← Chapters

မိုးပြာရောင်ဂိုဏ်းရဲ့ တုံ့ပြန်မှု

Vol. 17 Ch. 225

မိုးပြာရောင်ဂိုဏ်းရဲ့ တုံ့ပြန်မှု

Vol. 17 Ch. 225

သံနက် ဓားအင်းကွက်ကို ကျောရိုးမကြီးပေါ်မှာ အပြည့်အစုံ ရေးထိုး ပြီးသွားတဲ့ အခါမှာတော့ အတုမရှိ ထူးခြားတဲ့ အငွေ့အသက်တွေ ထွက်ပေါ် နေခဲ့ပါပြီ။

လီဖူချန်း ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှ ဖျက်ဆီးလို့ မရတော့ဘူး လို့တောင် ခံစားနေရပါတယ်။

လီဖူချန်းရဲ့ ရိုးတွင်းခြင်ဆီ အစား ဝင်ရောက်လာတဲ့ သံနက် ဓားအဆီအနှစ် တွေက သူ့ရဲ့ အရိုးတွေကို ပိုပြီး သိပ်သည်း လာစေသည့်ပုံပင်။

***

ချီအတွင်းအားတွေကို ခန္ဓာကိုယ် တစ်ပတ် လည်ပတ် လိုက်တာနဲ့ သံနက်ဓားချီ တစ်ရာကျော် ထွက်ပေါ် လာတယ် ဆိုတာက တကယ့်ကို သွေးနားထင် ရောက်ချင်စရာ ပါပဲလေ။ သူထင်တာကတော့ မူလဘူတဓားကို အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားတဲ့ သူတောင်မှ သူ့ထက် ဓားချီ အရေအတွက် နည်းနည်းလောက်ပဲ သာမှာပါ။

မူလဘူတဓားရဲ့ အဓိက အားသာချက် ကတော့ ဓားချီအရေအတွက် များများ ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်။

သည်သံနက်ဓား အဆီအနှစ်ကတော့ ဓားချီတွေကို သိပ်အများကြီး မဖော်ထုတ်နိုင်ပါဘူး။ ဒါပေမဲ့ သံနက် ဓားအဆီ အနှစ်က ထက်မြမှု၊ အလေးချိန်၊ မာကျောမှုတွေ ပေးစွမ်းနိုင်ပြီး ဓားအဆီအနှစ် တွေကို အေးခဲစေကာ ဓားချီတွေ အဖြစ် ပြန်ထုတ်လွှတ် ပေးနိုင်ပါတယ်။ ဓားအဆီ အနှစ်တွေကိုတော့ ကျောရိုးမကြီးထဲမှာ စုစည်းထားတာပါ။ အဲဒါက ဘာနဲ့တူသလဲ ဆိုတော့ ခန္ဓာကိုယ်ထဲက အရိုးတွေက သန့်စင် ပေးထားသလိုပါပဲ။ လေ့ကျင်တဲ့သူရဲ့ အရိုးတွေကို သိပ်သည်းဆ မြင့်စေကြီး သန်မာ လာစေနိုင်သည့် အချက်ကိုတော့ မူလဘူတဓားက ဘယ်လိုမှ ယှဉ်လို့ ရမှာ မဟုတ်ပါဘူး။

မူလဘူတဓားက လုံးဝကို တိုက်ခိုက်မှုကို အားပေးထားတဲ့ လျှို့ဝှက်နည်းစနစ် အမျိုးအစား ဖြစ်ပါတယ်။ သည်နည်းစနစ်ကို တီထွင်ခဲ့တဲ့ ရည်ရွယ်ချက်တော့ ရန်သူတွေကို ထွက်မပြေးနိုင်အောင် ချောင်ပိတ်ဖမ်းပြီး သတ်ပစ်ဖို့ပါပဲ။

သံနက် ဓားအဆီအနှစ် ကတော့ ရန်သူတွေကို သတ်ဖို့ သက်သက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

