← Chapters

အခန်း (၅၈၁)

Vol. 39 Ch. 581

အခန်း (၅၈၁)

Vol. 39 Ch. 581

ရှစ်ဖုန့် ကစားပွဲ၌ခြေကိုချိတ်၍ ဝင်ထိုင်လိုက်သည်ကို ရှစ်ကျင်းရွှိုက်တွေ့လိုက်သည်။ အစောပိုင်းကအခြေအနေနှင့်ပက်သက်ပြီး ရှစ်ဖုန့်က သူ့အားမေးသည်ကိုကြားသည်တွင် ရှစ်ကျင်းရွှိုက်က သူ၏ ပါးစပ်ကိုဖွင့်ဟ၍ ပြောလိုက်သည်။

“တကယ်တော့.ငါ့မှာ သတင်းကအများကြီးတော့ရှိမနေဘူး. ငါဒါကို ကြားထားတာတော့တော်တော်လေးကြာနေပြီ… ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ရဲ့ တော်ဝင်နန်းတော်အောက်မှာ ထျန်းလျန်အင်ပါယာတော်ဝင်မိသား

စုရဲ့ဘိုးဘေးတွေနဲ့ နေရာပေါင်းစုံက အမျိုးမျိုးသောကျွမ်းကျင်သူတွေက ရှေးခေတ်ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ကို ဖိနှိပ်ထိန်းချုပ်ထားတယ်တဲ့”

“ကြမ်းကြုတ်တဲ့သားရဲက အရမ်းစွမ်းအားကြီးတယ်လို့ငါကြားထားတယ်. .. ထျန်းလျန်အင်ပါယာမှာ အဲ့တာပေါ်လာခဲ့တုံးက သုံးရက်တည်းနဲ့ ထျန်းလျန်အင်ပါယာက လူဦးရေ ဆယ်မီလီယံကို ဝါးမျိုခဲ့တယ်.. သူတို့ထဲမှာ မဟာသူတော်စင်နယ်ပယ်အချို့တောင်မှ ဝါးမျိုခံခဲ့ရတယ်.. အဆုံးသတ်မှာ ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး က လုပ်ဆောင်ပြီးတော့ ကြမ်းကြုတ်တဲ့သားရဲကို တော်ဝင်နန်းတော်ရဲ့အောက်မှာ ဖိနှိပ်ထားခဲ့တယ်”

“ဒါပေမဲ့ …အချိန်ကြာလာပြီးတဲ့နောက်မှာ ဖိနှိပ်ထားတဲ့စွမ်းအားက အားနည်းသည်ထက်အားနည်းလာ

တယ်လို့ငါကြားတယ်…အဲ့ကြမ်းကြုတ်တဲ့သားရဲက လွန်ခဲ့တဲ့ နှစ်အချို့အတွင်း ဖိနှိပ်ထားတဲ့စွမ်းအားကြနေလွတ်လာတဲ့ပုံပဲ.. အစောပိုင်းကငါတို့ကြားရတဲ့အခြေအနေက ကြမ်းကြုတ်တဲ့သားရဲက ဖိနှိပ်စွမ်းအားကနေချိုးဖျက်လွတ်လာနေလို့ပဲ… အဲ့စွမ်းအားကြီးအရှိန်အဝါက ကြမ်းကြုတ်တဲ့သားရဲရဲ့ အရှိန်အဝါပဲ”

“ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ်တစ်ဦးက အဲ့တာကို ဖိနှိပ်ထားခဲ့တာလား”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ အစောပိုင်းကစကားများအား အမှတ်ရစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ သို့သော် ၎င်းက တကယ်ပဲ ရှေးခေတ်အချိန်ကာလကလာသည်ဆိုလျှင် ယင်းကရှေးခေတ်သားရဲရိုင်းတစ်ကောင်အားရင်ဆိုင်ရန်အတွက် အရမ်းစွားအားကြီးမနေပေ။

