← Chapters

အခန်း (၅၈၃)

Vol. 39 Ch. 583

အခန်း (၅၈၃)

Vol. 39 Ch. 583

ရှစ်ကျင်းရွှိုက်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှာ ဝိုင်ကရားပုလင်းကြီးအား ထုတ်ယူလိုက်သောအခါတွင် ရင်းနီးသော ရနံ့မွှေးတစ်ခုက လေထဲ၌ ပြည့်နှက်သွားသည်။ အနံ့အားခံပြီးသည့်အခါတါင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုက ရှစ်ဖုန့်၏မျက်နှာထက်၌ပေါ်လာ၏။

“သွေးပိုးစာဝိုင်ပဲ”

သွေးပိုးစာဝိုင်မှာ အဆင့်ရှစ်မဟာသူတော်စင်နယ်

ပယ်သစ်သီးဖြစ်သော သွေးပိုးစာသီးဖြင့်ပြုလုပ်ထား

သည့်ဝိုင်တစ်ခုဖြစ်သည်။ ရှစ်ဖုန့် ရှစ်ကျင်းရွှိုက်နှင့်ပထမဆုံးတွေ့ဆုံချိန်က သူအား သွေးပိုးစာဝိုင်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်ဖြစ်သည်။

သူတို့ကုန်သည်သင်္ဘောပေါ်၌ရှိနေစဉ်တွင် သွေးပိုးစာဝိုင်ခွပ်အနည်းငယ်အား

သောက်သုံးပြီးနောက် သူ၏ ကာယခန္ဓာခွန်အားက တိုးပွားလာသည်ကို ရှစ်ဖုန့်ရှင်းလင်းစွာခံစားမိခဲ့သည်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်က အဖြူရောင်ကျောက်ကရားအိုးကြီးကို သူ၏လက်ဖြင့်ထိုးညွှန်ပြပြီး ရှစ်ဖုန့်အားပြောလိုက်သည်။

“ဒီသွေးပိုးစာဝိုင်က အခွင့်အရေးရမှတွေ့နိုင်တဲ့ အရာမျိုးပဲ.. ဒုတိယမြောက်ဝိုင်ကရားအိုးကိုငါကံကောင်းစွာနဲ့ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး. မင်းကံကောင်းတာပဲ”

စကားပြောနေရင်းရှစ်ကျင်းရွှိုက်က အခန်းအတွင်းရှိ မဟော်ဂနီရောင် စားပွဲထံသို့လျှောက်သွားလိုက်သည်။ စားပွဲပေါ်၌အရသာရှိသောစားဖွယ်များဖြင့်ပြည့်နှက်နေ၏။ သူက ဝိုင်အိုးအား စားပွဲပေါ်သို့တင်ထားလိုက်သည်။

လှပသော အခြွေအရံများမှာ ပန်းကန်းပြားများအားစားပွဲပေါ်၌ ချခင်းပြီးနောက်တစ်ယောက်ပြီး

တစ်ယောက်ပြန်လည်ထွက်ခွာသွားသည်။ အလှဆုံးသောအခြွေအရံအမျိုးသမီးနှစ်ဦးသာ ကျန်ရစ်ခဲ့ပြီးစားပွဲ၏ရှေ့ဘက်နှင့်နောက်ဘက်၌ ရပ်နေကြသည်။ ရှစ်ကျင်းရွှိုက်က များစွာသောသူတို့ထဲမှနှစ်ယောက်အားနေခဲ့ခိုင်းဟန်တူသည်။

ရှစ်ကျင်းရှိုက်က စားပွဲ၌ ထိုင်လိုက်သည်။ ဤအချိန်တွင် ရှစ်ဖုန့်ကလည်း မဟော်ဂနီရောင်စားပွဲသို့လာပြီး ရှစ်ကျင်းရွှိုက်၏ ဆန့်ကျင်ဘက်၌ထိုင်လိုက်သည်။