သံနက်ဓား အင်းကွက်ကို ရေးဆွဲပြီး သွားပြီဆိုတော့ လီဖူချန်းက တခြား ပညာရပ်တွေကို အချိန်ပြန်ပေး ရတော့ပါမယ်။ သည်အတော အတွင်းမှာက ဓားအင်းကွက် တွေကိုသာ ဇောက်ချပြီး လေ့လာနေခဲ့မိသည် မဟုတ်ပါလား။

မီးနဂါး လျှို့ဝှက်နည်း စနစ်ဖြစ်ဖြစ်၊ ဗလာနယ်လက်ဝါး ဖြစ်ဖြစ် ဒါမှမဟုတ် ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ် ဖြစ်ဖြစ်ပါလေ။ သည်ပညာရပ်တွေ အားလုံးက ပိုပိုပြီး ကျွမ်းကျင်လာဖို့ လိုအပ်သည်ပဲ။

စောင်းနဲ့ ခုနစ်ရက် ဝေးတဲ့ စောင်းသမားတောင်မှ လက်သံမမှန် ဖြစ်တတ်ပါ သေးသည်။

ပညာရပ်တွေ ဆိုတာက အမြဲ မပြတ် လေ့ကျင့်နေမှ တကယ့် တိုက်ပွဲမှာ ထစ်ငေါ့နေခြင်း မရှိဘဲ ပြေပြေပြစ်ပြစ်နဲ့ ချောမွေ့ လွယ်ကူစွာ ထုတ်သုံးနိုင်မည်လေ။

ကျင့်ကြံခြင်း နယ်ပယ် အဆင့်ပဲ ကွက်ပြီး မြင့်နေတာကလည်း သိပ်ပြီးတော့ အဆင်မပြေလှပါဘူး။ ကျင့်ကြံခြင်း နယ်ပယ်နဲ့ ပညာရပ် အဆင့်တွေက လိုက်လျောညီစွာ ရှိနေမှ အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်လို့ သတ်မှတ်လို့ ရတာပါ။

"အင်း … ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ပြီး အတွေ့အကြုံ ယူဖို့ အချိန်တန်ပြီ ထင်တယ်”

လီဖူချန်းက ဟူဟိုင်းရှန်ရဲ့ သိုလှောင် အိတ်ထဲက ကြယ်ကျောက်တုံးကို သတိရလိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက ကြယ် ကျောက်တုံးကို ထုတ်ယူကာ ခြေမွှ ပစ်လိုက်ပါပြီ။

ကြည်လင် တောက်ပနေတဲ့ အပြာရောင် အလင်းတန်းတွေက လီဖူချန်းကို ဖုံးလွှမ်း ရစ်ပတ် သွားခဲ့ပါတယ်။ အလင်းတန်းတွေက ပြန်လည် ပျောက်ကွယ် သွားတဲ့ အခါမှာတော့ လီဖူချန်းကလည်း ရှိမနေတော့ပါဘူး။

သည်နေရာကတော့ အဆုံးအစမရှိတဲ့ ကြယ်မိုး ကောင်းကင်ကြီးပါပဲ။ ဟိုး … အဝေးကို မျှော်ကြည့် လိုက်ရင်တော့ သိပ်ကို လှပတဲ့ နဂါး ငွေ့တန်းတွေကို မြင်နေရဦးမှာပါ။ သည်ကြယ်တွေစုံတဲ့ ကောင်းကင် အောက်မှာတော့ ကြယ်တွေရဲ့ ဟိုးအတွင်းပိုင်းထဲ အထိ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ထားတဲ့ လမ်းမတစ်ခု ရှိနေပါတယ်။ သည်လမ်းမကိုတော့ အနက်ရောင် သလင်း ကျောက်တွေနဲ့ ပြုလုပ်ထားတာပါ။

သည်အနက်ရောင် သလင်းကျောက်လမ်းမရဲ့ ပထမဆုံး စမှတ်ကတော့ လွင့်မျောနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ အပြာရောင် အလင်းတန်းလေး တစ်ခုက အဲသည့်ကျွန်းရှိတဲ့ နေရာကို ကွက်ပြီး အလင်း ပေးထားတယ်လေ။