ထို့နောက်ရှစ်ကျင်းရွှိုက်က ပြောလိုက်သည်။

“အစောက ထျန်းလျန်အင်ပါယာက ဒီသတို့သားရွေးချယ်သိုင်းပြိုင်ပွဲပြုလုပ်ရတဲ့ အကြောင်းနဲ့ပက်သက်ပြီး သတင်းအချို့ကိုလည်းရထားခဲ့တယ်”

“အိုး..ဘာလို့လဲ”

ရုတ်တရက်ကြီး ရှစ်ကျင်းရွှိုက်တစ်ယောက် ဤကဲ့သို့ သတင်းအချက်အလက်များစွာကိုသိနေလိမ့်မည်ဟု ရှစ်ဖုန့် မျှော်လင့်မထားခဲ့ပေ။ ထိုထက်ပိုသည်ကား သူ့အနေဖြင့် ဤကဲ့သို့ လျှို့ဝှက်သတင်းကိုပင် သိနေသည်ဖြစ်သည်။ သေချာပေါက် အထက်ပိုင်း၌ တစ်စုံတစ်ဦးရှိနေလိမ့်မည်ဖြစ်သည်။

“မင်းဘာကို ပြောချင်တာလဲ”

ရှစ်ဖုန့်က မေးလိုက်သည်။

“ ငါကြားထားတာ…တော်ဝင်မိသားစုဖြစ်တဲ့ လန်မိသားစု ထျန်းလျန်အင်ပါယာကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး မျိုးဆက်တိုင်းမှာလည်း ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက်ကိုမွေး

ထုတ်ပေးတယ်.. အဲ့တာက ဘာလို့ဆိုရင် လန်မိသားစုဆီမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်လို့ခေါ်တဲ့ စေတီတစ်ခု ရှိလို့ပဲ”

“ကောင်းကင်ဘုံသိုင်းမျှော်စင်မှာ စုစုပေါင်းကိုးလွှာရှိတယ်.. ကောလဟာလတွေအရ ကျင့်ကြံသူတစ်ဦးက အလွှာတစ်ခုကိုဝင်လိုက်တိုင်း ကောင်းကင်ဘုံသိုင်းမျှော်စင်ကနေ အကန့်သတ်မဲ့စွမ်းအင်တွေနဲ့ သိုင်းပညာနားလည်သဘောပေါက်

ဆင်ခြင်နိုင်စွမ်းတွေကို ရရှိတယ်တဲ့.. အလွှာတစ်ခုစီက စွမ်းအင်တွေကတစ်ခုထက်တစ်ခုပို

အားကောင်းပြီး သိုင်းပညာနားလည်သဘော

ပေါက်ဆင်ခြင်နိုင်စွမ်းတွေကိုလည်းပိုပိုပြီး ရရှိတယ်”

“အကယ် အလွှာကိုးကိုရောက်ရှိခဲ့ရင် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူကမှမသိကြဘူး. ကောင်းကင်ဘုံသိုင်းမျှော်စင်မှာ စွမ်းအားကြီး ခုခံမှုတစ်ခုရှိတယ်.. . လန်မိသားစုရဲ့ ဘိုးဘေး ကောင်းကင်ဘုံသိုင်းမျှော်စင်ကို ရရှိစဉ်ကတည်းက သူရောက်နိုင်တဲ့အမြင့်ဆုံးအလွှာက ခုနှစ်လွှာပဲ….ကျင့်ကြံသူတိုင်းမှာ ဝင်ရောက်နိုင်ခွင့်တစ်ကြိမ်ပဲ အခွင့်အရေးရှိတယ်.. ဒုတိယအကြိမ်ဝင်ရောက်ရင်.. ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ ဆန်းကြယ်တဲ့စွမ်းအားက သူတို့ကို ငြင်းဆိုလိမ့်မယ်”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက် ထျန်းလျန်အင်ပါယာမှသိုင်းပြိုင်ပွဲနှင့် ရှစ်ကျင်းရွှိုက် ပြောခဲ့သော တော်ဝင်နန်းတော်အောက်၌ ဖိနှိပ်ထားသည့် သားရဲတို့အား ရှစ်ဖုန့်ပေါင်းစပ်လိုက်သည်။ ရှစ်ဖုန့်ရုတ်တရက်နားလည်သွားပြီးပြောလိုက်သည်။

