← Chapters

အခန်း (၅၈၂)

Vol. 39 Ch. 582

အခန်း (၅၈၂)

Vol. 39 Ch. 582

“ငါမင်းတို့ကြားက စကားကိုကြားတော့ မျှော်စင်တစ်ခုအကြောင်း

ကိုတွေးမိလိုက်တယ်”

ကောင်းကင်မီးတောက်က ပြောလိုက်သည်။ ထို့နောက် ကောင်းကင်မီးတောက်က ဆက်ပြောသည်။

“ဒါပေမဲ့ ငါအဲ့တာကိုကြားပဲကြားဖူးပြီး မမြင်ဖူးသေးဘူး. အဲ့တာက အဲ့မျှော်စင်လားဆိုတာကို ငါမသေချာဘူး”

“အဲ့မျှော်စင်လား”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားမေးလိုက်သည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်က ခင်ဗျားတို့ခေတ်ကလာတာများဖြစ်နိုင်မလား”

သို့သောထိုသို့သာဆိုလျှင် ထိုကဲ့သို့ ဆန်းကြယ်သောမျှော်စင်အမျိုးအစားက ရှေးခေတ်အချိန်ကာလက သန့်စင်သူဆရာသခင်တစ်ယောက်သာ လျှင် သန့်စင်နိုင်သောအရာဖြစ်နိုင်သည်ဖြစ်သည်။

“မင်းတို့ပြောတာလောက်ကိုကြားရုံနဲ့ အဲ့မျှော်စင်လားဆိုတာကိုမသေချာဘူးလို့ငါပြောပြီးပြီလေ… မင်းပထမနေရာကိုအနိုင်ရရင် အဲ့တာကိုမင်းတွေ့ရတဲ့အခါမှ ငါတို့ပြောကြတာပေါ့”

ကောင်းကင်မီးတောက်က စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ကောင်းကင်မီးတောက်၏ အသံကတိတ်သွားပြီး ဘာကိုမှထပ်မပြောတော့ချေ။

သိပ်မကြာခင် အခန်းတံခါးပွင့်သွားပြီး ရှစ်ကျင်းရွှိုက်က အပြုံးတစ်ခုနှင့်ဝင်ရောက်လာသည်။သူက ရှစ်ဖုန့်အားပြောလိုက်သည်။

“ပြီးသွားပြီ”

“ကျေးဇူးတင်ပါတယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။

ထို့နောက် ရှစ်ကျင်းရွှိုက်ကပြောသည်။

“မင်းရဲ့ကျားဖြူက နန်းတော်ထဲကို ပြေးသွားတာကိုငါမြင်လိုက်တယ်လို့ထင်တာပဲ”

“နန်းတော်ထဲကိုလား”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားရသောအခါတွင် ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ထို့နောက် ရှစ်ဖုန့်ကပြောလိုက်သည်။

“လွှတ်ထားလိုက်ပါ”

အဖြူလေးက ကျိမို့၏တည်ရှိမှုကို အာရုံခံမိပြီးသူမအားရှာဖွေရန်အတွက် နန်းတော်ဆီသို့ပြေးသွားခြင်းဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။

သို့သော် နန်းတော်က အစောင့်များထူထပ်ပြီး စွမ်းအားကြီးအရှိန်အဝါများစွာရှိသည်ဖြစ်သည်။ အဖြူလေးက အဆင့်ခုနှစ် သူတော်စင်နယ်ပယ်သာရှိပြီး ကျိမို့အားတွေ့ရရန် သူ့ကိုယ်သူသာအားထားရမည်ဖြစ်သည်။

ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော် နန်းတော်တွင်ဖြစ်သည်။

အလွန်လှပသိမ်မွေ့လက်ရာမြောက်သော အိပ်ခန်းတစ်ခုအတွင်းတွင် တပ်မက်ဖွယ်ရနံ့မွေးတစ်ခုဖြင့် ပြည့်နေပြီး ပြတင်းပေါက်ဘေးနား၌ လှပသော အဖြူရောင်ပုံရိပ်တစ်ခုက လဲလျောင်းနေသည်။ ထိုလှပသောမျက်နှာလေးက အဖြူရောင်တိမ်တိုက်များဖြင့်ပြည့်နေသော ကောင်းကင်ယံသို့ မှင်တွေစွာဖြင့် စိုက်ကြည့်နေ၏။