"ဒါက ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေ ဆိုတာပဲလား"

အကွာအဝေးကို တစ်ချက် တွက်ကြည့် လိုက်ရင်းနဲ့ လီဖူချန်းက သက်ပြင်း တစ်ချက် ချလိုက်မိပါတယ်။

ဒါကြောင့်လည်း သည်ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေကို အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ အထူးခြားဆုံး သို့မဟုတ် အလျှို့ဝှက်ဆုံးဟု သတ်မှတ်ခဲ့ကြတာပဲ ဖြစ်ပါမည်။

သည်ကြယ်ရောင်စုံ လင်းလက် တောက်ပနေတဲ့ ကောင်းကင်ကြီး တစ်ခုတည်းနဲ့တောင် အံ့ဖွယ်ဘနန်း ဖြစ်နေခဲ့ရပါပြီ။ ကြယ်တာရာ လျှောက်လမ်းမ ဖြစ်တဲ့ အနက်ရောင် သလင်းကျောက် လမ်းမ ဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။

"ဒါက စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဝင်္ကပါ တစ်ခုများလား"

မရေမတွက် နိုင်တဲ့ ကြယ်တွေကို မြင်နေရပေမဲ့လည်း လီဖူချန်း ကတော့ ဒါတွေကို အစစ်လို့ မထင်ပါဘူး။ ဒါတွေက စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေရုံ သက်သက် ဖြစ်ပါလိမ့်မည်။

ဒါက စိတ်ကို ထင်ယောင် ထင်မှား ဖြစ်စေအောင် လုပ်ထားတယ် ဆိုရင်တောင်မှပဲ သည်ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အထူးခြားဆုံး နေရာလို့ သတ်မှတ်ဖို့ ထိုက်တန် ပါတယ်လေ။

သည်အမြင် အာရုံတွေကို လှည့်စားထားတာက လုံးဝကို အတုနဲ့အစစ် ခွဲမရပါဘူး။ သည်ကြယ်တာရာ လမ်းမဆီကနေ လုံးဝကို တစ်မူ ထူးခြားပြီး သန့်စင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ် နေပါသေးတယ်။

ဟူး ...

သက်ပြင်းတစ်ချက် ချလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အနက်ရောင် လျှောက်လမ်းမ ပေါ်ကို တက်လိုက် ပါတော့တယ်။

လျှောက်လမ်းမ ပေါ်ကို တက်တက် လိုက်ချင်းမှာပဲ ပြင်းထန်တဲ့ ဖိအားတွေက လီဖူချန်း အပေါ်ကို ကျရောက် လာခဲ့ပါပြီ။ သည်ဖိအားက ခန္ဓာကိုယ် အပေါ်ကို သက်ရောက်တဲ့ ဖိအားတော့ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ စိတ်ဝိညာဉ် အပေါ်ကိုပဲ သက်ရောက် နေစေတာပါ။

'ဒါက ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်း ဆိုတာလားဟ'

လီဖူချန်းက တစ်ချက် တွေးလိုက် မိပါတယ်။

ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်းက ချီအရှိန်အဝါတွေနှင့် ဆင်တူ နေသလိုပါပဲ။ သည်စက်ကွင်း ထဲမှာက စိတ်ဝိညာဉ်နဲ့ ချီအရှိန်အဝါတွေရဲ့ ဖိအားတွေ ပါဝင် ပတ်သက် နေပါတယ်။

စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ အနာဂတ် အလားအလာ ကောင်းသူတွေ သာလျှင် ကြယ်တာရာ လမ်းမပေါ်မှာ ဝေးသထက် ဝေးအောင် လျှောက်သွား နိုင်မှာပါ။

