဟယ့်ရီရီမှာ သူတို့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ “သူက ဝင်္ကပါတွေအကြောင်းပြောဖို့ကို တအားစိတ်လှုပ်ရှားနေတာလေ။ ငါ ဘာတတ်နိုင်မှာလဲ။ သူ့ကို အတင်းလုပ်ခိုင်းရမှာလား။ ဟယ့်မိသားစုမှာ သိက္ခာရှိသေးတယ်။ ငါသာ အတင်းအကြပ်လုပ်လိုက်ရင် ငါတို့တိုက်ပွဲကြောင့် ဒီတစ်နေရာလုံး ပျက်စီးပြီး ဝါးမြို့လည်း ပြိုကျသွားလိမ့်မယ်

“အဲဒီတော့ ဝင်္ကပါတွေအကြောင်း ညလုံးပေါက် ထိုင်ပြောရုံပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ သူရဲ့အသိအမြင်နဲ့ အတွေ့အကြုံက အင်မတန် ထူးခြားတယ်။ နှစ်ယောက်လုံး ဝင်္ကပါတွေထဲ နစ်မျောသွားလို့ ငါ့မှာ သူ့ကို မြူဆွယ်ဖို့တောင် မေ့သွားတယ်။ ညက တိုလွန်းလိုက်တာလို့ပဲ တွေးမိနေတာ။ တစ်ခုခုအရင်လုပ်ပြီးမှ ဝင်္ကပါအကြောင်း ပြောခဲ့ရင် အကောင်းသား”

မိန်းကလေးများမှာ တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိကြသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အခန်းတစ်ခန်းထဲတွင် ညလုံးပေါက် နေခဲ့ကြ‌သော်လည်း ဝင်္ကပါပညာအကြောင်းသာ ပြောခဲ့ကြသည်တဲ့လော။ “တော်တော်ဆိုးဆိုးလူပဲ... အရိပ်သုံးပါးကို နားမလည်ဘူး”

“ဒါဆို မမကြီးက ခဲအိုချင်ကို အဆိပ်ဆရာမဆီ ဘာလို့လွှတ်လိုက်တာလဲ” မိန်းကလေးတစ်ယောက်က ရဲတင်းစွာ မေးလာသည်။ “မုယင်ရွှယ်က ထိန်းထိန်းသိမ်းသိမ်းမနေဘဲ ခဲအိုကို လုသွားရင် ဘယ့်နှယ်လုပ်မလဲ”

ဟယ့်ရီရီက သူမကို သရော်တော်တော် ပြောလိုက်သည်။ “မိန်းကလေးမုလား သူ့ကို အခွင့်အကောင်းယူနိုင်မှာ။ သူ့ကို ရှုံးသွားကတည်းက မိန်းကလေးမု သူ့ကို မမေ့နိုင်ဖြစ်ပြီး တသသ လွမ်းနေတာလေ။ သူက ငါနဲ့အမြဲ တိုက်ခိုက်နေတာဆိုတော့ ငါ ရှုံးသွားမှန်း သိရင် သေချာပေါက် ဟာသလုပ်မှာပဲ။ ဒီတော့ သူလည်း အသည်းကွဲသွားရင် ပါးစပ်ပိတ်သွားမယ်လေ မဟုတ်ဘူးလား”

မိန်းကလေးများမှာ သူမအား အထင်ကြီးသွားကြသည်။ “မမကြီးက သိပ်တော်တာပဲ”

ချင်မူက ရှုန်းချီအာကို နဂါးချီလင်၏ ကျောပေါ် တင်ပြီး အဆိပ်ဆရာမမုယင်ရွှယ်နေသော မိုးကြိုးတောင်မြို့သို့ ထွက်လာသည်။

“အစ်ကိုကြီး၊ အစစ်အမှန်ကောင်းကင်နန်းတော်ကို သွားနေတာမဟုတ်ဘူးလား” ရှုန်းချီအာက စပ်စုသည်။