သူမ၏ဆံပင်ရှည်တို့က ပခုံးအထိ ဖြန့်ကျဲကျနေပြီး လေပြေလေညှင်းနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေသည်။ လေပြေလေညှင်းက သူမ၏ကိုယ်အားဖြတ်သန်းတိုက်ခတ်ပြီး အကွာအဝေးတစ်ခုအတွင်းရောက်သည်အထိ ၎င်းက လူတို့အားလွန်စွာ သက်တောင့်သက်သာဖြစ်မှုကို

ခံစားရစေသော တပ်မက်ဖွယ်ရနံ့မွေးအား သယ်ဆောင်သွားဆဲဖြစ်သည်။

နန်းတော်၏ပြင်ပတွင် တိုက်ခိုက်သူပေါင်း တစ်သောင်းကျော်က သူ့အတွက် အင်တိုက်အားတိုက်တိုက်ခိုက်နေကြသည်။ သူတို့ထဲများစွာမှာ သူမကိုရရန်အတွက်နှင့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၌ ထာရဝနေခဲ့ရပြီဖြစ်သည်။

သူမကတော့ ကမ္ဘာကြီးနှင့် သီးသန့်ဖြစ်နေသကဲ့သို့ ဆိတ်ငြိမ်စွာနေနေသည်။

“ဟူး”

ကောင်းကင်ပြင်အားကြည့်၍ ရုတ်တရက်သူမခေါင်းလေးကိုငုံ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ မူလက သူမ၏အဖေကိုအပြစ်ဖို့ခဲ့ပြီး သူမ၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ရွေးချယ်သင့်သည်ဟုခံစားရသည်။

သို့သော် သူမအားကျိရှောင်း၏ ပြန်လည်ခေါ်ယူလာမှုကိုခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်သူမဖခင်နှင့်တွေ့ဆုံခဲ့၏။ သူမဖခင်က ကူကယ်ရာမဲ့မှုနှင့်လက်ရှိလန်မိသားစု၏ အခြေအနေကို ပြောပြခဲ့သည်။ ထို့နောက်မှသာသူမ၏ဖခင်အားနား လည်ခဲ့ခြင်းဖြစ်သည်။

“ဒါကငါ့ရဲ့ကံလည်းဖြစ်ကောင်းဖြစ်နိုင်တယ်. လန်မိသားစုမှာမွေးဖွားလာပြီး ထျန်းလျန်အင်ပါယာရဲ့ မင်းသမီးတစ်ယောက်ဖြစ်လာရတဲ့ကံကြမ္မာ”

ကျိမို့ကဝမ်းနည်းစွာပြောလိုက်ပြီးခေါင်းလေးကိုငုံ့ထားလိုက်သည်။

“ငါသာမန်လူတစ်ယောက်ရဲ့သမီးပဲတကယ်ဖြစ်ချင်တယ်….အဲ့တာမှ ငါ့ပျော်ရွှင်မှုကို ကိုယ်တိုင်ရွေးချယ်လို့ရမှာ.. အဲ့မှာ အခြားသူတစ်ယောက်နဲ့အတူတကွချစ်ကျွမ်းဝင်တဲ့ခံစားချက်ကို ငါကိုယ်တိုင်ကိုယ့်ကိုယ်ကိုယ်မှီခိုနိုင်မှာ”

ကျိမို့က “ချစ်ကျွမ်းဝင်ရသောသူ” ဟူသောစကားအားပြောချိန်တွင်သူ၏ပါးမို့လေးများရဲရဲနီသွားသည်။ ဘာကြောင့်မှန်းမသိသော်လည်း ဤစကားများအားပြောချိန်တွင် ခံ့ညားသောအနက်ရောင်ပုံရိပ်တစ်ခုက သူ၏စိတ်ထဲ၌ပေါ်လာသည်။ ထိုအနက်ရောင်ပုံရိပ်က သူမသူ့အားကြည့်လိုက်သည့်အချိန်တိုင်းတွင်စိတ်ချမ်းမြေ့မှုကို ပေးစွမ်းသည်ဖြစ်သ်ည။

“ပြီးတော့အဖြူလေး”

ကျိမို့၏ စိတ်ထဲ၌နာခံတတ်သော အရွယ်ရောက်ကျားဖြူတစ်ကောင် အားရုတ်ခြည်းအမှတ်ရထင်ပေါ်လာသည်။

“ဝေါင်း”

ဤအချိန်တွင် ရှေ့ဘက်မှနေ၍ ကျားတစ်ကောင်၏ ဟိန်းသံကိုခပ်ယဲ့ယဲ့ကြားလိုက်ရသည်။

ဟိန်းသံအားသူမကြားသောအခါတွင် ကျိမို့ကကိုယ့်ကိုယ်ကိုယ်သရော်ကာ ခေါင်းခါလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ငါအဖြူလေးကို တွေးတာများတဲ့ပုံပဲ..ငါစိတ်တွေထင်ယောင်ထင်မှားဖြစ်နေပြီ”