ရှစ်ကျင်းရွှိုက်က စားပွဲပေါ်ရှိ အရသာရှိသောစားဖွယ်များအားထိုးညွှန်ပြရင်း ရှစ်ဖုန့်အားပြောလိုက်သည်။

“ဒီစားပွဲပေါ်ကအစားအစားတွေ အထူးသဖြင့် သွေးပိုးစာဝိုင်အိုးက မင်းအတွက်အထူးပြင်ဆင်ပေးထားတာပဲ. အရင်ဆုံး မနေ့ကပြိုင်ပွဲစင်မြင့်အတွင်းမှာ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မှုကိုဖော်ပြတာ..ဒုတိယကတော့ မင်းရံကိုယ်ကိုအားဖြစ်စေဖို့ပဲ.. မင်းတိုက်ခိုက်တဲ့အခါခွန်အား

တွေပြည့်နေအောင်ပေါ့”

ရှစ်ကျင်းရွှိုက်စကားပြောပြီးနောက် ရံခြွေတော်နှစ်ဦးကလည်းဝိုင်ခွပ်များအတွင်း၌ သွေးနီရောင်ဝိုင်တို့အားဖြည့်ထားပြီးဖြစ်သည်။ ထို့နောက်ရှစ်ကျင်းရွှိုက်က ဝိုင်ခွပ်ကိုမြှောက်လိုက်ပြီး ရှစ်ဖုန့်အားပြောလိုက်သည်။

“မင်းရဲ့ညီအကိုဖြစ်တဲ့ငါက မင်း နိုင်ပွဲရပြီး အဆင့်တက်ဆို့ ဆုတောင်းတယ်. အရှေ့ပိုင်းဒေသကြီးအတွင်း က အလှပဆုံးသောအမျိုးသမီးနဲ့

အတူတူအိပ်နိုင်ပြီးတော့ ကျင့်ကြံသူအားလုံးသူတို့ရဲ့

အိမ်မက်ထဲမှာတောင့်တနေတဲ့ ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုဝင်နိုင်ပါစေ..

ကမ်းပေ့”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ ဝိုင်ခွပ်ကိုကောက်ယူလိုက်သည်။ သူကရှစ်ကျင်းရွှိုက်နှင့် ခွပ်အား ချွင်ခနဲမြည်အောင်တိုက်လိုက်ပြီး ပြောလိုက်သည်။

“ကမ်းပေ့”

ခွပ်ချင်းတိုက်ပြီးနောက် နှစ်ယောက်သားသွေးနီရောင်ဝိုင်ကို တစ်ကြိုက်တည်းမော့လိုက်သည်။

“ကောင်းလိုက်တာ..ဝိုင်ကောင်းပဲ”

ဝိုင်အားသောက်သုံးပြီး

နောက်ရှစ်ကျင်းရွှိုက်က တသသဖြင့်ပြောလိုက်သည်။

“သွေးပိုးစာဝိုင်က ထင်ထားတဲ့အတိုင်းပဲ..ခန္ဓာကိုယ်ရဲ့ခွန်အားကို တိုးစေရုံတင်မကပဲ.. ဝိုင်ရဲ့အရသာကလည်း အနံ့ရောအသာကောအ ရမ်းကောင်းမွန်တယ်… ဒီခွပ်ကို မင်းနဲ့အတူမျှဝေပြီးတဲ့နောက်မှာ ဒါနဲ့ပက်သက်ပြီးနည်းနည်းတောင်တွန့်တိုမိသလိုခံစားရတယ်..ဟားဟား”

“အခုက အရမ်းနောက်ကျသွားပြီ”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ထို့နောက် ငရဲဘုံကိုးခု ခန္ဓာသန့်စင်ပညာရပ်အား တိတ်တဆိတ်လှည့်ပတ်လိုက်ပြီး သူ၏ကာယခန္ဓာကိုယ်အတွက် သွေးပိုးစာဝိုင်၌ပါဝင်သော ဆေးအာနိသင်များကို စတင်စုပ်ယူလိုက်သည်။