“အစတုန်းက အဲဒီကိုသွားဖို့ လုပ်နေတာပဲ။ ဒါပေမယ့် ဧကရာဇ်အတိုင်ပင်ခံနဲ့ ညီမလေးရဲ့ မယ်တော်အကြောင်း ဘာမှမကြားရသေးဘူး။ ပြီးတော့...” ချင်မူ့မျက်လုံးထောင့်စွန်းများ တွ့န်သွားပြီး သူက ရွဲ့တဲ့တဲ့ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အဲဒီမြေခွေးအိုကြီးက မျက်နှာကို ထွက်မပြသေးဘူး။ အခု သူ ဘာကြံနေရလဲ ငါ မြင်ရပြီ။ သူက ငါ့ကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြီး အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အဓိကလူတွေ ငါ့ကို အာရုံစိုက်မှာကို စောင့်နေတာ

“ပြီးရင် ကသောင်းကနင်း အခြေအနေမှာ ဝင်စီးပြီး အောင်ပွဲခံလိမ့်မယ်။ မြေခွေးအိုကြီး... သူ ငါ့ရဲ့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို ကိုယ်တိုင်လာပြီး ညီမလေးရဲ့မယ်တော်ကို လာခေါ်ကတည်းက တစ်ခုခုတော့ လွဲနေမှန်း ထင်တော့ထင်သား”

သူက ခေါင်းမော့၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကောင်းကင်ယံတွင် တိမ်တိုက်ဖြူဖြူများက သူတို့နောက် လိုက်လာနေ၍ ချင်မူ ဖက်တီးနဂါးအား ကပျာကယာ ပြောလိုက်၏။ “ဖက်တီးနဂါး၊ ငါတို့စောင့်ကြည့်ခံနေရပြန်ပြီ”

နဂါးချီလင်မှာ ကြောက်လန့်သွားပြီး အသားကုန်ပြေးတော့သည်။

တိမ်တိုက်ဖြူဖြူများလည်း အရှိန်တင်လိုက်သော်လည်း တခဏကြာသော် ဖက်တီးနဂါးက သူတို့ကို ဖုန်လုံးများကြားထဲ၌ ချန်ရစ်ခဲ့၏။

တိမ်တိုက်ဖြူဖြူများသာမက ဓားမြစ်၏ ရေများလည်း ရုတ်တရက် နောက်ပြန်စီးနေသည်ကို ချင်မူ သတိထားမိလိုက်သည်။ ရေလှိုင်းများက နဂါးများသဖွယ် လျင်မြန်စွာ ရွေ့လျားနေသော်လည်း သူတို့ကို မှီအောင် မလိုက်နိုင်သေးပေ။

ချင်မူမှာ ဇဝေဇဝါ ကြည့်နေမိသည်။ ဤဖြစ်ရပ်များ၏ နောက်ကွယ်၌ အစစ်အမှန်ကောင်းကင်နန်းတော်၏ အဆင့်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်များ ရှိနေလိမ့်မည်။ ခြေရာခံသိုင်းများက အမှန်တကယ်ပင် ထူးခြား၏။ ခြေရာခံမိသွားသည်နှင့် မျက်ခြေဖြတ်ရန် မလွယ်တော့ပေ။

သို့တိုင်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ၊ ထိုမြေခွေးအိုကြီးက သူ အနောက်ကမ္ဘာမြေသို့ ဝင်လာလျှင် အာရုံစိုက်ခံရမည်ကို အဘယ်သို့ပြု၍ ကြိုသိနေသနည်း။ အစစ်အမှန်ကောင်းကင်နန်းတော်၏ အဓိကသိုင်းပညာရှင်များပင် ထွက်လာမည်ဟု အကြားမြင်များ ရနေသည်လား။

သူ အလွန်သိုသိုသိပ်သိပ် နေခဲ့သော်လည်း အစစ်အမှန်ကောင်းကင်နန်းတော်၏ အဓိကပစ်မှတ်ဖြစ်လာလိမ့်မည်ဟု ထိုမြေခွေးအိုကြီးက မည်သို့ သိနေခဲ့သနည်း။

“မြေခွေးအိုကြီး ဧကရာဇ်အတိုင်ပင်ခံ...”