“ဝေါင်း”

ထို့နောက်ချက်ချင်းနောက်ထပ်ဟိန်းသံအား ကျိမို့ကြားလိုက်ရသည်။ဤဟိန်းသံက ယခင်တစ်ခုထက် ပိုမိုရှင်းလင်းသည်ဖြစ်သည်။

“ဟမ်”

ဤဟိန်းသံအားကြားပြီးနောက် ကျိမို့၏မျက်နှာထက်၌ ရုတ်ခြည်းအလွန်အံ့ဩမှုတို့ဖြစ်သွားသည်။ ထို့နောက်သူမခေါင်းလေးအား ဖြည်းညှင်းစွာမော့လိုက်၏။

“အာ”

ရုတ်ခြည်း ကျိမို့ တုန်လှုပ်အံ့အားသင့်သွားသည်။သူ၏အိမ်အပြင်ဘက် ဥယျဉ်အတွင်း ၌ ကျားဖြူတစ်ကောင်အားတွေ့ရ၏။ ကျိမို့ ခေါင်းလေးအားပြင်းထန်စွာ ခါယမ်းလိုက်သ်ည။ သို့သော် သူမခေါင်းအားခါပြီးသည့်နောက်တွင် ကျားဖြူက ဥယျဉ်အတွင်း၌ရှိနေသေးသည်။ ကျားဖြူ၏ဦးခေါင်းက သူမအားမျက်နှာမူထားပြီး သူမကို စိုက်ကြည့်နေသည်။

“အဖြူ..လေး”

အလွန်အံ့ဩနေသောကျိမို့၌ ရုတ်ခြည်း ငွားငွားစွင့်စွင့်အပြုံးပန်းတစ်ခုပေါ်လာသည်။ ရုတ်ခြည်း သူမ၏မျက်နှာကဖူးပွင့်နေသော ပန်းလေးကဲ့သို့ဖြစ်သွား၏။ထိုင်ခုံပေါ်၌ ထိုင်နေသောသူမ၏ ကိုယ်လေးက လည်းထရပ်လိုက်သည်။

အဖြူလေးကသူမတွေးနေချိန်၌ တကယ်ပေါ်လာမည်ဟု မထင် ထားခဲ့ပေ။ အဖြူလေးပေါ်လာသည်ဆိုရင် သူလည်းဒီနေရာသို့ရောက်နေလိမ့်မည်ဖြစ်သည်။

“ဒီမိစ္ဆာသားရဲက ဘယ်ကနေပေါ်လာတာလဲ.. နန်းတော်ထဲကိုဘယ်လိုတောင်ခိုးဝင်ရဲတာလဲ. ဒီတပ်မှူးအတွက်သေလိုက်စမ်း”

“စစ်သည်တို့. ငါ့အမိန့်ကိုနားထောင်ကြ. ဒီသားရဲကိုသတ်ပစ်စမ်း”

“ဟုတ်ကဲ့”

“သတ်”

“သတ်”

“သတ်”

“သတ်”

ရုတ်ခြည်းအော်သံများနှင့်ကြုံးဝါးသံများအားကျိမို့၏ရှေ့ဥယျဉ်အတွင်းမှကြားရ၏။

“ဝေါင်း..ဝေါင်း.ဝေါင်း”

ထို့နောက် ကျားဖြူ၏ဒေါသထွက်စွာ ဟိန်းသံကိုကြားရသည်။

ထို့နောက်တွင်ကျိမို့၏အသံကို လည်းလိုက်ပါကြားရ၏။

“မဟုတ်ဘူး.မဟုတ်ဘူး. နင်တို့ အဖြူလေးကိုထိခိုက်စေလို့မရဘူး..အဖြူးလေးကငါ့သူငယ်ချင်း.. နင်တို့အားလုံး…နင်တို့အားလုံး ပြန်ဆုတ်ကြစမ်း”

ကျိမို့၏အသံပေါ်လာပြီးပြီးချင်း တိုက်ခိုက်မှုတို့တန့်သွားသည်။

“အာ”

“အမ်”

“မင်းသမီး…ဒါက..”

