← Chapters

အခန်း (၅၈၄)

Vol. 39 Ch. 584

အခန်း (၅၈၄)

Vol. 39 Ch. 584

“တိတ်ကြစမ်း”

စင်မြင့်နံပါတ်တစ်ဆယ်တွင် စာပေသမားပုံစံရှိသောဒိုင်ဖြစ်သူ၏အသံက ရုတ်ခြည်းထွက်ပေါ်လာပြီး သူ၏အသံက စင်မြင့်တစ်ခွင်ရိုက်ခတ်ပျံ့နှံ့သွားသည်။

ဒိုင်ဖြစ်သူ၏ “တိတ်စမ်း”ဟူသောစကားလုံး လုံးလုံးလျားလျားထွက်ပေါ်လာပြီးနောက် လူအုပ်ကြီးမှာရုတ်ခြည်းတိတ်ကျသွားသည်။ များပြားလှစွာသောအကြည့်များက ရုတ်ခြည်း စင်မြင့်နံပါတ်တစ်ဆယ်ကောင်းကင်ထက်သို့ကြည့်လိုက်ပြီး စာပေသမားဒိုင်ဖြစ်သူ၏ ကြေညာချက်ကိုစောင့်ဆိုင်းနေကြသည်။ သူတို့က စိတ်ထက်သန်စွာဖြင့် သန်မာသူနှစ်ယောက်ကြားက တိုက်ပွဲရောက်ရှိလာမည်ကို စောင့်နေကြသည်။

ကောင်းကင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော ဒိုင်ဖြစ်သူက စင်မြင့်အောက်သို့ငုံ့ကြည့်၍ ပြောလိုက်သည်။

“စင်မြင့်နံပါတ်တစ်ဆယ် ဆန့်ကျင်ဘက်အရပ်မှာရပ်နေတဲ့သူက စင်မြင့်နံပါတ်သုံးဆယ့်လေးကပဲ.သူကမင်းကိုစိန်ခေါ်တယ်.. မင်းလက်ခံသလား”

“မင်းလက်မခံရင် နောက်စင်မြင့်က ချံပီယံကိုဆုံးဖြတ်ပြီးတဲ့အထိမင်းသူနဲ့တိုက်ဖို့စောင့်ရမယ်.. မင်းလက်ခံရင် ရှုံးနိမ့်တဲ့သူက အရည်အချင်းမပြည့်မှီဘူးဖြစ်မယ်”

ဒိုင်ဖြစ်သူ၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က သူ့ရှေ့ရှိလိမ္မော်ရောင်ပုံရိပ်ဖြစ်သောဝမ့်ကုန်းအားစိုက်ကြည့်လိုက်သည်။ဤသည်မှာသူပြန်မွေးဖွားလာစဉ်ကတည်းက ပထမဆုံး အကြိမ် ရင်ဆိုင်ရသော မဟာသူတော်စင်နယ်ပယ် တစ်ယောက်ဖြစ်သည်။

ရှစ်ဖုန့်က ဒိုင်ဖြစ်သူအားစကားတစ်လုံးတည်းဖြင့်ပြန်ဖြေလိုက်သည်။

“တိုက်”

“တိုက်” ဟူသောစကားလုံးမှာ အရာအားလုံးဖြစ်သည်။ “တိုက်”ဟူသောစကားလုံး ထွက်ပေါ်လာပြီးနောက် ဒိုင်ဖြစ်သူနောက်ထပ်ကြေညာချက်မလုပ်ခင်မှာပင် လိမ္မော်ရောင်နှင့်ဝမ့်ကုန်းက သူ၏လှုပ်ရှားမှုအားပြုလုပ်လိုက်သည်။

ဝမ့်ကုန်းက ဤလူအားသတ်ရန် စောင့်စားမနေနိုင်သည်မှာသိသာသည်။

ဝမ့်ကုန်းက သူ၏လက်တို့ဖြင့်မတူကွဲပြားသော ဆီးလ်များကိုပြုလုပ်လိုက်သည်။ထို့နောက်သူ ကြုံးဝါးလိုက်၏။