ချင်မူ ရှုန်းချီအာကို ကြည့်ပြီး ပစ်မှတ်အစစ်ကို သဘောပေါက်သွားသည်။

သူ သိခဲ့ရသလောက် အနောက်ကမ္ဘာမြေသည် မင်းသမီးလေးအား အလွန်အရေးထား၏။ အစစ်အမှန်ကောင်းကင်နန်းတော်သခင်မအတွက် နေရာမြဲရန် မင်းသမီးတစ်ယောက် လိုအပ်သည်။ ချင်မူက ရှုန်းချီအာကို‌ ခေါ်လာခဲ့ရာ အဘယ်သို့ပြု၍ ပစ်မှတ်အထားမခံရဘဲ နေမည်နည်း။

စိတ်ပူရမည်က ရှုန်းရှီယွီမဟုတ်ဘဲ ရှုန်းချီအာဖြစ်၍ အစစ်အမှန်ကောင်းကင်နန်းတော်၏ သခင်မက ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ယွီပိုချွမ် လိုက်ဖမ်းခဲ့သူကလည်း ရှုန်းရှီယွီမဟုတ်၊ ရှုန်းချီအာ ဖြစ်သည်။

ရှုန်းရှီယွီတို့ သားအမိအား ကယ်ပေးခဲ့မိသည့် အကြောင်းရင်းကို ချင်မူ မှတ်မိသေး၏။ ရှုန်းချီအာလို လေးငါးနှစ်အရွယ် ကလေးမလေးအား ယွီပိုချွမ် အနိုင်ကျင့်နေသည်ကို မြင်သည့်အချိန်တွင် သူ မကြည့်ရက်ခဲ့၍ သူ့အသက်ကိုပင် စွန့်စားကာ သူတို့အား ကယ်ပေးခဲ့လေသည်။

သို့သော် ယခုတွေးကြည့်သည့်အခါ ယွီပိုချွမ်က ရှုန်းချီအာကို အကြောင်းမဲ့သက်သက် သတ်ချင်ခဲ့ခြင်းမဟုတ်ပေ။

‘ဘာကြောင့် အစစ်အမှန်ကောင်းကင်နန်းတော်က မင်းသမီးတစ်ယောက်ကို ဒီလောက်အရေးထားနေတာလဲ’

သူ စိတ်ရှုပ်ထွေးလာ၍ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ရှုန်းချီအာ၏ ပခုံးလေးကို ဆုပ်ကိုင်ပြီး ဟိုလှည့်သည်လှည့် လှည့်ကြည့်သော်လည်း သူမနှင့်ပတ်သက်ပြီး ထူးထူးခြားခြား မတွေ့ရပေ။ သူ ပို၍စိတ်ရှုပ်ထွေးလာမိ၏။

နိုင်းခွေက အစစ်အမှန်ကောင်းကင်နန်းတော်သခင်မ ဖြစ်ပြီး နိုင်းခွေဆိုသည့် ဘွဲ့နာမည်မှာ မင်းသမီး၏မယ်တော်ဟု အဓိပ္ပါယ်ရသည်။ ခမည်းတော်ကိုမူ ပါ့ကော်ဟု ခေါ်၏။ ထိုဘွဲ့နှစ်ဘွဲ့က မင်းသမီးဆီမှ အစပြုချေရာ အစစ်အမှန်ကောင်းကင်နန်းတော်သည် မင်းသမီးလေးကို မည်မျှတန်ဖိုးထားကြောင်း သိသာပေါ်လွင်၏။ ထို့အတွက် အကြောင်းရင်းတစ်ခု ရှိလိမ့်မည်။

ရှုန်းချီအာက ဝိုင်းဝိုင်းစက်စက် မျက်လုံးလေးများဖြင့် အပြစ်ကင်းစွာ ကြည့်နေသည်။ သူမကြည့်ရသည်မှာ ထူးခြားသောအစွမ်းအစများ ရှိနေပုံလည်း မပေါ်ပေ။