“ဟုတ်ကဲ့..မင်းသမီး’

“ဝေါင်း”

“အဖြူလေး ..ဒီကိုလာခဲ့..မကြောက်နဲ့.. ငါဒီမှာရှိနေရင်.. ဘယ်သူ့မှနင့်ကိုထိခိုက်အောင်လုပ်လို့မရဘူး.. လိမ္မာတယ်..အဖြူလေး”

“အဖြူလေး..ဒီရက်တွေအတွင်း နင်ဝိတ်တော်တော်ကျသွားပုံပဲ.. နင်ဒုက္ခတွေခံခဲ့ရတာလား”

“ဝေါင်း”

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော် ရတနာတစ်ယောင်စံအိမ်တွင်ဖြစ်သည်။

ရှစ်ဖုန့်ကျင့်ကြံခြင်းမှထပ်မံနိုးထလာသောအခါတွင် နေ့သစ်တစ်ခုသို့ရောက်နေပြီဖြစ်သည်။ ကောင်းကင်ကလုံးဝမတောက် ပသေးသော်လည်း မှိုင်းပျသောအလင်းရောင်ခပ်သဲ့သဲ့ ရှိနေဆဲဖြစ်သည်။

“ဒေါက်..ဒေါက်..ဒေါက်”

သိပ်မကြာခင် တစ်စုံတစ်ယောက်က ရှစ်ဖုန့်၏အခန်းတံခါးအားခေါက်လာသည်။ ရှစ်ဖုန့်က တံခါးခေါက်သူမှာ ရှစ်ကျင်းရွှိုက်ဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။

“ဝင်လာခဲ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရှစ်ဖုန့်၏အသံပျောက်သွားပြီးပြီးချင်း တံခါးကဖြည်းညှင်းစွာတွန်းဖွင့်လာပြီးရွှေရောင်ပုံရိပ်တစ်ခုက အခန်းအတွင်းလျှောက်လှမ်းဝင်လာသည်။ ဤအကြိမ်တွင်ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားအပြုံးများ ပြည့်နှက်နေသောမျက်နှာဖြင့် ကြည့်၍ ပြောလိုက်သည်။

“ညီလေးရှစ်..ဒီနေ့မင်း နေ့သစ်တစ်ခုကိုစတင်ပြီးတော့ တိုက်ပွဲသစ်တစ်ခုကိုစရတော့မယ်…ဒီနေ့မနက်မှာ စားဖိုဆောင်ကို ငါမင်းရဲ့ခန္ဓာကိုယ်အတွက်အားဖြစ်စေမဲ့ ငွေကြေးအကုန်အကျများတဲ့ နံနက်စာကိုပြင်ခိုင်းထားတယ်”

ထို့နောက် ရှစ်ကျင်းရွှိုက်က သူ၏ ညာလက်နှင့်ဘယ်လက်အား လက်ခုပ်တီးလိုက်ပြီး အသံနှစ်ချက် ထွက်ပေါ်စေလိုက်သည်။ရှစ်ကျင်းရွှိုက်က လက်ခုပ်တီးလိုက်သကဲ့သို့ များစွာသော လှပသည့် ပုံရိပ်များက ရှစ်ဖုန့်၏ အခန်းအတွင်းဝင်ရောက်လာသည်။

ထိုဝင်လာသူများမှာ ပျှမ်းမျှစံနှုန်းအထက်မှာရှိသည် ဟုသုံးသပ်၍ရသော လှပသည့် အမျိုးသမီး အခြွေအရံများဖြစ်ကြသည်။ အမျိုးသမီးအခြွေအရံတိုင်း၏လက်ထဲတွင် စားစရာပန်းကန်တစ်ခုစီရှိနေသည်။ ဤပန်းကန်းပြားများမှ မွေးကြိုင်သောရနံ့လှိုင်းတို့ကိုထုတ်လွှတ်နေပြီး လူတစ်ယောက်၏ စားချင်စိတ်အား အနံ့ကြောင့်ပို၍ မြင့်တက်စေသည်။

ထို့နောက်ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားကြည့်လိုက်ပြီးမေးလိုက်သည်။

“မင်းကျေနပ်ရဲ့လား”

ရှစ်ကျင်းရွှိုက်၏ မေးခွန်းအား တုန့်ပြန်သည့်အနေဖြင့် အေးဆေးတည်ညိမ်စွာပင်ပြောလိုက်သည်။

“စားပြီးမှပဲပြောတာပေါ့”

“ မင်းသေချာပေါက် စိတ်ကျေနပ်မှာပါ.. လာပြီးမြည်းစမ်းပါအုံး. အထူးသဖြင့် ဒီကရားထဲက ဝိုင်ပဲ…အဲ့တာအတွက်ငါတော်တော်လေးအားထုတ်ထားရတာ..”

စကားပြောရင်း ရှစ်ကျင်းရွှိုက်က အဖြူရောင်ကျောက်ဖြင့်ပြု လုပ်ထားသောကရားတစ်ခုအား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။

All Chapters