အလားအလာ ကောင်းတယ် ဆိုတဲ့ အချက်က စိတ်ဝိညာဉ် သန်မာတယ် ဆိုတာကို ဖော်ပြနေတာပါ။ စိတ်ဝိညာဉ် သန်မာမှပဲ သည်ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်းကို ခံနိုင်မည် မဟုတ်ပါလား။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇နဲ့ လျှိုကလန်က ကောင်းကင် နယ်ပယ် အဆင့်၂ ပညာရှင်ရဲ့ ချီအရှိန်အဝါကို ခုခံဖူးသည်လေ။ လီဖူချန်း နေရာမှာသာ အခြားလူ ဆိုရင်တော့ ကောင်းကင်နယ်ပယ် ပညာရှင်ရဲ့ ချီအရှိန်အဝါတွေကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

ပညာရှင် တစ်ယောက်မှာဆိုရင် စိတ်ဝိညာဉ်ခွန်အား ကောင်းဖို့သာ မကဘဲ ချီအရှိန်အဝါ ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ချီအရှိန်အဝါကတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အများကြီး သက်ဆိုင် သွားပါပြီ။

တစ်စုံတစ်ယောက်က မွေးရာပါ ပါရမီ နိမ့်ကျပြီး ကျင့်ကြံခြင်း အဆင့်မြင့် နေမယ်ဆိုရင် သည်ကြယ်တာရာ လမ်းမကို တော်တော် ဝေးဝေးအထိ လျှောက်နိုင်စွမ်း ရှိပါသေးတယ်။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်လျှောက် လမ်းမကြီးပေါ်ကို လျှောက်ဖို့အတွက် ချီအရှိန်အဝါ အားကောင်းမှု ဒါမှမဟုတ် စိတ်ဝိညာဉ် သန်မာမှုကို လိုအပ်ပါတယ်။

လီဖူချန်းကတော့ အလွန်သန်မာတဲ့ စိတ်ဝိညာဉ်ခွန်အား ရှိနေတဲ့ အတွက် သည်ကြယ်တာရာ လမ်းမကြီး အပေါ်မှာ လေညင်းခံ ထွက်သလို သာသာယာ လျှောက်လမ်း နေပါတယ်။ ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်း ကတော့ သူ့ကို ဘာမှမသက် ရောက်စေခဲ့ပါဘူး။

***

မိုးပြာရောင်ဂိုဏ်း

မိုးပြာရောင်ဂိုဏ်း ပင်မခန်းဆောင် …

ဂိုဏ်းချူပ်ကြီး ခင်ဗျား …။ ကောင်းကင် နတ်ဆိုးဂိုဏ်းက ကျွန်တော်တို့ မိုးပြာရောင် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်ဖြစ်တဲ့ လီဖူချန်းကို အလိုရှိသည်ဆိုပြီး တိုက်ပွဲတစ်ရာ နယ်မြေထဲမှာ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ လီဖူချန်း ရှိတဲ့နေရာကို အတိအကျ ပြောနိုင်တဲ့ သူကိုတောင် ရွှေပြား၁၀သန်း ဆုအဖြစ် ပေးအပ်မယ်တဲ့။

အတွင်းစည်း အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ ချီဟွာက တိုက်ပွဲတစ်ရာ နယ်မြေ အတွင်းက ဖမ်းဝရမ်း အကြောင်းကို ဂိုဏ်းချုပ်ကြီးကို အစီရင် ခံလိုက်ပါတယ်။

ပင်မခန်းဆောင်ရဲ့ ဂိုဏ်းချုပ် ပလ္လင်ပေါ်မှာတော့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ရှိနေပါတယ်။

သူကတော့ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်း ထင်ပါပဲ။ တစ်နည်းအားဖြင့် မိုးပြာရောင်ဂိုဏ်းရဲ့ တော်ဝင် ကလန်ဖြစ်တဲ့ အိုးရန်ကလန်ရဲ့ လက်ရှိ ခေါင်းဆောင် ဆိုရင်လည်း မမှားပါဘူး။

မိုးပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ရွေးချယ် တင်မြှောက်ရာ မှာတော့ ပထမဦးဆုံး လိုအပ်တဲ့ အချက်က မွေးရာပါ ပါရမီနဲ့ အလားအလာ ကောင်းရပါမယ်။ ဒုတိယ တစ်ချက်ကတော့ ရွေးချယ် တင်မြှောက် ထားခြင်းခံရတဲ့ သူက သံတမန် ဆက်ဆံရေးနဲ့ ဉာဏ်ရည် ဉာဏ်သွေး ဘက်မှာလည်း ပြောစရာမရှိအောင် ထူးချွန် နေရပါမယ်။ တတိယ အချက်အနေနဲ့ကတော့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေရဲ့ ၅၀ရာခိုင်နှုန်းကျော်က ထောက်ခံ ပေးထားရပါမယ်။ သည်သုံးချက် စလုံးနဲ့ ကိုက်ညီနေမှသာ မိုးပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ပါး ဖြစ်နိုင်တာပါ။

အိုးရန်ဝမ်းထင် ငယ်တုန်းက ပြသခဲ့တဲ့ ပါရမီတွေနဲ့ စွမ်းဆောင်ရည်တွေက ယခုလက်ရှိ ခံစားချက်မဲ့ဓား ရှုဖန်းရဲ့ ယှဉ်လိုက်ရင်တောင် သိပ်မကွာလှပါဘူး။ ဒါကြောင့်လည်း သူက မိုးပြာရောင် ဂိုဏ်းချုပ်အဖြစ် ရပ်တည် နေနိုင်တာပါ။

ချီဟွာက သူပြောလိုတဲ့ အကြောင်းအရာကို တင်ပြပြီးလို့ ဘေးကို ကပ်လိုက်တဲ့ အခါမှာတော့ ဇောင်ဝူကျင်းက သူ့ရဲ့အမြင်ကို ပြောလိုက်ပါတယ်။

"သည်ကောင်းကင် နတ်ဆိုးဂိုဏ်းက အရမ်းကို တရားလွန် နေပါလား။ သည်ကောင်တွေက ငါတို့ မိုးပြာရောင်ဂိုဏ်းကို မျက်လုံးထဲမှာတောင် မရှိတော့တဲ့ပုံပဲ။ သူတို့သာ လီဖူချန်းကို မိသွားမယ် ဆိုရင်တော့ ကောင်လေးရဲ့ ဘဝက ရစရာကို ရှိတော့မှာ မဟုတ်ဘူး။ ငါတို့ဂိုဏ်းရဲ့ သိက္ခာကလည်း အတော်ကို ကျဆင်း သွားနိုင်တယ်။ ငါတို့ လီဖူချန်းကို အမြန်ဆုံး သွားရောက် ကယ်တင်သင့်တယ်”

ကိုယ်ရေးကိုယ်တာ ဘက်ကပဲဖြစ်ဖြစ်၊ ဂိုဏ်းဘက်ကပဲ ဖြစ်ဖြစ်ပါလေ။ ဘယ်ဘက်ကပင် ကြည့်ကြည့် ဇောင်ဝူကျင်းက လီဖူချန်းကို ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ လက်ထဲမှာ မိမသွား စေချင်ပါဘူး။

"ဂိုဏ်းချုပ်ကြီး ခင်ဗျား။ ကျွန်တော် သိရသလောက် ဆိုရင်တော့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ သခင်လေးဖြစ်တဲ့ လီဝူရှုက သေသွားပါပြီ။ သည်ကိစ္စက လီဖူချန်းနဲ့ ပတ်သက်နေပုံ ရပါတယ်။ အကြောင်းအရာကို ပြည့်ပြည့်စုံစုံ သိရပြီးမှသာ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ထိပ်တိုက် တွေ့သင့်ပါတယ်။ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ထင်ရာစိုင်းတဲ့ အမူအကျင့် တွေကိုလည်း ထည့်တွက်ဖို့ မမေ့သင့်ပါဘူး"

နောက်ထပ် အတွင်းစည်း အကြီးအကဲ တစ်ယောက်ကလည်း သူ့ရဲ့ ထင်မြင်ချက်ကို ဝင်ပြောလိုက်ပါတယ်။