နှုတ်ခမ်းဝအထိပြည့်သည့်အထိ ခွပ်ထဲထည့်ပြီးနောက် ခွပ်အား မြှောက်လိုက်ပြီး ခပ်ယဲ့ယဲ့အပြုံးဖြင့် ရှစ်ကျင်းရွှိုက်အားရှစ်ဖုန့်ပြောလိုက်သည်။

“လာ..နောက်ထပ်တစ်ခွပ်”

“လခွီးပေါ့”

ထို့နောက်နှစ်ယောက်သားခွပ်များ

ကိုချွင်ခနဲတိုက်လိုက်ကြပြီး နောက်ထပ်သွေးပိုးစာဝိုင်တစ်ခွပ်အားသောက်သုံးလိုက်ကြသည်။

အရာသာမွန်အားခံစားကာ အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ် ဝိုင်အားသောက်သုံးခြင်းက လူတစ်ယောက်အား ဘဝ၌ကြီးစွာသော ကျေနပ်အားရမှုကိုခံစားရစေသည်။

မကြာခင်တွင် ဝိုင်အိုးက သူတို့နှစ်ယောက်ကြောင့် ပြောင်ထွက်သွားသည်။

ဝိုင်အိုးတစ်ဝက်ခန့်အား သောက်သုံးပြီးနောက် သူ၏ ကာယခန္ဓာကိုယ်အတွက် သွေးပိုးစာဝိုင်၏ ဆေးအာနိသင်တို့အား လုံးဝစုပ်ယူ ၍ ချေဖျက်လိုက်သည်။ဤအချိန်တွင် ရှစ်ဖုန့်မှာ သူ၏တစ်ကိုယ်လုံး၌ ခွန်အားများဖြင့်ပြည့်နှက်နေသည် ဟုခံစားရသည်။ အခန်းအတွင်း၌ မည်သူမျှရှိရှိဂရုမထားဘဲ ထရပ်လိုက်ပြီးလေထဲသို့ လေက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ဘန်း”

အခန်းအတွင်းမှ ပေါက်ကွဲသံခပ်သဲ့သဲ့တစ်ခုကိုကြားရသည်။

ဤလက်သီးချက်၏ စွမ်းအားအားခံစားကာ သွေးပိုးစာဝိုင်အိုးတစ်ဝက်၏ ဆေးအာနိသင်တို့အား ချေဖျက်ပြီးနောက် သူ ၏ကာယခန္ဓာကိုယ်က ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်မှ ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်အထိ တက်လှမ်းသွားသည်။

“အဆင့်ရှိ မဟာသူတော်စင်နယ်ပယ်စိတ်ဝိညာဉ်သစ်သီးက တကယ့်ကို အံ့ဖွယ်ပဲ”

ထို့နောက် ရှစ်ဖုန့်က ပြင်ပရှိ ကောင်းကင်အားကြည့်လိုက်ပြီး ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

“အချိန်ကျတော့မယ်. ပြိုင်ပွဲကိုသွားကြစို့”

“သွားစို့”

ရှစ်ကျင်းရွှိုက်က ရယ်မော၍ ထရပ်လိုက်သည်။ ထို့နောက်တွင် နှစ်ယောက်သား ပြင်တင်းတံခါးမှ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာလိုက်ပြီး ပြိုင်ပွဲကွင်းပြင်သို့ဦးတည်လိုက်သည်။

အခန်းအတွင်းတွင် လှပသော အမျိုးသမီးအခြွေအရံနှစ်ဦးကသာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျှက် ကျန်ရစ်နေခဲ့သည်။ ရှစ်ကျင်းရွှိုက်၏ နောက်၌ရပ်နေသောလှပသည့် အခြွေအရံက စိတ်ပျက်စွာဖြင့်သက်ပြင်းချလိုက်သည်။