ရုတ်တရက် သူမ၏ကျောပိုးအိတ်သေးသေးလေးအပေါ် အကြည့်ရောက်သွား၍ ချင်မူ မှင်သက်သွားမိသည်။ ရှုန်းချီအာက ထိုကျောပိုးအိတ်လေးကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ဤနေရာထိ ကိုယ်နှင့်မကွာ လွယ်ထားခဲ့လေသည်။ အဝတ်အစားများ ထည့်ထားသည်ဟု ထင်ခဲ့သဖြင့် သူ အာရုံမရှိခဲ့ပေ။

သို့သော် ယခုတွင် ထိုကျောပိုးအိတ်လေးကို သူ စိတ်ဝင်စားလာမိ၏။

“ချီအာ ကျောပိုးအိတ်ထဲမှာ ဘာထည့်ထားတာလဲ” ချင်မူက မေးလိုက်သည်။

ရှုန်းချီအာ ကျောပိုးအိတ်ကို ချွတ်၍ ဖွင့်ပြသည့်အခါ အစိမ်းရောင်အလင်းက ချင်မူ့မျက်နှာအား လာဟပ်သည်။

သူ သက်ပြင်းချလိုက်မိသည်။ “ထင်ထားတဲ့အတိုင်းပဲ။ မြေခွေးအိုကြီး ဧကရာဇ်အတိုင်ပင်ခံ...”

နဂါးစိမ်းပုတီးစေ့က ကလေးမလေး၏ ကျောပိုးအိတ်ထဲတွင် ငြိမ်သက်စွာ ရှိနေသည်။ ၎င်းသည် ကျောက်စိမ်းကဲ့သို့ တဖျတ်ဖျတ် လက်ပြီး ကြည်လဲ့နေ၏။ နဂါးဝိညာဉ်က ပုတီးစေ့ထဲတွင် ညင်ညင်သာသာ ကူးခတ်နေသည်။

ချင်မူ နဂါးပုတီးစေ့ကို ကိုင်လိုက်သည့်အခါ နဂါးဝိညာဉ်က သူ့ကို မနှစ်မြို့သလို ကြည့်သည်။ ရှုန်းချီအာ ကိုင်သည့်အခါ ရင်းနှီးဖော်‌ရွေစွာ ကြည့်၏။ ၎င်းက ပုတီးစေ့၏အတွင်းထဲမှ နေ၍ သူမလက်ကို အသာအယာ လာထိလေသည်။

“ကလေးမရဲ့ ရိုးသားဖြူစင်မှုက ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ကျင့်ကြံဖို့ အကောင်းဆုံးအထောက်အပံ့ပဲ”

ချင်မူမှာ သက်ပြင်းချလိုက်မိသည်။ အစစ်အမှန်ကောင်းကင်နန်းတော်အတွက် မင်းသမီးလေးတစ်ယောက် လိုအပ်နေခြင်းမှာ သူမ၏ရိုးသားဖြူစင်မှုကြောင့် ဖြစ်သည်။ ညစ်ညမ်းမှုမရှိသော အတွေးများဖြင့်သာ နဂါးစိမ်းပုတီးစေ့ကဲ့သို့ ရတနာတစ်ပါးကို ထိန်းချုပ်ပြီး အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

အစစ်အမှန်ကောင်းကင်နန်းတော်တွင် လိပ်နက်၊ မီးငှက်နှင့် ကျားဖြူဆိုသည့် ရတနာသုံးမျိုး ရှိသေး၏။ ထိုရတနာအားလုံး၏ စွမ်းအားကို ထုတ်လွှတ်နိုင်သူမှာ အစစ်အမှန်‌ကောင်းကင်နန်းတော်၏ မင်းသမီးလေးသာ ဖြစ်ရလိမ့်မည်။

အထွတ်အမြတ်မြေတွင် အင်အားအကြီးဆုံးလူမှာ နိုင်းခွေလည်းမဟုတ်၊ အဆင့်မြင့်သိုင်းပညာရှင်များလည်း မဟုတ်ပေ။ ကြက်ကလေးတစ်ကောင်ကိုပင် မသတ်နိုင်သည့် မင်းသမီးငယ်လေးသာ ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရှုန်းရှီယွီက အနောက်ကမ္ဘာမြေသို့ ပထမဆုံးသွားခဲ့သော်လည်း နဂါးစိမ်းပုတီးစေ့ကို ရှုန်းချီအာနှင့် ချန်ထားခဲ့သည့်အကြံက သေချာပေါက် ရှုန်းရှီယွီ၏အကြံ မဟုတ်နိုင်ပေ။ မြေခွေးအိုကြီး ဧကရာဇ်အတိုင်ပင်ခံ၏ အကြံဖြစ်လိမ့်မည်။