“အသူရာကျားနဂါးထွက်ပေါ်ခြင်း”

သူကြုံးဝါးသကဲ့သို့ ဝမ့်ကုန်းကသူ၏ညာလက်အား လက်ဝါးတစ်ခုအဖြစ်ပုံဖော်လိုက်ပြီး ဘယ်လက်ကိုလက်သီးအဖြစ်ပုံဖော်လိုက်သည်။ထို့နောက်သူကရှေ့သို့ထိုးချလိုက်၏။

“ဝေါင်း”

“ဂါး”

ရုတ်ခြည်းဆိုသလို ကျားတစ်ကောင်၏ဟိန်းသံနှင့် နဂါးတစ်ကောင်၏ ဟစ်ကြွေးသံအား တစ်ချိန်တည်းတွင်ကြားရလိုက်သည်။ ဝမ့်ကုန်း၏ညာလက်၌ ဧရာမမိုးပြာရောင်နဂါးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခုပေါ်လာပြီး ဘယ်လက်၌ ကျားဖြူတစ်ကောင်၏ပုံရိပ်ယောင်ဖြစ်ပေါ်လာသည်။ နဂါးနှင့်ကျားနှစ်ခုလုံးက ရှစ်ဖုန့်ထံသို့တစ်ချိန်တည်းတွင် တစ်ဟုန်ထိုးဝင်ရောက်လာ၏။

“အသူရာ ကျားနဂါး ထွက်ပေါ်ခြင်း..ဒါက တကယ်ပဲ အသူရာကျားနဂါးထွက်ပေါ်ခြင်းပဲ..ဝမ့်ကုန်းရဲ့ပထမဆုံးတိုက်ခိုက်မှုက ကျားနဂါးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးပညာရပ်တွေထဲက တစ်ခုဖြစ်တဲ့ အသူအရာကျားနဂါး ဖြစ်ပေါ်ခြင်းပဲ.. ဝမ့်ကုန်းက ဒီလူကိုတစ်ချက်တည်းနဲ့သတ်ပစ်ချင်နေတဲ့ပုံပဲ”

နဂါးနှင့်ကျားတို့၏ပုံရိပ်များဖြစ်ပေါ်လာ ပြီးပြီးချင်း အံ့အားတသင့် ရေရွတ်သံလှိုင်းများက ရုတ်ခြည်းစင်မြင့်အောက်ဘက်မှ ထွက်ပေါ်လာသည်။

“ဝမ့်ကုန်းက ဒီလူကို မနက်ကတည်းက စောင့်နေတာ.. သူတိုက်ခိုက်တဲ့အခါမှာ အရမ်းကိုစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်နေတယ်.. ဝမ့်ကုန်းနဲ့ဒီလူကြားထဲမှာ အာဃာတတရားတွေများရှိနေတာလား”

သူ့ထံသို့လာနေသော ပုံရိပ်နှစ်ခုအားကြည့်နေသကဲ့သို့ ရှစ်ဖုန့်၏အမူအယာက ပြောင်းလဲခြင်းမရှိပေ။ ဓားသွားအလင်းတစ်ခုက သူ၏ဘယ်လက်မှလင်းလက်လာပြီး လပြည့်ဓားက သူ၏ လက်အတွင်း၌ပေါ်လာသည်။ သွေးနီရောင်အလင်းတစ်ခုက သူညာလက်၌လင်းလက်သွားပြီး သွေးသောက်ဓားက လည်းပေါ်လာ၏။

ရှစ်ဖုန့်က သူ၏လက်အတွင်းမှလပြည့်ဓားအားရှေ့သို့ ဦးဆောင်ပစ်သွင်းလိုက်သည်။

လပြည့်ဓား တစ်ကြိမ်ထွက်သွားသည်နှင့် ၎င်းက အရှိန်အဟုန်ဖြင့်တဝှီဝှီလှည့်ပတ်ကာ မီးခိုးဖြူရောင်မီးတောက်တစ်ခုအားထုတ်လွှတ်နေသည်။ ၎င်းပုံစံမှာ လေနှင့်မီး ဘီးတစ်ခုကဲ့သို့ဖြစ်သည်။