“ဟုတ်သားပဲ”

“အဲ့လိုဆိုရင်…ထျန်းလျန်အင်ပါယာ က မင်းသမီးလင်လုံရဲ့ နမည်ကို သုံးပြီးတော့ ကမ္ဘာအနှံ့က ပါရမီရှင်တွေကိုစုစည်းတယ်.. အဲ့တောက် လူတစ်သောင်းကျော်ကိုရွေးပြီးတော့ သတို့သားအဖြစ် အစွမ်းအထက်ဆုံးသူကိုရွေးမယ်. အဲ့နောက်သူ့ကို ကောင်းကင်ဘုံသိုင်းမျှော်စင်ကို ဝင်ခွင့်ပြုပြီးတော့ စွမ်းအားကြီးစွမ်းအင်နဲ့အံ့ဖွယ်သိုင်းတာအို နားလည်နိုင်စွမ်းကိုရရှိစေမယ်”

“အဲ့အချိန် ရှေးခေတ်သားရဲက ဖိနှိပ်မှုကနေလွတ်မြောက်လာရင် သေတဲ့အထိတိုက်ခိုက်ရမယ်”ဩ

ရှစ်ဖုန့်၏ စကားများအားနားထောင်ပြီးနောက် ရှစ်ကျင်းရွှိုက်က ခေါင်းငြိမ့်ကာပြုံးလိုက်ပြီး ပြောလိုက်သည်။

“ညီလေး.. မင်းကတကယ်တော်တဲ့သူပဲ…မင်းချက်ချင်းပဲ သဘောပေါက်တယ်.. စကားနဲ့ပြောရရင်..လန်မိသားစု က စွမ်းအားကြီးတိုက်ခိုက်သူတစ်ယောက်ကို ရှာချင်ပြီးတော့ အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်အလှလေးနဲ့ လက်ဆက်ပေးပြီး သူ့ရဲ့စွမ်းအားတွေတိုးလာအောင်ကူညီပေးချင်နေတယ်.. အဆုံးသတ်မှာသူက ..ရှေးခေတ်သားရဲကိုတိုက်ခိုက်ဖို့လန်မိသားစုကိုကူညီပေးပြီး လန်မိသားစုရဲ့ ထျန်းလျန်အင်ပါယာကိုကာကွယ်ပေးရမယ်”

ရှစ်ဖုန့်က သွားပေါ်အောင်ရယ်ပြီးပြောလိုက်သည်။

“အဲ့နောက် သူက အဲ့လူကိုကြောက်မှာမဟုတ်ဘူး.. အဲ့လူက စွမ်းအားကိုရပြီးတာနဲ့ ထွက်သွားမှာပဲ… “

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ကောင်းကင်ဘုံသိုင်းမျှော်စင်အား အရမ်းစိတ်ဝင်စားနေသည်။ သူ့အနေဖြင့် လွန်စွာ ပေါကြွယ်ဝသော စွမ်းအင်ကိုရရှိပြီး သူ၏ ခွန်အားကိုမြှင့်တင်နိုင်သည်ဖြစ်သည်။ ယခုသူချို့တဲ့နေသည်ကားစွမ်းအား

သာဖြစ်သည်။

ထိုထက်ပိုသည်ကား သေခြင်းမဲ့တောင်တန်း၏ ဝရုန်းသုဉ်းကားအခြေအနေကြောင့် ထိုနေရာသို့သူသွားဖို့လိုသည်ဖြစ်၏။