သခင်လေးက အခန်းအတွင်း၌ ဝိုင်အချို့သောက်သုံးပြီးနောက်တွင်

တစ်ခုခုကိုပြုလုပ်လိမ့်မည်ဟု တွေးခဲ့သည်။

အကယ်၍ သူသာသူမအားတကယ်ပဲတစ်ခုခုလုပ်ဆောင်ခဲ့လျှင် သူမအနေဖြင့်သူ၏ကိုယ်ဝန်အားလွယ်ရသည်အထိကံကောင်းပြီးထို့နောက် သူ့အတွက် ကလေးမွေးပေးသောပထမဆုံးအမျိုးသမီးဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် သူမအနေဖြင့်ယခုကဲ့သို့ အခြွေအရံတစ်ယောက်မည်ကဲ့သို့ဖြစ်နေပါတော့မည်နည်း။

သူမအပေါ်နှိမ့်ချကြည့်ရှုသူများ အထင်သေးစက်ဆုပ်ကြသူများ နှင့်သူအားအနိုင်ကျင့်သူများအား နောင်တရသွားအောင်သူမပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။ သူတို့၏ စကားလုံးများနှင့်လုပ်ရပ်များ

အတွက်ပင်သူမပြန်လည်ပေး

ဆပ်ရအောင်လုပ်နိုင်လိမ့်မည်ဖြစ်သည်။

လှပသော အခြွေအရံမိန်းကလေးမှာ သူမ၏စိတ်ကူးယှဉ်ကမ္ဘာထဲရောက်နေသကဲ့သို့စိတ်ထဲ၌ စတင်စိတ်ကူးယဉ်နေသည်။ မသိလိုက်ပါဘဲအေးစက်သောအပြုံးတစ်ခုက သူမမျက်နှာထက်၌ပေါ်လာခဲ့သော်လည်း သူမကတော့ ၎င်းအားသတိမပြုမိပေ။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့က ရှေ့နောက်လွန်းထိုးလျှင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကောင်းကင်ထက်၌ရှိနေသည်။ မကြာခင် ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်၏ ပြိုင်ပွဲစင်မြင့်များက သူတို့အောက်၌ပေါ်လာ၏။

သူတို့နှစ်ဦးသားချက်ချင်းရွေ့လျားလိုက်ကြပြီး စင်မြင့်နံပါတ်တစ်ဆယ်၌ဆင်းသက်လိုက်သည်။ဤအခိုက်အတန့်တွင် လိမ္မော်ရောင်ပုံရိပ်တစ်ခုက စင်မြင့်နံပါတတ်တစ်ဆယ်ပေါ်၌ ဝင့်ကြွားစွာရပ်နေသည်ကို သူတို့တွေ့လိုက်ရသည်။

“အဲ့တာဝမ့်ကုန်းပဲ”

ရှစ်ကျင်းရွှိုက်က အောက်၌ရှိနေသော လိမ္မော်ရောင်ပုံရိပ်အားကြည့်ကာ ရှစ်ဖုန့်၏ဘေးမှအလန့်တကြား

ပြောလိုက်သည်။

လိမ္မော်ရောင်ပုံရိပ်အားကြည့်၍ ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ဝမ့်ကုန်းက ထိုနေရာ၌ရပ်နေကာသူနှင့်တိုက်ရန်အတွက်စောင့်နေသည့်ပုံပေါ်၏။

မနေ့က သူက စင်မြင့်နံပါတ်တစ်ဆယ်၌ ကျင်ကြံသူများအားအမြန်ဆုံးသောအပြုအမူဖြင့် ရှင်းထုတ်ပစ်ခဲ့သလို ဝမ့်ကုန်းကလည်း တူညီသည့်နည်းလမ်းအား အသုံးပြုခဲ့သည့်ပုံပေါ်သည်။

“သူကဒီသခင်လေးကို မနက်မိုးလင်းအစောကြီးစောင့်နေတာပဲ”