ရှုန်းရှီယွီမှာ ဧကရာဇ်အတိုင်ပင်ခံကို မယုံကြည်၍ ချင်မူအား ရှုန်းချီအာကို ခေါ်လာခိုင်းခဲ့သော်လည်း ဧကရာဇ်အတိုင်ပင်ခံ၏ ထောင်ချောက်ထဲ တည့်တည့်ကျသွားပြီး ချင်မူနှင့် ရှုန်းချီအာက အစစ်အမှန်ကောင်းကင်နန်းတော်၏ ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့မည်မဟုတ်ပေ။ သူတို့နှစ်ယောက်ကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေသည့်အချိန်တွင် ဧကရာဇ်အတိုင်ပင်ခံနှင့် သူမက တိုးတိုးတိတ်တိတ် လှုပ်ရှားနေကြလေသည်။

‘ဧကရာဇ်အတိုင်ပင်ခံတော့ တင်ပါးကို နာနာလေးအရိုက်ခံချင်နေပြီထင်တယ်။ နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းတစ်ပါးဖြစ်ပြီးတော့ ဂိုဏ်းသခင်ကို ချောက်ချရဲရတယ်လို့’

ချင်မူ သက်ပြင်းချပြီး စိတ်အားတင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် နဂါးချီလင်က တုံ့ခနဲ ရပ်ကာ ပြောလာ၏။ “ဂိုဏ်းသခင် ရှေ့မှာ တစ်ခုခုရှိနေတယ်”

ချင်မူ ရှေ့သို့ ကြည့်လိုက်သည့်အခါ အဝေးသို့ သွယ်တန်းနေသော တောင်များကို မြင်လိုက်ရသည်။ တောင်စောင်းများ၌ အနက်ရောင်ခေါင်းတလားများ ချိတ်ဆွဲထားကြ၏။ ခေါင်းတလားများက တစ်တောင်လုံးဖုံးနေရာ တောင်ကြီးတစ်ခုလုံး မည်းနက်နေတော့သည်။

သူက ခေါင်းတလားများကို ခပ်သွက်သွက် ရေကြည့်လိုက်ပြီး သုံးထောင်မှ ငါးထောင်ခန့်ရှိကြောင်း သိလိုက်ရ၏။

“ဒါက ... အလောင်းမွေးသင်္ချိုင်းကုန်းပဲ”

သူ အနီရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ ကြည့်လိုက်သည့်အခါ အနံ့အသက်မကောင်းသော လေလှိုင်းများ ထနေပြီး အနက်ရောင်တိမ်တိုက်များက တောင်များကို လွှမ်းခြုံနေကြောင်း မြင်လိုက်ရသည်။

ဤနေရာသည် အလောင်းကောင်များ မွေးမြူရန် အမှန်တကယ် သင့်တော်၏။

အနောက်ကမ္ဘာမြေ၏ မြေပုံအရ၊ သူတို့ရောက်နေသည်မှာ မိုးကြိုးတောင်မြို့မှ မိုင်ရှစ်ရာခန့် ကွာသော အနိမ့်စံမြို့တွင် ဖြစ်သည်။ အနိမ့်စံမြို့သည် အနောက်ကမ္ဘာမြေမှ လျို့မိသားစု၏ ပိုင်နက်ဖြစ်၏။

‘ဒီအလောင်းမွေးသင်္ချိုင်းကုန်းက လျို့မိသားစုရဲ့ ပိုင်နက်ထဲမှာဆိုတော့ သူတို့က ပိုင်ရှင်တွေများလား”