ထို့နောက် ထွက်ပေါ်လာသောမီးခိုးဖြူရောင် မီးတောက်များမှာ ပြင်းထန်သော မီးခိုးဖြူရောင်မီးတောက် မုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက ခြစ်ခြစ်တောက်ပူသော အပူတစ်ခုကိုထုတ်လွှတ်နေပြိး သူ့ထံသို့ရှေ့မှခုန်အုပ်လာသော ကျားနှင့်နဂါး ပုံရိပ်ယောင်တို့ထံသို့ဦးတည်သွားသည်။

“ဝေါင်း”

“ဂါး”

ဧရာမ နဂါးနှင့်ကျား ပုံရိပ်တို့က လျှင်မြန်စွာဖြင့် ပြင်းထန်သောမီးမုန်တိုင်းဖြင့် ပစ်ဆောင့်သွားပြီး မိုးချုန်းသံကဲ့သို့ အသံတစ်ခုက ကောင်းကင်နှင့်မြေပြင်တစ်ခွင် ဖြတ်သန်းရိုက်ခတ်သွားသည်။ ထို့နောက်တွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

လူအုပ်အတွင်းရှိ ကျင့်ကြံသူများမှာ စင်မြင့်အတွင်းမှ ပရမ်းပတာဖြစ်နေသော ပြင်းထန်သည့်စွမ်းအင်တို့ကိုတွေ့လိုက်ရသည်။ စင်မြင့်တစ်ခုလုံးစတင်လှုပ်ခါလာ၏။

ပြင်းထန်ပြီး ကြမ်းတမ်းသော စွမ်းအင်လှိုင်းတွန့်များက အဆက်မပြတ် စင်မြင့်ပတ်လည်၌ပေါ်လာည်။ ၎င်းတို့မှာ စင်မြင့်ဝန်းကျင်၌ ပြင်းထန်သောစွမ်းအင်များအားတားဆီရန်တပ်ဆင်ထားသော ကန့်သန်မှုစွမ်းအားဖြစ်သည်။

ထို့နောက် စင်မြင့်အတွင်းရှိပြင်းထန်သောစွမ်းအင်တို့မှာစင်တင်၍ ဖြည်းဖြည်းချင်းလွင့်ပြယ်လာသည်။ ထို့နောက်လိုက်ပါ၍ ပြင်းထန်သောမီးမုန်တိုင်းနှင့် ဧရာမ နဂါးနှင့်ကျားပုံရိပ်ယောင်တို့မှာလည်း မှေးမှိန်ပျောက်ကွယ်လာ၏။

သူတို့၏တိုက်ခိုက်မှုနှစ်ခုလုံးက တစ်ချိန်တည်းတွင်ပျောက်ကွယ်သွားသည်။ ဤသည်မှာ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုက ပထမအချီတွင်သရေကျနေသည် ဟုဆိုလိုခြင်းဖြစ်သည်။

စွမ်းအားကြီးစွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် စင်မြင့်နံပါတ်တစ်ဆယ်၏ အလယ်၌ လပြည့်ဓားသာကျန်ရစ်နေခဲ့သည်။ ၎င်းက လွင့်မျောနေပြီးဖြည်းဖြည်းချင်းလည်ပတ်နေ၏။ ထို့နောက် လပြည့်ဓားမှာတစ်စုံတစ်ခု၏ ဆွဲယူမှုကိုခံလိုက်ရပုံရပြီး ရုတ်ခြည်းလည်ပတ်ကာဒေါင်လိုက်အပေါ်သို့ထိုးတက်သွားသည်။