ရှေးခေတ်သားရဲအားတိုက်ခိုက်ရန်မှာမူ ရှစ်ဖုန့် စိတ်ဝင်စားခြင်းမရှိပေ။

ရှစ်ဖုန့်၏လက်ရှိပန်းတိုင်က ကောင်းကင်ဘုံသိုင်းမျှော်စင်သို့ဝင် ရောက်ရေးဖြစ်သည်။ ကျိမို့အားကူညီပြီး သူမလိုချင်သော လွတ်လပ်မှုအားရအောင်လုပ်ပေးမည်ဟု ကတိပေးထား၏။

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်မျက်နှာထက် ရုတ်တရက်ပေါ်လာသော အပြုံးအားကြည့်ရင်း ပြုံး၍မေးလိုက်၏။

“ညီလေးတွေးနေတဲ့လမ်းကိုငါမြင်နိုင်တယ်.. အချိန်ကျလာလို့ အကယ်၍ မင်းသာ တကယ်ကြီး ပထမနေရာကိုရရင် ကောင်းကင်ဘုံသိုင်းမျှော်စင်ကို သာဝင်နိုင်ရုံတင်မကဘဲ ရှေ့ပိုင်းဒေသကြီးရဲ့အလှလေးနဲ့ အတူအိပ်လို့ရပြီး ထွက်သွားရမှာ”

“ကောင်းပြီ.. အဲ့အကြောင်းကို မပြောဘဲနေရအောင်”

ရှစ်ဖုန့်က သူ၏လက်ကိုဝေ့ယမ်း၍ ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။

“အခု ဒီသခင်လေးအတွက်မင်းကိုတစ်ခုခုလုပ်ပေးစေချင်တယ်”

“အိုး.. ဘာများလဲ..”

ရှစ်ကျင်းရွှိုက်က မျက်နှာထက်ရှိသိချင်စိတ်ဖြင့်မေးလိုက်သည်။ တကယ်ပဲ အရှေ့ပိုင်းဒေသကြီး၏နံပါတ်တစ် အလှပိုင်ရှင်နှင့် အိပ်ရမည်ကိစ္စထက် ပိုအရေးကြီးသည့်အရာတစ်စုံတစ်ခုရှိနေ၏။

“ရှင်းယောင်မြို့က ချူးမိသားစုဆီကို တစ်ယောက်ယောက်စေလွှတ်ပေးပါ… ချူးမိသားစုနောက်က တောင်တန်းမှာ ချိတ်ပိတ်ကုန်းမြေ ဆိုတာ တယ်..ချူးမိသားစုထဲမှာ ချူးယွဲ့လိုခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ သူ့သမီးချူးရှင်းဆိုတာရှိတယ်.. လွန်ခဲ့တဲ့အချိန်အချို့က သူတို့ကချိတ်ပိတ်ကုန်းမြေကို ဝင်သွားတယ်..တစ်ယောက်ယောက်ကို သူတို့ကိုကြည့်ထားပေးဖို့ပြောထားပါ.. သားအဖနှစ်ယောက် ချိတ်ပိတ်ကုန်းမြေကထွက်လာခဲ့ရင် . အဲ့လူကို ဒီသခင်လေးသူတို့ကိုရှာနေကြောင်း ပြောခိုင်းပေးပါ.. ပြီးတော့မင်းပို့လိုက်တဲ့ အဲ့လူကိုလည်းဒီသခင်လေးကိုချက်ချင်းသတင်းပို့ခိုင်းပါ”

ရှစ်ဖုန့်က ပြောလိုက်သည်။ ချိတ်ပိတ်ကုန်းမြေတွင် ကောင်းကင်မီးတောက်နှင့် သွေးသောက်ဓားတို့က မြင့်မြတ်ဓားအပိုင်းအစကိုအာရုံခံမိခဲ့သည်။ မြင့်မြတ်ဓားအပိုင်းအစက သွေးသောက်ဓား၏ တိုးတက်မှုနှင့်ဆက်နွယ်နေသည်ဖြစ်သည်။ ရှစ်ဖုန့်ဘာပဲဖြစ်နေပါစေ ၎င်းအားရရမည်ဖြစ်၏။