အဲဒီ အကြီးအကဲကတော့ လျိုကလန်ရဲ့ ဘိုးဘေးကြီး ဖြစ်တဲ့ လျိုဟိုင်းဝမ် ပါပဲ။

ဇောင်ဝူကျင်းက လျိုဟိုင်းဝမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး

"လျိုဟိုင်းဝမ် … ဂိုဏ်းတစ်ဂိုဏ်းက သူတို့ရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက်ကို တောင်မှ မကာကွယ်နိုင်ဘူး ဆိုရင် ဂိုဏ်းအဖြစ် တည်ထောင်ထားတာက ဘာအဓိပ္ပာယ် ရှိဦးမှာလဲ"

အတိတ်တုန်းက လျိုကလန်ရဲ့ လီဖူချန်းအပေါ် လုပ်ကြံမှုကို တားဆီးဖို့အတွက် ဇောင်ဝူကျင်းက ချီဟွာကို အကူအညီ တောင်းခဲ့ ဖူးတယ်လေ။ အဲဒီနောက်မှာတော့ သူက လျိုကလန်ကို သတိ ပေးခဲ့ပါတယ်။ လုပ်ကြံမှုသာ ဒုတိယအကြိမ် ထပ်ဖြစ်လာမယ် ဆိုရင် သူကလည်း သည်အတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး ဆိုပြီးတော့ပေါ့။ အဲဒီတုန်းက ဖြစ်ရပ်တွေကို လျိုကလန်က အခုထက်ထိ အငြိုးထား နေသေးသည့် ပုံပင်။

လျိုဟိုင်းဝမ်ကတော့ ဇောင်ဝူကျင်းကို အရေးထားသည့်ပုံ မရှိပါဘူး။ သူက ဂိုဏ်းတော် ဆိုတာက ငါတို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာပဲ။ ဂိုဏ်းတော်ကို အမှီပြုပြီး အသက်ရှင်နေရတဲ့ လူတွေ အများကြီး ရှိနေသေးတယ်။ ငါတို့က ဘာမဟုတ်တဲ့ တပည့်လေး တစ်ယောက် အတွက်နဲ့ ရန်မီး မပွားသင့်ဘူး။ တကယ်လို့ ဂိုဏ်းတော်က တိုက်ရိုက် တပည့်တွေ အားလုံးရဲ့ ပြဿနာတွေကို လိုက်ရှင်း ပေးနေရမယ်ဆိုရင် မင်းပဲ စဉ်းစားကြည့်စမ်း။ သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဂိုဏ်းတွေ ဘယ်လောက်တောင် ရှိလဲ။ ပတ်ီဂိုဏ်းတွေ အကုန်လုံးနဲ့ပါ သွားပြီး ထိပ်တိုက် တွေ့ရတော့မှာလား"

ဇောင်ဝူကျင်းက နှာခေါင်း ရှုံ့လိုက်ပြီး

"လျိုဟိုင်းဝမ် လီဖူချန်းက ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ဆိုတဲ့ အချက်ကိုကျတော့ ဘာဖြစ်လို့ ထည့်မပြောရတာလဲ။ မင်းက မေ့နေတာတော့ မဟုတ်ပါဘူးနော်။ လီဖူချန်းက သာမန် ငွေအဆင့် တိုက်ရိုက်တပည့် မဟုတ်ဘူးကွ။ သူက လက်ရွေးစင် ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်။ ရွှေအဆင့် တိုက်ရိုက် တပည့်တိုင်းက မမျှော်မှန်းနိုင်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားတယ်။ ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက်ကို ဆုံးရှုံးသွားတာက ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင် တစ်ခုကို ရိုက်ချိုး ခံလိုက်ရတာနဲ့ အတူတူပဲကွ”

လျိုဟိုင်းဝမ်ကလည်း အလျှော့ မပေးပါဘူး။

“သူက ရွှေအဆင့် တိုက်ရိုက်တပည့် ဆိုတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ယာယီ ရွှေအဆင့် တိုက်ရိုက် တပည့် ဆိုတာကိုကော မင်းက ထည့်မပြောတော့ ဘူးလား။ လီဖူချန်းဆိုတဲ့ ကောင်လေး ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင်တစ်ခု ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာက သူ ကောင်းကင် နယ်ပယ်ကို ရောက်ပြီးမှ ဆက်ပြောကျတာ ပိုကောင်းမယ် ထင်တယ်။

ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ။

ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာက ဘာလဲ။

ဒါက သာမန် အရိုး တည်ဆောက်ပုံထက် အနည်းငယ်လေးပဲ သာနေတာလေ။

သည်လကောင်မျိုး ဆိုတာက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ အချိန်မရွေး ကြွေလွင့် သွားနိုင်သည် မဟုတ်ပါလော။

လီဖူချန်းရဲ့ နောက်ထပ် ဘဝသက်တမ်း တစ်လျှောက်လုံးကို မြေကမ္ဘာ အဆင့်မှာပဲ နေသွားတာကလည်း ဖြစ်နိုင်ပါသေး သည်လေ။

ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ လီဖူချန်းလို ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်နဲ့ မတူပါဘူး။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက တစ်စုံတစ်ရာ မှားယွင်းမှုသာ မရှိခဲ့ရင် ကောင်းကင် နယ်ပယ်ကို ထမင်းစား ရေသောက်သလို ရောက်သွား နိုင်ပါတယ်။ သူတို့ အတွက်ကတော့ ကောင်းကင် နယ်ပယ်ကို ရောက်ဖို့ဆိုတာ သိပ်ပြီးတော့လည်း မခက်ခဲလှပါဘူး။

"ဟင့် လီဖူချန်း လက်ရှိ ပြသထားတဲ့ စွမ်းဆောင်ရည်နဲ့ အလားအလာကတောင် ဓားအရူး သူတော်စင် ထက်ကို သာနေပြီ။ ဒါကိုတောင် မင်းက သူ့ကို ပမွှားလေးလို့ သတ်မှတ်ချင် နေသေးတာလား။ ငါတို့က နည်းနည်းလေးတောင် စွန့်စားချင်စိတ် မရှိရင်တော့ ငါတို့ရဲ့ ဂိုဏ်းကလည်း ဆက်ပြီးတော့ ယုတ်လျော့ နေဦးမှာပဲ။ လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှုနှုန်းနဲ့ဆိုရင် ကောင်းကင် နယ်ပယ်ကို ရောက်ဖို့က အလွန်ဆုံးကြာမှ နှစ်၂၀ ပေါ့"

ဇောင်ဝူကျင်းကလည်း လီဖူချန်းကို ကယ်တင်ဖို့ အတွက်ကို အလျှော့မပေးပါဘူး။

အိုးရန်ဝမ်းထန်က လက်ကိုမြှောက် လိုက်ပြီး တိတ်ဖို့အတွက် အချက်ပြ လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး

"အဟမ်း အခုချက်ချင်း လီဖူချန်း အတွက် ထုတ်ထားတဲ့ ကြော်ငြာ စာတွေကို ဖြုတ်ချ ပစ်ဖို့အတွက် ကောင်းကင် နတ်ဆိုးဂိုဏ်းကို သတိပေးလိုက်။ မဟုတ်ရင်တော့ ငါတို့ မိုးပြာရောင် ဂိုဏ်းကလည်း ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကို အားကုန်သုံးပြီး ပြန်ဖမ်းမယ်လို့ပါ တစ်ခါတည်း ပြောခဲ့လိုက်"

"ထားလိုက်ပါတော့ကွာ ငါကိုယ်တိုင်ပဲ သည်ခရီးကို သွားလိုက်တော့မယ်”

အနည်း ပြန်စဉ်းစားပြီး နောက်မှာတော့ အိုးရန်ဝမ်းထင်က သူကိုယ်တိုင်ပဲ တိုက်ပွဲတစ်ရာ နယ်မြေကို သွားဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်နဲ့ ဆွေးနွေးဖို့ အတွက်ဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ကသာ အသင့်တော်ဆုံး မဟုတ်ပါလား။

အခြား လူတွေကိုသာ စေလွှတ်လိုက်မည် ဆိုပါက ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က အဖက်ကို လုပ်မှာ မဟုတ်ပါဘူး။

***

All Chapters