လပြည့်ဓားဦးတည်သွားသည့်ဦးတည်ချက်က အနက်ရောင်ပုံရိပ်တစ်ခုရှိရာသို့ဖြစ်သည်။ ရှစ်ဖုန့်က လေထဲသို့သူ၏လက်ထဲရှိသွေးသောက်ဓားနှင့်အတူခုန်တက်လိုက်သည်။ ရုတ်ခြည်းသူ၏ မကျယ်သောအသံဖြင့်အော်ပြောလိုက်၏။

“ငရဲဘုံကိုးခု ခုတ်ပိုင်းချက်”

ရှစ်ဖုန့်၏အော်သံနောက်သို့လိုက်ပါ၍ ဧရာမ အဖြူရောင်ဓားချီတစ်ခုက ဝမ့်ကုန်း၏ ခေါင်းထက်၌ပေါ်လာသည်။ ထို့နောက် အောက်တွင်ရှိနေသောဝမ့်ကုန်းအားရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။

ငရဲဘုံကိုးခုခုတ်ပိုင်းချက်အား

ထုတ်ဖော်ပြီးသောအခါတွင် ရှစ်ဖုန့်ကဆန်းကြယ်ပြီးထူးဆန်း

သောတစ္ဆေမျက်နှာဖုံးအား သူ၏မျက်နှာပေါ်၌ဝတ်ဆင်လိုက်သည်။

ထို့နောက် ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် အောက်ရှိဝမ့်ကုန်းအား လှုပ်ခတ်တိုက်ခိုက်လိုက်၏။

ဝမ့်ကုန်း၏ အမူအယာမှာအထက်မှကျဆင်းလာသောအဖြူရောင်ဓားချီအားကြည့်၍ အေးစက်နေဆဲဖြစ်သည်။ သူ၏ညာလက်အားလက်သီးအဖြစ်ဆုပ်လိုက်ပြီး ဧရာမဓားချီထံသို့ထိုးရန်လုပ်လိုက်၏။သို့သော် ထိုအခိုက်အတန့်တွင် သူ၏ခေါင်းအား ဧရာမတူကြီးတစ်လက်ဖြင့်ရက်ရက်စက်စက် ထုရိုက်လိုက်သလိုဝမ့်ကုန်းခံစားလိုက်ရသည်။

“အား”

ရုတ်တရက်ဝမ့်ကုန်း၏မျက်နှာ၌ နာကျင်မှုကြောင့်အကျည်းတန်သည့် အမူအယာတစ်ခုပြသလာသည်။ “ဝုန်း”ဆိုသောအသံနှင့်အတူ အဖြူရောင်ဓားချီက ဝမ့်ကုန်း၏ကိုယ်ပေါ်သို့ကျရောက်လာပြီးသူ၏တစ်ကိုယ်လုံးအားဝါးမျိုသွား၏။

“ဒါက ပြီးသွာပြီလား”

ဝမ့်ကုန်း၏ကိုယ် ဝါးမျိုခံရသည်အားတွေ့ရသောအခါတွင် အောက်၌ရှိနေသောလူအုပ်က မယုံကြည်နိုင်စွာဖြင့်အံ့အားသင့်စွာ ပြောလိုက်သည်။ ဝမ့်ကုန်းက ဤကဲ့သို့ရှုံးနိမ့်သွားရသည်လော။

“မဖြစ်နိုင်ဘူး. ဒါကဝမ့်ကုန်းပဲစာ..မဟာသူတော်စင်နယ်ပယ်လက်ရွေးစင်လေ”

“ဝမ့်ကုန်းကဘယ်လိုဖြစ်ပြီးတော့ဒီလိုမျိုးရှုံးနိမ့်ရမှာလဲ မဖြစ်နိုင်ဘူး”

တကယ်လည်းယင်းကမဖြစ်နိုင်ပေ။ သူ၏ဝိညာဉ်တိုက်ခိုက်ခံရပြီးနောက် ဝမ့်ကုန်းမှာ မဟာသူတော်စင်နယ်ပယ်တစ်ဦးဖြစ်၍ လျှင်မြန်စွာအသိပြန်ဝင်လာသည်။ သူ၏ကိုယ်အားအဖြူရောင်ဓားချီက ဝါးမျိုကာနီးတွင် ဝမ့်ကုန်းက ရုတ်တရက် စင်မြင့်နံပါတ်တစ်ဆယ်မှအော်ဟစ်လိုက်သည်။