ရှစ်ဖုန့်က အောက်ဘက်ရှိ ဝမ့်ကုန်းအားအေးစက်စွာကြည့်လိုက်သည်။

“ညီလေး.မင်းကိုယ်မင်းယုံကြည်မှုရှိလား..မင်းလိုတယ်ဆိုရင် ငါရွှေရောင်ချပ်ဝတ်ကိုငှားပေးလို့ရတယ်”

စင်မြင့်နံပါတ်တစ်ဆယ်၌ ရပ်နေသည့်ဝမ့်ကုန်းအားကြည့်ရင်း ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားစိတ်ပူစွာဖြင့်ကြည့်၍ ပြောလိုက်သည်။

“အဲ့လိုလုပ်ဖို့မလိုပါဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက်သူ၏ကိုယ်က တစ်ဟုန်ထိုးဆင်းသက်လိုက်၏။ “ဘန်း”ဟူသောအသံနှင့်အတူ ရှစ်ဖုန့်၏အနက်ရောင်ပုံရိပ်က စင်မြင့်နံပါတ်တစ်ဆယ်ရှိ ဝမ့်ကုန်းနှင့် ဆန့်ကျင်ဘက်၌ ဆင်းသက်လိုက်သည်။

“ကြည့်လိုက်..သူရောက်လာပြီ..သူတကယ်ရောက်လာပြီ..ရှစ်ဖုန့်”

“ဒီနေ့ ..ငါတို့တိုက်ပွဲကောင်းတစ်ခုကို

စောင့်ကြည့်ရတော့မယ်.. ဒီလူက မနေ့ကတုံးက စင်မြင့်နံပါတ်တစ်ဆယ်က လူတွေအကုန်လုံးကို ရှင်းထုတ်ပစ်ခဲ့တာ. အဲ့နောက် ဝမ့်ကုန်းကလည်း စင်မြင့်နံပါတ်သုံးဆယ့်လေးက ကျင့်ကြံသူတွေကိုသူ့ရဲ့ ခန်းနားတဲ့အရှိန်အဝါနဲ့ စိန်ခေါ်ခဲ့တယ်.. အဲ့နောက် သူကလည်း စင်မြင့်နံပါတ်သုံးဆယ့်လေးမှာကျင့်ကြံသူအားလုံးကို ရှင်းထုတ်ပစ်ခဲ့တယ်”

“ဝမ့်ကုန်းက မနက်စောစော စင်မြင့်နံပါတ်တစ်ဆယ်မှာ ရပ်နေပြီးတော့ သူ့ကို စိန်ခေါ်လိမ့်မယ်လို့ဘယ်သူကတွေးမိမှာလဲ”

“ဝမ့်ကုန်းက မဟာသူတော်စင်နယ်ပယ်ကိုဝင်ရောက်နေတဲ့ သန်မာတဲ့သူတစ်ဦးပဲ..ပိုင်ကျွင်းရွှမ်း..

ဝူကန်းနဲ့ဝေ့ဝူကျိတို့က မဟာသူတော်စင်နယ်ပယ်ကို မဝင်ရောက်သေးဘဲ သူနဲ့လည်းမယှဉ်နိုင်ဘူး..

မောက်မာတဲ့ရှစ်ဖုန့်တော့ တကယ့်ပြိုင်ဘက်နဲ့ဒီနေ့တွေ့တဲ့ပုံပဲ”

“စင်မြင့်ထဲ နောက်ဆုံးရပ်နေမဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ငါသိချင်မိတယ်..ငါတကယ်ပဲ

ဒါကိုမျှော်လင့်နေပြီ”

စင်မြင့်နံပါတ်တစ်ဆယ်၌ တိုက်ပွဲအားစောင့်ကြည့်နေကြသောကျင့်ကြံသူများဖြင့်ပြည့်နေသည်။ ရှစ်ဖုန့်ရောက်ရှိလာမှုကြေင့်

လူအုပ်မှာအုတ်အော်သောင်းနင်းဖြစ်နေ၏။

All Chapters