အလောင်းကောင်များတွင် ဝိညာဉ်မရှိချေရာ အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် ဝိညာဉ်ထည့်သွင်းရန် သင့်တော်ကြောင်း ချင်မူ ရုတ်တရက် သဘောပေါက်လိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ရုပ်ခန္ဓာများသည် ဝိညာဉ်လက်နက်များထက် များစွာသာလွန်၏။ ထို့အပြင် လက်နှစ်ချောင်း၊ ခြေနှစ်ချောင်း ရှိသောကြောင့် ကောင်းကင်နတ်သိုင်းများကိုပင် ထုတ်လွှတ်နိုင်သေးသည်။

“ထကြလော့”

ရုတ်တရက် အော်သံတစ်သံ ကြားလိုက်ရ၍ ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ မန္တန်တချို့ ရွတ်ဖတ်ရင်း အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်နေသည့် နဖူးစည်းများဖြင့် ယောက်ျားများအား တွေ့လိုက်ရသည်။ အနက်ရောင်ခေါင်းတလားတစ်ခုက ခြေထောက်များပေါက်ကာ တောင်စောင်းထက်မှ လွှားခနဲ ခုန်၍ မြေကြီးပေါ် ဘုန်းခနဲ ဆင်းသက်လိုက်သည်။

ကျွီ

ခေါင်းတလားက ပွင့်လာပြီး အမျိုးသမီးတစ်ယောက် ခုန်ထွက်လာသည်။ သူမက တောင့်တောင့်ကြီး လှည့်လာပြီး ချင်မူ့ကို ကြည့်၏။ “ရှင်က အလယ်ကမ္ဘာမြေက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လား”

ချင်မူ အံ့အားသင့်သွားသည်။ အခေါင်းထဲမှ အမျိုးသမီးက လူသေလား၊ လူအရှင်လား သူ မပြောတတ်ပေ။ “ကျွန်တော်ပါ။ မိန်းကလေးက ဘယ်သူလဲ မေးလို့ရမလား”

“လျို့မိသားစုရဲ့ လျို့ရိုယင်း”

အမျိုးသမီးက မြေပြင်ပေါ် ဆင်းသက်လာသည်။ “ဂိုဏ်းသခင်က မင်းသမီးလေးကို အနောက်ကမ္ဘာမြေဆီ ခေါ်လာတယ်ကြားတယ်။ သူ ဘယ်မှာလဲ”

ချင်မူက ရှုန်းချီအာ၏ လက်ကို မြှောက်ကာ ပြုံးလိုက်သည်။ “မင်းသမီးလေးက ဒီမှာပါ”

လျို့ရိုယင်းက ရှုန်းချီအာကို ကြည့်လိုက်သည့်အခါ မျက်လုံးများတောက်ပလာသည်။ အပုပ်နံ့က ထောင်းခနဲ ထသွားပြီး အနက်ရောင်ခေါင်းတလားများက ခြေထောက်များ ပေါက်လာကာ တောင်စောင်းများမှ ပြေးဆင်းလာကြသည်။ ‌ကောင်းကင်ယံတွင် ပျံဝဲနေသည့် အခေါင်းတချို့က ဝုန်းခနဲ ပွင့်လာ၏။ လူသေလား၊ လူရှင်လား မသိရသော အလောင်းကောင်များက ထလာပြီး ရှုန်းချီအာဆီ ပြေးဝင်လာကြသည်။

ချင်မူက ကလေးမလေး၏ ကျောပိုးအိတ်လေးထဲမှ နဂါးစိမ်းပုတီးစေ့ကို ထုတ်ကာ သူမလက်ထဲ ထည့်ပေးပြီး ခပ်အေးအေး ပြောလိုက်၏။ “လျို့ရိုယင်း၊ ခင်ဗျားတို့ လျို့မိသားစုမှာ မကောင်းတဲ့အကြံအစည်တွေ ရှိနေပုံပဲနော်”

နဂါးစိမ်းပုတီးစေ့ကို မြင်သည့်အခါ လျို့ရိုယင်းမှာ သူမမျက်နှာကို ကာပြီး ကြောက်လန့်စွာ အော်ဟစ်လိုက်၏။ “မဆင်မခြင်မလုပ်နဲ့”

All Chapters