“အား…”

အော်ဟစ်သံနောက်လိုက်ပါ၍ စင်မြင့်နံပါတ်တစ်ဆယ်အထက်လေထဲ၌ လှိုင်းတွန့်များဖြစ်လာသည်ကိုလူများမြင်တွေ့လိုက်ရသည်။ ထို့နောက် ဝမ့်ကုန်းအားဝါးမျိုတော့မည့် အဖြူရောင်ဓားချီ၌ မှန်ကဲ့သို့အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။ ထို့နောက်အဖြူရောင်ဓားချီမှာ တိုက်ရိုက်အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး လူအုပ်၏မျက်လုံးအတွင်းမှ လျှင်မြန်စွာပျောက်ကွယ်သွားသည်။

လိမ္မော်ရောင်ပုံရိပ်က လူအုပ်ရှေ့၌ နောက်တစ်ကြိမ်ပေါ်လာသည။ သူ၏ဆံပင်တို့ကလေနှင့်အတူ တဖျပ်ဖျပ်လွင့်နေပြီး သူ၏အေးစက်သောမျက်နှာက နှင်းလွှာတို့ဖုံးလွှမ်းထားသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက် ဝမ့်ကုန်းက ခေါင်းအားဖြည်းညှင်းစွာမော့လိုက်ပြီး လေထုအလယ်၌ လွင့်မျောရပ်တည်နေသောအနက်ရောင် ပုံရိပ်ကိုကြည့်လိုက်သည်။ ထို့နောက်ဝမ့်ကုန်း၏ကိုယ်က အမြှောက်ဆံတစ်ခုကဲ့သို့ ထွက်သွားပြီး အနက်ရောင်ပုံရိပ်ထံပျံသန်းလိုက်သည်။

ဝမ့်ကုန်းမှာရှစ်ဖုန့်၏ရှေ့သို့လျှင်မြန်စွာရောက်ရှိလာသည်။ ဤအခိုက်အတန့်တွင် ဝမ့်ကုန်းက စင်မြင့်နံပါတ်တစ်ဆယ်အတွင်း ကြုံးဝါးလိုက်သည်။

“ကောင်းကင်နဲ့မြေကြီး အရှင်သခင်လက်သီး”

ကောင်းကင်နှင့်မြေကြီးအရှင်သခင် လက်သီးအား တစ်ချက်ထိုး သတ်ဖြတ်ချက်အဖြစ်သိကြသည်။

ဤသိုင်းပညာအားရှစ်ဖုန့်ယခင်ကမြင်ဖူးသည်။ ၎င်းအားဝမ့်ကုန်း၏ညီဖြစ်သူလုံဟူဂိုဏ်း၏ ဒုတိယသခင်လေး ဝမ့်ပိုင် သုံးဖူးသည်ဖြစ်သည်။ သို့သော်ဝမ့်ပိုင်၏လက်သီးချက်က ခွန်အားအရာ ၊စွမ်းအားအရာသို့မဟုတ်လက်သီးချက်၏ သိမ့်မွေ့မှုတို့၌ ဝမ့်ကုန်းနှင့်နှိုင်းယှဉ်၍မရပေ။

၎င်းမှာတစ်ခုကကောင်းကင်တစ်ခုကမြေကြီးကဲ့သို့ပင်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးအရှင်သခင်လက်သီး က ရိုးရှင်းသောလက်သီးချက်တစ်ခု ဖြစ်ပုံရသော်လည်း ၎င်း၌ပါဝင်သောစွမ်းအားက အရာအားလုံးအားဖျက်ဆီး ပစ်နိုင်သည်ဖြစ်သည်။

All Chapters