ရှစ်ဖုန့်က ထိုနေ့က တောင်ကုန်းထက်တွင် ဝင့်ကြွားစွာရပ်နေပြီး အားကောင်းသောဆီးလ်၏စွမ်းအားအား အာရုံခံမိခဲ့သည်။ သူ့အနေဖြင့် ချိတ်ပိတ်ကုန်းမြေသို့ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ သားအဖနှစ်ယောက်လက်ထဲ၌ ရှိနေသောသော့နှင့်မှသာ သူချိတ်ပိတ်ကုန်းမြေသို့ဝင်နိုင်မည်ဖြစ်သည်။

“အိုး..အဖေနဲ့သမီးလား”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်၏မျက်နှာက ပို၍ သိချင်စိတ်တို့ပြင်းပြလာသည်။

ပြောရလျှင် ရှစ်ကျင်းရွှိုက်၏ အာရုံက “သမီး” ဟုသောစကားလုံး၌ ပို၍ စူးစိုက်သည်ဖြစ်သည်။ ထို့နောက် သူက ရှစ်ဖုန့်အားမေးလိုက်သည်။

“အဲ့ကောင်မလေးက အရမ်းလှတဲ့ကောင်မလေးပဲဖြစ်ရမယ်. ညီလေးရှစ်. မစိုးရိမ်ပါနဲ့. ရှင်းယောင်မြို့ကို ငါအခုပဲတစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ အနည်းငယ်အဓိပ္ပါယ်ရောစွတ်နေ သောစကားများအား တိုက်ရိုက်ပင် လျစ်လျူရှုလိုက်သည်။သူကခေါင်းညိမ့်ပြီး ရှစ်ကျင်းရွှိုက်အားပြောလိုက်၏။

“ကောင်းပြီ”

ထို့နောက်သူက ပြောသည်။

“အဲ့လူကို ချူးယွဲ့နဲ့ချူးရှင်းကိုတွေ့တာနဲ့ ဒီသခင်လေးကို အမြန်ဆုံးအကြောင်းကြားဖို့ပြောပါ”

“ငါ့ကို စိတ်မပူပါနဲ့”

ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

ဤအရာအားပြောပြီးနောက် ရှစ်ကျင်းရွှိုက်က ထရပ်လိုက်ပြီးအခန်းအပြင်သို့ထွက်သွားကာ ရွှေရောင်စက္ကူယပ်တောင်ကို ညင်သာစွာဝေ့ယမ်းလိုက်သည်။ ရှစ်ဖုန့်၏ကိစ္စအတွက် စီစဉ်ရန်သွားခြင်းဖြစ်သည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်”

ရှစ်ကျင်းရွှိုက်ထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အစောကပြောခဲ့သည့် ကောင်းကင်ဘုံသိုင်းမျှော်စင်ကို တွေးလိုက်သည်။

“ငါပထမနေရာကိုရရမယ်”

ရှစ်ဖုန့်က စိတ်ပိုင်းဖြတ်ထားသောမျက်နှာဖြင့် သူ့ဖာသာသူ တီးတိုးရေရွတ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှကောင်းကင်မီးတောက်က ရုတ်တရက်ရှစ်ဖုန့်ကိုပြောသည်။

“အကယ်၍ အဲ့တာက သာ ငါတွေးနေတဲ့ မျှော်စင်ဆိုရင်.. ကောင်လေး.မင်းတော့ဝင်နိုင်တာနဲ့ တကယ်ကံကောင်းတာပဲ”

ကောင်းကင်မီးတောက်၏ ရုတ်တရက်ထွက်ပေါ်လာသောအ သံအားကြားရသောအခါတွင် ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားပြီး မေးလိုက်သည်။

“အဲ့မျှော်စင်လား. ..ခင်ဗျား ကောင်းကင်ဘုံသိုင်းမျှော်စင် အကြောင်းကိုသိလား”

All Chapters